အခန်း (၁၃၈၉-၁၃၉၀)
Vol. 79 Ch. 1389-1390
အပိုင်း (၁၃၈၉)
ဤတစ်ကြိမ်တွင်မူ သူသည် အဆုံးအစမဲ့သော ဒြပ်စင်များနှင့် စွမ်းအင်အမျိုးမျိုးကို စုပ်ယူလိုက်ပြီး အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်ထဲတွင် ထိုအရာတို့ကို ပြန်လည်စီစဉ် ပေါင်းစပ်လိုက်သည်။ သူသည် ကျန်းလီကို သေစေလောက်သော တိုက်ခိုက်မှုတစ်ခု ပေးချင်နေခြင်း ဖြစ်၏။ ထောင်ချီ၊ သောင်းချီ၊ သိန်းချီသော စွမ်းအင်ပေါင်းစပ်မှု အမျိုးမျိုးပင်။
နောက်ဆုံးတွင် ရှမ့်လန်သည် ကောင်းကင်သလင်းကျောက် ဟု အမည်ပေးထားသော သူ၏ အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်း ရလဒ်ကို ဓားသွားထိပ်ဖျားသဖွယ် အသုံးပြုလိုက်သည်။
နောက်ထပ် နျူကလီးယား ပေါက်ကွဲမှု တစ်ခုပင်။ နောက်တစ်ကြိမ် အဆုံးအစမဲ့သော နျူကလီးယား ဖြိုခွင်းခြင်းနှင့် နျူကလီးယား ပေါင်းစည်းခြင်းတို့ ဖြစ်ပေါ်လာပြန်သည်။ သို့သော်ငြား ဤကြီးမားလှသော စွမ်းအင်များသည် ကောင်းကင်သလင်းကျောက်ကို ရွေ့လျားစေရန် တွန်းကန်ပေးမည့် အရွေ့စွမ်းအင်မျှသာ ဖြစ်၏။
ရှမ့်လန်သည် ကြီးမားလှသော စွမ်းအင်ပမာဏကို ဝါးမျိုလိုက်ပြီး အလွန်ရှုပ်ထွေးနက်နဲသော နည်းလမ်းဖြင့် တိုက်ခိုက်လိုက်သည်။
တိုက်ခိုက်မှုသည် ကျန်းလီထံသို့ ပြင်းထန်စွာ တိုးဝင်သွားသည်။ ဤအချိန်၌ အချိန်ဟူသော သဘောတရားပင် မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤ ဖျက်ဆီးခြင်းအမှတ်သည် အလင်းအလျင်ဖြင့် ကျန်းလီ၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်သွားသောကြောင့် ဖြစ်၏။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
တစ်ခဏချင်းမှာပဲ လတစ်စင်းလုံးသည် နေမင်းကြီးထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို လင်းလက်သော အလင်းရောင်ဖြင့် ပေါက်ကွဲသွားပြန်သည်။ ဤတစ်ကြိမ်တွင်မူ မြေပြင်သည် နေ့ဘက်ကဲ့သို့ လင်းထိန်နေရုံမျှ မကတော့ပေ။ မျက်စိကျိန်းမတတ် ဖြူဖွေးသွားခဲ့သည်။
ရုတ်တရက် ပေါက်ကွဲထွက်လာသော အလင်းရောင်သည် အဆုံးအစမဲ့ ညဉ့်ကောင်းကင်ယံကို လုံးဝ စုတ်ဖြဲပစ်လိုက်သကဲ့သို့ ဖြစ်သွား၏။ ပတ်ဝန်းကျင် ကောင်းကင်တစ်ခုလုံး လင်းထိန်သွားခဲ့သည်။
လောကမြေပြင်ပေါ်ရှိ လူသားများသည် သူတို့၏ အမြင်အာရုံများ ရုတ်တရက် ဖြူဖွေးသွားသည်ကိုသာ ခံစားလိုက်ရပြီး ဘာကိုမှ မမြင်ရတော့ချေ။ အမှန်စင်စစ် ထိုအရာသည် တစ်ခဏမျှသာ ဖြစ်၏။
မကြာမီတွင် လကမ္ဘာ အထက်ရှိ ကောင်းကင်သည် ထာဝရအမှောင်ထုထဲသို့ ပြန်လည် ကျရောက်သွားခဲ့သည်။ ကိုယ့်လက်ချောင်း ကိုယ်ပြန်မမြင်ရလောက်အောင် မိုက်မှောင်သော အမှောင်ထု ဖြစ်သည်။
ဖျက်ဆီးအား ပြင်းထန်လွန်းသော တိုက်ခိုက်မှုသည် အလင်းအလျင်ဖြင့် ကျန်းလီကို ထိမှန်သွားသောခဏတွင် ကောင်းကင်တစ်ခုလုံး လင်းထိန်သွားခဲ့သည်။ ကျန်းလီ၏ခန္ဓာကိုယ်သည် တစ်လက်မချင်းစီ ပြာမှုန့်အဖြစ် ပြောင်းလဲသွား၏။ တစ်လက်မချင်းစီ ပျောက်ကွယ်သွားသည်။ သူ၏ ငရဲသလင်းကျောက်အူတိုင်သည် တစ်စစီ ပြိုကွဲသွားခဲ့သည်။ ဘယ်တော့မှ မပျက်စီးနိုင်ဟု ထင်ရသော ငရဲသလင်းကျောက်သည် လုံးဝ ပျောက်ကွယ်သွားခဲ့၏။
ဤဖြစ်စဉ်သည် အလွန်လျင်မြန်လှသည်။ သို့သော်ငြား ရှမ့်လန်၏ အမြင်အာရုံထဲတွင်မူ အရာအားလုံးသည် နှေးကွေးစွာ ရွေ့လျားနေ သကဲ့သို့ ဖြစ်နေသည်။
အလင်းရောင် ပျောက်ကွယ်သွားပြီး အရာအားလုံး အမှောင်ထုထဲသို့ ကျရောက်သွားချိန်မှာတော့ ကျန်းလီ၏ ခန္ဓာကိုယ်သည် လုံးဝ ပျောက်ကွယ်သွားခဲ့၏။ သူသည် ပြာမှုန့်အဖြစ် ပြောင်းလဲသွားပြီး အစအနမကျန် ပျောက်ကွယ် သွားသကဲ့သို့ပင်။
ဤမျှလွယ်လွယ်နှင့်ပင် ရှုံးနိမ့်သွားပြီလား။ ဤမျှလွယ်လွယ်နှင့်ပင် သေဆုံးသွားပြီလား။ မဖြစ်နိုင်ချေ။ ရှမ့်လန်သည် သုံးကွက် တိုက်ခိုက်ခဲ့သော်လည်း ကျန်းလီသည် တစ်ကွက်မှ ပြန်မတိုက်ခဲ့ပေ။ ဤအတိုင်း ပြာမှုန့် ဖြစ်သွားခဲ့ပြီလား။ တကယ့်ကို မဖြစ်နိုင်ဘူးဟု ထင်ရသည်။
သို့သော်ငြား ကျန်းလီ၏ ငရဲသလင်းကျောက်သည် ရှမ့်လန်၏ လက်ချက်ဖြင့် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ လုံးဝ ပြာမှုန့် ဖြစ်သွားခဲ့ပြီး တကယ် သေသွားသကဲ့သို့ပင်။
ရှမ့်လန်သည် မလှုပ်မယှက် ရပ်နေသည်။ လ၏ အမှောင်ဘက်ခြမ်းတွင် လူနှစ်ယောက် ရှိခဲ့သော်လည်း ယခုအခါ သူတစ်ယောက်တည်းသာ ကျန်ရှိတော့၏။
သူ နိုင်သွားပြီလား။ နာရီအနည်းငယ်ကြာ ရပ်နေပြီးနောက် ရှမ့်လန် ပြန်ထိုင်လိုက်သည်။ မျက်လုံးမှိတ်ပြီး သူ မလှုပ်မရှား နေလိုက်၏။ သူသည် မျက်လုံးဖြင့်မကြည့်ဘဲ အဆင့်မြင့်နဂါး၏ ဝိညာဉ်အမြင်အာရုံဖြင့် ကြည့်ရှုလိုက်သည်။ ထိုအခါ သူ မြင်လိုက်ရသည်။
လ၏ အမှောင်ဘက်ခြမ်းတွင် မရေမတွက်နိုင်သော စွမ်းအင်များ စုစည်းနေသည်ကို တွေ့လိုက်ရသည်။ စောစောကပျံ့လွင့်သွားသော စွမ်းအင်အားလုံးသည် ပြန်လည် စုစည်းနေကြခြင်း ဖြစ်၏။ ကျန်းလီ၏ ငရဲသလင်းကျောက် ပျက်စီးသွားခဲ့သည်။ ရှမ့်လန်သည် အဆုံးအစမဲ့သော နျူကလီးယား ဖြိုခွင်းခြင်း စွမ်းအင် နှင့် နျူကလီးယား ပေါင်းစည်းခြင်း စွမ်းအင်များကို ထုတ်လွှတ်ခဲ့၏။
လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော စွမ်းအင်နှစ်မျိုးသည် အဆက်မပြတ် ပေါင်းစပ်နေပြီး တစ်သားတည်း ဖြစ်လာ ကြသည်။ စွမ်းအင် ဒြပ်ဝတ္ထုအသစ်တစ်ခု မွေးဖွားလာခဲ့၏။ ထိုအရာသည် ငရဲသလင်းကျောက် အသစ် ဖြစ်သည်။
နျူကလီးယား ပေါက်ကွဲမှု စွမ်းအင်ကို လုံးဝ မကြောက်ရွံ့သော ငရဲသလင်းကျောက်။ အမှန်တကယ် မသေနိုင်၊ မပျက်စီးနိုင်သော ငရဲသလင်းကျောက်အသစ်၊ စွမ်းအင်အားလုံး၏ ထိပ်ဆုံးတွင်ရှိနေသော ‘နိဗ္ဗာန ငရဲသလင်းကျောက်’ ပင်ဖြစ်၏။
ထိုအရာကို သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်၏ အမြင်အာရုံ နယ်ပယ်ထဲတွင် မရှိသောကြောင့် ဖြစ်သည်။ အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်း အာရုံခံစားမှု ရှိမှသာ ထိုအရာ၏အရိပ် တည်ရှိမှုကို အာရုံခံမိနိုင်သည်။
ရှမ့်လန်သည် ကျန်းလီထံသို့ စွမ်းအင် မည်မျှ ထုတ်လွှတ်ခဲ့သနည်း။ ကျန်းလီသည် စွမ်းအင် မည်မျှ ဆုံးရှုံးခဲ့သနည်း။ ယခု တစ်ခုမကျန် အားလုံး ပြန်ရောက်လာခဲ့ကြသည်။ ထို့အပြင် ဤသေဆုံးနေသော လကမ္ဘာကို ငရဲသလင်းကျောက်က ဝါးမျို၍ မရနိုင်ခဲ့ပေ။
ယခုမူ နိဗ္ဗာန ငရဲသလင်းကျောက်သည် ဟီလီယမ်-၃၊ လေးလံသည့် ဟိုက်ဒရိုဂျင်နှင့် ယူရေနီယမ် အားလုံးအပါအဝင် လကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမျိုနိုင်စွမ်း ရှိလာခဲ့သည်။ ထို့နောက် ၎င်းသည် နျူကလီးယား ဖြိုခွင်းခြင်းနှင့် ပေါင်းစည်းခြင်းမှ ထွက်ပေါ်လာသော စွမ်းအင်အားလုံးကို ဝါးမျိုပစ် ပေလိမ့်မည်။
နောက်ဆုံးတွင် လုံးဝ အသစ်စက်စက် အရှင်ကျန်းလီ မွေးဖွားလာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ အရှင် ကျန်းလီသည် စစ်မှန်သော အမှောင်အင်ပါယာ ဖြစ်လာခဲ့၏။ သူသည် အမြင်အာရုံ နယ်ပယ်ထဲတွင် မရှိသော အရိပ်တစ်ခုကဲ့သို့ ဖြစ်နေသည်။ သူသည် လုံးဝ မသေနိုင်၊ မပျက်စီးနိုင်တော့ပေ။ သူသည် မည်သည့် စွမ်းအင်တိုက်ခိုက်မှုကိုမှ မကြောက်ရွံ့တော့ချေ။ တိုက်ခိုက်မှုအားလုံးသည် သူ့အတွက် စွမ်းအင် အရင်းအမြစ်သာ ဖြစ်လာကြတော့မည်။
ရှမ့်လန်၏ အဆင့်မြင့်နဂါးအမြင်အာရုံထဲတွင် စစ်မှန်သော အရှင်ကျန်းလီသည် ဖြည်းညင်းစွာ မတ်တတ် ရပ်လိုက်သည်။ ဤအချိန်တွင် သူသည် တောင်တစ်လုံးကဲ့သို့သော အရွယ်အစား မဟုတ်တော့ပေ။ သို့သော်ငြား သူ့ခန္ဓာကိုယ် သည် ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားနေ၏။ သူသည် လ၏ ကျောဘက်ခြမ်းတွင် ရပ်နေပြီး လ၏ လည်ပတ်မှုကိုပင် ပြောင်းလဲသွားစေလုနီးပါး ဖြစ်နေ၏။
ယခုအချိန်တွင် ကျန်းလီသည် မြေကြီးပေါ်တွင် ခြေစုံရပ်လျက် သူ၏ ဦးခေါင်းသည် ကောင်းကင်နှင့် ထိလုနီးပါးပင်။ ဤအချိန်၌ ရှမ့်လန်သည် သူ့ခြေထောက်နားရှိ ပုရွက်ဆိတ်တစ်ကောင် အရွယ်အစား လောက်ပင် မရှိတော့ပေ။ ဖုန်မှုန့်တစ်မှုန်လောက်သာ ရှိတော့သည်။
ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင်ရှမ့်လန်... မင်းက ငါ ထင်ထားတာထက် အများကြီး ပိုသန်မာ တာပဲ။ ငါ့ရဲ့ နိဗ္ဗာန အဆင့်မြှင့်တင်မှုကို ပြီးမြောက်အောင် မင်း ကူညီပေးလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး။”
ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “အရှင်ကျန်းလီ... ကျုပ်သာ မရှိရင် ခင်ဗျားရဲ့ ငရဲသလင်းကျောက် အသစ် နိဗ္ဗာန အဆင့်မြှင့်တင်မှုက ဘယ်လိုမှ မဖြစ်နိုင်လောက်ဘူး မဟုတ်လား။”
ကျန်းလီက ဝန်ခံ၏။ “ဟုတ်တယ်။ သိပ်မှန်တယ်။”
“ငါ ဧရာမနဂါးအသစ် စမ်းသပ်မှုကို အောင်မြင်ခဲ့တယ်။ နဂါးကို နိဗ္ဗာန အဆင့်မြှင့်တင်မှု ပြီးမြောက်အောင် ကူညီပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ငရဲသလင်းကျောက် စမ်းသပ်မှုမှာတော့ လုံးဝ ကျရှုံးခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ငါ အရာအားလုံးကို ကြိုးစားခဲ့ပေမဲ့ အမှောင်ဘုရင်မ ချန်ထားခဲ့တဲ့ ငရဲသလင်းကျောက် အူတိုင်ထဲက အပေါက်ကို မကုစား၊ မပြင်ဆင်နိုင်ခဲ့ဘူး။ အကုန် ကြိုးစားခဲ့ပေမဲ့ ငရဲသလင်းကျောက်ရဲ့ နိဗ္ဗာန အဆင့်မြှင့်တင်မှုကို မလုပ်နိုင်ခဲ့ဘူး။ နျူကလီးယား ဖြိုခွင်းခြင်း သဘောတရားကို လုံးဝ ကျွမ်းကျင်ပိုင်နိုင်ခဲ့ရင်တောင် ငါ ကျရှုံးခဲ့တယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါကြောင့် ခင်ဗျား လပေါ်မှာ တိုက်ခိုက်ဖို့ အကြံပြုခဲ့တာပေါ့။ ခင်ဗျားက ကျုပ်ရဲ့ အဆင့်မြင့်နဂါးအမြင်အာရုံနဲ့ ကျုပ်ရဲ့ နျူကလီးယား ပေါင်းစည်းခြင်း၊ ဖြိုခွင်းခြင်း နတ်ဘုရား စွမ်းအားတွေကို သုံးပြီး ခင်ဗျားရဲ့ နိဗ္ဗာန အဆင့်မြှင့်တင်မှုကို ပြီးမြောက်စေချင်ခဲ့တာကိုး။”
ကျန်းလီက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ သသေလမ်းပို့မှသာ ပြန်လည် မွေးဖွားနိုင်မှာလေ။ ငါတို့ရဲ့ အဆင့်မြင့်နဂါး အမြင်အာရုံ ဆိုတာ သေခြင်းတရားကို နားလည်ပြီး နိဗ္ဗာန ပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်ပဲ။ ဧရာမနဂါးကြီးရဲ့ နိဗ္ဗာန ပြန်လည်မွေးဖွားခြင်းကလည်း ဒီလိုပဲ။
ဒါပေမဲ့ ငါက ငါ့ရဲ့ ငရဲသလင်းကျောက်ကို မသတ်နိုင်ဘူး။ သူတို့ကို သေခွင့်မပေးနိုင်လို့ ပြန်လည် မွေးဖွားလို့ မရနိုင်ဘူး။ ငါက မင်းရဲ့ အဆင့်မြင့်နဂါး နတ်ဘုရား စွမ်းအားကိုပဲ သုံးနိုင်တယ်။ မင်းရဲ့ နတ်ဘုရား စွမ်းအားက ငါ့ရဲ့ သေမင်းပဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါကြောင့် ခင်ဗျား မခုခံဘဲ ကျုပ်ကို သုံးကွက် တိုက်ခိုက်ခွင့်ပေးခဲ့တာပေါ့။ ခင်ဗျားရဲ့ ငရဲသလင်းကျောက် နိဗ္ဗာန ပြန်လည်မွေးဖွားဖို့ အတွက်လေ။”
“ဟုတ်တယ်။ မင်းရဲ့ အကူအညီအတွက် အရမ်း ကျေးဇူးတင်ပါတယ်။”
“တစ်လှမ်းလှမ်းရင် သုံးလှမ်းမျှော်ကြည့်၊ လေးလှမ်းမျှော်ကြည့်တတ်တာ ကျုပ်တစ်ယောက်တည်း ရှိတာ မဟုတ်ဘူးပဲ။ ခင်ဗျားကလည်း တကယ့်ကို အမြော်အမြင် ကြီးတာပဲ။”
ကျန်းလီက ကျေးဇူးတင်စကား ဆိုလိုက်သည်။ “မင်းရဲ့ အကူအညီအတွက် နောက်တစ်ကြိမ် ကျေးဇူးတင်ပါတယ်။ အခု ငါ နိဗ္ဗာန ပြန်လည်မွေးဖွားပြီးပြီဆိုတော့ ငါ့ကို ဘယ်သူမှ သတ်လို့ မရတော့ဘူး။ ဖျက်ဆီးလို့ မရတော့ဘူး။
မင်းရဲ့ နျူကလီးယား ပေါင်းစည်းခြင်းနဲ့ ဖြိုခွင်းခြင်း စွမ်းအင်တွေကိုလည်း ငါ လုံးဝ ဝါးမျိုနိုင်ပြီ။ မင်းရဲ့ အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်းကိုလည်း ကျုပ် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ်။ အရှင်ရှမ့်လန်... ငါ့ကို ပိုသန်မာလာအောင် ကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ။”
ရှမ့်လန်က ခနဲ့တဲ့တဲ့ ပြောလိုက်၏။ “လှည့်စားမှု နတ်ဘုရား... ခင်ဗျားက နာမည်နဲ့လိုက်ပါပေတယ်။”
ကျန်းလီက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။ “အရှင်ရှမ့်လန်... ငါ ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါဘူး။ ငါ့ရည်မှန်းချက်တွေ ပြည့်မြောက်ဖို့၊ ပိုသန်မာလာဖို့၊ အရာအားလုံးကို ဝါးမျိုနိုင်ဖို့ ဘယ်လို ပေးဆပ်မှုမျိုးကို မဆို ပေးဆပ်ရဲတယ်။ ဒီနေရာမှာ လှည့်စားတာတွေ၊ ပရိယာယ်တွေ မရှိဘူး။ ရည်မှန်းချက်တွေပဲ ရှိတယ်။”
ထို့နောက် ကျန်းလီသည် ရှမ့်လန်ထံသို့ ဖြည်းညင်းစွာ လျှောက်လာရင်း ပြောလိုက်၏။ “အရှင်ရှမ့်လန်... မင်းက လောကကြီးကို ကယ်တင်နိုင်မယ်လို့ ငါ့ဆရာ ဆရာကြီး ခေးအော့စ်က ထင်နေတယ်။ ဒါပေမဲ့ ငါ သဘောမတူဘူး။ သူ မှားကြောင်း ငါ သက်သေပြချင်တယ်။ ငါ့ရဲ့ ကံကြမ္မာကို ငါဖန်တီးနိုင်ပြီ။ ငါ့ကို ကောင်းကင်ဘုံက ဖန်တီးတာ မဟုတ်တော့ဘူး။”
ကျန်းလီ၏အသံသည် ကြယ်တာရာများ ပြည့်နှက်နေသော ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ် သွားခဲ့သည်။ လေထုမရှိလျှင်ပင် သူသည် ဖုန်မှုန့် အမှုန်အမွှားပေါင်းများစွာကို ဖန်တီးပြီး သူ၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကို သယ်ဆောင်စေခဲ့သည်။
“ရှမ့်လန်... ကျေးဇူးအများကြီး တင်ပါတယ်။”
ကျန်းလီက ဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။ “ငါ့ရဲ့ ပြိုင်ဘက်ကင်း အာကာသယာဉ် ပြီးစီးသွားပြီဆိုတာ မင်း သိသင့်တယ်။ အဲဒါက လူသုံးသိန်းလောက် ဆံ့တယ်။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ငါဂြိုဟ်ရဲ့ စွမ်းအင်အားလုံးကို ဝါးမျိုလိုက်ရင်တောင် မင်းနေခဲ့ဖူးတဲ့ ကမ္ဘာမြေဂြိုဟ်ပြာဆီ ပျံသန်းဖို့ မလုံလောက်ဘူး။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာက ကမ္ဘာမြေဂြိုဟ်ပြာနဲ့ အရမ်း ဝေးလွန်းတယ်လေ။ ဝိညာဉ်တွေက မသေနိုင်ဘူး ဆိုပေမဲ့ လုံလောက်တဲ့စွမ်းအင် မရှိရင် အာကာသယာဉ်က ကမ္ဘာမြေကို မပျံသန်းနိုင်ဘူး။
အဲဒီအချိန်မှာ မင်းရဲ့ နျူကလီးယား ဖြိုခွင်းခြင်း ပေါ်လာတယ်။ မင်းရဲ့ နျူကလီးယားစွမ်းအင် ကိရိယာ ပေါ်လာတယ်။ ဒါက ငါ့ကို မျှော်လင့်ချက် ပေးခဲ့တယ်။ ဒါပေမဲ့ ငါ တွက်ချက်ကြည့်ပြီးပြီ။ လောကရဲ့ ယူရေနီယမ်အားလုံးကို မင်း ထုတ်ယူလိုက်ရင်တောင် နျူကလီးယား ဖြိုခွင်းခြင်းကရတဲ့ စွမ်းအင်က အာကာသယာဉ်ကို ကမ္ဘာမြေဂြိုဟ်ပြာဆီ ပို့ဆောင်ပေးဖို့ လုံလောက်မှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ မင်းရဲ့ နျူကလီးယား ပေါင်းစည်းခြင်း ပေါ်လာပြန်တယ်။”
ကျန်းလီသည် သက်ပြင်းချလိုက်၏။ “အခုတော့ ငါ့ရဲ့ ငရဲသလင်းကျောက်က နိဗ္ဗာန အဆင့်မြှင့်တင်မှု ပြီးသွားပြီ။ သူက နျူကလီးယား ပေါင်းစည်းခြင်းက ရတဲ့ စွမ်းအင်ကို လုံးဝ ဝါးမျိုနိုင်ပြီ။ ဒီစွမ်းအင်က အာကာသယာဉ် ကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးပြီး ကမ္ဘာမြေဂြိုဟ်ပြာဆီ ရောက်အောင် ပို့ဆောင်ပေးဖို့ လုံလောက်တယ်။”
“အရှင်ရှမ့်လန်... မင်းရဲ့အကူအညီအတွက် ကျေးဇူးပါပဲ။ မင်းကြောင့်ပဲ ငါ့ စီမံကိန်း အောင်မြင်ခဲ့တာပါ။ မင်းက တကယ် တော်ပါတယ်။”
ရှမ့်လန်က အေးဆေးစွာပင် တုံ့ပြန်လိုက်သည်။ “ရပါတယ်။”
ကျန်းလီက ဆက်ပြောလိုက်၏။ “လောကကြီးကိုကယ်တင်မဲ့ ငါ့စီမံကိန်းရဲ့ တစ်ဝက်က မင်းကြောင့် ဖြစ်လာတာပါ။ ဒါကြောင့် မင်းရဲ့ဆွေမျိုးတွေနဲ့ မင်းနဲ့ ပတ်သက်တဲ့လူတိုင်းကို ငါ ခေါ်သွားပါ့မယ်။ ငါ့ရဲ့ ‘ကယ်တင်ရှင်’ အာကာသယာဉ်ပေါ်မှာ သူတို့ တစ်ယောက်ချင်းစီအတွက် လက်မှတ်တစ်စောင်စီ ရှိပါတယ်။
ဒါပေမဲ့ အရှင်ရှမ့်လန်... ငါ အရမ်း စိတ်မကောင်းပေမဲ့ မင်းကို သတ်ရပါလိမ့်မယ်။ ဒါက ကံကြမ္မာပဲ။ ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့် ရှိတယ်။”
ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ငါ မင်းကို သုံးကွက် အကြောပေးမယ်လို့ ပြောခဲ့တယ်။ မင်း သုံးကွက်စလုံး သုံးပြီးပြီ။ အခု ငါ တိုက်ခိုက်မဲ့ အလှည့် ရောက်ပြီ။ ငါ့မှာ တစ်ကွက်ပဲ ကျန်တော့တယ်။ အရှင်ရှမ့်လန်... ငါ မင်းကို သတ်တော့မယ်။”
ထိုသို့ပြောပြီးနောက် ကျန်းလီသည် ရှမ့်လန်၏ မျက်နှာဆီသို့ လက်ဝါးတစ်ချက် ပေါ့ပါးစွာ ရိုက်လိုက်သည်။ သူ၏ တိုက်ခိုက်ပုံ နည်းလမ်းသည် ရှမ့်လန်ထက် များစွာ ရိုးရှင်း၏။ နျူကလီးယား ပေါင်းစည်းခြင်း သို့မဟုတ် ဖြိုခွင်းခြင်း မပါဝင်ပေ။ လက်ဝါးရိုက်ချက် တစ်ချက်မျှသာ ဖြစ်၏။
သို့သော်ငြား သူ၏လက်ဝါးမှ ထွက်ပေါ်လာသော ဖိအားသည် တောင်ကြီးငါးလုံးစာလောက် ရှိသည်။ တစ်ခဏအတွင်းမှာပဲ ရှမ့်လန်၏ခန္ဓာကိုယ်သည် ချက်ချင်း ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။
စောစောက ရှမ့်လန် တိုက်ခိုက်စဉ်က လောကပျက်မတတ် ပြင်းထန်ခဲ့၏။ လကမ္ဘာပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်ခဲ့ပြီး လ၏ကျောဘက်ခြမ်းတစ်ခုလုံး နီရဲသွားခဲ့၏။
ယခု ကျန်းလီ၏ လက်ဝါးရိုက်ချက် ကျရောက်လာချိန်မှာတော့ လုံးဝ တိတ်ဆိတ်ငြိမ်သက်စွာ၊ ပေါ့ပါးစွာဖြင့် ပြီးဆုံးသွားခဲ့ သည်။ ရှမ့်လန်သည် အနည်းငယ်မျှ ခုခံနိုင်စွမ်း မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းလီ သက်ပြင်းချလိုက်၏။ “ဟူး... အရှင်ရှမ့်လန်... မင်းရဲ့ပံ့ပိုးမှုက ငါ့ရဲ့ ငရဲသလင်းကျောက်ကို အဆင့်မြှင့်တင်ပေးရုံ သတ်သတ်မဟုတ်ဘူး။ ငါတို့ရဲ့အနာဂတ်အတွက် အဆုံးမဲ့ ဖြစ်နိုင်ခြေတွေကိုလည်း ပေးခဲ့ပါတယ်။
အရင်တုန်းက ငါ့ရဲ့ ငရဲဝါးမျိုခြင်းစွမ်းအင်က လုံလောက်အောင် ပြည့်စုံမှု မရှိခဲ့ဘူး။ အရမ်း တိမ်ပါးလွန်းတယ်။ တခြားတစ်ဖက်မှာတော့ မင်းရဲ့ နျူကလီးယား ပေါင်းစည်းခြင်းနဲ့ ဖြိုခွင်းခြင်းက ဒြပ်ဝတ္ထုရဲ့ စွမ်းအင်ကို အမြင့်ဆုံး ရောက်အောင် လုပ်ပေးနိုင်တယ်။ ဒီနည်းနဲ့ ငါတို့ရဲ့ အာကာသယာဉ်အသစ်က မင်းရဲ့ ကမ္ဘာမြေဂြိုဟ်ပြာဆီကို ပျံသန်းနိုင်ရုံသာမက ကြယ်တွေဆီကိုလည်း ပျံသန်းနိုင်လိမ့်မယ်။ အရှင်ရှမ့်လန်... မင်းကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ဒီအာကာသယာဉ်ကို ရှမ့်လန်လို့ နာမည်ပေးမယ်။ ဘယ်လို သဘောရလဲ။”
အပိုင်း (၁၃၉၀)
ရှမ့်လန်၏ ခန္ဓာကိုယ် ပြာမှုန့်ဖြစ်သွားပြီးနောက် သူ၏ဝိညာဉ် ပြန်လည်စုစည်းရန် အချိန်အတော် ကြာမြင့်ခဲ့သည်။ အဆင့်မြင့်နဂါး နယ်ပယ်သို့ ရောက်ရှိပြီးနောက် သူ့တွင် ကောင်းကင်သလင်းကျောက်လည်း ရှိနေသောကြောင့် သူ၏ ဝိညာဉ် ပျောက်ကွယ်မသွားအောင် ကာကွယ်ပေးထားနိုင်သည်။
ရှမ့်လန် မေးလိုက်၏။ “အရှင် ကျန်းလီ... ကျုပ် ခင်ဗျားကို ပုံပြင်တစ်ပုဒ် ပြောပြဖူးလား။”
ကျန်းလီက ပြန်ဖြေလိုက်သည်။ “နောဧ သင်္ဘောကြီး အကြောင်းလား။ မပြောဖူးဘူး။ ဘာဖြစ်ခဲ့တယ် ဆိုတာ ငါ အကြမ်းဖျင်း သိထားပေမဲ့ နားထောင်ချင်ပါသေးတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “လောကကြီးတစ်ခုမှာ ရေလွှမ်းမိုးဘေးကြီး ကြုံတွေ့ခဲ့ရတယ်။ လောကကြီးရဲ့ ယဉ်ကျေးမှုတစ်ခုလုံး ပျက်စီးတော့မဲ့ အခြေအနေ ရောက်နေပြီ။ လောကကြီးကို ကယ်တင်ဖို့အတွက် လူတစ်ယောက်က မကြုံစဖူး ကြီးမားတဲ့ သင်္ဘောကြီးတစ်စင်း တည်ဆောက်ပြီး မရေမတွက်နိုင်တဲ့ လူသားတွေနဲ့ တခြားမျိုးစိတ်တွေကို တင်ဆောင်ခဲ့တယ်။ သူတို့ ရေလွှမ်းမိုးဘေးကနေ လွတ်မြောက်ခဲ့ပြီး ယဉ်ကျေးမှုကို ဆက်လက် ရှင်သန်စေခဲ့တယ်။”
ထို့နောက် ရှမ့်လန်က မေးလိုက်၏။ “အရှင် ကျန်းလီ... ဒီပုံပြင်ကို နားထောင်ပြီး ခင်ဗျား ဘယ်လို ခံစားရလဲ။”
“သတ္တိနည်းတယ်... အားနည်းတယ်။”
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ဟုတ်တယ်။ သတ္တိနည်းတယ်... အားနည်းတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ လုပ်ရပ်ကလည်း အဲဒီထက် မပိုပါဘူး။ တကယ်တော့ ပိုတောင် ဆိုးပါသေးတယ်။ နောက်လာမဲ့ မဟာနိဗ္ဗာန ပျက်သုန်းခြင်းကြီးကို ရင်ဆိုင်ရတဲ့အခါ ခင်ဗျားက ထွက်ပြေးရုံတင် မကဘူး။ လောကကြီး တစ်ခုလုံး ကိုတောင် ဖျက်ဆီးပစ်ခဲ့သေးတယ်။ ခင်ဗျားက တကယ့်ကို အားနည်းလွန်းတယ်။”
ကျန်းလီသည် မတုန်မလှုပ် ရှိနေဆဲ ဖြစ်၏။ မည်သို့သော ရန်စမှုမျိုးကမှ သူ့အပေါ် သက်ရောက်မှု မရှိပေ။
“အရှင်ရှမ့်လန်... ငါ မင်းကို မေးခွန်းတစ်ခုပဲ မေးစရာ ရှိတယ်။ ငါတို့ မြင်ကွင်းနယ်ပယ်ထဲမှာ သိထားသမျှ နျူကလီးယား ပေါင်းစည်းခြင်း ဒြပ်ဝတ္ထုအားလုံးကို စုစည်းလိုက်တာနဲ့ နေမင်းကြီးရဲ့ ဝါးမျိုနိုင်စွမ်းနဲ့ ယှဉ်ရင် ဘယ်လောက်ကွာခြားလဲ။”
ကျန်းလီက ဆက်ပြောလိုက်၏။ “မင်းက ဒီနယ်ပယ်မှာ ကျွမ်းကျင်သူပဲ။ ငါ မင်းကို မေးချင်တယ်။”
ရှမ့်လန်က ဖြေလိုက်သည်။ “သုံးမိနစ်... သုံးမိနစ်ပဲ။”
နေအဖွဲ့အစည်း အတွင်းရှိ ဂြိုဟ်များပေါ်မှ လေးလံသည့် ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ်-၃ အားလုံးကို ပေါင်းစည်း ဓာတ်ပြုမှု ပြုလုပ်၍ ထွက်ရှိလာမည့် စွမ်းအင်သည် နေမင်းကြီး သုံးမိနစ်အတွင်း ထုတ်လွှတ်သော စွမ်းအင်နှင့်သာ ညီမျှ၏။
ကျန်းလီက မေးလိုက်သည်။ “နောက်နှစ်ကိုးဆယ် ကြာလို့ နေမင်းကြီး မသေခင် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ပေါ်တဲ့အခါ စွမ်းအင် ဘယ်လောက် ထွက်လာမလဲ။”
ရှမ့်လန်က ပြန်ဖြေလိုက်၏။ “အဆုံးအစ မရှိဘူး။ တိုင်းတာလို့ မရဘူး။”
ကျန်းလီက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ငါ့ရဲ့ ငရဲသလင်းကျောက်ကို နိဗ္ဗာန ပြန်လည် မွေးဖွားအောင်၊ နျူကလီးယား ပေါင်းစည်းခြင်းနဲ့ ဖြိုခွင်းခြင်း ဓာတ်ပြုမှုတွေကနေ စွမ်းအင် ဝါးမျိုနိုင်အောင် ကူညီပေးခဲ့တဲ့အတွက် ငါ မင်းကို အရမ်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ မင်းကို မေးချင်တာက ဒီလိုဖြစ်လာရင်တောင် ဒီငရဲသလင်းကျောက်အသစ်က အနာဂတ်မှာ ဖြစ်လာမယ့် နေမင်းကြီးရဲ့ ကြီးမားတဲ့ အပြောင်းအလဲကို ခံနိုင်ရည် ရှိပါ့မလား။”
ရှမ့်လန်က ဝန်ခံလိုက်၏။ “လောလောဆယ်တော့ မခံနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ နေမင်းကြီးရဲ့ ကြီးမားတဲ့ အပြောင်းအလဲကနေ ထွက်လာမယ့် စွမ်းအင်က ငရဲသလင်းကျောက်အသစ်ရဲ့ အကန့်အသတ်ထက် အများကြီး ကျော်လွန်နေလို့ပဲ။
ပြီးတော့ နေမင်းကြီး ပေါင်းစည်းတဲ့အခါ ထွက်လာတဲ့စွမ်းအင်က နျူကလီးယား ပေါင်းစည်းခြင်း တစ်မျိုးတည်း မကဘူး။ ဒါအပြင် ကျုပ်တို့လောကပေါ်က စွမ်းအင်အားလုံးက နေမင်းကြီးဆီက လာတာလေ။ ဒါကြောင့် အနည်းဆုံး ဒီနေအဖွဲ့အစည်းအတွင်းမှာတော့ ဒီထက် ပိုမြင့်မားတဲ့ စွမ်းအင် အဆင့်အတန်းမျိုး မရှိတော့ဘူး။”
ကျန်းလီက ပြောလိုက်သည်။ “ငါ မင်းရဲ့မေးခွန်းတွေ အားလုံးကို ဖြေပြီးသွားပြီ။”
ရှမ့်လန်က ထောက်ပြလိုက်၏။ “ဒါပေမဲ့ ရှစ်ဆယ့်ကိုးနှစ် ကျန်သေးတယ် မဟုတ်လား။”
ကျန်းလီက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... မင်းရဲ့ နောက်မှာ အမှောင်ဘုရင်မ၊ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၊ မီဒူဆာ ဘုရင်မ၊ ပြီးတော့ ဆရာကြီး ခေးအော့စ် တို့တောင် ရှိနေကြတယ်။ မင်းမှာထူးခြားတဲ့ ဉာဏ်ပညာလည်း ရှိတယ်။
ဒါပေမဲ့ ဒီအချက်တွေ အားလုံး ပေါင်းစပ်လိုက်ရင်တောင်၊ မင်းရဲ့ ကြီးမားတဲ့အကူအညီနဲ့ ပေးဆပ်မှုတွေ ထည့်ပေါင်းလိုက်ရင်တောင် ငါ့ရဲ့ ငရဲသလင်းကျောက်က နိဗ္ဗာန ပြန်လည်မွေးဖွားပြီး ခြေတစ်လှမ်းပဲ တိုးတက် လာနိုင်ခဲ့တယ်။ ငါတို့က နိဗ္ဗာနအသစ်ကို ဦးဆောင်နိုင်မယ်လို့ ပြောဖို့ ဘာအခွင့်အရေး ရှိသေးလဲ။”
ရှမ့်လန် တိတ်ဆိတ်သွားသည်။ ဤစကားတစ်ခွန်းတည်းနှင့်ပင် အမှန်တကယ် မှန်ကန်နေသည်။ နောက်ထပ် အဆင့်မြှင့်တင်ဖို့ ဘာကို အားကိုးရမည်နည်း။
ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင်ရှမ့်လန်... မင်း စိတ်ချလက်ချ သွားနိုင်ပြီ။ မင်း မရှိတော့ရင် ငါ လောကကြီးကို ကယ်တင်ဖို့၊ ငါတို့ရဲ့ ဘုံရည်မှန်းချက်ကို ပြီးမြောက်အောင် လုပ်ဖို့ အာရုံစိုက်နိုင်ပြီ။ ငါ ထပ်ပြောမယ်။ မင်းရဲ့ မိသားစုနဲ့ မင်းနဲ့ပတ်သက်တဲ့ လူတိုင်း ငါ့ရဲ့ ကယ်တင်ရှင် သင်္ဘောပေါ် လိုက်ပါခွင့် ရပါလိမ့်မယ်။
အရှင်ရှမ့်လန်... အခု ငါ မင်းကို တကယ် သတ်တော့မယ်။ စောစောက ငါ ဖျက်ဆီးလိုက်တာက မင်းရဲ့ ခန္ဓာကိုယ်ပဲ။ အခု ငါ မင်းရဲ့ ဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်တော့မယ်။”
ကျန်းလီသည် ပြိုင်ဘက်ကင်း ကြီးမားသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဤတစ်ကြိမ်တွင်မူ သူသည် နတ်ဆိုး၏ပါးစပ်ပေါက်ကဲ့သို့၊ ငရဲတွင်းနက်ကြီးကဲ့သို့ အမှန်တကယ် ဖြစ်နေသည်။ သူသည် လူသားပုံသဏ္ဍာန်ပင် မရှိတော့ပေ။
ကျန်းလီသည် ရှမ့်လန်၏ဝိညာဉ်ကို လွယ်ကူစွာ ဝါးမျိုလိုက်သည်။ ထို့နောက် သူသည် စစ်မှန်သော ဝဲကတော့ တစ်ခုအဖြစ် ပြောင်းလဲသွား၏။ သူသည် ရှမ့်လန်၏ ဝိညာဉ်ကို ရူးသွပ်စွာ ဖိသိပ်လိုက်သည်။
ဤမြင်ကွင်းသည် အလွန် ရင်းနှီးနေ၏။ လွန်ခဲ့သော နှစ် ၃၀ ကျော်က ကျန်းလီသည် ရှမ့်လန်ကို အပြီးတိုင် သတ်ဖြတ်ရန်နှင့် ဝိညာဉ်ကိုအပြီးတိုင်ချေမှုန်းရန် ဤနည်းလမ်းကို အသုံးပြုခဲ့ဖူးသည်။ ယခု သူသည် ဤနည်းလမ်းကိုပင် အသုံးပြုနေပြန်၏။
သို့သော်ငြား ကျန်းလီ၏လက်ရှိစွမ်းအင်သည် ရှမ့်လန်ထက် အဆပေါင်း ဆယ်သန်းမက ပိုမို သန်မာနေ၏။ ရှမ့်လန်၏ဝိညာဉ်ကို ရူးသွပ်စွာ ဖိသိပ်နေစဉ်တွင် ကျန်းလီ၏ဝိညာဉ်စွမ်းအင်သည်လည်း အဆက်မပြတ် စုစည်းပြီး ဖိသိပ်နေသည်။
ဤအချိန်၌ ကျန်းလီ၏ ဝိညာဉ်နှင့် ငရဲသလင်းကျောက် အသစ်သည် လုံးဝ တသားတည်း ပေါင်းစပ်သွားခဲ့ပြီ ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှမ့်လန်၏ဝိညာဉ်သည် အမှတ်တစ်ခုတည်းအဖြစ် စုစည်းသွားခဲ့သည်။ ကျန်းလီ၏ ကြီးမားသောအရိပ်သည်လည်း အချင်းဝက် ပေဝက်ခန့်သာ ရှိသော အနက်ရောင် ဝဲကတော့တစ်ခု အဖြစ် ကျုံ့ကာ စုစည်းသွားခဲ့၏။
ရှမ့်လန်သည် အဆင့်မြင့်နဂါးဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်ခဲ့သည်။ ကျန်းလီသည်လည်း အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်ခဲ့သည်။ သူတို့နှစ်ဦးသည် အခြေခံအားဖြင့် တူညီသော စွမ်းအင် အဆင့်အတန်းတွင် ရှိကြသည်။
အမှန်စင်စစ် ရှမ့်လန်သည် ကျန်းလီ၏ငရဲသလင်းကျောက် ပြန်လည်မွေးဖွားရန်နှင့် အနည်းငယ် အဆင့် မြှင့်တင်ရန် နျူကလီးယား ပေါင်းစည်းခြင်းနှင့် ဖြိုခွင်းခြင်း စွမ်းအင်ပမာဏများစွာကို အသုံးပြုခဲ့ရသည်။
ထို့ကြောင့် ရှုထောင့်တစ်မျိုးမှကြည့်လျှင် ကျန်းလီ၏စွမ်းအင်သည် ရှမ့်လန်ထက် အနည်းငယ် သာလွန်နေသော်လည်း အဆင့်တစ်ဝက်လောက်ပင် ကွာခြားခြင်း မရှိပေ။ သို့သော်ငြား ကျန်းလီ၏ စွမ်းအင်နှင့် ရှမ့်လန်၏စွမ်းအင် ကွာခြားချက်သည် ကောင်းကင်နှင့်မြေကြီး ကွာခြားနေသည်။ ကျောက်တုံးကြီးတစ်တုံးနှင့် ဖုန်မှုန့်တစ်မှုန် ကွာခြားချက်ကဲ့သို့ပင်။
ကျန်းလီ၏ ရူးသွပ်စွာ ဖိသိပ်မှုအောက်တွင် ရှမ့်လန်၏ ဝိညာဉ်သည် ဆက်လက် ပြိုလဲပျက်စီးနေသည်။ အချင်း တစ်မီလီမီတာ အောက်မှသည် တစ်မိုက်ခရွန်အောက်၊ ထို့နောက် တစ်နာနိုမီတာအောက်သို့ ရောက်ရှိသွားခဲ့၏။
မကြာမီတွင် သေရေးရှင်ရေး အမှတ်ကို ကျော်လွန်တော့မည် ဖြစ်သည်။ သေရေးရှင်ရေး အမှတ်ကို ကျော်လွန်သွားသည်နှင့် တပြိုင်နက် ဝိညာဉ်စွမ်းအင် အမှုန်များသည် စတင် ပြိုလဲပျက်စီးတော့မည်။ စတင် ပြိုလဲပျက်စီးသည်နှင့် တပြိုင်နက် တုံ့ပြန်မှုနှစ်ခု ဖြစ်ပေါ်လာလိမ့်မည်။
ပထမ တုံ့ပြန်မှုမှာ လုံးဝ ပျက်စီးခြင်းဖြစ်၏။ ဒုတိယ တုံ့ပြန်မှုမှာ ကွဲပြားခြားနားသော ဝိညာဉ်ပေါင်းစပ်မှု ဖြစ်သည်။ လွန်ခဲ့သော နှစ် ၃၀၊ မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ မတိုင်မီက ရှမ့်လန်သည် ဤသို့ ပြုလုပ်ရန် စီစဉ်ခဲ့ဖူးသည်။ ထိုအချိန်က သူ၏ဝိညာဉ်စွမ်းအင် နည်းပါးလွန်းသောကြောင့် သူ၏ အစီအစဉ် ကျရှုံးနိုင်ချေ ရှိခဲ့၏။ ပြန်လည်မွေးဖွားမည့်အစား တိုက်ရိုက် ပျက်စီးသွားနိုင်သည်။
နေမင်းကြီး၏ ဒြပ်ထုမလုံလောက်ပါက သေဆုံးသွားသည့်အခါ စူပါနိုဗာအဖြစ် ပေါက်ကွဲမည့်အစား ရိုးရိုးလေး သေဆုံးသွားပေမည်။ ယခုလည်း ထိုကဲ့သို့ပင်။ သို့သော်ငြား နှစ် ၃၀ ကြာပြီးနောက် အခြေအနေသည် ကွဲပြား ခြားနားသွားခဲ့သည်။ ရှမ့်လန်သည် အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ပြီးနောက် သူ၏ ဝိညာဉ်စွမ်းအင်သည် အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှု တစ်ခု ရရှိခဲ့၏။
ကျန်းလီ၏ ဝိညာဉ်စွမ်းအင်သည်လည်း တိုးတက်လာခဲ့သည်။ သို့သော်ငြား နှစ် ၃၀ ကြာပြီးနောက် သူသည် ကြီးမားသော ခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်ခဲ့သည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ခြေလှမ်း သေးသေးလေး တစ်လှမ်းသာ လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သူသည် သေရေးရှင်ရေးအမှတ်ကို ကျော်လွန်တော့မည်။ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်တော့မည်။ ရှမ့်လန်သည် ပျက်စီးသွားမည် သို့မဟုတ် သူ၏ဝိညာဉ်သည် ဝိညာဉ်ပေါင်းစပ်မှုအသစ် ဖြစ်ပေါ်ပြီး ပြန်လည်မွေးဖွားလာမည်။
သို့သော်ငြား ဤအချိန်၌ ကျန်းလီ ရုတ်တရက် ရပ်တန့်လိုက်၏။
“အရှင်ရှမ့်လန်... အခုထိ အရာအားလုံးက မင်း မျှော်လင့်ထားတဲ့အတိုင်း ဖြစ်နေတာ မဟုတ်လား။”
ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်သည်။ “စောစောက မင်း ငါ့ကို သေမင်းတံခါးဝကနေ ပြန်လည် မွေးဖွားလာအောင် ဖိအားပေးဖို့ နျူကလီးယား ပေါင်းစည်းခြင်းနဲ့ ဖြိုခွင်းခြင်း တိုက်ခိုက်မှုတွေကို အသုံးပြုခဲ့တယ်။
ငါ့ရဲ့ ငရဲသလင်းကျောက်ကို သေခြင်းတရား နယ်ပယ်ထဲ ဝင်ရောက်စေပြီး ပြန်လည်မွေးဖွားလာစေခဲ့တယ်။ အခု မင်းက မင်းရဲ့ဝိညာဉ်ကို သေခြင်းတရား နယ်ပယ်ထဲ ဝင်ရောက်စေပြီး ပြန်လည်မွေးဖွားလာအောင် ငါ့ကို ကူညီခိုင်းနေတာ မဟုတ်လား။
အရှင်ရှမ့်လန်... အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်း အတွင်းမှာ ငါတို့က တခြားသူတွေရဲ့ ဝိညာဉ်တွေကိုပဲ သေဆုံးစေခဲ့ကြတာ။ ငါတို့ကိုယ်တိုင် သေခြင်းတရားရဲ့ ပြောင်းလဲမှုကို ဘယ်တုန်းကမှ မကြုံခဲ့ဖူးဘူး။ အခု မင်းက ဒီဖြစ်စဉ်ကို ပြီးမြောက်အောင် ငါ့ကို ကူညီခိုင်းနေတာ မဟုတ်လား။
ဒါအပြင် မင်းရဲ့ ဝိညာဉ် နက်ရှိုင်းတဲ့နေရာမှာ မမြင်နိုင်၊ မထိတွေ့နိုင်၊ အာရုံတောင် မခံနိုင်ပေမဲ့ ရှိမှန်း သိနေတဲ့ အရာတစ်ခု ရှိနေရမယ်။ ဒီဆန်းကြယ်တဲ့အရာက နဂါးရဲ့ နတ်ဘုရားအပိုင်းအစနဲ့ ဆင်တူတယ်။ ဒါက နဂါးဝိညာဉ် မသေနိုင်တဲ့ အကြောင်းရင်းပဲ။
ဒါကြောင့် မင်းက မင်းရဲ့ ဝိညာဉ်ကို လုံးဝ ဖျက်ဆီးပြီး ပြာချဖို့ ငါ့ကို လိုလားနေတာ။ ဒါပေမဲ့ မင်းရဲ့ ဝိညာဉ် နက်ရှိုင်းတဲ့နေရာမှာ ဝိညာဉ် အပိုင်းအစတစ်ခု ရှိနေပြီး အဲဒါက မင်းရဲ့ ရှမ့်ရိလုံ နဲ့ ငါ့ရဲ့ နဂါးသစ်လိုမျိုး ပြန်လည် တည်ဆောက်ပြီး မွေးဖွားလာအောင် ကူညီပေးနိုင်လိမ့်မယ်။ ဒါကြောင့် ဒါက မင်းရဲ့ တကယ့် ဝှက်ဖဲပဲ။”
ရှမ့်လန် ပြန်မဖြေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်သည် ငရဲတံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။ သို့သော်ငြား ကျန်းလီ၏ သုံးသပ်ချက်သည် မှန်ကန်သည်။ သူ့ရှေ့ရှိ မြင်ကွင်းသည် ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲပေးနိုင်မည့် တစ်ခုတည်းသော တိုက်ကွက်လည်း ဖြစ်ပြီး ထိုတိုက်ကွက် ကို ပုံဖော်ကြည့်၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် သူ့ဝိညာဉ်ကို ချေမှုန်းပြီး ပေါင်းစပ် သွားစေနိုင်လောက်အောင် သန်မာသော တခြားစွမ်းအားကို ရှာမတွေ့နိုင်သောကြောင့် ဖြစ်သည်။ ကျန်းလီ ပြုလုပ်ပေးမှ ရပေလိမ့်မည်။
ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်၏။ “ဒါပေမဲ့ အခု ငါ မင်းရဲ့ အကြံအစည်ကို ဖော်ထုတ်လိုက်ပြီ ဆိုတော့ ဆက်ပြီး အလိမ်ခံရအုံးမလား။ ထပ်လုပ်ပရအုံးမလား။”
ရှမ့်လန် ပြန်မဖြေနိုင်သေးပေ။ သူ၏ဝိညာဉ်သည် အလွန်သေးငယ်သော အလင်းစက်လေးတစ်ခု ဖြစ်နေပြီ ဖြစ်ပြီး ပြိုလဲပျက်စီးမည့် သေရေးရှင်ရေး အမှတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျန်းလီက ဆက်ပြောလိုက်၏။ “အရှင်ရှမ့်လန်... ငါမင်းကို တစ်ခု ပြောရအုံးမယ်။ မင်းရဲ့ ဝိညာဉ် နက်ရှိုင်းတဲ့ နေရာမှာရှိတဲ့ ဝိညာဉ်အပိုင်းအစက ငါ့ရဲ့ ဝိညာဉ် နက်ရှိုင်းတဲ့ နေရာမှာလည်း ရှိနေတယ်။ ဒါကြောင့် မင်းရဲ့ အစီအစဉ် အောင်မြင်ချင်မှ အောင်မြင်လိမ့်မယ်။
ဒါပေမဲ့ မင်းရဲ့ အစီအစဉ် ကျရှုံးချင်မှလည်း ကျရှုံးလိမ့်မယ်။ ဘာလို့လဲဆိုတော့ ငါက မင်းဆန္ဒရှိတဲ့အတိုင်း လုပ်ပေးမှာမို့လို့ပဲ။ မင်းရဲ့ ဝိညာဉ်ကို ဆက်ပြီး ရူးသွပ်စွာ ဖိသိပ်ပေးမယ်။
ရလဒ်က ဘာဖြစ်မလဲ။ ကောင်းကင်ဘုံက ဆုံးဖြတ်ပါစေ။ ကံကြမ္မာက ဆုံးဖြတ်ပါစေ။ ငါတို့ နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့် ရှိတယ်။ ဒါက ကံကြမ္မာပဲ။ ပြီးတော့ အသက်ရှင်ကျန်ရစ်တဲ့သူက အန္တိမ နဂါးဉာဏ်အလင်းကို သဘောပေါက် နားလည်နိုင်ကောင်း ၊ နားလည်နိုင်လိမ့်မယ်။
အရှင်ရှမ့်လန်... ငါ မင်းကို အရင်တုန်းတည်းက ပြောခဲ့တယ်။ မရေမတွက်နိုင်အောင် ရုန်းကန် ကြိုးစားပြီးတဲ့နောက် ငါတို့က ငါတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲလိုက်ပြီလို့၊ ငါတို့ရဲ့ ကံကြမ္မာက ကောင်းကင်ဘုံ လက်ထဲမှာ မရှိဘဲ ငါတို့လက်ထဲမှာ ရှိတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ပိုဆိုးတာက ဒါကလည်း ကံကြမ္မာရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေတာပဲ။
ဒါဆိုရင် အခုကစပြီး ငါ အသက်ရှင်ခဲ့ရင် ဒီလောကကြီး ဘယ်လိုဆက်သွားရမယ်ဆိုတာ ငါ ဆုံးဖြတ်မယ်။ ဒါပေမဲ့ မင်း အသက်ရှင်ခဲ့ရင် ဒီလောကကြီးကို မင်းလက်ထဲ အပ်လိုက်မယ်။ ဘယ်လို ဆက်သွားရမယ် ဆိုတာ မင်း ဆုံးဖြတ်ပေါ့။
ငါ စတော့မယ်။ ကံကြမ္မာက ဆုံးဖြတ်ပါစေ။ မြေမှုန့်က မြေမှုန့်ဆီသို့... ပြာမှုန့်က ပြာမှုန့်ဆီသို့။”
ကျန်းလီ၏ အဆုံးအစမဲ့ စွမ်းအင်သည် ရှမ့်လန်ကို နောက်ဆုံးအကြိမ် ရူးသွပ်စွာ ဖိသိပ်လိုက်သည်။ အလွန် များပြားသော စွမ်းအင်ပင်ဖြစ်သည်။
ရှမ့်လန်၏ဝိညာဉ်သည် မူလက အစက်ကလေးတစ်စက် ဖြစ်သည်အထိ ဖိသိပ်ခံထားရပြီး ဖြစ်၏။ ယခုအခါ ကျန်းလီ၏ နောက်ဆုံး အလွန်များပြားသော စွမ်းအင်ဖိသိပ်မှုကြောင့် ချက်ချင်းပဲ သေရေးရှင်ရေး အခြေအနေ အတွင်းသို့ ဝင်ရောက်သွားခဲ့၏။
ရှမ့်လန်၏ ဝိညာဉ်စွမ်းအင်အမှုန်များသည် ဦးစွာ စတင် ပြိုလဲပျက်စီးသွားခဲ့၏။ ထို့နောက် မကြုံစဖူး ပေါင်းစပ်မှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...” အဆုံးအစမဲ့သော ဝိညာဉ်ပေါင်းစပ်မှု ဖြစ်၏။