အခန်း (၁၂၁၃-၁၂၁၅)
Vol. 81 Ch. 1213-1215
အခန်း (၁၂၁၃) - ရွှေရောင်ကိုယ်ထည် ပျက်စီးခြင်းနှင့် ပြင်းထန်သော ဒဏ်ရာများ
အကယ်၍ အင်မော်တယ်ဘုရင်အဆင့်သည် စကြဝဠာ၏ အစွမ်းအထက်ဆုံးသူ ဖြစ်လာရန် လက်မှတ်တစ်စောင်ဆိုလျှင် အင်မော်တယ်သခင် အဆင့်မှာမူ သအိမ်အတွင်းမှ ပထမဆုံးအကြိမ် အပြင်လောကသို့ ထွက်၍ ကြည့်ခွင့်ရခြင်းနှင့် တူပေသည်။
အမှန်စင်စစ် ရွှယ်အန်သည် ယခုအချိန်တွင် အင်မော်တယ်သခင်အဆင့်တစ်ဝက် သာ ရှိသေးသဖြင့် သီအိုရီအရ ဤမျှ အစွမ်းထက်သော ဟင်းလင်းပြင်ခရီးနှင်နိုင်စွမ်း ရှိမနေသင့်ပေ။ သို့သော် ရွှယ်အန်းသည် သူ၏ ယခင်ဘဝက ကြာပန်းနီ နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ဖူးသူပီပီ လျှို့ဝှက်ပညာရပ်ပေါင်းများစွာကို ကျွမ်းကျင်ထားသူ ဖြစ်သည်။ ထို့ကြောင့် သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လီဟန်ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထိုနေရာသို့ ရောက်ရောက်ချင်းမှာပင် လီဟန်အရှင်က ယန်ကျန့်ကို ဒူးထောက်တောင်းပန်ရန် အတင်းအကျပ် ဖိအားပေးနေသည့် မြင်ကွင်းကို တွေ့လိုက်ရသဖြင့် ရွှယ်အန်က ကြားဖြတ်ဝင်ရောက်ကာ ကိုယ်ထင်ပြလိုက်ခြင်းဖြစ်သည်။
ရွှယ်အန်ကို မြင်လိုက်ရသောအခါ ဆွေ့မန်၊ ယုရန်နှင့် ရှောင်ထျန်းတို့အားလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။ အထူးသဖြင့် ရှောင်ထျန်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အော်လိုက်မိသည်။
"စီနီယာရွှယ်"
လီဟန်အရှင်နှင့် ကျီဝေ့ကြယ်တာရာသခင်တို့မှာမူ ရွှယ်အန်ကို ထိတ်လန့်တကြား ငေးကြည့်နေမိကြသည်။ အတန်ကြာမှ လီဟန်အရှင်က သရဲသပက်ကို မြင်လိုက်ရသည့်အလား တုန်တုန်ရင်ရင်ဖြင့် အော်ပြောလိုက်သည်။
"ရွှယ်အန်း... မင်း တကယ်ပဲ မသေသေးဘူးလား"
ရွှယ်အန်းက အေးဆေးစွာ ပြုံးလိုက်သည်။
"ဟုတ်တာပေါ့... ငါ မသေသေးဘူး၊ မင်းက ငါ့ကို သေစေချင်နေတာလား"
လီဟန်အရှင်က ရွှယ်အန်းကို စိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းများမှာ အရောင်မျိုးစုံ တောက်ပနေကာ မျက်နှာအမူအရာမှာလည်း ခန့်မှန်းရခက်နေသည်။ ရွှယ်အန်းသည် အင်မော်တယ်ဘုရင်၏ အမိန့်တော်မှ ထွက်ပေါ်လာသော အစွမ်းကုန်တိုက်ကွက်ကို ခံယူပြီးနောက်တွင်ပင် အသက်ရှင်ကျန်ရစ်ခဲ့သည်မှာ လုံးဝ မဖြစ်နိုင်သောအရာဖြစ်သည်။
သူပြောသလိုပဲ... အရင်ဘဝက ကျန်ရစ်ခဲ့တဲ့ လျှို့ဝှက်နည်းလမ်းတွေ တကယ်ပဲ ရှိနေတာလား ဟုပင် လီဟန်အရှင် သံသယဝင်နေမိသည်။ ထိုစဉ် ကျိဝေ့ကြယ်တာရာသခင်က ရုတ်တရက် သတိထားမိသွားသည်။
"မဟုတ်ဘူး... သူ ဒဏ်ရာရထားတာပဲ၊ ပြင်းထန်တဲ့ ဒဏ်ရာပဲ"
၎င်းကို ကြားသောအခါ လီဟန်အရှင်မှာ ကြောင်သွားပြီးနောက် မော့ကြည့်လိုက်သည်။ ထိုနေရာရှိ လူအားလုံးကလည်း ရွှယ်အန်းကို ဝိုင်းကြည့်လိုက်ကြသည်။ သေချာစိုက်ကြည့်လိုက်သောအခါ ရွှယ်အန်းသည် လေထဲတွင် ဓားတစ်လက်ကဲ့သို့ မားမားမတ်မတ် ရပ်နေဆဲဖြစ်သော်လည်း သူ၏ အရှိန်အဝါမှာ မတည်မငြိမ် ဖြစ်နေကာ မျက်ဝန်းအတွင်းရှိ အလင်းရောင်များမှာလည်း သိသိသာသာ မှေးမှိန်နေလေသည်။
ထိုအချိန်တွင် ရွှယ်အန်းကိုယ်တိုင်ကပင် ပြုံး၍ ၀န်ခံလိုက်သည်။
"ဟုတ်တယ်... ငါ ဒဏ်ရာရထားတာ"
ထိုစကားက ရှောင်ထျန်းတို့အုပ်စုကို တုန်လှုပ်သွားစေသည်။ လီဟန်အရှင်နှင့် ကျီဝေ့ကြယ်တာရာသခင်တို့မှာမူ အောင်နိုင်သူများပမာ အားရပါးရ ရယ်မောလိုက်ကြတော့သည်။
"ရွှယ်အန်း... မင်း အဲဒီအမိန့်တော်ကနေ လွတ်လာတာက မင်းရဲ့ ကံကောင်းမှုပဲ၊ ဒါပေမဲ့ မင်းက အသက်ကို ဖက်နဲ့မထုတ်ဘဲ ဒီကို ပြန်လာတယ်ဆိုတော့... ကိုယ့်သေတွင်းကိုယ် တူးတာပဲ"
လီဟန်အရှင်က ယုတ်မာသော လေသံဖြင့် ပြောလိုက်သည်။ ရွှယ်အန်းက သူ၏ ဖြူဖွေးသော သွားများပေါ်သည်အထိ အေးစက်စွာ ပြုံးပြလိုက်သည်။
"မင်းပြောပုံအရဆိုရင် ငါ့အခြေအနေကို မင်း ကောင်းကောင်းကြီး သိနေတဲ့ ပုံပဲနော်"
"ဒါပေါ့၊ အရှင်ရွှယ်... မင်းရဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းက အရင်ကလို ကြာပန်းနီ နတ်ဘုရား မဟုတ်တော့ဘူး၊ အခု မင်း ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတာကို ငါတို့ကို အနိုင်ယူနိုင်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား"
လီဟန်အရှင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ကောင်းပြီလေ... မင်းတို့က အဲလို ထင်နေမှတော့ ဒီနေ့ ဒီဒဏ်ရာရနေတဲ့ ရွှေရောင်ကိုယ်ထည်နဲ့ပဲ မင်းတို့အားလုံးကို ငါ အမြစ်ပြတ်အောင် သတ်ပစ်မယ်"
"သူနဲ့ စကားအပိုတွေ ပြောမနေနဲ့တော့... အရင်ဆုံး သူ့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးပစ်လိုက်"
ကျီဝေ့ကြယ်တာရာသခင်က ချက်ချင်းပင် တိုက်ခိုက်လိုက်တော့သည်။
သူ၏ အမြင်တွင် ရွှယ်အန်းမှာ အားအနည်းဆုံး အခြေအနေသို့ ရောက်နေသဖြင့် ရန်စူးဖယ်ရှားရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။ သူ၏ ပထမဆုံး တိုက်ကွက်မှာပင် အလွန်ပြင်းထန်သော လူသတ်တိုက်ကွက်ကို သုံးလိုက်လေသည်။ ကြယ်တာရာ အလင်းတန်းများ ပိုမိုတောက်ပလာပြီး ရွှယ်အန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
ဘုန်း!
ရွှယ်အန်းက ရှောင်တိမ်းခြင်းမရှိဘဲ လက်သီးဖြင့်သာ တုံ့ပြန်လိုက်သည်။ ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ ကြယ်အလင်းတန်းများ လွင့်စင်သွားသော်လည်း ရွှယ်အန်းမှာ မလွဲမသွေ နောက်သို့ ဆုတ်သွားရပြီး သူ၏ လက်မောင်းပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာကာ သွေးများ စီးကျလာလေသည်။
တိုက်ကွက် တစ်ချက်တည်းနှင့် ရွှယ်အန်းမှာ ထပ်မံ ဒဏ်ရာရသွားခဲ့ပြီ။
"ရွှယ်အန်း... မင်းက အင်အားကုန်နေတာတောင် မာန်တက်နေတုန်းပဲလား၊ မင်း တကယ်ပဲ ဟန်ကိုယ်ဖို့ လုပ်နေတာပဲ၊ လီဟန်... လာ၊ နှစ်ယောက်ပေါင်းပြီး သူ့ကို အပြတ်ရှင်းကြစို့"
လီဟန်အရှင်ကလည်း နှာခေါင်းရှုံ့လိုက်သည်။
"ကောင်းပြီ၊ ဒီနေ့ သူ့ကို ကောင်းကင်ဘုံအတွက် ယဇ်ပူဇော်တဲ့ ပစ္စည်းအဖြစ် ငါ သုံးလိုက်မယ်"
ထိုသို့ပြောပြီးသည်နှင့် သူတို့နှစ်ဦးလုံးက ရွှယ်အန်းကို သေလောက်သည့် အရှိန်အဝါများဖြင့် တိုက်ခိုက်တော့သည်။ ထိုခဏတွင် တောက်ပသော အလင်းတန်းများ ဝဲပျံနေပြီး မိုးကြိုးသံများ ဟိန်းထွက်နေလေသည်။
"အရှင်ရွှယ်"
ရှောင်ထျန်းက ပထမဆုံး သတိဝင်လာကာ ရှေ့သို့ ပြေးဝင်သွားသော်လည်း ယဲ့လျိုယန်က လမ်းပိတ်လိုက်သည်။
"ဟဲဟဲ... မလောပါနဲ့ဦး၊ မင်းရဲ့ ရန်သူက ငါပါကွ၊ မင်းတို့ရဲ့ အရှင်ရွှယ်ကတော့ မကြာခင် သေတော့မှာပါ"
ရှောင်ထျန်းမှာ မျက်လုံးများ နီမြန်းနေပြီး ယဲ့လျိုယန်နှင့် အကြိတ်အနယ် တိုက်ခိုက်တော့သည်။ ဆွေ့မန်နှင့် ယုရန်တို့ကလည်း တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာသော်လည်း ရဲ့လျိုယန်မှာ စွမ်းအားများ သိသိသာသာ တိုးတက်လာသဖြင့် သူတို့ သုံးဦးပေါင်းမှသာ မနည်း ယှဉ်ပြိုင်နေရခြင်း ဖြစ်သည်။
ထိုသို့သော အခြေအနေတွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြီး အလင်းတန်းများ ကွဲထွက်သွားသည်။ လီဟန်အရှင်နှင့် ကျီဝေ့ကြယ်တာရာသခင်တို့မှာ မောဟိုက်စွာ ရပ်နေကြသော်လည်း ရွှယ်အန်းမှာမူ ပေတစ်ထောင်ခန့် လွင့်ထွက်သွားပြီး အခြေအနေ ပို၍ ဆိုးရွားသွားလေသည်။
သူ၏ ရင်ဘတ်နှင့် လက်မောင်းများပေါ်တွင် အက်ကွဲကြောင်းများမှာ ကြေမွသွားသော ကြွေရုပ်ကလေးတစ်ရုပ်ကဲ့သို့ အစီအရီ ပေါ်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်ပုံပင်ထင်ရသည်။ သူ၏ တစ်ကိုယ်လုံးမှာလည်း သွေးရောင်လွှမ်းနေတော့သည်။ ဤဒဏ်ရာမှာ ရွှယ်အန်း ပြန်လည်ရှင်သန်လာပြီးနောက်ပိုင်း အပြင်းထန်ဆုံး ဒဏ်ရာဖြစ်သည်။
ရှောင်ထျန်းနှင့် ဆွေ့မန်တို့မှာ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ရွှယ်အန်းကို စိတ်ပျက်အားငယ်စွာ ငေးကြည့်နေမိကြသည်။ ။န်ကျန့်ကလည်း ရွှယ်အန်းကို တိတ်ဆိတ်စွာ ကြည့်နေပြီး သူ၏ မျက်ဝန်းများတွင် သနားစရာကောင်းလှသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဖြစ်နိုင်တာက... ဟွာမျိုးနွယ်စုရဲ့ ဘေးဒုက္ခက မပြီးဆုံးသေးဘူး ထင်ပါရဲ့..
ထိုစဉ် ကျီဝေ့ကြယ်တာရာသခင်က သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ လှောင်ပြောင်လိုက်သည်။
"ရွှယ်အန်း... မင်း အညံ့ခံဖို့ အချိန် ရှိသေးတယ်နော်၊ မဟုတ်ရင်တော့... မင်းရဲ့ အခုလို ဒဏ်ရာတွေနဲ့ဆိုရင် ငါတို့ နှစ်ယောက်ပေါင်းပြီး နောက်ထပ် တစ်ချက်ပဲ တိုက်လိုက်တာနဲ့ မင်းရဲ့ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစစီ ဖြစ်သွားလိမ့်မယ်”
အခန်း (၁၂၁၄) - သွေးနဲ့ ကြာပန်းနီကို ထုတ်ဖော်ခြင်း၊ ကမ္ဘာမြေပေါ်သို့ ကံကြမ္မာမီးလျှံများ ပြန်လည်ရောက်ရှိလာခြင်း
"မှန်တယ်၊ မင်း အခုပဲ ဉာဏ်ရှိရှိ အညံ့ခံမယ်ဆိုရင်... ငါတို့နှစ်ယောက်က မင်းကို အသက်ရှင်ခွင့် ပေးကောင်း ပေးဦးမှာပေါ့"
လီဟန်အရှင်က ဘေးမှနေ၍ အေးစက်စွာ ဝင်ပြောလိုက်သည်။ သို့သော် သူတို့ ထိုစကားကို ပြောနေချိန်တွင် မျက်ဝန်းအတွင်းရှိ လူသတ်လိုစိတ်များမှာမူ အနည်းငယ်မျှ လျော့ပါးသွားခြင်း မရှိပေ။
ဤသည်မှာ ရွှယ်အန်း၏ စိတ်ဓာတ်ကို ရိုက်ချိုးရန်နှင့် တိုက်ခိုက်လိုစိတ် ကုန်ဆုံးသွားစေရန် သူတို့ အသုံးပြုနေကျ စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာတစ်ခုသာ ဖြစ်သည်။ သို့သော် သူတို့ မမျှော်လင့်ထားသည်မှာ ရွှယ်အန်း၏ မျက်နှာတွင် ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝ ရှိမနေခြင်းဖြစ်သည်။ ၎င်းသည် ခပ်ဖွဖွ ပြုံးလိုက်ပြီး သွေးများစွန်းပေနေသော နှုတ်ခမ်းကို လျှာဖြင့် အသာအယာ သပ်လိုက်သည်။
"အညံ့ခံဖို့ ဟုတ်လား၊ မင်းတို့ ကိုယ့်ကိုယ်ကိုယ် ပြောနေတာလား"
ထိုစကားကြောင့် လီဟန်အရှင်တို့ ခဏမျှ ကြောင်အမ်းသွားပြီးမှ တစ်ယောက်ကိုတစ်ယောက် ဝေခွဲမရစွာ ကြည့်လိုက်ကြသည်။ ထို့နောက် လီဟန်အရှင်က ရက်စက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ရွှယ်အန်း... မင်း ဦးနှောက်များ ပျက်သွားပြီလား၊ ငါတို့ကို အညံ့ခံခိုင်းရအောင် မင်း ရှေ့က အခြေအနေကို မမြင်ဘူးလား"
သို့သော် ရွှယ်အန်းက လီဟန်အရှင်၏ စကားကို လျစ်လျူရှုကာ ယန်ကျန့်ကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။
"အားလန်... ဒီကောင်နှစ်ယောက်ကို ကျွန်တော် သတ်နိုင်မယ်လို့ မင်း ထင်လား"
ယန်ကျန့်မှာ တုန်လှုပ်သွားပြီး ခါးသီးစွာ ပြုံးလျက် ခေါင်းခါပြလိုက်သည်။
"ငါလည်း မသိဘူး"
ရွှယ်အန်းက ခပ်တိုးတိုး ရယ်လိုက်ပြီး သွေးစွန်းနေသော လက်ညှိုးဖြင့် လီဟန်အရှင်နှင့် ကျီဝေ့ကြယ်တာရာသခင်တို့ကို ဝေ့ယမ်းပြလိုက်သည်။
"ဒီနေ့တော့ အကြွေးဟောင်း၊ အကြွေးသစ် အားလုံးအတွက်... မင်းတို့နှစ်ယောက်လုံး သေရမယ်"
လီဟန်အရှင်တို့မှာ အစပိုင်း ကြောင်သွားသော်လည်း နောက်မှ အားရပါးရ လှောင်ရယ်လိုက်ကြသည်။ သို့သော် သူတို့၏ ရယ်သံ စသည်နှင့် ချက်ချင်းဆိုသလို ရပ်တန့်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုခဏ၌ ရွှယ်အန်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ သူ၏ မျက်ဝန်းများမှာ တောက်ပသော အလင်းတန်းများဖြင့် တောက်လောင်လာပြီး တိုးညင်းသော အသံဖြင့် ဆိုလိုက်သောကြောင့် ဖြစ်သည်။
"ငါ့ရဲ့ သွေးနဲ့... ကြာပန်းနီကို အသက်သွင်းမယ်"
ဝုန်း!
သူ၏ စကားအောက်တွင် ရွှယ်အန်း၏ ဒဏ်ရာများမှ စီးထွက်နေသော သွေးများသည် ရုပ်ခန္ဓာမှ ချက်ချင်း ခွာထွက်သွားကြပြီး မျက်ခုံးနှစ်ခုအကြားတွင် စုစည်းကာ သွေးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။ ထိုသွေးလုံးမှာ တုန်ယင်နေပြီး အတွင်းမှ တစ်ခုခုက ရုန်းထွက်ရန် ကြိုးစားနေသကဲ့သို့ ရှိနေသည်။
ရုတ်တရက် အလင်းတန်းများ ပြန့်ကျဲသွားပြီး သွေးလုံးမှာ ပေါက်ကွဲထွက်သွားတော့သည်။ ထိုအတွင်းမှ သွေးရောင်လွှမ်းနေသော ကြာပွင့်ငုံလေးတစ်ပွင့် ပေါ်လာလေသည်။ ဤကြာပွင့်မှာ အပြစ်ပြောစရာမရှိသော သွေးကျောက်သလင်းခဲများဖြင့် ထုဆစ်ထားသကဲ့သို့ လှပလွန်းလှသဖြင့် မျက်စိကျိန်းမတတ်ပင် ဖြစ်သည်။
ထိုသွေးရောင် ကြာပွင့်ကို မြင်လိုက်ရသောအခါ လီဟန်အရှင်နှင့် ကျီဝေ့ကြယ်တာရာသခင်တို့မှာ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားပြီး မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။
"ကြာ... ကြာပန်းနီ ပေါ်လာတာလား၊ မဟုတ်ဘူး... ဒါ... ဒါ မဖြစ်နိုင်ဘူး"
လီဟန်အရှင်၏ ခြေထောက်များမှာ တုန်ယင်လာသည်။ ကျီဝေ့ကြယ်တာရာသခင်မှာလည်း ဆန်ခါတင်ထားသကဲ့သို့ တုန်နေပြီး ထိုကြာပွင့်ကို ကြည့်ကာ စကားပင် မပြောနိုင်လောက်အောင် ဖြစ်သွားတော့သည်။
သူတို့ ဤမျှ ကြောက်လန့်သွားရခြင်းမှာ ကြာပန်းနီနှင့် ပတ်သက်သည့် ဒဏ္ဍာရီတစ်ခုကို သတိရသွားသောကြောင့် ဖြစ်သည်။ ယခင်က ရွှယ်အန်းသည် စကြဝဠာ နယ်မြေပေါင်းများစွာကို လွှမ်းမိုးထားစဉ်က ဟင်းလင်းပြင် နတ်ဘုရားဂိုဏ်းမှ ပုဂ္ဂိုလ်များကို အမြစ်ပြတ်ချေမှုန်းခဲ့ဖူးသည်။ ထိုတိုက်ပွဲအပြီးတွင် နယ်မြေတစ်ခုလုံး၌ ပွင့်လန်းနေသော ရဲမြတ်ကြာပွင့်များဖြင့် ပြည့်နှက်နေသည်ကိုသာ တွေ့ကြရပြီး ရန်သူများမှာမူ ပြာအဖြစ်ပင် မကျန်တော့ချေ။
ရွှယ်အန်းက ခပ်တိုးတိုး ရယ်လိုက်သည်။
"မင်းတို့လည်း ဒါကို သိနေတာပဲကိုး"
ထိုခဏတွင် လီဟန်အရှင်က သွားကို တင်းတင်းကြိတ်ကာ ဟိန်းဟောက်လိုက်သည်။
"ကြာပန်းနီ ဖြစ်တော့ ဘာဖြစ်လဲ၊ မင်းက အရင်တုန်းက နတ်ဘုရားလို မဟုတ်တော့ဘူး၊ မင်း ငါတို့ကို တကယ် သတ်နိုင်မယ်လို့ ငါ မယုံဘူး"
ထိုသို့ပြောပြီးသည်နှင့် လီဟန်အရှင်က ဒေါသတကြီး တိုက်ခိုက်တော့သည်။ သူနှင့်အတူ ကျီဝေ့ကြယ်တာရာသခင်ကလည်း သူ၏ ကျင့်စဉ်အဆင့်အားလုံးကို အသုံးချကာ သေလောက်သည့် တိုက်ကွက်ကို ပစ်လွှတ်လိုက်လေသည်။
အင်မော်တယ်ဘုရင်အဆင့်တစ်ဝက် နှစ်ဦးလုံးမှာ တောက်ပသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ အထွတ်အထိပ် အရှိန်အဝါများဖြင့် ရွှယ်အန်းထံသို့ တိုက်ရိုက် ပြေးဝင်သွားကြသည်။ ထိုမျှ ပြင်းထန်သော စွမ်းအားအောက်တွင် ရွှယ်အန်း၏ ရှေ့မှ ကြာပွင့်လေးမှာ အချိန်မရွေး ကြေမွသွားတော့မည့်ပုံပေါ်သည်။
သို့သော် သူတို့ ရွှယ်အန်းအနားသို့ ရောက်ခါနီးအချိန်၌ ကြာပွင့်လေးမှာ အသာအယာ တုန်ယင်သွားပြီး ကြာပွင့်ချပ်များမှာ ဖြည်းဖြည်းချင်း ပွင့်လန်းလာတော့သည်။
ကြာပွင့် ပွင့်လန်းလာသည့် ခဏတွင် ကမ္ဘာမြေနှင့် ကောင်းကင်၊ အချိန်၏ စီးဆင်းမှုများ အားလုံးမှာ ရပ်တန့်သွားတော့သည်။ ရပ်တန့်ခြင်း ခလုတ်ကို နှိပ်လိုက်သကဲ့သို့ပင်။ ပြင်းထန်သော လေစီးကြောင်းများ ငြိမ်သက်သွားပြီး လွင့်နေသော ဆံစများပင် မလှုပ်မယှက် ရှိနေတော့သည်။
လက်တစ်ကမ်းအကွာသို့ ရောက်နေသော လီဟန်အရှင်နှင့် ကျီဝေ့ကြယ်တာရာသခင်တို့၏ တိုက်ကွက်များမှာ လေထဲတွင် ခဲနေသည်ကို မြင်နေရသလို သူတို့၏ မျက်ဝန်းအတွင်းရှိ ထိတ်လန့်မှုကိုပါ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
မကြာမီ ကြာပန်းနီမှာ အသာအယာ တုန်ယင်သွားပြီး အဆမတန် ပွားများလာတော့သည်။ ထို့နောက် အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်လည်စီးဆင်းသွားသည်။ သို့သော် လီဟန်အရှင်နှင့် ကျီဝေ့ကြယ်တာရာသခင်တို့၏ တိုက်ကွက်များမှာ ဆက်လက် မလုပ်ဆောင်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုခဏအတွင်းမှာပင် သူတို့၏ တိုက်ကွက်အားလုံးကို ရဲမြတ်ကြာပွင့်များက ဝါးမြိုလိုက်သောကြောင့် ဖြစ်သည်။
သူတို့နှစ်ယောက်လုံး အကြီးအကျယ် တုန်လှုပ်သွားကြပြီး နောက်ဆုတ်ကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။ ကြာပန်းနီကို စတင်လိုက်သော ရွှယ်အန်းမှာ အနှိုင်းမဲ့ အစွမ်းထက်နေပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။ သို့သော် ထိုအချိန်တွင် ကောင်းကင်တစ်ခုလုံးမှာ ကြာပန်းပွင့်များဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
ပန်းပင်လယ်ကြီး၏ ရှေ့တွင် ရပ်နေသော ရွှယ်အန်းက ထွက်ပြေးနေသည့် အလင်းတန်းနှစ်ခုကို ကြည့်ကာ ပြုံးလိုက်ပြီး လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
ဝုန်း!
ထိုခဏတွင် ကြာပန်းတီအားလုံးမှာ ပြင်းထန်သော မီးလျှံများအဖြစ်သို့ ပြောင်းလဲကာ တောက်လောင်လာတော့သည်။ မီးလျှံများမှာ ကောင်းကင်အထိ ဟိန်းထွက်သွားပြီး ကြာပွင့်ပင်လယ်ကြီးမှာ မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။
အဝေးသို့ ထွက်ပြေးနေသော ကျီဝေ့ကြယ်တာရာသခင်မှာ စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်လိုက်သည်။
"ကြာပန်းနီ ကံကြမ္မာမီးလျှံ"
သူ့ စကားအဆုံးတွင် ကံကြမ္မာမီးလျှံများက သူ့ကို လုံးဝ ဝါးမြိုသွားတော့သည်။ အခြားတစ်ဖက်တွင်လည်း လီဟန်အရှင်မှာ သူ၏ ကျင့်စဉ်အဆင့်အားလုံးကို လောင်မြိုက်စေပြီး ဤကမ္ဘာမှ ထွက်ပြေးရန် ကြိုးစားနေသည်။ သို့သော် သူ ကမ္ဘာမှ ထွက်ခွာတော့မည့် ဆဲဆဲတွင် မီးလျှံများက သူ့ကို ရစ်ပတ်ကာ ပြန်လည်ဆွဲခေါ်သွားတော့သည်။
"မလုပ်ပါနဲ့"
လီဟန်အရှင်၏ အော်ဟစ်သံမှာ ကောင်းကင်တုန်သွားသော်လည်း သူပါ မကြာမီပင် တောက်လောင်နေသော မီးလျှံများအတွင်းသို့ ပျောက်ကွယ်သွားလေတော့သည်။
အခန်း (၁၂၁၅) - ကံကြမ္မာသံကြိုးများနှင့် အသက်ရှင်ခြင်း၊ သေခြင်းကြားမှ ရွေးချယ်မှု
ကောင်းကင်တစ်ခုလုံးမှာ မီးလျှံများ ဖုံးလွှမ်းသွားပြီး စူးရှစွာ တောက်ပနေတော့သည်။ အင်မော်တယ်အဆင့်တစ်ဝက် အဆင့်ရှိသည့် ထိုသူနှစ်ဦးမှာ မည်သည့်နေရာသို့သွားသွား အစွမ်းထက်သော အရှင်သခင်များအဖြစ် သတ်မှတ်ခံရသော်လည်း ကြာပန်းနီ ကံကြမ္မာမီးလျှံနှင့် ရင်ဆိုင်ရချိန်တွင်မူ လုံးဝ ခုခံနိုင်စွမ်း မရှိကြပေ။
သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အလင်းတန်းများ တစ်ချက်ချင်း ထွက်ပေါ်လာသည်မှာ ကိုယ်၌ဆောင်ထားသော အစွမ်းထက် ကာကွယ်ရေးမှော်ရတနာများ တစ်ခုပြီးတစ်ခု ပျက်စီးသွားခြင်းကို ပြနေခြင်းဖြစ်သည်။ သို့သော် ထိုအရာများက သူတို့ကို ကြာရှည်စွာ အကာအကွယ် မပေးနိုင်ခဲ့ပေ။ ခဏအတွင်းမှာပင် သူတို့နှစ်ဦးလုံးသည် နာကျင်စွာ အော်ဟစ်ရင်း ဘာမှမကျန်တော့ဘဲ ပျောက်ကွယ်သွားကြတော့သည်။
"ခမည်းတော်"
ယဲ့လျိုယန်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် တစ်ခုခုကို သတိရသွားကာ ကြောက်လန့်တကြားဖြင့် နောက်သို့ အဝေးကြီး ဆုတ်သွားလေသည်။ သူသည် ရွှယ်အန်းက သူ့ကို လိုက်သတ်မည်ကို အလွန် ကြောက်လန့်နေမိသည်။
သို့သော် ရွှယ်အန်းက သူ့ကို တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ ကောင်းကင်ယံရှိ မီးပင်လယ်ကြီးကိုသာ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ တိုက်ပွဲကွင်းပြင်တစ်ခုလုံးမှာ မီးလျှံများ၏ ဟိန်းဟောက်သံမှလွဲ၍ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။
အတန်ကြာမှ ရှောင်ထျန်းက ငေးမောရင်း ရေရွတ်လိုက်သည်။
"သေ... သေကုန်ကြပြီလား"
ရွှယ်အန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ဒါက ဒီလောက် မရိုးရှင်းဘူးလေ"
သူ့ စကားအဆုံးတွင် မီးလျှံများမှာ ထပ်မံ ဟိန်းထွက်လာပြီး မီးလျှံများအတွင်းမှ ပုံရိပ်နှစ်ခု ပြန်လည် ထွက်ပေါ်လာလေသည်။
"ဒါ... ဒါ လီဟန်အရှင်နဲ့ ကျီဝေ့ကြယ်တာရာသခင်တို့ပဲ၊ သူတို့ ပြန်ရှင်လာကြတာလား"
ရှောင်ထျန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ ရွှယ်အန်းကမူ ကြိုတင်သိနေသည့်အလား ခပ်ဖွဖွ ပြုံးလိုက်သည်။
"အရမ်းကြီး အံ့ဩမနေပါနဲ့၊ နှစ်ပေါင်း သောင်းနဲ့ချီပြီး အသက်ရှင်လာတဲ့ ဒီမိစ္ဆာအိုကြီးတွေမှာ အသက်ကယ်နည်းလမ်း တစ်ခုခုတော့ ရှိမှာပေါ့"
ထိုသို့ပြောနေစဉ်မှာပင် လီဟန်အရှင်နှင့် ကျီဝေ့ကြယ်တာရာသခင်တို့၏ ပုံရိပ်များမှာ လုံးဝ ထင်ရှားလာပြီး သူတို့၏ ပတ်ဝန်းကျင်တွင် အလင်းကာရံတစ်ခု ပေါ်လာကာ ကံကြမ္မာမီးလျှံများ၏ ရန်မှ ခဏတာ ကာကွယ်ပေးထားလေသည်။
သို့သော် ဤသည်မှာ ယာယီသာ ဖြစ်သည်။ ကံကြမ္မာမီးလျှံများ၏ တိုက်စားမှုကြောင့် အလင်းကာရံမှာ လျင်မြန်စွာ အားနည်းလာနေပြီး သူတို့၏ နတ်ဘုရားစွမ်းအားဖြင့် မနည်း ထိန်းထားရခြင်း ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်များမှာ အခုမှ ပြန်လည် စုစည်းထားရခြင်းဖြစ်ရာ ဤမျှ များပြားသော စွမ်းအားသုံးစွဲမှုကို ကြာရှည် မတောင့်ခံနိုင်ကြပေ။ ထို့ကြောင့် သူတို့သည် ရွှယ်အန်းကို ထိတ်လန့်တကြား ကြည့်နေကြရသည်။ ရွှယ်အန်းက သူတို့ကို ကြည့်ကာ ပြုံးလိုက်သည်။
"ကဲ... မင်းတို့နှစ်ယောက်မှာ ဘာပြောစရာ ရှိသေးလဲ"
လီဟန်အရှင် ဘာမှမပြောခင် ကျီဝေ့ကြယ်တာရာသခင်က အရင်ဦးအောင် ပြောလိုက်သည်။
"ရွှယ်အန်း... မင်းက အရင်တုန်းက ကြာပန်းနီ နတ်ဘုရားဆိုတော့ တကယ်ကို အစွမ်းထက်တာပဲ၊ ဒါပေမဲ့ မင်းရဲ့ ဒီကံကြမ္မာမီးလျှံကလည်း အလကားရတာ မဟုတ်ဘူးဆိုတာ ငါသိတယ်၊ အခု မင်း ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ အခြေအနေမှာ ဒီမီးလျှံတွေကို ဒီလောက်ကြာကြာ ထိန်းထားဖို့ဆိုတာ မင်းအတွက် တော်တော် ဝန်ပိနေမှာပဲ"
ထိုစကားကို ကြားသောအခါ ရွှယ်အန်းက သာမန်ကာလျှံကာပင် ပြုံးလိုက်သည်။
"မင်းပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ ငါ့ဒဏ်ရာက ဘယ်လောက် ပြင်းထန်နေလဲဆိုတာကိုတော့ မင်း စိတ်ပူနေစရာ မလိုပါဘူး"
ရွှယ်အန်း၏ တည်ငြိမ်မှုကြောင့် ကျီဝေ့ကြယ်တာရာသခင်မှာ ဆက်ပြောရန် စကား ပျောက်သွားတော့သည်။ ထိုအခါ ရွှယ်အန်းက အေးစက်သော လေသံဖြင့် ဖြတ်ပြောလိုက်သည်။
"တော်ပြီ၊ စကားအပိုတွေ ပြောမနေနဲ့တော့၊ ငါက နတ်ဘုရားဖြစ်ခဲ့မှန်း သိရက်နဲ့ မင်းတို့က ဘာလို့ ဒီလိုတွေ လုပ်ရဲတာလဲ"
ကျီဝေ့ကြယ်တာရာသခင်က ခါးသီးစွာ ပြုံးလိုက်သည်။
"ရွှယ်အန်း... ငါဝန်ခံပါတယ်၊ ငါ့လုပ်ရပ်က နည်းနည်းတော့ မဆင်မခြင် ဖြစ်သွားခဲ့တယ်၊ ဒါပေမဲ့ မင်းသိလား..."
သူက ရွှယ်အန်းကို လေးနက်စွာ ကြည့်ကာ ဆက်ပြောသည်။
"မင်း ပျောက်ကွယ်သွားပြီးတဲ့နောက် မင်းကျန်ရစ်ခဲ့တဲ့ အရာအားလုံးက ဘာမှမကျန်တော့သလောက် ဖျက်ဆီးခံလိုက်ရတယ်၊ ပြီးတော့ အစွမ်းထက်တဲ့ အင်အားစုတွေ အားလုံးက ပေါင်းပြီး မင်းရဲ့ သဲလွန်စတွေ အကုန်လုံးကို ဖျက်ဆီးပစ်ကြတယ်၊ မင်းအကြောင်းကို လုံးဝ မပြောဖို့လည်း တားမြစ်ထားကြတယ်၊ ဒါကြောင့် အခုခေတ် လူငယ်ကျင့်ကြံသူတွေက မင်းရဲ့ နာမည်ကိုတောင် မကြားဖူးကြတော့ဘူး"
ထိုစကားကြောင့် ရွှယ်အန်း၏ မျက်ခုံးများ မြင့်တက်သွားသည်။ သူ မရှိတော့လျှင် သူ့လက်အောက်က လူတွေက သောင်းကျန်းကြမည်ကို သူ ကြိုတွေးထားသော်လည်း ဤမျှ မြန်မြန်ဆန်ဆန်နှင့် ရက်ရက်စက်စက် လုပ်ကြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ စကြဝဠာ အသီးသီးကို သွေးချောင်းစီးအောင် ရှင်းလင်းပစ်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း သူ သိလိုက်ရသည်။
ထို့နောက် ရွှယ်အန်းက အေးစက်စွာဖြင့် မေးလိုက်သည်။
"ဒါဆို မင်းက လီဟန်အရှင်နဲ့ တစ်ဖွဲ့တည်း ဖြစ်သွားတာပေါ့"
ကျီဝေ့ကြယ်တာရာသခင်မှာ ဘာပြန်ပြောရမှန်း မသိဘဲ လီဟန်အရှင်ကိုသာ လှည့်ကြည့်လိုက်သည်။ ထိုအခါ လီဟန်အရှင်က အားရပါးရ ရယ်မောလိုက်သည်။
"ရွှယ်အန်း... မင်းက တကယ် တော်တာပဲ၊ ငါတို့နှစ်ယောက်လုံး ရှုံးသွားတယ်ဆိုတာ ဝန်ခံပါတယ်"
သူ၏ စကားထဲတွင် နောင်တရသည့် အရိပ်အယောင် လုံးဝ မရှိပေ။ လီဟန်အရှင်က ဆက်ပြောသည်။
"ရွှယ်အန်း... ငါ မင်းကို မေးစရာ တစ်ခုပဲ ရှိတယ်၊ ဒီ ကွမ်ခိုအားလန်ကို မင်း အသက်ရှင်စေချင်တာလား၊ သေစေချင်တာလား"
ရွှယ်အန်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားသည်။
"မင်း ဘာကို ဆိုလိုတာလဲ"
"မင်း နားမလည်ဘူးလား၊ ကောင်းပြီလေ... ငါ လက်တွေ့ ပြပေးမယ်"
လီဟန်အရှင်က လက်ညှိုးညွှန်လိုက်ပြီး အမိန့်ပေးလိုက်သည်။
"ခွဲထုတ်လိုက်စမ်း"
ဝုန်း!
သူ အမိန့်ပေးလိုက်သည်နှင့် နက်မှောင်သော ဧရာမ မျှော်စင်ကြီးများထံမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ယန်ကျန့်ကို ချည်နှောင်ထားသည့် သံကြိုးများမှာ တင်းကျပ်သွားတော့သည်။
ယန်ကျန့်၏ ခြေလက်များမှာ အတင်းအကျပ် ဆွဲဖြန့်ခြင်း ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှ အရိုးများ ကျိုးအက်လုမတတ် အသံများ မြည်လာတော့သည်။ အရေပြားများမှာလည်း အင်အားကြောင့် ပြဲထွက်သွားကာ သွေးများ စီးကျလာလေသည်။
ရွှယ်အန်းက ဒေါသတကြီးဖြင့် ဓားချက်တစ်ချက် ပစ်လွှတ်လိုက်သော်လည်း ထိုဓားချက်က သံကြိုးများကို မဖြတ်နိုင်ဘဲ ယန်ကျန့်၏ ခန္ဓာကိုယ်ပေါ်တွင်သာ ပြင်းထန်သော ဒဏ်ရာတစ်ခု ဖြစ်ပေါ်သွားစေသည်။ ထိုမြင်ကွင်းကြောင့် ရွှယ်အန်း၏ မျက်နှာမှာ အလွန် ဆိုးရွားသွားတော့သည်။
"ကံကြမ္မာသံကြိုးတွေ"
ရွှယ်အန်းက စကားတစ်လုံးချင်းစီကို အေးစက်စွာ ပြောလိုက်သည်။ လီဟန်အရှင်က အားရပါးရ ရယ်မောလိုက်သည်။
"မှန်တယ်၊ ဒါ ကံကြမ္မာသံကြိုးတွေပဲ မင်းရဲ့ အမြင်က တကယ်ကို စူးရှတာပဲ ရွှယ်အန်း"
ကံကြမ္မာသံကြိုးဆိုသည်မှာ အင်မော်တယ်ဘုရင်အဆင့်နှင့် အထက် ကျင့်ကြံသူများက သူတို့၏ ကိုယ်ပိုင် ဥပဒေသများဖြင့် ဖန်တီးထားသည့် အလွန် ယုတ်မာသော အကျဉ်းချနည်းလမ်း ဖြစ်သည်။ ၎င်းကို ဖန်တီးသူကိုယ်တိုင်မှလွဲ၍ မည်သူမျှ မဖြုတ်နိုင်ပေ။ အဆိုးဆုံးအချက်မှာ ထိုသံကြိုးများကို ဖျက်ဆီးရန် ကြိုးစားသမျှ အကျိုးသက်ရောက်မှု အားလုံးမှာ ချည်နှောင်ခံထားရသူထံသို့သာ တိုက်ရိုက် ရောက်ရှိသွားခြင်းပင် ဖြစ်သည်။
အင်မော်တယ်ဘုရင်၏ အမိန့်တော်နှင့် ရင်ဆိုင်ရချိန်တွင်ပင် တည်ငြိမ်ခဲ့သော ရွှယ်အန်းမှာ ယခုအခါ ဤကံကြမ္မာသံကြိုးများကို မြင်လိုက်ရသောအခါတွင်မူ သူ၏ မျက်နှာမှာ အလွန်တရာ တည်ကြည် လေးနက်သွားတော့သည်။