အခန်း (၂၀၅၁-၂၀၅၄)
Vol. 109 Ch. 2051-2054
အခန်း (၂၀၅၁) - ဉာဏ်ကောင်းတဲ့ မြေခွေးမလေး
~ဒီစကား ပြောပြီးနောက်၊ သူမ နည်းနည်း သိသာလွန်းသွားသည် ဆိုတာကို ကန်နလိုင်းနား သဘောပေါက်သွားပုံ ရ၏။
သူမ ယဲ့ဖန်၏ မျက်နှာကို ခိုးကြည့်လိုက်ပြီး၊ အကြည့်ကို အမြန် လွှဲလိုက်ရာ မျက်နှာပေါ်တွင် ရှက်သွေးဖြာသွား၏။
ယဲ့ဖန် သူမကို ဖွင့်မချဘဲ နေလိုက်၏။
"ဘာဖြစ်လို့လဲ"
ကန်နလိုင်းနား၏ စိုးရိမ်ပူပန်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ၊ ယဲ့ဖန် မအောင့်နိုင်ဘဲ ရယ်လိုက်မိသည်။
"ကျွန်တော့် အချက်အလက်တွေကို ပါးစပ်နဲ့ ပြောပြစေချင်တာလား"
ကန်နလိုင်းနား သိသိသာသာ မှင်သက်သွား၏။ ထို့နောက် သူမ မျက်နှာ ပိုမို နီရဲလာ၏။
"တောင်း... တောင်းပန်ပါတယ် မစ္စတာ ယဲ့... ကျွန်မ သတိမထားမိလိုက်လို့ပါ... စာရွက်နဲ့ ဘောပင် အခု သွားယူပေးပါ့မယ်"
ပြောရင်းနှင့် သူမ အမြန် ထွက်ခွာသွားပြီး ယဲ့ဖန် အတွက် စာရွက်နှင့် ဘောပင် သွားယူပေးလိုက်သည်။
ယဲ့ဖန် စာရွက်နှင့် ဘောပင်ကို ယူပြီး သူ့ဆက်သွယ်ရန် လိပ်စာကို ရေးပေးလိုက်သောအခါ၊ ကန်နလိုင်းနား ရတနာ တစ်ပါး ကဲ့သို့ လေးလေးနက်နက် သိမ်းဆည်းလိုက်၏။
"လေယာဉ် ဆိုက်တာနဲ့... ဒီ accessories တွေကို စုစည်းဖို့ ကျွန်မ ချက်ချင်း စတင် လုပ်ဆောင်ပါ့မယ်"
ယဲ့ဖန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးပါ"
ကန်နလိုင်းနား ရတနာသိုက် ရရှိသွားသူ တစ်ယောက် ကဲ့သို့ ယဲ့ဖန်၏ ဆက်သွယ်ရန် လိပ်စာကို ကိုင်ဆောင်ပြီး အမြန် ထွက်ခွာသွား၏။
ထိုအချိန်တွင် ယဲ့ဖန် ဘေးနား၌ အိပ်ချင်ယောင် ဆောင်နေသော ဖူမာကျန်းဝူ မျက်လုံး ဖွင့်လာသည်။
သူမ ကန်နလိုင်းနား၏ ကျောပြင်ကို ကြည့်ပြီး ယဲ့ဖန်၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်၏။
"သခင်... ဒီ လေယာဉ်မယ်လေး က သခင့်ကို (၁၀၀) ရာခိုင်နှုန်း စိတ်ဝင်စားနေတာပါ... ဒါပေမဲ့ သူက နည်းနည်း ရှက်နေသေးတယ်... ကျွန်မ ကူညီပေးရမလား... သူ့အတားအဆီးကို ချိုးဖျက်ပေးရမလား"
ယဲ့ဖန် သူမ ပေါင်ကို ပုတ်လိုက်ပြီး၊ ခေါင်းခါကာ တခစ်ခစ် ရယ်မောလိုက်သည်။
"မလုပ်ပါနဲ့တော့"
"ငါ သူ့ကို တကယ် စိတ်မဝင်စားပါဘူး... သူ့ accessories တွေက တကယ် ကောင်းပြီး သခင့် မိတ်ဆွေ တစ်ယောက်နဲ့ လိုက်ဖက်မယ် ထင်လို့ပါ"
ဖူမာကျန်းဝူ ဒါကို ကြားတော့ နည်းနည်း နှမြောသွားပုံ ရ၏။ သူမ တိုးတိုးလေး ချက်ချင်း ပြောလာ၏။
"နှမြောစရာ ကောင်းလိုက်တာ"
"ဖူမာရဲ့ ကျွမ်းကျင်တဲ့ အကဲဖြတ်ချက် အရ... ဒီလေယာဉ်မယ်လေး က အပျိုစစ်စစ်လေး ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်တယ်... သခင်သာ စိတ်ကူး ရှိရင်... သူက သူ့ရဲ့ တန်ဖိုးရှိတဲ့ ပထမဆုံး အကြိမ်ကို စွန့်လွှတ်ဖို့ သေချာပေါက် ဆန္ဒရှိနေမှာပါ... သခင် လေယာဉ်ပေါ်မှာ သူနဲ့ အတူတူ အတွေ့အကြုံသစ် ရယူနိုင်တာပေါ့..."
"တော်တော့"
ယဲ့ဖန် ဖူမာကျန်းဝူ ၏ ပေါင်ကို ဖွဖွလေး ရိုက်လိုက်သည်။
"မင်း သခင် မှာ အမျိုးသမီး မိတ်ဆွေတွေ များပေမဲ့... ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိပါတယ်"
"အိပ်တော့"
"ဒီမှာလား ငါ..... ဒါမှမဟုတ် နောက်မှ ရေချိုးခန်းထဲ လိုက်ပို့ပေးရမလား"
ဖူမာကျန်းဝူ ၏ မျက်လုံးများတွင် ကောက်ကျစ်စဉ်းလဲသော အရောင်များ လက်ခနဲ ဖြစ်သွား၏။ ယဲ့ဖန် နားနားသို့ ကပ်ထားသော သူမ၏ နှုတ်ခမ်းများက ယဲ့ဖန်၏ နားရွက်ဖျားလေးကို ဖွဖွလေး ကိုက်လိုက်သည်။
ယဲ့ဖန် အစပိုင်းတွင် ထူးခြားသော အတွေး မရှိသော်လည်း၊ သူမ၏ စနောက်မှုကြောင့် ရင်ထဲတွင် ဖော်မပြနိုင်သော စိတ်ဆန္ဒ တစ်ခု ဖြစ်ပေါ်လာ၏။
သူ့ဘေးနားရှိ မြေခွေးမလေးကို တစ်ချက် ကြည့်လိုက်ပြီး၊ သူမ ပေါင်ပေါ် တင်ထားသော လက်က အလိုအလျောက် အပေါ်သို့ လျှောတက်သွားသည်။
"ခဏလောက် နားလိုက်ဦး... လေယာဉ် ငြိမ်သွားရင်... ရေချိုးခန်း သွားဖို့ အခွင့်အရေး ရှာကြတာပေါ့"
"ဟုတ်ကဲ့ပါ သခင်"
ဖူမာကျန်းဝူ ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ တောက်ပလာ၏။
...
အခြား တစ်ဖက်တွင်၊ ယဲ့ဖန်နှင့် ဖူမာကျန်းဝူ တို့ အသစ်အဆန်းနှင့် ပျော်စရာ ကောင်းသော အရာ တစ်ခု လုပ်ဆောင်ရန် စဉ်းစားနေကြချိန်၌ ဖြစ်သည်။
မြန်မာနိုင်ငံရှိ အနည်းငယ် ဆိုးရွားသော ပုံစံ ပေါက်နေသည့် ခြံဝင်းကြီး တစ်ခု အတွင်း၌ ဖြစ်၏။
ခေါင်းပေါ်တွင် ပန်းသီး တင်ထားသော သက်ရှိ ပစ်မှတ်များကို အသုံးပြုပြီး သေနတ်ပစ် လေ့ကျင့်နေသည့် အသက်လတ်ပိုင်း လူကြီး တစ်ဦးသည်၊ လက်အောက်ငယ်သားများ၏ အစီရင်ခံစာကို ရရှိပြီးနောက် ဒေါသထွက်လွန်းသဖြင့် ကျည်ဆန် အနည်းငယ် ဆက်တိုက် ပစ်ခတ်လိုက်သည်။ ခေါင်းပေါ် ပန်းသီး တင်ထားသော သက်ရှိ ပစ်မှတ်များ ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ နေရာမှာတင် ရှူးပေါက်ချလိုက်ကြပြီး၊ တုန်ရီနေကြ၏။
သတင်း လာပို့သော ယုံကြည်ရသည့် လက်ထောက် ပင်လျှင် တုန်ရီနေသည်။
"ဘော့စ်... နေမဝင်အင်ပါယာ ဘက်က ဘော့စ်ရဲ့ သတင်းကို စောင့်နေကြပါတယ်"
"လွန်ခဲ့တဲ့ တစ်ခေါက် ဟွမ်ရှူချိုင် ကြောင့် နေမဝင်အင်ပါယာ က ဒီလူတွေကို ဖော်ထုတ်လိုက်တယ်... ဆက်စပ် လုပ်ငန်းတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေလို့... အဲ့ဒီက ကျွန်တော်တို့ စီးပွားရေးတွေ လုံးဝ ရှေ့ဆက်မတိုးနိုင်တော့ဘူး... အဖွဲ့ခေါင်းဆောင် အသေးစားလေးတွေလည်း အန္တရာယ် ရှိနေကြတယ်"
"နေမဝင်အင်ပါယာ ကနေ မထွက်ပြေးရင်... တစ်နေ့နေ့ကျရင် အဖမ်းခံရလိမ့်မယ် လို့ အားလုံးက ထင်နေကြတယ်..."
မြန်မာနိုင်ငံ၏ မီးခိုးရောင် စီးပွားရေး လုပ်ငန်း၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သလို၊ မြန်မာ စစ်ဆင်ရေး ခေါင်းဆောင်များ ထဲမှ တစ်ဦးလည်း ဖြစ်သော အသက်လတ်ပိုင်း လူကြီး ဝေဆောချန် (Wei Suocheng) သည် သေနတ်ကို မြေကြီးပေါ် ပစ်ချလိုက်ပြီး ပြောလိုက်၏။
"စီးပွားရေး ရှေ့ဆက်မတိုးနိုင်မှတော့... အဲ့ဒီမှာ နေပြီး စွန့်စားနေစရာ အကြောင်း မရှိတော့ဘူး... အားလုံးကို ဆုတ်ခွာခိုင်းလိုက်တော့"
ယုံကြည်ရသည့် လက်ထောက် ဒါကို ကြားသောအခါ အလျင်အမြန် တုံ့ပြန်လိုက်ပြီး အမိန့်ကို သွားရောက် လုပ်ဆောင်ရန် ပြင်လိုက်သည်။
"နေဦး"
ဝေဆောချန် မျက်နှာထား တင်းမာစွာ ပြောလိုက်၏။
ယုံကြည်ရသည့် လက်ထောက် ခြေလှမ်း ချက်ချင်း ရပ်တန့်သွား၏။
ဝေဆောချန်၏ မျက်လုံးများတွင် ရက်စက် ကြမ်းကြုတ်မှုများ အရောင်တောက်သွားသည်။
"ဒီကောင်တွေ လက်ဗလာနဲ့ ပြန်မလာစေနဲ့... နေမဝင်အင်ပါယာ ကနေ မထွက်ခွာခင် ငါ့အတွက် တစ်ခုခု လုပ်ပေးခဲ့ခိုင်းလိုက်"
---
အခန်း (၂၀၅၂) - သူ ငါ့ကို သတ်ချင်နေတာလား
~ယုံကြည်ရသည့် လက်ထောက်၏ မျက်လုံးများတွင် ဇဝေဇဝါ ဖြစ်မှုများ ဖြတ်ပြေးသွား၏။
ဝေဆောချန်၏ မျက်နှာထား တဖြည်းဖြည်း ရက်စက်လာသည်။ လူကို ရွေးချယ် စားသောက်ရန် ပြင်နေသော မိစ္ဆာ တစ်ကောင်ကဲ့သို့ အစွယ်များ ထုတ်ပြလာလေ၏။
"ဘာပဲဖြစ်ဖြစ်... ရေတို ကာလ အတွင်း နေမဝင်အင်ပါယာ ဈေးကွက်ကို ငါတို့ ပြန်ဝင်လို့ ရမှာ မဟုတ်တော့ဘူး"
"ဒါဆိုရင် ဒီလူတွေကို အကြီးကြီး တစ်ခု လုပ်ခိုင်းလိုက်"
"ဓားပြတိုက်တာပဲ ဖြစ်ဖြစ်၊ ခိုးတာပဲ ဖြစ်ဖြစ်... ဘာနည်းလမ်းပဲ သုံးသုံး... တတ်နိုင်သမျှ ပစ္စည်း အများကြီး ရအောင် ယူခဲ့ခိုင်းလိုက်"
ယုံကြည်ရသည့် လက်ထောက်၏ ခန္ဓာကိုယ် တုန်ရီသွား၏။ သူ အလျင်စလို တုံ့ပြန်လိုက်ပြီး ထွက်ခွာရန် ကြိုးစားလိုက်၏။
ဝေဆောချန် ထပ်ဖြည့်ပြောလိုက်သည်။
"အဲ့ဒီကောင်တွေကို ပြောလိုက်... ပစ္စည်း အများဆုံး ရအောင် ယူလာနိုင်တဲ့ သူကို ပြန်ရောက်ရင် ဆုလာဘ် ကြီးကြီး ပေးမယ် လို့... လက်ဗလာနဲ့ ပြန်လာတဲ့ ကောင်ကိုတော့ နိုင်ငံတကာ ရေပိုင်နက်ကို ပို့ပြီး သွေးနွား (Blood Cow - သွေးအမြဲ လှူရသူ) နဲ့ ကိုယ်တွင်းအင်္ဂါ အလှူရှင် အဖြစ် လုပ်ခိုင်းပစ်မယ် လို့"
"ဟုတ်... ဟုတ်ကဲ့ပါ"
ယုံကြည်ရသည့် လက်ထောက်၏ နဖူးတွင် ချွေးစေးများ ပြန်လာ၏။ ဝေဆောချန် ထံမှ အခြား ညွှန်ကြားချက် မရှိတော့ကြောင်း သေချာပြီးနောက်၊ သူ အလျင်အမြန် ထွက်ခွာသွား၏။
...
အခြား တစ်ဖက်တွင်၊ မြန်မာနိုင်ငံမှ လူများ ရူးသွပ်လုနီးပါး ဖြစ်နေချိန်၊ ကောင်းကင်ယံ အမြင့်တွင် ပျံသန်းနေသော အင်ပါယာ လေကြောင်းလိုင်း လေယာဉ်ပေါ်၌၊ ယဲ့ဖန်နှင့် ဖူမာကျန်းဝူ တို့ ရေချိုးခန်းထဲတွင် ကွဲပြားခြားနားသော ရူးသွပ်မှု တစ်ခုကို ခံစားနေကြ၏။
ဒီရူးသွပ်မှု ပြီးသွားလျှင် ယဲ့ဖန်နှင့် အချိန်အတိုင်းအတာ တစ်ခုထိ ခွဲခွာရတော့မည်ကို သိနေသောကြောင့် ဖြစ်လောက်၏။ ဖူမာကျန်းဝူ အထူး စိတ်အားထက်သန်ပြီး အပ်နှံထား လေသည်။
လေယာဉ်ပေါ်က လူတွေ တွေ့သွားမှာကို မကြောက်လျှင်၊ ယဲ့ဖန်ကို တိုက်ပွဲ အဆုံးသတ်ခွင့် ပေးမှာ မဟုတ်ပေ။
ရူးသွပ်မှု ပြီးဆုံးသွားသောအခါ၊ ဖူမာကျန်းဝူ ယဲ့ဖန် ပြောစရာ မလိုဘဲ၊ လေယာဉ် ဆိုက်ရောက်သည်နှင့် တပြိုင်နက် ထွက်ခွာသွား၏။ ယဲ့ဖန်၏ အခြား အမျိုးသမီး မိတ်ဆွေများ အတွက် နေရာပေးလိုက်ခြင်း ဖြစ်သည်။
ကျူးရှောင်ကျောင်း ယဲ့ဖန်နှင့် ကြိုချိန်းထားပြီး ဖြစ်၏။ ယဲ့ဖန်ကို လာကြိုမည်ဟု ပြောထားသည်။
သူမ သိသိသာသာ စိတ်မရှည် ဖြစ်နေ၏။ ထွက်ခွာ ခန်းမတွင် စောင့်မနေဘဲ၊ ဆိုက်ရောက် နေရာသို့ ပြေးပြီး စောင့်နေသည်။
"ဝက်လက်ကြီး (Big Pig Trotter)..."
ယဲ့ဖန် လေယာဉ်ထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်နှင့် တပြိုင်နက်၊ သူ လေယာဉ်ပေါ်မှ မဆင်းရသေးခင်မှာပင် ကျူးရှောင်ကျောင်း ပြေးတက်သွား၏။
ယဲ့ဖန် လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့်၊ ကျူးရှောင်ကျောင်းက သူ့ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်၏။
ထို့နောက် ယဲ့ဖန် လက်မောင်းကို ကိုက်လေသည်။
ပုံမှန် အတိုင်း လေယာဉ် တံခါး ဘေးတွင် ရပ်နေစဥ်၊ ကန်နလိုင်းနား ဤမြင်ကွင်းကို မြင်လိုက်သည်။ ခရီးသည်များကို လေးစားစွာ နှုတ်ဆက်နေသော်လည်း၊ သူမ၏ မျက်လုံးများတွင် အားကျမှုများ မဖြတ်ပြေးဘဲ မနေနိုင်တော့ပေ။
စောစောက လေယာဉ်ပေါ်မှ ဆင်းသွားကြသော အခြား ပထမတန်း ခရီးသည်များလည်း ယဲ့ဖန်ကို အားကျစွာ ကြည့်လိုက်ကြ၏။
ခုနက လေယာဉ်ပေါ်မှာ လှပသော လေယာဉ်မယ် ကန်နလိုင်းနား က ယဲ့ဖန်၏ ဆက်သွယ်ရန် လိပ်စာကို တက်ကြွစွာ တောင်းခဲ့တာကို သူတို့ တွေ့ခဲ့၏။ ယဲ့ဖန်နှင့်အတူ ပါလာသော ဖူမာကျန်းဝူ ကလည်း ယဲ့ဖန်နှင့် မရေရာသည့် ဆက်ဆံရေး ရှိနေလေ၏။
အခု အလွန် တက်ကြွ လှုပ်ရှားသော ကျူးရှောင်ကျောင်း ပါ ထပ်ရောက်လာပြန်ပြီ ဖြစ်သည်။
စုစုပေါင်း ထိပ်တန်း အလှပဂေး သုံးယောက် ရှိနေလေ၏။
ယဲ့ဖန်၏ အချစ် ကံကြမ္မာက ကောင်းကင်ဘုံကို အန်တုနေသည်ဟု ပြောနိုင်၏။
ယဲ့ဖန်လည်း ထိုလူများ၏ အကြည့်များကို သတိထားမိ၏။ ရင်ခွင်ထဲက ကျူးရှောင်ကျောင်း ကို အားနာစွာ ကြည့်လိုက်ပြီး ကလေး တစ်ယောက်လို ချော့မော့လိုက်၏။
"လွှတ်ပါဦး... လူတွေ အများကြီး ကြည့်နေတယ်"
သို့သော် ကျူးရှောင်ကျောင်း..စိတ်ခံစားချက်များ ပြည့်နှက်နေပြီး ထုတ်ဖော်ပြသစရာ နေရာ မရှိသဖြင့်၊ ယဲ့ဖန်၏ ရင်ခွင်ထဲမှ ထွက်ခွာရန် ငြင်းဆန်လိုက်၏။
ယဲ့ဖန်၏ နားချမှုကို ကြားလိုက်ရသောအခါ၊ သူမ ကလေးဆိုးလေး တစ်ယောက်လို သူ့ရင်ခွင်ထဲတွင် ယိမ်းထိုး နေလေ၏။
"ကျွန်မ နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ...ရှင် ကျွန်မကို မနမ်းရင် မလွှတ်ဘူး"
ယဲ့ဖန် ပိုပြီး အနေခက်သွား၏။
"ကျေးဇူးပြုပြီး... လေယာဉ်ပေါ်က လူတိုင်း ဝိုင်းကြည့်တာ ခံချင်လို့လား"
"ဒါဆို ငါ နင့်ကို နမ်းမယ်"
ပြောရင်းနှင့် ကျူးရှောင်ကျောင်း ခေါင်းမော့လိုက်ပြီး ယဲ့ဖန်၏ ပါးကို နမ်းလိုက်၏။
အနမ်း ပြီးဆုံးသွားသောအခါ၊ ဘာမှ မဖြစ်ခဲ့သလို ယဲ့ဖန်ကို အမြန် လွှတ်ပေးလိုက်၏။ သူမ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး၊ ယဲ့ဖန်၏ လက်ကို ပျော်ရွှင်စွာ ချိတ်လျက် အတူတူ ထွက်ခွာလာခဲ့၏။
ယဲ့ဖန် ကြောင်အသွား၏။
ဒီကောင်မလေးက အချိန်တိုလေး အတွင်း မျက်နှာပြောင်းတာကို ဒီလောက် လျင်မြန်စွာ သင်ယူတတ်မြောက်သွားလိမ့်ည်ဟု သူ မထင်ထားခဲ့ပေ။
"အရင် ပြောထားမယ်...ရှင် နောက်ရက် အနည်းငယ် ကျွန်မနဲ့ အတူတူ ရှိနေပေးရမယ်"
"ဒီကာလ အတွင်း ငါ ပျင်းလွန်းလို့ သေတော့မယ်"
"အရမ်း ပျော်စရာ ကောင်းတဲ့ နေရာ တစ်ခုကို မနည်း ရှာထားရတာ...ရှင် ကျွန်မနဲ့ အတူတူ လိုက်ပြီး ပျော်ပါးပေးရမယ်"
ကျူးရှောင်ကျောင်း ယဲ့ဖန်၏ လက်မောင်းကို ချိတ်ပြီး လမ်းလျှောက်နေစဉ်၊ ဒီကာလ အတွင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများ နှင့် ယဲ့ဖန်ကို ပျော်ရွှင်စေချင်သော အကြောင်းအရာများကို မရပ်မနား ပြောပြနေ၏။
ယဲ့ဖန် တိတ်ဆိတ်စွာ နားထောင်နေ၏။ သူမ ပြောပြချင်သော ပျော်ရွှင်မှု အကြောင်း ပြောလာသောအခါ၊ သူ ဆက်မေးလိုက်သည်။
"ဒီတစ်ခါ ဘာ ပျော်စရာ တွေ့ထားတာလဲ"
"အရမ်း စိတ်ဝင်စားဖို့ ကောင်းတဲ့ အရာပါ"
ကျူးရှောင်ကျောင်း ရုတ်တရက် ရပ်တန့်လိုက်၏။ ယဲ့ဖန်၏ လက်မောင်းကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး မျက်လုံးများ အရောင်လက်လာတော့သည်။
"ပင်လယ်ပြင် ခရီးစဉ်..."
—
အခန်း (၂၀၅၃) - ပိုက်ဆံ ရှိရင် တကယ်ပဲ ဘာမဆို လုပ်လို့ ရတယ်
~"ပင်လယ်ပြင် ခရီးစဉ် ဟုတ်လား"
ဒီဝေါဟာရကို ကြားလိုက်ရသောအခါ ယဲ့ဖန် အနည်းငယ် အံ့ဩသွား၏။
သူ ဒီကိစ္စကို သိပ်မရင်းနှီးသော်လည်း၊ ဗီဒီယိုအတို ပလက်ဖောင်းတွေ ပေါ်မှာ မကြာခဏ တွေ့ဖူး၏။
တံငါသည် တချို့က ပင်လယ်ကမ်းစပ်မှာ ပင်လယ်စာ အမျိုးမျိုး လိုက်ကောက်နေကြတာ မလား။
သို့သော် ဗီဒီယိုတွေထဲမှာ လွယ်ကူသယောင် ထင်ရသော်လည်း၊ တကယ်တမ်းကျတော့ တော်တော် ခက်ခဲ၏။ ယဲ့ဖန် သူတို့ကို မfollowထားသော်လည်း၊ ထိပ်တန်း တိုက်ရိုက် ထုတ်လွှင့်သူ (Streamers) အများစုက ဇာတ်ညွှန်းတွေနှင့် အတုအယောင်တွေကို အားကိုးနေကြသည် ဆိုတာ သိ၏။
အကယ်၍သာ ပင်လယ်ကမ်းစပ်တွင် တန်ဖိုးကြီးလှသော ပင်လယ်စာများကို ကောက်ယူရသည်မှာ ဤမျှလောက် လွယ်ကူနေပါက တံငါသည်အားလုံးမှာလည်း ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးများ ဖြစ်နေကြပေလိမ့်မည်။
အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် ဗီဒီယိုအတိုများ ခေတ်စားလာပြီးနောက်ပိုင်း၌ ကစားသမား အများအပြားသည် အိပ်မက်ကိုယ်စီဖြင့် ကမ်းခြေသို့ အလုအယက် ပြေးလွှားခဲ့ကြလေ၏။
သို့သော်လည်း လက်တွေ့ဘဝမှာမူ စိတ်ကူးယဉ်သလောက် မလှပခဲ့ချေ။ ရှိရင်းစွဲ အနည်းငယ်မျှသော ပင်လယ်စာလေးများကိုပင် လူအုပ်ကြီးက ဝိုင်းဝန်းလုယက် နေကြသောကြောင့် ကမ်းခြေတွင် အဖိုးတန်ပစ္စည်း ရှာဖွေရသည့် အလုပ်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုခက်ခဲ လာခဲ့ရလေတော့သည်။
ကျူးရှောင်ကျောင်း ခေါင်းညိတ်လိုက်၏။ မျှော်လင့်ချက် အရိပ်အယောင်များ သူမ မျက်လုံးထဲတွင် ဖြတ်ပြေးသွားပြီး ပြောလိုက်၏။
"ဟုတ်တယ်... ပင်လယ်ပြင် ခရီးစဉ်ပါ... ကျွန်းရဲ့ လှပတဲ့ ရှုခင်းတွေကို မြင်ရရုံတင် မကဘူး... လုပ်အား နဲ့ ရိတ်သိမ်းမှုရဲ့ ပျော်ရွှင်မှုကိုလည်း ခံစားနိုင်တယ်"
"ပင်လယ်ပြင် ခရီးစဉ် အတွက် အလွယ်ကူဆုံး ကျွန်းငယ်လေး တစ်ကျွန်းမှာ ဇိမ်ခံ အတွေ့အကြုံ အစီအစဉ် (Luxury Experience Package) တစ်ခု ကြိုတင် မှာယူခိုင်းထားပြီးပြီ"
"အခု အဲ့ဒီ ပင်လယ်ပြင် ဧရိယာကို ကျွန်မတို့က ကန်ထရိုက် (Contract) ယူထားလိုက်ပြီ"
ဒါကို ကြားတော့ ယဲ့ဖန် မရယ်ဘဲ မနေနိုင်တော့ပေ။
သူ့ရှေ့က လူက ဘယ်သူလဲ ဆိုတာ သူ မေ့လုနီးပါး ဖြစ်သွား၏။
သူမကဲ့သို့ အရှိန်အဝါ ကြီးမားသူ တစ်ဦးအဖို့ ပင်လယ်ပြင်ခရီးစဉ်တစ်ခု ထွက်မည်ဆိုလျှင်ပင် သာမန်လူတန်းစားများ သွားလာရာ နေရာမျိုးကို ရွေးချယ်လိမ့်မည် မဟုတ်ပေ။
ကျွမ်းမိသားစု၏ ယုံကြည်စိတ်ချရသော လက်ထောက်များကလည်း နိုင်ငံအတွင်းရှိ မည်သည့်ပင်လယ်ပြင် ဧရိယာသည် ပင်လယ်စာ ရိတ်သိမ်းရန် အလွယ်ကူဆုံး ဖြစ်ပြီး မည်သည့် နေရာသည် အလှပဆုံး ရှုခင်းများကို ပိုင်ဆိုင်ထားသနည်း ဆိုသည်ကို သူမအတွက် ကြိုတင်စုံစမ်း ထားပြီးဖြစ်လိမ့်မည်။
ထို့ကြောင့်ပင် သူမနှင့်အတူ ပင်လယ်ပြင်သို့ ခရီးဆန့်ရခြင်းမှာ အခြားသော နေရာများသို့ သွားရောက်ခြင်းထက် အဆပေါင်းများစွာ ပိုမိုလွယ်ကူ ချောမွေ့နေမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။ ဤခရီးစဉ်မှ ရရှိမည့် အတွေ့အကြုံများမှာလည်း အခြား အရာအားလုံးထက် သာလွန် ထူးကဲနေမည်မှာ အသေအချာပင် ဖြစ်တော့သည်။
"ကောင်းပြီလေ... နောက် သုံးရက် အတွက် မင်းက ဘော့စ် ပဲ... မင်း စီစဉ်တာ ငါ နားထောင်ပါ့မယ်"
ယဲ့ဖန် ဘာမှ ဆက်မပြောတော့ပေ။
ကျူးရှောင်ကျောင်း နှင့် အတူ လေဆိပ်မှ ထွက်ခွာပြီးနောက်၊ သူ ချန်းရွှမ်၊ ကျန်းယိုထင် နှင့် ရွှီကျင်းရှင်း တို့ကို အသီးသီး နှုတ်ဆက်လိုက်ပြီး၊ နောက် သုံးရက် အတွင်း ကိစ္စ တစ်ခု ရှိနေ၍ လင်းနန်ကို လောလောဆယ် ပြန်မလာနိုင်သေးကြောင်း ပြောပြလိုက်၏။
ရွှီကျင်းရှင်း က အလွန် စာနာ နားလည်ပေးတတ်၏။ မက်ဆေ့ခ်ျ မြင်သောအခါ၊ သူမ ယဲ့ဖန်ကို ချက်ချင်း နှစ်သိမ့်ပေးပြီး အဆင်ပြေကြောင်း၊ သူ့ကိစ္စ အရင် ရှင်းဖို့ ပြောလိုက်၏။
ကျန်းယိုထင် ကတော့ သူမ၏ အထောက်အထားနှင့် နေရာကို ရှင်းရှင်းလင်းလင်း သိထား၍၊ ဘာမှ မပြောရဲပေ။ သူမလည်း ကျက်သရေ ရှိသော စကားအနည်းငယ် ပြောလိုက်၏။
သို့သော် ချန်းရွှမ် ကတော့ မတူပေ။
ယဲ့ဖန် လင်းနန် ပြန်လာမည့် ရက်ကို နောက်ထပ် သုံးရက် ရွှေ့ဆိုင်းလိုက်တာ မြင်တော့၊ သူမ ယဲ့ဖန်ကို နောက်ကျလျှင် သင်ခန်းစာ ပေးမည်ဟု ဖုန်းထဲမှ ချက်ချင်း ပြောလိုက်၏။
အလွန် မလျော်ကန်သော သင်ခန်းစာ တစ်ခု ဖြစ်ပါလိမ့်မည်။
ဖုန်းပြောနေရင်း ယဲ့ဖန် စိတ်မထိန်းနိုင် ဖြစ်လုနီးပါး ဖြစ်သွား၏။
"ကောင်စုတ်လေး... စောင့်နေလိုက်"
ယဲ့ဖန်ကို ခြိမ်းခြောက်ပြီး စနောက်ပြီးနောက်၊ ချန်းရွှမ် ဒေါသတကြီး ဖုန်းချလိုက်၏။
ယဲ့ဖန်လည်း မတတ်နိုင်ပေ။
သူ့စိတ်ခံစားမှုတွေကို တစ်ယောက်တည်း ခဏလောက် ဖြေဖျောက်ပြီးနောက်၊ ကျူးရှောင်ကျောင်း ဘေးနား ပြန်သွားပြီး ကမ်းရိုးတန်း မြို့တစ်မြို့သို့ လေယာဉ်စီးကာ လိုက်ပါသွား၏။ ထို့နောက် ရဟတ်ယာဉ် တစ်စီး စီးပြီး ကျွန်းတစ်ကျွန်းသို့ တန်းသွားလိုက်ကြသည်။
"ဒီကျွန်းငယ်လေးက ခရီးသွား လုပ်ငန်း အတွက် မဖွံ့ဖြိုးသေးဘူး... ရှားပါးတဲ့ မူလ ဂေဟစနစ်ကို ထိန်းသိမ်းထားနိုင်တယ်"
"ဒီက အရင်းအမြစ်တွေက တခြား နေရာတွေထက် အနည်းဆုံး (၁၀) ဆ လောက် ပိုကြွယ်ဝတယ်... ပြီးတော့ ဒီက ရှုခင်းတွေက အရမ်း လှတယ်"
"ငါ အရင်က တစ်ခေါက် ရောက်ဖူးတယ်... ပင်လယ်စာ ကောက်တာက ကံတရား ပေါ် မူတည်ပေမဲ့... တကယ်ကို အရမ်း ပျော်ဖို့ ကောင်းပြီး အရမ်း သက်တောင့်သက်သာ ရှိတယ်..."
ရဟတ်ယာဉ် ပေါ်တွင် ကျူးရှောင်ကျောင်း အလွန် စိတ်လှုပ်ရှားနေပြီး၊ အခြေအနေကို ယဲ့ဖန်အား မရပ်မနား ရှင်းပြနေ၏။
သူမ၏ မိတ်ဆက်စကားကို နားထောင်ရင်း၊ ယဲ့ဖန် အကြမ်းဖျင်း နားလည်လိုက်သည်။
ဒါက နဂါးနိုင်ငံ နယ်စပ် အနီးက ကျွန်းတစ်ကျွန်း ဖြစ်ပြီး၊ ပြင်ပကမ္ဘာကို သွားလာဖို့ သိပ်အဆင်မပြေလှပေ။
ပုံမှန် အားဖြင့် အဝင်အထွက် လုပ်ဖို့ အနည်းဆုံး နှစ်ဆင့်လောက် ပြောင်းစီးရလေ့ ရှိ၏။
ဒါကြောင့်လည်း မူလ သဘာဝ ရှုခင်းတွေ မပျက်မစီး ကျန်ရှိနေခြင်း ဖြစ်၏။ ပင်လယ်ရေ ကြည်လင်ပြီး ပင်လယ် သယံဇာတတွေ အတော်လေး ကြွယ်ဝသည်။ လူအများစုကလည်း အတော်လေး ရိုးသားကြ၏။
နိမ္ဗာန် ဘုံ တစ်ခုလိုပါပင်။
လေးဖက်နာ ရောဂါ ရှိသည့် သူတွေကလွဲလျှင်၊ လူအများစု အတွက် အားလပ်ရက် အပန်းဖြေဖို့နှင့် ကျန်းမာရေး ပြန်လည် ထူထောင်ဖို့ တကယ် သင့်တော်သော နေရာပါပင်။
"ကျွန်မ ဒီမှာ သူငယ်ချင်းကောင်း နှစ်ယောက်တောင် ရထားသေးတယ်"
ကျူးရှောင်ကျောင်းက ကျွန်းအခြေအနေကို မိတ်ဆက်ရင်း၊ သူမ အရင်က ကြုံတွေ့ခဲ့ရသော အတွေ့အကြုံတွေကိုပါ ယဲ့ဖန်ကို ပြောပြနေ၏။
သူမ ရခဲ့သော မိတ်ဆွေတွေ၊ စားခဲ့သော အရသာ ရှိသည့် အစားအစာတွေ၊ ကြုံတွေ့ခဲ့ရသည့် ပျော်စရာ ကိစ္စတွေ အစရှိသဖြင့်ပေါ့။
ရဟတ်ယာဉ် ဆင်းသက်ပြီး လူအချို့ လာရောက် ကြိုဆိုသည့် အချိန်တွင်၊ ကျူးရှောင်ကျောင်း စကားမပြောဘဲ မနေနိုင်သေးပေ။
"တစ်ခုတည်းသော နောင်တရစရာကတော့... ပြီးခဲ့တဲ့ အခေါက် လာတုန်းက ငါ့ကံ သိပ်မကောင်းခဲ့ဘူး... ကောင်းတာ ဘာမှ မကောက်နိုင်ခဲ့ဘူး"
"ဒီတစ်ခါတော့... ယဲ့ဖန်... နင် ငါ့ အိပ်မက်ကို အကောင်အထည် ဖော်ပေးရမယ်နော်”
အခန်း (၂၀၅၄) - စနစ်အား အသုံးပြု၍ ပင်လယ်ပြင် ခရီးစဉ် သွားခြင်း
~ယဲ့ဖန်သည် ရတနာ ရှာဖွေခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်၏။
စနစ် မျက်နှာပြင် ပေါ်တွင် မီတာ တစ်ထောင် ပတ်လည် ကမ်းရိုးတန်း တစ်လျှောက်ရှိ ပင်လယ်စာများ၏ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နေ၏။
မည်သည့် ကမ်းခြေများတွင် ပစ္စည်းများ ရှိသည်၊ မည်သည့် သဲသောင်ပြင်မှ ကြည့်လျှင် ဘာမျှ မရှိသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်း ပစ္စည်းများ ရှိနေသည် ဆိုသည်မှာ အလွန် ရှင်းလင်းနေ၏။
ကျူးရှောင်ကျောင်း၏ တောင်းဆိုမှုကို သဘောတူရန် ပြင်လိုက်စဉ်၊ ကောင်လေး တစ်ယောက်၏ အသံသည် ဘေးနားမှ ရုတ်တရက် ထွက်ပေါ်လာ၏။
"အစ်မရှောင်ကျောင်း... အစ်မ ထပ်ပြီး စိတ်ပျက်ရတော့မယ် ထင်တယ်"
"ဒီရက်ပိုင်း ရွာသားတွေ ဘယ်သူမှ ကောင်းကောင်း ရိတ်သိမ်းလို့ မရကြဘူးဗျ"
"အစ်မတို့ လာတာ အချိန်အခါ မကောင်းဘူး ထင်တယ်ဗျ"
ဆယ်ကျော်သက် အရွယ် ကောင်လေး တစ်ယောက်နှင့် အသက် (၂၀) အောက်ဟု ထင်ရသော လှပသည့် ကောင်မလေး တစ်ယောက် လျှောက်လာကြ၏။
ကောင်လေး၏ စကားကို ကြားလိုက်ရသောအခါ၊ လှပသော ကောင်မလေးသည် ကောင်လေးကို ချက်ချင်း ခေါက်လိုက်လေ၏။
"အဆိုး မမြင်စမ်းပါနဲ့"
"အစ်မရှောင်ကျောင်း... ကောင်းကင်ဘုံက ကောင်းချီးပေးမှာပါ... အစ်မ လိုချင်တာ သေချာပေါက် ရမှာပါ"
"အစ်မရှောင်ကျောင်း... ခုနက ရဟတ်ယာဉ် ပျံသန်းလာတာ မြင်ကတည်းက အစ်မမှန်း သိလိုက်တယ်... ဒါနဲ့ ရှောင်ယောင်ကို ခေါ်ပြီး သမီးတို့ အမြန် လာခဲ့ကြတာ"
ကျူးရှောင်ကျောင်းသည် ထိုကောင်လေးနှင့် ကောင်မလေးကို မြင်လိုက်ရသောအခါ အမြန် သွားရောက် စကားပြောလိုက်၏။ ထို့နောက် ယဲ့ဖန်နှင့် မိတ်ဆက်ပေးလိုက်၏။
"ယဲ့ဖန်... ဒါ ငါ ပြောတဲ့ ကျွန်းပေါ်က သူငယ်ချင်းသစ်တွေလေ... ဟိုင်လင်းအာ နဲ့ ဟိုင်ရှောင်ယောင်..."
"သူတို့က မောင်နှမတွေပါ"
ယဲ့ဖန်သည် ချက်ချင်း ပြုံးလိုက်ပြီး ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့ကို နှုတ်ဆက်လိုက်၏။
ဟိုင်ရှောင်ယောင် လည်း ယဲ့ဖန်ကို ပြန်လည် နှုတ်ဆက်လိုက်၏။
သို့သော် ဟိုင်လင်းအာ မှာမူ စူးစမ်းချင်စိတ် ပြင်းပြနေပုံ ရ၏။ ယဲ့ဖန်ကို အကဲခတ်ပြီးနောက်၊ ကျူးရှောင်ကျောင်း နားနားကပ်ပြီး တီးတိုး မေးမြန်းလိုက်၏။
ယဲ့ဖန် တမင်တကာ နားမထောင်သော်လည်း၊ သူ၏ အစွမ်းထက်သော အာရုံငါးပါးကြောင့် "ချစ်သူ"၊ "အရမ်း ချောတယ်" စသည့် သော့ချက်စာလုံး အချို့ကို ကြားလိုက်ပါသည်။
သူတို့ လေးဦး ခဏတာ စကားပြောပြီးနောက်၊ ရဟတ်ယာဉ်မှ ထွက်ခွာလာပြီး ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့၏ ရွာသို့ ဦးတည် လျှောက်လှမ်းသွားကြ၏။
ထိုနေရာတွင် လူတစ်ယောက်သည် ကျူးရှောင်ကျောင်းနှင့် ယဲ့ဖန် တို့ကို ကြိုဆိုရန် အစားအသောက်နှင့် ဝိုင်များ ပြင်ဆင်ထားပြီး ဖြစ်သည်။
အစားအသောက် စားသောက်ပြီး အားလုံး အနားယူပြီးနောက်၊ ကျူးရှောင်ကျောင်းသည် လက်ဝါးချင်း ပွတ်သပ်လိုက်ပြီး ယဲ့ဖန်၊ ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့ကို ပင်လယ်ပြင် ခရီးစဉ် သွားရန် ဆွဲခေါ်ချင်နေလေ၏။
ဟိုင်လင်းအာ သည် ကျူးရှောင်ကျောင်း ကို သိသိသာသာ နားချနေ၏။ ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"အစ်မရှောင်ကျောင်း... အစ်မတို့ ခရီးပန်းလာတာဆိုတော့ ပင်ပန်းနေလောက်ပြီ... အရင် အနားယူပြီး မနက်ဖြန် မနက်မှ သွားရင် မကောင်းဘူးလား"
ဟိုင်ရှောင်ယောင်သည် သူ့အစ်မကို တစ်ချက် ကြည့်လိုက်ပြီး တီးတိုး ပြောလိုက်၏။
"ရွာထဲက ဦးလေးတွေ၊ အဒေါ်တွေ အကုန် ပြောနေကြတာ... ဒီရက်ပိုင်း ပင်လယ်ပြင် ထွက်ဖို့ မကောင်းဘူး တဲ့"
"လတ်တလော ဘာမှ မရနိုင်ပါဘူး..."
"အင်.. ဘာမှ မရနိုင်ဘူးလား"
ကျူးရှောင်ကျောင်း အနည်းငယ် စိတ်ပျက်သွား၏။
"ဒါပေမဲ့ ဒီတစ်ခါ အစ်မ..ယဲ့ဖန် ကို ခေါ်လာတာ ငါ့ဆန္ဒ ပြည့်ဝဖို့လေ... ရိတ်သိမ်းမှု ကြီးမားတဲ့ ပျော်ရွှင်မှုကို ခံစားချင်လို့ပါ ဆို..."
"ယဲ့ဖန် က ဒီနေ့မှ နိုင်ငံခြားက ပြန်ရောက်တာ... နားချိန်တောင် မရလိုက်ဘဲ အစ်မ ဆွဲခေါ်တာ ခံလိုက်ရတာဟယ်..."
ဟိုင်လင်းအာ သည် တကယ် ရိုးသား၏။ သူမသည် ပိုပြီး အလိုက်အထိုက် သိတတ်သော်လည်း ချက်ချင်း ပြောလိုက်၏။
"ညီမ ရွာထဲက ဦးလေးတွေ၊ အဒေါ်တွေကို ကြိုမေးထားပြီးပါပြီ... ရွာနားက ကမ်းရိုးတန်းက နောက်ရက် အနည်းငယ် အတွင်း သွားရကျိုးနပ်မှာ မဟုတ်ဘူး တဲ့"
"အစ်မရှောင်ကျောင်း တကယ် သွားချင်တယ် ဆိုရင်... ဆိုင်ကယ် ငှားပြီး ရွာနဲ့ ဝေးတဲ့ ကမ်းခြေ တစ်ခုမှာ ကံစမ်းကြည့်ကြမလားနော်"
"ဒါ ဖြစ်နိုင်တယ်"
ကျူးရှောင်ကျောင်း ချက်ချင်း စိတ်ပြန်လည် တည်ငြိမ်သွား၏။
အဖွဲ့လိုက် ဆုံးဖြတ်ချက် ချလိုက်ကြ၏။ ဟိုင်လင်းအာ ဆိုင်ကယ် သွားငှားလိုက်ပြီး၊ သူတို့ လေးဦး သုံးဘီးဆိုင်ကယ် တစ်စီး ရရှိလိုက်ကြ၏။ အတူတူ ရွာနှင့် ဝေးကွာသော ကမ်းရိုးတန်း ဆီသို့ အမြန် ထွက်ခွာလာခဲ့ကြ၏။
ကမ်းရိုးတန်းသို့ သွားနေစဉ်၊ ဟိုင်လင်းအာ သည် ကျူးရှောင်ကျောင်း စိတ်ပျက်သွားမည်ကို စိုးရိမ်ပုံ ရ၏။ လမ်းတစ်လျှောက်လုံး လွန်ခဲ့သော ရက်အနည်းငယ်က ရွာသားများ၏ ရိတ်သိမ်းမှု နည်းပါးပုံ အကြောင်း ပြောပြပြီး ကျူးရှောင်ကျောင်း ကို သတိပေးနေ၏။
ကျူးရှောင်ကျောင်း မှာမူ အဆင်ပြေပါတယ် ဟု ပြောနေသော်လည်း၊ သိသိသာသာ စိတ်ဓာတ်ကျနေ၏။
ဒါကို မြင်တော့ ယဲ့ဖန် ဝင်မပြောတော့ပေ။ လမ်းညွှန်ချက် စနစ်ကို အသက်သွင်းလိုက်ပြီး၊ သူ၏ စနစ်ကို အသုံးပြုကာ ဧရိယာကို စကင်န် ဖတ်လိုက်၏။
လူသူကင်းမဲ့ပြီး လူသားများ လာရောက်လေ့ မရှိပုံ ရသော သစ်တောနှင့် ကမ်းရိုးတန်း တစ်ခုကို ဖြတ်သန်းသွားသောအခါ၊ သူ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားပြီး သုံးဘီးဆိုင်ကယ်ကို ရပ်ခိုင်းလိုက်၏။
"ငါတို့ ဒီနေ့ ကံကောင်းပြီး အကြီးကြီး ရိတ်သိမ်းနိုင်လိမ့်မယ် လို့ ခံစားမိနေတယ်"
ဆိုင်ကယ် ရပ်လိုက်သည်နှင့် ယဲ့ဖန် ပထမဆုံး ခုန်ဆင်းလိုက်၏။ ကမ်းရိုးတန်းကို ပိတ်ဆို့ထားသော သစ်တောအုပ်ကြီးကို ကြည့်လိုက်၏။