← Chapters

အခန်း (၂၀၅၅-၂၀၅၈)

Vol. 109 Ch. 2055-2058

အခန်း (၂၀၅၅-၂၀၅၈)

Vol. 109 Ch. 2055-2058

အခန်း (၂၀၅၅) - ဘုရားရေ... ရွှေရောင် ဒဏ္ဍာရီ (Golden Legend) ပါလား

~၎င်းသည် ဒီရေတော တစ်ခု ဖြစ်ပြီး၊ ၎င်း၏ ဘေးတွင် ရေငန်နှင့် ရေချို ဆုံမှတ် တစ်ခု ရှိ၏။

ဟိုင်ရှောင်ယောင် တစ်ချက် လှမ်းကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။

"အစ်ကိုကြီး... ဒီနေရာကို ဘယ်သူမှ မလာဖူးဘူးဗျ... ပစ္စည်း ရှိမယ် မထင်ဘူး"

ဟိုင်လင်းအာ သူမ မောင်လေး၏ ပါးစပ်ကို အမြန် ပိတ်လိုက်ပြီး ထပ်ဖြည့်ပြောလိုက်၏။

"အစ်ကို ယဲ့ဖန်... ညီမတို့ ကျွန်းက မသေးငယ်ပေမဲ့... ရွာသားတွေ ဒီမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ... ဥပမာ ရိတ်သိမ်းဖို့ လွယ်ကူတဲ့ နေရာ တချို့ ဆိုရင် လူတိုင်း ရှာဖွေပြီးသား ဖြစ်နေတတ်တယ်"

"ကြည့်ရတာ ဒီဧရိယာကို ဘယ်သူမှ မလာတာ အနည်းဆုံး ဝက်လောက် ရှိနေပြီ ထင်တယ်... ပစ္စည်း တွေ့နိုင်ချေ တကယ် မများပါဘူး"

ယဲ့ဖန် မငြင်းတော့ပေ။ ပြုံးရုံသာ ပြုံးလိုက်သည်။

"ကိစ္စ မရှိပါဘူး... လမ်းလျှောက် ကြည့်ရုံပါပဲ... ရှုခင်း ကြည့်တာ ဘာညာပေါ့"

"အဲ့ဒီ ဧရိယာက လှတယ်... ဓာတ်ပုံ ရိုက်ဖို့ တော်တော် သင့်တော်ပါတယ်"

ကျူးရှောင်ကျောင်း ဒါကို ကြားသောအခါ လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်... ဒီနေရာက ကြည့်ရတာ လှသားပဲ"

"ပစ္စည်း မရရင်တောင်... ဒီမှာ ဓာတ်ပုံ ရိုက်ရတာ မဆိုးပါဘူး"

"သွားကြစို့"

ပြောရင်းနှင့် သူမ ပုံး တစ်လုံးကို ကောက်ကိုင်လိုက်ပြီး ဒီရေတော ဆီသို့ ဦးဆောင် လျှောက်သွားလိုက်၏။

ဒါကို မြင်တော့ ယဲ့ဖန် ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့ကို ပြုံးပြလိုက်ပြီး ကျူးရှောင်ကျောင်း နောက်သို့ လိုက်ပါသွားလေ၏။

ဟိုင်လင်းအာ မှာမူ ဟိုင်ရှောင်ယောင် ကို မျက်စောင်းထိုးလိုက်ပြီး၊ စကား ဆင်ခြင်ဖို့ သူတို့ ဒေသန္တရ ဘာသာစကား ဖြင့် တိုးတိုးလေး သတိပေးလိုက်၏။ ထို့နောက် ဟိုင်ရှောင်ယောင် ကို ဆွဲပြီး ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း တို့ နောက်သို့ ပြေးလိုက်သွားတော့၏။

ဟိုင်ရှောင်ယောင် သည် ရိုးအသော ကလေး တစ်ယောက် ဖြစ်သဖြင့်၊ ဤသို့ ရှုပ်ထွေးသော ကိစ္စများကို မည်သို့ ကိုင်တွယ်ရမည်ကို မသိပေ။

အစ်မ ဖြစ်သူ၏ ဆူပူတာ ခံရပြီးနောက်၊ သူ မကျေမနပ် ဖြစ်နေဆဲပင်။ တိုးတိုးလေး ရေရွတ်လိုက်၏။

"ဒီမှာ ပစ္စည်း ရှိဖို့ မဖြစ်နိုင်ပါဘူး... ငါ မမှားပါဘူး"

ပြောရင်းနှင့် ဟိုင်လင်းအာ၊ ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း တို့နောက် လိုက်ပါပြီး ဒီရေတော ဆီသို့ သွားလိုက်၏။ လှပသော ရှုခင်းမှလွဲ၍ ပစ္စည်း တွေ့ရှိနိုင်သည့် လက္ခဏာ ဘာမျှ မရှိပေ။ သူ တိုးတိုးလေး ထပ်ပြောလိုက်၏။

"ကြည့်... ငါ ပြောသားပဲ... ဒီမှာ ပစ္စည်း မရှိပါဘူး ဆို"

"ဆိုင်ကယ်ကို ပိုဝေးဝေး မောင်းပြီး... ပစ္စည်း ရှာရလွယ်ကူတဲ့၊ လူတွေ သွားလေ့ မရှိတဲ့ နေရာတွေမှာ ကံစမ်းကြည့်ရင် မကောင်းဘူးလား"

ဟိုင်လင်းအာမှာ မောင်ဖြစ်သူ ဟိုင်ရှောင်ယောင် ကို လက်သီးနှင့် ထိုးချင်သွား၏။ သို့သော် ယဲ့ဖန်က ပုံးကို သယ်ဆောင်ပြီး ဒီရေတောကို ဖြတ်ကျော်သွားပြီ ဖြစ်၏။

"အားလုံး မြန်မြန် လာကြ... ငါ့ရဲ့ ကြိုတင် ခံစားချက် မှန်သွားပြီ ထင်တယ်"

"ဒီတစ်ခါတော့ ငါတို့ အပြည့်အဝ ရိတ်သိမ်းပြီး ပြန်လာနိုင်တော့မယ်"

ဒီရေတော အစွန်းတွင် ရပ်လျက်၊ ရေငန်နှင့် ရေချို ဆုံမှတ်ကို ကြည့်ရင်း၊ ယဲ့ဖန် ထိုဘက်သို့ တစ်ချက်သာ ကြည့်လိုက်ပြီး အံ့အားသင့်သော မျက်နှာထားဖြင့် ပြန်လှည့်လာ၏။

"ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ... ပစ္စည်း ရလား"

ယဲ့ဖန် ပြောလိုက်သည်နှင့် တပြိုင်နက်၊ ဒီရေတော ထဲတွင် ရှာဖွေနေဆဲ ဖြစ်သော ကျူးရှောင်ကျောင်း ချက်ချင်း ပြေးလာ၏။

ယဲ့ဖန် ဘေးနား ရောက်ပြီး ရှေ့ကို ဃကြည့်လိုက်သောအခါ၊

"ဘုရားရေ... ရွှေရောင် ဒဏ္ဍာရီ ပါလား"

"မြေကြီးပေါ်က ပစ္စည်းတွေက... လွန်ခဲ့တဲ့ ရက်ပိုင်း ရွာသားတွေရဲ့ အကြီးမားဆုံး ရိတ်သိမ်းမှုထက်တောင် ပိုများနေသေးတယ်"

"ယဲ့ဖန်... ကျွန်မ ဆန္ဒ ပြည့်ဝအောင် ရှင် သေချာပေါက် ကူညီပေးမယ် ဆိုတာ ကျွန်မ သိတာပေါ့"

ဟိုင်လင်းအာက သူတို့ နှစ်ဦး မည်မျှ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ၊ မောင်လေးကို မဆူတော့ပေ။ ဟိုင်ရှောင်ယောင် ကို ဆွဲပြီး အမြန် ပြေးသွားလိုက်၏။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း တို့ ဘေးနား ရောက်ပြီး ဒီရေတော နောက်ကွယ်က မြင်ကွင်းကို မြင်လိုက်ရသောအခါ၊ သူမ အံ့သြလွန်းသဖြင့် ပါးစပ် အဟောင်းသား ဖြစ်သွား၏။

"ဘုရားရေ... ဂဏန်းပြာတွေ များကြီးပါလား"

"ရေကြည့်ရုံနဲ့တင်... အနည်းဆုံး အကောင် (၇၀)၊ (၈၀) လောက် ရှိမယ် ထင်တယ်"

"တစ်ကောင်ကို အနည်းဆုံး တစ်ပိဿာ လောက် ရှိမယ့် ဂဏန်းပြာကြီးတွေချည်းပဲ အနည်းဆုံး အကောင် (၃၀)၊ (၄၀) လောက် ရှိတယ်"

"အစ်ကို ယဲ့ဖန်... အစ်ကိုက မာကျူ (ပင်လယ် နတ်သမီး) ရဲ့ ကောင်းချီးပေးတာ ခံထားရတာလား"

ဟိုင်လင်းအာ ဘေးနားက ဟိုင်ရှောင်ယောင် လည်း မျက်လုံး ပြူးသွား၏။

"ဂဏန်းပြာကြီးတွေ အများကြီးပါလား... ပင်လယ်ပြင် ခရီးစဉ် တစ်ခေါက်တည်းနဲ့ ဒီလောက် ရိတ်သိမ်းနိုင်တာ တခါမှ မမြင်ဖူးဘူး"

"အထူးသဖြင့် ဒီရက်ပိုင်း ပင်လယ်ရေ ကျနေတဲ့ အချိန်မှာ..."

"အစ်ကိုကြီး ယဲ့ဖန်... အစ်ကိုကြီးက တကယ် စွမ်းတာပဲ"

ယဲ့ဖန် နှိမ့်ချစွာ ပြုံးလိုက်၏။

"ဟားဟား... ငါ ကံကောင်းသွားရုံပါ"

"ဒါကို ဘယ်လို ဖမ်းရမလဲ... မင်းတို့က ပိုကျွမ်းကျင်တယ်လေ... မြန်မြန်... ငါနဲ့ ရှောင်ကျောင်း ကို လမ်းညွှန်ပေးပါဦး"

"မင်းတို့ အစ်မရှောင်ကျောင်း က နည်းနည်း စိတ်မရှည်တော့တဲ့ ပုံပဲကွ"

ထိုအခါ၊ ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့ အမြန် ခေါင်းညိတ်လိုက်ပြီး၊ ဂဏန်းပြာကြီး တစ်ကောင် ဆီသို့ လျှောက်သွားကာ ဘယ်လို ဖမ်းရမလဲ ဆိုတာ သရုပ်ပြလိုက်ကြ၏။

---

အခန်း (၂၀၅၆) - ကြည့်ပါဦး... ကလေးကို လန့်အောင် လုပ်လိုက်ပြီ

~ဂဏန်းပြာကြီးသည် ဟိုင်လင်းအာ ဘက်သို့ ဖင်ပေးထားမိသဖြင့် အဖမ်းခံလိုက်၏။

ဟိုင်လင်းအာ ဂဏန်းကို အသိုက်ထဲမှ ဆွဲထုတ်လိုက်သောအခါ၊ ဂဏန်း၏ လက်မကြီးများက ရိုင်းစိုင်းစွာ ဝှေ့ယမ်းနေဆဲပင်။

"ဒီလို ဂဏန်းပြာကြီးတွေ ဖမ်းတဲ့ နည်းလမ်းက တခြား ဂဏန်းတွေ ဖမ်းတာနဲ့ တူတူပါပဲ... တစ်ခုက သူ သတိမထားမိခင် အလစ်ဝင်တိုက်တာ ... ဒါမှ သူ မလွတ်သွားမှာ... နောက်တစ်ခုက နောက်ကနေ ဖမ်းပြီး ဂဏန်းခွံကို ကိုင်ဖို့ ကြိုးစားရမယ်... ဒါမှ သူ့လက်မကြီးတွေ ညှပ်တာ မခံရမှာ"

"ဒီလို ဂဏန်းပြာကြီးတွေရဲ့ လက်မတွေက အရမ်း သန်မာတယ်... သွေးထွက်စေနိုင်ရုံတင် မကဘူး... အရွတ်တွေ၊ အရိုးတွေပါ ထိခိုက်စေနိုင်တယ်... နည်းနည်း အန္တရာယ် များတယ်ရှင့်"

"နောက်ကနေ အလစ်ဝင်တိုက်ဖို့ တကယ် မလွယ်ကူဘူး ဆိုရင်... ဉာဏ်ဆင်တဲ့ နည်းလမ်း သုံးလို့ ရတယ်... သစ်ကိုင်း တုတ်တုတ် တစ်ချောင်း ကောက်ပြီး ဂဏန်းပြာကြီးရဲ့ လက်မ ဆီကို ဖြည်းဖြည်းချင်း လှမ်းလိုက်ပါ... အသာလေး ထိလိုက်ရင် ဂဏန်းပြာက ရန်သူ လို့ ထင်ပြီး သစ်ကိုင်းကို ချက်ချင်း ညှပ်လိမ့်မယ်... အဲ့ဒီ အချိန်ကျရင် သစ်ကိုင်းရဲ့ တခြား တစ်ဖက်ကို ကိုင်ပြီး ငါးမျှားသလို မတင်လိုက်... လေပေါ် ရောက်တဲ့ အခါကျရင် တခြား လက်တစ်ဖက်က သူ့ကျောဘက်က အခွံမာကို အမြန် ဖမ်းလိုက်ပါ... သစ်ကိုင်း လွတ်သွားတာနဲ့ ဂဏန်းက လိမ်လိမ်မာမာလေး အညံ့ခံပါလိမ့်မယ်..."

ဒီအချိန်ကို အသုံးပြုပြီး ဟိုင်လင်းအာက ဂဏန်းပြာကြီးတွေ ဖမ်းသော နည်းစနစ်နှင့် နည်းလမ်းတချို့ကို ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း တို့အား အမြန် ရှင်းပြလိုက်၏။

ရေချို ဂဏန်းများနှင့် မတူသည်မှာ၊ ဤကဲ့သို့သော ဂဏန်းကြီးများသည် စိတ်ကြီးပြီး အားသန်ကြ၏။ ထို့ကြောင့် ဘေးကင်းရေး အတွက် သူမ အသေးစိတ် အချက်အလက်များ အများကြီး အလေးထား ပြောပြနေပါသည်။

သူမ ရှင်းပြတာ နားထောင်ပြီး လုံလောက်ပြီဟု ခံစားလိုက်ရသောအခါ၊ ယဲ့ဖန် ကျူးရှောင်ကျောင်း ကို စမ်းသပ်ခွင့် ပေးလိုက်၏။

ကျူးရှောင်ကျောင်း စိတ်မထိန်းနိုင်တော့ပေ။ ယဲ့ဖန်၏ ခွင့်ပြုချက် ရသည်နှင့် တပြိုင်နက်၊ လူတိုင်း ဘက်သို့ မျက်နှာမူထားသော ဂဏန်းပြာကြီး တစ်ကောင် ဆီသို့ လျှောက်သွားလိုက်၏။

သူမ ဂဏန်းပြာကြီး၏ အခွံကို ဖမ်းကိုင်လိုက်ပြီး သဲထဲမှ ဆွဲထုတ်လိုက်သည်။ ဂဏန်းပြာ ချက်ချင်း လက်မကြီးများ ဝှေ့ယမ်းပြီး ပြင်းပြင်းထန်ထန် ရုန်းကန်တော့၏။

ဒါက ကျူးရှောင်ကျောင်း ကို စိုးရိမ်စေသော်လည်း၊ တချိန်တည်းမှာပင် သူမ အလွန် စိတ်လှုပ်ရှားနေ၏။

"ယဲ့ဖန်... ကြည့်ပါဦး... ဂဏန်းပြာကြီး တစ်ကောင် မိပြီ"

"ဒီ ဂဏန်းပြာက စိတ်ကြီးလိုက်တာ... ပြီးတော့ အရမ်း ကြီးတယ်... ဒီည ပေါင်းစားပစ်မယ်"

အံ့သြစရာ ကောင်းသည်မှာ၊ ဂဏန်းပြာ ဒီအချိန်မှာ ရုန်းကန်တာ ရပ်တန့်သွား၏။ သူမ စကားကြောင့် ကြောင်သွားသလိုလိုပင်။

ယဲ့ဖန် မရယ်ဘဲ မနေနိုင်တော့ပေ။

"ကြည့်ပါဦး... မင်းက ဒီ ဂဏန်းပြာကို လန့်အောင် လုပ်လိုက်တာ... သူ မရုန်းရဲတော့ဘူး"

ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့လည်း အော်ဟစ် ရယ်မောလိုက်ကြ၏။

"ဟားဟား၊ အစ်မရှောင်ကျောင်း က ရယ်ရတယ်"

"အစ်ကိုကြီး ယဲ့ဖန် လည်း တူတူပဲ"

"ဂဏန်းပြာက လူစကားမှ နားမလည်တာ... သူက တိုက်ဆိုင်ပြီး ခဏ ရပ်သွားတာ နေမှာပါ... အစ်ကိုကြီး ပြောပုံ အရ ဆိုရင်... ကြောက်ပြီး ငြိမ်ကျသွားသလို ဖြစ်နေပြီ"

ထိုအချိန်တွင် ကျူးရှောင်ကျောင်း လက်ထဲမှ ဂဏန်းပြာကြီး ပြန်လည် ရုန်းကန်လာ၏။ အရင်ကထက် ပိုမို ပြင်းထန်သည်။ သူ့လက်မကြီး နှစ်ဖက်က ကျူးရှောင်ကျောင်း ၏ လက်သေးသေးလေးများကို အကြိမ်ကြိမ် ရှပ်ထိလုနီးပါး ဖြစ်သွားရာ၊ သူမ ကြောက်လွန်းသဖြင့် ဘာလုပ်ရမှန်း မသိ ဖြစ်သွား၏။

ယဲ့ဖန် ပုံးကို အမြန် ကမ်းပေးလိုက်သည်။

"ပစ်ထည့်လိုက်... အခု ချက်ချင်း ပစ်ထည့်လိုက်"

ကျူးရှောင်ကျောင်း ဂဏန်းပြာကို ပုံးထဲ အလျင်စလို ပစ်ထည့်လိုက်၏။ သူမ ထိတ်လန့်နေဆဲပင်။

"ဒီကောင်က တကယ် စိတ်ကြီးလွန်းတယ်... ဒီည ပေါင်းစားရင် မီးအပူချိန် မြှင့်ပစ်မယ်"

"လင်းအာ ပြောတဲ့.. သစ်ကိုင်း နည်းလမ်းကို သုံးပြီး ဒီကောင်ကြီးတွေကို မျှားခေါ်ကြည့်ပါလား"

ဂဏန်းပြာကြီးက ကျူးရှောင်ကျောင်း ကို ထိခိုက်စေမည်ကို ယဲ့ဖန်လည်း ကြောက်နေသဖြင့်၊ သူမ အတွက် သစ်ကိုင်း တစ်ချောင်း ချက်ချင်း ကောက်ပေးလိုက်သည်။

"ကောင်းပြီလေ"

ကျူးရှောင်ကျောင်း လူတိုင်း အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ပုံ ရ၏။ သစ်ကိုင်း ရသောအခါ သူမ စမ်းသပ်ချင်စိတ် ပြင်းပြလာ၏။

"ဂိမ်း တစ်ခု ကစားရအောင်"

"အခုက စပြီး... ဘယ်သူက ဂဏန်းပြာကြီးတွေ ပိုဖမ်းနိုင်လဲ ကြည့်ကြမယ်"

"ရှုံးတဲ့သူက နောက်ကျရင် အားလုံးကို ဆိုဒါ ဝယ်တိုက်ကြေး"

"ရပါတယ်"

ယဲ့ဖန် ချက်ချင်း သဘောတူလိုက်၏။

ဟိုင်ရှောင်ယောင်နှင့် ဟိုင်လင်းအာ တို့လည်း အလွန် စိတ်လှုပ်ရှားနေကြသည်။ သူတို့ အမြန် ပြောလိုက်၏။

"ဒါဆို အစ်ကိုကြီး ယဲ့ဖန် နဲ့ အစ်မရှောင်ကျောင်း သေချာပေါက် ရှုံးမှာပဲ... ဟီးဟီး..."

"ကျွန်တော်နဲ့ အစ်မက ဒီနယ်ပယ်မှာ ကျွမ်းကျင် ပညာရှင်တွေလေ"

ပြောရင်းနှင့် ဟိုင်ရှောင်ယောင်က ဂဏန်းစိမ်း တစ်ကောင်ကို အားကုန်သုံးပြီး ကောက်ယူလိုက်၏။

(၁၀) နှစ်သားပဲ ရှိသေးပြီး အရပ် မရှည်သော်လည်း၊ ဒီကောင်လေးက တကယ်ကို ကျွမ်းကျင်၏။

ဂဏန်းပြာကို ကျွမ်းကျင်စွာ ကောက်ယူလိုက်သည်။

ဒါကို မြင်တော့ ဟိုင်လင်းအာ ခေါင်းခါလိုက်ပြီး ဂဏန်းပြာကို ဖြည်းညှင်းစွာ ကောက်ယူလိုက်၏။

သူမသည် ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း တို့ကို အနိုင်ပေးနေမှန်း သိသာလှသည်။

ထိုမြင်ကွင်းကို မြင်တော့ ယဲ့ဖန် ကျူးရှောင်ကျောင်း ကို ချက်ချင်း မျက်ရိပ်ပြလိုက်လေ၏။

"ကြည့်ရတာ ဒီည အားလုံးကို ဆိုဒါ ဝယ်တိုက်ရမယ့်သူက မင်း.. ဒါမှမဟုတ် လင်းအာ ပဲ ဖြစ်လောက်တယ်”

အခန်း (၂၀၅၇) - ထူးဆန်းတဲ့ ဦးနှောက် ပတ်လမ်း

~ကျူးရှောင်ကျောင်း အနည်းငယ် အံ့သြသွား၏။

သို့သော် ဟိုင်လင်းအာ ကို ကြည့်လိုက်သောအခါ၊ သူမ ဘာဖြစ်နေလဲ ဆိုတာ သဘောပေါက်သွားတော့၏။

သူမ ချက်ချင်း သူရဲကောင်းဆန်ဆန် ပြောလိုက်၏။

"လင်းအာ... နင် ငါနဲ့ ယဲ့ဖန် ကို အနိုင်ပေးစရာ မလိုပါဘူး"

"ဒါက ဂိမ်း ကစားတာပဲလေ... ပျော်ဖို့ အတွက်ပဲ ကစားကြတာ"

"နင် အစွမ်းကုန် ကြိုးစားလိုက်... ဒါမှ နင့်အစ်ကို ယဲ့ဖန် နဲ့ ငါ ပိုပျော်ရွှင်ရမှာ"

ဒါကို ကြားတော့ ဟိုင်လင်းအာ ခေါင်းညိတ်လိုက်ပြီး အစွမ်းကုန် စတင် ကြိုးစားတော့၏။

သူမ အလွန် အတွေ့အကြုံ ရှိကြောင်း သိသာလှ၏။

သူမက ဂဏန်းပြာကြီးတွေနှင့် အလွန် ရင်းနှီးကျွမ်းဝင်နေပြီး၊ ဟိုင်ရှောင်ယောင် ကို ကျော်တက်သွားဖို့ အချိန်အများကြီး မယူလိုက်ရပေ။ ဒါက ဟိုင်ရှောင်ယောင် ကို စိုးရိမ်သွားစေပြီး၊ ကောင်လေးက ဂဏန်းပြာကြီးတွေကို အမြန် ဖမ်းဆီးဖို့ ကြိုးစားနေ၏။

ဒီအချိန်မှာ ကျူးရှောင်ကျောင်း တစ်ခုခုကို သတိထားမိလိုက်ပုံ ရ၏။

"သွားပြီ... လင်းအာ အစွမ်းကုန် ကြိုးစားလိုက်ရင်... ငါက အညံ့ဆုံး ဖြစ်သွားမှာပေါ့"

"ငါ မြန်မြန် လုပ်မှ ဖြစ်မယ်... အနည်းဆုံးတော့ နောက်ဆုံး မရောက်စေရဘူး"

သူမ ဂဏန်းစိမ်းကြီးကို သစ်သားတုတ်ဖြင့် အလျင်စလို ဖမ်းဆီးလိုက်၏။

သို့သော် သူမက အတွေ့အကြုံ မရှိသူ ဖြစ်ကြောင်း သိသာနေ၏။

ဟိုင်ရှောင်ယောင် က ငယ်ရွယ်သော်လည်း၊ ပင်လယ်ပြင် အတွေ့အကြုံ အများကြီး ရှိ၏။ သူမ သူ့ကို မယှဉ်နိုင်ပေ။

ဟိုင်လင်းအာ က ဟိုင်ရှောင်ယောင် ထက်တောင် ပိုအတွေ့အကြုံ ရှိ၏။ ဂဏန်းပြာကြီးတွေ ဖမ်းရာမှာ သူမက ပိုကျွမ်းကျင်သည်။

ယဲ့ဖန် ကတော့ ပင်လယ်ပြင် ခရီးစဉ် ပထမဆုံး အကြိမ် ဖြစ်ပြီး ကျူးရှောင်ကျောင်း ထက် အတွေ့အကြုံ နည်းသော်လည်း ၊ သူက မယုံကြည်နိုင်လောက်အောင် လျင်မြန် ဖျတ်လတ်မှုနဲ့ ခွန်အား ရှိသည့် ထိပ်တန်း သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်လေ။ နည်းစနစ်နှင့် အတွေ့အကြုံ မရှိတာက သူ့အတွက် အရေးမကြီးပါချေ။

သူ့မျက်လုံးထဲမှာတော့ စိတ်ကြီးသော ဂဏန်းပြာကြီးတွေက နှေးကွေးသည့် ခရုတွေနှင့် ဘာမှ မကွာခြားပေ။

အချိန်တို အတွင်းမှာပင် ယဲ့ဖန်သည် ကျူးရှောင်ကျောင်း သာမက၊ ဟိုင်ရှောင်ယောင် နှင့် ဟိုင်လင်းအာ တို့ကိုပါ ကျော်တက်သွား၏။ သူ ဂဏန်းပြာကြီး တစ်ပုံး အပြည့် ဖမ်းမိလိုက်ပြီး၊ ဧရိယာ တစ်ခုလုံးကို ရှင်းလင်းလိုက်သည်။

ဟိုင်ရှောင်ယောင်နှင့် ဟိုင်လင်းအာ တို့ နှစ်ဦးစလုံး ကြောင်အသွားကြ၏။

သူတို့ လုပ်လက်စ အလုပ်ကို ရပ်လိုက်ကြပြီး၊ ယဲ့ဖန်ကို ဘုရားသခင် တစ်ပါး ကဲ့သို့ ကြည့်လိုက်ကြသည်။

အထူးသဖြင့် ဟိုင်ရှောင်ယောင်၊ ယဲ့ဖန်၏ လျှပ်စီးကဲ့သို့ လျင်မြန်သော လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများ အရောင်လက်သွား၏။

"အစ်ကိုကြီး ယဲ့ဖန်... အစ်ကိုကြီးက ဒဏ္ဍာရီထဲက ဝိညာဉ် ဆရာသခင်လား"

"ဝိညာဉ် နိုးထထားတဲ့သူလား... ထန်ဆန်းနဲ့ ရှောင်ဝူတို့လိုမျိုးလေ..."

ယဲ့ဖန် ကြောင်သွား၏။

ဒီကောင်လေး၏ ဦးနှောက် ပတ်လမ်း နောက်ကို သူ မလိုက်နိုင်တော့ပေ။

"ဒီကောင်လေးက တစ်နေ့ကုန် ဒူလော် တိုက်ကြီး ကာတွန်းတွေပဲ ထိုင်ကြည့်နေတာ အစ်ကိုကြီး... ဝိညာဉ် ဆရာသခင်တွေက ဇာတ်လမ်း ဆက်တင် တွေလေ... ထန်ဆန်း နဲ့ ရှောင်ဝူ က ဇာတ်လိုက်တွေပါ..."

ဟိုင်လင်းအာ ရှင်းပြလိုက်၏။ ထို့နောက် ဟိုင်ရှောင်ယောင် ကို မျက်စောင်းထိုးလိုက်၏။

"မောင်မင်းကြီးသား... ကာတွန်းတွေက စိတ်ကူးယဉ်တွေပါလို့ ပြောထားတယ် မလား... ဒီလောကကြီးမှာ ဝိညာဉ် ဆရာသခင်တွေ၊ သိုင်းဝိညာဉ်တွေ မရှိပါဘူးဟယ်"

"အစ်ကိုကြီး ယဲ့ဖန် က သိုင်းပညာ လေ့ကျင့်ဖူးတာ ဖြစ်လောက်တယ်"

ဟိုင်ရှောင်ယောင် က တကယ့် ကလေးပါပင်၊ သူ့ဦးနှောက်က အရမ်း ထူးဆန်း၏။ အစ်မ ဖြစ်သူ၏ စကားကို ကြားပြီးနောက်၊ သူ နောက်ထပ် မေးခွန်း တစ်ခု မေးလိုက်၏။

"အစ်ကိုကြီး ယဲ့ဖန် က အဲ့ဒီ ဝိညာဉ် ဆရာသခင်တွေကို နိုင်မလား"

"ထားလိုက်ပါတော့... ဒီကောင်လေးကို လျစ်လျူရှုထားလိုက်... သူ ကာတွန်းတွေနဲ့ ရူးသွပ်နေတာ"

ဟိုင်လင်းအာ ဟိုင်ရှောင်ယောင် ကို ဆက်မပြောချင်တော့ပေ။ သူမ ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

"ပြန်ကြစို့"

ကျူးရှောင်ကျောင်းကတော့ ဒီအသေးစိတ် အချက်အလက်တွေကို လုံးဝ ဂရုမစိုက်ပေ။ သူမက သွက်လက်စွာ ပြောလိုက်၏။

"ဟုတ်တယ်... အခု ပြန်ကြစို့... ဂဏန်းပြာကြီးတွေ ပေါင်းစားဖို့ မစောင့်နိုင်တော့ဘူး"

"နောက်ကျရင် ငါ အားလုံးကို ဆိုဒါ ဝယ်တိုက်မယ်"

"ကောင်းပြီ"

ဒါကို ကြားတော့ ယဲ့ဖန် ပြုံးလိုက်၏။ သူ ပုံးကို သယ်ဆောင်ပြီး သူတို့နှင့် အတူ ရွာသို့ ပြန်လာခဲ့၏။

မျှော်လင့်ထားသည့် အတိုင်းပင်၊ ဂဏန်းပြာကြီး လေးပုံး အပြည့်နှင့် သူတို့ ပြန်ရောက်လာသောအခါ ရွာသားများ အားလုံး ကြောင်အသွားကြ၏။

ရွာသား အများအပြား ဒါကို မြင်သောအခါ၊ ယဲ့ဖန် မာကျူ၏ ကောင်းချီးပေးတာ ခံထားရသည် ဟုပင် ချီးကျူးကြ၏။

သူတို့ ရာသီချိန်မှာတောင် ဒီလောက် ရိတ်သိမ်းရတာမျိုး မကြုံဖူးပါ၊ ရာသီချိန် မဟုတ်တသော အချိန် ဆိုလျှင်တော့ ပြောမနေပါနှင့်တော့။

တစ်ကောင်ကို (၅၀၀) ဂရမ် ကျော်သော ဂဏန်းပြာကြီး စုစုပေါင်း အကောင် (၇၀)၊ (၈၀) လောက် ပါ၏။ ထိုအထဲမှာ (၅၀၀) ဂရမ်ထက် ပိုလေးသော ဂဏန်းကြီး (၁၀) ကောင်ကျော် ပါဝင်နေ၏။

ဒီလို ကြီးမားသော ရိတ်သိမ်းမှုမျိုးက ရွာသမိုင်း တစ်လျှောက်လုံးမှာ လက်ချိုးရေ၍ ရသော အကြိမ်ရေလောက်ပဲ ရှိ၏။

"ယဲ့ဖန်... ရှင် တကယ် အံ့သြဖို့ ကောင်းတာပဲ"

"ကျွန်မ ပြန်ရောက်တဲ့ ပထမဆုံး ရက်မှာတင်... ရှင်က ကျွန်မ အိပ်မက်ကို ဖြည့်ဆည်းပေးလိုက်ပြီ"

"ဟီးဟီး..."

ညရောက်သောအခါ၊ ပေါင်းထားသော ဂဏန်းပြာကြီးများကို ဝိုင်နှင့် တွဲဖက်ပြီး အရသာ ရှိစွာ စားသောက်ပြီးနောက်၊ ကျူးရှောင်ကျောင်း အနည်းငယ် မူးနေပုံ ရ၏။

သူမ ယဲ့ဖန် ကိုယ်ပေါ် မှီနေရုံတင် မကဘဲ၊ သူမ မျက်နှာလည်း နီရဲနေပြီး မျက်လုံးများ ရီဝေနေလေသည်။

"ဒီည...ငါ နင့်ကို ကောင်းကောင်း ဆုချမယ်"

"..."

—

အခန်း (၂၀၅၈) - အဝေးဆုံး လမ်းက မင်းရဲ့ လုပ်ရိုးလုပ်စဉ် ပဲ

~"တော်ပြီ... မင်း မူးနေပြီ... ကောင်းကောင်း အိပ်တော့"

ယဲ့ဖန် သိပ်ဂရုမစိုက်တော့ပေ။ သူမကို ခုတင်ပေါ် ပြန်ပို့ပေးပြီး ထွက်ခွာရန် ပြင်လိုက်၏။

"ဟင့်အင်း... ဟင့်အင်း... ငါ နင့်ကို ကောင်းကောင်း ဆုချရမယ်..."

ကျူးရှောင်ကျောင်း ယဲ့ဖန်၏ လည်ပင်းကို ဖက်ထားပြီး လွှတ်ပေးဖို့ ငြင်းဆန်နေ၏။ တစ်ယောက်တည်း ရေရွတ်နေသည်။

"မင်း သောက်တာ များသွားပြီ"

ယဲ့ဖန် သူမ လက်ကို ဖယ်ရှားလိုက်၏။ ထလိုက်ပြီးနောက်၊ သူမ၏ ဖိနပ်နှင့် ခြေအိတ်များကို အမြန် ချွတ်ပေးလိုက်သည်။

ဖိနပ်နှင့် ခြေအိတ်များ ချွတ်ပေးပြီးနောက်၊ သူမကို နေရာချပေးလိုက်၏။ မီးပိတ်ပြီး ထွက်ခွာလာခဲ့သည်။

သူ ထွက်သွားပြီးနောက်၊ ကျူးရှောင်ကျောင်း ၏ မျက်လုံးများ လျင်မြန်စွာ ကြည်လင်လာပြီး ခုတင်ပေါ်မှ ထထိုင်လိုက်သည်ကို သူ မသိလိုက်ပေ။

‘ဘာလဲ... ငါ မူးချင်ယောင် ဆောင်ပြီး အစပျိုးပေးနေတာတောင်... ငါတို့ နှစ်ယောက်တည်း ရှိနေတာတောင်... သူ မပါလာဘူး ဟုတ်လား’

‘ငါ ပိုကြိုးစားရမလား’

ကျူးရှောင်ကျောင်း ၏ မျက်လုံးများ ကစားသွား၏။ ထို့နောက် ဉာဏ်နီဉာဏ်နက် အရိပ်အယောင်များ သူမ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

‘ငါ သိပြီ’

‘ဒီနည်းလမ်းက သေချာပေါက် အလုပ်ဖြစ်မှာ…’

...

အခြား တစ်ဖက်တွင်၊ ယဲ့ဖန် ကျူးရှောင်ကျောင်း ဘာကြံစည်နေလဲ ဆိုတာ မသိပေ။

သူ့အခန်းသို့ ပြန်ရောက်ပြီးနောက်၊ ကိုယ်ပေါ်က ချွေးတွေကို ဆေးကြောဖို့ အရင် ရေချိုးလိုက်ပြီး၊ သန့်ရှင်း သပ်ရပ်သော အဝတ်အစား တစ်စုံ လဲလှယ်ဝတ်ဆင်လိုက်သည်။

ထို့နောက် ခုတင်ပေါ် လှဲလိုက်ပြီး၊ အရင်က ပြန်ဖို့ အချိန်မရလိုက်သည့် မက်ဆေ့ခ်ျ တချို့ကို ဖုန်းယူပြီး ပြန်လိုက်၏။

ယဲ့ဖန် ဖုန်းကစားနေတာ နာရီဝက်လောက် ရှိသည့် အချိန်မှာ၊ ဘေးခန်းဆီကနေ လေးလံသော အရာတစ်ခု မြေကြီးပေါ် ပြုတ်ကျသံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက်မှာ အသံတိတ် အော်ဟစ်သံ တစ်ခု ပါလာ၏။

"ဟမ်..."

ယဲ့ဖန်၏ မျက်လုံးများ လှုပ်ရှားသွား၏။ ဖုန်းကို အမြန် ချလိုက်ပြီး လျှောက်သွားလိုက်၏။

"ရှောင်ကျောင်း... မင်းလား"

"ဘာဖြစ်တာလဲ"

ကျူးရှောင်ကျောင်း အခန်းသို့ ရောက်သောအခါ၊ သူ အာရုံငါးပါးကို လွှတ်ထုတ်လိုက်ပြီး စစ်ဆေးလိုက်ရာ၊ သူမ ရေချိုးခန်းထဲတွင် ညည်းညူနေပုံ ရကြောင်း အာရုံခံမိလိုက်၏။ အခန်းတံခါးကို အမြန် ဖွင့်လိုက်ပြီး ရေချိုးခန်း တံခါးဝသို့ သွားလိုက်၏။

ဒီအချိန်မှာ ရေချိုးခန်းထဲက ရေကျသံ ရှင်းလင်းနေဆဲပင်။

ကျူးရှောင်ကျောင်း ၏ အဝတ်အစားများ ဘေစင် ပေါ်တွင် ပြန့်ကျဲနေ၏။

ကြည့်ရတာ သူမ အထဲမှာ ရေချိုးနေရင်း ချော်လဲသွားပုံ ရ၏။

"ယဲ့ဖန်... လာကူပါဦး... ငါ... ငါ ခြေထောက် ခေါက်သွားတယ် ထင်တယ်... မထနိုင်တော့ဘူး..."

ဒီအချိန်မှာ ကျူးရှောင်ကျောင်း ၏ ရှက်ရွံ့သော အသံ ရေချိုးခန်းထဲမှ ထွက်ပေါ်လာရာ၊ ယဲ့ဖန်၏ သုံးသပ်ချက် မှန်ကန်ကြောင်း အမြန် အတည်ပြုလိုက်သလို ဖြစ်သွားသည်။

ယဲ့ဖန် ရေချိုးခန်း တံခါးကို အမြန် တွန်းဖွင့်လိုက်ပြီး ဝင်သွားလိုက်၏။

ကျူးရှောင်ကျောင်း ရေချိုးခန်း ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး မျက်လုံးထဲတွင် မျက်ရည်များ ဝဲနေသည်ကို တွေ့လိုက်သည်။ သူမ အဝတ်ဗလာ ဖြစ်နေပြီး၊ လက်တစ်ဖက်က ခြေထောက်ကို ဖွဖွလေး ကိုင်ထား၏။ ကြည့်ရတာ အလွန် သနားစရာ ကောင်းနေ၏။

ယဲ့ဖန် မျက်နှာသုတ်ပုဝါ တစ်ထည်ကို အမြန် ဆွဲယူလိုက်ပြီး သူမထံ ကမ်းပေးလိုက်၏။ သူမ ကိုယ်ကို ဖုံးအုပ်ပြီးနောက်၊ သူ ချက်ချင်း မင်းသမီးလေး ပွေ့ချီနည်းဖြင့် ပွေ့ချီလိုက်ပြီး ခုတင်ပေါ်သို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားလိုက်၏။

"ဘယ်ခြေထောက် နာသွားတာလဲ... ငါ့ကို ပြပါဦး"

ကျူးရှောင်ကျောင်း ကို ခုတင်ပေါ် အပြားလိုက် ချပေးပြီးနောက်၊ ယဲ့ဖန် သူမ ခြေထောက်များကို လှည့်ကြည့်လိုက်၏။

ကျူးရှောင်ကျောင်း ညာဘက် ခြေထောက်ကို သနားစရာ ကောင်းအောင် လက်ညှိုးထိုးပြလိုက်၏။

"ဒီခြေထောက်... ခြေမျက်စိ... နာတယ်"

"မင်းက တကယ်ပါပဲ... ဒီလောက် မူးနေပြီဟာ... ဘာလို့ ရေသွားချိုးနေရတာလဲ"

ယဲ့ဖန် ပါးစပ်က ဆူပူလိုက်သော်လည်း၊ လက်တွေက မြန်ဆန်စွာ လှုပ်ရှားလိုက်ပြီး ကျူးရှောင်ကျောင်း ၏ ညာဘက် ခြေမျက်စိကို ချက်ချင်း ထိတွေ့လိုက်၏။

စစ်ဆေးပြီးနောက်၊ သူ ချက်ချင်း နှိပ်နယ်ပေးလိုက်သည်။

"ငါ သန့်သန့်ရှင်းရှင်းနဲ့ အိပ်ချင်လို့ပါ... ငါ့ကိုယ်မှာ အရက်နံ့တွေ ချွေးနံ့တွေ နံနေတာ... အရမ်း နံတယ်..."

ကျူးရှောင်ကျောင်း ယဲ့ဖန်၏ နှိပ်နယ်မှုကို ခံယူရင်း၊ သခင်၏ နှစ်သိမ့်မှု ခံရသော ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ တိုးတိုးလေး၊ လိမ္မာစွာ ရှင်းပြနေ၏။

သူမ စကားကို ကြားတော့ ယဲ့ဖန် ဘာမှ ဆက်မပြောတော့ပေ။ နှိပ်နယ်မှု ပြီးဆုံးသည် အထိ စောင့်လိုက်ပြီး ပြောလိုက်၏။

"အခု လျှောက်မပြေးနဲ့ဦး... အနည်းဆုံး မနက်ဖြန် မနက် အထိပဲ"

"ဒါဆို ငါ အိမ်သာ သွားချင်လို့ ခုတင်ပေါ်က ဆင်းရရင် ဘယ်လို လုပ်မလဲ"

ကျူးရှောင်ကျောင်း အမြန် မေးလိုက်၏။

ပြောရင်းနှင့် ယဲ့ဖန် ပြန်ဖြေတာကို မစောင့်ဘဲ အမြန် ထပ်ဖြည့်ပြောလိုက်၏။

"ငါနဲ့ အတူတူ အိပ်လိုက်ပါလား"

"ငါ ဘာဖြစ်ဖြစ်... အနည်းဆုံး နင် ချက်ချင်း ကူညီပေးလို့ ရတာပေါ့"

ယဲ့ဖန် တစ်ခုခု မှားနေပြီဟု ခံစားလိုက်၏။

သို့သော် သူ ဆက်မတွေးနိုင်ခင်မှာပင်၊ ကျူးရှောင်ကျောင်း မတ်တပ်ရပ်လိုက်ပြီး သူ့လက်မောင်းကို ဖက်လိုက်၏။

"ယဲ့ဖန်... ငါနဲ့ အတူတူ အိပ်လိုက်ပါနော်..."

သူမ ကိုယ်ပေါ်က မျက်နှာသုတ်ပုဝါက မူလကတည်းက သိပ်မမြဲဘူး ဆိုတော့၊ တိုက်ဆိုင်တာလား ဘာလား မသိ၊ ပြေလျော့ကျသွား၏။

တခဏချင်းတွင် သူမ ဗလာကျင်းသွားပြီး၊ နူးညံ့ပျော့ပျောင်းမှု တစ်ခု ယဲ့ဖန်၏ လက်မောင်းကို ရစ်ပတ်ထားလိုက်တော့သည်။

All Chapters