← Chapters

အခန်း (၂၀၆၃-၂၀၆၆)

Vol. 109 Ch. 2063-2066

အခန်း (၂၀၆၃-၂၀၆၆)

Vol. 109 Ch. 2063-2066

အခန်း (၂၀၆၃) - နင်က အရမ်း ဆိုးတာပဲ... ငါ နင့်ကို အရမ်း ချစ်တယ်

~ယဲ့ဖန် သူတို့ကို ဆက်ပြီး မဖုံးကွယ်ထားတော့ပေ။ ကျူးရှောင်ကျောင်း ၏ ခေါင်းကို ပုတ်ပြီးနောက်၊ သူတို့ သုံးဦးကို ပြောပြလိုက်၏။

"ဟိုင်လီ နဲ့ ယန်ဝေ လင်မယားက... ငါတို့ ပင်လယ်ပြင် ထွက်ဖို့ ပြင်ဆင်ကတည်းက ငါတို့နောက်ကို တိတ်တဆိတ် လိုက်နေခဲ့ကြတာ"

"သူတို့က သူတို့ကိုယ်သူတို့ ဉာဏ်ကောင်းတယ် ထင်နေကြတာ... ဒါပေမဲ့ သူတို့ စလိုက်ကတည်းက ငါ တွေ့ထားတယ် ဆိုတာ သူတို့ မသိကြဘူး"

ဟိုင်ရှောင်ယောင် ၏ ဦးနှောက် သေးသေးလေးက ဘာဖြစ်နေလဲ ဆိုတာ လိုက်မမီနိုင် ဖြစ်နေရှာသည်။

ယဲ့ဖန် စကားကို ကြားပြီးနောက်၊ ဦးနှောက် အလုပ်များလွန်းသွားသကဲ့သို့ ခေါင်းကို ကုတ်နေလေ၏။

ဟိုင်လင်းအာ ၏ မျက်လုံးများကမူ ပြူးကျယ်နေ၏။ အချိန်အတော်ကြာမှ သူမ စကားပြောနိုင်တော့သည်။

"ဒါဆို... အစ်ကို ယဲ့ဖန်... ရတနာသိုက် တွေ့ပြီ လို့ ပြောတုန်းက... ဟိုင်လီ နဲ့ ယန်ဝေ တို့ကို ထောင်ချောက်ဆင်ဖို့ စီစဉ်ခဲ့တာပေါ့"

ယဲ့ဖန် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။

ဟိုင်လင်းအာ ထပ်မံ မှင်သက်သွားပြီးနောက်၊ အသံထွက်၍ ရယ်မိတော့သည်။

"ဟားဟားဟား... ဟိုင်လီ နဲ့ ယန်ဝေ တို့ အိပ်မက်တောင် မက်နိုင်မှာ မဟုတ်ဘူး"

"တစ်နေ့ကုန် တူးပြီး ဘာမှ မတွေ့ရတဲ့ အခါ သူတို့ မျက်နှာထားတွေ ဘယ်လို ဖြစ်နေမလဲ ဆိုတာ မြင်ချင်လိုက်တာ"

"အစ်ကိုကြီး ယဲ့ဖန် က အရမ်း စွမ်းတာပဲ"

ဟိုင်ရှောင်ယောင် လည်း အရူးလေး တစ်ယောက်လို ပြုံးဖြီးဖြီး လုပ်နေ၏။

"ဒူလော် တိုက်ကြီးထဲက ထန်ဆန်း လိုပဲ"

"အစ်ကိုကြီး ယဲ့ဖန် ကို ဘယ်လိုလုပ် ဆဲနိုင်ရတာလဲ"

ဟိုင်လင်းအာက ဟိုင်ရှောင်ယောင် ကို ပေါ့ပေါ့ပါးပါး တွန်းလိုက်၏။

"ထန်ဆန်း ရဲ့ လက်ရှိ နာမည်ဂုဏ်သတင်းက သိပ်မကောင်းဘူးလေဟယ် "

ထိုအခါ၊ ဟိုင်ရှောင်ယောင် ရိုးအစွာ ပြုံးရင်း ရှင်းပြလိုက်၏။

"အစ်ကိုကြီး ယဲ့ဖန် စွမ်းတယ် ဆိုတာကို တင်စားလိုက်တာပါ... သူက အန်နီမေးရှင်းထဲက ဇာတ်လိုက်တွေလိုပဲ... အရာအားလုံး လုပ်နိုင်တယ်လေ"

မောင်နှမ နှစ်ယောက်၏ စနောက်မှုနှင့် ယဲ့ဖန်၏ ရှင်းပြချက်ကြောင့်၊ ဟိုင်လီနှင့် ယန်ဝေ တို့ ရတနာသိုက် လုယူသွားခြင်း၏ စိတ်ပျက်စရာ လေထုကြီး ချက်ချင်း လွင့်စင်သွားလေသည်။

ခဏတာ ရယ်မောပြီးနောက်၊ ဟိုင်လင်းအာ ယဲ့ဖန်ကို တဖန် ကြည့်လိုက်၏။

"ဒါဆို အစ်ကိုကြီး ယဲ့ဖန်... နောက်ထပ် ဘယ်သွားကြမလဲ"

"ဟိုဘက်ကို"

ယဲ့ဖန် နောက်ဘက်ကို ညွှန်ပြလိုက်သည်။

ယန်ဝေနှင့် ဟိုင်လီ တို့ကို ပင်လယ်ပြင် ဧရိယာ ဆီ ခေါ်သွားတုန်းက၊ သူ၏ နက်ရှိုင်းသော ရတနာ ရှာဖွေခြင်း စွမ်းရည်က သူတို့ ဖြတ်သန်းခဲ့သော ကမ်းခြေမှာ ကျောက်ဆောင် တစ်ခု ရှိနေတာကို တွေ့ရှိခဲ့ပြီး ဖြစ်၏။ ကျောက်ဆောင် ထဲမှာ ဂုံးယောက်မ အများအပြား ပုန်းအောင်းနေ၏။ ပို၍ ဝမ်းသာစရာ ကောင်းသည်မှာ ကျောက်ဆောင်နှင့် မီတာ နှစ်ရာ သုံးရာ ခန့် အကွာတွင် ပင်လယ် မျှော့ အများအပြား ပြန့်ကျဲနေခြင်းပင်။

ထိုအရာတွေကမှ စစ်မှန်သော ရတနာတွေလေ။

ယဲ့ဖန်က သူတို့ ဖြတ်သန်းခဲ့သော သစ်တောအုပ် နောက်ဘက် ပင်လယ်ပြင်ကို ညွှန်ပြနေတာ မြင်တော့၊ ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့ အနည်းငယ် သံသယ ဝင်သွား၏။

သို့သော် ယဲ့ဖန် သူတို့ကို ကျောက်ဆောင် ဆီ ခေါ်သွားပြီး ဂုံးယောက်မ အများအပြားကို မြင်လိုက်ရသောအခါ၊ ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့၏ မျက်လုံးများ အရောင်လက်သွားသည်။

"အစ်ကိုကြီး ယဲ့ဖန်... အစ်ကိုကြီးက အရမ်း အံ့သြဖို့ ကောင်းတာပဲ... အစ်ကိုကြီး မှန်ပြန်ပြီ"

ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့သည် ဘီလူးလေး တစ်ကောင်ကို တွေ့လိုက်ရသော အာလ်ထရာမန်း ကဲ့သို့ပင်။ အမြန် ပြေးသွားပြီး ကောက်ယူလိုက်ကြ၏။

"ဒီ ဂုံးယောက်မတွေ တစ်ခုတည်းနဲ့တင် ဒီနေ့ အတွက် ရိတ်သိမ်းမှု ကြီးကြီးမားမား ရပြီ လို့ ပြောလို့ ရတယ်"

"ခစ်ခစ်…ယဲ့ဖန်... ရှင်နဲ့ အတူ ပင်လယ်ပြင် ထွက်ရတာ တကယ် ပျော်ဖို့ ကောင်းလွန်းတယ်"

ကျူးရှောင်ကျောင်း လည်း အလွန် စိတ်လှုပ်ရှားနေသည်။ သူမ ဂုံးယောက်မများကို ချက်ချင်း သွားကောက်လိုက်၏။

"တကယ့် အတွေ့အကြုံသစ်ပဲ"

"နေဦး"

သို့သော် ယဲ့ဖန် သူမကို ပြန်ဆွဲထားလိုက်ပြီး၊ ကမ်းခြေပေါ်တွင် ပင်လယ် မျှော့များ ရှိနေသော နေရာ ဘက်သို့ ညွှန်ပြလိုက်၏။

"ဟိုဘက်မှာ ပိုကြီးမားတဲ့ အံ့သြစရာ လက်ဆောင် ရှိနေပုံ ရတယ်... အဲ့ဒီကို သွားကြည့်ရအောင်"

"တကယ်လား"

ကျူးရှောင်ကျောင်း အစပိုင်းတွင် မယုံကြည်ပေ။

သို့သော် ယဲ့ဖန် သူမကို ကျောက်ဆောင်နှင့် မီတာ နှစ်ရာ သုံးရာ ခန့် ဝေးသော ကမ်းခြေ အစွန်းသို့ ဆွဲခေါ်သွားသောအခါ၊ သူမ အော်ဟစ်လိုက်မိလေတော့၏။

"အာ... ဘုရားရေ... ပင်လယ် မျှော့တွေပါလား"

"ပင်လယ် မျှော့တွေ အများကြီးပဲ"

"ဒီ အောင်မြင်မှု နှုန်းက တကယ်ကို မိုက်လွန်းတယ်"

"ယဲ့ဖန်... ရှင်က တကယ့် ပင်လယ် နတ်ဘုရားပါပဲ"

ကျူးရှောင်ကျောင်း ယဲ့ဖန်ကို ဖက်ပြီး ပါးကို မနမ်းဘဲ မနေနိုင်တော့ပေ။ ထို့နောက် စိတ်လှုပ်ရှားနေသော ဟပ်စကီး ခွေးပေါက်လေး တစ်ကောင် ကဲ့သို့ ကမ်းခြေပေါ် ပြေးသွားပြီး ပင်လယ် မျှော့များကို စတင် ကောက်ယူတော့၏။

"ပင်လယ် မျှော့... ပင်လယ် မျှော့တွေ ဘယ်မှာလဲ"

ဂုံးယောက်မများကို ပျော်ရွှင်စွာ ကောက်ယူနေကြသော ဟိုင်ရှောင်ယောင်နှင့် ဟိုင်လင်းအာ တို့လည်း ကျောက်ဆောင် ကြားမှ ခေါင်းပြူထွက်လာကြ၏။

"ဒီဘက်မှာ"

ယဲ့ဖန် သူတို့ကို လက်ပြလိုက်၏။

မကြာမီ မောင်နှမ နှစ်ယောက် မီတာ တစ်ရာ အပြေးပြိုင်ပွဲ ဝင်နေသကဲ့သို့ အမြန် ပြေးလာကြ၏။

"ဘုရားရေ"

ယဲ့ဖန် အနား ရောက်ပြီး ကမ်းခြေပေါ်ရှိ ပင်လယ် မျှော့ ပုံကြီးကို မြင်လိုက်ရသောအခါ၊ မောင်နှမ နှစ်ယောက် ပါးစပ် အဟောင်းသားဖြင့် ယဲ့ဖန်ကို ကြည့်လိုက်ကြ၏။

“အစ်ကိုကြီး ယဲ့ဖန်... အစ်ကိုကြီးက မာကျူရဲ့ ကောင်းချီးပေးတာ သေချာပေါက် ခံထားရတာပဲ”

အခန်း (၂၀၆၄) - နောက်ထပ် ရတနာ တစ်ခု

~ဤအချိန်တွင် ကမ်းခြေပေါ်၌ ပြန့်ကျဲနေသော ပင်လယ်မျှော့များမှာ ဒါဇင် အနည်းငယ်မျှသာ မဟုတ်ဘဲ၊ ထူထပ်သော အစုအဝေးကြီး အဖြစ် တည်ရှိနေကြလေ၏။

ကျွန်းပေါ်တွင် ကြီးပြင်းလာခဲ့သော ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့ပင်လျှင် ဤမျှ များပြားသော ပမာဏကို တခါမှ မမြင်ဖူးကြချေ။

ဟိုင်လင်းအာ ကမ်းခြေ၏ အကျယ်အဝန်းနှင့် ပင်လယ်မျှော့ အရေအတွက်ကို အမြန် အကဲခတ်လိုက်၏။ သူမ အံ့သြစွာ ရေရွတ်လိုက်လေ၏။

"ဒီမှာ အနည်းဆုံး ပင်လယ်မျှော့ ပိဿာ (၂၀၀)၊ (၃၀၀) လောက် ရှိမယ်"

"ဒါ့အပြင်... ဒီပင်လယ်မျှော့တွေရဲ့ အရည်အသွေးက အရမ်း ကောင်းတယ်... အများစုက ပျမ်းမျှ အဆင့်ထက် မြင့်မားနေကြတယ်"

"ရောင်းစားမယ် ဆိုရင်... ဒီပင်လယ်မျှော့တွေက အနည်းဆုံး ယွမ် တစ်သောင်းလောက် ရနိုင်တယ်"

ဟိုင်ရှောင်ယောင် ဆက်ပြီး ထိန်းမထားနိုင်တော့ပေ။ ကမ်းခြေပေါ်ရှိ ပင်လယ်မျှော့များ ဆီသို့ ပြေးသွားပြီး ပြောလိုက်၏။

"ဒီရိတ်သိမ်းမှုက ကျွန်တော်တို့ ရွာရဲ့ ပင်လယ်မျှော့ ကောက်တဲ့ စံချိန်ကို သေချာပေါက် ချိုးဖျက်ပစ်လိုက်ပြီ"

ယဲ့ဖန် ပြုံးလိုက်၏။

"မြန်မြန် ကောက်ကြစို့"

"မဟုတ်ရင် နောက်ကျရင် တခြားသူတွေ တွေ့သွားလိမ့်မယ်"

"ဟုတ်ကဲ့"

ဟိုင်လင်းအာ ဘာမှ ဆက်မပြောတော့ဘဲ ပင်လယ်မျှော့များကို အမြန် စတင် ကောက်ယူလေတော့၏။

"ပင်လယ်ပြင် ရိတ်သိမ်းမှုရဲ့ ပျော်ရွှင်မှုကို ထပ်ပြီး ခံစားလိုက်ရပြန်ပြီ"

ဒီအချိန်မှာ ကျူးရှောင်ကျောင်း သိသိသာသာ ပျော်ရွှင်နေ၏။ ပင်လယ်မျှော့ အများကြီး ကောက်ရရုံတင် မကသေး၊ ဖုန်းထုတ်ပြီး ပင်လယ်မျှော့ အထူထပ်ဆုံး နေရာနှင့် တွဲပြီး ဆယ်လ်ဖီပါ ဆွဲလိုက်သေး၏။

ဆယ်လ်ဖီ ရိုက်ပြီးနောက်၊ မလုံလောက်သေးဘူးဟု ခံစားရသဖြင့်၊ ယဲ့ဖန်ကို ဆွဲခေါ်ပြီး သူမ၊ သူမ၏ ရိတ်သိမ်းမှုနှင့် ဒီပင်လယ်ပြင် ဧရိယာတို့ကို တွဲပြီး ဓာတ်ပုံ ရိုက်ခိုင်းပြန်၏။

ထို့နောက် ဟိုင်လင်းအာ ကို အကူအညီ တောင်းပြီး၊ သူမ၊ ယဲ့ဖန်နှင့် ခုနက ရရှိခဲ့သော ရလာဒ်များကို တွဲဖက် ဓာတ်ပုံ ရိုက်ခိုင်းပြန်သည်။

ဓာတ်ပုံ ရိုက်ပြီးနောက်၊ သူမ ပျော်ရွှင်စွာ ပင်လယ်စာ ကောက်ရင်း၊ သတင်းကောင်းကို တခြားသူများအား မျှဝေနေလေ၏။

ယဲ့ဖန် ပင်လယ်မျှော့ ကောက်နေရင်း၊ ရတနာ ရှာဖွေခြင်း လုပ်ဆောင်ချက်ကို ထပ်မံ အသက်သွင်းလိုက်သည်။

သို့သော် ယဲ့ဖန် မမျှော်လင့်ထားသည်မှာ၊ ကမ်းရိုးတန်း အနီးရှိ ပင်လယ်မျှော့များကို ကောက်ယူနေစဉ်၊ သူ တကယ်ပဲ ရှာဖွေတွေ့ရှိမှု အသစ်တစ်ခု ရရှိလိုက်ခြင်း ဖြစ်၏။

ရတနာ ရှာဖွေခြင်း လုပ်ဆောင်ချက်က ဒီနေရာနဲ့ မီတာ (၉၀၀) လောက် ဝေးသော ကျောက်ဆောင် ပုံကြီး တစ်ခု နောက်ကွယ်က ကမ်းခြေ အသေးစားလေး တစ်ခုမှာ၊ ကောင်းမွန်သည့် အရာ တစ်ခု ရှိနေကြောင်း ပြသနေ၏။

မိမိ ဧရိယာ အတွင်းရှိ ပင်လယ်မျှော့များကို အမြန် ကောက်ယူပြီးနောက်၊ ယဲ့ဖန် ခြင်းတောင်းကို ကောက်ကိုင်လိုက်သည်။

"ရှောင်ကျောင်း၊ လင်းအာ၊ ရှောင်ယောင်... ပင်လယ်မျှော့တွေကို မင်းတို့ဆီ အပ်ထားခဲ့မယ်... ငါ ဘေးနား သွားပြီး ရှာဖွေတွေ့ရှိမှု အသစ် ရှိမလား သွားကြည့်လိုက်ဦးမယ်"

ကျူးရှောင်ကျောင်း ခေါင်းမော့ကြည့်လိုက်၏။

"ရတနာသိုက် အသစ် ထပ်ရှာဦးမလို့လား"

"ဒီနေ့ ရိတ်သိမ်းမှုက မလုံလောက်သေးဘူးလား"

"ခုနက သမီး ပြောတာက လျှော့ပြောထားတာပါ"

ဟိုင်လင်းအာ ခေါင်းညိတ်လိုက်ပြီး၊ ပင်ပန်းနေသော်လည်း ကျေနပ်နေပုံ ရလေသည်။

"ဒီကမ်းခြေပေါ်က ပင်လယ်မျှော့တွေက အနည်းဆုံး ပေါင် (၄၀၀) လောက် ရှိမယ်"

"သမီးတို့ ရိတ်သိမ်းမှု ကြီးကြီးမားမား ရပြီးပါပြီ... အစ်ကို ယဲ့ဖန်"

ယဲ့ဖန်လည်း အများကြီး ရှင်းမပြတော့ပေ။ သူ ပြုံးလိုက်ပြီး ပြောလိုက်၏။

"စောပါသေးတယ်... သိပ်အဝေးကြီး မသွားပါဘူး... ဒီနား တစ်ဝိုက် တစ်ကီလိုမီတာ၊ နှစ်ကီလိုမီတာ လောက်ပဲ လမ်းလျှောက် ကြည့်မှာလေကွာ "

ကျူးရှောင်ကျောင်းနှင့် ဟိုင်လင်းအာ တို့ ဒါကို ကြားတော့ ဆက်မပြောတော့ဘဲ၊ ယဲ့ဖန်ကို ဂရုစိုက်ဖို့ သတိပေးလိုက်ပြီး ပင်လယ်မျှော့များကို ဆက်လက် ကောက်ယူနေကြ၏။

ယဲ့ဖန် ရတနာ ရှာဖွေခြင်း လုပ်ဆောင်ချက်က ပြသနေသော ပစ္စည်းကောင်း ရှိရာ နေရာသို့ လျှောက်သွားလိုက်၏။

ကျောက်ဆောင် ပုံကြီး တစ်ခုကို ဖြတ်ကျော်ပြီးနောက်၊ ကျောက်ဆောင်များ အလယ်ရှိ ကမ်းခြေ အသေးစားလေး တစ်ခုကို မြင်လိုက်ရသောအခါ၊ အထူးသဖြင့် ကမ်းခြေပေါ်တွင် ပြန့်ကျဲနေသော ပင်လယ်မျှော့ အနည်းငယ်ကို မြင်လိုက်ရသည့်အခါ၊ ယဲ့ဖန်၏ မျက်လုံးများ အံ့သြစွာ ပြူးကျယ်သွားရလေသည်။

ဒီ ပင်လယ်မျှော့ သုံးကောင်က အစောက ကမ်းခြေမှာ တွေ့ခဲ့ရသော ပင်လယ်မျှော့တွေထက် သိသိသာသာ ပိုကြီးမားနေ၏။ ထိုအထဲက နှစ်ကောင်က နို့နှစ်ရောင် ရှိပြီး၊ ကျောက်စိမ်းဖြူ ကဲ့သို့သော အသားအရောင် ရှိသည်။ သာမန် မဟုတ်ကြောင်း သိသာလှ၏။

ယဲ့ဖန် ဖုန်းကို ချက်ချင်း ထုတ်လိုက်ပြီး သက်ဆိုင်ရာ သတင်းအချက်အလက်များကို ရှာဖွေလိုက်သည်။

ထို့နောက် သူ ရယ်ချလိုက်မိသည်။

[ပင်လယ်မျှော့ဖြူ ၊ ကျောက်စိမ်းဖြူ ပင်လယ်မျှော့ လို့လည်း လူသိများတယ်.. ရှားပါးတဲ့ ပင်လယ်မျှော့ အမျိုးအစား ဖြစ်တယ်... ပင်လယ်မျှော့တွေရဲ့ မျိုးရိုးဗီဇ ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ထုတ်ကုန် ဖြစ်ပြီး သဘာဝ တရားကြီးထဲမှာ တွေ့ရခဲပါတယ်။ ]

[ပင်လယ်မျှော့ အကောင်ရေ (၂၀၀,၀၀၀) တွင် တစ်ကောင်သာ မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် အဖြူရောင် အဖြစ် ပြောင်းလဲနိုင်တယ်... လွန်ခဲတဲ့ နှစ်အနည်းငယ်က ကျိစီးတီး မှာ ပင်လယ်မျှော့ဖြူ တစ်ကောင်ကို တစ်ကီလိုလျှင် (၃၃၀,၀၀၀) ဈေးနဲ့ လေလံတင် ရောင်းချခဲ့ပါတယ်...]

ဖုန်းထဲက သတင်းအချက်အလက်တွေ အရ၊ ဒီအရာကို ကျောက်စိမ်းဖြူ ပင်လယ်မျှော့ဟု ခေါ်၏။ အလွန် ရှားပါးပြီး တန်ဖိုး ဖြတ်မရနိုင်ပေ။

ဒီ ကျောက်စိမ်းဖြူ ပင်လယ်မျှော့ နှစ်ကောင်တည်းနှင့်တင် သာမန် ပင်လယ်မျှော့ ပိဿာ နှစ်ထောင် သုံးထောင်လောက်နဲ့ ညီမျှနေပြီ။ တန်ဖိုးအားဖြင့် အနည်းဆုံး ယွမ် နှစ်သိန်း သုံးသိန်းလောက် ရှိ၏။

ဒီနေ့ သူ့ကံတရားက တော်တော် ကောင်းနေတာ ထင်ရှား၏။ ပင်လယ်မျှော့ ပိဿာ ရာချီ ရထားတာ အပြင်၊ နောက်ထပ် ရတနာ တစ်ခုကိုပါ ကောက်ယူ ရရှိလိုက်ပြန်ပြီလေ။

ဖုန်းကို သိမ်းဆည်းပြီးနောက်၊ ယဲ့ဖန် ကမ်းခြေသို့ အမြန် လျှောက်သွားပြီး ပင်လယ်မျှော့ သုံးကောင်ကို ကောက်ယူကာ ပြန်လှည့်လာခဲ့တော့၏။

---

အခန်း (၂၀၆၅) - သူ့ကံတရားက အတိုင်းအတာတွေ ကျော်လွန်နေပြီ

~"ဘယ်လိုလဲ ယဲ့ဖန်... တခြား နေရာတွေမှာ ပစ္စည်း ရခဲ့လား"

ကျူးရှောင်ကျောင်းနှင့် အခြား နှစ်ဦးတို့သည် ပင်လယ်မျှော့များကို ပျော်ရွှင်စွာ ကောက်ယူနေဆဲပင်။ ယဲ့ဖန် ပြန်ရောက်လာသည်ကို မြင်သောအခါ၊ ကျူးရှောင်ကျောင်း ပထမဆုံး ရပ်တန့်ပြီး မေးလိုက်၏။

ဟိုင်လင်းအာ လည်း စူးစမ်းချင်စိတ် ဖြစ်ပေါ်နေသည်။

သို့သော် သူမက ဉာဏ်ကောင်းသူ ဖြစ်သဖြင့်၊ မမေးတာ ပိုကောင်းမယ် ဆိုတာ သိ၏။ မျက်လုံးထဲတွင် စူးစမ်းချင်စိတ်များ ပြည့်နှက်နေသော်လည်း၊ သူမ မမေးခဲ့ပေ။

ဟိုင်ရှောင်ယောင် ကတော့ အများကြီး တွေးတတ်သူ လူတစ်ယောက် မဟုတ်ပါ လေ။ သူ အလိုအလျောက် ဝင်ပြောလိုက်၏။

"ဒီလောက် ကြီးမားတဲ့ ပင်လယ်မျှော့ ဧရိယာကြီး တွေ့တာနဲ့တင် မာကျူ ရဲ့ ကောင်းချီး ဖြစ်နေပါပြီ... ဒီနား တစ်ဝိုက်မှာ တခြား ပစ္စည်းကောင်းတွေ မရှိလောက်တော့ပါဘူး... ဟုတ်တယ် မလား၊ အစ်ကိုကြီး"

ယဲ့ဖန် အများကြီး မပြောတော့ပေ။ ခြင်းတောင်းထဲမှ ကျောက်စိမ်းဖြူ ပင်လယ်မျှော့ တစ်ကောင်ကို ထုတ်ယူလိုက်ပြီး သူတို့ သုံးဦးအား ပြသလိုက်၏။

"ငါတို့ ကံမဆိုးပါဘူး... ဟိုဘက်က ကျောက်ဆောင်ပုံ နောက်ကွယ်မှာ ဒါကို တွေ့ခဲ့တာ"

"ဒါက..."

ကျောက်စိမ်းဖြူကဲ့သို့ လှပသော ပင်လယ်မျှော့ဖြူကို မြင်လိုက်ရသောအခါ ဟိုင်ရှောင်ယောင် ပါးစပ် အဟောင်းသား ဖြစ်သွား၏။

"ဘုရားရေ"

ထို့နောက် သူ အသိပြန်ဝင်လာသည်။ လက်ထဲမှ ပင်လယ်မျှော့ကို လွှင့်ပစ်လိုက်ပြီး ယဲ့ဖန် ဆီသို့ အပြေးကလေး ပြေးသွားကာ၊ ပင်လယ်မျှော့ဖြူကို သေချာ ကြည့်ရှု စစ်ဆေးလိုက်လေ၏။

"ပင်လယ်မျှော့ဖြူ..."

ဟိုင်လင်းအာနှင့် ကျူးရှောင်ကျောင်း တို့လည်း အမြန် ရောက်ရှိလာကြ၏။

"ဒီ ပင်လယ်မျှော့က အရမ်း လှတာပဲ... ကျောက်စိမ်းဖြူ နဲ့ ထုဆစ်ထားသလိုပဲ"

ကျူးရှောင်ကျောင်း က ဒီပင်လယ်မျှော့ကို မသိပေ။ လှသည် ဟုသာ တွေးတတ်၏။

ဟိုင်လင်းအာ မျက်လုံးများ ပြူးကျယ်သွား၏။

"ဒါက ပင်လယ်မျှော့တွေရဲ့ ဘုရင်... ကျောက်စိမ်းဖြူ ပင်လယ်မျှော့ ပဲ"

"အစ်ကို ယဲ့ဖန်... အစ်ကို့ ကံတရားက တကယ် ပြိုင်ဘက်ကင်းပါပဲ"

"ဒီလို ပင်လယ်မျှော့မျိုးက...အကောင် (၁၀၀,၀၀၀) မှာ တစ်ကောင်တောင် ရှိချင်မှ ရှိတာရှင့်...သမီးတို့ ရွာမှာ နှစ်နှစ် သုံးနှစ်နေမှ တစ်ကောင် တွေ့ရခဲတဲ့ အရာကို... အစ်ကိုကြီးက တကယ် ရခဲ့တာပဲ"

"ပြီးတော့ အစ်ကို့ရဲ့ ကျောက်စိမ်းဖြူ ပင်လယ်မျှော့က တော်တော် ကြီးတယ်... ရောင်းမယ် ဆိုရင်... အနည်းဆုံး တစ်သိန်းလောက်တော့ ရနိုင်တယ်နော်"

သူမ စကားကို ကြားမှ ကျူးရှောင်ကျောင်း တုံ့ပြန်နိုင်တော့၏။

"ဒီအရာက အဲ့ဒီလောက် တန်ဖိုးကြီးတာလား"

သူမ မေးခွန်းကို ဟိုင်လင်းအာ အမြန် ခေါင်းညိတ်လိုက်၏။

"ပြီးခဲ့တဲ့ တစ်ခေါက် ရွာက လူတစ်ယောက် တွေ့တုန်းက... ဒီဟာထက် နည်းနည်း သေးတယ်... သူ ဖုန်းခေါ်လိုက်တော့ အပြင်က ဟိုတယ် အကြီးကြီး တစ်ခုက ရဟတ်ယာဉ် ငှားပြီး ညချင်းပေါက် လာယူသွားတာ... ယွမ် တစ်သိန်း ပေးသွားတယ်"

"ဒီအရာက အဆင့်မြင့် စားသောက်ဆိုင် တချို့မှာ... အထူးသဖြင့် ရှန်ကျန်း မြို့ က ဆိုင်တွေမှာ အရမ်း လူကြိုက်များတယ် လို့ ကြားတယ်"

"ပြီးခဲ့တဲ့ တစ်ခေါက် ဟိုတယ် ပိုင်ရှင် ပြန်သွားတုန်းက... ညီမတို့ ရွာကို ဆက်သွယ်ရန် ဖုန်းနံပါတ် သီးသန့် ပေးခဲ့တယ်... နောက်တစ်ခါ ဒီလိုမျိုး ထပ်တွေ့ရင် အချိန်မရွေး ဖုန်းဆက်ပါ တဲ့... သူ ဈေးကြီးပေးပြီး လာဝယ်ပါ့မယ် တဲ့"

ဟိုင်ရှောင်ယောင် လေးစားအားကျမှုများ ပြည့်နှက်နေလေသည်။

"အစ်ကိုကြီး ယဲ့ဖန်... ဒီလို ကျောက်စိမ်းဖြူ ပင်လယ်မျှော့မျိုး တွေ့တာ... အစ်ကိုကြီး ချမ်းသာပြီ"

"ဒီ ပင်လယ်မျှော့က အရသာ ရှိတဲ့ မုန့်တွေ၊ အရုပ်တွေ အများကြီးနဲ့ လဲလို့ ရတယ်"

ယဲ့ဖန် ခြင်းတောင်းထဲမှ နောက်ထပ် ကျောက်စိမ်းဖြူ ပင်လယ်မျှော့ တစ်ကောင်ကို ထပ်မံ ထုတ်ယူလိုက်ပြီး ပြုံးလိုက်၏။

"တကယ်တော့ တစ်ကောင်တည်း မဟုတ်ပါဘူး... ကျောက်စိမ်းဖြူ ပင်လယ်မျှော့ နှစ်ကောင် တွေ့ခဲ့တာ"

"ဘုရားရေ"

ဒါကို ကြားလိုက်ရသောအခါ ဟိုင်ရှောင်ယောင်နှင့် ဟိုင်လင်းအာ တို့၏ မေးရိုးများ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

‘ဒါက ကျောက်စိမ်းဖြူ ပင်လယ်မျှော့လေ။

ဒီကျွန်းငယ်လေး ပေါ်မှာ ပုံမှန် အားဖြင့် နှစ်နှစ် သုံးနှစ်နေမှ တစ်ကောင် ရှာတွေ့ဖို့ ခက်ခဲတာ။

ဒါပေမဲ့ အခု အစ်ကိုကြီး ယဲ့ဖန် က နှစ်ကောင်တောင် လွယ်လွယ်ကူကူ ရှာတွေ့ခဲ့သည်လား။’

ခဏတာ မှင်သက်သွားပြီးနောက်၊ ဟိုင်လင်းအာ နောက်ဆုံးတော့ အသိပြန်ဝင်လာပြီး အမြန် ပြောလိုက်၏။

"အစ်ကို ယဲ့ဖန်... စားသောက်ဆိုင် ပိုင်ရှင်ရဲ့ ဖုန်းနံပါတ် ရှာပေးရမလားဟင်"

"အစ်ကို့ရဲ့ ကျောက်စိမ်းဖြူ ပင်လယ်မျှော့ နှစ်ကောင်က အရမ်း ကြီးပြီး လှတယ်... သူ့ကို ရောင်းလိုက်ရင်... အနည်းဆုံး သုံးသိန်းလောက်တော့ ရမယ် လို့ ခန့်မှန်းရပါတယ်"

ယဲ့ဖန် ကျူးရှောင်ကျောင်း၏ စိတ်အားထက်သန်ပြီး စူးစမ်းလိုစိတ် ပြင်းပြနေသော မျက်လုံးများကို တစ်ချက် ကြည့်လိုက်ပြီး၊ ပြုံးကာ ခေါင်းခါလိုက်၏။

"အစ်ကိုကြီးက ဘာလို့ ရောင်းရမှာလဲ"

"အစ်ကိုကြီးတို့က အဲ့ဒီ ပိုက်ဆံလောက်ကို မက်မောနေတာမှ မဟုတ်တာ... ပြန်ယူသွားပြီး အရသာ ခံကြည့်ကြတာပေါ့"

မျှော်လင့်ထားသည့် အတိုင်းပင်၊ ကျူးရှောင်ကျောင်း ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်၏။

"ကျွန်မ ပင်လယ်မျှော့တွေ အများကြီး စားဖူးပေမဲ့... ကျောက်စိမ်းဖြူ ပင်လယ်မျှော့ရဲ့ အရသာကို မမြည်းစမ်းဖူးသေးဘူး"

"နောက်ကျရင် မြည်းစမ်းကြည့်ရမယ်"

ဒါကို မြင်တော့ ဟိုင်လင်းအာ ဝင်မပြောတော့ပေ။ သူမ ခဏတာ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"နောက်ကျရင် ပြန်ရောက်တဲ့ အခါ... ဒါကို ဘယ်လို အရသာ ရှိအောင် ချက်ရမလဲ ဆိုတာ ရွာထဲက လူကြီးတွေကို မေးကြည့်ပေးပါ့မယ်နော်"

ယဲ့ဖန် ပြုံးလိုက်၏။ ပင်လယ်မျှော့များကို မြန်မြန် ကောက်ယူရန် အားလုံးကို မျက်ရိပ်ပြလိုက်ပြီး၊ ယန်ဝေနှင့် ဟိုင်လီ တို့ သင်တုန်းဓား ဂုံးဘုရင် တူးဆွနေကြသော ကမ်းခြေ ဘက်သို့ လျှောက်သွားလိုက်၏။

ဒီနေ့ ထိုဇနီးမောင်နှံကို လှည့်စားခြင်း အစီအစဉ်၏ နောက်ဆုံး အပိုင်းကို လုပ်ဆောင်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်လေသည်။

---

အခန်း (၂၀၆၆) - မနာလို ဝန်တိုစိတ်က ငါ့ကို မှတ်မိနိုင်စွမ်း မရှိအောင် ပြောင်းလဲပစ်လိုက်ပြီ

~"အစ်ကိုကြီး ယဲ့ဖန်... အိမ်မပြန်ဘူးလား"

ယဲ့ဖန်က လူတိုင်းကို အိမ်နှင့် ဆန့်ကျင်ဘက် လမ်းကြောင်းသို့ ဦးဆောင် ခေါ်သွားနေသည်ကို မြင်လိုက်ရသောအခါ ဟိုင်ရှောင်ယောင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

သို့သော် သူသည် ယဲ့ဖန်၏ ဖန်ဘွိုင်းလေး တစ်ယောက် ကဲ့သို့ ပြုမူနေဆဲပင်။ ယဲ့ဖန်၏ ခြေလှမ်းများ နောက်သို့ တုံ့ဆိုင်းခြင်း မရှိဘဲ လိုက်ပါသွားလေ၏။

ဘေးနားတွင် ဟိုင်လင်းအာနှင့် ကျူးရှောင်ကျောင်း တို့လည်း ယဲ့ဖန် နောက်သို့ လိုက်ရန် ရွေးချယ်လိုက်ကြသော်လည်း၊ သူတို့၏ မျက်နှာထားများတွင် သံသယနှင့် စူးစမ်းချင်စိတ်များ ပြည့်နှက်နေသည်။

ယဲ့ဖန် ဟိုင်ရှောင်ယောင်၏ ခေါင်းကို ပွတ်သပ်လိုက်၏။ ထို့နောက် သူ့အကြည့်များက ဟိုင်လင်းအာ၊ ကျူးရှောင်ကျောင်းနှင့် ဟိုင်ရှောင်ယောင် တို့ကို ဖြတ်ကျော်သွားသည်။

"ဟိုင်လီ နဲ့ ယန်ဝေ တို့ရဲ့ မျက်နှာထားတွေကို မမြင်ချင်ကြဘူးလား"

ဟိုင်ရှောင်ယောင်၏ မျက်လုံးများ အရောင်လက်သွား၏။

"ဒါဆို... အစ်ကိုကြီး ယဲ့ဖန်... ဆိုလိုတာက..."

"ငါတို့ကို အဲ့ဒီ လူဆိုး နှစ်ယောက် ဆီ ခေါ်သွားပြီး... သူတို့ အရူးလုပ်ခံရတာကို သွားကြည့်ကြမလို့လား"

"ဒီနေ့ သူတို့ နှစ်ယောက် တစ်နေ့ဝက်လောက် ကြိုးစားပမ်းစား တူးပြီး ဘာမှ မတွေ့ရတဲ့ အခါ... သူတို့ မျက်နှာထားတွေ သေချာပေါက် စိတ်ဝင်စားစရာ ကောင်းနေမှာပဲ"

ဟိုင်လင်းအာ မရယ်ဘဲ မနေနိုင်တော့ချေ။

"ဟီးဟီး…မြန်မြန်... မြန်မြန် သွားကြမယ်... အဲ့ဒီ အရှက်မရှိတဲ့ လူ နှစ်ယောက် ခံစားနေရတာကို မြင်ချင်လှပြီ"

ကျူးရှောင်ကျောင်း ခြေလှမ်းကို အရှိန်မြှင့်လိုက်ပြီး၊ ဟိုင်လီနှင့် သူ့မိန်းမ ရှိရာ ကမ်းခြေသို့ ဟိုင်လင်းအာ ကို ဆွဲခေါ်သွားလိုက်၏။

တချိန်တည်း နီးပါးမှာပင်၊ သစ်တောအုပ်ကြီး နောက်ဘက်ရှိ ကမ်းခြေပေါ်၌၊ ယန်ဝေ သည် သဲကျင်း တစ်ခု ထဲတွင် ဖင်ထိုင်လျက် ရှိနေလေပြီ။ သူမ တကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး၊ ဆံပင်များ ရှုပ်ပွနေသည်။ သူမ၏ မျက်လုံးများသည် အိပ်မက် ပျောက်ဆုံးနေသော ငါးပိကောင် တစ်ကောင်ကဲ့သို့ အသက်မဲ့နေလေ၏။

သူမသည် မြေကြီးပေါ်တွင် ထိုင်နေသော သူမ၏ ခင်ပွန်းကို အားမရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ကျွန်မ မတူးနိုင်တော့ဘူး... တကယ် မတူးနိုင်တော့ဘူး... ဆက်တူးရင် ကျွန်မ လဲသေတော့မယ် ထင်တယ်"

ဟိုင်လီ အသက်ပြင်းပြင်း ရှူနေရင်း ဂေါ်ပြားကို အားကုန်သုံးပြီး ကောက်ကိုင်လိုက်ကာ ကမ်းခြေပေါ်တွင် အကြိမ် အနည်းငယ် ထပ်မံ တူးဆွလိုက်သည်။

သို့သော် ကမ်းခြေပေါ်တွင် ဘာမျှ မရှိသေးပေ။

သင်တုန်းဓား ဂုံးဘုရင် ထားလိုက်ပါတော့၊ ပုံမှန် အရွယ်အစား ရှိသော သင်တုန်းဓား ဂုံးကောင် တစ်ကောင်တောင် မရှိပေ။

"ဘယ်လို ဖြစ်နိုင်မှာလဲ..."

ဟိုင်လီ လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။

"အဲ့ဒီ မြို့ကြီးသား နှစ်ယောက်က ပင်လယ်ပြင် ရိတ်သိမ်းရာမှာ အရမ်း တော်တယ် မဟုတ်ဘူးလား"

"ဒီနေရာက သင်တုန်းဓား ဂုံးကောင်တွေ တူးဖို့ သင့်တော်တယ် လို့ သူ ပြောထားမှတော့... ယုတ္တိဗေဒ အရ ဆိုရင် အမှားအယွင်း မရှိသင့်ဘူးလေ... ဟုတ်တယ်မလား"

ယန်ဝေ မြေကြီးပေါ်တွင် ထိုင်နေဆဲပင်။ အားနည်းနေဆဲ ဖြစ်၏။

"ဒါဆို... မနေ့က အဲ့ဒီ မြို့ကြီးသား နှစ်ယောက် ကံကောင်းသွားတာ ဖြစ်နိုင်မလား"

"သူတို့က ပင်လယ်ပြင် ကျွမ်းကျင်သူတွေ မဟုတ်ကြဘူးလား... ငါတို့ အစကတည်းက မှားနေခဲ့တာလား"

"သူတို့က ပင်လယ်ပြင် ရိတ်သိမ်းရေး ကျွမ်းကျင်သူတွေ မဟုတ်ဘူးလား"

ဒါကို ကြားလိုက်ရသောအခါ ဟိုင်လီ ၏ နောက်ဆုံး အားအင်များ ကုန်ဆုံးသွားသကဲ့သို့ ဖြစ်သွားပြီး၊ လက်ထဲမှ ဂေါ်ပြား မြေကြီးပေါ် ပြုတ်ကျသွားလေသည်။

ထိုအခိုက်အတန့်တွင် ရင်းနှီးသော အမျိုးသား အသံတစ်ခု သစ်တော ဘက်မှ ထွက်ပေါ်လာ၏။

"ဟေး... ခင်ဗျားတို့ မျက်နှာထားတွေက ဘာဖြစ်နေကြတာလဲ"

"ဒီမှာ သင်တုန်းဓား ဂုံးဘုရင်တွေ တူးရတာ မပျော်ဘူးလားဗျ"

ယဲ့ဖန်၏ အဖွဲ့ လျှောက်လာကြသည်။

"သင်တုန်းဓား ဂုံးဘုရင် လာလုပ်မနေနဲ့"

ယန်ဝေ သိသိသာသာ ဒေါသထွက်နေပြီး အလိုအလျောက် ပြန်ပြောလိုက်၏။

"ငါ့ယောကျာ်း နဲ့ ငါ နေပူကျဲကျဲ အောက်မှာ နာရီပေါင်းများစွာ တူးနေတာ... ဘာမှ မတွေ့ဘူး"

"ဟမ်..."

ကျူးရှောင်ကျောင်း မျက်မှောင် အနည်းငယ် ကြုတ်ပြီး ကြည့်လိုက်သောအခါ၊ ယန်ဝေ ပါးစပ်ကို အမြန် ပိတ်လိုက်ပြီး ရှက်ရွံ့သော မျက်နှာထား ဖြစ်ပေါ်လာ၏။

ဟိုင်လီ က အနည်းငယ် ပိုမြန်ဆန်စွာ တုံ့ပြန်လိုက်၏။ သူ အနေရခက်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော့် ကံတရားက သိပ်မကောင်းဘူး ထင်တယ်... တစ်နေ့ဝက်လောက် တူးတာတောင် ဘာမှ မတွေ့ဘူး"

ထို့နောက် သူ စကားလမ်းကြောင်း အမြန် လွှဲလိုက်၏။

"ခင်ဗျားတို့ရော... ဘယ်လိုလဲ"

"ခင်ဗျားတို့က ပင်လယ်ပြင် ရိတ်သိမ်းရာမှာ အရမ်း တော်တာပဲ... ဒီနေ့ အများကြီး ရခဲ့မှာ သေချာတယ်... ဟုတ်တယ်မလား"

ယဲ့ဖန် ပြုံးလိုက်ပြီး ဘာမှ မပြောပေ။

သို့သော် ဟိုင်ရှောင်ယောင်က ချက်ချင်း ဝင်ပြောလိုက်သည်။

"သာမန်ပါပဲ... အစ်ကိုကြီး ယဲ့ဖန် က ကျွန်တော်တို့ကို ပင်လယ်မျှော့ အများကြီး ရှာတွေ့အောင် လုပ်ပေးခဲ့ရုံပါ"

"စုစုပေါင်း ပိဿာ (၃၀၀)၊ (၄၀၀) လောက် ရှိမယ်"

"ဘာ..."

ဟိုင်လီ၏ မျက်လုံးများ ပြူးကျယ်သွား၏။

"ပင်လယ်မျှော့ ပိဿာ (၃၀၀)၊ (၄၀၀) ဟုတ်လား"

"ရောင်းလိုက်ရင်... ယွမ် သောင်းချီ မရနိုင်ဘူးလား"

ယန်ဝေ၏ အသက်ရှူသံများ မြန်ဆန်လာသည်။

"ဘာလို့ နင်တို့က ဒီလောက် ကံကောင်းနေရတာလဲ... ဘာလို့ ငါတို့ကျမှ ဒီလောက် ကံဆိုးနေရတာလဲ"

"အစ်ကိုကြီး ယဲ့ဖန် က ကံကောင်းရုံ သက်သက်ပါ လို့ ဘယ်သူ ပြောလဲ"

ဟိုင်ရှောင်ယောင် အေးစက်စွာ နှာမှုတ်လိုက်၏။

"အစ်ကိုကြီး ယဲ့ဖန် က တကယ် စွမ်းတာ"

"ဂုံးယောက်မတွေ၊ ပင်လယ်မျှော့တွေ အများကြီး ရှာတွေ့အောင် လုပ်ပေးတာ အပြင်... သူ ကျောက်စိမ်းဖြူ ပင်လယ်မျှော့ နှစ်ကောင်တောင် ရှာတွေ့ခဲ့သေးတယ်"

"ဘာ... ကျောက်စိမ်းဖြူ ပင်လယ်မျှော့... နှစ်ကောင်တောင် ဟုတ်လား"

ယန်ဝေနှင့် ဟိုင်လီ တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်လိုက်မိကြသည်။

ဒီတစ်ခါတော့ သူတို့ တကယ်ပဲ မနာလို ဝန်တိုစိတ်ကြောင့် မှတ်မိနိုင်စွမ်း မရှိအောင် ပြောင်းလဲသွားကြလေပြီ။

All Chapters