အခန်း (၂၀၆၇-၂၀၇၀)
Vol. 109 Ch. 2067-2070
အခန်း (၂၀၆၇) - လူကို သတ်တာ မဟုတ်ဘူး... စိတ်ကို သတ်လိုက်တာ
~အနည်းဆုံး ယွမ် (၂၀၀,၀၀၀) ခန့် တန်ကြေးရှိသော ပမာဏပင်။
အကယ်၍ သူတို့သာ ထိုအရာကို တစ်ကောင်လောက် ရရှိခဲ့ပါက၊ မိုးပေါ်မှ ရွှေဒင်္ဂါးများ ပြိုကျလာသည်နှင့် တူပေလိမ့်မည်။
အထူးသဖြင့် တစ်နေ့ကုန်အောင် တူးဆွပြီး ဂုံးခွံအကျိုးအပဲ့ တစ်ခုမျှပင် မရရှိခဲ့သော သူတို့၏ လက်ရှိ အခြေအနေနှင့် ယှဉ်ကြည့်လိုက်လျှင် ရင်နာစရာ ကောင်းလွန်းလှ၏။
ယန်ဝေနှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက်၊ ယန်ဝေသည် စိတ်မထိန်းနိုင်တော့ဘဲ ဒေါသပေါက်ကွဲသွားတော့သည်။
"ဒါက သိပ်လွန်လွန်းတယ်"
"နင်တို့လည်း အစတုန်းက ဒီကမ်းခြေကို မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ကြတာ မဟုတ်ဘူးလား... ဘာလို့ ဒီမှာ ဆက်နေဖို့ ရွေးချယ်ခဲ့တာလဲ... ဒီမှာ ပင်လယ်စာမှ မရှိတာ... နင်တို့ တခြား နေရာ သွားတော့ကျ ပင်လယ်မျှော့တွေ အများကြီး ရရုံတင် မကဘူး... ကျောက်စိမ်းဖြူ ပင်လယ်မျှော့တွေတောင် ရခဲ့တယ်တဲ့လား"
"ကောင်းကင်ဘုံက ငါတို့ကို တမင်တကာ ကစားနေတာများလား"
"ဒီတစ်ခါ နင်တို့ လက်ပြည့်ပြန်လာနိုင်တာ ကံကောင်းလို့ပဲ မလား"
ဟိုင်လီ သည်လည်း ဤခါးသီးသော အမှန်တရားကို လက်မခံနိုင် ဖြစ်နေ၏။
"မဟုတ်ရင် ဘာလို့ ဒီကမ်းခြေမှာ ဘာမှ တူးမရခဲ့တာလဲ"
ဟိုင်ရှောင်ယောင်၊ ဟိုင်လင်းအာနှင့် ကျူးရှောင်ကျောင်း တို့ကမူ အေးစက်စွာ နှာမှုတ်လိုက်ပြီး သူတို့ကို လျစ်လျူရှုထားလိုက်ကြသည်။ သူတို့၏ မနာလိုဝန်တိုမှုများကို ပြန်လည် ဖြေရှင်းရန်ပင် မတန်ဟု ယူဆထားပုံ ရ၏။
သို့သော် ယဲ့ဖန် ၏ မျက်နှာပေါ်တွင် အံ့သြသွားသကဲ့သို့သော အမူအရာများ ဖြစ်ပေါ်လာလေသည်။
"ဒီကမ်းခြေမှာ ပင်လယ်စာ မရှိဘူး လို့ ဘယ်သူ ပြောလဲ"
"ကျွန်တော် ကြည့်လိုက်ကတည်းက ဒီနားမှာ သင်တုန်းဓား ဂုံးကောင်တွေ ရှိမှန်း သိပါတယ်"
ပြောရင်းနှင့် ယဲ့ဖန်သည် ခြင်းတောင်းကို ချလိုက်ပြီး ဂေါ်ပြား အသေးစားလေး တစ်ချောင်း ထုတ်လိုက်၏။ ယန်ဝေ ဘေးနားသို့ လျှောက်သွားပြီး သုံးမီတာလောက် အကွာတွင် တူးဆွလိုက်ရာ၊ အဆီအစ်နေသော သင်တုန်းဓား ဂုံးဘုရင် တစ်ကောင်ကို တူးဖော် ရရှိလိုက်လေသည်။
"ခင်ဗျားတို့ သေချာ မတူးခဲ့ကြဘူး ထင်တယ်"
ယဲ့ဖန်သည် သင်တုန်းဓား ဂုံးဘုရင်ကို ခြင်းတောင်းထဲ ထည့်လိုက်၏။ ပတ်ဝန်းကျင်ကို ရှာဖွေသယောင် ဟန်ဆောင်လိုက်ပြီး၊ ယန်ဝေနှင့် ငါးမီတာ မပြည့်သော နေရာတွင် ဒုတိယမြောက် သင်တုန်းဓား ဂုံးဘုရင်ကို ထပ်မံ တူးဖော် ရရှိလိုက်ပြန်သည်။
"ကြည့်ပါဦး... ဒီအဒေါ်ကြီးရဲ့ သုံးမီတာ ငါးမီတာ အကွာအဝေး အတွင်းမှာတင် သင်တုန်းဓား ဂုံးဘုရင် နှစ်ကောင် တူးလို့ ရတယ်"
ရုတ်တရက် ယန်ဝေနှင့် ဟိုင်လီ တို့၏ မျက်လုံးများ ပြူးကျယ်သွားကြလေတော့၏။
"ဒီလောက် ကြီးမားတဲ့ သင်တုန်းဓား ဂုံးဘုရင်ကြီးက ငါတို့ ဘေးနားမှာ ရှိနေခဲ့တာလား"
ဟု ယန်ဝေ တီးတိုး ရေရွတ်လိုက်မိသည်။
ဟိုင်လီကတော့ ဒေါသကို မထိန်းနိုင်တော့ပေ။
"ငါတို့ ဘေးနားမှာ မဟုတ်ဘူး... မင်း ဘေးနားမှာ... ခုနက မင်း ဘာတွေ လုပ်နေတာလဲ... ဒီလောက် နီးနီးလေးမှာ ရှိနေတဲ့ သင်တုန်းဓား ဂုံးဘုရင်ကိုတောင် သတိမထားမိဘူးလား"
"ဘာပြောလိုက်တာလဲ"
ယန်ဝေ၏ ဒေါသက ပိုဆိုးလေ၏။ သူမ ချက်ချင်း ပြန်အော်လိုက်သည်။
"ငါက အပျင်းထူနေတယ်လို့ ထင်နေတာလားဟဲ့"
"ဒီမှာ သင်တုန်းဓား ဂုံးဘုရင်တွေ အများကြီး ရှိနေတာ သိသာနေတာပဲ... ရှင်က ဒီလောက် ကြာကြာ တူးနေပြီး ဘာလို့ တစ်ကောင်မှ မတွေ့ရတာလဲကွ"
"သင်တုန်းဓား ဂုံးဘုရင်တွေက မင်း ဘေးနားမှာပဲ အဓိက ရှိနေတာလေ"
ဟိုင်လီနှင့် ယန်ဝေ တို့ နေရာမှာတင် စတင် ရန်ဖြစ်ကြတော့၏။ လင်မယား နှစ်ယောက်၏ စူးရှသော အော်ဟစ်သံများက ကမ်းခြေ တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။
ယဲ့ဖန် ကတော့ သူတို့ နှစ်ဦး ရန်ဖြစ်နေစဉ်၊ ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့ကို ခေါ်ပြီး ထွက်ခွာလာခဲ့၏။
"အစ်ကိုကြီး ယဲ့ဖန်... သူတို့ နောက်ကျရင် သတ်ကြမလား မသိနော်"
ဟိုင်ရှောင်ယောင် သိသိသာသာ ပျော်ရွှင်နေ၏။ မထွက်ခွာခင် ကမ်းခြေပေါ်တွင် ရန်ဖြစ်နေကြသော ဟိုင်လီနှင့် ယန်ဝေ တို့ကို လှည့်ကြည့်လိုက်၏။
"သူတို့ သတ်ကြတာ တကယ် မြင်ချင်တယ်"
"ခုနက အစ်ကိုကြီး ယဲ့ဖန် က သူတို့ ရှေ့မှာတင် ယန်ဝေ ဘေးနားကနေ သင်တုန်းဓား ဂုံးဘုရင် နှစ်ကောင် တူးပြလိုက်တာလေ... သူတို့ အနည်းဆုံး လဝက်လောက်တော့ ရန်ဖြစ်ကြမှာ သေချာတယ်၊ ဟားဟား"
ဟိုင်လင်းအာ ပေါ့ပေါ့ပါးပါး နှာမှုတ်လိုက်ပြီး၊ ယဲ့ဖန်ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
"အစ်ကိုကြီး ယဲ့ဖန် က တကယ် စွမ်းတာပဲရှင်"
"ဒီလို နည်းလမ်းမျိုးကိုတောင် စဉ်းစားမိတယ်"
"သူတို့ ပဋိပက္ခ ဖြစ်ကြရုံတင် မကဘူး... သူတို့ စိတ်ထဲမှာလည်း အချိန်အကြာကြီး ခံစားနေကြရတော့မှာ"
"ငါ ရွေးချယ်လိုက်တဲ့ ယောကျာ်း ဖြစ်ဖို့ ထိုက်တန်ပါတယ်"
ကျူးရှောင်ကျောင်း လည်း အလွန် စိတ်လှုပ်ရှားနေလေ၏။
"သူတို့ စိတ်ကို သတ်လိုက်တာ .. တကယ် ပြောင်မြောက်တဲ့ လုပ်ရပ်ပဲ"
ယဲ့ဖန် ကတော့ ပေါ့ပေါ့ပါးပါး ပြုံးရုံသာ ပြုံးလိုက်၏။
"ဒါတွေက သာမန် ကြားဖြတ် ဇာတ်လမ်းလေးတွေပါ"
"နောက်ထပ် ငါတို့ အာရုံစိုက်ရမှာက ဒီ ကျောက်စိမ်းဖြူ ပင်လယ်မျှော့ နှစ်ကောင်ကို ဘယ်လို ချက်စားမလဲ ဆိုတာပဲ"
"သမီးလည်း ဒီအရာက ဘယ်လောက် အရသာ ရှိမလဲ ဆိုတာ သိချင်နေပြီ"
"ခဏနေရင် ရွာထဲက လူကြီးတွေကို မေးကြည့်ပေးမယ်နော်"
ဟိုင်လင်းအာ က ပထမဆုံး တုံ့ပြန်လိုက်သည်။
ရွာသို့ ပြန်ရောက်သောအခါ၊ သူမ ချက်ချင်း လိုက်လံ မေးမြန်းလိုက်၏။
ယဲ့ဖန် အဖွဲ့၏ ဒီနေ့ ရိတ်သိမ်းမှု သတင်းက ရွာတစ်ရွာလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
ရွာတစ်ရွာလုံး အံ့အားသင့်သွားကြလေ၏။
ရွာထဲက လူကြီး တချို့ ဆိုရင် ယဲ့ဖန် သို့မဟုတ် ကျူးရှောင်ကျောင်း က မွေးရာပါ အထက်တန်းလွှာတွေ ဖြစ်လောက်သည် ဟုတောင် ခန့်မှန်းနေကြ၏။
ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့၏ အမေ သာမက၊ ရွာတစ်ရွာလုံးကပါ ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း တို့ကို ပိုမို လေးစားစွာ ဆက်ဆံလာကြသည်။
အခြား တစ်ဖက်တွင်၊ ထပ်မံ မောပန်းနွမ်းနယ်နေသော ဟိုင်လီ သည် ဇဝေဇဝါနှင့် အနည်းငယ် ကြောက်ရွံ့သော မျက်နှာထားဖြင့် မေးလိုက်လေ၏။
"မိန်းမ... ငါတို့ မတရားတာတွေ လုပ်ရင် အသတ်ခံရမယ်လို့ မထင်ဘူးလား”
အခန်း (၂၀၆၈) - စကားပြောတိုင်း ကာရန် ညီနေတာ... ရှင်က မဟာတန်း တက်ဖို့ ပြင်နေတာလား
~"ဟားဟားဟား..."
ယဲ့ဖန်၏ ပြောစကားကို ကြားလိုက်ရသောအခါ ဟိုင်ရှောင်ယောင်နှင့် ဟိုင်လင်းအာ တို့သည် အော်ဟစ် ရယ်မောလိုက်ကြလေ၏။
ကျူးရှောင်ကျောင်း သည်လည်း ယဲ့ဖန်၏ လက်မောင်းကို ပုတ်လိုက်ပြီး၊ ချစ်စဖွယ် မျက်စောင်းလေး ထိုးလိုက်၏။
"ရှင်ကလေ... လူကို ခြောက်လှန့်ရုံတင် မကဘူး... စကားပြောတာကလည်း ကာရန်တွေ ဘာတွေနဲ့... မဟာတန်း တက်ဖို့ စာမေးပွဲ ဖြေဖို့ ပြင်နေတာလား"
ယဲ့ဖန်သည် ပခုံးတွန့်ပြလိုက်ပြီး၊ ပြုံးရုံသာ ပြုံးနေလိုက်၏။
"ကဲ... ပြန်ကြစို့... ဒီနေ့အတွက် ဖျော်ဖြေရေး အစီအစဉ် ပြီးဆုံးသွားပြီ"
"နောက်ထပ် အစီအစဉ်ကတော့... အိမ်ပြန်ပြီး ကျောက်စိမ်းဖြူ ပင်လယ်မျှော့ ဟင်းပွဲကြီးကို ဘယ်လို စီစဉ်မလဲ ဆိုတာပဲ"
"ဟုတ်ကဲ့ပါ ရှင့်"
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ လက်မောင်းကို ချိတ်လျက်၊ ပျော်ရွှင်စွာဖြင့် အိမ်ပြန်လမ်းသို့ ဦးတည် လျှောက်လှမ်းသွားလေတော့၏။
...
အခြားတစ်ဖက်တွင်၊ ဟိုင်လီနှင့် ယန်ဝေ တို့ ဇနီးမောင်နှံသည် သဲသောင်ပြင်ပေါ်တွင် ထိုင်လျက်၊ မျှော်လင့်ချက် ကင်းမဲ့သော မျက်ဝန်းများဖြင့် ပင်လယ်ပြင်ကို ငေးကြည့်နေကြ၏။
"မိန်းမ... ငါတို့ ဘာဆက်လုပ်ကြမလဲ"
ဟိုင်လီ ၏ အသံမှာ တုန်ရီနေ၏။
"ငါတို့ ဒီမှာ တစ်နေ့ကုန် အချိန်ဖြုန်းလိုက်တာ... ဘာမှလည်း မရဘူး... ဟိုကောင်စုတ်တွေကတော့ ပင်လယ်မျှော့တွေ အများကြီးနဲ့ ပြန်သွားကြပြီ"
ယန်ဝေ သည် ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေလေ၏။
"ဒီကိစ္စ ဒီလောက်နဲ့ မပြီးဘူး"
"အဲ့ဒီ မြို့ကြီးသား ကောင်စုတ်... သူ ငါတို့ကို တမင်တကာ လှည့်စားသွားတာ"
"သူ့ကြောင့် ငါတို့ ဒီလောက် နစ်နာသွားရတာ... ငါ ဒီအတိုင်း ငြိမ်ခံမနေနိုင်ဘူး"
"ဒါဆို မင်း ဘာလုပ်ချင်လို့လဲ"ဟု ဟိုင်လီက စိုးရိမ်တကြီး မေးလိုက်၏။
ယန်ဝေ ၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာလေ၏။
"သူတို့က ကျောက်စိမ်းဖြူ ပင်လယ်မျှော့ နှစ်ကောင် ရထားတယ် မဟုတ်လား... အဲ့ဒီအရာက တန်ဖိုး အရမ်းကြီးတယ် ဆိုတာ နင်လည်း သိတာပဲ"
"အဲ့ဒီအရာကို ငါတို့ ရအောင် ယူနိုင်ရင်... ဒီနေ့ ခံစားခဲ့ရသမျှ အားလုံး တန်သွားမှာပေါ့"
"ဒါပေမဲ့... သူတို့က မြို့ကြီးသားတွေလေ... ပြီးတော့ ဟိုကောင်လေးက သိုင်းပညာ တတ်ပုံရတယ်... ငါတို့ ဘယ်လို လုပ်မလဲ"
ဟိုင်လီ တွန့်ဆုတ်နေ၏။
"ငါတို့ ကိုယ်တိုင် မလုပ်နိုင်ရင်... လုပ်နိုင်တဲ့လူကို အကူအညီ တောင်းရမှာပေါ့"
ယန်ဝေ အေးစက်စွာ ပြုံးလိုက်၏။
"နင် မေ့နေပြီလား... 'ဦးလေး ယာ' ကို..."
"ဦးလေး ယာ ဟုတ်လား"
ဟိုင်လီ ၏ မျက်လုံးများ ပြူးကျယ်သွား၏။
"မိန်းမ... မင်း ရူးနေပြီလား"
"အဲ့ဒီလူတွေက ရက်စက်ပြီး နှလုံးသား မရှိတဲ့ လူတွေလေ... သူတို့ကို ဒီကိစ္စထဲ ဆွဲထည့်ဖို့ မင်း သေချာရဲ့လား"
—
အခန်း (၂၀၆၉) - မောင်မင်းကြီးသား... မင်း အစ်မကိုတောင် ဂရုမစိုက်တော့ဘူးလား
~"မိန်းမ... မင်း ရူးနေပြီလား"
"အဲ့ဒီလူတွေက ရက်စက်ပြီး နှလုံးသား မရှိတဲ့ လူတွေလေ... သူတို့ကို ဒီကိစ္စထဲ ဆွဲထည့်ဖို့ မင်း သေချာရဲ့လား"
ယန်ဝေ နှာမှုတ်လိုက်၏။
"ဘာလဲ...နင်က ဆွေမျိုး သံယောဇဉ် ဖြတ်ဖို့ ဝန်လေးနေတုန်းလား... မမေ့နဲ့နော်... ဟိုင် ဆိုတဲ့ အဲ့ဒီ ကလေးစုတ် နှစ်ကောင်က ဒီမနက် နင့်ကို တွေ့တာနဲ့ မျက်စောင်းထိုးသွားတာကို"
"နင်ကသာ သွေးသားရင်း ဆိုပြီး တွယ်တာနေတာ... သူတို့က နင့်ကို လုံးဝ ဂရုမစိုက်ဘူး"
ဟိုင်လီ ခဏတာ တွေဝေသွား၏။
"ဒါပေမဲ့ ဒီနည်းလမ်းက နည်းနည်း ရက်စက်လွန်း မနေဘူးလား"
"လူတွေ အများကြီး ငရဲခန်းထဲ ရောက်သွားနိုင်တယ်နော်"
ထိုအခါ…၊
"ကျောက်စိမ်းဖြူ ပင်လယ်မျှော့ နှစ်ကောင် ဆိုတာ ယွမ် သိန်းချီ တန်တာနော်... ဒါ့အပြင်... အဲ့ဒီ ယဲ့ ဆိုတဲ့ ကောင်စုတ်က ဒီနေ့ ကျောက်စိမ်းဖြူ ပင်လယ်မျှော့ နှစ်ကောင် ရှာတွေ့နိုင်တယ် ဆိုရင်... နောက်ရက်တွေကျရင် ဘယ်လို ရတနာတွေ ထပ်ရှာတွေ့ဦးမလဲ ဘယ်သူ သိမှာလဲ... ချမ်းသာဖို့ အခွင့်အရေး ဆိုတာ ရခဲတယ်နော်..."
ဟု ယန်ဝေက အဓိပ္ပာယ် ပါပါ ပြောလိုက်သည်။
ဟိုင်လီ ပေါင်ကို အားပါးတရ ရိုက်လိုက်ပြီး၊ သူ့မျက်လုံးများ ရုတ်တရက် ရက်စက်လာလေတော့၏။
"မင်း ပြောတာ မှန်တယ်... ဘဝမှာ ညချင်းပေါက် ချမ်းသာဖို့ အခွင့်အရေး ဆိုတာ အရမ်း ရှားပါးတယ်"
"ကိုယ်ကျင့်တရားတွေ ဘာတွေ ငရဲ ပို့လိုက်စမ်းပါ... ငါ့လက်ထဲ ပိုက်ဆံ ရောက်ဖို့က အဓိကပဲ... သူများတွေ ဒုက္ခရောက်တာ ငါ ဂရုမစိုက်ဘူး"
"ငါ အခုပဲ အဲ့ဒီလူကို ဖုန်းဆက်လိုက်မယ်"
ပြောပြီးနောက် ဟိုင်လီ ဖုန်းထုတ်လိုက်ပြီး၊ အဆက်အသွယ် တစ်ခုကို ရှာကာ နံပါတ်တစ်ခုကို အမြန် ခေါ်ဆိုလိုက်လေ၏...
တချိန်တည်းမှာပင်၊ ဟိုင်လင်းအာ၏ နေအိမ်၌၊ ကျောက်စိမ်းဖြူ ပင်လယ်မျှော့ စားသောက်ပွဲကြီးကို ဆင်နွှဲပြီးနောက်၊ ယဲ့ဖန်နှင့် အဖွဲ့သားများ ကျေနပ် ပျော်ရွှင်နေကြ၏။
ဟိုင်ရှောင်ယောင် သည် ပြောင်သလင်းခါနေသော ပန်းကန်ပြားကို ကြည့်ပြီး အသံထုတ်၍ မချီးကျူးဘဲ မနေနိုင်တော့ချေ။
"ကျောက်စိမ်းဖြူ ပင်လယ်မျှော့ ဆိုတဲ့ အတိုင်းပဲ... အသား အရသာနဲ့ ခံစားမှုက တကယ့် ထိပ်တန်းပါပဲ"
"ကျွန်တော် ဒီကျွန်းပေါ်မှာ ကြီးပြင်းလာတာ... ဒါထက် ပိုကောင်းတဲ့ အရာ တစ်ခါမှ မစားဖူးဘူးဗျ"
ဟိုင်လင်းအာကတော့ နည်းနည်း နှမြောတသ ဖြစ်မိ၏။ သူမ ပေါက်စီ တစ်လုံးကို ယူလိုက်ပြီး၊ ပန်းကန်ပြားပေါ်ရှိ ကျန်နေသော ဟင်းရည်များကို သုတ်ကာ ပါးစပ်ထဲ ထည့်လိုက်၏။ စားရင်းနှင့် ပြောလိုက်၏။
"ဒီ ပန်းကန် တစ်ချပ်တည်းနဲ့တင် သုံးသိန်းကျော် တန်တယ်နော်"
"တကယ့်ကို ဇိမ်ခံလွန်းတဲ့ ကိစ္စပဲ"
"ငသမီးတို့ ဘဝမှာ ဒါထက် ပိုဇိမ်ကျတဲ့ အခိုက်အတန့် ရှိတော့မယ် မထင်ဘူး"
ကျူးရှောင်ကျောင်း သည် သူမ ဘေးနားရှိ ယဲ့ဖန်ကို တစ်ချက် ကြည့်လိုက်ပြီး ချိုသာစွာ ပြုံးလိုက်၏။
"လင်းအာ...ညီမလေး.. စကားကို ပြတ်ပြတ်သားသားကြီး မပြောပါနဲ့ဦးဟယ်"
"ယဲ့ဖန် ရှိနေသရွေ့...အစ်မတို့ မကြာခင် ဒါထက် ပိုဈေးကြီးတဲ့ ပင်လယ်စာတွေ စားရနိုင်သေးတယ်"
ဒါကို ကြားတော့ ဟိုင်လင်းအာ ကြောင်သွားပြီး၊ ပေါက်စီကို ပါးစပ်ထဲ ထည့်နေသော လက် ရပ်တန့်သွားလေ၏။
ထို့နောက် သူမ လက်ကို အမြန် ကာပြလိုက်၏။
"ဟင့်အင်း... တော်ပါပြီ... ကျေးဇူးပါပဲ"
"အစ်ကိုကြီး ယဲ့ဖန် က ပင်လယ်ပြင် ထွက်ရင်း ပိုဈေးကြီးတဲ့ ပင်လယ်စာတွေ ရှာတွေ့ရင်တောင်...သမီးတို့ကို မကျွေးပါနဲ့တော့"
“သမီးတို့ အစားချေးများသွားပြီး... နောက်ကျရင် အိမ်က ထမင်းဟင်းတွေ မစားနိုင်တော့မှာ ကြောက်လို့ပါ”
ပြောရင်းနှင့် ကျူးရှောင်ကျောင်း အနည်းငယ် ပင်ပန်းနေပုံ ရသည်ကို ဟိုင်လင်းအာ သတိထားမိလိုက်သဖြင့် အမြန် ထပ်ပြောလိုက်၏။
"အစ်မရှောင်ကျောင်း... အစ်မ နဲ့ အစ်ကိုကြီး ယဲ့ဖန် အရင် သွားနားကြပါ... ဒီက ကိစ္စတွေကို သမီးတို့ပဲ ရှင်းလိုက်ပါ့မယ်"
ဒါကို ကြားတော့ ဟိုင်ရှောင်ယောင် လည်း အလိုက်တသိ ခေါင်းညိတ်လိုက်၏။
ကျူးရှောင်ကျောင်း သူတို့ကို အားမနာတော့ပေ။ ခေါင်းညိတ်ပြပြီးနောက် ယဲ့ဖန်ကို အခန်းထဲသို့ ဆွဲခေါ်သွားလိုက်လေ၏။
အခန်းထဲ ရောက်သည်နှင့် တပြိုင်နက်၊ ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို အနမ်းမိုး ရွာသွန်းလိုက်တော့၏။
"ဒီနေ့ ကျွန်မ အရမ်း ပျော်တာပဲ... ကျွန်မတို့ရဲ့ သူရဲကောင်းလေးကို ဆု ကောင်းကောင်း ချပေးရမယ်"
ယဲ့ဖန်ကို နမ်းပြီးနောက်၊ ကျူးရှောင်ကျောင်း သူ့ကို နံရံဘက် တွန်းကပ်လိုက်ပြီး ထပ်မံ နမ်းရန် ပြင်လိုက်သည်။
သို့သော် ယဲ့ဖန် အနား ကပ်သွားသည်နှင့် တပြိုင်နက်၊ သူမ ရုတ်တရက် ရပ်တန့်သွား၏။ နှာခေါင်း ရှုံ့လိုက်ပြီး၊ ပါးစပ်ကို လက်ဖြင့် အုပ်ကာ အသက်ပြင်းပြင်း နှစ်ချက် ရှူထုတ်လိုက်သည်။
"ဘာလို့ ညှီနံ့ ရနေတာလဲ... ဟင့်အင်း... ကျွန်မ အရင် သွားတိုက်ပြီး ရေချိုးလိုက်ဦးမယ်"
ပြောရင်းနှင့် ကျူးရှောင်ကျောင်း ရေချိုးခန်းထဲသို့ ပြေးဝင်သွားပြီး တံခါးကို ဝုန်းခနဲ ပိတ်လိုက်လေ၏။
ယဲ့ဖန် ခေါင်းခါပြီး ပြုံးလိုက်၏။
"တစ်နေ့ကုန် ပင်လယ်ပြင် ထွက်ပြီး... ပင်လယ်စာတွေ ကိုင်တွယ်ထားတာ... ညှီနံ့ မရရင်သာ ထူးဆန်းနေဦးမယ်"
သူသည် သူ့အခန်းသို့ ပြန်သွားပြီး၊ အဝတ်အစားများ ချွတ်ကာ ရေချိုးခန်းထဲ ဝင်ပြီး အမြန် ရေချိုး သွားတိုက်လိုက်လေ၏။
ရေချိုး သွားတိုက်ပြီးနောက်၊ ကုတင်ပေါ်တွင် လှဲလိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်၏။
ထိုအချိန်တွင် ချန်းရွှမ် သည် လွန်ခဲ့သော မကြာမီ အချိန်က သူ့ထံ မက်ဆေ့ခ်ျ အချို့ ပေးပို့ထားသည်ကို ယဲ့ဖန် သတိထားမိလိုက်၏။
မက်ဆေ့ခ်ျကို ဖွင့်ကြည့်လိုက်ရာ၊ ချန်းရွှမ် သည် အနက်ရောင် ခြေအိတ်ရှည် ဝတ်ဆင်ထားသော သူမ၏ ခြေထောက်ပုံ တစ်ပုံကို အသံဖိုင် တစ်ခုနှင့် အတူ ပေးပို့ထားသည်ကို တွေ့လိုက်၏။
"အစ်မက ဒီရက်ပိုင်း နေ့တိုင်း အလုပ်တွေ ကြိုးစားလုပ်နေရတာ... ခြေထောက်တွေ အရမ်း ညောင်းနေပြီ... ဟို သဘောထားကြီးတဲ့ ကောင်လေးက သူ့အစ်မကိုတောင် ဂရုမစိုက်တော့ဘူး... အိမ်မြန်မြန် ပြန်လာပြီး အစ်မကို နှိပ်နယ်ပေးသင့်တယ်နော်"
ယဲ့ဖန် ဓာတ်ပုံကို ချဲ့ကြည့်လိုက်ရာ၊ သာမန် မျက်စိဖြင့် မမြင်နိုင်သော အရာများကို လျင်မြန်စွာ ရှာဖွေတွေ့ရှိလိုက်သည်။
ချန်းရွှမ် သည် အနက်ရောင် ခြေအိတ်ရှည် သာမက၊ အတွင်းတွင် ဆွဲဆောင်မှု ရှိသော ညဝတ်အင်္ကျီပါ ဝတ်ဆင်ထားလေ၏။
တကယ် စိတ်လှုပ်ရှားစရာပဲ။
သူ အမြန် စာပြန်လိုက်၏။
"တောင်းပန်ပါတယ် အစ်မရွှမ်... ကျွန်တော် ဒီရက်ပိုင်း နည်းနည်း အလုပ်ရှုပ်နေလို့ပါ... အများဆုံး နှစ်ရက်လောက် နေရင် လင်းနန် ကို ပြန်ရောက်ပါပြီ... ပြန်ရောက်ရင် အစ်မကို သေချာ နှိပ်နယ်ပေးပါ့မယ်"
စာပို့ပြီးနောက်၊ ယဲ့ဖန် ဆက်ပြီး စကားပြောရန် ပြင်လိုက်စဉ်၊ သူ့နားရွက်များ ရုတ်တရက် လှုပ်ရှားသွားလေ၏။
---
အခန်း (၂၀၇၀) - ဒါဆို မင်းနာမည်က ယဲ့ဖန် ပေါ့လေ
~ဘေးအခန်းရှိ ရေချိုးခန်း တံခါး ပွင့်သွားပြီး ပြန်ပိတ်သွားသော အသံကို ယဲ့ဖန် ရှင်းလင်းစွာ အာရုံခံလိုက်မိ၏။ ဆိုလိုသည်မှာ ကျူးရှောင်ကျောင်း ရေချိုးပြီးသွားပြီ ဖြစ်နိုင်ချေ များ၏။
ချန်းရွှမ် ထပ်မံ ပေးပို့လိုက်သော ပိုမို ဆွဲဆောင်မှု ရှိသည့် ဓာတ်ပုံ တစ်ပုံနှင့် 'ငါ နင့်ကို တိတ်တဆိတ် စောင့်ကြည့်နေမယ်' ဆိုသော မီမ်း (Meme) တစ်ခုကို မြင်လိုက်ရသောအခါ၊ ယဲ့ဖန် တံတွေး မြိုချလိုက်ပြီး အမြန် စာပြန်လိုက်၏။
"ကတိပေးပါတယ်... အများဆုံး နှစ်ရက် အတွင်း လင်းနန် ပြန်ရောက်ပါ့မယ်"
ထို့နောက် ဖုန်းကို Do Not Disturb မုဒ်သို့ အမြန် ပြောင်းလိုက်၏။
မျှော်လင့်ထားသည့် အတိုင်းပင်၊ ခဏအကြာတွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
ယဲ့ဖန် လျှောက်သွားပြီး တံခါးဖွင့်ပေးလိုက်၏။ တံခါး အပြင်ဘက်တွင် ကျူးရှောင်ကျောင်း ရပ်နေ၏။ သူမသည် ရေချိုးဝတ်ရုံ တစ်ထည်ကိုသာ ပတ်ထားပြီး၊ ဆံပင်များ စိုစွတ်နေဆဲ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး ပန်းနုရောင် သန်းနေပြီး၊ ရေထဲမှ ပေါ်ထွက်လာသော ကြာပန်းလေး တစ်ပွင့်ကဲ့သို့ လှပနေလေ၏။
ကျူးရှောင်ကျောင်း ဘာမှ မပြောပေ။ ယဲ့ဖန်၏ အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်လာပြီး တံခါးကို ပြန်ပိတ်လိုက်သည်။
"မင်း အဝတ်အစား ဘာမှ မယူလာဘူးလား"
ယဲ့ဖန် မေးလိုက်သည်နှင့် တပြိုင်နက်၊ ကျူးရှောင်ကျောင်း လက်ကို လွှတ်လိုက်ရာ ရေချိုးဝတ်ရုံ ကြမ်းပြင်ပေါ်သို့ ပုံခနဲ ပြုတ်ကျသွားလေတော့၏။ ထို့နောက် သူမသည် ယဲ့ဖန်ကို တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
သည်အချိန်မှာ စကားပြောနေစရာ မလိုတော့... တိုက်ပွဲဝင်ဖို့ပဲ ရှိတော့သည် ထင်သည်။
အချိန် မည်မျှ ကြာသွားသည် မသိ၊ နောက်ဆုံးတွင် ကျူးရှောင်ကျောင်း ဆက်လက် မတောင့်ခံနိုင်တော့သဖြင့်၊ ယဲ့ဖန် သူမကို ပွေ့ဖက်ပြီး အတူတူ အိပ်ပျော်သွားကြလေ၏။
နောက်တစ်နေ့ နံနက်တွင်၊ ယဲ့ဖန် အိပ်ပျော်နေစဉ် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း အာရုံခံမိလိုက်သည်။
သူ မှုန်ကုပ်ကုပ်ဖြင့် နိုးလာသောအခါ၊ ကျူးရှောင်ကျောင်း သူ့ဘေးနားတွင် ထိုင်နေပြီး၊ မေးထောက်လျက် သူ့ကို စိတ်ဝင်တစား စိုက်ကြည့်နေသည်ကို တွေ့လိုက်၏။
ယဲ့ဖန် ရယ်ချင်သလို ငိုချင်သလို ဖြစ်သွားပြီး၊ သူမ၏ သောင်းကျန်းနေသော လက်ကို အမြန် ပုတ်ထုတ်လိုက်သည်။
"မနက်စောစောစီးစီး ကွာ"
"အဟင်း..လူမည်းအစေခံတွေတောင် အားလပ်ရက် ရှိသေးတာပဲ"
ကျူးရှောင်ကျောင်း ချိုမြစွာ ရယ်မောလိုက်၏။
"ရှင်က အိပ်ပျော်နေတာကိုး... အဲ့ဒါနဲ့..."
"ကြည့်ရတာ တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်"
ကျူးရှောင်ကျောင်း အလွန် စိတ်ဝင်စားနေပုံ သည်။ အသံ ကြားသောအခါ သူမ စောင်ကို မ,ကြည့်လိုက်ပြီး၊ လေ့လာချင်နေသကဲ့သို့ ပြုမူလိုက်၏။
ယဲ့ဖန် စောင်ကို အမြန် ပြန်ဖိချလိုက်သည်။
"အချိန်ရောက်ပြီ... ထတော့"
"ဒီနေ့က ငါတို့ရဲ့ နောက်ဆုံး ပင်လယ်ပြင် ခရီးစဉ်ပဲ... နောက်ကျရင် ဘယ်တော့မှ ဒီလို အနားယူရမလဲ ဆိုတာ ဘယ်သူ သိမှာလဲ"
"အင်း... ဟုတ်သားပဲ"
ကျူးရှောင်ကျောင်း စဉ်းစားနေသကဲ့သို့ ရှိသော်လည်း၊ ယဲ့ဖန် လက်လွှတ်လိုက်သည်နှင့် တပြိုင်နက်၊ သူမ မမျှော်လင့်ဘဲ စောင်ကို ပြန်လှန်လိုက်ပြီး အထဲကို ချောင်းကြည့်လိုက်လေ၏။
"ဟီးဟီး... ဘာပဲဖြစ်ဖြစ် ကျွန်မ မြင်လိုက်ရပြီ"
ကြည့်ပြီးနောက် သူမ ရေချိုးဝတ်ရုံကို အမြန် ဆွဲယူလိုက်ပြီး၊ ကိုယ်ပေါ် ပတ်ကာ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ထွက်ခွာသွားလေတော့သည်။
"တာ့တာ... ဒါလင်... ညကျမှ ရှင့်ကို ထပ်ပြီး အလိုလိုက်တော့မယ်"
"ငါ ဘာပြောရမလဲ... မင်းက တကယ် မင်းပါပဲကွာ"
ယဲ့ဖန် တဟားဟား ရယ်မောလိုက်ပြီး၊ စောင်ကို ဖယ်ကာ အဝတ်အစား ဝတ်ဆင်ပြီး မျက်နှာသစ်ရန် ပြင်ဆင်လိုက်သည်။
မျက်နှာသစ်ပြီးနောက်၊ ကျူးရှောင်ကျောင်း နှင့် အတူ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မျှော်လင့်ထားသည့် အတိုင်းပင်၊ စားပွဲပေါ်တွင် ခမ်းနားသော မနက်စာ ပြင်ဆင်ထားပြီး ဖြစ်၏။ သန့်ရှင်း သပ်ရပ်သော ပင်လယ်ပြင် ရိတ်သိမ်းရေး ပစ္စည်းကိရိယာများလည်း ဘေးနားတွင် အဆင်သင့် ရှိနေလေသည်။
ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့ကို နှုတ်ဆက်ပြီး မနက်စာ အတူစားလိုက်ကြ၏။ ထို့နောက် ယဲ့ဖန်နှင့် အဖွဲ့သားများ ပစ္စည်းများ သိမ်းဆည်းပြီး နောက်ဆုံး ပင်လယ်ပြင် ခရီးစဉ်ကို စတင်ရန် ပြင်ဆင်လိုက်ကြလေသည်။
သို့သော် ယဲ့ဖန် မမျှော်လင့်ထားသည်မှာ၊ ဒီတစ်ခါတွင် သူတို့နှင့် အခြား ရေလုပ်သားများ ခရီးမဝေးသေးခင်မှာပင်၊ 'မီးတိမ်တိုက် မိစ္ဆာနတ်ဘုရား' ( စတီဖင်ချောင်ရဲ့ နာမည်ကြီးကား 'Kung Fu Hustle' ထဲက ဗီလိန်ကြီး ဟော်ယွင် ရှဲရှန် ) နှင့် အနည်းငယ် တူသော ရက်စက်ကြမ်းကြုတ်သည့် ရုပ်ရည်ရှိ လူတစ်ယောက်သည်၊ ကြမ်းတမ်း ရိုင်းစိုင်းသော လူသန်ကြီး ဒါဇင်ကျော်ကို ဦးဆောင်ပြီး သူတို့ လမ်းကို ပိတ်ဆို့လိုက်ခြင်း ဖြစ်၏။
ထို့နောက် ဘေးပတ်ဝန်းကျင်ရှိ ရေလုပ်သားများသည် ကပ်ရောဂါ နတ်ဆိုးကို မြင်လိုက်ရသကဲ့သို့၊ အလျင်အမြန် ရှောင်တိမ်းသွားကြသည် သို့မဟုတ် အခြား နေရာသို့ ထွက်ပြေးသွားကြလေသည်။
ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့လည်း ကြောက်ရွံ့သွားကြပြီး၊ ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း တို့ကို အခြား နေရာသို့ အမြန် ဆွဲခေါ်သွားရန် ပြင်လိုက်ကြ၏။
"ဟမ်..."
ထိုအချိန်တွင် လူသန်ကြီး အချို့ သူတို့ ရှေ့တွင် ပေါ်လာပြီး၊ ဟိုင်လင်းအာ တို့၏ လမ်းကို ပိတ်ဆို့လိုက်ကြသည်။
"ဦးလေး ယာ..."
ဟိုင်လင်းအာ ခြေလှမ်း ရပ်တန့်လိုက်ပြီး၊ လူအုပ်ကြီးကို ဦးဆောင်လာသော ရက်စက်ကြမ်းကြုတ်သည့် ရုပ်ရည်နှင့် လူကို ကြည့်လိုက်၏။
သို့သော် ထိုလူက သူမကို လျစ်လျူရှုထားလိုက်ပြီး၊ ယဲ့ဖန်ကိုသာ စိုက်ကြည့်နေလေ၏။ သူ ဆေးလိပ် တစ်လိပ် မီးညှိလိုက်ပြီး၊ တစ်ရှိုက် ဖွာလိုက်ကာ ပြောလိုက်သည်။
"ဒါဆို... မင်းနာမည်က ယဲ့ဖန် ပေါ့လေ"
"ဦးလေး ယာ..."
ဟိုင်လင်းအာ ယဲ့ဖန် ဘက်မှ ဝင်ပြောရန် အလျင်စလို ကြိုးစားလိုက်သော်လည်း၊ ယဲ့ဖန် သူမကို တားလိုက်၏။ သူ ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး၊ ထိုလူကို တည့်တည့် စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"ခင်ဗျားမှာ ဘာအကြံဉာဏ် ပေးစရာ ရှိလို့လဲ"
ထိုသို့ တုံ့ပြန်သည်ကို မြင်တော့ ထိုလူက ယဲ့ဖန်ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်ပြီး၊ အေးစက်စွာ ပြုံးလိုက်သည်။
"မင်းက တော်တော် မောက်မာသေးတာပဲ”