← Chapters

ရှေးဟောင်းမြို့တော်၏ လျှို့ဝှက်လမ်းကြောင်း (၂)

Vol. 14 Ch. 132

ရှေးဟောင်းမြို့တော်၏ လျှို့ဝှက်လမ်းကြောင်း (၂)

Vol. 14 Ch. 132

ရွှယ်လင်သည် စားပွဲပေါ်မှ စုတ်တံကိုဆွဲယူကာ မြေပုံပေါ်တွင် အမှတ်အသားအချို့ကို ရေးဆွဲနေရာမှ ရှင်းပြသည်။

"ဒါက အရင်ခေတ်က အသုံးများခဲ့တဲ့ အသက်သွင်းခြင်း အစီအရင်ပဲ။ သိပ်တော့ မခက်ခဲပါဘူး။ ဝိဉာဉ်ကမ္ဘာကလည်း အခုထိ အဲတာကို သုံးနေတုန်းပဲလေ။ အဲဒါက သော့တစ်ချောင်းလိုပဲ။ ဒါပေမယ့် မင်းတို့ခေတ်မှာတော့ အဲဒီပညာရပ်က ပျောက်ကွယ်သွားပြီ။ ဒီအစီအရင်ရဲ့ အနေအထားအရကြည့်မယ်ဆိုရင် သူ လွတ်မြောက်စေချင်တဲ့အရာတွေက သေချာပေါက် ဒီနေရာမှာပဲ ဖြစ်ရမယ်"

ရွှယ်လင် ဝိုင်းပြထားသော နေရာကို ကြည့်ကာ ပိုင်ချူးရန်က အံ့သြတကြီး ရေရွတ်လိုက်မိသည်။ "ဒီနေရာက မပျက်စီးခင်တုန်းကဆို ချင်ကျိုးက ရှန်လင်းမြို့တော် မဟုတ်လား။"

"ပုံမှန်ပါပဲ။ အရင်ခေတ်က အသက်ရှင်ကျန်ရစ်သူတွေက သူတို့ရဲ့ ယဉ်ကျေးမှုကို အပျက်အစီးတွေပေါ်မှာ ပြန်တည်ဆောက်ရတာကို သဘောကျတတ်ကြတယ်လေ"

ရွှယ်လင်က စုတ်တံကို စားပွဲပေါ်သို့ ချလိုက်ပြီး အေးစက်‌သော လေသံဖြင့် ပြောလာသည်။ "ဒါဆိုရင်ဒီလောက်ပဲပေါ။ ငါတို့ အပေးအယူ ကိစ္စပြီးပြီဆိုတော့ ငါ သွားတော့မယ်"

"ခဏလေး နေဦး။"

ပိုင်ချူးရန်က အလျင်အမြန် တားလိုက်၏။

"မြေကမ္ဘာအင်မော်တယ်က ယွယ်ချန်လျန်ကို ဘယ်လိုဖမ်းသွားတာလဲဆိုတာ ငါ့ကို ပြောပြလို့ရမလား။ သူ့ရဲ့ ဝိညာဉ်က အရင်အတိုင်းပဲ ရှိသေးတာကိုတော့ ငါ အတည်ပြုထားပြီးပြီ။"

"ဝိညာဉ်ကျင့်ကြံခြင်းဆိုတာက ဝိညာဉ်သုံးခုနဲ့ စိတ်ခုနစ်ခုစလုံး မူလဝိညာဉ်အဖြစ် ပြောင်းလဲသွားတာကို ဆိုလိုတာမဟုတ်ဘူးဆိုတာ မင်းလည်း သိတယ်မလား။ အမှန်က မူလဝိညာဉ်သုံးခုနဲ့ စိတ်ခုနစ်ခုကို နတ်ဘုရားအသိစိတ် အလွှာတစ်ခုနဲ့ ဖုံးအုပ်လိုက်ပြီးမှ မူလဝိညာဉ်အဖြစ် ပြောင်းလဲပစ်တာ။"

ရွှယ်လင်ပြောနေရာမှ ပိုင်ချူးရန်ကို လှောင်ပြောင်ချင်သည့်အလား ကြည့်လာသည်။

"အိုး... ငါ မေ့တော့မလို့။ ချီသန့်စင်ခြင်းအဆင့်လောက်ပဲရှိတဲ့ ကျင့်ကြံသူတွေမှာ မူလဝိညာဉ်မှ မရှိတာ။ငါပြောတာ စိတ်ထဲ မထားနဲ့။ မင်း မသိတာလည်း ပုံမှန်ပါပဲ။"

ပိုင်ချူးရန်မျက်နှာမှာ ချက်ချင်း မှုန်ကုပ်သွားပြီး အေးစက်စွာ ပြန်ပြော၏။ "ဒီနှစ်အတွက် မင်းရဲ့ စွမ်းဆောင်ရည်အမှတ်ကို မလိုချင်တော့ဘူးလား။"

ရွှယ်လင်သည် ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်ပြီး မကြားချင်ယောင်ဆောင်သည်။

"ဒါဆို ဒါပဲ။ ငါ ပြန်တော့မယ်။"

ပိုင်ချူးရန် ဒေါသမပေါက်ကွဲမီလေးတွင်ပင် သူသည် လေဟာနယ်ထဲသို့ အမြန်ဝင်သွားပြီး အရိပ်ပင်မကျန်တော့အောင် ပျောက်ကွယ်သွားတော့သည်။

"တောက်။ ဝိဉာဉ်စုတ်ကများ လာမောက်မာနေတာပဲ။"

ပိုင်ချူးရန် တစ်ယောက်တည်း ကျိန်ဆဲလိုက်ပြီးနောက် မြေပုံကို ပြန်အာရုံစိုက်မိသည်။

"မူလဝိညာဉ်တဲ့လား။ ဆိုလိုတာက ယွယ်ချန်လျန်ရဲ့ မူလဝိညာဉ်ထဲမှာရှိတဲ့ ဝိညာဉ်သုံးခုနဲ့ စိတ်ခုနစ်ခုကို မြေကမ္ဘာအင်မော်တယ်က ယူဆောင်သွားတာပေါ့။ မြေကမ္ဘာအင်မော်တယ်ဆိုတဲ့အတိုင်း တကယ်ဩချရလောက်တဲ့ နည်းလမ်းတွေ ရှိနေတာပဲ။"

သူသည် မြေပုံပေါ်တွင် နောက်ဆုံး မှတ်သားထားသော ရှန်လင်းနိုင်ငံ၏ ရှေးဟောင်းအင်ပါယာမြို့တော်ကို အသေအချာ စိုက်ကြည့်လိုက်ပြီးနောက် မြေပုံကို ခေါက်သိမ်းလိုက်သည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ နေရာရွှေ့ပြောင်းခြင်းအစီအရင် မှတ်တမ်းလိပ်ကို ထုတ်ယူကာ လေ့လာတော့၏။

———————————

"ဒါက ရှေးဟောင်းမြို့တော်ကို ရပ်တန့်ပစ်မယ့် နည်းလမ်းပဲ။"

ပုံသွင်းကောင်းကင်ရဲတိုက်ဂိုဏ်း၏ ပင်မခန်းမဆောင်ကြီးထဲတွင် ပိုင်ချူးရန်သည် မှတ်တမ်းလိပ်အသစ်တစ်ခုကို ထုတ်ယူကာ အမှန်တရားမဟာမိတ်အဖွဲ့နှင့် နတ်ဆိုးမဟာမိတ်အဖွဲ့တို့မှ ကိုယ်စားလှယ်များထံသို့ ကမ်းပေးလိုက်သည်။

"ငါ့ဆီမှာ နေရာရွှေ့ပြောင်းခြင်း အစီအရင်လည်း ရှိသေးတယ်။ ငါ သေချာ စမ်းသပ်ပြီးပြီ။ ဒီအပေါ်က ရေးထားတာတွေ အကုန်လုံးက အစစ်တွေချည်းပဲ။ မဟာမိတ်ဂိုဏ်းတွေအကုန်လုံး လေ့လာစစ်ဆေးနိုင်အောင် ဒါရဲ့ မိတ္တူတစ်ခုကို အမှန်တရား မဟာမိတ်အဖွဲ့ရဲ့ စာကြည့်တိုက်မှာ ငါ ထားခဲ့မယ်။"

ပိုင်ချူးရန်က ရှင်းပြသည်။ "ဒါပေမယ့် ဒီလို အစီအရင်မျိုးက တော်တော်လေး နက်နဲတယ်။ မှော်ပညာရပ်တွေ၊ တွက်ချက်မှုတွေနဲ့ အစီအရင်တွေနဲ့ပတ်သက်ပြီး တော်တော်လေး ကျယ်ပြန့်တဲ့ အသိပညာတွေ လိုအပ်တယ်။ သင်္ချာမကျွမ်းကျင်တဲ့သူတွေဆို ဝင်မရှုပ်တာ အကောင်းဆုံးပဲ။ သင်္ချာကို ဘယ်လိုသုံးရမလဲဆိုတာ လေ့လာချင်တယ်ဆိုရင်တောင် အနည်းဆုံးတော့ ဝိဉာဉ်အသွင်ပြောင်းခြင်းအဆင့်မှာ ရှိနေဖို့လိုတယ်။"

ပိုင်ချူးရန်ပြောသည်ကို ကြားသောအခါ ဆန်းကြယ်ကျောင်းတော်၊ ကျောက်စိမ်းမျှော်စင်နှင့် ကောင်းကင်စစ်တပ်တို့မှ ကိုယ်စားလှယ်များအားလုံး ဝမ်းသာအားရ ပြုံးလိုက်ကြသည်။

ပိုင်ချူးရန် ဤအစီအရင်ကို မည်သည့်နေရာမှ ရလာသနည်းကိုမူ မည်သူကမျှ ထုတ်မမေးကြပေ။ ဓားဘိုးဘေးသည် နှစ်ပေါင်းများစွာ အသက်ရှည်စွာ နေထိုင်ခဲ့ပြီးဖြစ်ရာ ပိုင်ချူးရန်၏ အဆက်အသွယ် မိတ်ဆွေများသည် ကျိုကျိုးပြည်နယ်ဆယ်ခုတွင်သာ ရှိနေမည်မဟုတ်တာ သဘာ၀ကျသည်။ ထို့အပြင် ဓားဘိုးဘေးသည် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်သောကြောင့် ဤအစီအရင်ကို သူကိုယ်တိုင် ဖန်တီးခဲ့သည်ဟု ပြောလာလျှင်ပင် လူတိုင်းယုံကြည်ကြမည်ဖြစ်သည်။

ဤအခိုက်အတန့်တွင် နတ်ဆိုးမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်အချို့မှာ အမှန်တရား မဟာမိတ်အဖွဲ့မှ လူများအား မနာလိုသော အကြည့်များဖြင့် စိုက်ကြည့်နေကြပြီး အချို့မှာ သူလျှိုလွှတ်ရန်ပင် စတင်ကြံစည်နေကြပြီ ဖြစ်သည်။

"နင်တို့တွေ ရတနာအတွက် လူသတ်တာဖြစ်ဖြစ်၊ အချက်အလက်ရယူဖို့အတွက် ခိုးတာဖြစ်ဖြစ် စဉ်းစားစရာမလိုဘူး။"

စုရှန်းရွှယ်သည် နတ်ဆိုးဂိုဏ်းသားများ၏ မျက်နှာအမူအရာများကို ရိပ်မိသွားသဖြင့် ဝင်ပြော၏။

"ဓားဘိုးဘေးက ငါ့ကိုလည်း မိတ္တူတစ်ခု သီးသန့်ပေးထားပြီးသား။ ပြီးရင် ဒီအစီအရင်ကို ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ယင်လင်းဂိုဏ်းတွေဆီကို ပို့လိုက်မယ်။"

စုရှန်းရွှယ် စကားကို ကြားသောအခါ မကောင်းသောအကြံအစည်များကို ကြံစည်နေကြသည့် နတ်ဆိုးဂိုဏ်းသားအချို့၏ မျက်လုံးများမှ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ မှေးမှန်သွားပြီး သူတို့မျက်နှာများမှာလည်း အနည်းငယ် မှိုင်းတွေသွားကြသည်။

သူတို့သည် အချိန်အတော်ကြာအောင် မကောင်းမှုများ မလုပ်ရသဖြင့် သူတို့လည်း အမှန်တရားလမ်းစဉ်မှ လူများဖြစ်လာနိုင်သည်ဟုပင် ခံစားနေမိသည်။

"ဒါဆိုရင် ရှေးဟောင်းမြို့တော်ရဲ့ လမ်းကြောင်းကိုလည်း ငါ သိထားပြီပဲ။ မင်းတို့ ရပ်တန့်တဲ့နည်းလမ်းကို သင်ယူပြီးသွားတာနဲ့ ငါတို့ သွားရပ်တန့်နိုင်ပြီ။"

ပိုင်ချူးရန်က လက်ဖျောက်တစ်ချက်တီးကာ အားတက်သရော ပြောသည်။ "အဲဒီအချိန်ရောက်ရင်တော့ ရန်ငြိုးတွေနဲ့ လက်စားချေမှုတွေ ရှိလာလိမ့်မယ်။ ဒါနဲ့ စကားမစပ် ရှောင်ယွဲ့ဇီက အခုထိ ထွက်မလာသေးဘူးလား။"

"မထွက်လာသေးပါဘူး။"

စုရှန်းရွှယ်က ခေါင်းယမ်းလိုက်သည်။

"ဒါဆိုရင်လည်း ငါတို့ နောက်ထပ် ရက်နည်းနည်းလောက် ဆက်စောင့်ကြတာပေါ့။ လူတိုင်း ရပ်တန့်ခြင်းအစီအရင်ကို သင်ယူပြီးသွားရင် ရှေးဟောင်းမြို့တော်ကို တားဆီးဖို့ ငါတို့ ထွက်ခွာကြမယ်။"

ပိုင်ချူးရန် အကြံပြုလေ၏။ "ဘာပဲဖြစ်ဖြစ် အချိန်က လူကိုမှ မစောင့်တာ။ ရှောင်ယွဲ့ဇီအတွက် စိတ်မကောင်းပေမယ့် ငါတို့တွေ အလုပ်ပျက်ခံလို့မှ မဖြစ်တာ။”

All Chapters