← Chapters

ဂေါ်စွန်လွန်းတဲ့ ကျွန်မဆရာ [၂]

Vol. 14 Ch. 138

ဂေါ်စွန်လွန်းတဲ့ ကျွန်မဆရာ [၂]

Vol. 14 Ch. 138

ထိုအချိန်တွင် မြစ်ရေပြင်ကျယ်ကြီး၏ အထက်ကောင်းကင်ယံ၌မူ သွေးပျက်ဖွယ် ကောင်းလှသော တိုက်ပွဲကြီးတစ်ခုမှာ အရှိန်အဟုန် ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ပြီ ဖြစ်သည်။

ယဲ့ချန်ရန်သည် ယခင်ခေတ်ကတည်းက စုဆောင်းလာခဲ့သော သူ၏ နက်ရှိုင်းလှသည့် အသိပညာနှင့် သိုင်းပညာများကို အသုံးချကာ ဤခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်၏ အမြင့်ဆုံးစွမ်းအားထက်လွန်သော ၁၂၀% အထိ အတင်းအဓမ္မ ထုတ်သုံးနေခဲ့သည်။

သူသည် လူတိုင်း တစ်ခါမှ မမြင်ဖူးနိုင်သော ထူးခြားဆန်းကြယ်သည့် ဓားကွက်များဖြင့် တစ်ချက်ခုတ်ပိုင်းလိုက်တိုင်း ကောင်းကင်မှ မီးတောက်မီးလျှံများမှာ ကျဆင်းလာကာ မြေပြင်တစ်ခုလုံးကို ဟက်တက်ကွဲသွားစေ၏။ ကြမ်းတမ်းလှသော လေဆင်နှာမောင်းများလည်း ရံဖန်ရံခါ တိုက်ခတ်လာတတ်သည်။ သူ၏ အခြားလက်တစ်ဖက်တွင်လည်း မှော်မန္နာန်များအား အဆက်မပြတ် လှုပ်ရှားနေခဲ့ကာ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကိုပါ ထိန်းချုပ်၍ ဟွမ်ဖုဖိန်အား ဖိအားပေး တိုက်ခိုက်နေသည်။ သူ၏ ရည်ရွယ်ချက်မှာ ဤသေမင်းမြေပြင်မှ ထွက်ပေါက်တစ်ခုရရှိရေးသာဖြစ်သည်။

သို့သော်ငြား ခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်၏ အမြင့်ဆုံးစွမ်းအားများအား အစွမ်းကုန် ထုတ်သုံးထားသည့်တိုင် မဟာတက်လှမ်းခြင်းအဆင့် နတ်ဆိုးကျင့်ကြံသူဖြစ်သော ဟွမ်ဖုဖိန်အတွက်မူ ပြိုင်ဘက်ပင် မဖြစ်လာနိုင်ခဲ့ပေ။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်းဖြစ်ကာ အမြင့်ဆုံးတွင် ရပ်တည်နေသော ဟွမ်ဖုဖိန်၏ မွေးရာပါ ပါရမီမှာ တပည့်ဖြစ်သူ ကျီလင်းယွမ်လောက်ကိုပင် မယှဉ်နိုင်သဖြင့် မျိုးဆက်သစ်ထဲတွင် ကောင်းကင်နတ်ဆိုးခန္ဓာအား ပိုင်ဆိုင်သော လီကျင်းယောင်နှင့်ဆိုပါက ပြောစရာမလိုအောင်ပင် ကွာဟလှ၏။ သို့သော်ငြား ဟွမ်ဖုဖိန်၏ မဆုတ်မနစ်သော ဇွဲလုံ့လမှာ ပါရမီ၏ ကန့်သတ်ချက်များအား ရိုက်ချိုးပစ်ခဲ့ပြီး နတ်ဆိုးဂိုဏ်းများ၏ အင်အားအကြီးဆုံးအဖြစ်သို့ ရောက်ရှိခဲ့သည်။

ဟွမ်ဖုဖိန်သည် ပါရမီမပါခဲ့သောကြောင့် သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ကျင့်စဉ်ပေါင်းများစွာထဲမှ ကောင်းကင်နတ်ဆိုး ဓားသိုင်းကျင့်စဉ် တစ်ခုတည်းကိုသာ ရွေးချယ်ခဲ့ပြီး အချိန်နှင့် လုံ့လကိုရင်းကာ မည်သူမျှ မရောက်ဖူးသေးသော အမြင့်ဆုံးအဆင့်အထိ ရောက်အောင်လုပ်နိုင်ခဲ့၏။

ယခုအချိန်တွင် ဟွမ်ဖုဖိန်၏ အချစ်ရဆုံးသူငယ်ချင်းဖြစ်သူ ခန္ဓာကိုယ်အား လုယူသွားခဲ့သော မြေကမ္ဘာအင်မော်တယ်အား မျက်နှာချင်းဆိုင် ရင်ဆိုင်ရချိန်တွင်မူ တစ်ချိန်က ရိုးသားဖြောင့်မတ်ခဲ့သော ဟွမ်ဖုဖိန်မှာ သွေးဆာနေသော နတ်ဆိုးရိုင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ယွယ်ချန်ရန်၏ ဓားသိုင်းပညာမှာ အလွန်တရာ သေသပ်လှပပြီး နည်းစနစ်ပိုင်းတွင် အပြစ်ဆိုစရာ မရှိသော်ငြား ဟွမ်ဖုဖိန်၏ ဓားသွားများမှာမူ ထိုတိုက်ခိုက်မှုအားလုံးအား ရက်စက်စွာ ခုတ်ထစ်ပိုင်းဖြတ်ပစ်နေသည်။ သူ၏ ဓားချက်များသည် တစ်ချက်ထက်တစ်ချက် ပိုမိုမြန်ဆန်လာသည့်အပြင် အင်အားမှာလည်း ပိုမိုပြင်းထန်လာ၏။ ဟွမ်ဖုဖိန်၏ ဒန်ထျန်ထဲရှိ ဖွဲ့စည်းထားသော မူလဝိညာဉ်မှာမူ အင်မော်တယ်တစ်ပါးအလား လွှမ်းမိုးနိုင်စွမ်းရှိသော အရောင်အဝါများ ဖုံးလွှမ်းနေကာ သူ၏ မြင့်မားလှသော မဟာတက်လှမ်းခြင်းအဆင့်အတွက် လုံလောက်သည်ထက်ပိုသော အရှိန်အဝါများ တောက်‌ပနေသည်။

သူ့စိတ်ဝိဉာဉ်ပင်လယ်အတွင်းရှိ တာအိုမူလဝိညာဉ်မှာလည်း ပြင်းထန်စွာ တုန်ခါလာ၏။ ဟွမ်ဖုဖိန် ဓားချက် မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ တာအိုဝိညာဉ်သည် သူနှင့် တစ်ပုံစံတည်း တူညီသော ဓားကွက်ကို လျင်မြန်စွာ ဖော်ဆောင်လိုက်သည်။

ဟွမ်ဖုဖိန်သည် ကောင်းကင်နတ်ဆိုးဓားသိုင်း၏ ကြောက်မက်ဖွယ်စွမ်းအားနှင့်အတူ ဟွမ်ဖုဖိန် ကျောဘက်ရှိ လေဟာနယ်ထဲမှ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါရှိသော ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးနတ်ဘုရားကြီးတစ်ပါးမှာလည်း ဖြည်းညှင်းစွာ ထွက်ပေါ်လာကာ သွေးဆာစွာ တုန်ခါလာ၏။

ဟွမ်ဖုဖိန်သည် ဓားသွားတစ်ချက်သာ ဝှေ့ယမ်းလိုက်သော်လည်း မြစ်ပြင်ကြီးမှာ နှစ်ခြမ်းကွဲသွားပြီး မြစ်ကမ်းနှစ်ဖက်ရှိ တောင်ထွတ်များပင် ပြိုကျပျက်စီးသွားရသည်။ သို့သော် ဟွမ်ဖုဖိန် ရင်ထဲတွင် အဆုံးအစမဲ့သော ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသမီးတောက်များ လောင်ကျွမ်းနေဆဲပင်။ ကံကြမ္မာမှာ ကျီစယ်လွန်းလှသည်။ ဟွမ်ဖုဖိန်သည် သူငယ်ချင်းဖြစ်သူအတွက် လက်စားချေပေးရန် တိုက်ခိုက်သော ဤတိုက်ပွဲကြီးတွင်မှ သူ့စိတ်ဝိညာဉ်နှင့် ခွန်အားတို့သည် တစ်ခါမှမရောက်ဖူးသော ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။ ဟွမ်ဖုဖိန်၏ အသက်ရှူသံများပင် ပြင်းထန်လာပြီး ခန္ဓာကိုယ်အတွင်းရှိ မူလချီများပင် ဆူပွက်လာကာ ပိုမိုမြင့်မားသည့် စွမ်းအင်နယ်ပယ်သစ်တစ်ခုဆီသို့ တဟုန်ထိုး ခုန်တက်သွား၏။

"‌ဘာ။ မင်း တိုက်နေတုန်း အဆင့်တက်သွားတာလား။"

ဟွမ်ဖုဖိန်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါများကြောင့် ယွယ်ချန်ရန်လည်း ကောင်းကောင်းကြီး နားလည်လိုက်သည်။

"အဲဒါကြောင့် ငါက သိုင်းရူးရူးနေတဲ့ကောင် တွေကို သောက်ရမ်းမုန်းတာကွ။"

ဟွမ်ဖုဖိန် မျက်လုံးအတွင်းမှ သွေးနီရောင်အလင်းတန်းများအား ကြည့်ကာ ယွယ်ချန်ရန် ခန္ဓာကိုယ်မှာ ပို၍ပို၍ တုန်ရီလာ၏။ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သော ယွယ်ချန်ရန်သည် အနက်ရောင် နတ်ဆိုးစွမ်းအင်များမှာ ဟွမ်ဖုဖိန် ခန္ဓာကိုယ်အနှံ့မှ အငွေ့ပျံထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ယွယ်ချန်ရန်လည်း လက်ကိုမြှောက်ကာ စွမ်းအားအကုန်ထုတ်သုံးပြီး ဟွမ်ဖုဖိန်ဆီသို့ အသေခံ ပြေးဝင်သွား၏။

ဟွမ်ဖုဖိန်မှာ ဓားတစ်ချက်အား နောက်ပြန်သာ ခုတ်ပိုင်းလိုက်သည်။ သို့သော် ဓားသွားက ယွယ်ချန်ရန်၏ ခန္ဓာကိုယ်အား တစ္ဆေတစ်ကောင်အလား ဖောက်ထွင်းသွားပြီး လေဟာနယ်ထဲသို့သာ ကျရောက်သွားသည်။ တစ်ချိန်တည်းမှာပင် ယွယ်ချန်ရန်သည် ဟွမ်ဖုဖိန် ရင်ဘတ်ဆီသို့ ဓားဖြင့် အားကုန်ခုတ်ချလိုက်သည်။ ထိုဓားချက်မှာ ဟွမ်ဖုဖိန်ပခုံးကို ခုတ်ပိုင်းမိသွားပြီး ပခုံးမှတစ်ဆင့် ရင်ခေါင်းအနီးတစ်ဝိုက်အထိ နက်ရှိုင်းစွာ ဖြတ်တောက်သွား၏။

"မင်းလို အရူးတစ်ယောက်ကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ဒီလိုတိုက်ခိုက်နည်းတွေကို သုံးတာပဲကွ။"

ယွယ်ချန်ရန်က အောင်နိုင်သူတစ်ယောက်ပမာ လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ "မင်းတို့အပေါ် လှည့်ကွက်နည်းနည်းသုံးလိုက်တာနဲ့ မြက်ကိုမြင်တဲ့ နွားတွေလို ဖြစ်သွားတဲ့ ကောင်တွေကများကွာ။ ဟားဟား"

ထိုသို့ လှောင်ပြောင်နေစဉ်မှာပင် ယွယ်ချန်ရန် မမျှော်လင့်ထားသောအရာတစ်ခု ဖြစ်လာသည်။ ဟွမ်ဖုဖိန်သည် ပြင်းထန်သော ဓားဒဏ်ရာရသွားသော်လည်း စကားတစ်ခွန်းမျှပင်မဟဘဲ ဓားဖြင့် သူ့အား ထပ်မံခုတ်ပိုင်းလိုက်သည်။

ဤတစ်ကြိမ်တွင်မူ ဟွမ်ဖုဖိန်၏ ဓားသွားမှာ ယွယ်ချန်ရန်၏ ဝမ်းဗိုက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွား၏။ ထိုခဏ၌ ယွယ်ချန်ရန်မှာ သူ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ စိတ်ဝိညာဉ်များအား ဆွဲယူနေသည့် ကြောက်မက်ဖွယ်ကောင်းသော ဆွဲငအားတစ်ခုအား ထိုအနက်ရောင်ဓားရှည်ကြီးမှ ရုတ်တရက် ခံစားမိသည်။

"အဟွတ်..."

ဟွမ်ဖုဖိန်သည် သွေးတစ်လုတ်ကို အန်ချလိုက်ပြီး အက်ကွဲသောအသံဖြင့် ပြောသည်။ "မင်း စကားအရမ်းများလွန်းတယ်။"

ဟွမ်ဖုဖိန်သည် ပြောနေရင်းဖြင့် လက်သီးတင်းတင်းဆုပ်ကာ ယွယ်ချန်ရန်၏ မျက်နှာအား အားကုန်ထိုးချလိုက်သည်။

ယွယ်ချန်ရန်လည်း ပြင်းထန်လွန်းသော အရှိန်ကြောင့် လေထဲတွင် ဇောက်ထိုးလွင့်စင်သွားပြီး ဝမ်းဗိုက်ပေါ်ရှိ ဒဏ်ရာမှ သွေးများ ပန်းထွက်သွားကာ မြစ်ကမ်းပါးသို့ ပြုတ်ကျသွားကာ ဖုန်များပင် လှိုင်လှိုင် ထသွားတော့၏။

ဟွမ်ဖုဖိန်သည် သူ၏ပခုံးပေါ်ရှိ အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဓားဒဏ်ရာအား လျစ်လျူရှုကာ သားရဲတစ်ကောင်အလား ဟိန်းဟောက်လိုက်ပြီး မူလချီစွမ်းအင်များကို ထုတ်ကာ သူ့အနောက်ရှိ ပုံရိပ်ယောင်ထင်နေသော မိုးထိုးမတတ် ကြီးမားလှသည့် နတ်ဆိုးနတ်ဘုရားကြီးနှင့်အတူ ဖုန်မှုန့်တောအတွင်းသို့ တဟုန်ထိုး ပြေးဝင်သွားကာ တုံ့ပြန်ရန် အသင့်မဖြစ်သေးသော ယွယ်ချန်ရန်အား ရက်ရက်စက်စက် ဆက်လက်တိုက်ခိုက်၏။

"ငါက မြေကမ္ဘာအင်မော်တယ်ကွ။ မင်းလို အရူးကောင်များ ငါ့ကိုထိုးရဲတယ်ပေါ့။ စောက်သိုင်းအရူးကောင် ဖယ်စမ်း။"

ယွယ်ချန်ရန်သည် ဟွမ်ဖုဖိန်၏ အဆက်မပြတ် တိုက်ခိုက်မှုများအား အသက်လုကာ ခုခံရင်း အသံကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။ ယွယ်ချန်ရန်သည် မြေကမ္ဘာအင်မော်တယ်တစ်ပါးဖြစ်သောကြောင့် ဟွမ်ဖုဖိန်နှင့် အပြန်အလှန် တိုက်ခိုက်နိုင်စွမ်း ရှိခဲ့သော်လည်း ယခုအခါ ဟွမ်ဖုဖိန်မှာ သိုင်းပညာကှငိတစ်ယောက်၏ စည်းမျဉ်းကန့်သတ်ချက် အားလုံးအား အပြီးတိုင် ချိုးဖျကိလိုက်ပြီဖြစ်ရာ သူ့အတွက် ခုခံမှုသာလုပ်နိုင်တော့သည်။

မရေမတွက်နိုင်သော ဓားချက်များသည် လေဟာနယ်ကိုပါ ခုတ်ပိုင်းဖြတ်သန်းသွားကာ မြစ်ပြင်ကြီးဘေးရှိ အရာအားလုံးကို စိစိညက်ညက် ကြေမွသွားစေသည်။ ကြီးမားလှသော နတ်ဆိုးနတ်ဘုရားကြီးသည် လက်ခြောက်ဖက်ဖြင့် ဓားများကို ဝှေ့ယမ်းလျက် ထောင်ပေါင်းများစွာသော ဓားလေပြင်းများအား ပိုင်းဖြတ်ထုတ်လွှတ်လိုက်ရာ မြေကမ္ဘာအင်မော်တယ်လည်း အော်ဟစ်ဟိန်းဟောက်ကာ အစအနမကျန်အောင် ပျက်စီးသွားရသည်။

All Chapters