← Chapters

လျန်စန်း

Vol. 6 Ch. 512

လျန်စန်း

Vol. 6 Ch. 512

ထိုသို့ ကူရာကယ်ရာမဲ့သည့်ခံစားချက်သည် ဝူတင်ကို အကြီးအကျယ်စိတ်ပျက်စေခဲ့လေသည်။ သို့သော် သူက လက်နှစ်ဖက်ဖြင့် ဓားကို တင်းတင်းကြပ်ကြပ်စုပ်ကိုင်လိုက်သည်။ သူသည် ယင်းစန်းမှ လူငယ်တစ်ယောက်ဖြစ်ပြီး ထျန်းယီအကြီးအကဲ၏ တူတော်စပ်သူဖြစ်လေသည်။ သူ့ဘဝတွင် ယခုထက်ပိုပြီး လုပ်နိုင်စွမ်းများရှိလေသည်။

ယခုအချိန်တွင် ဝူတင်သည် ယခင်ကကဲ့သို့ အခြးသူတစ်ဦးအပေါ်တွင် မျှော်လင့်ချက်များထားမနေတော့ပါ။ လေ့ကျင်းနှင့် ယှဉ်ပြိုင်ရသည့်ပြိုင်ပွဲတွင် သူအနိုင်ရခဲ့လျှင်ပင် သူသည် ထျန်းယီအကြီးအကဲကို ကယ်တင်ရန်အတွက် ဆန်းလျန်ကို အကူအညီတောင်းခံမည် မဟုတ်တော့ပါ။ မိုးကောင်းကင်၏လှုပ်ရှားမှုသည် တန်ခိုးစွမ်းအားနှင့်ပြည့်နက်နေသဖြင့် သူရဲကောင်းသည် မိမိကိုယ်ကိုအားတင်းရမည် ဖြစ်လေသည်။

ထိုစကားကို ကွမ်းလုန်ကျီက သူ့ကိုပြောခဲ့ခြင်းဖြစ်ပြီး ယခုမှာ ထိုစကား၏အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်လာခဲ့ရလေသည်။

သူက ဆန်းလျန်ကို စကားမပြောတော့ဘဲ ဓားသိုင်းဆက်လက်လေ့ကျင့်နေခဲ့လေသည်။

ဆန်းလျန်က ဝူတင်ကို ချီးကျူးစကားဆိုရန် ပြင်လိုက်ပြီးမှ မဆိုဖြစ်တော့ပေ။ ဝူတင်၏ ဓားသိုင်းလေ့ကျင့်နေဟန်ကိုကြည့်ပြီး လူငယ်လေး၏စိတ်ထဲတွင် ကြီးမားသည့်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားသည်ကို ဆန်းလျန်ရိပ်မိလိုက်လေသည်။

အနာဂတ်တွင်… ဝူတင်သည် စကားနည်းသွားပေလိမ့်မည်။

သူသည် စကားသိပ်မပြောတော့ဘဲ အတွေးအကြံများဖြင့်သာ အလုပ်လုပ်တော့မည့်သူ ဖြစ်လေသည်။

“ဘယ်လိုလဲ ၊ ဒီကောင်လေးကို တပည့်မတော်လိုက်ရတာကို နေင်တရနေပြီလား”

ကွမ်းလုန်ကျီက ရယ်မောရင်း ပြောလိုက်လေသည်။

မည်သည့်နေရာက ထွက်ပေါ်လာမှန်းပင်မသိလိုက်ရဘဲ ကွမ်းလုန်ကျီသည် ဆန်းလျန်ဘေးသို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။

သူတို့နှစ်ယောက်လုံးသည် တစ်ခဏကြာမျှ စကားမပြောဘဲ တိတ်ဆိတ်နေကြလေသည်။ ဤသည်မှာ ဒဏ္ဍာရီထဲမှ “ကြီးမြတ်သည့်တိတ်ဆိတ်ငြိမ်သက်ခြင်း” ဆိုသည့်အဆင့်ပင် ဖြစ်လေသည်။

ရောင့်ရဲမှုသည် တည်ငြိမ်စေသည်။ တည်ငြိမ်မှုသည် တိတ်ဆိတ်ငြိမ်သက်မှုကိုဖြစ်စေသည်။ တိတ်ဆိတ်ငြိမ်သက်မှုသည် အတွေးအခေါ်ကိုဖြစ်ပေါ်စေလေသည်။ ဤသည်မှာ သူတော်စင်အဆင့်စိတ်အခြေအနေဖြစ်လေသည်။

ကွမ်းလုန်ကျီသည် သူတော်စင်တစ်ပါးအဖြစ် လူသိများသည့် ပညာရှိတစ်ယောက် ဖြစ်လေသည်။

“ဘာလို့နောင်တရရမှာလဲ ၊ ဒီလိုအရည်အချင်းရှိတဲ့လူငယ်လေးတစ်ယောက်ကို ခင်ဗျားကသာ ပညာသင်ပေးသင့်တာပါ ၊ ပြီးတော့ လေ့ကျင်းကလည်း သူ့ကိုအနိုင်ရအောင် တိုက်ခိုက်နိုုင်မှာပါ”

ဆန်းလျန်က ကွမ်းလုန်ကျီကို လှည့်မကြည့်ဘဲ ပြန်ပြောလိုက်လေသည်။

“စောင့်ကြည့်ရမှာပေါ့လေ…”

ကွမ်းလုန်ကျီက ပြန်ပြောလိုက်လေသည်။

“ကျုပ်ဘက်ကတော့သေချာပါတယ် ၊ ဘာလို့လဲဆိုတော့ လေ့ကျင်းက ကျုပ်တပည့်လေ”

ဆန်းလျန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။

ဤသည်မှာ ဆန်းလျန်၏ သဘာဝပင် ဖြစ်လေသည်။ ထိုသို့သော ယုံကြည်မှုမျိုးသာမရှိလျှင် သူသည် ဆန်းလျန် မဟုတ်တော့ပေ။

“ကောင်းပါလေ့ ၊ ဒါဖြင့် လောင်းကြေးထပ်ကြရအောင် ၊ မင်း ကျုပ်ဆီက “လျန်စန်း” ဆိုတဲ့ရတနာကို သိချင်နေတာမဟုတ်လား ၊ လေ့ကျင်းသာအနိုင်ရခဲ့ရင် မင်းကိုအဲဒီရတနာကိုပြမယ် ၊ တကယ်လို့ ကျီကျောက်နိုင်ခဲ့ရင်တော့ မင်းရဲ့ ထိုက်ရွှီးနည်းဗျူဟာအကြောင်း ကျုပ်ကိုပြောပြရမယ် ၊ ဘယ်လိုလဲ”

ကွမ်းလုန်ကျီက ပြောလိုက်လေသည်။

“လျန်စန်း” ဆိုသည်မှာ တော်ဝင်ကျောင်းတော်အတွင်းတွင် သိမ်းဆည်းထားသည့် အဖိုးတန်ရတနာစာအုပ်ဖြစ်လေသည်။ ကွမ်းလုန်ကျီ၏ဘဝတစ်လျှောက်လုံး လေ့လာခဲ့သမျှအရာအားလုံးကို ထိုစာအုပ်ထဲတွင် အနှစ်ချုပ်ရေးသားထားလေသည်။

ထိုစကားကိုကြားသည့်အခါတွင်တော့ ဆန်းလျန် အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ ဆန်းလျန်က လျန်စန်းကိုသိချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း ကွမ်းလုန်ကျီက ပြဖို့ရန်အတွက် တွန့်ဆုတ်နေခဲ့လေသည်။ ယခုတော့ လောင်းကြေးအဖြစ် အကဲစမ်းလိုက်ပြီ ဖြစ်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

“ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ဆိုတာ အရင်တုန်းက ကျုပ်ကျင့်ကြံခဲ့တဲ့ကျင့်စဉ်ပါ ၊ အရမ်းအဖိုးတန်တယ် ၊ အဲဒါကို ပြောပြဖို့ကတော့ နည်းနည်းအခက်အခဲရှိတယ် ၊ ဘာလို့လဲဆိုတော့ အဲဒီကျင့်စဉ်ကို ဆရာဘွားဘွားလီချင်းဆွေက စတင်တီထွင်ခဲ့ပြီးတပည့်အစဉ်အဆက်ကိုပဲ လက်ဆင့်ကမ်းခဲ့တာမို့လို့ပါ ၊ ဒါပေမယ့် ကျုပ်မှာ ဟွမ်ထင်ကျမ်းစာတော့ရှိတယ် ၊ အဲဒီကျမ်းစာဟာ အရမ်းကို နက်နဲလွန်းတယ် ၊ ခင်ဗျားသာဆန္ဒရှိမယ်ဆိုရင် ကျုပ်က ဟွမ်ထင်ကျမ်းစာနဲ့ လောင်းကြေးထပ်မယ်ဗျာ”

“ဒါဖြင့် သေချာပြီနော်…”

ကွမ်းလုန်ကျီက ပြန်ပြောလိုက်သည်။

“ကျုပ်စကားကို ပြန်မရုတ်သိမ်းပါဘူးဗျာ”

ဆန်းလျန်က တစ်ချက်မှတုန့်ဆိုင်းခြင်းမရှိဘဲ ပြန်ပြောလိုက်လေသည်။

ကွမ်းလုန်ကျီက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ရင်း တော်ဝင်ကျောင်းတော်အတွင်းသို့ ပြန်ဝင်သွားလေသည်။

ဟွမ်ထင်ကျမ်းစာအကြောင်းကို သူကောင်းကောင်းသိလေသည်။ တာအိုကျင့်စဉ်များဆင်းသက်လာရာ မူလကျမ်းစာတစ်ခုဖြစ်လေသည်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သူကြားခဲ့ဖူးသည့်အချက်တစ်ချက်ရှိလေသည်။ သာမန်လူတစ်ယောက်သည် ဟွမ်ထင်ကျမ်းစာကို နေ့စဉ်ရွတ်ဆိုလျှင် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ကောင်းကင်ထက်တွင် ပျံသန်းနိုင်လိမ့်မည် ဟူ၍ပင်။

ကောလဟလများအရဆိုလျှင် ဟွမ်ထင်ကျမ်းစာသည် နောက်တစ်ဖန်ရှာမတွေ့နိုင်တော့သည့် အရာဖြစ်လေသည်။ ကျမ်းစာပြည့်စုံခြင်းရှိမရှိကိုတော့ စောင့်ကြည့်ရမည် ဖြစ်လေသည်။

ဆန်းလျန်သည် တံတားထက်တွင်ရပ်နေရင်း ရှားတူးမြောင်းဆီသို့ ငေးကြည့်နေလေသည်။ သူ၏နှုတ်ခမ်းထက်တွင် အပြုံးတစ်စကို တွေ့မြင်ရမည်ဖြစ်လေသည်။ လောကကြီးသည် ကြီးမားကျယ်ပြန့်လှပြီး စိတ်ဝင်စားစရာများနှင့် ပြည့်နက်နေသည် မဟုတ်ပါလား။

ကျားနက်ကြီးရှောင်ဟေးသည် လမ်းလျှောက်နေရာမှ အနောက်သို့လှည့်ကြည့်လိုက်လေသည်။ ကောင်းကင်ထက် တွင်ပျံသန်းလာသည့် လေ့ကျင်း၏ နတ်မြင်းပျံကြီးကို တွေ့မြင်လိုက်ရလေသည်။

“သွားစမ်း… အသိဉာဏ်နိမ့်ကျတဲ့ကောင်တွေနဲ့ စကားမများချင်ဘူး”

ကျားနက်ကြီးက ပြောလိုက်လေသည်။

ထိုနတ်မြင်းပျံကြီသည် လစ်လျှင်လစ်သလို ရှောင်ဟေးကို အနိုင်ကျင့်တတ်လေသည်။

နတ်မြင်းပျံကြီးက ကျားနက်ကြီးကို တိတ်ဆိတ်အေးစက်စွာ စိုက်ကြည့်နေလေသည်။

ကျားနက်ကြီးက ခပ်တည်တည်ဖြင့်ရှေ့သို့အနည်းငယ်လျှောက်သွားပြီး ဆန်းလျန်၏ ခြေထောက်နှစ်ချောင်းကြား အတင်းတိုးဝင်သွားတော့သည်။

“မင်းတို့နှစ်ယောက် တော်ကြပါတော့…”

ဆန်းလျန်က ပျင်းရိစွာဖြင့် ပြောလိုက်လေသည်။

ရှောင်ဟေးက မျက်မှောင်ကုပ်ကာဆန်းလျန်ကိုကြည့်လိုက်ပြီး ဆန်းလျန်၏ဖိနပ်များကိုလျှာဖြင့်လျက်လိုက်လေသည်။

“သခင်လေး ၊ ကျွန်တော်က သူနဲ့ရန်မဖြစ်ချင်ပါဘူး”

“ဒါပေမယ့် မင်းတို့က ရန်ဖြစ်နေမှာပဲ မဟုတ်ဘူးလား"

ဆန်းလျန်က ချက်ချင်းပြန်ပြောလိုက်သည်။

ကျားနက်ကြီးက ခေါင်းငုံ့လိုက်ရင်း…

“သခင်လေး ၊ ညကျရင် တုန်းချန်ဘက်မှာ မီးပုံးပွဲတော်ရှိတယ်လို့ ကြားတယ် ၊ သခင်လေးသွားချင်ရင် ကျွန်တော် လိုက်ပို့ပေးမယ်လေ”

“ဒါဖြင့် သွားကြတာပေါ့…”

ဆန်းလျန်က ပြောလိုက်လေသည်။

ထို့နောက် ဆန်းလျန်က ရှောင်ဟေးဘေးမှ ဖြတ်သွားပြီး နတ်မြင်းပျံကြီး၏ဦးခေါင်းကိုလည်း တစ်ချက်ပုတ်ခဲ့လေသည်။

အဖြူရောင်နတ်မြင်းပျံကြီးမှာ အလွန်မှ မာနကြီးသူ ဖြစ်လေသည်။

နတ်မြင်းပျံကြီးသည် သမိုင်းတွင်ထင်ရှားသည့် နတ်မြင်းပျံတစ်ကောင်ဖြစ်ချင်ခဲ့လေသည်။ သူက ရှောင်ဟေးကဲ့သို့ တုံးတုံးအအ သတ္တဝါတစ်ကောင်မဟုတ်ပေ။

ကျားနက်ကြီးက ဆန်းလျန်နောက်မှ ကုပ်ကုပ်ကလေးလိုက်လာလေသည်။ သူတို့က နတ်မြင်းပျံကြီးဘေးမှ ဖြတ်သွားသည်နှင့် ရှောင်ဟေးက နတ်မြင်းပျံကြီးကို လှမ်းကြည့်လိုက်ရင်း…

“ဒီည သခင်လေးက ငါ့ကျောပေါ်မှာစီးပြီး မီးပုံးပွဲသွားမှာ”

ဟု ပြောလိုက်လေသည်။

ကျီဝေးကျောင်းတော်သို့ ပြန်ရောက်သည်နှင့် ဖိတ်စာတစ်စောင်ကဆန်းလျန်ကို စောင့်ကြိုနေလေသည်။

ပထမတော့ မီးပုံးပွဲတော်သို့သွားရောက်ရန်မှာ ဆန်းလျန်၏ သဘောအတိုင်း ဆုံးဖြတ်နိုင်လေသည်။ သို့သော်ယခုတော့ တစ်စုံတစ်ယောက်က သူ့ကို မီးပုံးပွဲတော်သို့လာရန် ဖိတ်ကြားခဲ့ပြီဖြစ်လေသည်။ စာထဲတွင် မည်သူကဖိတ်ကြားသည်ဆိုသည့်အချက်ကို ဖော်ပြထားခြင်းမရှိပေ။

“ကျုပ်တွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ ယွင်အော်က တကယ့်ကိုချစ်စရာကောင်းတဲ့မိန်းကလေးပဲ”

ထိုစာကြောင်းလေးကိုသာ ဖိတ်စာထဲတွင် ရေးသားထားလေသည်။

“ယွင်အော်” ဆိုသည်မှာ လက်ရှိဘဝတွင် သူ၏ဒေါ်လေးအငယ်တော်စပ်သူဖြစ်လေသည်။ သူက မိခင်ဖြစ်သူ ချန်ချင်ကို ဒေါ်လေးအငယ်ကို ပြန်ရှာပေးမည်ဟု ကတိပေးထားခဲ့ဖူးလေသည်။ ဆန်းလျန်သည် အမြဲတမ်းစကားတည်သူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူ့အနေဖြင့် မီးပုံးပွဲတော်သို့ သွားရပေတော့မည်။

တိချိုးမြို့တော်ရှိ ဂုဏ်သရေရှိလူများအားလုံးသည် မီးပုံးပွဲတော်ညတွင် တုန်းချန်အရပ်တွင်စုရုံးကြမည်ဖြစ်လေသည်။

တိချိုးမြို့တော်၏ ညဘက်မြင်ကွင်းသည် အလွန်မှ စွဲဆောင်မှုရှိလေသည်။

ကောင်းကင်ထက်တွင်ပျံသန်းနေကြသည့်မီးပုံးပျံများမှာ ကြယ်များနှင့်အပြိုင်လင်းလက်နေကြလေသည်။ ကြယ်ရောင်နှင့် မီးပုံးပျံအရောင်ကိုပင် ခွဲခြားသိမြင်ရန် ခက်လှသည်။

တာ့ရှားပြည်မှ မိန်းမပျိုလေးများနှင့် လုလင်ပျိုလေးများအားလုံးသည် အပြင်သို့ ထွက်လာကြလေသည်။

မီးပုံးပွဲတော်မှာ ရဟန်းမင်းကြီးစီစဉ်သည့်ပွဲဖြစ်လေသည်။

ထိုညတွင် လနတ်သမီးထံသို့ ဆုတောင်းကြပြီး ကံကောင်းလျှင် မိန်းမပျိုများနှင့် လုလင်ပျိုများသည် ချစ်သူနှင့်ဆုံတွေ့ကြရမည် ဖြစ်လေသည်။

အချစ်ဆိုသည့်အရာသည် မျိုးနွယ်များ ၊ အချိန်နှင့်နေရာ ကန့်သတ်ချက်များအားလုံးကို ကျော်လွန်သည့်အရာဖြစ်လေသည်။ လူငယ်များအားလုံးသည် ယနေ့ညတွင် ချစ်သူနှင့်ဆုံကြရန်မျှော်လင့်ပြီး ကံကြမ္မာအခွင့်ပေးလျှင် လက်ထပ်ထိမ်းမြားကြရန်အထိ မျှော်လင့်ထားကြလေသည်။

ထို့ပြင် မီးပုံးပွဲတော်တွင် အခြားသော စွဲဆောင်မှုတစ်ခုလည်း ရှိသေးသည်။

ထွန်းညှိထားသည့် မီးပုံးတစ်ခုချင်းစီတိုင်းတွင် စကားဝှက်များရှိလေသည်။ ထိုစကားဝှက်များအားလုံးကို ဖော်နီုင်လျှင် အိပ်မက်များကို အကောင်အထည်ဖော်နိုင်သည့် နေရာတစ်နေရာသို့ရောက်ရှိမည် ဖြစ်လေသည်။

ရှားတူးမြောင်းသည် တုန်းချန်အရပ်၏အစွန်းတွင်တည်ရှိလေသည်။ ရှားတူးမြောင်းမှရေထဲတွင် အလင်းရောင်များတောက်ပနေလေသည်။ ရေပြင်ထက်တွင် လှေငယ်လေးများ သွားလာနေကြလေသည်။ ရာသီဥတုက တိတ်ဆိတ်ငြိမ်သက်နေပြီး လမင်းကလည်း ထိန်ထိန်သာနေလေသည်။

ညရှုခင်းမှာ ပန်းချီကားတစ်ချပ်အလား လှပလွန်းလေသည်။

မင်းမျိုးမင်းနွယ်များသည် လှပသည့်အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး လှေများဖြင့် သွားလာနေကြလေသည်။

ရှားတူးမြောင်းကမ်းခြေတစ်လျှောက်တွင်လည်း လုလင်ပျိုများစွာနှင့် မိန်းမပျိုများစွာ မတ်တပ်ရပ်နေကြလေသည်။

တာ့ရှားပြည်မှ မိန်းမပျိုများ၏အလှကို လာရောက်ကြည့်ရှုကြသည့် အခြားသောတိုင်းပြည်များမှ လုလင်ပျိုများလည်း ရောက်ရှိနေကြလေသည်။ အကယ်၍ ကံကောင်းပါက ရှားမျိုးနွယ်မိန်းမပျိုတစ်ယောက်ကို သူတို့ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်။

All Chapters