← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း။ ၁၀၅

ဘုန်းးးးး

ကောင်းကင်ယံရှိ မြစ်ကြီးတစ်စင်း တလိမ့်လိမ့် စီးဆင်းလာသကဲ့သို့ အနက်ရောင် ဓားသက်တံ့ကြီးသည် တစ်ဟုန်ထိုး ဖြတ်သန်းသွားပြီး အဆုံးမဲ့လှသော လွင့်ပျံပန်းပွင့် ဓားချီများကို ချက်ချင်းပင် ရိုက်ခွဲကာ ခြေမှုန်းပစ်လိုက်တော့သည်။

လေးလံလှသော ရထားဘီးကြီးများက မြေပြင်ပေါ်ရှိ ပန်းပွင့်ဖတ်ကလေးများကို အမှုန့်ကြိတ်ခြေသွားသကဲ့သို့ပင်။ လွင့်ပျံပန်းပွင့် ဓားချီများမှာ မျက်ဝါးထင်ထင်ပင် လျင်မြန်စွာ အက်ကွဲပျက်စီးသွားတော့၏။

ခဏအတွင်းမှာပင် ထိုအနက်ရောင် ဓားသက်တံ့ကြီးက ချန်ကျီရှင်းရှိရာသို့ ဘေးတိုက် ပိုင်းခုတ်လာခဲ့သည်။

"လွင့်ပျံပန်းပွင့်..."

ချန်ကျီရှင်းသည် မည်သည့်ခံစားချက်မျှမရှိသော မျက်နှာထားဖြင့် သူ၏လက်ထဲမှ စိမ်းပြာရောင် ရေဓားကို လွှတ်လိုက်သည်။

ရွှပ်...

မျက်တောင်တစ်ခတ်အတွင်းမှာပင် စိမ်းပြာရောင် ရေဓားသည် ချန်ကျီရှင်း၏ ရှေ့မှောက်၌ လေထဲတွင် တန့်သွားပြီး ဓားဦးဖျားမှစ၍ အပိုင်းပိုင်းကွဲအက်ကာ ပန်းပွင့်ဖတ်ကလေးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုပန်းပွင့်ဖတ်ကလေးများမှာ တစ်ခုမှနှစ်ခု၊ နှစ်ခုမှလေးခုအဖြစ် အဆမတန် များပြားလာသည်။ နောက်ဆုံးတွင် ချန်ကျီရှင်း၏ ရှေ့၌ တောက်ပခမ်းနားလှသော ပန်းပွင့်ဒိုင်းလွှားတစ်ခုအဖြစ် ပုံပေါ်လာတော့၏။

ဒုန်းးး

ကောင်းကင်မြစ်ကြီးအလား အနက်ရောင် ဓားသက်တံ့မှာ ပန်းပွင့်ဒိုင်းလွှားနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားသည်။ တာကျိုးသွားသော ရေကြီးမှုက ဧရာမကျောက်ဆောင်ကြီးကို ရိုက်ခတ်လိုက်သကဲ့သို့ပင် အုန်းအုန်းမြည်သံကြီး ထွက်ပေါ်လာတော့၏။ ထို့နောက်ချက်ချင်းပင် ပန်းပွင့်ဒိုင်းလွှားကို ရိုက်ခတ်မိသော ဓားသက်တံ့မှာ နှစ်ခြမ်းကွဲသွားပြီး ဘေးတစ်ဖက်တစ်ချက်စီသို့ စီးဆင်းသွားတော့သည်။

ရွှပ် ရွှပ် ရွှပ်...

အနက်ရောင် ဓားသက်တံ့ကြီး လုံးဝ စီးဆင်းသွားသော ထိုအခိုက်အတန့်မှာပင်...

မြေကျုံ့ခြေလှမ်း…

ချန်ကျီရှင်းသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ရုံဖြင့် တူကူးနီ၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိသွားပြီး သူ၏ညာလက်ကို မြှောက်ကာ အောက်သို့ ပြင်းထန်စွာ ပိုင်းချလိုက်တော့သည်။

သူ၏လက်ထဲတွင် မရေမတွက်နိုင်သော ပန်းပွင့်ဖတ်များမှာ ပြန်လည် စုစည်းမိသွားပြီး စိမ်းပြာရောင် ရေဓားအဖြစ်သို့ တစ်ဖန် ပြန်လည် ပြောင်းလဲသွား၏။ တူကူးနီ၏ မျက်ဝန်းများတွင် စူးရှသော အလင်းတန်းတစ်ခု လက်သွားပြီး သူ၏ဓားကို အမြန်မြှောက်ကာ ခုခံလိုက်သည်။

ချလွင်…

လက်နက်ချင်း ထိတွေ့မိသံမှာ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ တူကူးနီသည် သူ့ကိုယ်ပေါ်သို့ တောင်တန်းပေါင်း ရာနှင့်ချီ၍ ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ၏လက်မှာ ဝုန်းခနဲ နိမ့်ဆင်းသွားကာ ဒူးနှစ်ဖက်မှာလည်း ချက်ချင်းပင် ညွှတ်ခွေသွားတော့၏။

"တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ခွန်အားပဲ"

တူကူးနီ၏ အမူအရာမှာ ပို၍ပင် လေးနက်တည်ကြည်လာသည်။ သူ တိုက်ကွက်ပြောင်းရန် ပြင်ဆင်ချိန်ကိုပင် မစောင့်တော့ဘဲ...

ရွှပ်...

စိမ်းပြာရောင် ရေဓားသည် သူ၏ဓားပေါ်သို့ ပြင်းထန်စွာ ဖိချထားရင်းမှ ဓားသွားမှာ နောက်တစ်ကြိမ် ထပ်မံ အက်ကွဲသွားပြန်ပြီး မရေမတွက်နိုင်သော ပန်းပွင့်ဖတ်များအဖြစ် ပြောင်းလဲကာ ဘေးတစ်ဖက်တစ်ချက်စီမှ သူ့ကို ဝိုင်းရံတိုက်ခိုက်လိုက်တော့သည်။

တူကူးနီ၏ အကြည့်များမှာ စူးရှသွားပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်၏။ တစ်ချိန်

တည်းမှာပင် သူ၏မိစ္ဆာဓားဖြင့် ကြက်ခြေခတ် ဓားချက်အချို့ကို လျင်မြန်စွာ ဆွဲလိုက်ရာ လွင့်ပျံပန်းပွင့် ဓားချီများမှာ လုံးဝ လွင့်စင်ပျက်စီးသွားတော့သည်။

သို့သော် သူ အသက်တစ်ချက်ဝအောင် ရှူရန်ပင် အချိန်မရလိုက်ပေ။

မရေမတွက်နိုင်သော ပန်းပွင့်ဖတ်များမှာ ရေစီးကြောင်းတစ်ခုအလား ချက်ချင်းပင် ပြန်လည် စုရုံးလာပြီး ချန်ကျီရှင်း၏ လက်ထဲတွင် အလိုအလျောက် ပေါင်းစပ်ကာ စိမ်းပြာရောင် ရေဓားအဖြစ်သို့ တစ်ဖန် ပြန်လည် ပုံပေါ်လာပြန်သည်။

ချန်ကျီရှင်းသည် မြေကျုံ့ခြေလှမ်းကို အသုံးပြု၍ ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ အဆုံးမဲ့သော အကွာအဝေးမှာ လက်မအနည်းငယ်မျှသာ ရှိတော့သကဲ့သို့ ကျုံ့ဝင်သွားသည်။ ခြေတစ်လှမ်းတည်းဖြင့် ချန်ကျီရှင်းမှာ တူကူးနီ၏ ရှေ့သို့ ရောက်ရှိသွားပြီး သူ၏ဓားဖြင့် စောင်း၍ ထပ်မံ ပိုင်းခုတ်လိုက်ပြန်၏။

ချလွင် ချလွင် ချလွင် ချလွင် ချလွင် ချလွင် ချလွင်

သူတို့နှစ်ဦးသည် နောက်ထပ် ဓားချက်ပေါင်း ရာနှင့်ချီ၍ ပြင်းပြင်းထန်ထန် ဆက်လက် ယှဉ်ပြိုင်ကြပြန်သည်။ ဟင်းလင်းပြင်ကြီးအတွင်း၌ တောက်ပလှသော ဓားအလင်းတန်းများမှာ အဆက်မပြတ် ထိတွေ့ပွတ်တိုက်နေပြီး ပေါက်ကွဲသံများ ပဲ့တင်ထပ်နေတော့၏။

မှောင်မည်းနေသော ညကောင်းကင်ယံကြီးမှာ ဓားအလင်းတန်းများဖြင့် ပြည့်နှက်နေပြီး ဆူပွက်နေသော ဓားချီပင်လယ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ချန်ကျီရှင်းနှင့် တူကူးနီတို့၏ ပုံရိပ်ကို ရှင်းလင်းစွာ မမြင်ရတော့ဘဲ အဆုံးမဲ့လှသော ဓားအလင်းတန်းများကြားတွင် လျင်မြန်စွာ လှုပ်ရှားရုန်းကန်ကာ ထိပ်တိုက်တွေ့ဆုံနေကြသည့် ဝေဝါးသော ပုံရိပ်နှစ်ခုကိုသာ မြင်တွေ့နိုင်တော့သည်။

"ဟားဟားဟား... တကယ့်ကို ကောင်းမွန်တဲ့ တိုက်ပွဲပဲ"

ဟွာလင်းဟောက်က ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏ခေါင်းမှ နာကျင်မှုများကိုပင် မေ့လျော့သွားကာ မသကာသော ရယ်မောသံဖြင့် အားရပါးရ ရယ်မောနေတော့သည်။ သူ ခံစားခဲ့ရသော စိတ်ပျက်အားငယ်မှုများမှာ ယခုအခါတွင် မျှတသွားသကဲ့သို့ ခံစားလိုက်ရပြီး သက်ပြင်းတစ်ချက်ကို အားပါပါ ချလိုက်၏။

"သခင်လေး... လုပ်လိုက်စမ်းပါ အဲဒီ အဘိုးကြီးကို အသေသတ်ပစ်လိုက်စမ်းပါ"

"ဟဲ... ထွီ အဲဒီ အဘိုးကြီးက ငါ့ကို မတရားလုပ်ခဲ့တာ။ ငါ့မှာ အလကားနေရင်း အရိုက်ခံလိုက်ရတယ်"

"ဟုတ်တယ်... အဲဒီအတိုင်းပဲ သူ့ကို ဓားနဲ့ အားရပါးရ ထိုးပစ်လိုက်စမ်းပါ"

ကိုးထပ်သော ကောင်းကင်ယံထက်မှ ရုတ်တရက် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

"ပါးစပ်ပိတ်ထားစမ်း"

အနက်ရောင် ဓားသက်တံ့ကြီးတစ်ခုမှာ ကောင်းကင်ယံထက်မှ တစ်ဟုန်ထိုး ဝုန်းခနဲ ကျဆင်းလာရာ ဟွာလင်းဟောက်မှာ လန့်ဖျပ်သွားပြီး အသည်းအသန် နောက်သို့ ဆုတ်ခွာလိုက်ရသည်။ ထိုဓားချက်မှာ သူ့ကို ထိလုနီးပါးပင်။

ကိုးထပ်သော ကောင်းကင်ယံအတွင်း၌...

မရေမတွက်နိုင်သော လွင့်ပျံပန်းပွင့် ဓားစိတ်ဆန္ဒများမှာ လေဆင်နှာမောင်း တွန့်လိမ်မှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တူကူးနီကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေရန် ဖိအားပေးလိုက်တော့သည်။

တူကူးနီ၏ အမူအရာမှာ မည်သည့်အချိန်ကတည်းက ဤမျှအထိ လေးနက်တည်ကြည်သွားသည်ကို မသိနိုင်တော့ပေ။

မြန်လိုက်တာ။

တကယ့်ကို မြန်လွန်းတယ်။

ရှေ့တွင်ရှိနေသော ချန်ကျီရှင်းက အရှိန်အဟုန်ပြင်းစွာ တိုးတက်လာနေခြင်းပင်။

အစပိုင်းတွင် သူက ချန်ကျီရှင်းကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့သော်လည်း နာရီဝက်ခန့် ဓားချင်းယှဉ်ပြိုင်ပြီးနောက်တွင်မူ အခြေအနေများမှာ လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့ပြီး သူကိုယ်တိုင်ပင် အသက်ရှူရန် ခက်ခဲလာတော့သည်။

အထူးသဖြင့် ဆန်းပြားလှသော လွင့်ပျံပန်းပွင့် ဓားတာအိုမှာ ခန့်မှန်းရခက်လွန်းလှ၏။ တစ်ခါတစ်ရံတွင် လွင့်ပျံပန်းပွင့် ဓားချီအဖြစ် ပြောင်းလဲသွားလိုက် နောက်တစ်ခါတွင် ဓားချီ လေဆင်နှာမောင်း သို့မဟုတ် ဓားချီ မြစ်ကြီးတစ်စင်းအဖြစ် ပြန်လည် ပေါင်းစပ်သွားလိုက်နှင့် သူ၏ခုခံမှုများကို အဆက်မပြတ် ထိုးဖောက်နေတော့သည်။

ဝေဝါးစွာပင် သူ ထိတ်လန့်တကြား သတိပြုမိသည်မှာ ချန်ကျီရှင်း၏ ဓားတာအိုအတွင်း၌ သမိုင်းတစ်လျှောက်ရှိခဲ့သော ဓားတာအို မဟာဆရာကြီးများစွာ၏ အရိပ်အယောင်များ ကိန်းအောင်းနေခြင်းပင်။

ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်တော့ဘူး။ မဟုတ်ရင် ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က အများကြီး ကျဆင်းနေတဲ့အတွက် ဒီတိုက်ပွဲမှာ ငါ သေချာပေါက် ရှုံးနိမ့်သွားလိမ့်မယ်။

တူကူးနီသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏မျက်ဝန်းများတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု လက်သွားတော့သည်။

နောက်တစ်ခဏတွင်...

သူသည် သူ၏ စစ်မှန်သော အဆီအနှစ်အားလုံးကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး အထွတ်အထိပ်သို့ ရောက်အောင် တွန်းပို့လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် သူ၏ အနက်ရောင် မိစ္ဆာဓား၏ ဓားရိုးပေါ်ရှိ ကြောက်မက်ဖွယ်

ကောင်းသော မျက်လုံးအိမ်မှာ ဝုန်းခနဲ ပွင့်လာတော့၏။

တူကူးနီသည် သူ၏ အနက်ရောင် မိစ္ဆာဓားကို ဘေးတိုက် အရှိန်ပြင်းစွာ မြှောက်လိုက်ပြီး ဓားဦးဖျားကို ချန်ကျီရှင်းထံသို့ တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်သည်။

"ဖျက်ဆီးခြင်းမျက်လုံး"

တူကူးနီက အသံခပ်အုပ်အုပ်ဖြင့် အော်လိုက်သည်။

ဘုန်းးး

ချက်ချင်းပင် ဓားရိုးပေါ်ရှိ မျက်လုံးအိမ်မှတစ်ဆင့် သွေးကြောသဏ္ဍာန် အင်းကွက်များမှာ ပင့်ကူအိမ်တစ်ခုအလား ဓားသွားတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ မိစ္ဆာဓားတစ်ခုလုံးမှာ အသက်ဝင်လာသကဲ့သို့ ရှိနေပြီး နတ်ဘုရားအင်းကွက်များမှာ သူ၏သွေးကြောများဖြစ်ကာ မျက်လုံးအိမ်မှာမူ သူ၏နှလုံးသားပင်။

ဒုတ်... ဒုတ်... ဒုတ်

ရုတ်တရက် အနက်ရောင် မိစ္ဆာဓားအတွင်းမှ ပြင်းထန်လှသော နှလုံးခုန်သံကြီး ပဲ့တင်ထပ်လာသည်။ ထို့နောက် ချက်ချင်းပင် နီရဲသော သွေးကြောသဏ္ဍာန် အင်းကွက်များမှာ ဓားကို ကိုင်ထားသော တူကူးနီ၏ လက်မှတစ်ဆင့် သူ၏ခန္ဓာကိုယ် ထက်ဝက်ခန့်အထိ မျက်တောငတစ်ခတ်အတွင်း ဖုံးလွှမ်းသွားတော့၏။

ရွှပ် ရွှပ် ရွှပ်

တူကူးနီ၏ အရှိန်အဝါမှာ ဤအခိုက်အတန့်တွင် အရူးအမူး မြင့်တက်လာတော့သည်။ သူ၏မျက်ဝန်းများအတွင်းမှ နီရဲသော မိစ္ဆာမြူခိုးများ ထွက်ပေါ်လာ၏။

"ဆယ်စက္ကန့်..."

တူကူးနီ၏ အသံမှာ လုံးဝ ပြောင်းလဲသွားပြီး မိစ္ဆာနတ်ဘုရားတစ်ပါး ကျိန်စာတိုက်နေသကဲ့သို့ နက်ရှိုင်းကာ ရှေးဆန်လှသော အသံကြီး ဖြစ်သွားတော့သည်။

"မင်းကို အလဲထိုးပစ်မယ်"

နောက်တစ်ခဏ၌ သူသည် ရှေ့သို့ တစ်လှမ်းတိုးကာ ခါးကိုကိုင်းလျက် အရှိန်ပြင်းပြင်း ပြေးဝင်မည့် အနေအထားသို့ ပြင်လိုက်သည်။ သူ၏ညာလက်မှာ ဓားရိုးကို လက်ချောင်းငါးချောင်းဖြင့် ဖြည်းညှင်းစွာ ဆုပ်ကိုင်ထား၏။

"ဓားထုတ်ကျင့်စဉ်၏ စစ်မှန်သော အဓိပ္ပာယ် ကောင်းကင်ဘုံသတ်ဖြတ်ခြင်း အရှိန်အဟုန်"

ဘုန်းးး

ချက်ချင်းပင် တူကူးနီသည် လောကကြီးကို ဖြတ်သန်းသွားသော နီရဲသည့် မျဉ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချန်ကျီရှင်းကို တိုက်ခိုက်ရန်အတွက် တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။

အခန်း။ ၁၀၆

ကျယ်ပြောလှသော ကောင်းကင်ကြီးမှာ တစ်ခဏချင်းမှာပင် နှစ်ခြမ်းကွဲသွားတော့သည်။

"မကောင်းတော့ဘူး ဒီအဘိုးကြီး တကယ် အတည်လုပ်နေပြီ"

ကိုးထပ်သော ကောင်းကင်ယံအောက်တွင် ဟွာလင်းဟောက်သည် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်နှာပျက်သွားသည်။

တူကူးနီကို ဓားမိစ္ဆာဟု နာမည်ကျော်စေခဲ့သည်မှာ သူ၏လက်ထဲရှိ ဖျက်ဆီးခြင်းမျက်လုံး မိစ္ဆာဓားကြောင့်ပင်။ ၎င်းကို အပြည့်အဝ လှုံ့ဆော်လိုက်သည်နှင့် တူကူးနီ၏ တိုက်ခိုက်ရေးစွမ်းအားမှာ မျဉ်းဖြောင့်အတိုင်း တစ်ဟုန်ထိုး မြင့်တက်သွားတော့၏။

အတိတ်ကာလက တူကူးနီသည် စီကုန်းမျိုးနွယ်စုမှ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်ရှိသူ ကိုးဦးကို တစ်ယောက်တည်းနှင့် အနိုင်တိုက်ကာ သုတ်သင်နိုင်ခဲ့ခြင်းမှာလည်း ဤအစွမ်းကြောင့်ပင်။

"မဖြစ်ဘူး သူ့ကို တားဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်"

ဟွာလင်းဟောက်၏ စိတ်ကူးများမှာ အရူးအမူး လည်ပတ်နေတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏အတွင်းရှိ စစ်မှန်သော အဆီအနှစ်ကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

ဗုန်းးး

ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူသည် တောက်ပလှသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချန်ကျီရှင်းရှိရာ အရပ်မျက်နှာသို့ တစ်ဟုန်ထိုး ပြေးထွက်သွားတော့သည်။

ထိုအခိုက်အတန့်မှာပင် တုံ့ပြန်မှု မရှိသေးသော ချန်ကျီရှင်းသည် နောက်ဆုံးတွင် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်တော့သည်။

"ငါ့ရဲ့ ဓားနှလုံးသားက ပုံပေါ်လာပြီ။ ငါ ဓားတာအိုရဲ့ မဟာဆရာကြီးအဆင့်ထဲကို ဝင်ရောက်သွားပြီ"

ချန်ကျီရှင်းသည် သူ၏ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော တူကူးနီကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"လွင့်ပျံပန်းပွင့် ဓားတာအို ခဏတာ လှပခြင်း"

ဝုန်းးးး

အချိန်များမှာ ထိုအခိုက်အတန့်တွင် ရပ်တန့်သွားသကဲ့သို့ပင် လေထဲတွင် စီးဆင်းနေသော လေညင်းများ၊ လှိုင်းထနေသော ဓားချီများ၊ ပြေးဝင်လာနေသော တူကူးနီ... အရာအားလုံးမှာ ထိုစက္ကန့်ပိုင်းအတွင်း ခေတ္တ တန့်သွားခဲ့သည်။

ကောင်းကင်ယံထက်တွင် ပန်းပွင့်ပင်လယ်ကြီးတစ်ခုမှာ ဒီရေတက်လာသကဲ့သို့ ချန်ကျီရှင်း၏ ခန္ဓာကိုယ်မှနေ၍ အပြင်ဘက်သို့ တစ်ဟုန်ထိုး ပြန့်ကားသွားတော့သည်။

ဖူးးးး

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုပန်းပွင့်ပင်လယ်ကြီးမှာ ချန်ကျီရှင်းနှင့် တူကူးနီတို့ နှစ်

ဦးလုံးကို လွှမ်းခြုံသွားတော့၏။

"ဟင်"

ဟွာလင်းဟောက်၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားပြီး သံသယအပြည့်ရှိသော အကြည့်များဖြင့် ကောင်းကင်ယံထက်သို့ ခေါင်းမော့ကြည့်လိုက်မိတော့သည်။

ခဏအကြာတွင်...

ပန်းပွင့်ပင်လယ်ကြီးမှာ တဖြည်းဖြည်း လွင့်စင်သွားတော့သည်။

ချန်ကျီရှင်းက ကောင်းကင်ယံမှ ပထမဆုံး ဆင်းသက်လာပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသော တူကူးနီက နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။

ဟွာလင်းဟောက်၏ မျက်သူငယ်အိမ်များမှာ အံ့အားသင့်မှုကြောင့် ကျုံ့ဝင်သွားပြီး အပြေးအလွှား တိုးကပ်သွားကာ မယုံကြည်နိုင်ဟန်ဖြင့် "ဘာတွေ ဖြစ်သွားတာလဲ" ဟု မေးမြန်းလိုက်မိသည်။

တူကူးနီက ဟွာလင်းဟောက်ကို မကျေမနပ် တစ်ချက်ကြည့်လိုက်ပြီး သူ၏လည်ပင်းကို မော့ပြလိုက်ရာ သွေးစအနည်းငယ် စိမ့်နေသော ဓားရာပါးပါးလေးတစ်ခုကို တွေ့လိုက်ရသည်။ ထို့နောက် သူက "ဘာဖြစ်သွားလဲဆိုတာ မင်းမမြင်ဘူးလား။ နောက်နောင်ကျရင် အဓိပ္ပာယ်မရှိတာတွေ လျှောက်တွေးမနေနဲ့တော့။ သခင်လေးနောက်ကိုပဲ သေချာလိုက်တော့" ဟု ပြောလိုက်၏။

ဟွာလင်းဟောက်၏ စိတ်ထဲတွင် ချက်ချင်းပင် တုန်လှုပ်ချောက်ချားသွားတော့သည်။

...

...

နာရီဝက်ခန့် ကြာပြီးနောက်...

တဖွဲဖွဲရွာသွန်းနေသော မိုးစက်များကြားတွင် ချန်ကျီရှင်းသည် ခမောက်ဆောင်းထားသော ဝတ်ရုံနက်ဝတ် ပုံရိပ်နှစ်ခုကို ဘေးတစ်ဖက်တစ်ချက်စီတွင် ရံလျက် တတိယတောင်ထိပ်ဆီသို့ လမ်းလျှောက်လာခဲ့သည်။

တတိယတောင်ထိပ်သို့ ရောက်ရှိချိန်တွင် ချန်ကျီရှင်းသည် အဓိကခန်းမဆောင်အတွင်း၌ စုဝေးကာ စကားစမြည် ပြောဆိုနေကြသည့် နွဲ့နှောင်းသော ပုံရိပ်သုံးခုကို မြင်တွေ့လိုက်ရသည်။

ထိုသုံးဦးမှာ အစေခံမလေး ပိလော့၊ ဇီဝေချန်မိသားစုတွင် လာရောက်လေ့ကျင့်နေသည့် ရွမ်

နန်ကျူးနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သော ကျားချင်းယွဲ့တို့ပင်။

"မမချင်းယွဲ့"

ချန်ကျီရှင်းမှာ မျက်မှောင်ပင့်သွားပြီး အံ့အားသင့်သွားသော အမူအရာ ပေါ်လာသည်။ ကျားချင်းယွဲ့နှင့် နောက်ဆုံးတွေ့ခဲ့သည့် အချိန်မှစ၍ ယခုဆိုလျှင် လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အမျိုးသမီးသုံးဦးစလုံး ချန်ကျီရှင်းရှိရာသို့ လျှောက်လာကြသည်။

"သခင်လေး... မမချင်းယွဲ့ ရောက်လာပြီး ကျွန်မတို့အတွက် အရသာရှိတဲ့ မုန့်တွေအများကြီး ယူလာပေးတယ်"

ပိလော့၏ မျက်နှာလေးမှာ နီမြန်းနေပြီး သူမ၏မျက်ဝန်းလေးများမှာ ပျော်ရွှင်မှုကြောင့် လခြမ်းကွေးလေးများအလား ဖြစ်နေတော့သည်။

ရွမ်နန်ကျူးကမူ "တတိယသခင်လေး..." ဟု တိုးတိုးလေး နှုတ်ဆက်လိုက်သည်။ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် သူမသည် ချန်ကျီရှင်းကို မြင်တိုင်း ကြောင်ကိုမြင်ရသည့် ကြွက်ကလေးတစ်ကောင်ကဲ့သို့ သဘာဝအလျောက် ထိတ်လန့်မှုကို ခံစားနေရခြင်းပင်။

သို့မဟုတ်ပါကလည်း ထိုအရာမှာ ထိတ်လန့်ခြင်း မဟုတ်နိုင်ပေ။ သူမသည် ချန်ကျီရှင်းကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ပါးပြင်များ နီမြန်းလာပြီး နှလုံးခုန်နှုန်းများ မြန်လာကာ သူ့ကို တည့်တည့်မကြည့်ဝံ့ဘဲ ဖြစ်နေရခြင်းပင်။

ကျားချင်းယွဲ့၏ အကြည့်များမှာ ချန်ကျီရှင်းထံသို့ ဦးတည်သွားပြီး ပထမဆုံးအနေဖြင့် သူ၏အနောက်ရှိ ဝတ်ရုံနက်ဝတ် ပုံရိပ်နှစ်ခုကို သတိပြုမိသွားကာ သူမ၏မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ထို့နောက် သူမ၏အကြည့်မှာ ချန်ကျီရှင်းပေါ်သို့ ကျရောက်သွားချိန်တွင် လှပသော မျက်ဝန်းအစုံ၌ ထူးခြားသော အရောင်အဝါတစ်ခု ဖြတ်သန်းသွားတော့၏။

လွန်ခဲ့သော လအနည်းငယ်ကနှင့် နှိုင်းယှဉ်လျှင် ယခုလက်ရှိ ချန်ကျီရှင်းမှာ ပို၍ပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုပြောင်းလဲမှုမှာ မည်သည့်အရာဖြစ်သည်ကိုမူ သူမ အတိအကျ လက်ညှိုးထိုးပြရန် ခက်ခဲနေတော့သည်။

သူမအနေဖြင့် စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြရလျှင်မူ တည်ငြိမ်မှုဟုသာ ဆိုရပေမည်။

သူ၏ ရှည်လျားကျဉ်းမြောင်းသော မျက်ဝန်းအစုံမှာ ရှေးဟောင်းရေတွင်းအိုကြီးတစ်တွင်းကဲ့သို့ ငြိမ်သက်နေပြီး ကြည်လင်သော ရေပြင်ပမာ အေးဆေးလွန်းလှသည်။ လူငယ်တစ်ဦးတွင် ရှိတတ်သော အတွေ့အကြုံနုနယ်မှုများ လုံးဝကင်းစင်နေပြီး အတိုင်းအဆမရှိ နက်ရှိုင်းသော ရေကန်ကြီးတစ်ခုနှင့် သဏ္ဌာန်တူနေတော့သည်။

ဤအချက်သည်ပင် သူမ၏ရင်ထဲတွင် ဖော်ပြမရနိုင်သော လွမ်းဆွတ်မှုနှင့် ပြန်လည်သုံးသပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ တစ်ချိန်က ရင်ခွင်ထဲ၌ တအိအိနှင့် ငိုယိုခဲ့သော ကလေးငယ်လေးသည် မမျှော်လင့်ဘဲ ဤကဲ့သို့သော ရင့်ကျက်သည့် ရုပ်သွင်သို့ ပြောင်းလဲလာခဲ့သည်။

“မောင်လေးကျီရှင်း... မတွေ့ရတာ ကြာပြီနော်”

ကျားချင်းယွဲ့သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စိတ်ကိုပြန်လည်စုစည်းကာ ချန်ကျီရှင်းကို အသာအယာ ပြုံးပြလိုက်သည်။

“သခင်လေး... ဒီအမျိုးသမီးရဲ့ နောက်ခံက သိပ်တော့ မရိုးရှင်းပုံရဘူးဗျ”

တူကူးနီ၏ လေးနက်သော အသံမှာ ချန်ကျီရှင်း၏ အသိစိတ်ပင်လယ်အတွင်း ပဲ့တင်ထပ်သွားသည်။ ချန်ကျီရှင်းမှာမူ ဘာမှမထူးခြားသကဲ့သို့ပင် ခေါင်းညိတ်ပြလိုက်သည်။ ကျားချင်းယွဲ့၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်၍ သူ သံသယဝင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ပျက်စီးနေတဲ့ ကျားမိသားစုက ဒီလို ထိပ်တန်းအဆင့် ကျင့်စဉ်တွေကို ဘယ်လိုနည်းနဲ့ ခဏခဏ ပိုင်ဆိုင်နေရမှာလဲ။

သို့သော် ချန်ကျီရှင်းမှာမူ ထိုအချက်များကို ဂရုမစိုက်ပေ။ သူသည် ကျားချင်းယွဲ့၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များကို အတင်းအဓမ္မ စူးစမ်းဖော်ထုတ်ရန် ကြိုးစားမည်မဟုတ်သကဲ့သို့ ကျားချင်းယွဲ့ကလည်း သူ၏ လျှို့ဝှက်ချက်များကို မေးမြန်းမည်မဟုတ်သည်ကို သိရှိနားလည်ထားသည်။ တစ်ခါတစ်ရံတွင် သင့်တင့်လျောက်ပတ်သော စည်းဘောင်တစ်ခုကို ထိန်းသိမ်းထားခြင်းကပင် ရေရှည်ခိုင်မြဲသော ဆက်ဆံရေးအတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခု ဖြစ်သည်။

“ပိလော့... ဒီလူနှစ်ယောက်က အခုကစပြီး ငါတို့နဲ့အတူ တတိယတောင်ထိပ်မှာ နေထိုင်ကြလိမ့်မယ်။ သူတို့အတွက် အခန်းနှစ်ခန်း သွားပြင်ဆင်ပေးလိုက်ဦး”

ပိလော့အား တူကူးနီနှင့် ဟွာလင်းဟောက်တို့အား ခေါ်ထုတ်သွားစေပြီးနောက် ချန်ကျီရှင်းသည် ကျားချင်းယွဲ့နှင့်အတူ တတိယတောင်ထိပ်၏ နောက်ဘက်တောင်ကုန်းဆီသို့ အတူတကွ လမ်းလျှောက်လာခဲ့ကြသည်။

လရောင်မှာ မှိန်ဖျော့နေပြီး မိုးစက်ကလေးများမှာ ပိုးသားမျှင်လေးများကဲ့သို့ တဖွဲဖွဲ ကျဆင်းနေသည်။ ညဉ့်နက်ပိုင်း၏ တောင်ပေါ်လေမှာ အေးစိမ့်စိမ့် ရှိလှသည်။

“မောင်လေးကျီရှင်း... လအနည်းငယ်အတွင်းမှာ မင်း တော်တော်လေး အရပ်ရှည်လာတာပဲ”

ကျားချင်းယွဲ့က သူမထက် အရပ်ပိုရှည်သွားပြီဖြစ်သော ချန်ကျီရှင်းကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

“ဟုတ်ကဲ့... ဒါပေမဲ့ မမချင်းယွဲ့ကတော့ အရင်အတိုင်းပဲ ဘာမှမပြောင်းလဲဘူးနော်”

ချန်ကျီရှင်းက ပြန်လည်ပြုံးပြလိုက်သည်။

သူတို့နှစ်ဦးမှာ လမ်းလျှောက်ရင်း စကားစမြည် ပြောဆိုနေကြသည်။

“ရော့... ပြီးခဲ့တဲ့တစ်ခေါက်က ကျင့်စဉ်ကို ပြုပြင်ပေးခဲ့တဲ့အတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ငါ မင်းအတွက် တစ်ခုခု ပြင်ဆင်လာခဲ့တယ်”

ကျားချင်းယွဲ့သည် သူမ၏ ညာလက်ကို မှောက်လျက်ကနေ လှန်လိုက်ရာ လက်ထဲတွင် အနက်ရောင် မျက်နှာဖုံးနှင့် လေးလံလှသော ရှေးဟောင်းစာအုပ်တစ်အုပ် ပေါ်လာသည်။

“ဒါက....”

ချန်ကျီရှင်းသည် ထိုရှေးဟောင်းစာအုပ်ကို လှမ်းယူ၍ ငုံ့ကြည့်လိုက်ရာ သူ၏ မျက်သူငယ်အိမ်များမှာ ချက်ချင်းပင် ကျုံ့ဝင်သွားတော့သည်။ စာအုပ်ပေါ်တွင် ထင်ရှားသော စာလုံးကြီးများဖြင့် ရေးသားထားသည်။

“စစ်မှန်သောကိုယ်ပိုင် ကျင့်စဉ် ၁၃ ပါးပင်။

“စစ်မှန်သောကိုယ်ပိုင် ကျင့်စဉ် ၁၃ ပါး”

ချန်ကျီရှင်း၏ စိတ်အစဉ်မှာ အနည်းငယ် တုန်လှုပ်သွားရသည်။ သူ၏ မှတ်ဉာဏ်ထဲ၌ မှန်ကန်စွာ မှတ်မိနေသည်ဆိုပါက ဤ စစ်မှန်သောကိုယ်ပိုင် ကျင့်စဉ် ၁၃ ပါးသည် မသေမျိုးတာအိုများထဲမှ တစ်ခုဖြစ်သော ကောင်းကင်ဘုံသူတော်စင်နန်းတော်မှ မြစ်ဖျားခံခဲ့ခြင်း ဖြစ်သည်။ ၎င်းကို နတ်ဘုရားကျင့်စဉ်များကို တစ်သက်လုံး လေ့လာဆည်းပူးခဲ့သော အကြီးအကဲတစ်ဦးက သူ၏ ဘဝတစ်ခုလုံးကို ပေးဆပ်၍ ဖန်တီးခဲ့သည့် ပြိုင်ဘက်ကင်း လက်ရာမွန်တစ်ခုပင်။

စစ်မှန်သောကိုယ်ပိုင် ကျင့်စဉ် ၁၃ ပါးသည် သာမန် ကျင့်ကြံခြင်းနည်းလမ်း မဟုတ်ဘဲ စစ်

မှန်သောကိုယ်ပိုင်နယ်ပယ်တွင် ကျင့်ကြံရမည့် အထူးအဆန်းဆုံးနှင့် အမြင့်မြတ်ဆုံးသော နည်းစနစ် ၁၃ မျိုးကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

“ဘာဖြစ်လို့လဲ”

ဘေးနားရှိ ကျားချင်းယွဲ့က မေးမြန်းလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ကျားချင်းယွဲ့ကို ကြည့်ကာ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို စတင်ခန့်မှန်းမိလာသည်။

ငါ့ရဲ့ အတိတ်ဘဝတုန်းက မှတ်မိသလောက်ဆိုရင် ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်

တစ်ယောက်က သူ့ရဲ့ အထောက်အထားကို ဖုံးကွယ်ပြီး လျှို့ဝှက်လှည့်လည်နေတဲ့ ကောင်းကင်ဘုံသူတော်စင်နန်းတော်ရဲ့ သူတော်စင်မလေးနဲ့ ဆက်သွယ်မိခဲ့တယ်။ အဲဒီကတစ်ဆင့် နန်းတော်ရဲ့ အင်အားကို အသုံးချပြီး ဇီဝေချန်မိသားစုကို အမြစ်ပြတ်အောင် ချေမှုန်းခဲ့တာပဲ။

အဲဒီတုန်းက ဇီဝေချန်မိသားစုရဲ့ အထွတ်အထိပ် ဘိုးဘေးကြီးတောင်မှ ကောင်းကင်ဘုံသူတော်စင်နန်းတော်က အစွမ်းထက်လှတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ လက်ချက်နဲ့ ဇီဝေတောင်ထိပ်မှာပဲ ကျဆုံးခဲ့ရတာ။

ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့...

ချန်ကျီရှင်း၏ မျက်နှာတွင် စူးစမ်းလိုသော အမူအရာတစ်ခု ပေါ်ပေါက်လာသည်။ ဇာတ်လမ်းလမ်းကြောင်းများ မည်သည့်နေရာမှ စတင်၍ လွဲချော်သွားသည်ကို သူ မသိရှိသော်လည်း ဤဘဝတွင်မူ ကောင်းကင်ဘုံသူတော်စင်နန်းတော်၏ သန့်စင်သောမိန်းကလေးနှင့် ဆက်သွယ်မိသူမှာ သူကိုယ်တိုင် ဖြစ်နေသည်။ ဤသည်မှာ ဇာတ်လမ်းကို ကြားဖြတ်လုယူလိုက်ခြင်းပင်။

“ကျီရှင်း... ဒီကျင့်စဉ်က တော်တော်လေး အရေးကြီးတယ်နော်။ အထင်မသေးဘဲ သေချာဖတ်ကြည့်ပါဦး”

ကျားချင်းယွဲ့က ငေးငိုင်နေသော ချန်ကျီရှင်းကို စေတနာဖြင့် သတိပေးလိုက်သည်။

“ဟုတ်ကဲ့ပါ”

ချန်ကျီရှင်းသည် ခေါင်းညိတ်လိုက်ပြီး စိတ်ကို ပြန်လည်စုစည်းကာ ကျင့်စဉ်စာအုပ်အပေါ်သို့သာ အာရုံအပြည့်အဝ ထားလိုက်တော့သည်။ သူ မှတ်မိနေသည်မှာ မှန်ကန်ပါက ဤကျင့်စဉ် ၁၃ ပါးအတွင်း၌ ခွန်အားနှင့် သက်ဆိုင်သော နည်းစနစ်တစ်ခု ပါရှိရမည် ဖြစ်သည်။ ထိုသို့ တွေးတောရင်း ချန်ကျီရှင်းက စာအုပ်ကို စတင်ဖတ်ရှုတော့သည်။

စာအုပ်အတွင်း၌ နည်းစနစ် ၁၃ မျိုးကိုသာမက ဖန်တီးသူ၏ မှတ်ချက်များနှင့် အယူအဆများစွာကိုလည်း စာမျက်နှာအနှံ့ တွေ့ရှိရသည်။ ထိုမှတ်ချက်များမှာ ဖန်တီးသူ၏ နတ်ဘုရားကျင့်စဉ်နယ်ပယ်အပေါ် နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်မှုများပင်။

ချန်ကျီရှင်း၏ အကြည့်များက မသိမသာပင် ပိုမို လေးစားတည်ကြည်လာခဲ့သည်။ သူသည် သူ၏ ကျင့်ကြံမှုအဆင့် သို့မဟုတ် ကျော်ကြားမှုများကို ပဓာနမထားဘဲ အလုပ်တစ်ခုတည်းအပေါ် ဘဝကို မြှုပ်နှံထားသူများကို အစဉ်အမြဲ လေးစားခဲ့သူ ဖြစ်သည်။ မျက်မမြင် ပညာရှိ လူပင်းသို့မဟုတ် ဤကျင့်စဉ် ၁၃ ပါးကို ဖန်တီးခဲ့သူတို့မှာ ထိုကဲ့သို့သော ပုဂ္ဂိုလ်များပင်။

ချန်ကျီရှင်းသည် စာမျက်နှာများကို ဖြည်းညှင်းစွာ လှန်လှောဖတ်ရှုရင်း တစ်ခါတစ်ရံ မျက်မှောင်ကြုတ်၍ စဉ်းစားခန်းဝင်လိုက်၊ တစ်ခါတစ်ရံ ခေါင်းညိတ်လိုက်နှင့် ရှိနေသည်။ ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်သဘောပေါက်မှုအစွမ်းကြောင့် စာအုပ်အတွင်းရှိ အကြောင်းအရာများမှာ သူ၏ စိတ်အတွင်းသို့ လျင်မြန်စွာ စီးဝင်ပျံ့နှံ့သွားတော့သည်။ ကျားချင်းယွဲ့သည်လည်း ဘေးနားတွင် ငြိမ်သက်စွာ ရပ်ကြည့်နေပြီး မနှောင့်ယှက်ပေ။

ခဏအကြာတွင် စာမျက်နှာများကို လှန်လှောနေသော ချန်ကျီရှင်း၏ လက်ချောင်းများမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ အကြည့်များမှာ စူးစိုက်သွားတော့သည်။ စာမျက်နှာတစ်ခုပေါ်တွင် ထင်ရှားလှသော စာလုံးကြီးများဖြင့် ရေးသားထားသည်။

[သတ္တမမြောက် နည်းစနစ် အနန္တလောက နတ်ဘုရားဆွဲငင်အား]

All Chapters