← Chapters

ကြောက်စရာကောင်းလောက်အောင်ဉာဏ်ကောင်းလွန်းသူ

Vol. 6 Ch. 513

ကြောက်စရာကောင်းလောက်အောင်ဉာဏ်ကောင်းလွန်းသူ

Vol. 6 Ch. 513

ဆန်းလျန်ကို မီးပုံးပွဲတော်သို့လာရောက်ရန်ဖိတ်ကြားသူမှာ မီးပုံးပွဲတော်သို့လာရောက်ရန်သာ ဖိတ်ကြားခဲ့ပြီး တွေ့ဆုံရန်အတွက်တော့ အတိအကျမပြောခဲ့ပေ။ ဆန်းလျန်ကလည်း ထိုသူ၏ရည်ရွယ်ချက်ကိုသိလေသည်။ ထိုသူက သူ့ကိုရှာဖွေနိုင်မည်လားဆိုသည့် ဆန်းလျန်၏အရည်အချင်းကို စမ်းသပ်လိုက်ခြင်းသာ ဖြစ်လေသည်။

မီးပုံးများသည် နေရာအနှံ့တွင် ထွန်းညှိထားသည့်အတွက် နေ့အချိန်ကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးက လင်းလက်နေ လေသည်။ အမှန်တော့ ထိုမီးပုံးများသည် ဝိညာဉ်စွမ်းအားမီးတောက်များထွန်းညှိထားခြင်း ဖြစ်လေသည်။

ကောင်းကင်မှကြယ်စင်များဆိုသည်မှာ ဝိညာဉ်များမှ အသွင်ပြောင်းထားသည်ဟု ဆိုနိုင်လျှင် ဝိညာဉ်စွမ်းအားဖြင့် ထွန်းညှိထားသည့် မီးအိမ်များမှာလည်း ကြယ်များနှင့်အလားသဏ္ဍန်တူနိုင်မည် ဖြစ်လေသည်။

ဆန်းလျန်သည် မီးပုံးပွဲတော်သို့ ကျားနက်ကြီးရှောင်ဟေးကိုစီးမသွားဘဲ နတ်မြင်းပျံကြီးကို စီးသွားခဲ့လေသည်။ ဆန်းလျန်သည် တုန်းချန်အရပ်သို့ရောက်ရှိလာပြီး ကောင်းကင်ထက်တွင် နတ်မြင်းပျံကြီးစီးကာ ပျံသန်းလာသည့် သူ့ကို လူအများက စိတ်ဝင်တစားဖြင့် ဝိုင်းဝန်းကြည့်ရှုကြလေသည်။

ထိုအချိန်တွင် သနားစရာရှောင်ဟေးမှာတော့ ကျီဝေးကျောင်းတော်ကို စောင့်ရင်းကျန်ရစ်ခဲ့ရလေသည်။ သို့သော် ဆန်းလျန်က သူမသွားမီ ရှောင်ဟေးကို ပြဒါးဆေးတစ်လုံးပေးခဲ့လေသည်။ ထိုပြဒါးဆေးထဲတွင် သန့်စင်သည့် ဝိညာဉ်စွမ်းအားများပါဝင်လေသည်။ ထိုဆေးကိုစားပြီးသည့်နောက် ရှောင်ဟေးသည် လူစကားပြောနိုင် လာလေ သည်။ သို့သော် အပေါ်ယံမျှသာ ဖြစ်လေသည်။

နတ်မြင်းပျံကြီးမှာ မွေးရာပါစွမ်းရည်များရှိလေသည်။ သို့တိုင်အောင် သူက အလွန်ကြိုးစားသူဖြစ်လေသည်။

ထို့ပြင် နတ်မြင်းပျံကြီးသည် နဂါးသွေးလည်းစပ်လေသည်။ နတ်မြင်းပျံကြီး၏နဂါးသွေးကို တဖြည်းဖြည်းသန့်စင်ပေး နိုင်ပါက တစ်နေ့နေ့တစ်ချိန်ချိန်တွင် နတ်မြင်းပျံကြီးသည် နဂါးသဏ္ဍန်ပြောင်းလဲနိုင်မည် ဖြစ်လေသည်။

ဆန်းလျန်သည် ကောင်းကင်ထက်တွင် နတ်မြင်းပျံကြီးကို စီးနှင်လာလေသည်။

ငွေရောင်မြင်းကုန်းနှီးသည် ဆန်းလျန်ထိုင်ရန်အတွက် ကွက်တိဖြစ်နေလေသည်။ အချို့လူများသည် ဆန်းလျန်ကို မည်သူမှန်းမသိကြသည့်တိုင် မြင်ကွင်းကို ငေးမောကြည့်နေကြလေသည်။

ဆန်းလျန်သည် နတ်မြင်းပျံကြီးကိုစီးကာ တုန်းချန်ရပ်တစ်ခုလုံးကိုတစ်ပတ်ပျံဝဲပီးတော့မှ ရှားတူးမြောင်းကမ်းခြေသို့ ရောက်လာလေသည်။

ဆန်းလျန်ကို မီးပုံးပွဲတော်သို့ ဖိတ်ကြားသူသည် မည်သူပင်ဖြစ်သည်ကို ဆန်းလျန်၏ နတ်ဘုရားစိတ်အာရုံတွင် ယခုထိအာရုံခံ၍ မရသေးပေ။

ဆန်းလျန်က ကောင်းကင်ထက်မှ အောက်သို့ငုံ့ကြည့်လိုက်သည်။ မီးပုံးလေးများသည် ပန်းပွင့်ပုံသဏ္ဍန်တစ်ခုအလား ပုံဖော်ထားလေသည်။ ဆန်းလျန်သည် ထိုပန်းပွင့်ပုံသဏ္ဍန်ကိုမြင်သည်နှင့် လေ့ကျင်းပေးခဲ့သည့် သွေးနီရောင် ပင်လယ်တစ်ဖက်ကမ်းမှ အနီရောင်ပင့်ကူငရဲပန်းကို သတိရသွားမိလေသည်။

ထိုပန်းကိုကြည့်မိသည့်အချိန်တွင် ဆန်းလျန်သည် ကိုက်စားပစ်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့ဖူးလေသည်။ လောကတွင် ဆန်းလျန်လောက် စိတ်ကိုထိန်းချုပ်နိုင်သူမရှိပေ။ သို့သော်... ထိုပန်းကိုမြင်သည်နှင့် ဖြစ်ပေါ်လာသည့် ကိုက်စားချင်သည့်စိတ်ကို သူထိန်းမရခဲ့ပေ။

အနီရောင်ပင့်ကူငရဲပန်းကို ထိုကဲ့သို့တပ်မက်သည့်စိတ် အဘယ့်ကြောင့် ဖြစ်ပေါ်လာရပါသနည်း။

မိန်းမပျိုများနှင့် လုလင်ပျိုများအားလုံးသည် နတ်မြင်းပျံကြီးကိုစီးနှင်ကာ ပျံသန်းလာသည့် ဆန်းလျန်ကို လက်ညိုး တထိုးထိုးဖြင့် ကြည့်နေကြလေသည်။ အချို့သူများကတော့ ဆန်းလျန်မှာ တိုင်းပြည်အကြံပေးအမတ်မင်း ဖြစ်ကြောင်းသိရှိကြလေသည်။

လုလင်ပျိုများသည် ဆန်းလျန်ကိုကြည့်ပြီး ခံစားချက်မျိးစုံကို ခံစားနေရလေသည်။ ဆန်းလျန်သည် မင်လော့ကဲ့သို့သောသူကိုပင် ဝိညာဉ်ပျောက်သွားအောင် ပြုလုပ်ခဲ့သူတစ်ယောက်ဖြစ်သည့်အပြင် ဝမ်ချန်နန်းတော် အတွင်းသို့ သတ္တိရှိရှိဝင်ရောက်ကာ တာ့ရှားဧကရာဇ်ကို ရင်ဆိုင်ခဲ့သူတစ်ယောက် ဖြစ်လေသည်။ သို့သော် သူက တာ့ရှားဧကရာဇ်၏အပြစ်ပေးခြင်းကိုမခံရသည့်အပြင် တာ့ရှားပြည်၏ တိုင်းပြည်အကြံပေးအမတ်မင်းပင် ဖြစ်လာခဲ့ သေးသည်။ ဆန်းလျန်သည် တာ့ရှားပြည်ကို ပျက်စီးသွားအောင် ဖျက်စီးနိုင်သည့်သူတစ်ယောက်ဖြစ်သည့်တိုင် လူအများကတော့ သူ့ကို မလေးစားဘဲ မနေနိုင်ကြပေ။

လူငယ်အများစုသည် ဆန်းလျန်ကို သူရဲကောင်းတစ်ယောက်အဖြစ် မှတ်ယူထားကြလေသည်။

မိန်းမပျိုလေးများကတော့ အဖြူရောင်နတ်မြင်းပျံကြီးကိုစီးနှင်ကာ မီးပုံးပွဲတော်သို့ ရောက်လာသည့်ဆန်းလျန်ကိုတွေ့ ရသည့်အခါ ရင်ထဲတွင်ပင် လှိုက်ခနဲ ဖြစ်သွားကြရလေသည်။ ဆန်းလျန်ထံတွင် လန်းဆန်းသည့် အလှတရားတစ်ခု နှင့်သူရဲကောင်းဆန်သည့် တက်ကြွမှုများကို တွေ့မြင်ကြရလေသည်။

မိန်းမပျိုများသည် ဆန်းလျန်ဘေးတွင် ဝိုင်းနေကြလေသည်။ အချို့မိန်းကလေးများသည် ချစ်သူရှာ ရန်ရည်ရွယ်ချက် ဖြင့်ပွဲတော်သို့ရောက်လာကြခြင်း ဖြစ်သော်လည်း ဆန်းလျန်ကိုတွေ့သည့်အခါ သူတို့လာရသည့်ရည်ရွယ်ချက်ကို မေ့သွားကြရပြီ။

အချို့သောလူငယ်များကတော့ ဆန်းလျန်ကို မကျေနပ်ကြပေ။

သို့သော် သူတို့ကို မိန်းကလေးများက ပြန်လည်ချေပကြလေသည်။

“နင်တို့တောင် ဆန်းလျန်လို အရည်အချင်းရှိကြလို့လား ၊ သူ့လိုသာ အရည်အချင်းရှိမယ်ဆိုရင် နင်တို့တောင်းဆိုတာ အကုန်လုံးကိုတောင် ငါတို့က လုပ်ပေးလိုက်ဦးမှာ”

ဆန်းလျန်မှာ လူများသူ့ကို ဝိုင်းအုံနေသည့်အတွက် စိတ်မသက်မသာခံစားနေရလေသည်။ သူသည် တိချိုးမြို့တော် တွင် အလွန်နာမည်ကြီးနေခဲ့ပြီ မဟုတ်ပါလား။

ဆန်းလျန်နံဘေးတွင် လူများစုရုံးလာသည့်အတွက် လူများပြည့်သိပ်နေလေတော့သည်။ ဆန်းလျန်က ပြုံးလိုက်ရင်း ပဲစေ့လက်တစ်စုပ်ကို မြေပြင်ပေါ်သို့ ချလိုက်လေသည်။ ထိုပဲစေ့များမှာ ကျီဝေးကျောင်းတော်တွင် ဆန်းလျန်စိုက် ထားသည့် ပဲပင်များမှ ပဲစေ့များဖြစ်လေသည်။

ထိုပဲစေ့များသည် လပ်ဆတ်နေပြီး မြေပြင်ထက်တွင်ပျံ့နှံ့သွားကြလေသည်။

မကြာမီပင် ရွှေရောင်အလင်းတန်းများတောက်ပလာပြီး အရပ်မြင့်မြင့်နှင့် သန်မာထွားကျိုင်းလှသည့် နတ်စစ်သည်များ ထွက်ပေါ်လာကြလေသည်။ ထိုနတ်စစ်သည်များက ဆန်းလျန်အတွက် လမ်းရှင်းပေးလိုက်ကြ လေရာ လူအုပ်ကြီးမှာ ဘေးသို့ရှဲသွား ကြရတော့သည်။

တာ့ရှားပြည်တော်ဝင်မျိုးနွယ်မှ လူငယ်လေးများသည် ကျင့်ကြံခြင်းမရှိသည့်တိုင် သူတို့၏မွေးရာပါစွမ်းအားများက ကျင့်ကြံသူများထက် မြင့်မားလေသည်။

သို့သော် သူတို့က ဆန်းလျန်ဖန်ဆင်းလိုက်သည့် နတ်စစ်သည်တော်များကို မြင်တွေ့လိုက်ကြရသည့်အခါတွင်တော့ ထိုနတ်စစ်သည်တော်များသည် သူတို့ထက်ပင် တန်ခိုးစွမ်းအားမြင့်မားနေသည့်အလား ထင်မှတ်လိုက်ကြလေတော့ သည်။

လူငယ်နှစ်ယောက်ကတော့ လူအုပ်ကြီးအတွင်းမှ ထွက်လာကာ နတ်စစ်သည်များကို ရင်ဆိုင်ကြည့်ရန် ကြိုးစားခဲ့ကြလေသည်။

သို့သော်… ပတ်ဝန်းကျင်တွင် လူအများအပြားရှိနေသည့်အတွက် သူတို့၏တန်ခိုးစွမ်းအားကို မထိန်းချုပ်နိုင်ပါက အခြားသူများ ဒဏ်ရာရကုန်ကြမည်ကို စိုးရိမ်သည့်အတွက် နောက်ဆုံးတော့ မတိုက်ခိုက်တော့ဘဲ လက်လျှော့လိုက် ကြရလေသည်။

ထို့ပြင် သူတို့သည် ဆန်းလျန်အကြောင်းကို သိထားသူများဖြစ်သည့်အတွက် ဆန်းလျန်နှင့် ရန်ဘက်မဖြစ်လိုကြပေ။

ဆန်းလျန်သည် သူ့ရှေ့မှ မီးပုံးများကို တစ်ခုချင်းလိုက်ကြည့်နေလေသည်။

မီးပုံးများပေါ်တွင်ရေးထားသည့် စကားဝှက်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေလေသည်။ အဖြေအတွက် ကွက်လပ်နေရာလေးများချန်ထားသည်ကိုလည်း တွေ့ရလေသည်။

ပဟေဠိကိုမှန်အောင်ဖြေနိုင်လျှင် မီးအိမ်သည် အလင်းရောင် ငြိမ်းသွားမည် ဖြစ်လေသည်။

သို့သော် မည်သူမှ အဖြေမှန်အောင် မဖြေနိုင်ကြသည့်အတွက် မီးပုံးများမှာ လင်းလက်နေဆဲ ဖြစ်လေသည်။

မီးပုံးများအားလုံးကို ငြိမ်းသတ်နိုင်မည်ဆိုပါက မီးပုံးအရံအတားကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ဆန်းလျန် သိထား လေသည်။

ဆန်းလျန်သည် သူ၏တန်ခိုးစွမ်းအားဖြင့် မီးပုံးများအားလုံးကို ငြိမ်းသတ်ပစ်နိုင်လေသည်။ သို့သော် ထိုသို့ပြုလုပ် သည်က ရိုင်းရာကျလေသည်။ ထို့ကြောင့်ဆန်းလျန်သည် ထိုနည်းကို အသုံးမပြုတော့ဘဲ ပို၍ အဆင်ပြေသည့် နည်းလမ်းတစ်ခုကို အသုံးပြုရန် စဉ်းစားလိုက်မိလေသည်။

မီးပုံးအရေအတွက်မှာ တစ်သောင်းရှစ်ထောင်ဖြစ်ပြီး မီးပုံးထက်မှ မဟေဠိများမှာလည်း ရှုတ်ထွေးလွန်းလေသည်။

ဆန်းလျန်က ပထမဆုံးမီးပုံးကို တစ်ချက်ကြည့်လိုက်သည်။

“တီကောင်မရှိသည့်တွင်း ၊ ပျားမရှိသည့်ပျားအုံ ၊ ပိုးကောင်မရှိသည့်ပိုးအိမ် ၊ ဆောင်းမည့်သူ မရှိဘဲပွင့်လာသည့်ထီး”

ဆိုသည့် ပဟေဠိကိုရေးသားထားလေသည်။

ဆန်းလျန်သည် ချက်ချင်းပင် အဖြေရေးရန်ပေးထားသည့် ကွက်လပ်နေရာတွင် အဖြေကိုချရေးလိုက်လေသည်။

“ကြာပန်းအမြစ်”

မီးပုံးမှအလင်းရောင်သည် ချက်ချင်းပင်ငြိမ်းသွားလေတော့သည်။

ဒုတိယပဟေဠိမှာ “မျောလွင့်နေသည့်တိမ်တိုက်များပေါ်တက်သွားခြင်း” ဟူ၍ဖြစ်လေသည်။

ဆန်းလျန်က တစ်ချက်ပင်မစဉ်းစားဘဲ အဖြေကိုချရေးလိုက်လေသည်။

“ထွက်ခွာသွားခြင်း”

ထိုအချိန်မှာပင် မြေပြင်တစ်ခုလုံး အနည်းငယ်တုန်လှုပ်သွားသည်ကို အားလုံးခံစားလိုက်ကြရလေသည်။

မီးပုံးအရံအတားသည် မီးပုံးများအားလုံးနှင့် ချိတ်ဆက်နေပုံရလေသည်။

မီးပုံးတိုင်းသည် ဝိညာဉ်စွမ်းအားတည်ရှိရာ ဆုံချက်များဖြစ်နေလေသည်။ ထို့ကြောင့် မီးပုံးတစ်ခုငြိမ်းသွားလေ ဝိညာဉ်စွမ်းအားတစ်ခု ပျက်စီးသွားလေ ဖြစ်လေသည်။ ထို့ကြောင့် အဆုံးသတ်တွင် ဝိညာဉ်စွမ်းအားဟန်ချက် မညီမှု ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ထိခိုက်သွားနိုင်လေသည်။

ဆန်းလျန်သာ မီးပုံးများကို အချိန်တိုအတွင်းတွင် ငြိမ်းသတ်မပစ်နိုင်ဘူးဆိုလျှင် နောက်ဆုံးတွင် သူရှုံးနိမ့်ရပြီး ပတ်ဝန်းကျင်မှလူများကိုလည်း ထိခိုက်စေမည် ဖြစ်လေသည်။ ထိုသို့စဉ်းစားမိသည့်တိုင် ဆန်းလျန်သည် စကားဝှက်များကို အေးဆေးတည်ငြိမ်စွာ ဖြေဆိုနေဆဲ ဖြစ်လေသည်။

သို့သော်… သူက အရှိန်အဟုန်ကို မြှင့်လိုက်လေသည်။

ဆန်းလျန်သည် နတ်မြင်းပျံကြီးကို စီးလိုက်ပြီး လျှင်မြန်လွန်းသည့်အဟုန်ဖြင့် မီးပုံးများအားလုံးဆီသို့ တစ်ချက်လှည့်ပတ်လိုက်လေသည်။

ထိုအခါ…

အချိန်ခဏလေးအတွင်းမှာပင် မီးပုံးများအားလုံး အလင်းရောင်များ ငြိမ်းသွားလေတော့သည်။

ဆန်းလျန်သည် အချိန်ခဏလေးအတွင်းမှာပင် တန်ခိုးစွမ်းအားကိုအသုံးပြုကာ မီးပုံးများထက်မှ ပဟေဠိများကို ဖြေဆိုလိုက်သည်ကို တွေ့မြင်ရသည့်အခါ လူအများမှာ တုန်လှုပ်ချောက်ချားသွားကြရသလို ဝမ်းသာပီတိလည်း ဖြစ်သွားကြရလေသည်။

ဆန်းလျန်၏ဝိညာဉ်စွမ်းအားသည် အလွန်ထက်မြက်သည့်အတွက် အသေးငယ်ဆုံးအရာလေးတစ်ခုကိုပင် သိမြင်ခံစားနိုင်စွမ်း ရှိလေသည်။ သူက မီးပုံးများအားလုံးမှ ပဟေဠိများကို မူလဝိညာဉ်ခန္ဓာ၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ အမြန်ဆုံး ဖြေကြားလိုက်ခြင်းပင် ဖြစ်လေတော့သည်။

All Chapters