← Chapters

အခန်း (၂၃၂၉-၂၃၃၀)

Vol. 167 Ch. 2329-2330

အခန်း (၂၃၂၉-၂၃၃၀)

Vol. 167 Ch. 2329-2330

အပိုင်း(၂၃၂၉)

"လုံရှီယာ... ရှင်က ရှင့်ရဲ့ အဲဒီ အော်ရာကို အမြဲတမ်း ထုတ်လွှတ်နေမှ ရမှာလား..."

ဆင်ကျား အရှင်သခင်က မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။ သူမ၏ ကိုယ်ပွားမှာ အတော်လေး အသစ်ဖြစ်နေသေးပြီး ထိုမျှ ပြင်းထန်သော စွမ်းအား အတက်အကျများကို မသက်မသာ မဖြစ်ဘဲ တောင့်ခံနိုင်ရန် မနည်း ကြိုးစားနေရသည်။

လုံရှီယာ ဆိုသည်မှာ အခြားသူ မဟုတ်ဘဲ စက်ဆုပ်ဖွယ် ကောင်းကင် အရှင်သခင် ပင် ဖြစ်လေသည်။

"တုန်းဖန်ယွဲ့..."

သူက ခေတ္တရပ်နားလိုက်ပြီး ဩရှရှ အသံကြီးက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။

"ဟုတ်တယ်... ဟား ဟား ဟား..."

သူ၏ ရယ်မောသံက သီးခြားလောကငယ်ကို တုန်ခါသွားစေ၏။ တုန်းဖန်ယွဲ့မှာကား သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ရောယှက်နေသည့် အရုပ်ဆိုးသော မျက်နှာထားဖြင့် မျက်မှောင်ကြုတ်သွားလေသည်။

"သတိထားပါ... လုံရှီယာ... ခင်ဗျား သူ့ကို ဆက်ပြီး ဒေါသထွက်အောင် လုပ်နေမယ်ဆိုရင် သူက ခင်ဗျားရဲ့ ခေါင်းနဲ့ လဲလှယ်ဖို့အတွက် သူ့ကိုယ်သူ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ဆီကို ဆက်သလိုက်လိမ့်မယ်..."

စူးဟောင်ရန်က မှတ်ချက်ချလိုက်သည်။ ဤစကားက တုန်းဖန်ယွဲ့ကို အလွန်အမင်း ဒေါသထွက်စေခဲ့၏။ သူမက ပေါ်ပေါ်ထင်ထင်ပင် ဟိန်းဟောက်လိုက်ကာ အော်ရာမှာလည်း ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားလေသည်။ မည်သို့ပင်ဆိုစေ ဝေ့ဝူယင်သည် သူမအား မူလအာရုဏ်ဦး နန်းတော် သို့ ပေါ်ပေါ်ထင်ထင် အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ဖူးသည်။ သူ၏ နောက်ဆုံး ခြိမ်းခြောက်မှုက ဂလက်ဆီ၏ ထိပ်သီး ဖြစ်တည်မှုများကြားတွင် သူမကို ရယ်စရာတစ်ခု ဖြစ်သွားစေခဲ့ပေသည်။

ကောင်းဟိန်၏ လျှို့ဝှက်ပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ချိန်၌ သူမသည် ကြီးမားစွာ ထိခိုက် ဒဏ်ရာရခဲ့ရသည်။ သူမသည် ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာတိုင်အောင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။ ထပ်ဖြည့်ပြောရလျှင် လျှို့ဝှက်ကောင်းကင် အဆင့်ရှိ မိုးကုပ်စက်ဝိုင်း အသွင်ပြောင်း မျှော်စင် သည်လည်း လျှို့ဝှက်ပြစ်ဒဏ် ကြောင့် သိသိသာသာ ပျက်စီးဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး သူမ၏ ရပ်တည်မှုနှင့် ကျောထောက်နောက်ခံကို အတိုင်းအတာတစ်ခုအထိ ပိုမို အားနည်းသွားစေခဲ့သည်။ ကောင်းကင် အဂ္ဂိရတ် ရှန့်ထို နောက်ခံလော...။ သူတို့ထဲတွင် မည်သူကများ နောက်ကွယ်၌ ထိပ်သီး နိမိတ်ဖတ်သူ သို့မဟုတ် ကောင်းကင် အဂ္ဂိရတ် ရှန့်ထို မရှိဘဲ နေလို့နည်း...။

ကောင်းကင်ရှန့်ထို မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း ပင်လျှင် ထိခိုက်နစ်နာမှုများ ရှိခဲ့သည်ဟု သတင်းထွက်နေခဲ့ပေသည်။ တစ်ကြိမ်တည်းသော လျှို့ဝှက်ပြစ်ဒဏ် ကပင် မျှော်စင်တစ်ခု၏ အမွေအနှစ် တစ်ခုလုံးကို နီးပါး ဖျက်ဆီးပစ်လုမတတ် ဖြစ်ခဲ့လေသည်။

သို့သော်လည်း စုရီ သည် လျှို့ဝှက်ပြစ်ဒဏ် တစ်ခု၊ နှစ်ခု မဟုတ်ဘဲ ခြောက်ခု တိုင်တိုင်ကို ရင်ဆိုင်တိုက်ခိုက်ပြီး အသက်ရှင်ကျန်ရစ်သည်ကို သူတို့ မြင်တွေ့လိုက်ရသောအခါ သူ့ကို ဆန့်ကျင်နေသော အဖွဲ့အစည်း အသီးသီးမှာ သက်သောင့်သက်သာ အိပ်စက်နိုင်စွမ်း မရှိကြတော့ချေ။

စုရီသည် သာမန် လျှို့ဝှက်အရှင် အဆင့်တွင်ပင် ထိုထက် သာလွန်သော စွမ်းအားကို ထုတ်ဖော်ပြသခဲ့ပေသည်။ အကယ်၍ သူသာ အစစ်အမှန် သူတော်စင် တစ်ဦး ဖြစ်လာခဲ့လျှင် မည်သို့ ဖြစ်သွားမည်နည်း... အစစ်အမှန် ဝိညာဉ် အဆင့်သို့ ဝင်ရောက်သွားလျှင်ရော...။ ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လာခဲ့လျှင်ၕော... သူသည် သူ၏ ရန်သူများအားလုံးကို မည်သည့် ပြစ်ဒဏ်မျှ မကြောက်ရဘဲ ဂလက်ဆီ တစ်ခုလုံး အတိုင်းအတာဖြင့် သုတ်သင်ရှင်းလင်းပစ်နိုင်မည် မဟုတ်ပါလော...။

လုံရှီယာနှင့် ရွှေရောင်ညဉ့်ဦးယံဉ့်ဦးယံ အာဏာရှင် တို့ ဤနေရာတွင် ရှိနေရခြင်းမှာ ထိုသို့ ဖြစ်လာနိုင်ချေရှိသော ရလဒ်ကြောင့်ပင်...။ မည်သို့ပင်ဆိုစေ သူနှင့် ညဉ့်ဦးယံ နိမိတ်ဖတ်သူများ အဖွဲ့သည် စုရီအား နည်းလမ်းအမျိုးမျိုးဖြင့် အရေးယူ တိုက်ခိုက်ကာ အန္တရာယ်ပြုခဲ့ဖူးသည်။ အထူးသဖြင့် နောက်အဖွဲ့က ပို၍ပင် ဆိုးရွားခဲ့ပေသည်။

အကယ်၍ ထိုကျိန်စာသင့်နေသော နယ်ခြားသားသာ သူ့ကိစ္စသူ ဝင်မပါဘဲ စုရီအား ဖမ်းဆီးခွင့်ပြုကာ သူ၏ လျှို့ဝှက်ချက်များကို ထုတ်ယူပြီးနောက် ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို လုံးဝ သေချာပေါက် ဖျက်ဆီးပစ်ခွင့် ပြုခဲ့မည်ဆိုလျှင် ဤသည်မှာ ပြဿနာကြီးကြီးမားမား ဖြစ်လာမည် မဟုတ်ပေ။

သူတို့သည် သူ့ကို ပြန်လည် နာလန်ထူလာစေရန် ဆန္ဒမရှိကြချေ။ သူတို့သည် သူ့ကို ပြန်လည် ကောင်းမွန်လာခွင့် လုံးဝ မပြုနိုင်ပါချေ။ ထိုသို့ ပြုလုပ်ခြင်းမှာ သူတို့အတွက် မိုက်မဲရာကျပေလိမ့်မည်။

လောလောဆယ် စကားပြောဆိုနေစဉ် သူတို့၏ အကြည့်များက စုရီနှင့် ယွီပေါင်ယွဲ့ တို့၏ ပုံရိပ်များကို ရောင်ပြန်ဟပ်နေပေသည်။ သူတို့၏ စကားပြောဆိုမှု အသေးစိတ်ကို ခွဲခြားမသိနိုင်သော်လည်း သူတို့၏ အခြေအနေကိုတော့ လွတ်လပ်စွာ စောင့်ကြည့်နိုင်ပေသည်။

အကယ်၍ စုရီ၏ အခြေအနေကို လွတ်လပ်စွာ လှမ်းကြည့်ဖို့ ပြတင်းပေါက် တစ်ခု ဟမပေးထားပါက... သူတို့သည် ဤနေရာတွင် ရှိနေမည် မဟုတ်ရုံသာမက မူလအာရုဏ်ဦး နန်းတော် သို့ အတင်းအဓမ္မ ဝင်ရောက်စီးနင်းပြီးလောက်ပြီ ဖြစ်သည်။ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဂရုစိုက်နေမည် မဟုတ်ပေ။

အကယ်၍ သူက တိုက်ပွဲကို လိုချင်ပါက ညဉ့်ဦးယံ နိမိတ်ဖတ်သူများ အဖွဲ့နှင့် လုံရှီယာ ကဲ့သို့သော အခြားသူများက သူ့ကို လိုချင်သည့်အတိုင်း ပေးလိုက်မည်သာ ဖြစ်သည်။ သို့သော် ဤစောင့်ကြည့်ခွင့် ပြတင်းပေါက်က သူတို့၏ ဒေါသများကို ပါးနပ်စွာ အအေးခံပေးခဲ့သည်။ ပြင်ပမှ ကြည့်ရှုသူ သာမန် ပရိသတ်တစ်ဦး အနေဖြင့် ဝေ့ဝူယင်သည် ယွီပေါင်ယွဲ့ကို သဘောကျနေပြီး ထို့ကြောင့် သူမကို ခုနစ်ရက် အချိန်ပေးခဲ့သည်ဟု ယူဆပေလိမ့်မည်။ အမှန်တကယ်တွင်လည်း လုပ်ရပ်နှင့် အရိပ်အမြွက်ပြမှု တိုင်းက ဤသည်မှာ ယွီပေါင်ယွဲ့ကို ပိုးပန်းရန် သိမ်မွေ့သော ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ပြသနေပြီး၊ အချိန်ကြာလာသည်နှင့်အမျှ ယွီပေါင်ယွဲ့ ကိုယ်တိုင်ပင် ယုံကြည်လာခဲ့သော အရာတစ်ခု ဖြစ်ပေသည်။

ဝတ်စုံ...

လုံခြုံရေး...

မည်သို့ပင်ဆိုစေ သူတို့၏ အမြင်အရ ဤသို့ ပြုလုပ်ခြင်းမှ အမှန်တကယ် အကျိုးအမြတ် မရှိပေ။ သို့သော် သူက ခုနစ်ရက်ကြာသည်အထိ စုရီ၏ လျှို့ဝှက်ချက်များအတွက် တိုက်ခိုက်မည်မဟုတ်ဟု ပြောဆိုပြီး ဖြစ်သည်။

အချိန်ဆွဲသည့် နည်းဗျူဟာလော...။

လိုအပ်လို့လော...။

ဤသည်က တူညီသော ကံကြမ္မာအတွက် တိုက်ခိုက်နေကြသည့် ရန်သူများကို မဟာမိတ်ဖွဲ့ရန်နှင့် သူတို့၏ ကိုယ်ပိုင်အိမ်တွင် ပြင်ဆင်ရန် အချိန်ပေးလိုက်ခြင်းသာ ဖြစ်ပြီး အခက်အခဲများကို ပိုမို ကြီးမားလာစေခြင်းနှင့် မည်သို့မျှ မကွာခြားပေ။

ဥပမာအားဖြင့် လုံရှီယာသည် အထွတ်အထိပ် သူတော်စင် သုံးပါး၏ ယခင် မဟာမိတ်အဖွဲ့သို့ ဝင်ရောက်လာခဲ့သည်။ ဤသည်မှာ မျှော်စင် ခုနစ်ခုအနက်မှ သုံးခုက ကျောထောက်နောက်ခံ ပြုထားသော အထွတ်အထိပ် သူတော်စင် လေးပါး မဟာမိတ်အဖွဲ့ ဖြစ်လာပေသည်။ သို့သော်လည်း မူလ ပြိုင်ဘက်ကင်း နန်းတော် ၏ အထွတ်အထိပ် သူတော်စင် နှစ်ပါးကြားရှိ မျက်နှာလိုက်မှုနှင့် မနှစ်သက်မှုဟူသော ကွဲလွဲနေသည့် သဘောထားများသာ မရှိခဲ့လျှင် စုရီသည် ဤမျှကြာအောင် အသက်ရှင်နိုင်မည် မဟုတ်ချေ။

ဒုတိယမြောက် အထွတ်အထိပ် သူတော်စင် မည်သူမည်ဝါဖြစ်ကြောင်း ဆိုရလျှင်မူ... အခြားသူ မဟုတ်ဘဲ မူလ ကြယ်တာရာ အာဏာရှင် ပင် ဖြစ်လေသည်။

စုရီအတွက် ရွှေရောင်ညဉ့်ဦးယံဉ့်ဦးယံ အာဏာရှင် နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့သော နေကြယ်ပု အရွယ် ကြယ်တာရာကဲ့သို့သော ဖြစ်တည်မှုပင် ဖြစ်သည်။

သို့သော် ယခု စုရီ၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားပြီ ဖြစ်ရာ ထိုကောင်မလေး၏ အတွေးများကို လုံရှီယာက မည်သို့ ဂရုစိုက်နိုင်မည်နည်း...။

ထို့ကြောင့် ဤကဲ့သို့ လှည့်ပတ်၍ အချိန်ဆွဲနေခြင်းက ဂလက်ဆီ၏ အထက်တန်းလွှာများအတွက် ထူးဆန်းနေသလို ခံစားရစေသည်။ ဝေ့ဝူယင်သည် သူတို့ကို အမြဲတမ်း ခန့်မှန်းရခက်စေသည်။ သူသည် အမြဲတစေ ကြီးထွားနေသည့် ပဟေဠိတစ်ခု ဖြစ်သည်။ သူတို့ စေလွှတ်လိုက်သော စူးစမ်းမှုတိုင်းသည်လည်း ထူးဆန်းစွာ လက်ခံရရှိခြင်း ခံရပေသည်။ ယခုအချိန်တွင်မူ သူတို့သည် ဝေ့ဝူယင်၏ ထူးဆန်းသော အရည်အသွေးများကိုအနည်းနှင့်အများ ရင်းနှီးကျွမ်းဝင်လာပြီ ဖြစ်သည်။

ရွှေရောင်ညဉ့်ဦးယံ အရှင်သခင်သည် သူတို့၏ အသေးအဖွဲ စကားများရန်ဖြစ်မှုများကို ဂရုမစိုက်ဘဲ အချိန် တစ်ရက်သာ ကျန်တော့သည့်တိုင် ဝေ့ဝူယင်နှင့် တွေ့ဆုံရန် ကြိုးစားနေပုံရသော စုရီကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်မှောင်များ ကြုတ်သွားလေသည်။

"အရိပ်ကွယ် အဖွဲ့ရဲ့ သတင်းအချက်အလက်က မှန်မယ်လို့ ရှင်ထင်လား..."

ရွှေရောင်ညဉ့်ဦးယံ အရှင်သခင်က မေးလိုက်သည်။ သူမ၏ အသံမှာ တိတ်ဆိတ်ငြိမ်သက်သော ညချမ်းကဲ့သို့ ဆွဲဆောင်မှုရှိပြီး၊ မည်သည့် အမျိုးသား သို့မဟုတ် ကလေးငယ်ကိုမဆို ညည်းချင်းသံလေးဖြင့် သက်သောင့်သက်သာ အိပ်စက်သွားစေနိုင်လောက်အောင် လုံလောက်ပေသည်။

လွန်ခဲ့သော ခဏကပင် အရိပ်ကွယ် အဖွဲ့သည် ချင်ရင်ရင်၏ ရှာဖွေတွေ့ရှိမှုကို ဖုံးကွယ်မထားဘဲ သူတို့အားလုံး မဖြစ်နိုင်ဟု ခံစားခဲ့ရသော အရာတစ်ခုကို အတည်ပြုပေးခဲ့သည်။

အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို သည် အထွတ်အထိပ် သူတော်စင် တစ်ပါး မဟုတ်ပေ။

ပုံမှန်အားဖြင့် ဝေ့ဝူယင် ထုတ်ဖော်ပြသခဲ့သော စွမ်းရည်များကို ထောက်ရှု၍ သူတို့က လှောင်ပြောင်ကြလိမ့်မည် ဖြစ်သော်လည်း၊ သေချာစဉ်းစားကြည့်ပြီးနောက်တွင် ၎င်းမှာ အမှန်တကယ် ဖြစ်နိုင်ချေ များစွာ ရှိနေပေသည်။

"လုံးဝကို ဟုတ်တယ်..."

စူးဟောင်ရန်သည် ဝေ့ဝူယင်က အထွတ်အထိပ် သူတော်စင် တစ်ပါး မဟုတ်ကြောင်းကို ယုံကြည်နေပြီး ဖြစ်သည်။ ဤအချက်က ယင်းကို ထောက်ခံရန် နောက်ထပ် အထောက်အထား တစ်ခုအဖြစ်သာ အသုံးဝင်ပေသည်။ မည်သို့ပင်ဆိုစေ အဂ္ဂိရတ် အမိန့်တော် ကို အကျိုးဆက်မရှိဘဲ အလွယ်တကူ ဖီဆန်၍ မရနိုင်ပေ။

ထိုအချိန်က ဝေ့ဝူယင်သည် အဂ္ဂိရတ် အမိန့်တော်တစ်ခု၏ မျက်နှာကို အပြင်းအထန် တံတွေးနှင့် ထွေးခဲ့သော်လည်း ထုတ်ပြန်ခဲ့သော မျှော်စင်က တုံ့ပြန်ခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်နည်း... အဘယ်ကြောင့်ဆိုသော် သူတို့သည် မည်သည့် တန်ပြန်သက်ရောက်မှုကိုမျှ မခံစားခဲ့ရသောကြောင့် ဖြစ်သည်။

မူလက သူတို့၏ အမြင်တွင် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို သည် လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက ထွက်ပြေးသွားခဲ့ပြီး၊ အတုအယောင် စွမ်းအားများကို ပြသရန် ထင်ယောင်ထင်မှား ကျင့်စဉ်တစ်ခုကို အသုံးပြုနေသည်ဟု ထင်မြင်ခဲ့ကြသည်။ သူတို့သည် ကစားပွဲ ဆက်လက်ဖြစ်ပွားနေဆဲ အခြေအနေတွင် ဝင်ရောက်စွက်ဖက်ခွင့်ပြုထားသော အကန့်အသတ်များကို တွန်းအားပေးထားပြီး ဖြစ်သောကြောင့် နောက်ထပ် အမိန့် တစ်ခု ထုတ်ပြန်ရန် လုံလောက်အောင် ဂရုမစိုက်ခဲ့ကြချေ။

ယခုမူကား သူသည် အထွတ်အထိပ် သူတော်စင် အဆင့်ရှိ ဖြစ်တည်မှုတစ်ခု မဟုတ်သောကြောင့် မျှော်စင်က ထိခိုက်မှု မရှိခဲ့ခြင်း ဖြစ်နိုင်ချေ အလွန်များပေသည်။

ဤအချက်က အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို သည် ဤအံ့ဖွယ်ကောင်းသော အရာများအားလုံးကို ထုတ်ဖော်ပြသရန်အတွက် အချိန်၊ အာကာသ နှင့် အင်ပါယာ မူလအစရှိသည့် အထွတ်အထိပ် ကောင်းကင် ရတနာများကို အားကိုးနေခြင်း ဖြစ်ကြောင်း အကြောင်းပြချက် ပေးနိုင်ပေသည်။

"ငါထင်တာတော့ သူက ကောင်းကင် ရတနာတွေကို အထူးပြုတဲ့ အထွတ်အထိပ် ပန်းပဲဆရာ တစ်ယောက် အဆင့်ရှိတဲ့ ဖန်တီးရှင် တစ်ယောက် ဖြစ်ရမယ်... တစ်ချိန်တည်းမှာပဲ အဂ္ဂိရတ်ပညာရှင် တစ်ယောက်လည်း ဖြစ်နိုင်တယ်... သူက ပြင်ပ စွမ်းအားကို အသုံးချနေတာပဲ၊ ဒါပေမယ့် သူ့ကို တိုက်ရိုက် စိန်ခေါ်ဝံ့တဲ့သူ တစ်ယောက်မှ မရှိခဲ့တော့ သူ့ရဲ့ ဟန်ဆောင်မှုက အထိအခိုက်မရှိ ကျန်နေခဲ့တာ..."

လုံရှီယာသည် ဧရာမ လူကြီးတစ်ယောက် ဖြစ်သော်လည်း ထက်မြက်သော ဉာဏ်ရည်ရှိသည်။ သူ၏ ခန့်မှန်းချက်မှာ လုံးဝ မမှန်ကန်သော်လည်း ထိုစကားလုံးများက အခြားသူများ၏ အတွေးများနှင့် အလုံးစုံ အခြေအနေကို ပြီးပြည့်စုံစွာ ပဲ့တင်ထပ်နေပေသည်။

"ဟမ့်... ကြွားလုံးထုတ်ပြီး ဟန်ဆောင်နေတာတွေချည်းပဲ... ဒီထက် ပိုမရှိပါဘူး..."

တုန်းဖန်ယွဲ့က တံတွေးထွေးလိုက်၏။ သူမ၏ မျက်လုံးများမှ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ယိုစိမ့်ထွက်လာသည်။ ဝိညာဉ်အလင်းနှင့် ကောင်းကင် ရောင်စဉ်များ ရောယှက်နေသော ကြမ်းကြုတ်သည့် လျှို့ဝှက်စွမ်းအားတစ်ခုက သူမ၏ လက်ချောင်းများကြားတွင် လှည့်ပတ်နေလေသည်။

***

အပိုင်း(၂၃၃၀)

"ဒါဆိုရင် သူ့ရဲ့ နန်းတော်ကို လာဖို့ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်လေ..."

စူးဟောင်ရန်က တုန်းဖန်ယွဲ့ကို ဂရုမစိုက်သလို ဘေးတိုက် ကြည့်လိုက်သည်။ သူမ၏ လက်ရှိ စကားများနှင့် လုပ်ရပ်များကပင် ကြွားလုံးထုတ်ခြင်းနှင့် ဟန်ဆောင်ခြင်းများနှင့် ပိုတူနေပေသည်။

ထင်ထားသည့်အတိုင်းပင် ထိုစကားများကြောင့် သူမသည် ပုံမှန်မဟုတ်ဘဲ အေးခဲသွားလေသည်။ သူမသည် မြင့်မြတ်သည့် တည်ရှိမှု တစ်ခု ဖြစ်ပြီး ဂလက်ဆီကြီးများ၏ အထွတ်အထိပ် အင်အားစုများနှင့် တန်းတူ ရပ်တည်နိုင်စွမ်း ရှိသော်လည်း... ငြင်းဆို၍မရသော လှောင်ပြောင်မှုများနှင့် ပို၍ပို၍ စိတ်ပျက်စရာကောင်းသော အဖြစ်အပျက်များဖြင့် အကြိမ်ကြိမ် မြေပြင်သို့ ရိုက်ချခံနေရပေသည်။

သူမ သတ်ပစ်ချင်နေပြီ။ သို့သော်လည်း သူမသည် အခြားလူများ အတွက် အကြီးမားဆုံးသော စူးစမ်းမှုတစ်ခု ဖြစ်လာရန် သတ္တိမရှိချေ။

"ငါတို့က သူ့ကို စမ်းသပ်နေတာ..."

ဝေ့ဝူယင်၏ ဆေးဖော်စပ်မှုနှင့် ပတ်သက်၍ စောစောက သူရရှိခဲ့သော သတင်းအချက်အလက်များကို စူးဟောင်ရန်က ပြန်လည်အမှတ်ရသွားသည်။ နှစ်ထောင်ပေါင်းများစွာ အချိန်ယူ ဖော်စပ်ခဲ့သည့် သူတော်စင် နိုးထခြင်း ဆေးရည် သုံးဆယ့်သုံးလုံးကို ယခုလေးတင် ပြီးစီးခဲ့ကြောင်း မှားယွင်းသော သတင်းများ ပေးပို့ခဲ့ကြသည်။ နောက်ထပ် စုံစမ်းစစ်ဆေးမှုများအရ အဓိက အာဏာ တစ်ခုနှင့် အနည်းငယ် ယှဉ်ပြိုင်နိုင်သော အချိန် ဥပဒေသ ၏ လွှမ်းမိုးမှုကို သူတို့ သဘောပေါက်သွားစေခဲ့သည်။

ဝေ့ဝူယင်သည် သူတို့ကို လူပြက်များကဲ့သို့ ကစားနေခြင်းသာ ဖြစ်ကြောင်း ထင်ရှားပေသည်။ အထွတ်အထိပ် သူတော်စင် မဟုတ်သူ တစ်ဦးအတွက် တစ်ရက်လျှင် နှစ်တစ်ထောင် သို့မဟုတ် ထောင်ပေါင်းများစွာ အချိုးရှိသော လောကီဇုံ တစ်ခုကို တည်ထောင်နိုင်သည်ဟု မည်သူက ယုံကြည်မည်နည်း... သူတို့ပင်လျှင် သူတို့၏ အစွမ်းအစ အားလုံးဖြင့် ထိုမျှ အရှိန်မြှင့်ထားသော အချိန်စီးဆင်းမှုကို မရရှိနိုင်ချေ။

"ဟား... စမ်းသပ်တာ..."

လုံရှီယာသည် အားလုံး၏ စမ်းသပ်သည် သို့မဟုတ် စူးစမ်းသည်ဆိုသော စကားများကို မကျေမနပ် ဖြစ်နေသည်။ ထိုအရာ အားလုံးက သူ့အတွက်တော့ လုံးဝ အဓိပ္ပာယ်မရှိတဲ့ အရာတွေလို ခံစားရသည်။ အကယ်၍ သူတို့က သူ၏ စွမ်းအားနှင့် ကျင့်ကြံခြင်းကို စမ်းသပ်ချင်သည်ဆိုပါက အလွန် ရိုးရှင်းသော နည်းလမ်းတစ်ခု ရှိပေသည်။

"ဒါဆိုရင် ဘာလို့ ရှင်သွားပြီး သူ့ကို မစမ်းသပ်တာလဲ..."

ထျန်းရှီယာက တည်ငြိမ်စွာဖြင့် မေးလိုက်သည်။ သူမ ထိုစကားများကို ပြောလိုက်သောအခါ လုံရှီယာ၏ မျက်လုံးများက မိုးခြိမ်းသံကဲ့သို့ စွမ်းအားများဖြင့် တောက်ပသွားပြီး သူမဘက်သို့ လှည့်လာလေသည်။

သာမန် လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်... သာမန် လျှို့ဝှက် အာဏာရှင် တစ်ယောက်က... ဤနေရာတွင် စကားပြောရဲသည်လား...။ သူမက ကိုယ့်ကိုယ်ကို အရည်အချင်းရှိသည်ဟု ထင်နေသည်လား။

ထျန်းရှီယာသည် ချက်ချင်းပင် သူမ၏ ကိုယ်ပွား မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်ကို ခံစားလိုက်ရ၏။ အကယ်၍ အမှန်တကယ် ပျက်စီးသွားလျှင် သူမ၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပြင်းထန်စွာ ဒဏ်ရာရစေလိမ့်မည် ဖြစ်သည်။

စူးဟောင်ရန်၏ အော်ရာက ချက်ချင်းပင် အပြင်ဘက်သို့ ပေါက်ကွဲထွက်လာပြီး ထျန်းရှီယာကို ဖုံးလွှမ်းသွားကာ အဝေးမှ သူမ၏ ဝိညာဉ်အပေါ် ပြင်းထန်စွာ တိုက်ခိုက်လာမှုကို ချက်ချင်း ပိတ်ဆို့လိုက်၏။ ထို့နောက်... လုံရှီယာအား ကြမ်းကြုတ်သော အရှိန်အဟုန်ဖြင့် စူးစိုက်ကြည့်လိုက်လေသည်။

"ထွီ..."

လုံရှီယာက ဆက်လက် တိုက်ခိုက်ခြင်း မပြုသော်လည်း ကြမ်းပြင်ပေါ်သို့ တံတွေးထွေးချလိုက်သည်။ သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။ ဤမိန်းမသည် ကောင်းကင် အဂ္ဂိရတ် ရှန့်ထို ဖြစ်လာရန် အခွင့်အရေးရှိသော မြင့်မြတ်သည့် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး ဖြစ်လင့်ကစား၊ ဤလောကတွင် သူမ၏ နေရာကို သေချာ သိထားသင့်ပေသည်။ သူသည် အချို့သော ကောင်းကင် အဂ္ဂိရတ် ရှန့်ထိုများကိုပင် မျက်နှာမပေးလေရာ သူမဆိုလျှင် ဆိုဖွယ်ရာပင် မရှိချေ။

စူးဟောင်ရန်၏ အကာအကွယ်များကြောင့် သူ သတ်မည်မဟုတ်သော်လည်း၊ လာမည့် နှစ်ပေါင်း တစ်သောင်းတိုင်တိုင် သူမ ဒုက္ခရောက်စေရန် အနည်းငယ် အပြစ်ပေးခြင်းနှင့် သူမ၏ အဆင့်တက်မည့် လမ်းကြောင်းကို ဖြတ်တောက်ခြင်းမှာ လွန်ကျွံရာ ကျမည်မဟုတ်ပေ။ အထူးသဖြင့် စူးဟောင်ရန်သည် သူမကို အမှန်တကယ် ဂရုစိုက်ပါက ၎င်းကို ပြောင်းပြန်လှန်ရန် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးချေနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အထွတ်အထိပ် ဖြစ်တည်မှုများ ပိုင်ဆိုင်ထားသော အာဏာစက်ပင် ဖြစ်သည်။

ရွှီး...

ရုတ်တရက်... အမှောင် ဟင်းလင်းပြင် အတွင်း၌ မြင်တွေ့ရရန် အလွန် လှပလွန်းသော မျက်စိကျိန်းမတတ် ရွှေရောင် တောက်ပမှုတစ်ခုနှင့်အတူ ထိုးဖောက်နိုင်စွမ်းရှိသော အလင်းတန်း တစ်ခုသည် မရေမတွက်နိုင်သော ဂြိုဟ်များ၏ ကောင်းကင်ယံတစ်ခွင်သို့ ပွင့်အာထွက်လာလေသည်။ ၎င်းသည် ဖန်တီးခြင်း ဇုံ မှ မြစ်ဖျားခံကာ အသွင်ပြောင်းခြင်း ဇုံ သို့ တည့်မတ်စွာ ပျံသန်းသွားပြီး မိုင်ပေါင်း ကုဋေကုဋေချီ၍ ခရီးနှင်လာခြင်း ဖြစ်သည်။ မည်သည့်အရာကမျှ ၎င်းကို တားဆီးနိုင်စွမ်း မရှိချေ။

၎င်း၏ အမြန်နှုန်းမှာ အလင်းထက်ပင် ပိုမို မြန်ဆန်နေပေသည်။

၎င်းမှာ လှံတံတစ်ခု ဖြစ်ပေသည်။

သီးခြားလောကငယ်အတွင်း၌ လုံရှီယာ၏ မျက်လုံးများ ပြူးကျယ်သွားကာ စူးဟောင်ရန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

"မင်း..."

ဘုန်း...

ထိုအခိုက်အတန့်တွင် ကောင်းကင်ကို တုန်လှုပ်စေပြီး ဂလက်ဆီကို တုန်ခါသွားစေသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကာ ကျယ်ပြန့်လှသော ကြယ်တာရာ ကောင်းကင်ယံတွင် တောက်ပသော ရွှေရောင် အစက်အပြောက်လေး တစ်ခုကို ဖန်တီးလိုက်လေသည်။ ၎င်းမှာ အကြွင်းမဲ့ အရွယ်အစားရှိသော နေကြယ် တစ်ခု ထိုနေရာတွင် မွေးဖွားလာသည့်အလားပင် ဖြစ်သည်။

လုံရှီယာ၏ ပုံရိပ်မှာ ဝေဝါးသွားလေ၏။

"တောင်းပန်လိုက်..."

စူးဟောင်ရန်က အေးစက်စွာဖြင့် ပြောလိုက်သည်။ စကားတစ်ခွန်းတည်း ဖြစ်သော်လည်း ၎င်းတွင် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ အကြွင်းမဲ့ သေဆုံးသည်အထိ တိုက်ခိုက်မည်ဟူသော တုန်လှုပ်ဖွယ် မရှိသည့် ခံယူချက်တစ်ခု ပါဝင်နေပေသည်။

ရွှေရောင်ညဉ့်ဦးယံ အရှင်သခင်နှင့် တုန်းဖန်ယွဲ့ တို့ပင်လျှင် ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ သူက တွေဝေခြင်း အလျဉ်းမရှိဘဲ ဂလက်ဆီတစ်ခုလုံး အတိုင်းအတာရှိတဲ့ တိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်လိုက်သည်လား... လုံရှီယာ မျက်မှောင်ကြုတ်လိုက်လေသည်။

လုံရှီယာ တစ်စုံတစ်ရာ ထပ်ပြောနိုင်ခြင်း မရှိမီမှာပင် အခြားသော အလင်းတန်းတစ်ခု... ဤတစ်ကြိမ်တွင်မူ ပိုမိုနက်မှောင်သော ရွှေရောင်ဖြစ်ပြီး အခြားတစ်ခုထက် များစွာ ပိုမို အားကောင်းကာ ပထမတစ်ခု၏ အမြန်နှုန်းထက် သုံးဆမျှ မြန်ဆန်စွာဖြင့် ပျံသန်းလာလေသည်။ အချို့သော ကောင်းကင်ယံများတွင် ပထမ အလင်းတန်းက အရင်ရောက်ရှိလာသော်လည်း ဒုတိယ အလင်းတန်းက သူတို့၏ ကောင်းကင်ယံမှ အရင် ထွက်ခွာသွားလေသည်။

"ငါ..."

လုံရှီယာမှာ အလွန်အမင်း တုန်လှုပ်သွားသော အခြေအနေသို့ ရောက်ရှိသွားသည်။ ကောင်းကင်ဘုံ၏ ပဲ့တင်ထပ် ချီစွမ်းအင် အစက်အပြောက်တိုင်းသည် အလွန်တရာ အဖိုးတန်ပြီး ပြန်လည်ရရှိရန် မယုံနိုင်လောက်အောင် ခက်ခဲလှပေသည်။

နတ်ဘုရားနှင့်တူသော စွမ်းအားသည် ပြင်းထန်သော ကန့်သတ်ချက်များနှင့်အတူ လာသည်ဟု သင်ပြောနိုင်သည်။ သို့သော်လည်း သူတို့သည် သူတို့၏ ခိုင်မာသော ချီစွမ်းအင် များစွာကို မဆုံးရှုံးစေဘဲ သူတော်စင်များကို အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူ ရှင်းလင်းနိုင်သေးသည်။ သူတို့သည် အထွတ်အထိပ် ဖြစ်တည်မှုများ ဖြစ်ကြသည်။

ဘုန်း...

ဒုတိယမြောက် ပေါက်ကွဲမှုမှာ ပို၍ပင် ပြင်းထန်လှပေသည်။ အသွင်ပြောင်း ဇုံ တစ်ခုလုံး တုန်ခါနေလေသည်။

စူးဟောင်ရန်၏ မျက်လုံးများမှာ သေမင်းကဲ့သို့ အေးစက်ပြီး ခံစားချက်မဲ့နေသည်။

"တောင်းပန်လိုက်..."

သူသည် သေမတတ် အတည်ပြောနေခြင်း ဖြစ်သည်။

"အရူး..."

လုံရှီယာက တံတွေးထွေးလိုက်သည်။ ယခင်ကထက် ပိုမိုနက်မှောင်သော နောက်ထပ် ရွှေရောင်အလင်းတစ်ခု ဖြစ်တည်လာချိန်တွင် သူ၏ မာနအားလုံးကို စားသုံးပစ်လိုက်သည့် လေးလံသော သက်ပြင်းတစ်ချက်နှင့်အတူ သူ အလျှော့ပေးလိုက်လေသည်။

"ငါ တောင်းပန်ပါတယ်..."

"ဘာအတွက်လဲ..."

စူးဟောင်ရန်၏ အသံမှာ ပိုမို အေးစက်လာလေသည်။

လုံရှီယာမှာ သူ၏ မျက်လုံးများကို မှိတ်ကာ အံကို ကျိတ်ထားရုံသာ တတ်နိုင်တော့သည်။ သူက ထျန်းရှီယာဘက်သို့ လှည့်လိုက်၏။

"စောစောက ငါ့ရဲ့ ရိုင်းစိုင်းမှုအတွက် ငါ တောင်းပန်ပါတယ်... ငါ အရမ်း ရန်လိုလွန်းသွားတယ်"

တုန်းဖန်ယွဲ့ နှင့် ရွှေရောင်ညဉ့်ဦးယံ အရှင်သခင် တို့မှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြသည်။

ထျန်းရှီယာမှာမူ လုံးဝ အံ့အားသင့်သွားလေသည်။ အထွတ်အထိပ် သူတော်စင် တစ်ပါးက ဤလောကရှိ မည်သည့်အရာအတွက်မဆို တောင်းပန်ခဲ့သည်ကို သိရလျှင် ဂလက်ဆီတစ်ခုလုံး တုန်လှုပ်သွားမည် ဖြစ်သည်။ သူမ၏ နှလုံးသားထဲတွင် ခွန်အားကြီးမားသော အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကိုသာ ပေးစွမ်းနိုင်သည့် နွေးထွေးမှုမျိုးဖြင့် ပြည့်လျှံသွားပြီး အသက်ထက် ပို၍ ချစ်ခင်ခံရခြင်းဟူသည် မည်သို့သော အဓိပ္ပာယ်ရှိသည်ကို သူမ နောက်ဆုံးတွင် နားလည်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။

စူးဟောင်ရန်က သူမကို ကြည့်လိုက်ရာ သူမသည် တောက်ပစွာ ပြုံးပြလိုက်သည်။

"ရှင့်ရဲ့ တောင်းပန်မှုကို ကျွန်မ လက်ခံပါတယ်..."

ထိုအခါမှသာ စူးဟောင်ရန်သည် တတိယအကြိမ်မြောက် တိုက်ခိုက်မှုတစ်ခုကို စတင်ရန် စုဆောင်းနေသော သူ၏ အစစ်အမှန် ခန္ဓာကိုယ်၏ ပဲ့တင်ထပ် ချီစွမ်းအင် ကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။

ထို့နောက် သူက မူလအာရုဏ်ဦး နန်းတော် တစ်ကြိမ် ထပ်ကြည့်လိုက်၏။ စုရီနှင့် ဝေ့ဝူယင်တို့သည် အခန်းတစ်ခုထဲတွင် အတူတကွ ရှိနေကြပြီး သောက်ရင်းစားရင်း စကားစမြည် ပြောဆိုနေကြသည်ကို သူ သတိပြုမိလိုက်သည်။

ထိုအချိန်တွင်ပင် ထျန်းရှီယာက သူ၏ လက်ကို သူမ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လာခဲ့သည်။ သူမ၏ ချစ်ခင်ကြင်နာမှုအပြည့်ရှိသော မျက်ဝန်းများကို ကြည့်ရင်း ညင်သာသော နွေးထွေးမှုတစ်ခုက သူ၏ လက်ဖဝါးထံ စီးဆင်းလာသည်ကို သူ ခံစားလိုက်ရသည်။ သူမ ကျေးဇူးတင်စကား ပြောရန် မလိုအပ်ပေ၊ ထို အမူအရာလေး တစ်ခုတည်းကပင် လုံလောက်နေပြီ ဖြစ်သည်။

သူ၏ နှလုံးသားထဲတွင် ကုန်ခန်းသွားသော မည်သည့် ပဲ့တင်ထပ် ချီစွမ်းအင် မဆို ထိုအကြည့်အတွက် တန်ဖိုးရှိလှပေသည်။

***

All Chapters