← Chapters

ဝမ်ကျုန်း

Vol. 6 Ch. 518

ဝမ်ကျုန်း

Vol. 6 Ch. 518

ဆန်းလျန်သည် တိချိုးမြို့တော်မှ ခဏတာထွက်ခွာသွားခဲ့လေသည်။

ရဟန်းမင်းကြီးနှင့်တိုက်ခိုက်ခဲ့ရသည့်အပြင် တာ့ရှားဧကရာဇ်၏ နဂါးလက်သီးကိုလည်း ရင်ဆိုင်ခဲ့ရ သည့်အတွက် ဆန်းလျန်ခန္ဓာကိုယ်မှာ အနည်းငယ်ထိခိုက်သွားခဲ့လေသည်။

အမှန်တော့ တာ့ရှားဧကရာဇ်၏ နဂါးလက်သီးသည် အဆင့်မြင့်ကျင့်ကြံသူများကိုပင် သေစေနိုင်သည့် တန်ခိုးစွမ်းအားရှိလေသည်။ နဂါးလက်သီး၏စွမ်းအားများသည် ဆန်းလျန်၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး အသေးဆုံးသွေးကြောမျှင်လေးများကိုပင် ပေါက်ပြဲသွားစေလေသည်။ သူ၏ကြံခိုင်လွန်းသည့် မူလဝိညာဉ်ခန္ဓာဖြင့် ရုပ်ခန္ဓာကို ထိန်းထားနိုင်ခြင်းသာ မရှိပါက သူ၏ခန္ဓာကိုယ်တွင် သွေးယိုစိမ့်မှုများဖြစ်ပေါ်ကာ ပျက်စီးသွားရမည် ဖြစ်လေသည်။

ဆန်းလျန်သည် အရှုံးတရားကို ခံစားနေရလေသည်။ တာ့ရှားဧကရာဇ်က သူ့ကို ကောင်းကောင်း ပညာပေးလိုက်နိုင် လေသည်။

သို့သော် တာ့ရှားဧကရာဇ်က ဆန်းလျန်ကို အနိုင်ရသွားသည်ဟုတော့ လုံးဝမဆိုနိုင်ပေ။ ငရဲလမ်းဓားဝိညာဉ်နှင့် ဆရာဘိုးဘိုးယွမ်ချင်း၏ ယွမ်တုဓားဝိညာဉ်ကို လွယ်လွယ်နှင့် ခုခံရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

တာ့ရှားဧကရာဇ်သည်လည်း သူ၏ဓားဝိညာဉ်ဖြင့် ထိခိုက်မိသည့်အတွက် ကျိန်းသေဒဏ်ရာရသွားမည်ဖြစ်လေ သည်။

ဆန်းလျန်သည် တိချိုးမြို့တော်အပြင်ဘက်ရှိ တောနက်ကြီးအတွင်းသို့ ထွက်ခွာလာခဲ့လေသည်။

သစ်ပင် တစ်ပင်ကိုမီကာ ဆန်းလျန်ထိုင်နေစဉ်တွင် နတ်မြင်းပျံကြီးကတော့ သစ်ရွက်များကို ဝါးနေလေသည်။

ရုတ်တရက်…

နတ်မြင်းပျံကြီးက သစ်ရွက်များကိုဝါးနေရာမှ ရပ်တန့်လိုက်ပြီး ဆန်းလျန်ဆီသို့ အပြေးရောက်လာလေသည်။

အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် ယူနီကွန်းအနက်ကြီးတစ်ကောင် ပေါ်လာသောကြောင့် ဖြစ်လေသည်။ ယူနီကွန်းကြီး၏ အသက်ရှူသံမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး သူ၏တန်ခိုးစွမ်းအားများမှာလည်း ယင်းလုန်နဂါးကြီးနှင့်ပင် အဆင့်တူညီလောက်လေသည်။

ထို့ကြောင့် နဂါးသွေးစပ်သည့် နတ်မြင်းပျံကြီးပင်လျှင် လန့်ဖြန့်ကာ ပြေးလာခြင်း ဖြစ်လေသည်။

ဆန်းလျန်က ရှေ့သို့ ကြည့်လိုက်သည့်အခါတွင်တော့….

ချောမွေ့သည့်အနက်ရောင်ယူနီကွန်းကြီးတစ်ကောင်နှင့် ယူနီကွန်းကြီးကို စီးလာသည့် လူတစ်ယောက်ကို တွေ့မြင် လိုက်ရလေသည်။

ထိုသူသည် ပိတ်ချောစဖြင့်ချုပ်ထားသည့် ဝိတ်စုံကိုဝတ်ဆင်ထားပြီး ကျောက်သားပန်းပုရုပ်တုအလား မျက်နှာက အေးစက်တင်းမာလျှက်ရှိလေသည်။ ထို့အတူ မာနကြီးပုံလည်းရလေသည်။ သူက ဆန်းလျန်ကို မသိချင်ယောင် ဆောင်ကာ အနားမှ ဖြတ်ကျော်သွားလေသည်။

ဆန်းလျန်က မတ်တပ်ရပ်လိုက်ပြီး…

"တာအိုရောင်းရင်း… ခဏလောက်နေပါဦး"

ဆန်းလျန်၏အသံကိုကြားသည်နှင့် ပိတ်ချောစကိုဝတ်ဆင်ထားသူသည် ယူနီကွန်းကြီးကို ရပ်တန့်စေလိုက်လေ သည်။ ယူနီကွန်းကြီးက ဆန်းလျန်မျက်နှာတည့်တည့်သို့ နှာမှုတ်လိုက်လေရာ ဆန်းလျန်မျက်နှာတစ်ခုလုံး ပူနွေးသွားရလေသည်။

နတ်မြင်းပျံကြီးသည် ယခုတော့ ယူနီကွန်းကြီးကို ကြောက်ရွံ့ခြင်းမရှိတော့ပေ။ ဗလာနယ်ထဲမှ အနက်ရောင် နဂါးကြီးထံမှ စွမ်းအားများကိုခံစားပြီးကတည်းက နတ်မြင်းပျံကြီးသည် ကြောက်စိတ်ကို ပယ်သတ်နိုင်လာပြီဖြစ်လေ သည်။ တစ်ချိန်တွင် သူသည် နတ်မြင်းပျံဘုရင်တစ်ပါးပင် ဖြစ်လာနိုင်လေသည်။

"ကျုပ်နာမည်က ဝမ်ကျုန်းလို့ ခေါ်ပါတယ် ၊ တိချိုးမြို့တော်ကိုသွားမလို့ပါ ၊ မိတ်ဆွေက ကျုပ်ကို ဘာလို့ တားရတာ လဲသိပါရစေ"

ပိတ်ချောစဝတ်ဆင်ထားသူမှာ အေးစက်ပြီးမာနကြီးပုံရသည့်တိုင် စကားလုံးများကတော့ နွေးထွေးလေသည်။ သူ၏ဦးခေါင်းထက်တွင် ဆံပင်ဖြူအနည်းငယ်ပေါက်နေသော်လည်း သူ၏အသက်မှာ သုံးဆယ်အရွယ်မျှသာ ထင်မှတ်ရလေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဘာလို့များ တိချိုးမြို့တော်ကိုသွားချင်တာလဲ သိပါရစေ ၊ ကျုပ်က အခုပဲ တိချိုးကနေ ထွက်လာတာပါ"

"အိုး… ခင်ဗျားက တိချိုးမြို့တော်က ပြန်လာတဲ့သူလား ၊ ကျုပ်က ခင်ဗျားကို ဟိုးတောင်တွေပေါ်က ကျင့်ကြံသူ တစ်ယောက်လို့ ထင်နေတာ ၊ စောစောကလည်း ကျုပ်က ခင်ဗျားကိုနှုတ်ဆက်မလို့ပါပဲ ၊ ဒါပေမယ့် ခင်ဗျားကိုကြည့်ရတာ သိပ်နေမကောင်းတဲ့ပုံပေါက်နေတာရယ် ၊ ပြီးတော့ ဒီနေ့ခေတ်ကြီးမှာ လောကကြီးက အရမ်း ရှုတ်ထွေးနေတော့ ကျုပ်က နှုတ်ဆက်လိုက်ရင် ခင်ဗျားနားလည်မှုလွဲသွားမှာလည်း စိုးရိမ်တာနဲ့ပဲ မသိချင်ယောင် ဆောင်လိုက်မိတာပါ ၊ ဒါပေမယ့် ခင်ဗျားက ကျုပ်ကိုစပြီး နှုတ်ဆက်လိမ့်မယ်လို့တော့ ထင်မထားဘူး”

ဝမ့်ကျုန်း၏မျက်ခုံးနှစ်ခုကြားတွင် မှိတ်နေသည့် တတိယမျက်လုံးကဲ့သို့ အရာတစ်ခုရှိနေသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်လေသည်။ သူ၏စကားသံများကလည်း နွေဦးလေပြေအလား သိမ်မွေ့လွန်းလှသည်။

ထိုစကားများကို ဟန်ဆောင်၍ပြောသည်ဖြစ်စေ စိတ်ရင်းဖြင့်ပြောသည်ဖြစ်စေ ဝမ်ကျုန်းသည် မြင့်မြတ်သည့် မျိုးနွယ်မှ ဆင်းသက်လာသူတစ်ဦး ဖြစ်သည်ကို သိရှိနိုင်လေသည်။

ထို့ပြင်…

ဆန်းလျန် ယခင်ဘဝက “နတ်ဘုရားများ၏ရင်းနှီးမြှုပ်နှံမှု” ဟု လူသိများသည့် စာအုပ်တစ်အုပ်ထဲတွင် ယင်းစန်း၏ မင်းဆရာကြီးဝမ်ကျုန်းဆိုသည့်လူတစ်ယောက်အကြောင်းကို ဖတ်ခဲ့ဖူးလေသည်။

ယခု သူ့ရှေ့မှလူ၏အမည်မှာလည်း ဝမ်ကျုန်းဖြစ်လေသည်။

ဆန်းလျန် ယခုရောက်ရှိနေသည့် နေရာသည် ယခင်ခေတ်ပေါ်ကမ္ဘာတွင်နေထိုင်စဉ်က ဖတ်ခဲ့ဖူးသည့် သမိုင်းကြောင်းများနှင့် တစ်ခုမဟုတ်တစ်ခု ဆက်စပ်နေဖွယ်ရာရှိလေသည်။ သို့သော် သမိုင်းထဲမှ အဖြစ်အပျက်များ နှင့်လည်း တစ်သွေမတိမ်း တူညီနေခြင်းမရှိပြန်ပေ။

ဥပမာအားဖြင့် သူရောက်ရှိနေသည့်လောကတွင် တာ့ရှားဧကရာဇ်၏အမည်မှာ “စစ်ချီ” ဖြစ်သေလည်။ သမိုင်းထဲမှ မင်းဆိုးမင်းညစ် တာ့ရှားဧကရာဇ်၏အမည်က “ရှားကျယ်စစ်ကွေး” ဆိုသည့်အမည်ဖြစ်လေသည်။

သို့သော်… သမိုင်းထဲတွင်လည်း စစ်ချီဆိုသည့်အမည်တစ်ခုရှိလေသည်။ စစ်ချီမှာ စစ်ဝမ်မင့်၏သား ဖြစ်လေသည်။

ယခုရောက်ရှိနေသည့်လောကမှ တာ့ရှားဧကရာဇ် “စစ်ချီ” ကတော့ စစ်ဝမ်မင့်၏ သားမဟုတ်ပေ။ စစ်ဝမ်မင့်မှ ဆင်းသက်လာသည့် မျိုးနွ်တစ်ယောက်မျှသာ ဖြစ်လေသည်။

သို့သော် ယခုလောကတွင်ဆုံတွေ့ရသည့်တာ့ရှားဧကရာဇ် “စစ်ချီ” သမိုင်းထဲမှ “ရှားကျယ်စစ်ကွေး” နှင့် အလွန်တူလေသည်။ သူတို့နှစ်ယောက်လုံးသည် ဒေါသပြင်းထန်သူများဖြစ်ပြီး သူတို့ကိုယ်သူတို့ နေမင်းနှင့်နှိုင်းယှဉ် ကာအာဏာရှင်ဆန်လွန်းလှသည့် ဘုရင်များ ဖြစ်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မင်းကအမြင်စူးရှတယ် ၊ ကြည့်ရတာ မင်းကျင့်ကြံထားတဲ့ကျင့်စဉ်က တော်တော်အဆင့်မြင့်တယ်ထင်တယ် ၊ ဒီလောက်တန်ခိုးစွမ်းအားမြင့်မားတဲ့ယူနီကွန်းကြီးကိုထိန်းချုပ်ထားတာ ကျုပ်မအံ့သြတော့ပါဘူး”

ဆန်းလျန်၏ချီးကျူးစကားကြောင့် ဝမ်ကျုန်းမှာ အနေရခက်သွားလေသည်။

"ခင်ဗျားချီးကျူးတာတွေများနေပြီ ၊ ဒီယူနီကွန်းကို ကျုပ်ကထိန်းချုပ်နိုင်တာမဟုတ်ပါဘူး ၊ တကယ်တော့ ကျုပ်ရဲ့ဆရာက ကျုပ်ကို လက်ဆောင်ပေးခဲ့တာပါ”

"မင်းပြောပုံအရဆိုရင် မင်းရဲ့ဆရာက တကယ့်ကို စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ ဖြစ်ရမယ် ၊ အခွင့်အရေး ရမယ်ဆိုရင် ကျုပ်သူနဲ့ ဆုံချင်ပါသေးတယ်"

ဆန်းလျန်က ပြုံးရင်းပြောလိုက်လေသည်။

ဝမ့်ကျုန်းကို ယူနီကွန်းလက်ဆောင်ပေးခဲ့သည့် ဆရာဆိုသူမှာ သမိုင်းထဲမှ ဝမ်ကျုန်း၏ဆရာဖြစ်သူ ကျင်းလင်စန်းမုများ ဖြစ်နေဦးမည်လားဟု ဆန်းလျန် တွေးနေမိလေသည်။ ကျင်းလင်စန်းမု မဟုတ်ဘူးဆိုလျှင် တောင်မှ အလွန်တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ဆန်းလျန်မှာ သူ့ကိုယ်သူ အချိန်ခရီးသွားပြီး ကမ္ဘာတစ်ခုနှင့်တစ်ခု ခုန်ကူးနေရသလိုပင် ခံစားနေမိလေသည်။

ဗုဒ္ဓနှင့် တာအိုဆရာသခင်ကြီးသည် အချိန်နှင့်နေရာပိုင်းခြားမှုများကို ကျော်လွန်နိုင်စွမ်းရှိသူများ ဖြစ်ကြလေသည်။ အတိတ် ၊ အနာတ် ၊ ပစ္စုပ္ပန် ခြားနားထားသည့်အချိန်အကန့်အသတ်များကို အတားအဆီးမရှိ သွားလာနိုင်သူများ ဖြစ်လေသည်။

ဆန်းလျန်သည် ထိုသို့သောအဆင့်မျိုးရောက်သည်အထိ မကျင့်ကြံနိုင်သေးသည့်အတွက် အသေးစိတ်ကိုတော့ သေသေချာချာ မသိနိုင်သေးပါ။

ဝမ်ကျုန်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ကျုပ်တောင်မှ ဆရာ့ကိုထပ်တွေ့ချင်မိပါတယ် ၊ ဒါပေမယ့် ကံဆိုးတာက ဆရာကတန်ခိုးစွမ်းအားမြင့်မားလွန်းတော့ သူကပဲ ကျုပ်ကိုလာတွေ့လေ့ရှိတယ် ၊ ကျုပ်က သူ့ကိုသွားတွေ့ဖို့ဆိုတာ တော်တော်ခက်တယ်”

ဆန်းလျန်က …

“ဒါဆို အခု တာအိုဆရာဝမ်ကျုန်းက တိချိုးမြို့တော်ကိုလာတာ တပည့်ဖြစ်တဲ့သူနဲ့ လာတွေ့တာပေါ့ ၊ မင်းကလည်း ဆရာ့ခြေရာကိုအပြည့်နင်းပြီး ဆရာလုပ်တဲ့အတိုင်းလိုက်လုပ်တတ်တဲ့သူကိုး ၊ ဆရာတူ တပည့်ပဲလေ ၊ မအံ့သြတော့ ပါဘူး ၊ မအံ့သြတော့ပါဘူး”

ဆန်းလျန်က "မအံ့သြတော့ပါဘူး" ဆိုသည့် စကားကို နှစ်ခါထပ်ပြီးပြောလိုက်သည့်အတွက် ဝမ်ကျုန်းမှာ များစွာ အံ့သြမင်သက်သွားရလေသည်။

"ခင်ဗျား ကျုပ်ကိုနောက်နေတာလား ၊ လက်စသတ်တော့ ကျုပ်ရဲ့တပည့်က ကျီကျောက်ဆိုတာ ခင်ဗျားသိပြီးသား ကိုး ၊ ပြီးတော့ ခင်ဗျားက ကျုပ်အကြောင်းတွေလည်း သိနေသေးတယ် မဟုတ်လား”

"တကယ်တော့ ကျုပ် မင်းကို လေးစားခဲ့တာကြာပါပြီ ၊ ဒါကြောင့် နည်းနည်းလောက် စ နောက် ကြည့်တာပါ ၊ စိတ်မရှိပါနဲ့"

ဆန်းလျန်က ပြုံးရင်းဖြင့်ပင် လေးလေးစားစားဖြင့် ပြန်ပြောလိုက်လေသည်။

ဝမ်ကျုန်းက စိတ်သဘောထားကောင်းသူတစ်ယောက်ဖြစ်ပြီး ဆန်းလျန်ကို ဒေါသထွက်ခြင်းမရှိပါ။

သူက ရယ်မောလိုက်ရင်း…

"ကျုပ်တို့ ဒီနေရာမှာ တွေ့ဆုံဖို့ ကံပါလာမှတော့ ခင်ဗျားရဲ့ဒဏ်ရာကို ကုသနိုင်ဖို့အတွက် ပြဒါးဆေးတစ်လုံး ပေးခဲ့ပါရ စေ"

All Chapters