← Chapters

သမားတော်ဖွေရှာ ကြော်ငြာစာ

Vol. 6 Ch. 520

သမားတော်ဖွေရှာ ကြော်ငြာစာ

Vol. 6 Ch. 520

ဝမ်ကျုန်းသည် အရည်အချင်းရှိသူတစ်ယောက်ဖြစ်လေသည်။ သူ၏မူလဝိညာဉ်ခန္ဓာသည် မိုးကောင်းကင်နတ် ဘုရားများကဲ့သို့ ထက်မြက်သန်မာခြင်းမရှိသည့်တိုင် သူက များစွသော ကျင့်စဉ်များကို ကျင့်ကြံထားသည့်လူ တစ်ယောက် ဖြစ်လေသည်။

တာ့ရှားပြည်သုံးငွေကြေး တစ်သောင်းကိုပေးပြီးသည့်နောက် ဝမ်ကျုန်းသည် မြို့တော်အတွင်းသို့ ဝင်ခွင့်ရခဲ့လေ သည်။

ကုန်သည်များထံမှ ထိုမျှများပြားသည့် အခွန်ငွေကိုကောက်ခံသည့်အတွက် ဝမ့်ကျုန်းမှာ အံ့သြနေမိလေသည်။ ထိုသို့သာ အခွန်ငွေအမြောက်အမြားကောက်ခံပါက နောင်ပိုင်းတွင် တိချိုးမြို့တော်တွင် လာရောက်ကုန်သွယ်မည့် သူများ ရှိတော့မည် မဟုတ်ပေ။

တံခါးမှူးများသည် ဝမ်ကျုန်းပေးသည့်ငွေကို ယူပြီးသည့်တိုင် မျက်နှာထားများက တင်းမာခက်ထန်နေကြလေသည်။ ထို့ကြောင့် ဝမ်ကျုန်းလည်း မည်သည့်စကားမှ မပြောတော့ဘဲ မြို့တော်အတွင်းသို့သာ ဝင်ခဲ့လေသည်။

မြို့တော်အတွင်းသို့ရောက်လာသည်နှင့် ကုန်သည်ဝတ်စုံဝတ်ဆင်ထားသည့်သူ့ကို လူအများက အာရုံစိုက်လာကြ လေသည်။

အဘယ်ကြောင့် ထိုသို့ဖြစ်ရပါသနည်း။

ဝမ်ကျုန်းက အကြောင်းရင်းကိုစုံစမ်းလိုက်သည့်အခါတွင်တော့ မကြာသေးခင်အချိန်ကပင် မြို့တော်အတွင်းသို့ ဝင်ရောက်လာသည့် ကုန်သည်များမှာ ဖိနှိပ်ခံနေကြရကြောင်း သတင်းကို ရရှိခဲ့လေသည်။

ဝမ်ကျုန်း ကုန်သည်တစ်ယောက်ကဲ့သို့ ဝတ်ဆင်လာရသည်မှာ အကြောင်းရှိလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏တပည့်လေးမှာလည်း ကုန်သည်တစ်ယောက် ဖြစ်သောကြောင့်ပင်။ သို့သော် ကုန်သည်များ ဖိနှိပ်ခံနေရသည့် သတင်းကိုသိရှိလိုက်ရသည့်အချိန်တွင်တော့ သူက မူလဝတ်စုံကိုပြန်လည် ပြောင်းလဲလိုက်လေသည်။ ယူနီကွန်း အနက်ကြီးကတော့ ခွေးနက်လေးအဖြစ်သာ ရှိနေသေးသည်။

တိချိုးမြို့တော်သည် တာ့ရှားပြည်၏မြို့တော်ဖြစ်ပြီး ထိပ်တန်းအဆင့်မြို့တော်ကြီး ဖြစ်လေသည်။ သို့သော်… ဝမ်ကျုန်းသည် လမ်းမထက်တွင်လမ်းလျှောက်ရင်း လေ့လာသိရှိလိုက်ရသည်မှာ တိချိုးမြို့တော်၏ စီးပွားရေးမှာ ကျဆင်းနေသည်ဆိုသည့်အချက်ပင် ဖြစ်လေသည်။

မြို့တော်၏ မြောက်ဘက်ပိုင်းတစ်နေရာတွင်တော့ လူများ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေသည်ကို တွေ့လိုက်ရလေ သည်။ ဝမ်ကျုန်းက လူအုပ်ကြားသို့တိုးဝင်ကာ အခြေအနေကို လေ့လာလိုက်သည့်အခါတွင်တော့ နံရံတွင်ကပ်ထား သည့် တာ့ရှားဧကရာဇ်၏ ကြော်ငြာစာကို တွေ့လိုက်ရလေသည်။

နန်းတော်အတွင်းသို့ဝင်ပြီး ဆေးကုသပေးနိုင်သည့် သမားတော်ဖွေရှာသည့် ကြော်ငြာစာတစ်ခုကို ကပ်ထားခြင်း ဖြစ်လေသည်။ အောင်မြင်ခဲ့ပါက တာ့ရှားနန်းတော်မှ မည်သည့်ပစ္စည်းကိုမဆို ယူသွားနိုင်သည့်အပြင် တာ့ရှား ဧကရာဇ်ထံမှလည်း မည်သည့်အရာကိုမဆို တောင်းဆိုနိုင်သည်ဟု ကြော်ငြာစာထဲတွင် ပါရှိလေသည်။

ထိုကြော်ငြာကို တိချိုးမြို့တော်အတွင်းတွင်သာမဟုတ် အနယ်နယ်အရပ်ရပ်သို့ ကြော်ငြာထားခြင်း ဖြစ်လေသည်။

“ငါတပည့်လေးက ဧကရာဇ်တစ်ပါးဖြစ်ဖို့ အရည်အချင်းရှိတဲ့လူတစ်ယော်ကပဲ ၊ သူက တဖြည်းဖြည်းနဲ့ လောကကြီးကို အုပ်စိုးတဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ် ၊ ဒါပေမယ့် တာ့ရှားဧကရာဇ်ကလည်း နှယ်နှယ်ရရတော့ မဟုတ်ဘူး ၊ တာ့ရှားပြည်ပြိုလဲသွားရင်တောင်မှ လှည့်ကွက်တွေကတော့ ရှိနေဦးမှာပဲ ၊ တာ့ရှားဧကရာဇ် အခုလို သမားတော်ရှာနေတုန်း ငါ နန်းတော်ထဲကို ဝင်ရမယ် ၊ ကံကြမ္မာကိုစမ်းသပ်ကြည့်တာပေါ့ ၊ နောင်တစ်ချိန်မှာ ဒါဟာ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်”

ထို့သို့တွေးလိုက်ပြီးသည်နှင့် ဝမ်ကျိုးသည် ကြော်ငြာစာရွက်ကို ဖြုတ်ယူလိုက်လေသည်။

ကြော်ငြာစာရွက်ကို စောင့်နေသည် တပ်မှူးလေးတစ်ယောက်မှာ ဝမ်ကျုန်းက ကြော်ငြာစာရွက်ကိုဖြုတ်ယူလိုက် သည်ကိုတွေ့လိုက်သည်နှင့်….

“မင်းက နန်းတော်ကိုသွားဖို့ လျှောက်လွှာတင်မလို့လား”

ဟု မေးလိုက်လေသည်။

ဝမ်ကျုန်းက…

“ဟုတ်ပါတယ်…”

ဝမ်ကျုန်း၏ တည်ငြိမ်မှုကြောင့် တပ်မှူးငယ်သည် အနည်းငယ်ထိတ်လန့်သွားလေသည်။

သို့သော် သူ့အနေဖြင့် ဝမ်ကျုန်းကို စစ်ဆေးမေးမြန်းရန်လိုသေးသည်။

“မင်း သေချာလို့လား ၊ လိမ်တာဆိုရင်တော့ လည်ပင်းပြတ်နိုင်တယ်နော်”

ဝမ်ကျုန်းသည် စစ်ရေးနှင့် စာပေပညာရပ်နှစ်ခုလုံးတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လေသည်။ ထို့ပြင် သူသည်ဆေးပညာနှင့်နက္ခတ်ဗေဒပညာရပ်များကိုလည်း သင်ယူတတ်မြောက်ထားသူတစ်ယောက် ဖြစ်လေသည်။ ယခုကဲ့သို့ သမားတော်ရှာဖွေရသည်မှာ တာ့ရှားနန်းတော်ထဲတွင် မပျောက်ကင်းနိုင်သည့်ရောဂါတစ်ခုခု ဖြစ်နေ သောကြောင့် ဖြစ်သည်ဆိုသည့်အချက်ကို ဝမ်ကျုန်းခန့်မှန်းမိလေသည်။

ထို့ကြောင့် သူ့အရည်အချင်းဖြင့်ဆိုလျှင် တာ့ရှားဧကရာဇ်ကို ကြောက်စရာမရှိပေ။

“သေချာပါတယ် ၊ ကျုပ်ကဆေးပညာ သိပ်ကို ကျွမ်းကျင်ပါတယ်”

တပ်မှူးလေးက နောက်ထပ်စစ်မေးခြင်းများကို မပြုလုပ်တော့ပါ။ သူက ဝမ်ကျုန်းကို ထူးခြားသည်ဟု ခံစားနေရပြီး တစ်ချက် အကဲခတ်နေလေသည်။

အကယ်၍ လူလိမ်တစ်ယောက်ကို နန်းတွင်းသို့ခေါ်သွင်းမိပါက တာ့ရှားဧကရာဇ်အမျက်ရှကာ သူ့ကိုသာ အပြစ်ပေး မည်ဖြစ်လေသည်။

သူ့ရှေ့မှလူက အခိုင်အမာပြာဆိုနေသည့်အတွက် လိမ်လည်မည့်သူတစ်ယောက်မဟုတ် ဟုတော့ တပ်မှူးလေး ထင်မြင်မိလေသည်။ သမားတော်အစစ်အမှန်ဖြစ်ပါက နန်းတော်သို့ စောစောစီးစီးပို့လိုက်ခြင်းက ပို၍ကောင်းလေသည်။ အခန့်သင့်လျှင် တာ့ရှားဧကရာဇ်သည် သူ့ကို ဆုတော်လာဘ်တော်များပင် ချီးမြှင့်ပေဦးမည်။

တမ်မှူးလေးသည် ဆုတော်လာဘ်တော်များကို လိုချင်မိလေသည်။ အဘယ်ကြောင့်ဆိုသော် သိပ်မကြာမီက သူ၏မိန်းမသည် ကလေးတစ်ယောက်မွေးဖွားထားသည့်အတွက် ဖြစ်လေသည်။

သို့သော် တပ်မှူးလေး၏စိတ်ထဲတွင် ဆုံးဖြတ်ရခက်ခဲနေလေ၏။

ဝမ်ကျုန်းသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် တပ်မှူးလေး၏စိတ်ထဲတွင် ချီတုံချတုံဖြစ်နေသည့် အကြောင်းအရာများကို ချက်ချင်းသဘောပေါက်သွားလေသည်။

“မင်းရဲ့နောက်ကျောမှာ ဓားဒဏ်ရာတစ်ခုရဖူးတယ် ၊ ပြီးတော့ မင်းငယ်ငယ်က နေမကောင်းဖြစ်ပြီး ဒူးနာရောဂါစွဲကပ်ခဲ့ဖူးတယ် ၊ ဒါကြောင့် ရာသီဥတုအေးတိုင်း ၊ မိုးရွာတိုင်း မင်းဒူးတွေနာတတ်တယ်”

ဝမ်ကျုန်း၏စကားကြောင့် တပ်မှူးလေးက အံ့သြသွားပြီး…

“ခင်ဗျား ဘယ်လိုလုပ်သိတာလဲ”

ဝမ်ကျုန်းကပြုံးနေလိုကပြီး မည်သည့်စကားမှ မပြောတော့ပါ။

တပ်မှူးလေးသည် စိတ်ထဲတွင် ဝမ်းသာသွားလေသည်။ သူ့ရှေ့မှလူသည် သူ့ကိုတစ်ချက်ကြည့်ရုံမျှဖြင့် သူခံစားနေရ သည့်ဝေဒနာများကို ပြောပြနိုင်သည်မှာ နတ်ဆေးသမားတော်တစ်ယောက် ဖြစ်ရပေမည်။ တာအိုဆရာများပင်လျှင် ထိုသို့တစ်ချက်ကြည့်ရုံဖြင့်သူ၏ရောဂါဝေဒနာကို မခန့်မှန်းနိုင်ကြပေ။

တပ်မှူးလေးသည် စိတ်အားထက်သန်စွာဖြင့် ဝမ်ကျုန်းနှင့် သူ၏အနက်ရောင်ခွေးကို နန်းတော်သို့ ခေါ်ဆောင်သွားလေတော့သည်။

……………………………………….

ဆန်းလျန်သည် နတ်မြင်းပျံကြီးကို စီးနှင်ပြီး တိချိုးမြို့တော်သို့ ပြန်လာလေသည်။ သူက နတ်မြင်းပျံကြီးကို ကျီဝေးကျောင်းတော်ရှေ့တွင် ဆင်းသက်စေလိုက်သည်။

ချက်ချင်းပင် တံခါးစောင့်သည် နတ်မြင်းပျံကြီးကို ခေါ်ဆောင်သွားလေသည်။

ထိုအချိန်တွင် ကျားနက်ကြီးက ဆန်းလျန်ရှိရာသို့ အပြေးအလွှားရောက်ရှိလာကာ....

"သခင်လေး..."

ဟု ခေါ်လိုက်လေသည်။

ဆန်းလျန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း...

"ဘာလဲ..."

ဟု ပြန်မေးလိုက်လေသည်။

"နောက်ကျရင် သခင်လေး အပြင်သွားရင် ကျွန်တော့်ကိုစီးသွားပါ ၊ ညက သခင်လေးမရှိတော့ ဟိုရုပ်ဆိုးအကောင် ကကျွန်တော့်ကို အမွှေးတောင်မရှင်းပေးဘူး"

ထိုစကားပြောပြီးသည်နှင့် ကျားနက်ကြီးသည်သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်လေသည်။

ဆန်းလျန်က တစ်ချက်မဲ့လိုက်ရင်း…

"ဟွန်း… မင်းကိုများ မနေ့ညကစီးသွားလို့ကတော့ ဒီနေ့ ဒီလိုတောင် ပြန်ရောက်လာနိုင်မှာ မဟုတ်ဘူး"

ဆန်းလျန်က ကျားနက်ကြီးကို နောက်ပြောင်နေခြင်းမဟုတ်ပါ။ ရဟန်းမင်းကြီးနှင့်တိုက်ခိုက်သည့်အချိန်တွင် ဗလာနယ်ထဲမှ အနက်ရောင်နဂါးဝိညာဉ်ကြီး၏တန်ခိုးစွမ်းအားများကို နဂါးသွေးမပါသည့် ကျားနက်ကြီးသည် မည်သည့်နည်းနှင့်မျှ တွန်းလှန်နိုင်မည် မဟုတ်ပေ။ ဆန်းလျန်သည် ကျားနက်ကြီးကိုခေါ်သွားပါက ကျားနက်ကြီးသည် အပြင်းအထန်ဒဏ်ရာရသွားနိုင်လေသည်။

ထို့ပြင် ဆန်းလျန်သည် ကျားနက်ကြီးကို အနည်းငယ်လည်း မကျေမနပ်ဖြစ်နေခဲ့လေသည်။

ထိုကျားနက်ကြီးသည် သူ့နောက်သို့လိုက်နေသည်မှာ နှစ်ပေါင်းများစွာကြာနေပြီ ဖြစ်သည့်တိုင် ကျင့်စဉ်လမ်းတွင် တိုးတက်မှုမရှိဘဲ ပျင်းရိပြီး အချိန်ဖြုန်းနေသောကြောင့် ဖြစ်လေသည်။

သို့သော်… ကျားနက်ကြီးက ဆန်းလျန်ကို ချော့မော့လိုက်လျှင် ဆန်းလျန်သည် စိတ်ပြေသွားရစမြဲပင် ဖြစ်လေသည်။ ထို့ကြောင့် ကျားနက်ကြီးသည် ဆန်းလျန်ပြုံးလာသည်အထိ ပွတ်သီးပွတ်သတ်ဖြင့် ချော့မော့နေလေတော့သည်။

နောက်ဆုံး ဆန်းလျန်ပြုံးသွားတော့မှ ကျားနက်ကြီးသည် သခင်လေး စိတ်ဆိုးပြေသွားပြီဆိုသည်ကို ရိပ်မိလိုက်လေသည်။ အမှန်တော့ ကျားနက်ကြီးကို နားလည်ပေးနိုင်သူမှာ ဆန်းလျန်သာလျှင်ရှိလေသည်။

ထိုအချိန်မှာပင် ကျောင်းတော်အပြင်ဘက်မှ ကျယ်လောင်သည့်အသံတစ်သံထွက်ပေါ်လာလေသည်။

"ကျုပ်က တပည့်မုကျန်းပါ ၊ တိုင်းပြည်အကြံပေးအမတ်မင်းကိုလာတွေ့တာပါ"

ကျားနက်ကြီးမှာ စိတ်ညစ်သွားလေသည်။ သခင်လေး စိတ်ပြေသွားသည့်အချိန်တွင် သူက အစားအသောက်အချို့ တောင်းစားရန် စိတ်ကူးထားလေသည်။ ယခုတော့ အဖျက်ဝင်ပြီ။

ထို့ကြောင့် ထိုလူကိုအဝေးသို့ထွက်သွားစေရန် ဟိန်းဟောက်လိုက်ရန် ကြံစည်လိုက်ပြီး ပါးစပ်ကို ဟလိုက်လေသည်။

ထိုအချိန်မှာပင်…

"အော်မီတော်ဖော်… "

ထိုအသံသည် ရှားတူးမြောင်းဘက်မှ ထွက်ပေါ်လာသည့်အသံဖြစ်ပြီး စကားသံတစ်သံလည်း ဆက်လက်ထွက်ပေါ် လာလေသည်။

"ကျုပ်ဘုန်းကြီးက တိုင်းပြည်အကြံပေးအမတ်မင်းနဲ့ တွေ့ချင်လို့ပါ"

ကျားနက်ကြီးမှာ ဒေါသအကြီးအကျယ်ထွက်လာလေသည်။

ထို့ကြောင့် သူ၏ကိုယ်ထဲမှ မိစ္ဆာစွမ်းအားများထွက်ပေါ်လာပြီး မျက်လုံးနှစ်ဖက်သည်ပင်လျှင် အဖြူရောင် ပြောင်းလဲသွားကာ အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။

ထိုအခြေအနေကိုမြင်တွေ့လိုက်ရသည့် ဆန်းလျန်မှာ မျက်ရည်များထွက်သည်အထိပင် ရယ်မောလိုက်မိလေသည်။

သူက ကျားနက်ကြီးကို လက်ချောင်းများဖြင့် အသာထိုးညွှန်လိုက်ရင်း စိတ်လျှော့သွားစေရန် နှစ်သိမ့်လိုက်ရလေ သည်။

All Chapters