အခန်းပို
Vol. 82 Ch. Extra
ကုန်းကုန်းဧကရာဇ်။ (အပို)
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တုပိုင် ပြန်ပြောလိုက်၏။ “တကယ်တော့ ဒါကို ကိုယ်ရေးခဲ့တာ မဟုတ်ဘူး”
“ရှင် ရေးခဲ့တာပါပဲကို” နင်းရွှဲ့က ချွဲနွဲ့ကာ ပြောလိုက်၏။ “အခု ကျွန်မအတွက် ကဗျာတစ်ပုဒ်လောက် ရေးပေးပါ။ စာကြောင်း တစ်ကြောင်း၊ နှစ်ကြောင်းလောက်ဆိုရင်တောင် ရပါတယ်။ ကျွန်မအတွက်ပဲ ရေးပေးပါ”
တုပိုင် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကဗျာဆိုလိုက်သည်။ “နှလုံးသားနှစ်ခုရဲ့ အချစ်တွေကသာ ထာဝရ တည်တံ့နေမယ်ဆိုရင် နေ့တိုင်း အတူတူရှိနေဖို့ လိုပါ့မလား”
“လှပပေမဲ့ မလုံလောက်သေးဘူး။” နင်းရွှဲ့က နှုတ်ခမ်းဆူကာ ပြောလိုက်၏။ “ကျွန်မ လိုချင်တာက ကြားလိုက်တာနဲ့ အိပ်ရာထဲ ဝင်ချင်သွားပြီး အချစ်တွေနဲ့ ယစ်မူးချင်သွားစေမယ့် ကဗျာမျိုးကို လိုချင်တာ”
တုပိုင် ပြုံး၏။ “ရွှေရောင်လေပြေနဲ့ ကျောက်စိမ်းနှင်းရည်တို့ ဆုံစည်းသွားတဲ့အခါ လောကကြီးတစ်ခုလုံးကိုတောင် အနိုင်ယူနိုင်စွမ်းရှိတယ်”
မင်းသမီးနင်းရွှဲ့၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားရ၏။ “ဟုတ်တယ်... ဟုတ်တယ်... ဒါမျိုးလေး”
ထို့နောက် သူမ အသက်ရှူမြန်လာကာ တုပိုင်၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်ပြီး သူမ၏ စကတ်ထဲရှိ အတွင်းခံကို ညင်သာစွာ ဆွဲဖြဲလိုက်ကာ တုန်ယင်နေသော အသံဖြင့် ယစ်မူးဖွယ် ပြောလိုက်သည်။ “ယောက်ျား... ကျွန်မကို ကူညီပါဦး။ ဒီနေ့တော့ ကျွန်မတို့ လရောင်အောက်မှာ အချစ်တွေနဲ့ ယစ်မူးကြရအောင်”
ထို့နောက် ပန်းအိုးကျကွဲသွားသည်.....။ 🤔
**--**--**--**--**--**--**--**
အဖြူရောင် ကိုကာကိုလာ သောက်ပြီးနောက်တွင် နင်းရွှဲ့မှာ တုပိုင်၏ ရင်ခွင်ထဲ၌ ချိုမြိန်စွာ အိပ်ပျော်သွားတော့၏။ နောက်တစ်နေ့ နံနက် နေရောင်ခြည် ထွက်ပေါ်လာချိန်၌... “အားးး” ခွန်ပန်ငှက်ကြီး၏ အသံတစ်သံ ထွက်ပေါ်လာ၏။
နင်းရွှဲ့ တိတ်ဆိတ်စွာ နိုးထလာသည်။
တုပိုင် ပြောလိုက်၏။ “ကိုယ် သွားတော့မယ်”
နင်းရွှဲ့ကမူ တုပိုင်အား တောက်ပပြီး အလွန်တရာ လှပသော အပြုံးလေးဖြင့် ပြုံးပြလိုက်သည်။
တုပိုင် ခွန်ပန်ငှက်ကြီးကို စီးနင်းကာ တောင်ဘက်ဆီသို့ ပျံသန်းသွားလိုက်၏။
**--**--**--**--**--**--**--**
သုံးရက်ကြာပြီးနောက်... အမိန့်တစ်ရပ် ထွက်ပေါ်လာ၏။
“အဆင်သင့်ပြင်ထား... အားလုံး အတူတူ သွားကြမယ်”
တုပိုင်၏ တာ့နင်အင်ပါယာ တပ်မတော်သည် ဆိပ်ကမ်းမှနေ၍ သင်္ဘောများပေါ်သို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တက်ရောက်လာကြသည်။
ကွမ်ကျိုးဆိပ်ကမ်းနှင့် လျန်ကျိုးဆိပ်ကမ်းတို့တွင် စစ်သည်အင်အား နှစ်သိန်းခွဲခန့်က သင်္ဘောပေါ်သို့ တက်ရောက်နေကြခြင်း ဖြစ်၏။
အလင်းတန်း သံဓား တစ်သိန်းကို သွန်းလုပ်ခဲ့ပြီး ကျောက်သလင်း မှော်သေနတ် တစ်သိန်းကိုလည်း အသွင်ပြောင်းခဲ့ကာ ကျောက်သလင်း မှော်အမြောက် တစ်ထောင်ကျော်ကိုလည်း အသွင်ပြောင်းထားပြီး ဖြစ်သည်။
ယခုလက်ရှိအချိန်အထိ တုပိုင်၏ ရေတပ်တွင် သံချပ်ကာ စစ်သင်္ဘော တစ်စီးသာ ရှိနေဆဲဖြစ်ပြီး ကျန်ရှိနေသည့် သင်္ဘောများအားလုံးမှာ ကုန်သည်သင်္ဘောကြီးများနှင့် ကုန်တင်သင်္ဘောကြီးများသာ ဖြစ်ကြ၏။
စစ်သည်အင်အား နှစ်သိန်းခွဲ၊ ရိက္ခာများနှင့် အခြားသော ပစ္စည်းကိရိယာ အမြောက်အမြားအတွက် ပင်လယ်ကူး သင်္ဘောကြီး အစီး နှစ်ရာကျော်ကို အသုံးပြုထားရလေသည်။
သို့သော် ထိုသင်္ဘောများအားလုံးမှာ တိုက်ခိုက်ရေးစွမ်းရည်နှင့် ကာကွယ်ရေးစွမ်းရည် လုံးဝမရှိသော ကုန်တင်သင်္ဘောကြီးများသာ ဖြစ်ကြ၏။ ရေကြောင်းတိုက်ပွဲ ဆင်နွှဲနိုင်စွမ်းရှိသော တစ်ခုတည်းသော သင်္ဘောမှာ ကျောင်းလုံ စစ်သင်္ဘောသာ ရှိသည်။
စစ်သည်အင်အား နှစ်သိန်းခွဲ သင်္ဘောပေါ်တက်သည့် လုပ်ငန်းစဉ်မှာ သုံးရက်ကျော်ကြာသည်အထိ ဆက်လက်လုပ်ဆောင်နေရဆဲပင်။
ဆိပ်ကမ်းနှစ်ခုလုံး၏ ပင်လယ်ပြင်တွင် ပင်လယ်ကူး သင်္ဘောကြီး အမျိုးအစားစုံလင်စွာဖြင့် ပြည့်နှက်နေလေသည်။
ငါးရက်နှင့် ငါးည ကြာပြီးနောက် နောက်ဆုံးတွင်တော့ စစ်သည်အင်အား နှစ်သိန်းခွဲစလုံး သင်္ဘောပေါ်သို့ ရောက်ရှိသွားကြပြီ ဖြစ်၏။
တုပိုင်က ခက်ထန်စွာနှင့် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ “ငါ၏ တပ်မတော်ကြီး ရှေ့ကို ချီတက်ပြီး အရှေ့ဘက် ပြည်ထောင်စုကို ချေမှုန်းကြ။ ဖန်းချန်ကို သုတ်သင်”
“အရှေ့ဘက် ပြည်ထောင်စုကို ချေမှုန်းကြ။ ဖန်းချန်ကို သုတ်သင်ကြ။” စစ်သည် ၂ သိန်းခွဲ၏ ကျယ်လောင်သော ကြွေးကြော်သံနှင့်အတူ စစ်ချီခရာသံများ ထွက်ပေါ်လာတော့၏။
ပင်လယ်ကူး သင်္ဘောကြီး နှစ်ရာကျော်သည် စစ်သင်္ဘောတစ်စီး၏ ဦးဆောင်မှုအောက်တွင် အရှေ့ဘက် ပြည်ထောင်စုရှိရာဆီသို့ ပင်လယ်ပြင်ကို ဖြတ်သန်း ရွက်လွှင့်သွားကြလေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ ငှက်အော်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ခွန်ပန်ငှက်ကြီး တစ်ထောင်နီးပါးခန့်သည်လည်း သင်္ဘောအုပ်စုကြီး၏ အထက်မှ ပျံသန်းလိုက်ပါလာကြသည်။
တုပိုင်၏ ရေကြောင်းနှင့် လေကြောင်း တပ်မတော်ကြီးအပြင် မဟာဆရာသခင်အဆင့်ရှိ အစွမ်းထက်သိုင်းပညာရှင် တစ်ရာကျော်တို့သည် သခင်လေး ဖန်းချန်နှင့် အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲရန် ထွက်ခွာလာကြ၏။
ဤတိုက်ပွဲတွင် တုပိုင်နှင့် ဖန်းချန် နှစ်ယောက်ထဲမှ တစ်ယောက်သာ အသက်ရှင်ကျန်ရစ်နိုင်မည် ဖြစ်လေသည်။
**--**--**--**--**--**--**--**
အရှေ့ဘက် ပြည်ထောင်စုဤ တုဟွေးသည် သခင်လေး ဖန်းချန်၏ ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်၏။ “အရှင်မင်းသားဆီကနေ စစ်တပ်တစ်ခု ငှားရမ်းပြီး တုပိုင်ကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ တာ့နင်အင်ပါယာကို အပြည့်အဝ ပြန်လည်တည်ထောင်နိုင်ဖို့ မှူးမတ်ကျွန်တော်မျိုး တောင်းဆိုပါတယ်”
သခင်လေး ဖန်းချန်က သူ၏ လက်ချောင်းများကို ဆန့်ထုတ်ကာ အချိန်ကို စတင်ရေတွက်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ “သွားလိုက်ပါ။ မှတ်ထား... နင်းရွှဲ့ ၊ နီရှန်နဲ့ တခြားမိန်းမတွေကိုပါ ခေါ်သွား။ တုပိုင်ရဲ့ မိန်းမတွေဖြစ်သရွေ့ အားလုံးကို ယူသွားလိုက်”
တုဟွေး အံ့အားသင့်သွားရ၏။ သခင်လေးသည် အလွန်တရာ သန့်ရှင်းမှုကို နှစ်သက်သူတစ်ဦး ဖြစ်သည်။ အခြားသူများနှင့် အိပ်ခဲ့ဖူးသော မိန်းမတစ်ယောက်ကို သူ ဘယ်သောအခါမျှ ထိတွေ့မည် မဟုတ်ချေ။
သခင်လေး ဖန်းချန်က ယုတ်မာဟန်ဖြင့် ပြုံးသည်။ “ငါက မထိပါဘူး။ ဒါပေမဲ့ အောက်ကလူတွေကို ပေးလိုက်မယ်လေ။ တုဟွေး... မင်းက စွန့်ပစ်ခံကို ကောက်ယူရမှာ မကြောက်ဘူးဆိုရင် မင်းလည်း တစ်ယောက် ရွေးလို့ရတယ်”
တုဟွေးက အလျင်စလို ပြန်ပြောလိုက်၏။ “ဒါဆိုရင် မှူးမတ်ကျွန်တော်မျိုးက မင်းသမီးနင်းရွှဲ့ကို ရွေးချယ်ပါတယ်”
ဖန်းချန်က ခေါင်းညိတ်လိုက်၏။ “ခွင့်ပြုတယ်”
ထိုအချိန်တွင် ဘေးဘက်ရှိ ဖန်းကျိုးက ဝင်ပြောလိုက်သည်။ “မှူးမတ်ကျွန်တော်မျိုးကတော့ မင်းသမီးယွီကျိန်းကို ရွေးချယ်ပါတယ်”
“ခွင့်ပြုတယ်။” သခင်လေး ဖန်းချန်က ပေါ့ပါးစွာ ပြောလိုက်၏။ “ကျောက်ဝမ်က တကယ့်ကို သန်မာပြီး စွမ်းဆောင်နိုင်စွမ်းရှိတာပဲ”
ထိုအချိန်မှာပင် လူရိပ်တစ်ခုက အလျင်အမြန် ပြေးဝင်လာပြီး တုန်ယင်နေသော အသံဖြင့် လျှောက်တင်လေ၏။ “အရှင်မင်းသား... တာ့နင်အင်ပါယာက တုပိုင်ရဲ့ စစ်တပ်တွေ ကျွန်တော်တို့ရဲ့ အရှေ့ဘက် ပြည်ထောင်စုကို လာရောက်တိုက်ခိုက်နေပါပြီ”
ဤစကားကို ကြားလိုက်ရသောအခါ တုဟွေးနှင့် ဖန်းကျိုးတို့မှာ သူတို့၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရတော့သည်။
“သူ့ဆီမှာ ရေတပ်အင်အား ဘယ်လောက်ရှိလို့လဲ” တုဟွေးက မေးလိုက်၏။
ထိုလူက ပြန်ဖြေသည်။ “စစ်သင်္ဘော တစ်စီးတည်းပါပဲ။ ကျန်တာတွေအားလုံးက တိုက်ခိုက်လို့မရတဲ့ ပင်လယ်ကူးသင်္ဘောတွေနဲ့ ကုန်သည်သင်္ဘောကြီးတွေချည်းပါပဲ”
တုဟွေးနှင့် ဖန်းကျိုးတို့မှာ ပို၍ပင် အံ့အားသင့်သွားကြတော့၏။
“တုပိုင်... သူ ရူးသွားပြီလား။ အရှေ့ဘက် ပြည်ထောင်စုကို တိုက်ခိုက်ဖို့အတွက် စစ်သင်္ဘောတစ်စီးတည်း အသုံးပြုလာတယ်ပေါ့။ ကုန်တင်သင်္ဘော ရာပေါင်းများစွာကိုပါ သယ်လာတယ်တဲ့လား။ ဦးနှောက်သေနေတာလား။ အရူးလား။ ခေါင်းထဲ ရေဝင်နေတာလား”
သိထားရမည်မှာ အရှေ့ဘက် ပြည်ထောင်စုသည် ကမ္ဘာ့ရေကြောင်းကို စိုးမိုးထားသော အင်အားကြီးနိုင်ငံဖြစ်ပြီး စစ်သင်္ဘော အစီး နှစ်ရာ၊ သုံးရာခန့် ပိုင်ဆိုင်ထားခြင်း ဖြစ်၏။
ယခုအခါ အရှေ့ဘက် ပြည်ထောင်စု၏ စစ်သင်္ဘောများတွင် ကျောက်သလင်း စွမ်းအင်အနှစ်သာရများနှင့် ဧရာမ မှော်အမြောက်များ တပ်ဆင်ထားလျက်ရှိသည်။ စစ်သင်္ဘော တစ်စီးတည်းနှင့်ပင် ကမ္ဘာ့တစ်ဝန်းရှိ ရေတပ်အားလုံးကို တစ်ကိုယ်တော် အနိုင်ယူနိုင်စွမ်း ရှိလေ၏။
အခြားဘက်မှ တုပိုင်၏ စစ်သင်္ဘောသည်တော့ လုံးဝကို ခေတ်နောက်ကျနေပြီဖြစ်ပြီး အရှေ့ဘက် ပြည်ထောင်စုမှ ခရူဇာ စစ်သင်္ဘောတစ်စီးကိုပင် အနိုင်ယူနိုင်စွမ်း မရှိချေ။
အရှေ့ဘက် ပြည်ထောင်စု၏ ရှုံးပွဲမရှိ ရေတပ်ကြီး၏ ၁ ရာခိုင်နှုန်းသော အင်အားကပင် တုပိုင်၏ ရေတပ်ကို ဆယ်ကြိမ်တိုင်တိုင် အမြစ်ပြတ်ချေမှုန်းရန် လုံလောက်သည်ဟု ဆိုရပေမည်။
“ဒါပေမဲ့ သူတို့ဆီမှာ ထောင်ချီတဲ့ ခွန်ပန်ငှက်ကြီးတွေ ရှိတယ်” ထိုလူက ဆက်ပြောလိုက်၏။
သခင်လေး ဖန်းချန်က လှောင်ပြောင်လိုက်သည်။ “ဒီတော့ သူက မီးနတ်ဘုရားဂိုဏ်းရဲ့ လေကြောင်းတပ်ဖွဲ့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားထားတာပဲ။ ဒါပေမဲ့ ခွန်ပန်ငှက် တစ်ထောင်တည်းလား။ ငါ့ရဲ့ အစီအစဉ်ထဲမှာဆိုရင် စုစုပေါင်း သုံးထောင်တောင် ရှိတာ။ ပြီးတော့ ဒီခွန်ပန်ငှက် လေကြောင်းတပ်ဖွဲ့ သုံးထောင်ကို ချေမှုန်းပစ်ဖို့ မတူညီတဲ့ အစီအစဉ် သုံးခုကိုတောင် ငါ အသုံးပြုထားခဲ့တာ”
“ရယ်စရာကောင်းတဲ့ တုပိုင်က ခွန်ပန်ငှက် လေကြောင်းတပ်ဖွဲ့ အကောင် တစ်ထောင်ကို ဝှက်ဖဲအဖြစ် အသုံးပြုလာတယ်တဲ့လား။ အားလုံးသိတဲ့အတိုင်း ငါတို့က အစစအရာရာ ပြင်ဆင်ပြီးနေပြီ။ ဒီခွန်ပန်ငှက် တစ်ထောင်ကို အလွယ်တကူပဲ အမြစ်ပြတ် ချေမှုန်းပစ်လိုက်လို့ ရတယ်”
သခင်လေး ဖန်းချန်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ “သူ ရောက်လာပြီဆိုမှတော့ အချိန်ဆွဲမနေနဲ့တော့။ ရေတပ်သင်္ဘောအုပ်စုကြီးကို စုစည်းဖို့ အမိန့်ပေးလိုက်ပြီး တုပိုင်ရဲ့ တပ်တွေကို အကုန်ထွက်တိုက်ခိုက်ချေမှုန်းလိုက်ကြ။ အဲဒီနောက် တာ့နင်အင်ပါယာဆီ ကုန်းပေါ်တက်ပြီး တာ့နင်အင်ပါယာရဲ့ နယ်မြေတစ်ခုလုံးကို သိမ်းပိုက်လိုက်တော့”
“အမိန့်တော်အတိုင်းပါ အရှင်”
**--**--**--**--**--**--**--**
တစ်ရက်ကြာပြီးနောက် အမြဲတစေ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ထားသော အရှေ့ဘက် ပြည်ထောင်စု၏ ရေတပ်သင်္ဘောအုပ်စုကြီး အားလုံးတို့က ခမ်းနားစွာဖြင့် ထွက်ပေါ်လာကြသည်။
စစ်သင်္ဘော အစီး နှစ်ရာကျော်၏ အင်အားမှာ မိုးကောင်းကင်နှင့် နေမင်းကိုပင် ဖုံးကွယ်သွားစေနိုင်လောက်အောင် ကြီးမားခမ်းနားလှ၏။
တုပိုင်၏ သူတောင်းစား ရေတပ်နှင့် အရှေ့ဘက် ပြည်ထောင်စု၏ ရှုံးပွဲမရှိ ပြိုင်ဘက်ကင်းနတ်ဘုရား ရေတပ်ကြီးတို့မှာ မျက်နှာချင်းဆိုင် ရွက်လွှင့်လာကြပြီး တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။
သမိုင်းတစ်လျှောက် အင်အားအကွာဟဆုံးသော ရေကြောင်းတိုက်ပွဲကြီး မကြာမီ ပေါက်ကွဲထွက်ပေါ်လာတော့မည် ဖြစ်၏။
တုပိုင်နှင့် ဖန်းချန်တို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အဆုံးအဖြတ်တိုက်ပွဲကြီး မကြာမီ စတင်တော့မည် ဖြစ်သည်။
ကုန်းကုန်းဧကရာဇ်။ (အပို) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team