← Chapters

အခန်း (၁၅၂)

Vol. 16 Ch. 152

အခန်း (၁၅၂)

Vol. 16 Ch. 152

အခန်း(152)

သူတို့အဖွဲ့က အတော်လေး ရယ်စရာကောင်းသော ဖက်ရှင်ဖြင့် တစ်တွဲတည်း ရှေ့ဆက်သွားခဲ့ကြသည်။

သူတို့မြက်ထူသော ဧရိယာထဲ ရောက်လာခဲ့ချိန်တွင် လမ်းလျှောက်လိုက်လျှင် တရှဲရှဲသံတိုးတိုး ထွက်နေခဲ့လေ၏။

ကျင်းယန်တွင် ကောင်းမွန်သော မှတ်ဉာဏ်ရှိပြီး သူတို့လာခဲ့သည့်လမ်းကြောင်းကို အတော်လေး ရှင်းလင်းစွာ မှတ်မိခဲ့သည်။

သူတို့ထွက်လာခဲ့သည့် ရေဆိုးမြောင်း၏ လူဆင်းပေါက်သည်က ယခင်က မှတ်သားခဲ့သော သစ်ပင်များပေါ်မှ အမှတ်အသားများနှင့် သိပ်မဝေးသည့်နေရာတွင် တည်ရှိလေ၏။

ကျန်းယွီချန်က ဤအမှတ်အသားများကို အဓိပ္ပာယ်မဖော်နိုင်သောကြောင့် ထိုအမှတ်များကို ဤအသင်းနှစ်သင်းက ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း ညွှန်ပြနေခဲ့သည်။

သူတို့က ဤအမှတ်အသားများ၏နောက်မှ လိုက်လာပြီး လွှဲပြောင်းဌာန၏ အရပ်မျက်နှာဆီ ဦးတည်လာခဲ့ကြ၏။

လမ်းတစ်လျှောက်တွင် ကျန်းယွီချန်က သူတို့ရောက်လာခဲ့ချိန်က အခြေအနေများကို အတိုချုပ်ရှင်းပြခဲ့သည်။

လုံးလုံးလျားလျား သေကြေပျက်စီးခဲ့သည့် အဖွဲ့သုံးဖွဲ့အပြင် သူတို့အသင်းနှစ်သင်းအပါအဝင် တခြားအသင်းငါးသင်း ကျန်နေသေး၏။

ကျင်းယန်နှင့် ယင်ရိလျိုမှာ ဤလူများနှင့် သိကျွမ်းနှင့်ပြီး ဖြစ်ပေသည်။

အဓိကဇာတ်ကောင်များ စုစည်းနေသည့် မြို့တော်Bမှ ချင်ဟုန်အသင်းနှင့် မြို့တော်Zမှ လင်းယုန်နီအသင်းသည်လည်း ရောက်လာခဲ့ပြီဖြစ်၏။

မြို့တော်Zမှ တခြားအသင်း၏ ရလာဒ်ကတော့ ယင်ရိလျိုကို အတော်လေး အံ့အားသင့်သွားစေသည်။

နျိုဖေး‌ဟောင်ဦးဆောင်သည့် ဆင့်ကဲပြောင်းလဲအသင်းတွင် နျိုဖေးဟောင်နှင့် နျိုရင်းတို့ နှစ်ယောက်မှလွဲ၍ တခြားလူများအားလုံး သုတ်သင်ခံလိုက်ရပြီး ယခုချိန်တွင် သူတို့ကလင်းယုန်နီအသင်းနှင့် ပူးပေါင်းခဲ့ကြ၏။

သို့သော်လည်း တွေးကြည့်ရလျှင် နူးညံ့လွန်းသော သခင်မလေးနျိုရင်း လိုက်ပါလာသည့် နျိုဖေးဟောင်က ဤကဲ့သို့ ရှိန်လောက်သော သန္ဓေပြောင်းအပင်များနှင့်အတူ သတိကြီးရန်လိုသော အခြေအနေကို ရင်ဆိုင်ရခြင်းတွင် အဖွဲ့သားများဆုံးရှုံးခြင်းက အဓိပ္ပာယ်ရှိနေခဲ့လေသည်။

နျိုရင်းက သဘောမပေါက်လောက်သေးသော်ငြား သူတို့ ကျန်းယွီချန်၏အဖွဲ့နှင့်တွေ့ရခြင်းက ကံကောင်းလွန်းသည်ဟု ယင်ရိလျိုခံစားခဲ့ရ၏။

တခြားအဖွဲ့ထဲသို့ ပြုတ်ကျသွားရခြင်းက အမှန်တကယ်ပင် အိပ်မက်ဆိုးတစ်ခု ဖြစ်လာလိမ့်မည်ပင်။

သူမ တိတ်တဆိတ်ဖြင့် ကျောင်းမောင်နှမ၊ ဟေးလန်နှင့် လင်းကျားတို့ကို လွမ်းဆွတ်မိပြီး သူတို့၏လုံခြုံရေးကို စိတ်ပူမိ၏။

ကျန်းယွီချန်ဆီမှ စုစည်းထားခဲ့သော အချက်အလက်များကို သူမ စနစ်တကျတွေးတောပြီးနောကာ သူမမှတ်မိသည့် ဇာတ်ကြောင်းနှင့် တဖြည်းဖြည်း ဆက်စပ်ကြည့်လိုက်သည်။

ချင်ဟုန်အသင်းက မြို့တော်Bကို ရောက်ရှိခဲ့သည်မှာ သိပ်မကြာသေးချေ။ သူတို့က မြောက်ဘက်သို့သွားသော စစ်တပ်အင်အားစုများနှင့်အတူ ခရီးမသွားခဲ့သောကြောင့် ဝတ္ထုထဲမှ ဇာတ်ကြောင်းနှင့် ကိုက်ညီ၏။

ဝတ္ထုထဲတွင် အဓိကဇာတ်ကောင်များက ခရီးလမ်းတွင် အမျိုးမျိုးသော ကပ်ဘေးဒုက္ခများကို ရင်ဆိုင်ခဲ့ရကာ သောင်းကျန်းလွန်းပြီး မုန်းတီးနေသော ရန်ဘက် အများအပြားကြောင့် အခြေခံအားဖြင့် စစ်တပ်နှင့် လူစုကွဲသွားခဲ့ကြသည်။

ဝတ္ထုထဲတွင် ဖော်ပြခဲ့သော ရတနာသိုက်များနှင့် တွေ့ရသည့်ပါရမီကတော့ အတော်လေး ဉာဏ်ပွင့်ဖွယ်ကောင်းလေ၏။ အဓိကဇာတ်ကောင်များက လမ်းပေါ်တွင် ဘေးဒုက္ခတစ်ခုကို ပက်ပင်းကြုံခဲ့ရပြီး သန္ဓေပြောင်းကျားဖြူကို သတ်နိုင်ခဲ့ကြသည်။

သူတို့ကကျားဗိုက်၏ထဲမှ ငန်းဥပုံသဏ္ဍာန်ရှိသော ကျောက်တုံးတစ်ခုကို ရှာတွေ့ခဲ့ကြပြီး အမျိုးသမီးဇာတ်လိုက် ဒဏ်ရာရသွားချိန်တွင်တော့ သူမ၏သွေးက ကျောက်တုံးနှင့်ထိတွေ့မိသွားသဖြင့် တမူထူးခြားသော နေရာလွတ်တစ်ခုကို သူမရရှိသွားခဲ့၏။

ဟုတ်တယ်။ နေရာလွတ်တစ်ခုပဲ။

အမျိုးသမီးဇာတ်လိုက်၏ နေရာလွတ်က သေးငယ်ပြီး အဆင့်မြှင့်၍မရခြင်းက ယင်ရိလျိုအတွက် အနည်းငယ် နှစ်သိမ့်ဖွယ်ကောင်းသည့်အရာတစ်ခုဖြစ်လေသည်။

ဤအခိုက်တွင် ထိုအချက်က သူမ ဂုဏ်ယူနိုင်သောအရာ အနည်းငယ်ထဲမှ တစ်ခုဖြစ်စေသည်။

သူမ၏ နေရာလွတ်က အလွန်ကြီးမားလွန်း၏!

ဤက ယအခြေအနေကအားတစ်ယောက် ကမ္ဘာပျက်ကပ်၏ ဇာတ်ညွှန်းကို သဘာဝကျမကျ မေးခွန်းထုတ်မိလုနီးပါးဖြစ်စေသည်။

သူမ၏ ရှေ့ကို အံ့သြဖွယ်ကောင်းသော နဂါးတစ်ကောင် ရုတ်တရက် ပေါ်လာလျှင် သို့မဟုတ် တခြားကမ္ဘာသားမျိုးနွယ်များ ဆင်းသက်လာခဲ့လျှင်ပင် ယုတ္တိရှိသောကိစ္စတစ်ခုအဖြစ် ယူဆလိုက်ရမည်ဖြစ်၏။

အမျိုးသမီးဇာတ်လိုက် မြို့တော်Bသို့ ရောက်ချိန်တွင် အတိတ်ဘဝမှ အကြောင်းအရာများ‌ကို သိသောကြောင့် ဗိုလ်ချုပ်ကြီး၏သားဖြစ်သူကို အိမ်မွေးသန္ဓေပြောင်း သားရဲတစ်ကောင်က အသေအကြေတိုက်ခိုက်ခြင်း ခံရမည့်နေရာကို မတော်တဆ ကြိုတင်သိမြင်ခဲ့လေသည်။

သူမက အချိန်ကိုက် ကြားဝင်ကာ ဗိုလ်ချုပ်ကြီး၏သားကို ကယ်တင်ခဲ့ပြီး သူမ၏”ရှေးဖြစ်ဟောသူ”ဆိုသော ဂုဏ်သတင်းကို ခိုင်မာစေခဲ့၏။

ဤတစ်ကြိမ် ဧရာမသန္ဓေပြောင်းအပင်ကြီးနှင့် ရင်ဆိုင်နေချိန်တွင်လည်း အမျိုးသမီးဇာတ်လိုက်၏ အနာဂတ်ကိုကြိုတင်သိမြင်နိုင်စွမ်းဖြင့် ကမ္ဘာပျက်ကပ်၏အရင်းအမြစ် ဖြစ်နိုင်ဖွယ်ရှိသော တမူထူးခြားသော အရာဝတ္ထုတချို့က သစ်ပင်ပတ်လည်ဧရိယာတွင် ဖုံးကွယ်နေသည်ဟု သူမ၏စကားအရယုံကြည်သွားစေခဲ့သည်။

သူမ၏အတိတ်ဘဝ၌ ဧရာမသစ်ပင်ကြီးက လူသားမျိုးနွယ်ကို အန္တရာယ်ပေးလွန်းသည့် အခြေအနေအထိ ကြီးထွားနှင့်ပြီး ဖြစ်သောကြောင့် မြို့တော်Bမှာ ထိုအပင်ကို အမြစ်ပြတ်သုတ်သင်နိုင်ရန် နျူကလီယားလက်နက်များကို အသုံးပြုရန်အတွက် ဆုံးဖြတ်ချက်ချရသည်အထိ ဖြစ်သွားစေခဲ့၏။

ဖောက်ခွဲပစ်ပြီးနောက် သိပ္ပံပညာရှင်များနှင့် ဆင့်ကဲပြောင်းလဲသူများက သစ်ပင်၏အမြစ်များအထိ နက်နက်ရှိုင်းရှိုင်း အရဲစွန့်လေ့လာခဲ့ပြီး အရေးပါးသော လေ့လာမှုများကို ပြုလုပ်ခဲ့ကြသည်။

ကမ္ဘာပျက်ကပ်၏ မူလဇစ်မြစ်အပေါ် မှန်းဆချက်များက ကျယ်ပြန့်စွာဖြင့် ဇာတ်လမ်းအမျိုးမျိုးဖြစ်လာခဲ့ပြီး သူမ သေဆုံးသွားပြီးနောက်တွင်ပင် လျှို့ဝှက်ချက်များကို မရှာဖွေနိုင်ဘဲ ကျန်နေဆဲဖြစ်သည်။

ပြန်လည်မွေးဖွားပြီး ဤဒုတိယအခွင့်အရေးကို အပေးခံလိုက်ရသည့် အမျိုးသမီးဇာတ်လိုက်က သူမ၏အခွင့်အရေးများ နောက်သို့ လိုက်ရာတွင် ကြိုတင်လုပ်ဆောင်ခဲ့၏။

သို့သော်ငြားလည်း သူမက ဤအခွင့်အရေးဟု အမည်ခံသောအရာကို တိုက်ရိုက် မရရှိခဲ့ပုံရသည်။

သူတို့က ဧရာမသစ်ပင်ကြီးကို တိုက်ခိုက်ရာတွင် နောက်ဆုံးအခိုက်အတန့်၌ ရုန်းကန်နေသည့်အတွက် အမြစ်ပြတ်သုတ်သင်ရန် လက်နက်ကြီးများကို အသုံးပြုခဲ့ရသည်။

ဇာတ်ကြောင်းကို ရုတ်ခြည်းအဆုံးသတ်လိုက်သည့်တိုင်အောင် ထိုအရာက မည်သည့်အရာဖြစ်ကြောင်းကို ရှာတွေ့ခြင်းကတော့ အရေးသားမခံရသည့် တစ်ခုတည်းသောဇာတ်ကြောင်းဖြစ်နေခဲ့သည်။

ဇာတ်ကြောင်း၏ အဆင့်ဆင့်လုပ်ငန်းစဥ်များကို သူမ၏နားလည်သွားသောကြောင့် ယင်ရိလျို ပို၍ လွယ်ကူသွားသည်ဟု ခံစားရသည်။

သူတို့ ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုကို အာရုံမထားပါက ဤဧရာမအပင်ကြီးအတွက် နောက်ဆုံးရလာဒ်မှာ လုံးလုံးလျားလျား ပျက်စီးမှုဖြစ်လာလောက်လေ၏။

ကြိုတင်ဆုံးဖြတ်ထားသော ဇာတ်ကြောင်းကို တစ်စုံတစ်ယောက်က အင်အားသုံး၍ကြားဝင်ခြင်း မပြုလျှင် ပြောင်းလဲသွားနိုင်ရန် အလားအလာမရှိပါချေ။

သူတို့က လမ်းတစ်လျှောက်လုံး သတိထားခဲ့ကြသော်လည်း မည်သည့် အန္တရာယ်ကိုမှ မရင်ဆိုင်ရဘဲ မြို့စွန်သို့ ရောက်ရှိလာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ ဘာဖြစ်လို့ အရမ်းတိတ်ဆိတ်နေရတာလဲ?”

ဝမ်တာ့ချန်းက ခေါင်းကုတ်လျက် မအနည်းငယ်ယုံကြည်နိုင်စွာ ပြောလာ၏။

“ကျွန်တော်တို့ တကယ်ကြီး ဒီအတိုင်းထွက်လာနိုင်တာလား?”

တခြားအသင်းဖော်များ၏ မျက်နှာသည်လည်း တောက်ပလာခဲ့သည်။

အချိန်က မှောင်နေပြီဖြစ်ပြီး တစ်နေ့လုံး လမ်းလျှောက်လာခဲ့ရသောကြောင့် သူတို့ မောပန်းပြီး ဗိုက်ဆာလာခဲ့ကြသည်။

ဟုန်ရှင်းရှင်း လှည့်ပတ်ကြည့်ပြီးနောက် တောအုပ်၏ အလင်းရောင်မှာ လုံးလုံးလျားလျား မှိန်နေကြောင်းတွေ့ခဲ့ရသည်။ ဘေးဘက်ပတ်ပတ်လည်တွင် အသံတစ်စက်မှ မရှိဘဲ ခြောက်ခြားဖွယ်တိတ်ဆိတ်နေလေ၏။

“ကျွန်မ အရမ်းဗိုက်ဆာနေပြီ.. ကျွန်မတို့ တစ်နေ့လုံး ဘာမှ မစားရသေးဘူး”

သူမ အသံတိုးတိုးဖြင့် ဗလုံးဗထွေးပြောပြီး ဝမ်းဗိုက်ကို လက်နှင့်ဖိလိုက်မိသည်။

“ခဏလောက် တောင့်ခံထားဦး.. ငါတို့ လွှဲပြောင်းဌာနကို ရောက်ရင် စားဖို့ တစ်ခုခု ရလာလိမ့်မယ်”

သူမ၏အသင်းဖော်က သူမကို နှစ်သိမ့်လိုက်၏။ ဤစကားက သူမကို အားတက်သွားစေခဲ့ပေသည်။

သို့သော်ငြား လွှဲပြောင်းဌာနနှင့် မီတာနှစ်ရာသာကွာဝေးသည့် ခြုံပုတ်များထဲတွင် စက်သေနတ်ကြီးတချို့ကို နေရာချထား တပ်ဆင်ထားကြလေ၏။

ဆင့်ကဲပြောင်းလဲသူ တချို့မှာ စက်သေနတ်များ၏ရှေ့တွင် ဝမ်းလျားမှောက်လျက်နေပြီး တောအုပ်ကို မျက်စိဒေါက်ထောက် ကြည့်နေကြသည်။

သူတို့ထဲမှ တစ်ယောက်ဖြစ်သည့် တိုက်ပွဲဝင် အနေအထားဖြင့် အမျိုးသမီးတစ်ယောက်က အားမလိုအားမရဖြစ်မှုနှင့်အတူ အံကြိတ်ပြီး ခါးသီးစွာ မကျေမနပ်ညည်းညူလိုက်၏။

“သန္ဓေပြောင်းသားရဲတွေ တစ်ကောင်မှ မကျန်တော့ဘူး.. အဲဒီမကောင်းဆိုးဝါးက သားရဲတွေအားလုံးကို စုပ်ယူပြီးသွားပြီ..

ပြီးတော့ လင်းကျားက အဝေးကြီးအထိ မြင်နိုင်တယ်လေ.. ဒါကို ဘာလို့ ကျွန်မကို ဒီနေရာမှာရပ်ပြီး ကာကွယ်နေရအောင် အတင်းအကျပ် တိုက်တွန်းနေရတာလဲ”

သူမ ဘေးမှအမျိုးသားက အတော်လေး ပြောစရာစကားမဲ့သွားပြီး တီးတိုးပြောခဲ့သည်။

“ရင်းရင်း ဒါက မန်နေဂျာလင်း ချမှတ်ထားတဲ့ စည်းမျဥ်းလေ.. မကျေမနပ် မပြောဘဲနေကြစို့..”

လင်းဟူသော နာမည်ကိုကြားရလျှင် လီရင်းရင်း၏ မျက်နှာပို၍ပင် ရှုံ့တွသွားကာ ဘေးဘက်မှအမျိုးသားကို စူးရှသောအသံဖြင့် ဖြတ်ပြောလိုက်၏။

“သူမက ကျွန်မကို တမင်သက်သက် ပစ်မှတ်ထားနေတာ! အဲဒီကောက်ကျစ်တဲ့ မိန်းမကတော့!”

လီရင်းရင်း၏ ကြိမ်းဝါးနေသော စကားလုံးများကို ကြားသည့်အခိုက် ထိုအမျိုးသားမှာ သက်ပြင်းချလိုက်ပြီး ဤအမျိုးသမီးက အကျိုးအကြောင်း မသင့်လွန်းဟုသာ တွေးလိုက်လေသည်။

သူမနှင့် လျို့ကျန်းကြားမှ ကွာဟချက်က ချောက်နက်ကြီးသဖွယ်ဖြစ်နေသည်။ အသင်းက ကာကွယ်ထားခြင်းကြောင့်သာ မဟုတ်လျှင် ဤမိန်းကလေးက ဟိုးကတည်းက နှင်ထုတ်ခံရလိမ့်မည်။

ဤအဖွဲ့ကို မျှော်မှန်းချိန်ထက်‌ စောပြီးပြန်ရောက်လာသော လျို့ကျန်းက ဦးဆောင်ပြီး ယခုချိန်တွင်တော့ လွှဲပြောင်းဌာနတွင် အနားယူနေခဲ့သည်။

လက်ရှိတွင် အသင်းထဲမှ လုပ်ပိုင်ခွင့်ကို ရှန်းယင်ကျိုးနှင့် လျှို့ကျန်းက ဆုပ်ကိုင်ထား၏။ ရှန်းယင်ကျိုးက လီရင်းရင်းကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းကြောင်း တွေ့ခဲ့သော်ငြား သူမကို သူ၏စေ့စပ်သူ၊ သူ၏အမျိုးသမီးအဖြစ် ယူဆနေဆဲပင်။

မိသားစုနှစ်ကြားမှ ဆက်ဆံရေးနှင့် သူတို့၏ ငယ်သူငယ်ချင်း ဆက်ဆံရေးကို ထည့်သွင်းစဥ်းစားကာ သူ သည်းခံနေခဲ့လေ၏။

လျှို့ကျန်း၏စည်းမျဥ်းက အသင်းထဲမှ သာမာန်လူတစ်ယောက်ဖြစ်စေ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်စေ လုပ်ဆောင်မှုတွင် ပါဝင်လုပ်ကိုင်ရမည်ပင်။

သူတို့က လက်တလော အစားအစာ လျော့နည်းနေသောကြောင့် ကာကွယ်မှုကို အလှည့်ကျလုပ်ဆောင်မည့် အပြင် လက်နက်ကြီးများကို တပ်ဆင်ထားခဲ့၏။

သန္ဓေပြောင်းသားရဲများ၏ အရိပ်အယောင်ကို တွေ့လျှင် သူတို့က ပစ်သတ်ပြီး အစားအစာအဖြစ် အသုံးပြုလိမ့်မည်ပင်။

==

All Chapters