← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃) - ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်ခြင်း

"ရှင် မကူညီဘူးလား..."

ကျောက်မန်သည် အနည်းငယ် ဒေါသထွက်နေပုံရကာ အော်ဟစ်လိုက်သည်။

ဤသားရဲ လေးကောင်သည် အခြေခံတည်ဆောက်ခြင်းနယ်ပယ် ကနဦးအဆင့် တွင်သာ ရှိသော်လည်း ၊ သူမ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိနေသဖြင့် ဤသားရဲ လေးကောင်ကို ယှဉ်နိုင်စွမ်း မရှိချေ။

ကျောက်မန် သည် အနည်းငယ် ဒေါသထွက်နေသည်ကို မြင်ပြီးနောက် ၊ ချန်လော့သည် လှောင်ပြောင်ပြောဆိုနေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ ဘယ်ဘက်လက်ဖြင့် ဝှေ့ယမ်းလိုက်ရာ လေဓားသွားများသည် သားရဲ တစ်ကောင်ဆီသို့ ချက်ချင်း ပြေးဝင်သွားသည် ။

သားရဲ သည် အန္တရာယ်ကို အာရုံခံမိသွားပြီး ရှောင်တိမ်းရန် ကြိုးစားသော်လည်း လေဓားသွားသည် အလွန် မြန်ဆန်လွန်းသဖြင့် သူ၏ဦးနှောက်ထဲသို့ ပစ်ဝင်သွားပြီး ဖြစ်သည်။

"ဘုန်း..."

ကျည်ဆန်တစ်တောင့်က သူ၏ ဦးနှောက်ကို ဖောက်ထွင်းဝင်ရောက်သွားသကဲ့သို့ပင်။ သားရဲ မှာ မျက်လုံးပြူးလျက် မြေပြင်ပေါ်တွင် အသက်ကင်းမဲ့စွာ လဲကျသွားတော့သည်။

ထိုအရာကို မြင်လိုက်ရချိန်တွင် ကျန် သားရဲ သုံးကောင်သည် သူတို့ လူမှား၍ ရန်စမိပြီ ဖြစ်ကြောင်း ချက်ချင်း သတိပြုမိသွားကြပြီး ထွက်ပြေးရန် အလျင်အမြန် ထလိုက်ကြသည်။

သို့သော် ချန်လော့သည် သူတို့ကို မည်သို့ အလွတ်ပေးမည်နည်း။

သူသည် သူ၏ ရွေ့လျားမှုသိုင်းကွက်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး သားရဲ သုံးကောင်ဆီသို့ ပြေးဝင်သွားကာ သူ၏ ဓားရှည် ထဲသို့ ဝိညာဉ်စွမ်းအင်များကို ပို့လွှတ်လိုက်သည်။

"တိမ်လိပ်ဓားသိုင်း..."

ဓားခုတ်ချက် တစ်ချက်တည်းဖြင့် ဓားသွားသည် သားရဲ နှစ်ကောင်၏ ခေါင်းများကို ဖြတ်တောက်သွားပြီး နောက်တစ်စက္ကန့်တွင် ၎င်းတို့၏ ခေါင်းများသည် လေထဲသို့ လွင့်စင်သွားတော့သည်။ သို့သော်လည်း ၎င်းတို့၏ခန္ဓာကိုယ်များသည် မရပ်တန့်သေးဘဲ သူတို့ သေဆုံးသွားပြီ ဖြစ်ကြောင်း မသိသေးပုံရကာ နောက်ထပ် ခြေလှမ်း အနည်းငယ် ထပ်လှမ်းပြီးမှ ရုတ်တရက် လဲကျသွားသည်။

ဤအချိန်တွင် သားရဲ တစ်ကောင်တည်းသာ ကျန်တော့ပြီး ၊ ထိုအကောင်မှာ ကျောက်မန်၏ ကြာပွတ် ကြောင့် ဦးရေပြား ဆုတ်ခွာခံထားရသည့် အကောင်ပင် ဖြစ်သည်။

၎င်းသည် ချန်လော့ကို ကြည့်လိုက်ရာ ၊ ၎င်း၏ မျက်လုံးများထဲတွင် အကြောက်တရားနှင့် ဒေါသများ ပြည့်နှက်လျက် ရှိသည်။

ကြည့်ရသည်မှာ ၎င်းသည် ထွက်ပြေးရန် မျှော်လင့်ချက် မရှိတော့ကြောင်း နားလည်သွားပုံရပြီး သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပုံရသည်။

ထို့နောက် သူသည် ရုတ်တရက် လှည့်၍ ချန်လော့ဆီသို့ ပြေးဝင်လာသည်။

ထိုအရာကို မြင်လိုက်ရချိန်တွင် ချန်လော့သည် ပြုံးမိလေသည်။

"မင်း တော်တော် သတ္တိရှိတာပဲ..."

ထိုသို့ ပြောပြီးနောက် သူသည် ဘယ်ဘက်လက်တွင် ချီစွမ်းအင် များကို စုစည်းလိုက်ပြီး ၊ သားရဲ ၏ ခေါင်းကို လက်သီးဖြင့် ထိုးချလိုက်သည်။

"အုပ်စိုးရှင်လက်သီး..."

"ဘုန်း..."

ကျယ်လောင်သော မြည်သံနှင့်အတူ ၊ သားရဲ၏ခေါင်းသည် ပြင်းထန်သော လက်သီးချက် တစ်ချက်စာ ထိမှန်သွားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှာ ငါးမီတာ၊ ခြောက်မီတာခန့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

သို့သော် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် သားရဲကောင်သည် သေသွားပုံ မပေါ်ပေ။၎င်း၏ ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ တုန်ယင်လာပြီး ညည်းညူသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ခေါင်းကို လက်သီးနဲ့ အထိုးခံရတာတောင် အသက်ရှင်နေသေးတယ်ဆိုတော့ ကြည့်ရတာ အသေးစားအောင်မြင်မှုအဆင့် ရောက်နေတဲ့ အုပ်စိုးရှင်လက်သီး က နည်းနည်း အားနည်းနေသေးတယ် ထင်တယ်..."

ချန်လော့သည် ထိုသို့ပြောရင်း သားရဲ၏ ခန္ဓာကိုယ် အနားသို့ လျှောက်သွားကာ ၊ လက်သီးကို နောက်တစ်ကြိမ် မြှောက်၍ သားရဲ၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ထိုးချလိုက်သည်။

"ဘုန်း..."

လက်သီး ကျရောက်သွားသည့် အခိုက်အတန့်တွင် သားရဲ ၏ ခေါင်းမှာ ပေါက်ကွဲသွားပြီး သွေးများ နေရာအနှံ့သို့ လွင့်စင်သွားတော့သည်။

"ဒီတစ်ကြိမ်တော့ သေချာပေါက် သေသွားပြီပဲ..."

ချန်လော့သည် သားရဲ၏ အလောင်းပေါ်တွင် သူ၏ လက်များကို သုတ်လိုက်ပြီးနောက် ကျောက်မန်ကို လှည့်ကြည့်လိုက်ရာ ၊ သူမသည် သူ့ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကျောက်မန်သည် ချန်လော့ကို ကြည့်ရင်း ဘာပြောရမည်မှန်း မသိအောင် ဖြစ်နေသည်။

ချန်လော့သည် အခြေခံတည်ဆောက်ခြင်းနယ်ပယ် သို့ အဆင့်တက်သွားပြီ ဖြစ်ကြောင်း သူမ သိထားသည်။ ချန်လော့နှင့် အရင်က အရောင်းအဝယ် လုပ်ခဲ့သူများထဲတွင် သူမနှင့် ရင်းနှီးသော အတွင်းဂိုဏ်းသားလည်း ပါဝင်ပေသည် ။

သို့သော် ချန်လော့၏ စွမ်းအားသည် ဤမျှလောက် မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မည်ဟု သူမ တစ်ခါမှ မျှော်လင့်မထားခဲ့ချေ။

လွန်ခဲ့သော နှစ်ပတ်ခန့်က ချန်လော့ ဂိုဏ်းသို့ စတင် ဝင်ရောက်ခဲ့စဉ်က သူ၏ချီသန့်စင်ခြင်း နဝမအဆင့် ဖြင့် အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ရှ်ိ အတွင်းဂိုဏ်းသား ကို အနိုင်ယူနိုင်ခဲ့သော်လည်း…

အမှန်အားဖြင့် ထိုတိုက်ပွဲသည် ချန်လော့၏ စွမ်းအားတစ်ခုတည်းကြောင့် အနိုင်ယူနိုင်ခဲ့ခြင်း မဟုတ်ပေ။

ထိုအတွင်းဂိုဏ်းသား၏ အလွန်အမင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခြင်းကလည်း အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သူသည် တိုက်ပွဲအတွင်း ချက်ချင်း အသုံးမပြုနိုင်သော "မြူခိုးကိုယ်ပွား" ကို အသုံးပြုရန် ဇွတ်တရွတ် လုပ်ခဲ့ပြီး အပြည့်အဝ အသက်မဝင်မီမှာပင် ချန်လော့၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

ထို့အပြင် ချန်လော့သည် ထိုအချိန်က ဝင်္ကပါ၊ ခန္ဓာကိုယ်ကျင့်ကြံမှု၊ မန္တာန်များ နှင့် သိုင်းကွက်များ အပါအဝင် စာအုပ်ထဲရှိ လှည့်ကွက် အားလုံးနီးပါးကို အသုံးပြုခဲ့သည်။

သို့သော် ယခုအခါ ချန်လော့သည် အခြေခံတည်ဆောက်ခြင်းနယ်ပယ် ကနဦးအဆင့်ရှိ သားရဲ များကို သတ်ဖြတ်ရာတွင် အလွန် လွယ်ကူနေပုံရပြီး ၊ သူ၏ စွမ်းအား တစ်ဝက်ကိုပင် အသုံးမပြုလိုက်ရပုံရသည်။

ထိုအခိုက်အတန့်တွင် သူမနှင့် ချန်လော့ကြားရှိ ကွာဟချက်သည် ထပ်မံ ကွာဟသွားပြီ ဖြစ်ကြောင်း သူမ နောက်တစ်ကြိမ် သဘောပေါက်သွားသည်။

"ဒီ သားရဲ တွေက ဝိညာဉ်ကျောက်တုံး ဘယ်လောက်လောက် ရနိုင်မယ် ထင်လဲ..."

ချန်လော့သည် သားရဲ အလောင်း လေးလောင်းကို ဆွဲယူလာပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် မေးမြန်းလိုက်သည်။

ဒီအရာတွေ အားလုံးက ဝိညာဉ်ကျောက်တုံး တွေပဲလေ…

ကျောက်မန်သည် အလောင်းများကို တစ်ချက် ကြည့်လိုက်သော်လည်း အလျင်အမြန် ခေါင်းခါလိုက်သည်။

"မီးခိုးရောင် ဝံပုလွေသားရဲ က အခြေခံတည်ဆောက်ခြင်းအဆင့် မှာ ရှိပေမဲ့ အခြေခံအားဖြင့် ဘာမှ အသုံးမဝင်ဘူး... ဝိညာဉ်ကျောက်တုံး ၂၀ ဒါမှမဟုတ် ၃၀ လောက်ပဲ ရမှာ..."

ချန်လော့ သည် အနည်းငယ် စိတ်ပျက်သွားပုံရ၏။

"ငါက အတော်လေး အမြတ်အစွန်း ရနိုင်မယ်လို့ ထင်နေတာ..."

"ဒါပေမဲ့ သေချာ ပြန်စဉ်းစားကြည့်ရင် ဒီလောက် အားနည်းတဲ့ အကောင်က ပိုက်ဆံ သိပ်ရမှာ မဟုတ်ပါဘူး..."

"ထားလိုက်ပါတော့... ခြင်က သေးပေမဲ့ အသားတော့ အသားပဲလေ..."

ချန်လော့၏ စကားများကို ကြားသောအခါ ချန်လော့သည် သွယ်ဝိုက်၍ သူမကိုဝေဖန်နေသကဲ့သို့ ကျောက်မန် ခံစားလိုက်ရသည်။

ဒီလောက် အားနည်းတယ်တဲ့လား... အာ့ဆို သူတို့ကိုတောင် မနိုင်တဲ့ ငါက ဘာဖြစ်သွားပြီလဲ....

"နင့်ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ..."

ကျောက်မန်သည် မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"အခြေခံတည်ဆောက်ခြင်း တတိယအဆင့် လေ... နင်ကရော..."

ချန်လော့သည် ဘာမှ ဖုံးကွယ်မထားသလို ဖုံးကွယ်စရာလည်း ဘာမှ မရှိချေ။

"ချီသန့်စင်ခြင်း သတ္တမအဆင့်..."

ထိုသို့ ပြောပြီးနောက် ကျောက်မန်မှာ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

သူမသည် လဝက်အတွင်း အဆင့်ငယ် နှစ်ဆင့် တက်နိုင်ခဲ့သဖြင့် သူမကိုယ်သူမ အလွန် အထင်ကြီးစရာ ကောင်းနေပြီဟု ထင်ခဲ့သော်လည်း ချန်လော့သည် သူမထက်ပင် ပို၍ သွားနိုင်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

ထို့အပြင် သူမ သည် လဝက်အတွင်း အဆင့်ငယ် နှစ်ဆင့် တက်နိုင်ခဲ့ရခြင်းမှာ "မိစ္ဆာနှလုံးသား အဆိပ်မွေးမြူခန္ဓာ" ကို ကျင့်ကြံထားသောကြောင့် ဖြစ်သည်။

ချန်လော့၏ ဘေးတွင် ရပ်နေရခြင်းမှာ သူမကို သာမန်လူ တစ်ယောက်လို ခံစားရစေသည်။

သားရဲ၏ အလောင်းများကို ရှင်းလင်းပြီးနောက် ချန်လော့သည် အချိန်မဖြုန်းတော့ဘဲ ရန်ယွီတောင်ကြား ဆီသို့ ချက်ချင်း ဦးတည် သွားလိုက်သည်။

လောချင်းယွီ တစ်ယောက်တည်းကသာ ရန်ယွီတောင်ကြား ရှိ မြေအောက်ရေပူစမ်း အကြောင်း သိနေခြင်း မဟုတ်ဘဲ ဂိုဏ်းရှိ အကြီးအကဲ အများစုကလည်း စမ်းသပ်လေ့ကျင့်ရေးကွင်း အကြောင်းကို ကောင်းစွာ နားလည်ထားကြသည်။

ထို့အပြင် ချန်ရှင်းဂိုဏ်း အတွင်းတွင် ခန္ဓာတောင်ထွတ် တစ်ခု ရှိသည်။ ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များအတွက် မြေအောက်ရေပူစမ်း အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် အကန့်အသတ် ရှိသည်။ အကယ်၍ သူတို့ သာ နောက်ကျမှ ရောက်သွားခဲ့လျှင်ဖြင့် ခန္ဓာတောင်ထွတ် မှ လူများ၏ လုယူခြင်းကို ခံရနိုင်သည်။

ချန်လော့သည် သူ၏ ရွေ့လျားမှုသိုင်းကွက်ကို အသက်သွင်းလိုက်ပြီး ရန်ယွီတောင်ကြား ဆီသို့ အရှိန်တင်ကာ ပြေးသွားတော့သည်။

ချန်လော့၏ ခန့်မှန်းချက်အရ သူတို့ ရန်ယွီတောင်ကြား သို့ ရောက်ရန် အနည်းဆုံး လေးရက် ကြာမည် ဖြစ်သည်။

အကယ်၍ မနားတမ်း သွားမည် ဆိုပါက ၊ နှစ်ရက်တည်းဖြင့်ရောက်နိုင်သည်။

အရှိန်မြန်မြန် သွားမည် ဆိုပါက ၊ တစ်ရက်ခွဲခန့်သာ ကြာပေမည်။

ချန်လော့သည် ရုတ်တရက် အရှိန်မြှင့်လိုက်သည်ကို မြင်ပြီး ကျောက်မန်သည် အလျင်အမြန် နောက်မှ လိုက်ပါသွားသည်။

သို့သော် အချိန်တိုအတွင်းမှာပင် သူမအနေဖြင့် ဆက်မပြေးနိုင်တော့ချေ။

မည်သို့ပင်ဖြစ်စေ သူမသည် ချီသန့်စင်ခြင်းအဆင့် တွင်သာ ရှိသေးသည်။ သူမ၏ ဝိညာဉ်စွမ်းအင်များက အခြေခံတည်ဆောက်ခြင်းအဆင့် လောက် မပေါများသလို သူမ ကျင့်ကြံထားသည်မှာလည်း ချီသန့်စင်ခြင်းအဆင့် ရွေ့လျားမှုသိုင်းကွက်သာ ဖြစ်သည်။

အတန်ကြာ စဉ်းစားပြီးနောက် သူမသည် သိုလှောင်အိတ် ထဲမှ ဘူးသီးမှုတ် တစ်ခုကို ထုတ်ယူလိုက်သည်။

ဘူးသီးမှုတ် ကို မြေပြင်ပေါ်သို့ ချလိုက်သောအခါ ၎င်းသည် ချက်ချင်း ကြီးမားလာပြီး အချိန်တိုအတွင်း ငါးဆ၊ ခြောက်ဆခန့် ကြီးမားသွားသည်။

ကျောက်မန်သည် ဘူးသီးမှုတ်ပေါ်သို့ တက်ကာ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ရာ ၊ ဘူးသီးမှုတ်သည် ချက်ချင်းပင် လေထဲသို့ ပျံတက်သွားပြီး အလွန် လျင်မြန်သော အရှိန်ဖြင့် ချန်လော့၏နောက်မှ လိုက်ပါလာသည်။

ချန်လော့တစ်ယောက် ပြေးနေစဉ်အတွင်း ၊ သူ့နောက်ကနေ ဘူးသီးမှုတ် ကို စီးကာ လိုက်လာသော ကျောက်မန်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

"ပျံသန်းနိုင်တဲ့ မှော်လက်နက် ပဲ..." ချန်လော့ အနည်းငယ် အံ့အားသင့်သွားသည်။

"ဆရာ ပေးထားတာလေ..."

ကျောက်မန်သည် အားသာချက် တစ်ခုကို နောက်ဆုံးတွင် ရှာတွေ့သွားသကဲ့သို့ အနည်းငယ် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

"ငါ့ကို နေရာ နည်းနည်း ပေးလို့ ရမလား..."

"နေရာ မရှိတော့ဘူးလေ..."

ကျောက်မန်သည် သူမ၏ ခြေအောက်ရှိ ဘူးသီးမှုတ် ကို တစ်ချက် ကြည့်လိုက်သည်။

သူမသည် နေရာကို မပေးချင်၍ မဟုတ်ဘဲ အဓိက ပြဿနာမှာ ဘူးသီးမှုတ် သည် အမှန်တကယ်ပင် သေးငယ်လွန်းသောကြောင့် ဖြစ်သည်။ လူတစ်ယောက် ရပ်ရန် အဆင်ပြေသော်လည်း လူနှစ်ယောက်စာအတွက် အဆင်မပြေနိုင်ပေ။

ချန်လော့သည် ဘူးသီးမှုတ် ကို ကြည့်ကာ ခဏတာ စဉ်းစားလိုက်သည်။

" ဒါဆို လူနှစ်ယောက် စာ အလေးချိန်ကို ခံနိုင်ရည် ရှိလိမ့်မလား..."

"ရမယ် ထင်တာပဲ..."

ရှင်းလင်းသော အဖြေတစ်ခု ရပြီးနောက် ချန်လော့သည် စကားအပို မပြောတော့ချေ။ သူသည် အပေါ်သို့ ခုန်တက်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ကျောက်မန်၏ ကျောပေါ်သို့ ရောက်ရှိသွားလေသည်။

ဤလုပ်ရပ်က ကျောက်မန်ကို လုံးဝ မှင်တက်သွားစေခဲ့သည်။

သူမသည် ခေါင်းလှည့်၍ သူမ၏ ကျောပေါ်ရှိ ချန်လော့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

"ရှင့်မှာ အရှက်တရား လုံးဝ မရှိဘူးလား..."

ကျောက်မန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘာဖြစ်လို့လဲ..."

"ရှင်က မေးတောင် မမေးဘဲ ဒီပေါ်ကို ခုန်တက်လာတာလေ... ပြီးတော့ ရှင် ကျွန်မကျောပေါ်မှာ ခွစီးနေတာကို ရှင် နည်းနည်းလေးတောင် အားမနာဘူးလား..."

ကျောက်မန်၏ မေးခွန်းထုတ်မှု ရှေ့တွင် ချန်လော့သည် တည်ငြိမ်စွာ ပြုံးရုံသာ ပြုံးနေ၏။

"မင်း နားမလည်ပါဘူး... ဒါကို ခွန်အားကို ချွေတာတယ်လို့ ခေါ်တယ်..."

"ငါတို့ နှစ်ယောက်ထဲမှာ ငါက ပိုသန်မာတယ်... ငါက အဓိက တိုက်ခိုက်ရေးသမားဖြစ်လာမှာ... ခရီးသွားတဲ့ အပိုင်းမှာတော့ မင်းက နည်းနည်း ပိုကြိုးစားရမှာပေါ့..."

"ဒီလိုဆိုတော့ အားလုံးအတွက် မတရားရာရောက်တော့ဘူးလေ”

ချန်လော့၏ စကားများကို ကြားပြီးနောက် ကျောက်မန်မှာ ဘာပြောရမည်မှန်း မသိအောင် ဖြစ်သွားပြီး ချန်လော့ကို ကျောပိုးထားရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

အခန်း (၄၄) - ရန်ယွီတောင်ကြား

မှော်လက်နက် သည် ချန်လော့နှင့် ကျောက်မန်တို့ကို တစ်ရက်ခွဲကြာ သယ်ဆောင်လာခဲ့ပြီး အရှိန်အတော်လေး မြန်ဆန်သော်လည်း ၊ သို့သော် သူတို့ နှစ်ဦးသည် ဤနေရာသို့ ပထမဆုံး ရောက်ရှိလာသူများ မဟုတ်ခဲ့ပေ။

ထိုအခိုက်အတန့်တွင် ရန်ယွီတောင်ကြား အတွင်း၌ ခန္ဓာတောင်ထွတ် ဝတ်စုံများ ဝတ်ဆင်ထားသော အတွင်းဂိုဏ်းသား အချို့ လမ်းလျှောက် ဝင်သွားသည်ကို ချန်လော့ မြင်လိုက်ရသည်။

"ဒီကောင်တွေက ဒီလောက် မြန်မြန် ပြေးနိုင်တာလား..."

ချန်လော့သည် ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များကို ကြည့်ရင်း မကျေမနပ်ဖြင့် ညည်းတွားလိုက်သည်။

"ရှင် အရင် ဆင်းလို့ မရဘူးလား..."

ကျောက်မန်က ရုတ်တရက် အော်ဟစ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ဒေါသ အရိပ်အယောင်အချို့ ဖြစ်ပေါ်လာသည်။

ချန်လော့သည် သူမကို အကြာကြီး သယ်ခိုင်းမည် မဟုတ်ဘဲ သူမ ပင်ပန်းသွားချိန်တွင် ချန်လော့သည် နေရာပြောင်းပေးလိမ့်မည်ဟု သူမ ထင်ခဲ့သည်။

သို့သော် ရလဒ်အနေဖြင့် သူမသည် ချန်လော့ ဟူသော ထိုတိရစ္ဆာန်ကို အထင်ကြီးမိခဲ့ပုံရသည်။

ဤသကောင့်သားသည် သူမ၏ ကျောပေါ်တွင် တစ်ရက်ခွဲတိတိ ထိုင်နေခဲ့ပြီး သူမ၏ ကျောများပင် နာကျင်နေပြီ ဖြစ်သည်။ သူမသည် အောက်ဆင်းပြီး နေရာပြောင်းချင်ခဲ့သော်လည်း ချန်လော့သည် သူမကို ချက်ချင်း စတင် လှောင်ပြောင်တော့သည်။

"ဒါက 'ကျင့်ကြံခြင်း' လုပ်နေတာလို့ ခေါ်တယ်လေ... ဒီလောက် အခက်အခဲလေးကိုတောင် နင်က မခံနိုင်ဘူးလား" ဟူသော စကားများ ပြောကာ သူမကို သေလုမတတ် ဖြစ်စေခဲ့သည်။

ထိုအရာကို မြင်လိုက်ရချိန်တွင် ချန်လော့သည် ကျောက်မန်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်သည်။

သို့သော် သူသည် မြေပြင်ပေါ်သို့ ကျရောက်သည်နှင့် ၊ သူ၏ ခြေထောက်များက အားပျော့သွားပြီး ခြေလှမ်းအနည်းငယ် ယိုင်လဲသွားကာ လဲကျလုမတတ် ဖြစ်သွားသည်။

"ငါ လမ်းမလျှောက်ရတာ ကြာပြီဆိုတော့ ခြေထောက်တွေက နည်းနည်း အားပျော့နေတယ်..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်မန်သည် အံကြိတ်လိုက်သည်။

"ခွေးကောင်..."

ထို့နောက် ချန်လော့သည် ကျောက်မန်ကို လျစ်လျူရှုကာ ရန်ယွီတောင်ကြား ထဲသို့ သူ့ဘာသာ လျှောက်ဝင်သွားတော့သည်။

ရန်ယွီတောင်ကြား သည် ကြီးမားသော မီးတောင် နှစ်ခုကြားတွင် တည်ရှိပြီး ၊ နီရဲနေသော ချော်ရည်များက တောင်များကြားရှိ ချောက်ကမ်းပါး အချို့မှ စီးဆင်းလာကာ တောင်ခြေတွင် စုဆုံသွားပြီး "မီးတောက်မြစ်များ" ကို ဖန်တီးထားသည်။

ဘယ်ဘက်နှင့် ညာဘက်ရှိ မီးတောက်မြစ် နှစ်စင်းသည် အဝေးမှ ကြည့်လျှင် ကြယ်ရောင်လမ်းမကြီး ပေါ်ရှိ ကော်ဇောနီ နှစ်ချပ်နှင့် တူနေသည်။

"အဲဒါက လူကိုယ်တိုင် ဖန်တီးထားသလိုပဲ..."

ချန်လော့သည် မီးတောက်မြစ် နှစ်စင်း စီးဆင်းနေသည့် နေရာကို ကြည့်လိုက်သည်။ မြစ်နှစ်စင်းစလုံးက အလွန် ဖြောင့်တန်းနေပုံရပြီး ၊ ၎င်းတို့၏ အစွန်းများတွင် အနည်းငယ် ပျက်စီးနေသည်မှလွဲ၍ အခြားမရှိပေ။ နှစ်ပေါင်းများစွာ စုဆောင်းလာသော ပျက်စီးမှုများကြောင့် ဖြစ်လောက်သည်။

“ဖြောက်..."

မိုးပေါက် တစ်ပေါက်က ချန်လော့၏ လက်ခုံပေါ်သို့ ကျရောက်လာပြီး ၊ မိုးပေါက် ကျရောက်လာသည့် နေရာတွင် ပူလောင်သော ခံစားမှုကို ခံစားလိုက်ရသည်။

ချန်လော့သည် သူ၏ လက်ခုံကို တစ်ချက် ကြည့်လိုက်ရာ မီးလောင်ထားပုံရ‌သော အနီရောင် အစက်ငယ် တစ်ခု ပေါ်လာသော်လည်း ၊ ၎င်းသည် ချက်ချင်းလက်ငင် ပျောက်ကွယ်သွားသည်။

ထိုစဉ် ကောင်းကင်ယံမှ မိုးပေါက် အနည်းငယ် ထပ်မံ ကျဆင်းလာပြီး ၊ ထိုအရာများဖြင့် ထိမှန်လိုက်သည့် အခိုက်အတန့်တွင် ချန်လော့သည် ပူလောင်သော ခံစားမှုတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။

"ရန်ယွီတောင်ကြား... ဆိုလိုတာက ဒါကို ပြောတာပေါ့..." ချန်လော့သည် တီးတိုး ရေရွတ်လိုက်သည်။

"ဘာဖြစ်လို့လဲ..."

ချန်လော့သည် အတန်ကြာအောင် မလှုပ်မရှား ဖြစ်နေသည်ကို မြင်ပြီး၊ ကျောက်မန်သည် မနေနိုင်အောင် ဖြစ်သွားပြီး လှမ်းမေးလိုက်သည်။

ထိုအချိန်တွင် ကျောက်မန်သည် ရန်ယွီတောင်ကြား ထဲသို့ မဝင်ရသေးသဖြင့် မိုးပေါက်များက သူမအပေါ်သို့ မကျရောက်သေးပေ။

ချန်လော့သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ မိုးသည် ပိုမို သည်းထန်လာမည့်ပုံ ပေါက်သည်။

အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့သည် လက်မြှောက်လိုက်သည်။

"ခဏစောင့်ဦး..."

ထိုသို့ ပြောပြီးနောက် သူသည် သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှု နည်းစနစ်ကို ချက်ချင်း အသက်သွင်းလိုက်ရာ ချန်လော့၏ အရေပြားသည် ကြေးဝါရောင် အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

မိုးပေါက်များက ချန်လော့၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။ ပူလောင်သော ခံစားမှု အနည်းငယ် ရှိနေသေးသော်လည်း ၊ သို့သော် ၎င်းသည် ချန်လော့အတွက် ယားကျိကျိ ခံစားချက်မျှသာ ဖြစ်သည်။

ကြေးအရေပြား ကျင့်စဉ် ၏ ကာကွယ်မှုဖြင့် ချန်လော့၏ အရေပြားသည် ပြင်းထန်သော မိုးပေါက်များ၏ တိုက်ခိုက်မှုအောက်တွင် ပြောင်းလဲခြင်း မရှိဘဲ အရာအားလုံးက လုံးဝ ပုံမှန်ဖြစ်နေခဲ့သည်။

"တောက်... တောက်... တောက်..."

မိုးက တဖြည်းဖြည်း သည်းထန်လာပြီး ချန်လော့၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

"ဒီလောက်ဆို လုံလောက်ပြီ..." ချန်လော့က ပြောလိုက်ပြီး ကျောက်မန်ကို လှည့်ကြည့်လိုက်သည်။

"သွားကြစို့..."

ထိုသို့ ပြောပြီးနောက် သူသည် ဘာမှ မဖြစ်ခဲ့သကဲ့သို့ ရှေ့သို့ လျှောက်သွားလိုက်သည်။

ထိုအခိုက်အတန့်တွင် ကျောက်မန်သည် အခြေအနေ၏ ကြီးလေးမှုကို မသိရှိပုံရဘဲ ရန်ယွီတောင်ကြား ထဲသို့ ခြေလှမ်း ဝင်ရောက်လိုက်၏။

ပူလောင်သော မိုးပေါက်များက သူမ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားချိန်တွင် စူးရှသော ပူလောင်သည့် နာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် ချန်လော့သည် သူမကို အဘယ့်ကြောင့် ထိုနေရာတွင် ရပ်စောင့်ခိုင်းခဲ့သည်ကို ကျောက်မန် နားလည်သွားသည်။

သူမသည် ချန်လော့ကို ကြောက်မက်ဖွယ် ကောင်းသော အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး သူမ၏ ကြာပွတ် ရှည်ကို ဆွဲထုတ်လိုက်သည်။

"ချန်လော့!!!"

…

မိနစ်အနည်းငယ် အကြာတွင် သူတို့ နှစ်ဦးသည် ရန်ယွီတောင်ကြား၏ အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ရောက်ရှိလာခဲ့သည်။

ပူလောင်သော မိုးပေါက်များက ဆက်လက် ကျဆင်းနေပြီး ပိုပို၍ သည်းထန်လာသည်။

ထိုအခိုက်အတန့်တွင် ချန်လော့သည် သူ၏ ကြေးအရေပြား ကျင့်စဉ်ကို အသုံးမပြုတော့ဘဲ ပူလောင်သော မိုးပေါက်များကို ခံနိုင်ရည် ရှိရန် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုသာ အားကိုးခဲ့သည်။

ပူလောင်သော မိုးပေါက်များက လူကို စပ်ဖျင်းဖျင်း ဖြစ်စေသော်လည်း ၊ ၎င်းက သူ၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်မည့် နည်းလမ်း တစ်ခုလည်း ဖြစ်သည်။

သင်သိထားရမည်မှာ လက်ရှိ ချန်လော့၏ အင်္ကျီနောက်ကျောဘက်တွင် ကြီးမားသော အပိုင်းတစ်ခု ပျောက်ဆုံးနေပြီး တစ်ယောက်ယောက်က ဆွဲဆုတ်ထားပုံရသည်။

ကျောက်မန်သည် မီးခိုးရောင် ဝတ်ရုံ တစ်ထည်ကို ဝတ်ဆင်ထားပြီး ခေါင်းစွပ်ကို ခြုံထားသည်။

ဤသည်မှာ သူမ၏ ဆရာမှ သူမအတွက် ပြင်ဆင်ပေးထားသော မှော်လက်နက် ဖြစ်ပြီး ၊ "ထာဝရစိမ်းလန်းသော ဝတ်ရုံ" ဟု ခေါ်ကာ မီးတောက်များနှင့် အဆိပ်များ၏ တိုက်စားခြင်း အာနိသင်များကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရုံသာမက သူမ၏ ကိုယ်ရေးအချက်အလက်များကိုလည်း ဖုံးကွယ်ပေးနိုင်သည်။

"ငါတို့ ရောက်ပြီ ထင်တယ်..."

ချန်လော့သည် အဝေးသို့ ကြည့်လိုက်ရာ ဂူတစ်ခု၏ အရှေ့တွင် စုရုံးနေကြသော ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များကို တွေ့လိုက်ရသည်။

ဂူပေါက်ဝ အပြင်ဘက်တွင် သားရဲ အလောင်း အချို့ ရှိနေသည်။

ကျောက်မန်သည် စကားမပြောဘဲ ချန်လော့ကို အေးစက်စက် အကြည့်တစ်ချက်ဖြင့်သာ ကြည့်လိုက်သည်။

ထို့နောက် သူတို့ နှစ်ဦးသည် ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များဆီသို့ လျှောက်သွားလိုက်ကြသည်။

ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များကလည်း တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး ချန်လော့ကို လှည့်ကြည့်လိုက်ကြသည်။

"အစ်ကိုကြီး ချန်... အစ်မကြီး ကျောက်..."

အတွင်းဂိုဏ်းသား များက သူတို့ နှစ်ဦးကို အလျင်အမြန် မှတ်မိသွားကြပြီး ၊ သူတို့ကို ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။

"မင်းတို့ ဒီနေရာကို ပိတ်ဆို့ပြီး ဘာလုပ်နေကြတာလဲ..."

ချန်လော့သည် လျှို့ဝှက်နက်နဲသော အမူအရာ ဟန်ဆောင်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များသည် ခဏတာ ရပ်တန့်သွားကြပြီး ချန်လော့ကို ပြောပြသင့်၊ မသင့် စဉ်းစားနေပုံရသည်။

"အစ်ကိုကြီး ချန် က ဒီနေရာကို ရောက်လာပြီ ဆိုမှတော့ ငါတို့ရဲ့ ရည်ရွယ်ချက်က အတူတူပဲ ဖြစ်မှာပါ..."

အတွင်းဂိုဏ်းသား များထဲမှ တစ်ဦးက ရှေ့သို့ ထွက်လာပြီး စကားစလိုက်သည်။ အခြား ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များ အားလုံးသည် သူ့ကို စကားတစ်ခွန်းမှ မဆိုဘဲ ကြည့်နေကြသဖြင့် သူသည် ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များကြားတွင် အတော်လေး ဩဇာအာဏာ ရှိပုံရသည်။

"ကျွန်တော်က ခန္ဓာတောင်ထွတ် ရဲ့ အတွင်းဂိုဏ်းသား ကျန်းချွမ် ပါ..."

ကျန်းချွမ် က လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်သည်။

ချန်လော့သည် သူ့ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ရန် မကြိုးစားတော့ဘဲ ခေါင်းညိတ်လိုက်သည်။

"မြေအောက်ရေပူစမ်း မလား... အဲဒါကြောင့် ငါ ဒီနေရာကို လာခဲ့တာပေါ့..."

"ဒါဆို ငါတို့ ပူးပေါင်းလို့ ရနိုင်တာပေါ့..." ကျန်းချွမ်က ပြုံးလိုက်သည်။

"ပူးပေါင်းမယ်..." ချန်လော့သည် ကျန်းချွမ်ကို သံသယဖြစ်ဖွယ် ကြည့်လိုက်သည်။

"ဒီဂူက မြေအောက်ရေပူစမ်း ရဲ့ တည်နေရာပဲ... ဒါပေမဲ့ မြေအောက်ရေပူစမ်း လိုမျိုး ဝိညာဉ်စွမ်းအင်တွေ စုစည်းနေတဲ့ နေရာတွေက သားရဲ တွေ အမြဲတမ်း အကြိုက်ဆုံး နေရာတွေ ဖြစ်တယ်."

"ငါတို့ အခုလေးတင် အထဲဝင်ကြည့်တော့ ဒီနေရာကို မီးတောက်မြိုသားရဲ တစ်စုက သိမ်းပိုက်ထားတာ တွေ့ခဲ့ရတယ်... အနည်းဆုံး ကောင်ရေ သုံးဆယ် ဒါမှမဟုတ် လေးဆယ်လောက် ရှိတယ်... ပြီးတော့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့် တွေက အားလုံး အခြေခံတည်ဆောက်ခြင်းအဆင့် မှာ ရှိကြတယ်... သားရဲဘုရင် ရဲ့ ကျင့်ကြံခြင်းအဆင့်က ရွှေမြုတေအဆင့် တစ်ဝက် ကိုတောင် ရောက်နေပြီ..."

ကျန်းချွမ် က ရှင်းပြလိုက်သည်။

သူတို့ ခန္ဓာတောင်ထွတ် တွင် အတွင်းဂိုဏ်းသား ၁၂ ဦးသာ ရှိသည်။ သူတို့ အားလုံးသည် အတော်လေး သန်မာကြသော်လည်း ၊ သို့သော် မီးတောက်မြိုသားရဲများကို အထင်သေး၍ မရပေ။ အထူးသဖြင့် ရွှေမြုတေအဆင့် တစ်ဝက် ရှိသော သားရဲဘုရင်မှာ သူတို့ ယှဉ်ပြိုင်နိုင်မည့် အကောင်မျိုး မဟုတ်ချေ။

ချန်လော့နှင့် ကျောက်မန်တို့သည် သိပ်မသန်မာကြသော်လည်း သို့သော် သူတို့ နှစ်ယောက်စလုံးသည် တိုက်ရိုက်တပည့် များ ဖြစ်ကြသည်။

အကြီးအကဲများ ၏ တိုက်ရိုက်တပည့် အဖြစ် လက်ခံခံရရန် တစ်စုံတစ်ရာ ထူးခြားသော အရည်အသွေးများ ရှိရမည် ဖြစ်ပြီး ၊ သူတို့ တစ်ယောက်ချင်းစီတိုင်းက အကြီးအကဲများ အတွက် အဖိုးတန် ရတနာများ ဖြစ်ကြသည်။

စမ်းသပ်လေ့ကျင့်ရေးကွင်း သို့ လာရောက်သော ဤကဲ့သို့သော လူများတွင် အကြီးအကဲများ ပေးထားသည့် အသက်ကယ် နည်းလမ်း အချို့ သေချာပေါက် ရှိရမည် ဖြစ်ရာ ၊ ကျန်းချွမ်သည် ချန်လော့နှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ်ပါက ချန်လော့နှင့် ကျောက်မန်တို့၏ ကျင့်ကြံခြင်းအဆင့် များကို ကြည့်၍ သူသည် သူတို့ကို ဒုတိယအကြိမ်ပင် လှည့်ကြည့်မည် မဟုတ်ပေ။

ချန်လော့သည် ကျန်းချွမ်ကို ကြည့်ရင်း အကောင်းအဆိုးများကို ချိန်ဆကာ လေးလေးနက်နက် စဉ်းစားလိုက်သည်။

သို့သော် ကျန်းချွမ် သည် အလျင်မလိုပေ။ သူသည် ပြုံး၍ ပြောလိုက်သည်။

"အကယ်၍ အစ်ကိုကြီး ချန် က ကူညီပေးဖို့ ဆန္ဒရှိတယ်ဆိုရင် မီးတောက်မြိုသားရဲ တွေ နှစ်ပေါင်းများစွာ ဂူထဲမှာ စုဆောင်းထားတဲ့ ရတနာတွေ အားလုံးကို အစ်ကိုကြီး ချန် ကို ပေးပါ့မယ်... အကယ်၍ ဆန္ဒမရှိဘူး ဆိုရင်လည်း ရပါတယ်... ကျွန်တော်တို့ အတင်းအကျပ် မလုပ်ပါဘူး..."

All Chapters