← Chapters

အခန်း (၁၆၉)

Vol. 17 Ch. 169

အခန်း (၁၆၉)

Vol. 17 Ch. 169

အခန်း(169)

ဂူအထက်မှ အော်ခေါ်သံတိုးတိုးကို ကြားနေရလေ၏။ ကျင်းယန် ထိုတွင်းပေါက်အောက်သို့ သွားလိုက်လျှင် အထက်မှလူများက သူတို့၏နာမည်နှင့် ပြုတ်ကျသွားခဲ့သော တခြားဆင့်ကဲပြောင်းလဲသူများ၏ နာမည်များကို ခေါ်နေသည်ကို သူတို့နှစ်ယောက်လုံး ကြားခဲ့ရသည်။

ယင်ရိလျို စိတ်လှုပ်ရှားသွားခဲ့ပြီး သူမ၏ယုန်မျက်နှာလေးကို မော့လိုက်လျှင် အောက်ဘက်ကို ချောင်းကြည့်နေသော ဂူအထက်မှ မျက်နှာအနည်းငယ်ကို မြင်လိုက်ရ၏။

သူတို့က ကျင်းယန်နှင့် ပုခုံးပေါ်တွင် ရှိနေသော ယုန်ကို မြင်လိုက်ရသည့်အခိုက် အလွန်ပျော်ရွှင်သွားခဲ့ကွသည်။ ကျောင်းချီယန်က ဝမ်းသာပျော်ရွှင်စွာဖြင့် မြေပြင်မှခုန်ထပြီး ပြောလိုက်၏။

“မြန်မြန် ကြိုးတစ်ချောင်းယူခဲ့.. ကျွန်တော် ကျင်း‌ကောနှင့် ယုန်လေးကို မြင်လိုက်တယ်.. သူတို့ အသက်ရှင်နေသေးတယ်? အခု လှိုဏ်ခေါင်းရဲ့ အောက်တည့်တည့်မှာ ရှိနေတာ”

“ တကယ်ကြီးလား?”

ကျင်းယန်၏အော်သံကို ကြားလျှင်တော့ ဆင့်ကဲပြောင်းလဲသူအားလုံး စိတ်လှုပ်ရှားသွားခဲ့ကြသည်။

အမျိုးသားငယ်နှစ်ယောက်က ချက်ချင်း တဲထဲမှ ထွက်လာကြပြီး ကြိုးတစ်ချောင်းကိုရှာလာကာ အပေါက်ထဲ ပစ်ချခဲ့ကြ၏။

“အောက်ဘက်က ကျင်းယန်.. ငါတို့ပြောတာ ကြားရလား၊ တခြားဆင့်ကဲပြောင်းလဲသူတွေရာ မင်းနဲ့အတူ ရှိလား”

ရှုယန်အသင်းနှင့် လင်းယုန်နီအသင်း၏ အဖွဲ့ဝင်များက ကြိုးကို အထက်သို့ဆွဲပေးခဲ့ကြပြီး ကျင်းယန်နှင့် သူ၏ထူးခြားသောယုန်က နောက်မှကပ်၍ ထွက်လာခဲ့လေသည်။

သူတို့ မြေပေါ်သို့ ခြေချလိုက်သည်နှင့် အသင်းဖော်များထံတွင် ဝန်းရံခြင်းခံလိုက်ရပြီး သူတို့ကိုတင်းကြပ်စွာ အဖက်ခံလိုက်ရ၏။

“ကျင်းကော.. ကောက ကျွန်တော့်ကို သေလောက်အောင် ခြောက်လှန့်လိုက်တာပဲ”

ကျောင်းချီယန်၏မျက်လုံးများက နီရဲနေခဲ့ပြီ သူ၏ပူပန်မှုကို မျက်နှာပေါ်တွင် အထင်းသားမြင်နေရသည်။

ကျင်းယန်က ထုံးစံအတိုင်း အေးစက်သောအမူအယာ ရှိနေသေးသော်လည်း စစ်မှန်သောပူပန်မှု၊ ရဲဘော်ရဲဘက်စိတ်နှင့် ရင်ဆိုင်ရချိန်တွင် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါချေ။

သူ ကျောင်းချီယန်၏ ပုခုံးကို ပုတ်ပြီးပြောခဲ့၏။

“မင်း အလုပ်ကြိုးစားခဲ့ပါတယ်”

သူတို့နောက်မှာ ကျောင်းစီဟွေ့က သူမ၏မျက်နှာကို ယင်ရိလျို၏သားမွှေးနုနုထဲတွင် နှစ်ထားလေသည်။

သူမက အပြစ်ရှိစိတ်ဖြစ်နေခဲ့သည်။ ယင်ရိလျို တဟုန်ထိုးပြေးထွက်သွားချိန်က ယုန်လေးကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဟု တွေးနေခဲ့မိ၏။

ယင်ရိလျိုမှာ နူးညံ့သောအသံများ ထုတ်လွှတ်ပြီး သူမ၏နှလုံးသားထဲတွင်လည်း အပြစ်ရှိစိတ် ခံစားရသော်လည်း အမျိုးသမီးကို နူးညံ့သောလက်ဖဝါးလေးများနှင့် နှစ်သိမ့်နေခဲ့သည်။

အသင်းဖော်များပြန်လည်စုံစည်းပြီး သူတို့၏ဇာတ်လမ်းများကို မျှဝေပြီးချိန်တွင် ရင်းနှီးသော မျက်နှာများနှင့်လူအုပ်က စုဝေးလာပြီး မြေအောက်တွင် ဖြစ်ပျက်ခဲ့သည့်အရာကို မေးလာကြ၏။

“တခြားသူတွေကရော.. အောက်ဘက်မှ ဘာလို့ လှုပ်ရှားမှု မရှိရတော့တာလဲ?

”

“အခုလေးတင် ဘာဖြစ်သွားတာလဲ? မြေကြီးက ဘာကြောင့် ပျက်စီးသွားတာလဲ၊ မြေအောက်မှ အတိအကျ ဘာ‌တွေဖြစ်သွားခဲ့တာလဲ?”

လျို့ကျန်းက ဖြည်းညင်းစွာ ချဥ်းကပ်လာခဲ့လေ၏။ ဘေးနားမှ ဆင့်ကဲပြောင်းသူများကလည်း သူမအတွက် လမ်းဖယ်ပေးကြလေသည်။

သူမက ကျင်းယန်ဆီသို့ လာပြီး မေးခဲ့၏။

“ကျင်းယန်.. ဘာတွေဖြစ်နေတာလဲ၊ တခြားသူတွေကရော ဘယ်လိုလဲ”

ကျင်းယန် ပုခုံးတွန့်ပြပြီး သူ မသိကြောင်းဖော်ပြလိုက်သည်။

“ငါလည်း မသေချာဘူး.. မြေအောက်က ပျက်စီးသွားခဲ့ပေမဲ့ အခုကတော့ လုံခြုံလောက်မှာပါ.. မင်းသိချင်ရင် ဆင်းသွားကြည့်လို့ရတယ်”

ပြိုလဲပျက်စီးသွားသော မြေပြင်ကို လှည့်ပတ်ကြည့်ပြီးနောက်တွင် ရုတ်တရက် မြေကျွံကျသွားခြင်းက မြေကြီးအောက်ရှိနီညိုရောင် အမြစ်များကြောင့်ဖြစ်ကြောင်းကို သူတို့ နားလည်သွားခဲ့၏။

အမြစ်များက လျှင်မြန်စွာ ရှုံ့တွသွားခဲ့သောကြောင့် မြေသားအတွက် အထောက်အပံ့ကို ဆုံးရှုံးသွားခဲ့ကာ ရုတ်တရက် ပြိုကျခြင်းဖြစ်သွားခဲ့သည်။

အနီးအနားမှ သန္ဓေပြောင်းအပြင်များ၏ ညှိုးရော်နေသော အခြေအနေကို မြင်ချိန်တွင် ကျင်းယန် ပို၍ပင် သေချာသွားခဲ့၏။

အနီရောင်ကျောက်တုံးက အမှန်တကယ်အပြောင်းလဲဖြစ်စေသည့် ဓာတ်ကူပစ္စည်းတစ်ခု ဖြစ်ကာ လူသားဆင့်ကဲပြောင်းလဲမှုကို တိုးမြှင့်ပေးရုံသာမက တိရစ္ဆာန်များအပင်များ၏ အရွယ်အစားနှင့် ဆင့်ကဲပြောင်းလဲမှုကို လွှမ်းမိုးခဲ့သည်။

ယင်ရိလျို၏အခြေအနေက အတော်လေး ထူးခြားသောကြောင့် သူမက၏လူသားအသွင်က မပြောင်းလဲခဲ့ဘဲ အရွယ်အစားသာ ကြီးလာခဲ့၏။

လျို့ကျန်းက သစ်ပင်ထဲတွင်ပုန်းကွယ်နေသော လျှို့ဝှက်ချက်များနှင့် ရတနာများအတွက် ဤနေရာကို လာခဲ့ခြင်းဖြစ်သည့်အတွက် သူမ၏စူးစမ်းရှာဖွေခြင်းကို လက်မလျှော့သေးချေ။

သို့သော်လည်း ယခုအချိန်တွင် အရာရာတိုင်းက ပျောက်ကွယ်သွားပြီးဖြစ်ပြီး သစ်ပင်၏အခေါက်ကြားတွင် နှေးကွေးစွာ ပြန်ဝင်သွားခဲ့သည့် ဖောက်ထွင်းမြင်နေရသော ဂျယ်လ်နှင့်တူသောအရာများကိုသာ သူမ မြင်နိုင်လေသည်။

ဤအရာက သူမရှာနေသည့် အရာဖြစ်လိမ့်မည်။

သူမ ထိုပစ္စည်းကို သိမ်းပိုက်ချင်နေခဲ့သော်လည်း ကျင်းယန်က လက်ချောင်းအရွယ်လောက်ရှိသော အနီရောင်ကျောက်တုံးတစ်ခုကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်မည်ဟု မမျှော်လင့်ထားပေ။

ထိုနှလုံးပုံသဏ္ဍာန်ကျောက်တုံးကို မြင်လိုက်ရသောကြောင့် လျှို့ကျန်၏နှလုံးသားက တုန်ရီသွားရသည်။

ဤကျောက်တုံးက သူမရှာဖွေနေသည့် ထူးခြားသော ရတနာဖြစ်၏။

သူမ ထိုအရာအား ဆွဲလုယူချင်စိတ်ကို ဖိနှိပ်လိုက်ပြီး ကျင်းယန်၏လက်ဖဝါးထဲက အရာဝတ္ထုကို အားပြင်းစွာ စိုက်ကြည့်နေခဲ့သည်။

သူမ၏ ပြင်းထန်သောအကြည့်က ယင်ရိလျို၏သံသယကို မြင့်တက်လာစေခဲ့သည်။

ထိုအခိုက်တွင် သူမ၏တွဲဖက်ဖြစ်သည့် ရွှေပေါင်လုံးကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်ကို ကြားလိုက်ရသည်။

“ဒါက ငါ မြေအောက်က ရှာတွေ့လာတဲ့ပစ္စည်းပဲ.. ဒါကို အပင်အမြစ်တွေ အထွေးလိုက်ပုံနေတဲ့ကြားက တူးထုတ်လာခဲ့တာ..

ဒါကို တူးထုတ်လိုက်လိုက်တာနဲ့ မြေ‌အောက်နေရာတစ်ခုလုံး စပြီးတုန်ရီလာပြီး ပတ်ဝန်းကျင်က အမြစ်တွေက ညှိုးခြောက်သွားတော့တာပဲ..

ဒါက အပင်တွေရဲ့သန္ဓေပြောင်းမှုနောက်က လက်သည်ဖြစ်နိုင်တယ်လို့ သံသယရှိတယ်”

သူ ထိုသို့ပြောလိုက်လျှင် အနားတစ်ဝိုက်မှ လူများအားလုံး အံ့သြသင့်သွားပုံရပြီး သူ၏လက်ထဲမှ ပစ္စည်းကိုစူးစမ်းရန် ရှေ့ကိုင်းလာကြ၏။ သို့သော်ငြားလည်း ဘယ်သူမှ လက်လှမ်းပြီး မထိရဲကြချေ။

လျို့ကျန်း၏နှလုံးသား လျှင်မြန်စွာခုန်ပေါက်သွားသည်။ ကျင်းယန်က အဘယ်ကြောင့် ဤထူးခြားသည့် ရတနာကိုထုတ်ဖော်ပြောပြလာပြီး ခိုးယူချင်သူများကို ဆွဲဆောင်လိုက်သည်ကို သူမ နားမလည်နိုင်ပေ။

“ဒီကျောက်တုံးရဲ့ သုတေသနတန်ဖိုးက အရမ်းမြင့်မယ်လို့ ငါ ယုံကြည်တယ်.. ဒီထဲမှာ ပုန်းကွယ်နေတဲ့ အထူးပါဝင်ပစ္စည်းတွေတောင် ပါနိုင်လိမ့်မယ်..”

ကျင်းယန်ဆက်ပြောပြီး လျို့ကျန်းရှိရာဘက်ကို အပြုံးဖျော့ဖျော့တစ်ခု ပြုံးပြလိုက်၏။

“ဒါကို နိုင်ငံတော်ဆီ လက်လွှဲပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ”

…

“မိုက်တာပေါ့ ကျင်းကော.. ကောက ဒီလောက် ဉာဏ်ကောင်းမှန်း ကျွန်တော် သတိမထားမိခဲ့ဘူး”

ကျောင်းချီယန် တဟားဟားမရယ်ဘဲ မနေနိုင်ပါချေ။

ကျင်းယန်က မည်သည့်အတွက်ကြောင့် ဤကဲ့သို့အလွန်တန်ဖိုးရှိသည့်တစ်စုံတစ်ရာကို နိုင်ငံတော်သို့ လက်လွှဲပေးနေသည်ဟူသည့်ကိစစကို ရှုပထွေးနေသော်လည်း ထိုကိစ္စအပေါ်တွင် စဥ်းစားမနေဘဲ ကျင်းယန်၏ဉာဏ်ရည်ကိုသာ ရိုးရှင်းစွာ အားကိုးလိုက်မိသည်။

လင်းကျားနှင့် ကျောင်းစီဟွေ့ကတော့ တခြားလူများ၏အတွေးများကို ပို၍အာရုံခံစားနိုင်ပြီး အနားတစ်ဝိုက်မှ ဆင့်ကဲပြောင်းလဲသူများ၏ အမျိုးမျိုးသော မျက်နှာအမူအရာများကို နားလည်ကြ၏။

ကျင်းယန်၏ရည်ရွယ်ချက်ကို သူတို့ စတင်၍ နားလည်သဘောပေါက်လာကြသည်။

လျို့ကျန်းမှာ သူမ တောင့်တနေခဲ့ရသည့် ရတနာက လက်မလှမ်းနိုင်သည့် နေရာသုု့ ရောက်သွားတော့မည်ကို စောင့်ကြည့်နေလျက် တုန်လှုပ်ချောက်ချားသော ခံစားချက်ကို ခံစားရ၏။

သူမ နောက်ထပ် အားထုတ်ကြိုးပမ်းရန် အတွေးရခဲ့ပြီး သာမာန်အသံနေအသံထားရရှိရန် ကြိုးစားထိန်းချုပ်၍ ပြောခဲ့သည်။

“ဒီပစ္စည်းက အန္တရာယ်များလားဆိုတာ ကျွန်မတို့ မသိရဘူးလေ.. တိုက်ရိုက်တင်ပြပေးလိုက်ဖို့ မသင့်လျော်ဘူးလို့ ကျွန်မထင်တယ်..

ဒါက သာမာန်ကျောက်တုံးလေး တစ်တုံးလည်း ဖြစ်နေနိုင်တာပဲ.. အာဏာပိုင်တွေက ဒီကျောက်တုံးကို သုတေသနလုပ်ဖို့ အားအင်စိုက်ထုတ်ပြီးမှ ဘာရလာဒ်မှ ထွက်မလာရင် အားစိုက်တာ အလကားဖြစ်မသွားဘူးလား”

လျို့ကျန်း၏ဘေးတွင် ရပ်နေသည့်ရှန်းယင်ကျိုးက သူမ၏တက်လိုက်ကျလိုက်ဖြစ်နေသော ခံစားချက်များကို သတိထားမိပြီး သူမ၏အင်္ကျီလက်ကို ညင်သာစွာဆောင့်ဆွဲလိုက်သည်။

လျို့ကျန်း ရုတ်တရက် အသိပြန်ဝင်လာပြီးချိန်တွင် အသင်းဖော်များ၏ ထူးဆန်းသောအကြည့်များကို မြင်လိုက်ရသည့်အတွက် သူမ၏ဆင်ခြင်တုံတရားကို ဆုံးရှုံးခဲ့ကြောင်း သဘောပေါက်သွားခဲ့လေ၏။

သူမက အသင်းထဲတွင် နှိမ့်ချသောပုံရိပ်တစ်ခုကို အမြဲထိန်းသိမ်းထားခဲ့ပြီး ပဋိပက္ခများနှင့် ယှဥ်ပြိုင်ခြင်းများကို အမြဲရှောင်ကြည်ခဲ့သည်။

ယနေ့ ဤကျောက်တုံးကို လိုချင်သည့်စိတ်ကြောင့် စိတ်လွတ်သွားခဲ့လေ၏။ သူမ အံကြိတ်လိုက်ပြီး နောက်ထပ်ထပ်မပြောရန် ဆုံးဖြတ်ခဲ့သည်။

လျိုကျန်းက သူမ၏စိတ်တည်ငြိမ်မှုကို ပြန်ရရှိသွားကြောင်း မြင်လိုက်လျှင် ရှန်းယန်ကျိုးက ကျင်းယန်နှင့်သူ၏ပုခုံးပေါ်မှ ယုန်လေးကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ခဲ့၏။

လက်ရှိအချိန်တွင် ကျင်းယန်က ကျောက်တုံးကို ရင်ဘတ်ထဲသို့ပြန်သိမ်းထားပြီး အသင်းဖော်များကို အပြုံးဖျော့ဖျော့ပြုံးပြကာ စကားပြောနေခဲ့သည်။

လျို့ကျန်းက ကြိုးရှည်အနည်းငယ်ကို လှိုဏ်ဂူထဲသို့ ပစ်ချရန် အမိန့်ပေးလိုက်၏။

ဆင့်ကဲပြောင်းလဲသူမြား တစ်ယောက်ပြီးတစ်ယောက် ဆင်းခဲ့ကြပြီး ဖုန်းကွယ်နေသော ရတနာများကို ရှာဖွေနိုင်မည်ဟု မျှော်လင့်ကာ ခရေစေ့တွင်းကျရှာဖွေနေကြသည်။

လျို့ကျန်းက သူမ၏အသင်းဖော်များ လှိုဏ်ဂူထဲ ဝင်သွားသည်ကို စောင့်ကြည့်နေခဲ့၏။

ထို့နောက်တွင် သူမ၏စိတ်ကို ပြန်လည်စုစည်းပြီး သူတို့နှင့်ပူးပေါင်းလိုက်လေသည်။

သူမ၏မျှော်လင့်ချက်များက ရှင်သန်နေဆဲပင်။ ကျင်းယန် ယူထုတ်လာခဲ့သည့်ပစ္စည်းက သာမာန်ကျောက်တုံးလေးသာ ဖြစ်နိုင်လောက်သည်။

ထူးခြားသောစွမ်းရည်များနှင့် ပြန်လည်မွေးဖွားလာသည့်သူ ဖြစ်သောကြောင့် ဤရတနာများက သူမနှင့်သာ တစ်နည်းနည်းဖြင့် ဆက်စပ်နေသည်ဟု သူမ အမြဲယုံကြည်ထားခဲ့၏။

ရှုးယန်အသင်းဖော်များက မြေကြီးပေါ်တွင်သာ နေရစ်ခဲ့ကြသည်။

ယခုအချိန်တွင် စိတ်အေးလက်အေးဖြစ်သွားသော ကျောင်းချီယန်က ရုတ်တရက် ဆာလောင်မှုကို ခံစားခဲ့ရသည်။

ဤသည်ကို မြင်လျှင် ယင်ရိလျိုက အသင်းဖော်များကို တဲအလွတ်ထဲသို့ခေါ်သွားပြီး များပြား‌သောအစားအစာထုပ်များနှင့် ရေကို ကျောင်းမောင်နှမနှင့် လင်းကျားထံသို့ လှမ်းပေးလိုက်လေသည်။

လင်းကျား၏ အင်းစက်များက သတိနိုးကြားလျှက်ရှိလေ၏။ ဆင့်ကဲပြောင်းလဲသူ အများစုကတော့ အောက်မှ လှိုဏ်ဂူထဲ ဝင်သွားခဲ့ကြပြီပင်။

တစ်စုံတစ်ယောက် ချဥ်းကပ်လာချိန်တိုင်း သူမ၏အင်းစက်များက တဲထဲမှ သူများကိုသတိပေးလိမ့်မည်ဖြစ်၏။

ဤရက်ပိုင်းအတွင်း အနက်‌ရောင်ဝံပုလွေက ဆင့်ကဲပြောင်းလဲသူအသင်းနှင့်အတူ အသားပြုတ်များကို စားနေခဲ့ရသည်။

သူက အစားအစာ၏အရသာနှင့်ပက်သက်၍ သိပ်ဂရုမစိုက်သော်လည်း ယင်ရိလျို၏နေရာလွတ်ထဲမှ ကြက်ကင်ကိုတော့ သေချာပေါက် စိတ်ဝင်စားသည်ပင်။

ဝံပုလွေက သုံး၊လေးချက်ကိုက်ရုံနှင့် အရိုးများကို ဝါးစားပြီး ကြက်သားများကို မြိုချလိုက်လေ၏။

သူက ယင်ရိလျိုကို ထပ်မံ၍ စိုက်ကြည့်လိုက်သော်လည်း သူမက ပြတ်သားစွာဖြင့် ဘေးသို့လှည့်လိုက်သည်။

“မရဘူး နင် စားလို့မရဘူး.. နင် ဒီနေ့ နှစ်ကောင်တောင် စားပြီးပြီလေ”

သူမ ပြောလိုက်၏။

အနက်ရောင်ဝံပုလွေက နားရွက်များကို ထောင်လိုက်ပြီး ညည်းညူသံများ ပြုလုပ်ကာ အပြင်ဘက်သို့ ခွေးကြီးတစ်ကောင်ကဲ့သို့ ပြေးသွားခဲ့လေသည်။

*

All Chapters