← Chapters

အခန်း (၁၆၇)

Vol. 17 Ch. 167

အခန်း (၁၆၇)

Vol. 17 Ch. 167

အခန်း(167)

အချိန်အနည်းငယ် ကြာပြီးနောက် အသိစိတ်အနည်းငယ် ဝင်လာချိန်တွင် ယင်ရိလျိုတစ်ယောက် သူမ၏ပတ်ဝန်းကျင်က ငလျှင်လှုပ်နေသကဲ့သို့ တုန်ရီမှုနှင့် တုန်ရီနေသည်ကို ခံစားလိုက်ရလေသည်။

ကျယ်လောင်သောအသံများနှင့် တရှဲရှဲလေတိုက်သံများက ထွက်ပေါ်နေခဲ့၏။

သူမ မျက်လုံးများကို ဖွင့်နိုင်ရန် ရုန်းကန်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်က နွေးထွေးသော ပွေ့ဖက်မှုအတွင်း ကျရောက်နေကြောင်းကို သိလိုက်ရသည်။

ချက်ချင်းပင် တစ်ဖက်လူက ကျင်းယန်ဖြစ်ကြောင်းကို သိလိုက်ရသောကြောင့် စိတ်သက်သာရာရမှုကို ခံစားခဲ့ရလေ၏။

ပတ်ဝန်းကျင်က ပိန်းပိတ်အောင် မည်းမှောင်နေခဲ့လေ၏။ သူတို့က မြေအောက်တွင် ရှိနေပုံရသည်။

သို့သော်လည်း အမည်မသိရသည့် တချို့အကြောင်းပြချက်များကြောင့် သူတို့ပတ်လည်တွင် ကပ်ဆိုက်နေသကဲ့သို့ နှောင့်ယှက်ခြင်းတစ်ခု ရှိနေခဲ့၏။

ယင်ရိလျို မျက်လုံးဖွင့်လိုက်ချိန်တွင် သူမ၏မျက်နှာဆီသို့ လွှဲယမ်းလာသည့် ရေပုံးတစ်ပုံနီးပါး တုတ်ခိုင်သော တွန့်လိမ်ရှုံ့တွနေသည့် နီညိုရောင်အမြစ်တစ်ခုကို မြင်လိုက်ရသည်။

သူမ မထိန်းနိုင်ဘဲ လက်များကို တင်းကြပ်စွာဆုပ်ကိုင်လိုက်မိ၏။

သူမ၏ခေါင်းက ကျင်းယန်၏ရင်ဘက်ထဲ နစ်မြုပ်နေသောကြောင့် အသက်ကိုပြင်းပြင်းရှူမိခဲ့လေ၏။ ထို့အတူ ကျင်းယန်၏ခန္ဓာကိုယ်သည်လည်း ရှင်းမပြနိုင်လောက်သောအကြောင်းပြချက်ဖြင့် တောင့်တင်းသွားခဲ့သည်။

နောက်အခိုက်အတန့်တွင်တော့ ကျင်းယန်က သူမကို လက်မောင်းထဲတွင် ပွေ့ပိုက်ထားလျက်ဖြင့်ပင် မီတာအနည်းငယ်ခန့် အဝေးသို့ ခုန်သွားခဲ့သည်။ သူတို့ ယခင်က ရပ်နေသည့်နေရာသည်ကား တိုက်ခိုက်လာသော နွယ်ပင်များကြောင့် ကြေမွသွားခဲ့ပေပြီ။

နွယ်ပင်တချို့က သူတို့၏လမ်းသို့ ရောက်လာနေခဲ့သည်။ ယင်ရိလျိုအနေဖြင့် ကျင်းယန်က အဘယ်ကြောင့် ဤမျှအလွန်လျှင်မြန်စွာ ရွေ့လျားနိုင်သည်ကို တွေးတောနေရန် အချိန်မရှိခဲ့ချေ။

ယင်ရိလျိုက ခေါင်းငုံ့လိုက်ကာ သူ၏အဝတ်အစားကို တင်းကြပ်စွာဆုတ်ကိုင်ထားပြီး မျက်လုံးများကို ပိတ်ထားလျက်နှင့်ပင် ငြိမ်ငြိမ်နေလိုက်သည်။

ထိုအချိန်တွင် သူမ၏ဘေးနားမှ လေထု၏ တရွှီရွှီမြည်သံနှင့် တုန်ခါမှုကို ခံစားလိုက်ရပြန်သည်။

သူမအနေဖြင့် ကျင်းယန်၏သန်မာပြီး တည်ငြိမ်သော နှလုံးခုန်သံကို ကြားနိုင်နေခဲ့သည်။ ထိုနှလုံးက တစ်ချက်ပြီးတစ်ချက် ခုန်နေခဲ့ပြီး သူမအနေဖြင့် သူ့ကိုဆုံးရှုံးသွားစရာမလိုတော့ကြောင်းကိုနှစ်သိမ့်ပေးနေခဲ့သည်။

တဖြည်းဖြည်းနှင့် သူတို့ဘေးနားမှ နွယ်ပင်များက အရှိန်နှေးသွားသည်။

သူမ စိတ်ထင်ကြောင့်လားမသိသော်လည်း မတိုင်မီက အလွန်သန်စွမ်းနေခဲ့သော နွယ်ပင်များက လက်ရှိတွင် ရှုံ့တွသွားခဲ့ကြပြီး အားအင်အများအပြား ဆုံးရှုံးသွားပုံရလေ၏။

ကျင်းယန်က သူမကို အနည်းငယ် မက်စောက်သောနေရာကို ခေါ်သွားခဲ့သည်။ ထိုအချိန်တွင်တော့ သူတို့၏ပတ်ဝန်းကျင်မှ တုန်ခါမှုကနည်းပါးသွားခဲ့ချေပြီ။

မြေပြင်‌ပေါ်ရှိ ညိုးနွမ်းနေသောနွယ်ပင်များသည်လည်း သူမ၏အကြည့်အောက်တွင်ပင် ရှုံ့တွသွားခဲ့သည်။

သူမ မမေးဘဲ မနေနိုင်တော့ပါချေ။

“ဘာ… ဘာတွေဖြစ်နေတာလဲ”

ထိုစကားက သူမ၏နှုတ်ခမ်းမှ ထွက်သွားသည့်အခိုက်တွင် သူမ ကြောင်အမ်းသွားခဲ့ရ၏။

ပုံမှန်အားဖြင့် သူမ ကျင့်သားရနေသောအသံမှာ နူးညံ့ပြီး ကလေးဆန်သောအသံသာဖြစ်သည်။

သို့သော် ယခုအချိန်၌ စကားလုံးများက သူမ၏ပါးစပ်မှထွက်သွားပြီးနောက်တွင် အသံက သူမ မှတ်မိထားသည့်အသံနှင့် အနည်းငယ်ကွဲပြားနေကြောင်းကို သတိထားမိလိုက်၏။ အသံက နူးညံ့ချိုသာနေခဲ့သော်လည်း ကလေးဆန်မှုက လစ်ဟင်းနေခဲ့သည်။

သူမ တိတ်ဆိတ်သွားချိန်တွင် ကျင်းယန်က သူမကို မြေပြင်ပေါ်သို့ ချပေးလိုက်လေ၏။

သူမဘာသာ တည်ငြိမ်စွာရပ်လိုက်ချိန်တွင်တော့ သူတို့ကြားမှ သိသာထင်ရှားသော အရပ်ကွာဟချက်ကို သတိထားမိလိုက်ရ၏။

ယခင်က သူမက ပဲပင်‌ပေါက်လေးသာဖြစ်ပြီး ကျင်းယန်၏ ပေါင်အမြင့်ခန့်သာ ရောက်လေသည်။

သို့သော် ယခုအချိန်တွင်တော့ သူမ အနည်းငယ်မော့လိုက်ရုံနှင့် သူ၏မျက်လုံးကိုပင် တွေ့နေနိုင်ပြီး သူ၏ကောင်းမွန်စွာ တည်ဆောက်ထားသော ရင်ဘက်ကိုလည်း အလွယ်တကူပင် မြင်နိုင်ခဲ့၏။

ဤအရပ်အမြင့်အသစ်ဖြင့်ဆိုလျှင် ကျင်းယန်ကိုကြည့်ပြီး သူ၏ချောမောခန့်ညားသောမျက်နှာကို ကြည့်ရန်အတွက် ပို၍လွယ်ကူသွားစေသည်။

ထိုအခိုက်အတန့်တွင် ကျင်းယန်က ခန္ဓာကိုယ်အပေါ်ပိုင်း၌ အနက်ရောင်စွပ်ကျယ်အကျပ်တစ်ထည်ကိုသာ ဝတ်ဆင်ထားသောကြောင့် သူ၏ရင်အုပ်ကြွက်သားများနှင့် အချိုးအစားကောင်းမွန်လှပသည့် ကျောပြင်တို့က ထင်ရှားစွာ ပေါ်လွင်နေခဲ့၏။

သူ၏လက်မောင်းများကလည်း သန်မာပြီး ကြွက်သားများတောင့်တင်းနေသောကြောင့် ကြံ့ခိုင်သန်စွမ်းပြီး ဆက်ဆီကျသည့် vibe ကိုပေးနေခဲ့သည်။

သူ၏ ခါးတွင်တော့ ဂျာကင်လက်ရှည်တစ်ထည်ကို ရစ်ပတ်စည်းနှောင်ထားသည့်အတွက် အတော်လေး ပုန်ကန်ထကြွသော အသွင်အပြင်ဖြစ်နေခဲ့သည်။

သို့သော်လည်း ယင်ရိလျိုသည်ကား ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ကို ကြည့်ရှုသဘောကျရန်နှင့် တခြားသောကိစ္စများအကြောင်းကိုမတွေးတောနိုင်သေးပါချေ။

“ကျွန်မ ကြီးလာပြီ..”

ယင်ရိလျို သူမဘာသာ ဗလုံးဗထွေးပြောနေမိလေ၏။ ဤနားလည်သဘောပေါက်မှုက သူမကို ဆွံ့အသွားစေခဲ့သည်။

သူမ၏မြင့်မားလာသော အရပ်ကို အထပ်ထပ်အခါခါကြည့်ပြီးနောက် အမှန်တကယ်ပင် အတော်လေး အရပ်ရှည်လာကြောင်းကို အတည်ပြုနေခဲ့လေသည်။

ကျင်းယန်သည်လည်း သူ၏ရွှေရောင်မျက်လုံးများနှင့် သူ့ရှေ့မှ မိန်းကလေးလေးကို နက်နက်ရှိုင်းရှိုင်း စူးစိုက်ကြည့်နေခဲ့၏။

သူ၏ခံစားချက်များကလည်း ရှုပ်ထွေးနေခဲ့လေသည်။

“ရှောင်ထုက ကြီးလာပြီပဲ”

သူ မှတ်မိထားသည့် နူးညံ့ပြီးသေးငယ်သော ပဲပင်ပေါက်လေးနှင့် နှိုင်းယှဥ်ရလျှင် သူ့ရှေ့မှ ဤမိန်းကလေးက အတော်လေး ကွာခြားပုံရ၏။

သူမသည်က သူ့၏ခါးအထိရောက်လာခဲ့ပြီး သူမ၏ဖောင်းကစ်ကစ်ပါးပြင်များလည်း သွယ်လျသွားခဲ့သည်။ ထို့အတူ အနည်းငယ် ချွန်လာသည့်မေးစေ့ကြောင့် သူမကို တက်ကြွပြီး ချောမောလှပသော မိန်းမပျိုလေးတစ်ယောက် ဖြစ်လာစေသည်။

သူမ၏ မျက်နှာအသွင်အပြင်ကို ခြုံကြည့်လျှင်တော့ သူ မှတ်မိသည့် ကလေးမလေးဖြစ်နေဆဲပင်။

ကျင်းယန် သူမကို ပထမဆုံးတွေ့ခဲ့သည့်အချိနာကို မှတ်မိသေးလေ၏။ နူးညံ့သော ဆံနွယ်များက သူမ၏ပုခုံးပေါ်တွင် ရစ်ခွေနေပြီး သူမ၏ယုန်နားရွက်လေးများကလည်း တုန်ရီနေခဲ့သည်။

သူမက ထိုအချိန်က အဖြူရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားခဲ့လေ၏။

တစ်ယောက်နှင့် တစ်ယောက် ရင်းနှီလာကြပြီးနောက်တွင် သူမက ထိုဝတ်စုံလေးကို ထပ်မဝတ်တော့ဘဲ မင်းသမီးငယ်လေးတစ်ယောက်ကဲ့သို့ သူမဘာသာ ရွေးချယ်ဆင်ယင်လာခဲ့သည်။

သို့သော်လည်း ယခု သူ့ရှေ့တွင် ရပ်နေသည့် ဆယ်နှစ်အရွယ်မိန်းကလေးမှာ ဆိုဒ်ပိုကြီးသည့် တူညီသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့လေ၏။

သူမ၏ ဆံပင်ရှည်များက နောက်ကျောတွင် ဖြာစင်းကျနေခဲ့ပြီး ယခင်အသွင်အပြင်ထက် ပိုအသက်ကြီးသည့် ဗားရှင်းနှင့် ဆင်တူနေခဲ့သည်။

ယင်ရိလျိုသည်လည်း သူမ၏အဝတ်အစားအသစ်ကို ကြည့်နေခဲ့သည်။ သူမ၏ရုတ်ခြည်း “ကြီးပြင်းလာမှု”အား ကျင်းယန်ကို မည်သို့ရှင်းပြရမည်ကို မသိသေးချေ။

သူမ စိတ်လှုပ်ရှားစွာဖြင့် တံတွေးမြိုချပြီးနောက်တွင် ကျင်းယန်၏အနောက်မှ ညင်သာစွာ လွှဲယမ်းနေသော တစ်စုံတစ်ခုကို သတိထားမိသွားခဲ့လေ၏။

သူမ၏သိချင်စိတ်တို့ဖြင့် အနီးကပ်မြင်တွ့နိုင်ရန် မျက်လုံးကိုမှေး၍ကြည့်လိုက်မိသည်။

သူမ သတိထားမိခဲ့သည့် သူ၏နောက်မှာအရာက သူမ၏အကြည့်ကို အာရုံခံမိပုံရလေ၏။

၎င်းက လွှဲယမ်းနေသော လှုပ်ရှားမှုများကို ရပ်လိုက်ပြီး ကျင်းယန်၏နောက်တွင် ပုန်းအောင်းနေခဲ့သည်။

ဤအခိုက်အတန့်တွင် ယင်ရိလျိုတစ်ယောက် သူမ မည်သည့်အတွက်ကြောင့် ရုတ်တရက်အရပ်ရှည်လာကြောင်းကို တွေးတောချိန်ဆနိုင်ခြင်းမရှိတော့ချေ။

သူမက ကျင်းယန်၏လက်မောင်းကို လှမ်းဆွဲပြီး တစ်ဖက်လူကို ရုတ်တရက်လှုပ်ရှားခြင်းမပြုစေရန် ရပ်တန့်လိုက်သည်။

သူမ၏စိတ်ထဲတွင်တော့ အတွေးတစ်ခုသာ ရှိနေခဲ့လေ၏။

သူမ သတိရတစ်ချက် ရတစ်ချက် အခြေအနေဖြစ်နေစဥ်က ချောကျိသည့်တစ်စုံတစ်ရာကို ထိမိခဲ့သည်။ ထိုအရာက သတ္တုနှင့်တူသကဲ့သို့ ခံစားရကြောင်းကိုလည်း မှတ်မိခဲ့လေသည်။ အစပိုင်းက ထိုခံစားချက်က သူမ၏စိတ်ကူးယဥ်မှုဟုသာ ထင်ထားခဲ့ခြင်းပင်။။

ကျင်းယန်၏မျက်နှာပေါ်တွင် အတော်လေးကူကယ်ရာမဲ့သည့် အမူအရာရှိနေခဲ့ကာ သူ့‌ရှေ့မှမိန်းကလေးက သူ့ကို လေးလေးနက်နက် စူးစမ်းနေခြင်းကို လွှတ်ထားပေးလိုက်ရလေသည်။

ယင်ရိလျိုက သူမ၏အကြည့်ကိုကျင်းယန်၏ နောက်သို့ ရွှေ့လိုက်ပြီးနောက် နောက်ဆုံးတွင် ထိုတစ်စုံတစ်ခုကို မြင်လိုက်ရလေ၏။

သူမ ထိုနေရာကို စိုက်ကြည့်နေရင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားခဲ့ရပြီး ကျင်းယန်ကို အံ့သြတကြီး အမူအရာနှင့် ပြန်ကြည့်လိုက်မိသည်။

ထို့နောက်တွင် နောက်တစ်ကြိမ် အသာအယာ ပြန်လွှဲယမ်းလာပြီဖြစာသည့် ကျင်းယန်၏နောက်ဘက်မှ အရာကို ကြည့်လိုက်မိပြန်လေ၏။

“ကော..?”

သူမ၏ ထိတ်လန့်မှုကိုပင် ကောင်းစွာ ဖော်မပြနိုင်တော့ဘဲ စကားပြောရန်အတွက် အချိန်ခဏမျှကြာသွားခဲ့သည်။

“ရွှေပေါင်လုံးကြီး.. ရှင့်မှာ အမြီးတစ်ချောင်း ပေါက်လာတာလား”

ကျင်းယန်တစ်ယောက် သူမ အသုံးပြုလိုက်သည့် “ကျင်းပေါင်လုံးကြီး”ဟူသော နာမည်ပြောင်နှင့် ပက်သက်ပြီး ပို၍စိတ်ပူနေခဲ့၏။

( t/n : ရွှေရဲ့အသံထွက်က ကျင်း ဖြစ်နေလို့ပါ)

အဲဒါက ဘာကိုဆိုလိုတာလဲ?

သူ မျက်ခုံးကိုတွန့်ချိုးပြီး မေးလိုက်လေသည်။

ယင်ရိလျိုက ထိုအချိန်မှသာ သူမအနေဖြင့် တစ်ဖက်လူ၏ နာမည်ပြောင်ကို ရုတ်တရက်ခေါ်မိကြောင်း သတိထားမိသွားခဲ့၏။

သူမ ထိတ်လန့်သွားရပြီးနောက် အသာရယ်မောလိုက်ပြီး စကားလမ်းကြောင်း လွှဲရန်ကြိုးစားလျက် ကျင်းယန်ကို စွပ်စွဲလိုက်သည်။

“အဲဒီအကြောင်းကို ပြောမနေနဲ့… ကောဘယ်တုန်းက အမြီးပေါက်လာတာလဲ”

“ခုနကပဲ”

ကျင်းယန်က အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ သူမ၏မေးခွန်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်မသွားပါချေ။ သူမက ထိတ်လန့်ပြီး သိချင်စိတ်ပြင်းပြသည့် အမူအရာဖြင့် အသေးစိတ်ကြည့်ရှုစစ်ဆေးနေသည်ကို ခွင့်ပြုထားခဲ့လေ၏။

ထိုအနီရောင်အရည်ထဲတွင် ထူးခြားသည့် တစ်စုံတစ်ရာရှိနေပုံရသည်။

ယင်ရိလျို စိတ်ပူလာခဲ့လေ၏။ ကျင်းယန်၏အမြီးနှင့် သူမ၏ ရုတ်ခြည်းကြီးထွားမှုက အနီရောင်“နှလုံး”အတွင်းရှိ ပါဝင်ပစ္စည်းကြောင့် ဖြစ်နိုင်သည်ဟု သူမသံသယရှိလေ၏။

သူမ၏ပူပန်မှုကို မထိန်းနိုင်ဘဲ မေးလိုက်သည်။

“ကော မသက်မသာခံစားရတာမျိုး ရှိလား”

ခန္ဓာကိုယ်အစိတ်အပိုင်း အပိုတစ်ခု ရုတ်တရက်ပေါ်‌ပေါက်လာခြင်းက အတော်လေး သောကဖြစ်စရာကောင်းသည်။

ဒီအမည်မသိရတဲ့ ပါဝင်ပစ္စည်းက လူသားခတွေရဲ့န္ဓာကိုယ် ဒုက္ခပေးနိုင်လားဆိုတာ ဘယ်သူကသိနိုင်ပါ့မလဲ။

ကျင်းယန် ခေါင်းယမ်းလိုက်၏။ သူသည်က အမြီးအပိုတစ်ခုနှင့်အတူ နိုးထလာခဲ့လေ၏။ အာရုံခံစားမှုကတော့ အတော်လေး ထူးခြားသည်။ ဆိုရလျှင် သူ့တွင် လက်အပိုတစ်ဖက် သို့မဟုတ် ခြေထောက်အပိုတစ်ဖက် ရုတ်တရက် ရရှိလာသကဲ့သို့ပင်။

ထိုအမြီးက သူ၏ထိန်းချုပ်မှုအောက်တွင်ရှိနေကြောင်းကို သူရှင်းလင်းစွာ ခံစားနိုင်လေ၏။

All Chapters