← Chapters

ယွမ်ကျွင်းဧကရီ

Vol. 6 Ch. 526

ယွမ်ကျွင်းဧကရီ

Vol. 6 Ch. 526

ဝမ်ကျုန်းက ခေါင်းတစ်ချက် ညိတ်ရင်း ပြုံးလိုက်လေသည်။

ထို့နောက် သူက အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး မုကျန်းကို အနက်ရောင် ယူနီကွန်းကြီးထက်သို့ ခေါ်ယူ လိုက်လေသည်။ အနက်ရောင် ယူနီကွန်းကြီးသည် ကြုံးဝါးသံ တစ်ချက်ပြုလုပ်ပြီး ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာ သွားလေတော့သည်။

ထိုအချိန်တွင်…

တောင်ဘက်တံခါးတွင် လူတစ်ယောက် ပေါ်လာလေသည်။ ထိုသူမှာ အာဏာပါးကွက်သား ဖြစ်လေ၏။ သူသည် အနက်ရောင် ယူနီကွန်းကြီးကို စီးနှင်ကာ ထွက်ခွာသွားသည့် ဝမ်ကျုန်းကို ကြည့်ပြီး မကျေမနပ် ဖြစ်နေလေသည်။ သူက ဝမ်ကျုန်း၏ ကျောပြင်ကို လက်ညှိုးငေါက်ငေါက် ထိုးလိုက်ပြီး…

“တစ်နေ့တော့ မင်းငါ့လက်ထဲမှာ သေရမယ်”

အာဏာပါးကွက်သားသည် ဝမ်ကျုန်းကို ကျိန်ဆဲနေသည့်တိုင် သူ၏ စိတ်ထဲတွင်တော့ ဝမ်ကျုန်းကို လေးစားအားကျ နေမိလေသည်။ ရှားမျိုးနွယ်များသည် ကျင့်ကြံသူများထက် သာလွန်သည် ဆိုသည့်အချက်ကို သူ့ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် သံသယဝင်လာခဲ့လေသည်။ မည်မျှပင် တန်ခိုးစွမ်းအားမြင့်မားပါစေ ပြိုင်ဘက်ကို အနိုင်မယူနိုင်ပါက ရယ်စရာပင် ဖြစ်ပေလိမ့်မည်။

“ယွင်ကျုန်းအရှင်… မင်းကြီးက အမိန့်ပေးလိုက်ပါတယ်၊ နဂါးဓား ကျိုးသွားပြီ ဖြစ်လို့ အာဏာ ပါးကွက်သား အဖြစ် ဆက်ပြီးတာဝန်ထမ်းဆောင်စရာ မလိုတော့ဘူးတဲ့၊ အိမ်ပြန်ပြီး ကိုယ့်အမှားကိုယ် သုံးသပ်ပါတဲ့”

ဝမ်ချန်နန်းတော်အတွင်းမှ ဘုရင့်အမိန့်စာလိပ် တစ်ခုကို ကိုင်ကာ မိန်းမဆိုးတစ်ယောက် ထွက်လာပြီး ပြောလိုက်လေသည်။

အာဏာ ပါးကွက်သား၏ အမည်မှာ ယွမ်ကျုန်း ဖြစ်လေသည်။ သူ၏မျိုးနွယ်မှာ ယွမ်ဖြစ်ပြီး ရှေးဟောင်း မျိုးနွယ်ရှစ်ခုမှ ဆင်းသက်လာသည့် အနွယ်တော် တစ်ယောက် ဖြစ်လေသည်။ ထို့ပြင် သူ၏ မိခင်မှာလည်း ရှားမျိုးနွယ်တော်ဝင် မင်းသမီးတစ်ပါး ဖြစ်လေသည်။

သူက တောင်ဘက်တံခါးတွင် အာဏာပါးကွက်သား အဖြစ် နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ခဲ့ပြီး တစ်ခါမှ ကျရှုံးခဲ့ခြင်း မရှိပေ။

ယွမ်ကျုန်းအရှင်က..

“မင်းကြီး၊ ကျုပ်က မင်းကြီးအပေါ် နှစ်ပေါင်းများစွာ သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့တာ၊ အခုတော့ အမှားလေး တစ်ခုအတွက်နဲ့ ကျုပ်ကို ရာထူးကဖြုတ်တယ်၊ တကယ့်ကို တာ့ရှားဧကရာဇ် ပီသပါပေတယ်၊ ကျုပ်အတွက် အမှားကို ပြန်သုံးသပ်စရာ မလိုဘူး၊ အခုချိန်ကစပြီး ကျုပ်ဟာ တာ့ရှားပြည်နဲ့ မပတ်သက်တော့ဘူး”

သူက သူ၏အရာရှိဝတ်ရုံကို ချက်ချင်းပင် ချွတ်ပစ် လိုက်လေသည်။

ထို့နောက် သူ့ထံမှ တန်ခိုးစွမ်းအား ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာကာ တောင်ဘက် တံခါးမှာ ပြိုကျ သွားလေသည်။

မိန်းမစိုးက ထိတ်လန့်စွာဖြင့်…

“မင်းက တော်ဝင်မျိုးနွယ်သွေးအဖြစ်ကို စွန့်လွှတ်တော့ မလို့လား”

ယွမ်ကျုန်းကျွင်းက အဝတ်ဖြူ တစ်ထည်ကို ယူလိုက်ကာ သူ့ခန္ဓာကိုယ်တွင် ရစ်ပတ် လိုက်လေသည်။

“သွားပြီဆိုမှတော့ အကုန်ဖြတ်ခဲ့တာပဲ ကောင်းတယ်”

တာ့ရှားဧကရာဇ်သည် ထိုမြင်ကွင်းကို ကြည့်နေပြီး မပြုံးဘဲ မနေနိုင်တော့ပေ။

“ဒီကလေးကတော့လေ…”

ဟုသာ ရေရွတ် လိုက်လေသည်။

အမှန်တာ့ တောင်ဘက်တံခါးမှ အာဏာပါးကွက်သား ရာထူးသည် အရေးပါသည့် ရာထူးတစ်ခု ဖြစ်လေသည်။ တာ့ရှားပြည်၏ ရန်သူတော်များကို ကောင်းစွာ သတ်ဖြတ် ပစ်နိုင်ခြင်း မရှိသူကို ခန့်ထားမိပါက တာ့ရှားပြည်သာလျှင် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။

ယွင်ကျုန်းသည် တစ်ခါမှ တာဝန်ပျက်ကွက်ခဲ့သည်ဟူ၍ မရှိခဲ့ပေ။

ယနေ့ကြုံတွေ့ရသည့် အဖြစ်အပျက်ကတော့ ရှားပါးသည့် မတော်တဆမှုသာ ဖြစ်ပြီး တာ့ရှားဧကရာဇ် အနေဖြင့် သူ့ကို ရာထူးမှဖယ်ရှားသည်အထိ အရေးယူဖို့ မလိုအပ်ပေ။ သို့သော် တာ့ရှား ဧကရာဇ်ကတော့ သူ့ကို ရာထူးမှဖယ်ရှား ပစ်ခဲ့လေသည်။

ယွင်ကျုန်း၏အပြုအမူများကို ရပ်ကြည့်နေသည့် တာ့ရှားဧကရာဇ်ကို တွေ့မြင်သူများက ဧကရာဇ်သည် စိတ်ကောင်း ဝင်နေသည့် အတွက်ကြောင့် ယွင်ကျုန်းကို လွှတ်ပေးလိုက်သည်ဟု ထင်မှတ် ပေလိမ့်မည်။ အမှန်တော့ ထိုသို့မဟုတ်ပေ။ ဧကရာဇ်သည် ယွင်ကျုန်းကို ချစ်ခင်သည့် အတွက်သာ လွှတ်ပေးခဲ့ခြင်း ဖြစ်လေသည်။

အမှန်တော့ ဝမ်ချန်နန်းတော်သည်လည်း နဂါးတစ်ကောင် မွေးဖွားလာဖို့ရန် အတွက် အလွန်သေးငယ်သည့် နေရာတစ်ခု ဖြစ်ခဲ့ပါသည်။

ယွင်ကျုန်းသည် တာဝန်များနှင့် ကင်းဝေးသွားလျှင် ပိုပြီး တိုးတက် လာနိုင်သည့် တန်ခိုးစွမ်းအား ရှိသူတစ်ယောက် ဖြစ်ကြောင်း တာ့ရှား ဧကရာဇ် နားလည်ထားလေသည်။

တာ့ရှားပြည်တွင် မုန်တိုင်းထန်လေတိုင်း တာ့ရှားဧကရာဇ်သည် ကောင်းစွာ ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့သည်ချည်းပင် ဖြစ်လေသည်။

ဧကရာဇ်သည် လက်ပိုက်ထားရင်းမှ ကောင်းကင်သို့ တစ်ချက် မော့ကြည့် လိုက်လေသည်။

“မင်းကိုငါ ပြုစုပျိုးထောင်ပေးခဲ့တာ၊ ငါ့ကို ပြန်သတ်ဖို့ အထိတော့ မတွေးလောက်ဖူး ထင်ရတာပဲ”

ထို့နောက် တာ့ရှားဧကရာဇ်သည် လက်တစ်ဖက်ကို ဆန့်တန်း လိုက်လေရာ အနက်ရောင် ဓားကောက်ကြီးသည် တာ့ရှား ဧကရာဇ်၏ လက်ထဲသို့ ပျံသန်း ရောက်ရှိလာလေသည်။

ထို့နောက် သူ၏ အခြားလက်တစ်ဖက်တွင် ကျောက်ပြား တစ်ချပ် ပေါ်လာလေသည်။

“မူလစွမ်းအား ရှိသူတွေဟာ မရှိတဲ့ အရာတွေဆီကနေ ရယူပြီး ရှိတဲ့ အရာတွေဆီကိုပဲ ထပ်ဖြည့်ပေးတယ်”

တာ့ရှားဧကရာဇ်သည် ကျောက်ပြားထက်တွင် စာလုံးများ ရေးထွင်းလိုက်လေသည်။

စာလုံးတိုင်းသည် သွေးများဖြင့် အတိဖြစ်နေပြီး မိစ္ဆာစွမ်းအားများ လွှမ်းမိုးနေလေသည်။

အလွန်မှ တုန်လှုပ် ချောက်ချားစရာ ကောင်းလှပေ၏။

တုန်းချန်အရပ်၊ “ယင်း” ခြံဝင်း…။

လူငယ်လေး တစ်ယောက်သည် သစ်သား ဓားတစ်လက်ဖြင့် ဓားသိုင်း လေ့ကျင့်နေလေသည်။

သူ၏ ဓားသိုင်းကစားဟန်သည် အဆုံးမဲ့ စီးဆင်းနေသည့် ကြယ်တာရာ စီးဆင်းမှုများ အလား သဘာဝ ကျလွန်း လှလေသည်။

ထိုလူငယ်မှာ ဝူတင် ဖြစ်လေသည်။

“တာအိုရဲ့ သဘောသဘာဝက ပိုလျှံနေတဲ့ အရာတွေဆီကနေ ရယူပြီး ပြတ်လပ်နေတဲ့ အရာတွေကို ထောက်ပံ့ ပေးတာပဲ”

ကွမ်းလုန်ကျီက ရေရွတ် လိုက်လေသည်။

ထို့နောက် သူသည် အံ့သြသည့် မျက်ဝန်းများဖြင့် ဝူတင်ကို ကြည့်နေလေသည်။

ဝူတင်၏ ဓားသိုင်းပညာမှာ အလွန်တိုးတက်လာပြီး မိုးမြေနိယာမ တရားများကို ကျော်လွန်နေပြီ ဖြစ်လေသည်။ သူ၏ ဝိညာဉ်သည် ကောင်းကင် ကြယ်စင်များထံသို့ ဝင်ရောက်စ ပြုနေပြီ ဖြစ်လေသည်။

ကျင့်ကြံသူ အများစုသည် ဝူတင် ရောက်ရှိနေသည့် အဆင့်တွင်ပင် ရှေ့မဆက်နိုင် ဖြစ်နေကြရသော်လည်း ယခုအချိန်တွင် ဝူတင်ကတော့ ကောင်းကောင်း ကျော်ဖြတ်နိုင်ခဲ့ပြီ။

“တော်လိုက်တဲ့ တပည့်လေး…”

ကောင်းကင်ထက်မှ ရယ်မောသံနှင့် အတူ စကားသံ တစ်သံ ထွက်ပေါ်လာလေသည်။

ဝူတင်မှာ သူ၏ဓားကို မရုတ်သိမ်းနိုင်မီမှာပင် မြေကြီးတစ်ခုလုံး တုန်ခါသွားပြီး တိမ်ခိုးတိမ်စများဖြင့် ဖုံးလွှမ်းနေသည့် ယူနီကွန်းကြီးသည် မြေပြင်ထက်သို့ ဆင်းသက် လာလေသည်။

ယူနီကွန်းကြီးထက်တွင် လူနှစ်ယောက် ရှိနေလေသည်။ ဝမ်ကျုန်းနှင့် မုကျန်းပင် ဖြစ်လေ၏။

မုကျန်းသည် ယူနီကွန်းကြီး အပေါ်မှ ဆင်းလိုက်ပြီး ဝူတင်ကို ယဉ်ကျေးစွာဖြင့် နှုတ်ဆက် လိုက်လေသည်။

“ကျုပ်က မုကျန်းလို့ ခေါ်ပါတယ်၊ သခင်လေးကျီကျောက်ကို နှုတ်ဆက်ပါတယ်”

ဝူတင်မှာ မုကျန်းကို ရင်းနှီးသလို ခံစားနေမိလေရာ နာမည်ကိုကြားတော့မှ မှတ်မိသွားပြီး ပြုံးလိုက်လေသည်။

“ခင်ဗျားက ရွှမ်ကျန်းကျောင်းတော်က ဆရာသခင်မုကျန်းကိုး…”

ဟု ပြောလိုက်လေသည်။

ရွှမ်ကျန်း ကျောင်းတော်သည် တာ့ရှားပြည်တွင်တော့ ဖိနှိပ်ခံဖြစ်သည့်တိုင် ယင်းစန်း အတွက်တော့ လိုအပ်သည့် ကျောင်းတော် တစ်ခု ဖြစ်လေသည်။

ထို့ပြင် ရွှမ်ကျန်းကျောင်းတော်မှ ကျင့်စဉ်များသည်လည်း စစ်မှန်သည့် ကျင့်စဉ်များ ဖြစ်လေသည်။ ထို့ကြောင့် ယင်းစန်း၏ ကျင့်ကြံသူများ အနေဖြင့် ထိုကျင့်စဉ်များကိုသာ သင်ယူခွင့်ရပါက များစွာ အကျိုးအမြတ် ရှိနိုင်လေသည်။

ဝူတင်က ဓားကို သိမ်းဆည်းလိုက်ပြီး မုကျန်း၏ လက်ကို နွေးထွေးစွာဖြင့် စုပ်ကိုင်ကာ နှုတ်ဆက် လိုက်လေသည်။

ထို့နောက် ဝမ်ကျုန်းကို ဒူးထောက် ဂါရဝပြုလိုက်ရင်း…

“ဒီအသုံးမကျတဲ့ တပည့်လေးက ဆရာ့ကို ဂါရဝပြုပါတယ်”

“ဘယ်သူက အသုံးမကျလို့လဲ၊ မင်းအခုဆိုရင် အများကြီး တိုးတက်လာနေပြီ၊ အခုဆိုရင် ပျံသန်းကြယ်စင် ဖန်ဆင်းခြင်း ပညာကိုတောင် အဆင့်တက်ပြီး ကျင့်ကြံလို့ ရနေပြီ၊ မကြာခင် မင်းကို ဆရာဘွားဘွားနဲ့ တွေ့ရအောင် ခေါ်သွားပေးမယ်”

ဝမ်ကျုန်းက ဝူတင်၏ လက်များ ဆုပ်ကိုင်ကာ တပည့်ဖြစ်သူကို အသာဆွဲထူရင်း ပြောလိုက်လေသည်။

ထို့နောက် ဝမ်ကျုန်းက ကွမ်းလုန်ကျီကို တစ်ချက်ကြည့်လိုက်ပြီး…

“ဒီကဆရာကြီးက ဆရာကြီးကွမ်းလုန်ကျီ ဖြစ်မယ် ထင်တယ်၊ ဆရာကြီး အကြောင်း ကြားဖူးတာ ကြာပါပြီ၊ အရမ်းလည်း လေးစားမိပါတယ်”

ကွမ်းလုန်ကျီကပြုံးလိုက်ရင်း…

“ကျုပ်လည်း ခင်ဗျားအကြောင်းတွေ အများကြီး ကြားဖူးထားပါတယ်၊ အခုတော့ တွေ့ခွင့်ရပြီပေါ့၊ ခင်ဗျားရဲ့ ဇာစ်မြစ် ကတော့ အတော်လေး အံ့သြစရာ ကောင်းတယ်နော်”

ဝမ်ကျုန်းက…

“ဆရာကြီးရဲ့ ဉာဏ်ပညာတွေဟာ သမုဒ္ဒရာလိုပဲ နက်ရှိုင်းလွန်းတယ်၊ တစ်ချက် ကြည့်တာနဲ့တင် ကျုပ်ဘယ်သူလဲ ဆိုတာခန့်မှန်းနိုင်တယ်”

“ကျုပ်အစကတည်းက တွေးထားပြီးသားပါ၊ ပြီးတော့ ကြယ်စင်တို့ရဲ့ အရှင်သခင်မ ယွမ်ကျွင်း ဧကရီကလွဲလို့ ဘယ်သူက ပျံသန်းကြယ်စင် ဖန်ဆင်းခြင်းပညာကို တီထွင်နိုင်မှာလဲ၊ ကြည့်ရတာ အစ်ကိုဝမ်က ယွမ်ကျွင်းဧကရီရဲ့ တပည့်ပဲ ဖြစ်ရမယ်”

ကွမ်းလုန်ကျီက နူးညံ့သည့် လေသံဖြင့်ပြောလိုက်လေသည်။

ကွမ်းလုန်ကျီ၏ စကားကြောင့် မုကျန်းမှာ စကားပင် မပြောနိုင်တော့ဘဲ အံ့သြ မှင်တက် သွားရလေသည်။

ရှေးခေတ် အချိန်အခါတုန်းက အင်အားကြီးသည့် ဝိညာဉ်များနှင့် နတ်ဘုရားများသည် ကြယ်စင်များ အဖြစ် ပြောင်းလဲ ခဲ့ကြလေသည်။

ထိုကြယ်စင်များသည် တစ်ယောက်နှင့် တစ်ယောက် မနှစ်သက်ကြဘဲ အချင်းချင်း အပြိုင်အဆိုင် ပြုကာ နေ့နေ့ညည တိုက်ခိုက် ခဲ့ကြလေသည်။

ထိုအခါ သူတို့တိုက်ခိုက်မှုကြောင့် ကြယ်မှုံကြယ်စများသည် လမင်းအပေါ်သို့ ကျရောက် ကုန်ကြလေသည်။

ထိုအခါ လမင်းက မကျေနပ်သည့် အတွက် ကြယ်စင်များကို ရန်ရှာသည့်အခါ …

တစ်ခါမှ မတည့်ကြသော ကြယ်စင်များက အတူတကွ ပေါင်းစည်းပြီး လမင်းကို လာရောက် တိုက်ခိုက်ကြလေသည်။ ကြယ်စင်များ၏ စွမ်းအားကြောင့် လမင်းမှာ အစိမ်းရင့်ရောင်သို့ပင် ပြောင်းလဲ သွားခဲ့သည်။

“ရေတွင်းထဲကရေဆိုတာ မြစ်ရေရဲ့ကိစ္စကို ဝင်မရှုပ်သင့်ဘူး”

ဟု ကြယ်စင်များက လမင်းကို ကြိမ်းမောင်း သွားကြလေသည်

လမင်းကို တိုက်ခိုက်ပြီးသည့်နောက် ကြယ်စင်များ၏တိုက်ပွဲကလည်း မရပ်တန့်ခဲ့ပါ။ ဆက်လက် တိုက်ခိုက် ကြပြန်လေသည်။ အမှန်တော့ သူ့ထက်ငါ အပြိုင်အဆိုင် လင်းလက် တောက်ပလိုကြသည့် အတွက် ထိုသို့ တိုက်ခိုက်နေကြခြင်း ဖြစ်လေသည်။

ထိုအချိန်တွင်…

ကြယ်စင်များအလယ်တွင် တောက်ပသည့် ကြယ်တစ်စင်း ပေါ်ထွက်လာပြီး ကြယ်စင်များ၏ ရန်ပွဲကို ငြိမ်သက်စေ လိုက်လေသည်။

ထိုကြယ်စင်မှာ “ယွမ်ကျွင်းဧကရီ” ပင်ဖြစ်လေ၏။

အမှန်တော့ ယွမ်ကျွင်းဧကရီသည် ကြယ်စင်တစ်စင်း မဟုတ်ခဲ့ပါ။

သူမသည် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သူမကျင့်ကြံခဲ့သည့် တာအိုကျင့်စဉ်အရ သူမ၏ မူလဝိညာဉ် ခန္ဓာသည် ဉာဏ်စဉ်များအဖြစ် ခွဲဖြာနိုင်ပြီး ကြယ်စင်အသွင်သို့ ပြောင်းလဲနိုင်သည့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင် ထားလေသည်။

ထို့ကြောင့် သူမသည် ကြယ်စင်တစ်စင်း အဖြစ် ဖန်ဆင်းကာ သွားလာနေရင်း ကြယ်စင်တို့၏ တိုက်ပွဲကို တွေ့သည့်အခါ ဝင်ရောက် ဖြန်ဖြေပေးခြင်းသာ ဖြစ်လေသည်။

ထိုသို့ဖြင့် ကြယ်စင်များ၏စစ်ပွဲသည် ပြီးဆုံးသွားခဲ့ရလေသည်။

ထိုအချိန်မှစပြီး “ယွင်ကျွင်းဧကရီ” ကို “ကြယ်စင်များ၏ အရှင်သခင်မ” ဟု တင်စား ခေါ်ဝေါ်ကြလေသည်။

***

All Chapters