← Chapters

ဒုတိယမြောက် နတ်ဘုရားအသွင်ပြောင်း တာအိုလက်တွဲဖော်၊ အိမ်ကမိန်းမတွေက လုံလောက်အောင် ကောင်းမပေးနိုင်လို့လား…၊ အပြင်ထွက်ပြီး မိန်းမထပ်ရှာဖို့ လိုသေးတယ်လား(၂)။

Vol. 55 Ch. 599

ဒုတိယမြောက် နတ်ဘုရားအသွင်ပြောင်း တာအိုလက်တွဲဖော်၊ အိမ်ကမိန်းမတွေက လုံလောက်အောင် ကောင်းမပေးနိုင်လို့လား…၊ အပြင်ထွက်ပြီး မိန်းမထပ်ရှာဖို့ လိုသေးတယ်လား(၂)။

Vol. 55 Ch. 599

“အခုတော့ ဒီလိုပဲ လုပ်ရတော့မှာပေါ့...”

ပင်လယ်ခွင်းမိစ္ဆာဘုရင်မှာ မတတ်သာသည့်အဆုံး သဘောတူလိုက်ရတော့သည်။

ထိုသို့ဖြင့် မိစ္ဆာဘုရင်နှစ်ဦးလုံးမှာ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ကြပြီး၊ မိမိတို့၏ အဖိုးတန်ပစ္စည်းများကို သိမ်းဆည်းကာ ရင်းနှီးသော လက်အောက်ငယ်သားများကို ခေါ်ဆောင်လျက် လျင်မြန်စွာ ထွက်ပြေးတိမ်းရှောင်သွားကြလေတော့သည်။

ဤသတင်းမှာ မိစ္ဆာလမ်းစဉ်အင်အားစုများတင်မက ဖြောင့်မတ်လမ်းစဉ် အင်အားစုများလည်း သိရှိသွားကြတော့သည်။

မိစ္ဆာလမ်းစဉ်လောက် သက်ရောက်မှု မကြီးမားသော်လည်း ဤသတင်းမှာ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင် ရှိလှ၏။ ဖြောင့်မတ်လမ်းစဉ် ကျင့်ကြံသူအများအပြားမှာလည်း ထိတ်လန့်တုန်လှုပ်သွားကြလေသည်။

“မဖြစ်နိုင်တာ… ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ချန်ဇီယွင်က နတ်ဘုရားအသွင်ပြောင်းအဆင့်ကို အောင်မြင်သွားတာလား… ဒါက သိပ်ကို ရုတ်တရက်ဆန်လွန်းတယ်...”

အချို့လူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

“တကယ်တော့ ရုတ်တရက်ကြီးလို့လည်း ဆိုလို့မရဘူး… အရင်ကတည်းက ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ချန်ဇီယွင်နဲ့ မြူနှင်းနန်းတော်သခင်မ ယဲ့ဖေးရိုတို့ဟာ ချန်လန်ပင်လယ်ဒေသရဲ့ အလှဆုံးနဲ့ ပါရမီအရှိဆုံး မိန်းမနှစ်ယောက်လို့ နာမည်ကြီးခဲ့တာလေ… ယဲ့ဘိုးဘေးက နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်သွားပြီဆိုမှတော့ ချန်ဘိုးဘေး ဖြစ်သွားတာလည်း မထူးဆန်းပါဘူး...”

“ပြဿနာက ယဲ့ဘိုးဘေးတစ်ယောက် နတ်ဘုရားအသွင်ပြောင်းဖို့အတွက် ရတနာပစ္စည်း အများကြီးရဲ့ အကူအညီကို ယူခဲ့ရတာ…. ချန်ဘိုးဘေးက ဘယ်လိုလုပ်သွားတာလဲ...”

“အဲဒါတော့ ဘယ်သိပါ့မလဲဟ… မိစ္ဆာလမ်းစဉ်က လူတွေက အလုပ်လုပ်ရင် လျှို့ဝှက်ချက်တွေ များတယ်မဟုတ်လား… သူတို့ ဘယ်လိုလုပ်လိုက်လဲ ဘယ်သူသိမှာလဲ...”

“အခုခေတ်က အရင်နဲ့ မတူတော့ဘူးလို့ပဲ ပြောရမယ်… အရင် နှစ်ပေါင်းသောင်းချီတုန်းက နတ်ဘုရားအသွင်ပြောင်းအဆင့် တစ်ယောက်မှ မပေါ်ခဲ့ဘဲ… အခုကျမှ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာတာ တကယ်ကို ထူးဆန်းတယ်...”

“ကမ္ဘာချင်း ပေါင်းစည်းတဲ့ဖြစ်စဉ်က ဘေးဒုက္ခ ဖြစ်ပေမဲ့ အဆင့်မြင့် ကျင့်ကြံသူတွေအတွက်တော့ အခွင့်အရေးပဲဖြစ်မယ်...”

“ဟုတ်တာပေါ့… ရှေးဟောင်းမိစ္ဆာနယ်မြေကနေ စွမ်းအင်တွေ အလုံးအရင်းနဲ့ ဝင်လာတော့ ငါတို့ ချန်လန်ပင်လယ်ဒေသရဲ့ ဝိညာဉ်ကြောတွေ ပြန်နိုးထလာပြီး အဆင့်တွေ မြင့်ကုန်တယ်လေ… ကျင့်ကြံသူအများကြီး အကျိုးရှိသွားကြတယ်...”

“ဒါတင်မကဘူးလေ… မိစ္ဆာသားရဲတွေ အများကြီးဝင်လာတော့ အဲဒါတွေကို သတ်နိုင်ရင် ဆေးဖော်စပ်တဲ့ ပစ္စည်းတွေ အများကြီးရကုန်တာပေါ့… အဲဒါကြောင့် ဆေးလုံးတွေ၊ မန္တန်အဆောင်တွေ၊ ရတနာပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ ကျသွားတာ… အခြေခံတည်ဆေးလုံးဈေးတောင် တော်တော်ကျသွားတယ်… အရင်ကဆို အဲဒီဆေးလုံးဝယ်ဖို့ အိမ်ပေါင်ခြံပေါင်တောင် လုပ်ရတာ… အခုတော့ အများကြီး ဝယ်နိုင်နေပြီ… အရင်ကဆိုရင် ဒါမျိုးကို အိပ်မက်တောင် မမက်ရဲဘူး...”

“မှန်တယ်… မိစ္ဆာသားရဲမျိုးနွယ်တွေရဲ့ ကျူးကျော်မှုကိုသာ တားဆီးနိုင်မယ်ဆိုရင် ငါတို့ လူသားမျိုးနွယ်တွေ ပြန်လည်ထွန်းတောက်လာဖို့ အခွင့်အရေးပဲ...”

ကျင့်ကြံသူအများအပြားမှာ အသီးသီး ဆွေးနွေးနေကြလေသည်။ ၎င်းတို့သည် ချန်ဇီယွင်တစ်ယောက် နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်သွားခြင်းအတွက် အံ့သြနေကြသလို၊ ဤသည်မှာ ချန်လန်ပင်လယ်ဒေသ၏ မကြုံစဖူးသော အပြောင်းအလဲကြီးတစ်ခု ဖြစ်ကြောင်းလည်း နားလည်ထားကြသည်။

တစ်ချိန်တည်းမှာပင် အင်အားစုအများအပြားတွင်လည်း လှုပ်ခတ်မှုများ ဖြစ်ပေါ်လာပေတော့မည်။

“နေပါဦး… အဲဒီလိုဆိုရင် ဖြောင့်မတ်လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်က တိုက်ပွဲတွေ ဖြစ်လာဦးမှာလား...”

တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ဖြောင့်မတ်လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်တို့မှာ အင်အားချင်း မျှခြေဖြစ်နေပြီး တစ်ဖက်စီတွင် နတ်ဘုရားအသွင်ပြောင်း တစ်ဦးစီ ရှိနေသောကြောင့်ဖြစ်၏။

အကယ်၍ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်နှစ်ဦး တိုက်ခိုက်ကြမည်ဆိုပါက မကြုံစဖူးသော ပျက်စီးဆုံးရှုံးမှုကြီး ဖြစ်လာပေလိမ့်မည်။

“စိတ်သာချ… တိုက်ပွဲတွေ ဖြစ်လာမှာ မဟုတ်ဘူး...”

“အကယ်၍ အခုအချိန်မှာ မိစ္ဆာသားရဲမျိုးနွယ်တွေရဲ့ ကျူးကျော်မှုသာ မရှိရင်တော့ တိုက်ပွဲတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်...”

“ဒါပေမဲ့… အခုလို မိစ္ဆာသားရဲမျိုးနွယ်တွေ ကျူးကျော်လာပြီးတော့ အင်အားကြီးတဲ့ မိစ္ဆာသားရဲတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရချိန်မှာ… တကယ်တမ်း တိုက်ခိုက်ကြမယ်ဆိုရင် မိစ္ဆာသားရဲမျိုးနွယ်တွေအတွက် အခွင့်ကောင်းပေးသလို ဖြစ်မသွားဘူးလား…”

“နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေဆိုတာက ငတုံးတွေမှ မဟုတ်တာကွာ… ဒီလို ဘယ်အဖြစ်ခံပါ့မလဲ…”

“ဒါလည်း ဟုတ်တာပဲ… ကျုပ်ထင်တာကတော့ ဒါက ကောင်းတဲ့အချက်ပဲ… ဘာလို့လဲဆိုတော့ ကျုပ်တို့ ချန်လန်ပင်လယ်ဒေသမှာလည်း နတ်ဘုရားအသွင်ပြောင်းအဆင့် ရှိလာပြီလေ… နောက်ဆိုရင် မိစ္ဆာသားရဲမျိုးနွယ်စုရဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေ ကျူးကျော်လာရင်တောင် ကျုပ်တို့မှာ ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိသွားပြီ...”

“အစက ရွှမ်ဟွမ်ဂိုဏ်းက ဒီပင်လယ်ဒေသကို တစ်ဦးတည်း စိုးမိုးထားနိုင်လိမ့်မယ်လို့ ထင်ခဲ့တာ… အခုတော့ ဖြောင့်မတ်လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် သူမသာ၊ကိုယ်မသာ အားပြိုင်ရတဲ့ အခြေအနေဖြစ်သွားပြီလေ…”

ကျင့်ကြံသူအများအပြားမှာ လေးနက်စွာဖြင့် ဆွေးနွေးပြောဆိုနေကြတော့သည်။

........

တစ်ချိန်တည်းမှာပင် ရွှမ်ဟွမ်ဂိုဏ်း၏ ရွှမ်ဟွမ်တောင်ထိပ်တွင်…။

ကျိုးစွေ့သည်လည်း ကောင်းကင်မိစ္ဆာကျွန်းမှ ရွှမ်ဟွမ်တောင်ထိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်၏။

သူပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် သခင်မမက်မွန်ပွင့်နှင့် အခြားသော ဇနီးမယားများ၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။ သူတို့အားလုံးသည် ကျိုးစွေ့ကို ဒေါသတကြီး ကြည့်နေကြသည်။

“ယောက်ျား… အဲဒီချန်ဇီယွင် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းသွားနိုင်တာက ယောက်ျားရဲ့ကျေးဇူးကြောင့် မဟုတ်လား…”

“အိမ်မှာရှိတဲ့ မိန်းမဆယ်ယောက်ကျော်နဲ့ မလုံလောက်သေးလို့… အပြင်မှာပါ သွားပြီး မြာပွေနေသေးတာလား…”

“ပြီးတော့ သူက ညီမလေး ချူတျဲယီရဲ့ ဆရာလည်း ဖြစ်နေသေးတယ်လေ…”

သခင်မမက်မွန်ပွင့်သည် ကျိုးစွေ့ကို ဒေါသတကြီး စိုက်ကြည့်လျက် ဤယောက်ျားကို အားရပါးရ ကိုက်ပစ်ချင်နေသည့်အလား ရှိနေလေသည်။

သူတို့သည် ချန်ဇီယွင်တစ်ယောက် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိသွားကြောင်း ကြားသိလိုက်ရချိန်တွင် ကျိုးစွေ့ တစ်လကြာတိုင် ပျောက်ကွယ်သွားခဲ့သည်ကို ပြန်လည်စဉ်းစားမိကြလေသည်။

ဤကိစ္စတွင် ကျိုးစွေ့က များစွာကူညီပေးခဲ့ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် အထောက်အကူပြုပစ္စည်းများကိုပါ ထောက်ပံ့ပေးခဲ့ကြောင်း သူတို့မသိဘဲ မနေနိုင်တော့ပေ။

သို့မဟုတ်ပါက ချန်ဇီယွင်သည် ဤမျှ မြန်မြန်ဆန်ဆန် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်သလို၊ နတ်ဘုရားအသွင်ပြောင်းကပ်ဘေးကိုလည်း ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။

ဤယောက်ျားမှလွဲ၍ အခြား မည်သူမျှ မရှိနိုင်ချေ။

“ဒါက ကျုပ်ကို အပြစ်တင်လို့ မရဘူးလေ...”

“သူက တျဲယီရဲ့ဆရာ ဖြစ်နေတာကိုး...”

“ဒါ့အပြင် သူက ကျုပ်ကို လာတောင်းပန်လို့ပါ...”

ကျိုးစွေ့က အပြစ်ကင်းစင်သည့် မျက်နှာပေးဖြင့် ဖြေရှင်းလိုက်သည်။

“လာတောင်းပန်တာနဲ့ပဲ နတ်ဘုရားအသွင်ပြောင်းအဆင့် အထောက်အကူပြုပစ္စည်းတွေကို ပေးလိုက်ရသလား...”

“အပြင်မှာ မိန်းမတွေ အများကြီး ရှိတာပဲ… သူတို့တွေ လာတောင်းပန်တိုင်း အိမ်မှာရှိတဲ့ ရတနာတွေကို အပြင်ကို အကုန် ထုတ်ပေးနေမှာလား...”

“ရှင်က အဲဒီ မိစ္ဆာမရဲ့လှည့်စားမှုကို ခံလိုက်ရလို့ ဒီလိုတွေ လုပ်မိတာပဲ ဖြစ်ရမယ်...”

ယဲ့ဖေးရိုက တကျိကျိမြည်အောင် သွားကြိတ်ကာ ပြောလိုက်လေသည်။

သူမသည် ချန်ဇီယွင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းသွားကြောင်း ကြားသိရချိန်တွင် အလွန်အမင်း ဒေါသထွက်ခဲ့ရသည်။

ထိုအမျိုးသမီးကပါ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင် ဖြစ်ခွင့်ရသွားသည်မှာ ကောင်းကင်ဘုံက မျက်စိမရှိသည့်အလားပင်။

ထို့ထက်ပို၍ ဆိုးသည်မှာ မိမိ၏ယောက်ျားကိုယ်တိုင်က ကူညီပေးခဲ့ခြင်း ဖြစ်၏။ သေချာသည်မှာ ချန်ဇီယွင်သည် အရှက်မရှိသော မိန်းမတစ်ဦးသာ ဖြစ်ရပေမည်။

သူမသည် မိစ္ဆာဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီး မိမိ၏ယောက်ျားကို မြှူဆွယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ထိုအရှက်မရှိသော အမျိုးသမီးသည် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိရန် အခွင့်အရေး ရှိမည်မဟုတ်ပေ။

နှမြောစရာကောင်းသည်မှာ ယခုမူ အားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ အရာအားလုံးက ပြီးစီးသွားခဲ့ချေပြီ။ ချန်ဇီယွင်သည် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်ရာ နောင်တရရန်ပင် အချိန်မရှိတော့ချေ။

“တောင်းပန်ပါတယ် ညီအစ်မတို့… ဒါတွေအားလုံးက ကျွန်မအပြစ်တွေပါ...”

“အရင် ကျွန်မရဲ့ဆရာက ယောက်ျားနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်… အဲဒီအချိန်ကတည်းက ဒီနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ငြိစွန်းသွားကြတာ ဖြစ်မယ်...”

ချူတျဲယီသည် အလွန်နောင်တရနေမိသည်။

သူမ၏ဆရာတွင် ဤကဲ့သို့သော အကြံဆိုးများ ရှိနေမှန်း ကြိုတင်သိရှိခဲ့ပါက ဤကိစ္စကို အဘယ်မှာ သဘောတူပါမည်နည်း။

သို့သော် သူမ၏ဆရာသည် ဤမျှ အရှက်မရှိဘဲ မိမိ၏ယောက်ျားကို မျက်စိကျကာ မိမိအပေါ် သစ္စာဖောက်လိမ့်မည်ဟု သူမ မည်သို့ ထင်မှတ်ထားပါမည်နည်း။

မိစ္ဆာဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများသည် ယုံကြည်ရသူ အနည်းငယ်သာ ရှိသည်ဟု ဆိုရပေမည်။

အနည်းငယ် သတိလက်လွတ် ဖြစ်သွားသည်နှင့် မိမိ၏အသိုက်အမြုံကို ခိုးယူခြင်း ခံလိုက်ရလေပြီ။

“ချန်ဇီယွင်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က အရမ်းလှတယ်လို့ ကြားတယ်… ရင်သားတွေကလည်း အကြီးကြီးပဲတဲ့...”

“ဒါပေမဲ့ ကျွန်မတို့မှာကော မရှိလို့လား… အိမ်မှာ မရှိလို့လား...”

“ဘာလို့ အပြင်မှာ မိန်းမ သွားရှာရတာလဲ...”

မုဇီယန်က ရှေ့သို့တိုးလာပြီး ကျိုးစွေ့ကို သွားချင်းကြိတ်ကာ ကြည့်လိုက်လေသည်။

“ဟင်း… ညီမတို့ ဒေါသမထွက်ကြပါနဲ့တော့...”

“ယောက်ျားတွေဆိုတာ ဒီလိုအမျိုးအစားတွေချည်းပါပဲ...”

“ပန်းကန်ထဲကဟာလည်း စားချင်၊ အိုးထဲကဟာလည်း နှိုက်ကြည့်ချင်၊ လယ်ထဲကဟာကိုလည်း မျှော်လင့်နေတတ်ကြတာမျိုး...”

“ကျွန်မတို့က မကောင်းလို့ မဟုတ်ဘူး… ယောက်ျားတွေကိုက အသစ်ကို လိုချင်တတ်ကြတာ...”

“ယောက်ျားဆိုတာ အသစ်တွေ့ရင် အဟောင်းမေ့တတ်တဲ့ သတ္တဝါတွေပဲ...”

ရှရွှေယန်က တခစ်ခစ် ရယ်မောရင်း ဘေးမှနေ၍ မီးပုံအား ဓာတ်ဆီလောင်းပေးကာ၊ ကျိုးစွေ့၏ အခက်အခဲကို ကြည့်ပြီး ဝမ်းသာအားရ ဖြစ်နေလေသည်။

“ဒါတွေအားလုံးက ကျွန်မတို့ရဲ့အပြစ်တွေ ဖြစ်ပုံရတယ်… ဒီကာလအတွင်းမှာ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်နေမိလို့ ယောက်ျားကို နည်းနည်း လျစ်လျူရှုမိသွားတယ် ထင်ပါရဲ့...”

“အဲဒါကြောင့် ယောက်ျားက အပြင်မှာ မိန်းမသွားရှာပြီး ကျွန်မတို့အတွက် ညီအစ်မအသစ်တွေ တိုးပေးချင်နေတာပေါ့...”

“ကဲပါလေ…. ဒီလိုဆိုမှတော့… ရှင် ဒီတစ်လအတွင်းမှာ မလုပ်ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ကျွန်မတို့အတွက် အတိုးအရင်းအကုန်ပေါင်းပြီး အပြီးသတ် လုပ်ပေးရမယ်...”

“ဒါဆိုရင်တော့ ကျွန်မတို့ ယောက်ျားကို ခွင့်လွှတ်ပေးလိုက်မယ်...”

သခင်မမက်မွန်ပွင့်သည် ကျိုးစွေ့ကို ပြုံးစစဖြင့် ကြည့်နေသော်လည်း၊ လှပသော မျက်နှာထက်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဝိုးတဝါး ထင်ဟပ်နေလေသည်။

“ဒါ... ဒါက...”

“သိပ်မကောင်းဘူး ထင်တယ်နော်...”

ကျိုးစွေ့ခမျာ မျက်တောင်တဖျတ်ဖျတ်ခတ်လျက် မိမိကို မကောင်းသောရည်ရွယ်ချက်ဖြင့် ကြည့်နေကြသော ဇနီးမယားများကို ကြည့်လိုက်မိတော့သည်။

သူသည် ပင့်ကူမိစ္ဆာအုပ်စု၏အကြည့်ကို ခံနေရသည့်အလားပင်။

သူသည် ယခုအခါ နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိသော ခန္ဓာကိုယ်ကျင့်ကြံသူ ဖြစ်နေပြီဖြစ်သော်လည်း၊ ဒေါသထွက်နေသော ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးတစ်အုပ်ကို ရင်ဆိုင်ရန်မူ ခက်ခဲနေဆဲ ဖြစ်၏။

သို့သော် ယခုအခါ ဤဇနီးမယားများသည် အလွန်ဒေါသထွက်နေကြပြီး အတည်အပေါက် လုပ်နေကြခြင်း ဖြစ်သည်။ သူ့ကို တန်ဖိုးတစ်ခုခု မပေးဆပ်ခိုင်းဘဲ လက်လျှော့ကြမည် မဟုတ်ပေ။

“အဟတ်… ဘာက မကောင်းတာလဲ...”

ယဲ့ဖေးရိုနှင့် အခြားသူများ၏မျက်နှာတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေလေသည်။

သေချာသည်မှာ ဤယောက်ျားကို မှတ်လောက်သားလောက် ဖြစ်အောင် သင်ခန်းစာပေးတော့မည် ဖြစ်ချေတော့၏။

All Chapters