← Chapters

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း ၁၂၄ - ဆပ်ပြာသီးပင် ၊ ခေါင်းလျှော်ရည်ပြုလုပ်ခြင်းနှင့် ခန့်မှန်းချက်မှန်ကန်ခြင်း

တိလင်းထျန်းရှားသည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း တစ်ဖက်လူထံမှ မည်သည့်စာမျှ ထပ်ရောက်မလာတော့ပေ။ ၎င်းမှာ အရောင်းအဝယ် ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြသနေခဲ့သည်။

“B အဆင့်ကျားသားဆိုတာ တကယ်ရှိတာလား။”

တိလင်းထျန်းရှားမှာ စိတ်ကူးယဉ်အိမ်မက်တစ်ခုလို ခံစားနေရ၏။

“ငါနဲ့ ထိပ်တန်းအဆင့်က လူတွေကြား ကွာဟချက်က ဒီလောက်တောင် ကြီးမားသွားပြီလား။”

[နန်းကြိုး ပုံစံကွက်: အသုံးပြုပြီးနောက် အမျိုးမျိုးသော နန်းကြိုးနှင့် ကေဘယ်ကြိုးများကို ထုတ်လုပ်နိုင်ခွင့် ရရှိမည်။ အခြား ထုတ်လုပ်မှုပုံစံများ ထပ်မလိုပါ။]

သူ့လက်ထဲရှိ ပုံစံကွက်ကို ကြည့်ကာ ရှောင်းယီ အလွန်ဝမ်းသာသွားခဲ့ပြီး ချက်ချင်းပင် အသုံးပြုလိုက်တော့လေသည်။ ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ထုတ်လုပ်မှုစာမျက်နှာတွင် နန်းကြိုးအမျိုးအစားများစွာ ပေါ်လာခဲ့ပြီး သူသည် အခြေခံနန်းကြိုးတစ်ခုကို မစောင့်နိုင်တော့ဘဲ စတင်ပြုလုပ်လိုက်လေသည်။

[နန်းကြိုး ၁၀ မီတာ: ကြေးနီ ၁၊ ပလတ်စတစ် ၁]

အောင်မြင်စွာ ပြုလုပ်ပြီးနောက် ရှောင်းယီသည် ၎င်းကို ထုတ်ယူကာ လျှပ်စစ်ငါးလိပ်ကျောက်ကျင်းရှိ အကြမ်းစား နန်းကြိုးနေရာတွင် စနစ်တကျ ပြုလုပ်ထားသော နန်းကြိုးဖြင့် အစားထိုးလိုက်၏။

“ဖလိုရက်ဆင့် မီးချောင်းတစ်ခုပဲ လိုတော့တယ်။ သေတ္တာထဲကနေ တစ်ခုလောက် ထွက်လာပါစေကွာ။”

ရှောင်းယီ ရေရွတ်ရင်း တိုက်ခန်းဆီ ပြန်လျှောက်လာခဲ့သည်။ ဆုဝမ်ကို တွေ့သောအခါ ရှောင်းယီက ပြောလိုက်သည်။

“နောက်တစ်ခါ ဒီလိုပစ္စည်းကောင်းတွေ တွေ့ရင် တစ်ဖက်လူကို အရင်ဆုံး ဆက်သွယ်ပြီး ထိန်းထားလိုက်ပါ။ အခုတစ်ခေါက်လို သူများ အရင်မဦးသွားစေနဲ့။ မဟုတ်ရင် ငါတို့ ပစ္စည်းတွေ အများကြီး ပိုပေးပြီး ပြန်လဲနေရလိမ့်မယ်။”

“ဟုတ်ကဲ့။ မှတ်ထားလိုက်ပါပြီ။”

ဆုဝမ်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“ခုနက အနွေးထည်တွေ အများကြီး ရထားတယ်။ မင်းနဲ့ အန်းရန် အားတဲ့အချိန်ကျရင် အဲ့ဒီ အိမ်သုံးလုံးဆီ သွားပို့ပေးလိုက်ဦး။”

ရှောင်းယီက ညွှန်ကြားလိုက်၏။ အသစ်ဆောက်လုပ်ထားသော သစ်သားအိမ် နှစ်လုံးနှင့် ကျောက်တုံးအိမ် တစ်လုံးရှိ ကုတင်များပေါ်တွင် စောင်များ မရှိသေးပေ။

ထိုစဉ် အန်းယွဲ့သည် အပြင်မှ အပြေးအလွှား ဝင်လာပြီး ပြောလိုက်၏။

“ရှောင်းယီ ကျန်းယွင်ထျန်းက မင်းကို လာခဲ့ဖို့ ပြောနေတယ်။ သူ ကျွန်းရဲ့ အရှေ့တောင်ဘက် ထောင့်မှာ ရှိတယ်။”

“အစ်ကိုကျန်းက ကျုပ်ကို ရှာနေတာလား။ ဒုက္ခပေးတဲ့ ပင်လယ်သတ္တဝါ နောက်တစ်ကောင်နဲ့ ထပ်တိုးလို့များလား။”

ရှောင်းယီ နားမလည်နိုင်စွာ မေးလိုက်သည်။ ပုံမှန်ဆိုလျှင် သူ့ကို ဝမ်ချိုင်က လာခေါ်လေ့ရှိသော်လည်း ယခု အန်းယွဲ့ ကိုယ်တိုင် လာပြောသဖြင့် သူ ထူးဆန်းနေခြင်းဖြစ်သည်။

အန်းယွဲ့က ခေါင်းခါပြလိုက်သည်။

“ပင်လယ်သတ္တဝါ မဟုတ်ဘူး။ သူ တစ်ခုခု ရှာတွေ့ထားပုံရတယ်။”

ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားပြီး ကျန်းယွင်ထျန်း ရှိရာသို့ အမြန်သွားလိုက်သည်။

“ဟေ့ ကြည့်စမ်း...။ ငါ ပစ္စည်းကောင်းတစ်ခု ရှာတွေ့ထားတယ်။”

ရှောင်းယီ လာသည်ကို မြင်လျှင် ကျန်းယွင်ထျန်းက ဝမ်းသာအားရ လှမ်းခေါ်လိုက်၏။

“ဘာများလဲ အစ်ကိုကျန်း။ ဒီလောက်တောင် စိတ်လှုပ်ရှားနေရအောင်။”

ရှောင်းယီက ပြုံးကာ မေးလိုက်သည်။ ထိုအခါ ကျန်းယွင်ထျန်းသည် အပင်တစ်ပင်အောက်သို့ သွားကာ ခုန်၍ ပဲတောင့်ပြားလေးများနှင့် တူသော အသီးအချို့ကို ဆွတ်ခူးလိုက်၏။ ထိုအပင်၏ အရွက်များမှာ အကုန်ကြွေကျနေပြီဖြစ်သော်လည်း အကိုင်းအခက်များပေါ်တွင်မူ ထိုအသီးများမှာ အပြည့်ရှိနေဆဲပင်။

“ဒါက...”

ရှောင်းယီ စကားမဆုံးမီမှာပင် စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။

[ဆပ်ပြာသီးပင်: ရွက်ကြွေပင် အမျိုးအစားဖြစ်သည်။ အမြစ်ဖွဲ့စည်းပုံ ကောင်းမွန်ပြီး ဆေးဖက်ဝင်မှုနှင့် စီးပွားရေး တန်ဖိုး မြင့်မားသည်။]

“ဆပ်ပြာသီးလေ။”

ကျန်းယွင်ထျန်းက ထပ်ဖြည့်ပြောလိုက်၏။

“ဒါ ခေါင်းလျှော်ဖို့ သုံးတဲ့ ဆပ်ပြာသီး မဟုတ်လား။”

ရှောင်းယီ ဝမ်းသာအားရ မေးလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။

ခေတ်မီလူနေမှုဘဝတွင် ရေချိုးတိုင်း ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်များကို အလွယ်တကူ သုံးခဲ့ကြသော်လည်း ယခု ဤကျွန်းပေါ်တွင် တစ်လခွဲခန့် ထိုပစ္စည်းများကို မသုံးခဲ့ရသဖြင့် သူတို့၏ ဆံပင်များမှာ တစ်ပင်နှင့်တစ်ပင် ကပ်စေးနေပြီ ဖြစ်သည်။

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ဆပ်ပြာသီးများကို အားရပါးရ ဆွတ်ခူးလိုက်ကြပြီး မသယ်နိုင်တော့သည့် အဆင့်သို့ရောက်မှသာ တိုက်ခန်းဆီသို့ ပြန်လာခဲ့ကြ၏။ လမ်းတွင် အန်းယွဲ့နှင့် တွေ့ရာ သူက အံ့သြတကြီး မေးလိုက်သည်။

“ဒါက ဘာတွေလဲ။”

“ပစ္စည်းကောင်းလေ။”

ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြန်ဖြေပြီး အထဲသို့ ဝင်သွားလိုက်၏။

စိုက်ပျိုးမြေထဲရှိ ယွမ်နွန်သည်လည်း ထိုအရာများ မြင်သွားခဲ့လေသည်။

“ဒါက ဆပ်ပြာသီးတွေပဲ။ ဘယ်က ရလာတာလဲ။”

သူက အံ့သြတကြီးဖြင့် မေးလိုက်သည်။

“အရှေ့တောင်ဘက် ကမ်းခြေကလေ။ အစ်ကိုကျန်း ရှာတွေ့ခဲ့တာ။”

“သိပ်ကောင်းတာပဲ။ နောက်ဆုံးတော့ ငါတို့အတွက် ဆပ်ပြာ ရသွားပြီ။”

ယွမ်နွန်က ဝမ်းသာအားရ ဆိုသည်။

“ဦးလေးယွမ် ဒါကို ဘယ်လိုလုပ်ရမလဲ သိလား။”

ရှောင်းယီက မေးလိုက်၏။ အန်းရန်နှင့် ဆုဝမ်တို့မှာ ကုန်ချောပစ္စည်းများကိုသာ သိကြပြီး ကုန်ကြမ်းမှ မည်သို့ပြုလုပ်ရမည်ကိုမူ သိပုံမရပေ။

ယွမ်နွန်က ပြုံးလိုက်သည်။

“ငါ သိတာပေါ့။”

ထိုသို့ဆိုကာ သူ၏အလုပ်များကို လက်စသတ်ပြီး သူတို့နောက်သို့ လိုက်လာခဲ့လေသည်။

အန်းရန်တို့ ညစာပြင်နေစဉ် သူတို့ သုံးယောက်လုံး အတူလာသည်ကို မြင်သောအခါ “ဘာဖြစ်လို့လဲ။” ဟု မေးလိုက်၏။

“ပစ္စည်းကောင်း ရလာလို့လေ။”

ရှောင်းယီက လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“ရှောင်းယီ အိုးတစ်လုံး ထပ်လုပ်လိုက်။ ဒါကို ပြုတ်ရမယ်။”

ယွမ်နွန်က ဆိုသည်။ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားကာ သံအိုးတစ်လုံး ချက်ချင်း ထုတ်လုပ်ပေးလိုက်လေသည်။ ထို့နောက် ယွမ်နွန်က ဆပ်ပြာသီးများကို ဆေးကြောရင်း ရှင်းပြလိုက်သည်။

“ဆပ်ပြာသီးတွေက ရင့်မှည့်ပြီးရင် ရက်အနည်းငယ် အခြောက်လှန်းရတယ်။ ဒါပေမဲ့ ဒါတွေက အပင်ပေါ်မှာတင် ခြောက်နေတာ ကြာပြီဆိုတော့ တန်းသုံးလို့ ရတယ်။”

ဆေးကြောပြီးနောက် ယွမ်နွန်သည် သစ်သားတုတ်တစ်ချောင်းဖြင့် ဆပ်ပြာသီးများကို ထုထောင်းကာ သံအိုးထဲသို့ ထည့်လိုက်၏။ ထို့နောက် သန့်စင်ပြီး ရေသင့်တော်ရုံ ထည့်ကာ မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း တည်လိုက်သည်။

“ဆုဝမ် ဒါကို မင်း ကြည့်ထားလိုက်ဦး။ အဆက်မပြတ် မွှေပေးနေဖို့ လိုတယ်။ နှစ်နာရီခွဲလောက် တည်ရမယ်။”

ယွမ်နွန်က မှာလိုက်သည်။

“ဒါက ဘာအတွက်လဲ ”

ဆုဝမ်က သိလိုစိတ်ဖြင့် မေးလိုက်၏။ အန်းရန်သည်မူ မျက်လုံးများ တောက်ပလာပြီး ပြောလိုက်သည်။

“ဒါက ခေါင်းလျှော်ရည်နဲ့ ဆပ်ပြာလုပ်တဲ့ ကုန်ကြမ်း မဟုတ်လား။”

“မင်း ဒါကို သိတယ်လား။”

ရှောင်းယီက အံ့သြစွာ မေးလိုက်သည်။

“အရင်က ဆပ်ပြာသီးပါတဲ့ ခေါင်းလျှော်ရည် သုံးဖူးလို့ လေ့လာဖူးတာပါ။ အခု ငါတို့ ခေါင်းလျှော်ရည် လုပ်နေကြတာလား။”

အန်းရန်က ပြုံးကာ မေးလိုက်သည်။

“ဟုတ်တယ်။ ရေချိုးဆပ်ပြာအနေနဲ့လည်း သုံးလို့ရတယ်။ အခု အခြေအနေအရတော့ ဒါနဲ့ပဲ အဆင်ပြေအောင် သုံးရမှာပေါ့။”

ယွမ်နွန်က ရှင်းပြသည်။

“သိပ်ကောင်းတာပဲ။”

အန်းရန်နှင့် ဆုဝမ်တို့မှာ အလွန်ဝမ်းသာသွားကြ၏။ သူမတို့မှာ အမျိုးသမီးများ ဖြစ်သည့်အတိုင်း ဆပ်ပြာ မပါဘဲ ရေချိုးရခြင်းမှာ သူတို့အတွက် အလွန် အဆင်မပြေဖြစ်နေခဲ့ရခြင်း ဖြစ်သည်။

ကျန်းယွင်ထျန်းမှာမူ ဝမ်ချိုင် လာခေါ်သဖြင့် ပင်လယ်သတ္တဝါများကို သွားရောက် တိုက်ခိုက်ရပြန်သည်။ ညနေ ၆ နာရီရောက်မှ တိုက်ခိုက်မှုများ ရပ်တန့်သွားပြီး သူသည်လည်း ပြန်ရောက်လာခဲ့သည်။

“ဘယ်လိုလဲ။ ဒီနေ့ အတော် ပင်ပန်းသွားပြီ မဟုတ်လား။”

ရှောင်းယီက ကျန်းယွင်ထျန်းကို မေးလိုက်၏။

“အဆင်ပြေပါတယ်။ အဲ့ဒီ လျှပ်စစ်ငါးလိပ်ကျောက်ကလွဲရင် ကျန်တာက လွယ်လွယ်လေးပါ။ ငါ တွက်ကြည့်ရသလောက်တော့ စုစုပေါင်း ၂၄ ကြိမ်ပဲ။ မင်း ခန့်မှန်းတာ မှန်တယ်။ သူတို့က ကျွင်းကျွင်းကို ထည့်မတွက်ဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ရှောင်းယီ ခေါင်းငြိမ့်လိုက်လေသည်။

“ဒါဆိုရင်တော့ သိပ်မဆိုးပါဘူး။”

“ဟုတ်တယ်။ အစပိုင်းမှာပဲ နည်းနည်း ရှုပ်သွားတာ။ နောက်ပိုင်းမှာ နှစ်ကောင် တစ်ပြိုင်နက် လာရင်တောင် တစ်ကောင်ကို သတ်ပြီး နောက်တစ်ကောင်ကို သွားရှာဖို့ အချိန်မီသေးတယ်။ သူတို့ အုတ်မြစ်ကျောက်ကို ဖျက်ဆီးတဲ့နှုန်းက အကန့်အသတ် ရှိတယ်။”

“အင်း... ဒါပေမဲ့ သတိတော့ ထားဦး။ ထူးခြားတဲ့ စွမ်းရည်ရှိတဲ့ သတ္တဝါတွေကို ဓားမြှောင်နဲ့ မတိုက်ခိုက်တာ အကောင်းဆုံးပဲ။ အဲဒါက တိုလွန်းတော့ တစ်ခုခုဖြစ်ရင် တုံ့ပြန်ရ မလွယ်ဘူး။”

ရှောင်းယီက အကြံပြုလိုက်သည်။

“လျှပ်စစ်ငါးလိပ်ကျောက်ရဲ့ သင်ခန်းစာ ရပြီးကတည်းက ငါ ဓားမြှောင် မသုံးရဲတော့ပါဘူး။ သံလှံကိုပဲ သုံးနေတာ။”

ကျန်းယွင်ထျန်းက ရယ်မောရင်း ပြောလိုက်သည်။

ထိုစဉ် အန်းရန်က S အဆင့် ရေသန့်နှစ်ခွက် ယူလာပေးရာ သူတို့နှစ်ဦးမှာ တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။

“ညစာက ဘယ်တော့ စားရမှာလဲ။”

“ဆပ်ပြာသီး ပြုတ်တာ ပြီးမှ စားကြမယ်။”

အန်းရန်က ပြန်ဖြေလိုက်သည်။

“ဟမ် ဒါဆို နောက်ထပ် တစ်နာရီလောက် ထပ်စောင့်ရဦးမှာပေါ့။”

ရှောင်းယီ တစ်ယောက် မျှော်လင့်ချက်ကင်းမဲ့စွာ ရေရွတ်လိုက်မိလေသည်။

အခန်း ၁၂၅ - ဖလိုရက်ဆင့်မီးချောင်းနှင့် သတ္တဝါအလိုက် ကွဲပြားသော အာနိသင်များ

“ဦးလေးယွမ်က အဆက်မပြတ် မွှေပေးပြီး မီးအပူချိန်ကိုလည်း ဂရုစိုက်ရမယ်လို့ ပြောထားတယ်။ နောက်ကျလို့ မဖြစ်ဘူး။”

အန်းရန်က လေးနက်စွာ ပြန်ဖြေလိုက်၏။

“အမျိုးသမီးတွေက ဒီလိုကိစ္စမျိုးဆိုရင် အမျိုးသားတွေထက် ပိုပြီး အလေးအနက်ထားကြတာပဲ။”

ရှောင်းယီ ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်မိသည်။

“ဒါဆိုရင်တော့ ငါ ဒီနေ့မွန်းလွဲပိုင်းက ရထားတဲ့ ထောက်ပံ့ရေးသေတ္တာတွေကို သွားဖွင့်လိုက်ဦးမယ်။”

“ငါလည်း လိုက်ခဲ့မယ်။”

ကျန်းယွင်ထျန်းလည်း သူနှင့်အတူ ထွက်လာခဲ့လိုက်သည်။

ထိုအချိန်တွင် အလိုအလျောက် ငါးဖမ်းပိုက်ကြီးသည် ခြံစည်းရိုးအပြင်ဘက်တွင် ရပ်တန့်နေပြီး ၎င်း၏ဘေး၌ သေတ္တာအလုံး ၂၀ ရှိနေခဲ့လေသည်။ နံနက်ပိုင်းက ၁၉ လုံးနှင့်ပေါင်းလျှင် ယနေ့ စုစုပေါင်း ၃၉ လုံး ရရှိခဲ့ခြင်းဖြစ်ရာ ဤသည်မှာ မကြုံစဖူးသော စံချိန်တင် ရိတ်သိမ်းမှုပင် ဖြစ်သည်။

သူတို့ သေတ္တာအားလုံးကို ဖွင့်ကြည့်လိုက်ကြသည်။

“ရရှိသော အရင်းအမြစ်များ- ဖလိုရက်ဆင့်မီးချောင်း ထုတ်လုပ်လုပ်မှုပုံစံ ၁၊ ကြေးနီ ၂၊ ...”

“ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၅၊ သံ ၃၊ ...”

“ရရှိသော အရင်းအမြစ်များ- ပလတ်စတစ် ၅၊ အလူမီနီယံ ၄၊ ...”

သေတ္တာအလုံး ၂၀ မှ အုတ်မြစ် ၁၈ ခုနှင့် အခြား အခြေခံအရင်းအမြစ်များစွာ ထွက်လာခဲ့လေသည်။ အစားအစာအနေဖြင့် ပေါင်မုန့် ၅၀၀ ဂရမ်နှင့် ရေသန့် ၅၀၀ မီလီလီတာသာ ပါရှိသည်။

ဖလိုရက်ဆင့်မီးချောင်း ထုတ်လုပ်မှုပုံစံကို မြင်လိုက်ရသောအခါ ရှောင်းယီသည် ဤကမ္ဘာကြီးက သူ့အပေါ် ကြင်နာနေသေးသည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။ ဖန်လုံအိမ် ရပြီးကတည်းက အလင်းရောင်ပြဿနာအတွက် စိုးရိမ်နေခဲ့သော်လည်း မမျှော်လင့်ဘဲ တစ်ရက်အတွင်းမှာပင် အရာအားလုံး ပြေလည်သွားခဲ့သည်။ နန်းကြိုးရော မီးချောင်းပါ သူ့လက်ထဲ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

[ဖလိုရက်ဆင့်မီးချောင်း ထုတ်လုပ်မှုပုံစံ]: ပလတ်စတစ် ၁၊ ကြေးနီ ၁၊ အလူမီနီယံ ၁၊ တန်စတင် (Tungsten) ၀.၁]

ဘေးရှိ ကျန်းယွင်ထျန်းသည်လည်း ထုတ်လုပ်မှုပုံစံရှိ လိုအပ်ချက်များကို မြင်သွားခဲ့၏။

“ကျန်တာတွေကတော့ ငါ ရဖူးတယ်။ ဒါပေမဲ့ ဒီ ‘တန်စတင်’ ဆိုတာကတော့ ပမာဏ နည်းပေမဲ့ တစ်ခါမှ မရဖူးသေးဘူး။”

သူက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

“အစ်ကိုကျန်းက သတ္တုပြားအကြောင်းကို မေ့နေပုံပဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ ကျန်းယွင်ထျန်း အနည်းငယ် ဆွံ့အသွားပြီးမှ ပြောလိုက်၏။

“ဟုတ်သား...မင်းကတော့ တကယ်ကို အမြော်အမြင်ရှိတာပဲ။”

ရှောင်းယီသည် အရင်က သတ္တုအပိုင်းအစ အများအပြား စုဆောင်းထားခဲ့ရာ ယခုအခါ ၎င်းတို့မှာ အသုံးဝင်လာပြီဖြစ်သည်။ အကြောင်းမှာ သတ္တုအပိုင်းအစများသည် မည်သည့်သတ္တု အမျိုးအစားကိုမဆို အစားထိုးနိုင်သောကြောင့်ပင်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် မီးချောင်းကို ပြုလုပ်လိုက်၏။ ဤထုတ်လုပ်မှုပုံစံတွင် ခလုတ်ပါ တစ်ပါတည်း ပါရှိပေသည်။

“အစ်ကိုကျန်း လူသွားလူလာ နည်းတဲ့နေရာမှာ ဓာတ်တိုင်အချို့ စိုက်ပြီး တိုက်ခန်းကနေ ဖန်လုံအိမ်အထိ သွယ်တန်းပေးပါဦး။”

ရှောင်းယီက တာဝန်ပေးလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ကာ ဘက်စုံသုံး ကိရိယာသေတ္တာကို ယူ၍ ဓာတ်တိုင်အဖြစ် သစ်တိုင်များကို စတင်စိုက်ထူလိုက်လေသည်။ ၆ မီတာလျှင် တစ်တိုင်နှုန်းဖြင့် တိုင် ၃ တိုင် စိုက်လိုက်လျှင် ဖန်လုံအိမ်အနီးသို့ ရောက်ရှိသွားပြီဖြစ်သည်။ ကိရိယာများမှာ ထိရောက်လှသဖြင့် မိနစ် ၂၀ အတွင်းမှာပင် ၃ မီတာမြင့်သော ဓာတ်တိုင် ၃ တိုင်မှာ အသင့်ဖြစ်သွားခဲ့လေသည်။

၎င်းနောက် ပြုလုပ်ထားသော နန်းကြိုးများကို ယူကာ စူပါဘက်ထရီနှင့် ချိတ်ဆက်လိုက်တော့သည်။

“ကလစ်”

ခလုတ်ကို နှိပ်လိုက်သည်နှင့် ဖန်လုံအိမ်အတွင်းပိုင်းမှာ လင်းထိန်သွားပြီး နွေးထွေးလာခဲ့သည်။ လျှပ်စစ်ဓာတ်အား ရရှိပြီးနောက် ဖန်လုံအိမ်သည် အပူချိန်ကို ၁၅ ဒီဂရီမှ ၃၀ ဒီဂရီအတွင်း အလိုအလျောက် ထိန်းညှိပေးတော့၏။ သာမန်ဖန်လုံအိမ် အမျိုးအစားဖြစ်သဖြင့် အပူချိန် အတက်အကျ အနည်းငယ်ရှိသော်လည်း ဤသည်မှာ ဆောင်းတွင်း၌ သီးနှံနှင့် သစ်သီးများ စိုက်ပျိုးရန် လုံလောက်နေပြီဖြစ်သည်။

“ဦးလေးယွမ် အခုရှိနေတဲ့ ပလတ်စတစ်ဖန်လုံအိမ် ၃ ခုက လုံလောက်နေပါပြီ။ ကျန်တဲ့တစ်ခုကို မလုပ်နဲ့တော့။ ဒီဖန်လုံအိမ်ရှိရင် ရာသီဥတု ပြန်နွေးလာတဲ့အထိ တောင့်ခံထားလို့ ရတယ်။”

ရှောင်းယီက ပြောလိုက်သည်။ ယွမ်နွန်ကလည်း သဘောတူလိုက်သည်။

ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သွားကာ ပလတ်စတစ် ဝယ်ယူနေသည့် ကြော်ငြာအားလုံးကို ပယ်ဖျက်လိုက်တော့၏။ ထိုလုပ်ရပ်ကြောင့် အများသုံးချန်နယ်တွင် တစ်ဖန် ပွက်လောရိုက်သွားခဲ့ပြန်သည်။

“ဟေး... သူဌေးက ပလတ်စတစ်ဝယ်တာတွေ အကုန်ဖျက်လိုက်ပြီ။”

“ဟုတ်တယ်။ သူ လုံလောက်သွားပြီ ထင်တယ်။”

“နှမြောစရာပဲ။ ငါသာ ပလတ်စတစ်တွေ ပိုရခဲ့ရင် အစားအသောက်တွေနဲ့ လဲလို့ရဦးမှာ။”

တိလင်းထျန်းရှားသည် ထိုဆွေးနွေးမှုများကို မြင်သောအခါ တစ်ကိုယ်တည်း ရေရွတ်မိလုိက်၏။

“ဒီပလတ်စတစ်တွေကလည်း သတ္တုအပိုင်းအစတွေလိုပဲ ရှားပါးပစ္စည်း ဖြစ်သွားဦးမလား မသိဘူး။”

ရှောင်းယီသည် ပလတ်စတစ်စများကို ဖန်လုံအိမ်အတွက် သုံးခဲ့ကြောင်းကိုသာ သူသိသွားပါက ဒေါသဖြစ်လွန်း၍ သွေးအန်နိုင်ပေသည်။

အချိန်အတန်ကြာ ပြုတ်ပြီးနောက် ဆပ်ပြာသီးများဆီမှ လန်းဆန်းသော ရနံ့များ ထွက်ပေါ်လာရာ ရှူရှိုက်မိသူတိုင်းအား စိတ်ကြည်လင်သွားစေခဲ့လေသည်။

“ဦးလေးယွမ် ပြီးရင် ဘာဆက်လုပ်ရမလဲ။”

ဆုဝမ်က မေးလိုက်သည်။

“ဆပ်ပြာသီး အဖတ်တွေကို စစ်ထုတ်ပြီး အအေးခံလိုက်ရင် သုံးလို့ရပြီ။”

ယွမ်နွန်က ပြန်ဖြေလိုက်၏။ ထိုအခါ ရှောင်းယီသည် ပိတ်စနှစ်ခုကို ထုတ်ပေးကာ အဖတ်များကို စစ်ထုတ်စေပြီး ရေသန့်ဘူးထဲ ထည့်ကာ ရေချိုးခန်းထဲတွင် ထားလိုက်သည်။

“ကဲ... အခု ညစာ စားလို့ရပြီလား။”

ရှောင်းယီက မေးလိုက်သည်။

“ရပါပြီ။”

အန်းရန်က ပြန်ဖြေလိုက်လေသည်။ ဆုဝမ်တို့မှာ ဟင်းများကို အစောကတည်းက ချက်ထားပြီးသား ဖြစ်သည်။

ညစာမှာ အလွန်ပင် စုံလင်လှ၏။ ကျားအရိုးနှင့် မှိုစွပ်ပြုတ်၊ ဝက်ဝံကင်၊ ခရမ်းချဉ်သီး ကြက်ဥကြော်၊ အာလူးချောင်းကြော်၊ မှိုနှင့် ဟင်းရွက်ကြော်၊ ခရမ်းသီးနှပ်။ ဟင်း ၆ မျိုးသာ ရှိသော်လည်း ပမာဏမှာ အလွန်များပြားလှပေသည်။

“ဒီနေ့ တောထဲက ရိတ်သိမ်းမှုက တကယ်ကောင်းတယ်။ မနက်ဖြန်ကျရင်လည်း ထပ်ပြီးသွားရှာကြတာပေါ့။”

ရှောင်းယီက မှိုတစ်ဖက်ကို စားရင်း ပြောလိုက်သည်။

“တောထဲမှာ အစားအစာတွေ အများကြီး ရှိဦးမှာပါ။ ဒါပေမဲ့ အန္တရာယ်လည်း ရှိနိုင်သေးတယ်။”

ယွမ်နွန်က သတိပေးလိုက်သည်။ အန်းရန်နှင့် ဆုဝမ်တို့မှာလည်း ဝက်ဝံညိုကြီးအကြောင်း တွေးမိတိုင်း ထိတ်လန့်နေကြဆဲပင်။

ရှောင်းယီက ရယ်မောလိုက်၏။

“ကျားနဲ့ ဝက်ဝံကိုတောင် နှိမ်နင်းပြီးပြီပဲ။ ဘာကြောက်စရာ ရှိတော့လို့လဲ။ ပြီးတော့ ကျုပ်တို့ တောအုပ်လေးထဲမှာ ဒီလို ကောင်ကြီးတွေ ခဏခဏ ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”

“ငါ လိုက်ခဲ့ရမလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“မလိုပါဘူး။ ပင်လယ်သတ္တဝါတွေကို ကိုင်တွယ်ဖို့ လူလိုသေးတယ်လေ။”

ရှောင်းယီက ငြင်းပယ်လိုက်သည်။

“မနက်ဖြန် ဦးလေးအန်းယွဲ့ပဲ လိုက်ခဲ့ပါ။”

အန်းယွဲ့ကလည်း သဘောတူလိုက်၏။ သူသည် ယနေ့ တစ်နေကုန် ဦးလေးယွမ်ကို ကူညီရင်း၊ သေတ္တာများ ဆွဲရင်းဖြင့်သာ အချိန်ကုန်ခဲ့ခြင်း ဖြစ်သည်။

“ဒီဝက်ဝံသားက တကယ် ကောင်းတာပဲ။ အရင်ကမ္ဘာမှာဆိုရင် ဝက်ဝံအမဲလိုက်တာက တရားမဝင်ဘူး။”

ယွမ်နွန်က ဝက်ဝံကင်ကို စားရင်း ပြုံးကာ ဆိုလိုက်သည်။

“ဟုတ်တယ်။ ဒီက ဝက်ဝံညိုက ကျုပ်တို့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာလို့သာ သတ်လိုက်ရတာပါ။”

ရှောင်းယီက ပခုံးတွန့်ရင်း ပြောလိုက်၏။

“ဝက်ဝံလက်ဝါးက အရသာရှိတယ် ပြောကြတယ်။ မနက်ဖြန် စမ်းစားကြည့်ကြတာပေါ့။”

ဝက်ဝံသားကို စားသောက်ပြီးနောက် ကျားသားစားတုန်းကကဲ့သို့ပင် သူတို့၏ ခန္ဓာကိုယ်များမှာ နွေးထွေးလာပြီး အာနိသင်မှာ အချိန်အတော်ကြာခဲ့သည်။ အရင်က B အဆင့်ရေဘဝဲကို စားခဲ့တုန်းက ဤကဲ့သို့ မခံစားခဲ့ရပေ။ B အဆင့် အသားချင်း တူသော်လည်း သတ္တဝါအလိုက် အာနိသင်များမှာ ကွဲပြားပုံရသည်။

ညစာစားပြီးနောက် ဆုဝမ်နှင့် အန်းရန်တို့က စားပွဲဝိုင်းကို သိမ်းဆည်းလိုက်ကြပြီး လောင်ယွမ်မှာမူ လမ်းလျှောက်ထွက်သွားခဲ့၏။ ကျန်းယွင်ထျန်း၊ အန်းယွဲ့နှင့် ကျွင်းကျွင်းတို့မှာ ရုပ်ရှင်ကြည့်ရင်း စကားပြောနေခဲ့ကြသည်။

ရှောင်းယီသည် အိပ်ခန်းထဲသို့ ပြန်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ အများသုံးချန်နယ်ကို ကြည့်လိုက်သည်။

“B အဆင့် ကျားသားက ဘယ်လိုအရသာရှိလဲ သိတဲ့သူ ရှိလား။”

“ဘာသားလဲ။”

“ငါတော့ အသားဆိုတာတောင် မမြင်ဖူးသေးဘူး။ သူဌေး ကျုပ်တို့ကို အသားနည်းနည်းလောက် မျှပါဦး။”

“ငါဆဲလိုက်လို့။ လိမ်ရင်လည်း နည်းနည်းပါးပါး ဆင်ခြင်ပါဦး။ ဒီလို ငရဲခန်းလိုနေရာမှာ ယုန်တောင် မရှိတာ၊ ကျားက ဘယ်ကလာမှာလဲ။”

“ဟုတ်တယ်။ B ောဆင့် ကျားသားတဲ့လား... စိတ်ကူးယဉ်နေတာပဲ။”

“ချီး မင်းတို့ မယုံဘူးဆိုတာ ငါသိသားပဲ။ ဒီမှာ ကြည့်လိုက်။”

ထိုသို့ပြောရင်း ထိုလူသည် ရှောင်းယီနှင့် ပြောထားသော စာများကို ပြလိုက်ရာ ၎င်းတွင် [ကျားသား] (B အဆင့်) ဟူသည်မှာ ထင်ရှားစွာ ပေါ်လွင်လာလေတော့သည်။

အခန်း ၁၂၆ - တုန်လှုပ်ဖွယ်ရာကျားသားနှင့် ကျားသတ်ဘော့စ်

“ဟာ ငလူး...။ တကယ်ကြီး ကျားသားရှိတာပဲဟာ ပြီးတော့ B အဆင့်တဲ့လား။ သူဌေးက ဒါကို ဘယ်လိုရခဲ့တာလဲ။”

“အဲဒါကို ငါ့ကိုမမေးနဲ့။ ငါက ထုတ်လုပ်မှုပုံစံတစ်ခုနဲ့ အသားနည်းနည်းပဲ လဲခဲ့တာ။ အဲဒီသူဌေးဆီမှာ ကျိန်းသေပေါက် အများကြီးရှိဦးမှာပဲ။ ဘာလို့လဲဆိုတော့ ကျားတစ်ကောင်မှာရှိတဲ့ အသားက ဒီလောက်လေးပဲမှ မဟုတ်တာ။”

“ကျားသားတဲ့ဟေ့။ တကယ့်ကို အားရှိမှာပဲ။ ပြီးတော့ B အဆင်းကြီး။ သွားရည်တောင် ကျလာပြီ။”

“တောက်... လူအချင်းချင်း ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။ ငါကျတော့ တစ်နပ်စားဖို့တောင် မနည်းရုန်းကန်နေရတယ်။ သူဌေးကြီးတွေက ကျားသားတောင် စားနေကြပြီ။”

“ငါကြားဖူးတာတော့ ကျားလိင်တံက အရမ်းအားရှိတယ်တဲ့။”

“အပေါ်ကကောင် မင်း ကျောက်ကပ်အားနည်းနေတာ ဖြစ်ရမယ်။ ခြောက်မျိုးစပ် ရီမန်နီးယား ဆေးလုံးသာ ရှာစားလိုက်တော့။”

“အမ်... အပေါ်ကလူက အရင်တုန်းက ဆေးအတုရောင်းတဲ့ကောင်ပဲ ဖြစ်ရမယ်။ အမြဲတမ်း အဲ့ဒီဆေးလုံးအကြောင်းပဲ လိုက်ကြော်ငြာနေတာ။ မင်းကို ငါခဏခဏ တွေ့ဖူးတယ်။”

“အားလုံးပဲ စကာစလမ်းကြောင်းမလွဲကြပါနဲ့။ ငါက B အဆင့်ကျားသားစားရတဲ့ ခံစားချက်ကို အားလုံးကို ဝေမျှချင်လို့ပါ။”

“သွားစမ်းပါ။ မင်းက ကျားသားကို ဝေမျှပေးမယ်ဆိုရင်တော့ ငါတို့ ပျော်မိဦးမယ်။”

“ဟုတ်တယ်။ ကျားသားစားရတဲ့ ခံစားချက်ကို ဝေမျှမယ် ဟုတ်လား။ အဲ့ဒါက ဝေမျှလို့ရလို့လား။ မနာလိုလွန်းလို့ ငါတော့ သံပုရာသီးပဲ စားနေရတယ်။”

“ဘယ်သူမှ မသိချင်ဘူးဆိုရင်လည်း ငါပဲ ပြောလိုက်တော့မယ်။”

“ဒီကောင်စုတ် မင်း ပါးစပ်ပိတ်ထားလိုက်စမ်း။”

“လိမ္မာတယ်၊ နားထောင်လိုက်၊ မြန်မြန်ပြော၊ စကားအပိုတွေ မပြောနဲ့တော့။”

လူအများအပြားက ဆဲဆိုနေကြပြီး ထိုလူကို အမြင်ကတ်နေခဲ့ကြ၏။ သို့သော် အများသုံးချန်နယ်တွင် မိမိဘာသာ မပိတ်ဆို့ထားပါက အသံပိတ်ထား၍ မရပေ။

ထို့အပြင် သူတို့က မသိချင်ဘူးဟု ပါးစပ်က ပြောနေကြသော်လည်း ရင်ထဲတွင်တော့ အလွန်စပ်စုချင်နေကြပေသည်။

ဤသည်မှာ မူနေခြင်းသာဖြစ်၏။

“အဲဒီ B အဆင့်ကျားသားကို စားပြီးတဲ့နောက်မှာ ငါ့ခန္ဓာကိုယ်ထဲမှာ အပူရှိန်တစ်ခု စီးဆင်းသွားသလို ခံစားရတယ်။ ပြီးတော့ ငါ့ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း သန်မာလာသလိုပဲ။”

“ခံစားချက် ဟုတ်လား။ ငါ့ကိုသာ အခု ကျားသားတစ်တုံး ပေးစားကြည့်။ ငါလည်း အဲ့ဒီလိုပဲ ခံစားရမှာပေါ့။”

“မဟုတ်ဘူး။ ဒီနေ့ နေ့လည်က ဖြစ်ပျက်ခဲ့တဲ့ အရာတစ်ခုကြောင့် ဒါက ခံစားချက်သက်သက် မဟုတ်ဘူးဆိုတာ ငါသိလိုက်ရတယ်။”

“ဘာဖြစ်ခဲ့တာလဲ။”

“ကျေးဇူးပြုပြီး... ဒါက ဟာသပြပွဲ မဟုတ်ဘူးနော်။ မင်းတို့နှစ်ယောက် လူပြက်လုပ်မနေဘဲ မြန်မြန်သာ ထွေးထုတ်လိုက်စမ်းပါ။”

“ရိက္ခာသေတ္တာထဲမှာ ပစ္စည်းတွေ ဘယ်လောက်ပဲရှိရှိ သူရဲ့ အလေးချိန်က ကီလိုငါးဆယ်လောက် ရှိတယ်။ သာမန်လူတစ်ယောက်အတွက် မနည်းဆွဲတင်ရတယ်။ အရင်က ငါလည်း မနည်းဆွဲခဲ့ရတာ။ ဒါပေမဲ့ အဲ့ဒီကျားသားကို စားပြီးတဲ့နောက်မှာ ငါ အဲ့ဒီသေတ္တာကို မပြီး လမ်းတောင် လျှောက်နိုင်သွားတယ်။”

“ဝိုး... ဒီကျားသားက ခွန်အားတိုးဆေးများလား။”

“ကျိန်းသေပေါက်ပဲ။ အဲ့ဒါက ကျားတံဆိပ် ခွန်အားတိုးဆေးပဲ။ အဲဒီသူဌေးမှာ ကျားသားရှိတာကို ငါတကယ် အားကျမိတယ်။”

“အားလုံးပဲ အချက်အလက်ကို တလွဲမကောင်ကြပါနဲ့။ အဓိကက ကျားသားဖြစ်နေလို့ မဟုတ်ဘူး။ B အဆင့် ဖြစ်နေလို့ပဲ။”

“အဲ့ဒါတော့ မဟုတ်နိုင်ဘူး။ မင်းသာ B အဆင့် ပုရွက်ဆိတ်တစ်ကောင်ကို စားကြည့်ရင် ဒီလောက်ကြီး တိုးတက်လာမှာ မဟုတ်ဘူး။”

“မဖြစ်နိုင်ဘူးဆိုတာ မင်းက ဘယ်လိုသိလဲ။ မင်း စားဖူးလို့လား။”

“မစားဖူးဘူး။ ဒါပေမဲ့ နှစ်ခုက မတူဘူးဆိုတာကိုတော့ ငါလောင်းကြေးထပ်ရဲတယ်။”

“နောက်ထပ် ကီးဘုတ်သူရဲကောင်း တစ်ယောက်ပဲ။ တွေးကြည့်ရုံနဲ့ ရလဒ်ကို သိနိုင်တယ်လို့ မင်းထင်နေတာလား။ ဒါဆို ငါတို့ မူလကမ္ဘာကို အသက်ရှင်လျက် ပြန်နိုင်မလားဆိုတာကိုရော မင်းမှန်းဆကြည့်ပါလား။”

“မင်းနဲ့ ငါက အမြင်ချင်း မတူဘူး။ ‘ရဲရဲဝံ့ဝံ့ တွေးဆပြီး၊ ဂရုတစိုက် သက်သေပြခြင်း’ ဆိုတာကို မင်းမသိဘူးလား။ အကယ်၍ နှစ်ခုလုံးက အတူတူပဲဆိုရင်...ပုရွက်ဆိတ်အုံကို ရှာပြီး ပုရွက်ဆိတ် နှစ်ရာဂရမ်ကို မီးရှို့သတ်ဖို့နဲ့ ကျားတစ်ကောင်ဆီကနေ အသားနှစ်ရာရးဂရမ်ကို လှီးယူဖို့ ဘယ်ဟာက ပိုခက်မလဲ။ မင်းဖင်နဲ့ စဉ်းစားရင်တောင် သိနိုင်တယ်။ ရိုးရိုးလေး...ရဖို့ခက်လေလေ၊ ပိုတန်ဖိုးရှိလေလေပဲ၊ လူ့ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး ပိုများလေလေပဲ။”

“အပေါ်ကလူရဲ့ ခွဲခြမ်းစိတ်ဖြာချက်ကို ငါသဘောတူတယ်။ အဆင့်မြင့်အသားကို ငါမစားဖူးပေမဲ့ ကြားရတာနဲ့တင် တော်တော်လေး အထင်ကြီးဖို့ ကောင်းနေပြီ။”

“ငါ အများသုံးချန်နယ်မှာ ဒါကို ပြောရတဲ့ အကြောင်းရင်းက အဲဒီသူဌေးကို ကျေးဇူးတင်ချင်လို့ပဲ။ B အဆင့် ကျားသားတစ်တုံး ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်သူဌေး။”

“ဘုရားရေ... ဒါက ပေါ်တင်ကြီး ဖျင်လျက်နေတာပဲ။”

“ငါ့ကိုသာ B အဆင့် အသားတစ်တုံး ပေးရင် ငါလည်း လျက်မှာပဲ။”

“သူဌေး ကျုပ်လည်း နည်းနည်းလောက် လိုချင်ပါတယ်။ ဘာခိုင်းခိုင်း လုပ်ပေးပါ့မယ်။”

ရှောင်းယီသည်လည်း လူတိုင်း၏ ဆွေးနွေးမှုများကို မြင်တွေ့နေရ၏။ သူသည် ‘ရဖို့ခက်လေလေ၊ ပိုတန်ဖိုးရှိလေလေ’ ဟူသော ခွဲခြမ်းစိတ်ဖြာချက်ဘက်သို့ ပို၍ ယိမ်းယိုင်မိပေသည်။

အများသုံးချန်နယ်တွင် လူရှာရန် မက်ဆေ့ချ်ပို့ပြီးနောက် ရှောင်းယီ ဧည့်ခန်းထဲသို့ ပြန်ဆင်းလာခဲ့လိုက်သည်။

သူပို့လိုက်သော မက်ဆေ့ချ်သည် သူနှင့် အရောင်းအဝယ်လုပ်ခဲ့သော လူ၏ အာရုံစိုက်မှုကို ချက်ချင်းရသွားလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။

ရှောင်းယီသည် နန်းကြိုးထုပ်လုပ်မှုပုံစံအတွက် သီးသန့်မက်ဆေ့ချ်ပို့ခဲ့စဉ်က အလောတကြီးဖြစ်နေသဖြင့် အမည်ဝှက်ရန် မေ့သွားခဲ့၏။ ထို့ကြောင့် တစ်ဖက်လူက သူ၏ အိုင်ဒီဖြစ်သော ‘ယီရန်ပင်း’ ကို မြင်သွားခဲ့ခြင်းဖြစ်သည်။

အများသုံးချန်နယ်တွင် စကားပြောသည့်အခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ယီရန်ပင်း ဟူသောအိုင်ဒီကို အလိုအလျောက် အသုံးပြုပေသည်။

“သူဌေး...အဲ့ဒါသူဌေးပဲ။ အခု သူဌေး လူရှာနေတာပဲ။”

ရှောင်းယီနှင့် အရောင်းအဝယ် လုပ်ခဲ့သောသူသည် ယီရန်ပင်းဟူသော အိုင်ဒီကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွား၏။

“ဘယ်သူဌေးလဲ။”

“ဘယ်သူက သူဌေးလဲ။”

“ဘယ်မှာလဲ သူဌေး။”

ကျားသားအရသာအကြောင်း ပြောပြနေသောလူက သူဌေးအကြောင်း အော်ဟစ်နေသည်ကို မြင်သောအခါ လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် မေးကြတော့သည်။

“အခုလေးတင် လူရှာတဲ့ မက်ဆေ့ချ်ပို့လိုက်တဲ့ ယီရန်ပင်းပဲ။ သူက ငါ့ကို B အဆင့် ကျားသားတစ်တုံး ပေးခဲ့တဲ့သူပဲ။”

“ကျားသတ်ဘော့စ် ယီရန်ပင်း ကျုပ်ရဲ့ ဦးညွှတ်မှုကို လက်ခံပေးပါ။”

“ယီရန်ပင်း ရှင် ခိုင်းတာမှန်သမျှ ကျွန်မ လုပ်ပေးပါ့မယ်။”

“ယီရန်ပင်းသူဌေး B အဆင့်ကျားသား တစ်တုံးအတွက် ကျုပ်ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ပေးဖို့ အသင့်ပါပဲ။”

“ကျုပ်ဘဝကိုတောင် သူဌေးအတွက် ပေးဆပ်ပါ့မယ်။ အသားတစ်တုံးလောက်ပဲ ပေးစားပါ။”

သူတို့က မည်မျှပင် ဖားယားနေကြပါစေ ရှောင်းယီကတော့ ထိုအရာများကို မမြင်နိုင်တော့ပေ။ ထိုအချိန်တွင် သူသည် အန်းယွဲ့၊ ကျန်းယွန်ထျန်းတို့နှင့်အတူ ဧည့်ခန်းတွင် စကားပြောနေခဲ့လေသည်။

တိလင်းထျန်းရှားသည်လည်း လူတိုင်း၏ စကားဝိုင်းကို သဘာဝအတိုင်း မြင်တွေ့နေခဲ့ရသည်။ သူက မျက်မှောင်ကျုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“ဒါက ငါ့ကို အရင်က ဘလက်လစ်စာရင်းထဲ ထည့်ထားတဲ့ ယီရန်ပင်းနဲ့ တစ်ယောက်တည်းပဲ ဖြစ်နိုင်မလား။ သူက တကယ့် ပညာရှင်ပဲ။ သူ့နားကို ဆက်ကပ်ဖို့ လူတစ်ယောက် ထပ်ရှာရမယ် ထင်တယ်။”

အနည်းငယ် စဉ်းစားပြီးနောက် တိလင်းထျန်းရှာစသည် တိလင်းချင်းလုံထံသို့ မက်ဆေ့ချ် ပို့လိုက်သည်။

“ငါတို့ထဲက အလှပဆုံး အမျိုးသမီးတစ်ယောက်ကို ရွေးပြီး ဒီယီရန်ပင်းနဲ့ အဆက်အသွယ် လုပ်ခိုင်းလိုက်ပါ။ သူ့ဆီကနေ သတင်းအချက်အလက်တွေ ရသလောက် နှိုက်ယူဖို့ ကြိုးစားကြည့်။”

“ဟုတ်ကဲ့။”

တိလင်းချင်းလုံက ပြန်ဖြေလိုက်သည်။

သူသည် အရင်ကလည်း ထိုယီရန်ပင်းနှင့် ဆက်သွယ်ရန် လူအချို့ စီစဉ်ခဲ့သော်လည်း အားလုံး အငြင်းခံခဲ့ရလေသည်။

ယခုတစ်ကြိမ်တွင်မူ တိလင်းထျန်းရှားသည် ပျားရည်ထောင်ချောက်ကို သုံးရန် စီစဉ်နေ၏။ သူသည် တိလင်းချင်းလုံကို အဖွဲ့အတွင်း အလှမယ်ပြိုင်ပွဲ အရင်ကျင်းပခိုင်းပြီး ထိုအလှမယ်ကို စေလွှတ်၍ ယီရန်ပင်းကို သိမ်းသွင်းခိုင်းမည် ဖြစ်သည်။

“နောက်အပတ် ရာသီဥတုက ဒီဇာတ်ကားထဲကလို ဖြစ်လာမယ်လို့ မင်းထင်လား။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။ သူတို့သည် တစ်ကမ္ဘာလုံး အပူချိန် ရုတ်တရက် ကျဆင်းသွားပြီး ကမ္ဘာမြေ၏ထက်ဝက်ကျော်မှာ ရေခဲခေတ်သို့ ရောက်သွားသည့် သဘာဝဘေးအန္တရာယ် ရုပ်ရှင်တစ်ခုကို ကြည့်နေကြခြင်းဖြစ်လေသည်။

ရှောင်းယီသည် ရုပ်ရှင်ထဲမှ ဆီးနှင်းနှင့် ရေခဲများကို ကြည့်ကာ ခေါင်းခါလိုက်မိသည်။

“ငါ မသိဘူး။ ဒါပေမဲ့ အဲ့ဒီထက် ပိုဆိုးလာနိုင်တယ်လို့ ခံစားနေရတယ်။”

“ဒါဆိုရင် ငါတို့ အပြင်ထွက်ပြီးလုပ်ရတဲ့ အလုပ်တွေ အားလုံးကို လုံးဝ ရပ်နားထားရတော့မှာမဟုတ်ဘူးလား။”

အန်းယွဲ့က မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

အကယ်၍ ‘The Day After Tomorrow’ ရုပ်ရှင်ထဲကလို အပူချိန် အလွန်အမင်း ကျဆင်းသွားမည်ဆိုပါက အနွေးထည် တစ်ထည် မဟုတ်ဘဲ ၁၀ ထည် ဝတ်ထားလျှင်ပင် အလုပ်ဖြစ်မည် မဟုတ်ပေ။

“အဲဒီအချိန်ကျရင် ပင်လယ်သတ္တဝါတွေက အုတ်မြစ်ကျောက်တွေကို လာတိုက်ခိုက်နေတုန်းဆိုရင် ဘယ်လိုလုပ်မလဲ။”

ကျန်းယွင်ထျန်းကလည်း စိုးရိမ်တကြီး မေးလိုက်သည်။

“ပင်လယ်က ရေခဲသွားနိုင်တာမို့လို့ ပင်လယ်သတ္တဝါတွေ လာတိုက်မှာ မဟုတ်လောက်ဘူးလို့ ငါထင်တယ်။”

ယွမ်နွန်က သူတို့ ဆွေးနွေးနေသည်ကို ကြားလိုက်ရသဖြင့် ဝင်လာပြီး ဝင်ပြောလာခဲ့သည်။

“တကယ်ဖြစ်လာတဲ့အခါမှပဲ တစ်ဆင့်ချင်း ဖြေရှင်းကြတာပေါ။

ရှောင်းယီက သက်ပြင်းချကာ ပြောလိုက်၏။

“တကယ်လို့ အဆင်မပြေတော့ဘူး ဆိုရင်လည်း အုတ်မြစ်ကျောက်တွေကို စွန့်လွှတ်လိုက်ရုံပေါ့။”

“အုတ်မြစ်ကျောက်တွေကို စွန့်လွှတ်မယ်ဟုတ်လား။ တစ်ရက်ကို ၂၄ ခုနဲ့ အအေးဒဏ်က အနည်းဆုံး ၇ ရက် ကြာမယ်ဆိုရင် အနည်းဆုံး ၁၆၈ ခုတောင် ကုန်မှာနော်။”

အန်းယွဲ့က တွက်ပြလိုက်သည်။

“ရပါတယ်။ အနည်းဆုံးတော့ ကျုပ်တို့ကျွန်းက တောင့်ခံနိုင်ပါသေးတယ်။”

ရှောင်ယီက ပြုံးကာ ပြောလိုက်၏။ ကျန်းယွင်ထျန်းသည်လည်း ခါးသက်သက် ပြုံးကာ ခေါင်းခါလိုက်မိသည်။

“မင်း အရင်က အုတ်မြစ်ကျောက်တွေ အလုံအလောက် စုဆောင်းထားခဲ့လို့ တော်သေးတယ်။ မဟုတ်ရင် ငါတို့ လူဒီလောက်အများကြီး မင်းကျွန်းကို လာတာက ကျွန်းကို ပိုပြီးမြန်မြန်ပျက်စီးအောင် လုပ်သလိုပဲ ဖြစ်နေလိမ့်မယ်။”

ထိုစကားကို ကြားလိုက်သောအခါ ရှောင်းယီသည် ‘ဆုလာဘ် နှစ်ဆအခြေအနေ မရရှိခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ရုတ်တရက် သတိရသွားတော့လေသည်။

All Chapters