အခန်း (၁၂၇-၁၂၉)
Vol. 9 Ch. 127-129
အခန်း ၁၂၇ - အရမ်းမြန်လွန်းတယ်၊ “နှစ်ဆပွားခြင်း” ထပ်ပေါ်လာပြီ
အကျိုးသက်ရောက်မှု နှစ်ဆတိုးခြင်းသာ မရှိလျှင် သူသည် အုတ်မြစ်ကျောက်တုံများစွာကို ဤမျှမြန်မြန် ရရှိနိုင်မည်မဟုတ်သလို ကျွန်းသည်လည်း ဤမျှအထိ ကြီးထွားလာနိုင်မည် မဟုတ်ပေ။
နောက်ဆုံးအကြိမ် နှစ်ဆတိုးခြင်း အကျိုးသက်ရောက်မှု ဖြစ်ပေါ်ခဲ့သည်မှာ လွန်ခဲ့သော ဆယ်ရက်ခန့်၊ သူ လက်မှတ်ထိုးဝင်ပြီး နို့စားနွားမ ရရှိခဲ့သည့်နေ့ကဖြစ်ပေသည်။
ဖြစ်နိုင်ခြေအရဆိုလျှင် ၎င်းမှာ ထပ်ပေါ်လာသင့်နေပြီ ဖြစ်သော်လည်း လုံးဝ ပေါ်မလာခဲ့သေးချေ။
“ဒီချေး RNG (ကျပန်းစနစ်) ကတော့ တကယ်ပဲ။”
ရှောင်းယီ တိုးတိုးလေး ကျိန်ဆဲလိုက်မိသည်။
ဖြစ်နိုင်ခြေဆိုသည်မှာ အတော်လေး စိတ်တိုစရာကောင်းလှသည်။ စာရွက်ပေါ်တွင် ၁၀ ရာခိုင်နှုန်းဟု ဆိုသော်လည်း တကယ်ဖြစ်လာသည့်အခါ ၁၀၀ ရာခိုင်နှုန်းဖြစ်ပြီး ဖြစ်မလာသည့်အခါတွင်မူ လုံးဝ ၀% ပင်။ အရာအားလုံးမှာ ကံတရားအပေါ်၌သာ မူတည်နေခြင်းဖြစ်သည်။
ကျန်းယွင်ထျန်းက ထိုမြည်တွန်တောက်တီးသံကို ကြားသွားခဲ့ပြီး “ဘာဖြစ်နိုင်ခြေလဲ” ဟု မေးလိုက်သည်။
ရှောင်းယီက လက်ယမ်းပြလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ သက်ပြင်းချလိုက်တာပါ။”
နောက်ဆုံးတွင် ဇာတ်လိုက်သူရဲကောင်းသည် အသက်ရှင်ကျန်ရစ်ခဲ့ပြီး ကယ်ဆယ်ရေးဟယ်လီကော့ပတာပေါ်သို့ တက်ကာ ပိုမိုနွေးထွေးသော ကောင်းကင်ယံဆီသို့ ပျံသန်းသွားခဲ့သည်။
အနည်းငယ်သာ အသက်ရှင်ကျန်ရစ်သည်ဟု သူထင်နေစဉ်မှာပင် အဆောက်အဦးတိုင်းမှ အသက်ရှင်ကျန်ရစ်သူများ ထွက်ပေါ်လာပြီး ဟယ်လီကော့ပတာကို လက်ယမ်းပြခဲ့ကြ၏။
လူသားတို့သည် မည်သို့ပင်ဖြစ်စေ နည်းလမ်းတစ်ခုခုကို အမြဲရှာဖွေတွေ့ရှိတတ်ကြပေသည်။ ပေးဆပ်ရသည့် တန်ဖိုးက ကြီးမားနိုင်သော်လည်းပေါ့။
“ကဲ... ငါတို့ သွားအိပ်တော့မယ်။”
ထို့နောက် ကျန်းယွင်ထျန်းနှင့် ကျန်သုံးယောက်သည် တိုက်ခန်းမှထွက်သွားခဲ့ကြကာ သူတို့၏ ကိုယ်ပိုင်သစ်လုံးအိမ်များဆီသို့ ပြန်သွားကြတော့သည်။
အိပ်ရာပေါ်တွင် အောက်တစ်ထပ်၊ အပေါ်တစ်ထပ် အနွေးစောင်များ ခင်းကျင်းထားရာ ဤကဲ့သို့ ရာသီဥတုမျိုးတွင် နှစ်စုံဆိုလျှင် လုံလောက်ပြီဖြစ်သည်။
အန်းယွဲ့နှင့် အခြားသူများ ထွက်သွားပြီးနောက် အန်းရန်နှင့် ဆုဝမ်တို့သည်လည်း ဧည့်ခန်းကို ရှင်းလင်းကာ ကြမ်းပြင်ပေါ်တွင် အိပ်ရာခင်းလိုက်ကြတော့သည်။
“မင်းတို့ တကယ်ပဲ...”
ရှောင်ယီက စကားစလိုက်သော်လည်း အန်းရန်က ဖြတ်ပြောလိုက်၏။
“နင် အိပ်ခန်းထဲမှာ အိပ်လိုက်ပါ။ ငါတို့ သဘောတူထားပြီးသားလေ။ ထပ်ပြီး ငြင်းမနေနဲ့တော့။”
သူမက ဆိုသည်။ ရှောင်းယီက ပုခုံးတွန့်လိုက်၏။
“ကောင်းပြီလေ။ အဲကွန်းကို မြှင့်ထားလိုက်ဦး။ အအေးမမိစေနဲ့။”
“အင်းပါ။ အခု သွားအိပ်တော့။”
အန်းရန်က ပြန်ဖြေလိုက်သည်။ ထို့နောက် သူလည်း ခေါင်းငြိမ့်ပြလိုက်ပြီး အိပ်ခန်းထဲသို့သာ ဝင်သွားလိုက်တော့သည်။
“ဘယ်သူ အရင် ရေချိုးမလဲ။”
ဆုဝမ်က တိုးတိုးလေး မေးလိုက်၏။
“နင် အရင်ချိုးလိုက်လေ။ ငါ စောင့်နေမယ်။”
အန်းရန်က ဖြေလိုက်သည်။
“အိုကေ ဒါဆို ငါ မြန်မြန်ချိုးလိုက်မယ်။”
ထိုသို့ဆိုကာ ဆုဝမ် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။ မိန်းကလေးနှစ်ဦးသည် သူတို့ အခုလေးတင် ဖော်စပ်ထားသည့် ဆပ်ပြာသီး ခေါင်းလျှော်ရည်ကို အမြန်စမ်းသပ်ချင်နေကြပြီ ဖြစ်သည်။ မကြာမီ ဆုဝမ် ရေချိုးပြီးသွားကာ ဆံပင်အခြောက်ခံပြီး ထွက်လာခဲ့လေသည်။
“အနံ့လေးက မွှေးနေတာပဲ။”
အန်းရန်၏ မျက်လုံးများ တောက်ပသွား၏။ ဆုဝမ်က ခေါင်းငြိမ့်လိုက်သည်။
“ဒါက ငါ သုံးဖူးသမျှ ကမ္ဘာကျော်တံဆိပ်တွေထက်တောင် ပိုကောင်းသလိုပဲ။”
“ဒါဆိုရင် ငါလည်း အခု သွားစမ်းကြည့်လိုက်ဦးမယ်။”
ထို့နောက် အန်းရန်မှာ ရေချိုးခန်းထဲသို့ ပြေးဝင်သွားတော့သည်။ ဆုဝမ်သည် သူမ၏ အိပ်ရာထဲသို့ တိုးဝင်ကာ ချက်ချင်းဆိုသလို အိပ်ပျော်သွားတော့၏။
ထိုအချိန်တွင် ရှောင်းယီသည် အိပ်ရာပေါ်သို့ လှဲချလိုက်ရုံရှိသေးသော်လည်း သဘာဝ၏ ခေါ်သံကြောင့် အမြန်ထကာ ရေချိုးခန်းထဲသို့ ဇွတ်ဝင်သွားမိခဲ့လေသည်။
အတွင်းခန်းထဲတွင် ရှိနေသော အန်းရန်မှာ တောင့်ခဲသွားပြီး “ဆုဝမ်၊ နင်လား” ဟု မေးလိုက်၏။
“ဟင်...။”
သူမ ရေချိုးနေသည်ကို သတိပြုမိသွားပြီးနောက် ရှောင်းယီက “ငါပါ” ဟု ပြန်ဖြေလိုက်သည်။
“အား... အမြန်ထွက်သွား။”
သူမက အော်ဟစ်လိုက်၏။
“လင်မယားတွေပဲဖြစ်နေပြီကို ရှက်နေတုန်းလား။”
သူက စနောက်လိုက်သည်။
ဧည့်ခန်းထဲတွင် ဆုဝမ်သည် ဆူညံသံများကြောင့် နိုးလာခဲ့၏။
“လူကို အိပ်ခွင့်တောင် မပေးကြတော့ဘူးလား။” ဟု ညည်းတွားကာ တစ်ဖက်သို့ စောင်းအိပ်လိုက်သော်လည်း နားကိုတော့ စွင့်ထားခဲ့လေသည်။
ခဏအကြာတွင် အန်းရန်က သူ့ကို တွန်းထုတ်လိုက်ရာ သူလည်း ရယ်မောကာ ခေါင်းခါရင်း ပြန်ထွက်လာခဲ့လိုက်လေသည်။
သူမသည် အပြင်သို့ ခြေဖျားထောက်ကာ ထွက်လာပြီး ဆုဝမ်ဘေးတွင် လှဲချလိုက်တော့သည်။
“ဒါဆို... ငါ့ကို ချန်ထားပြီး နင်က ခိုးစားလိုက်တာပေါ့လေ။”
ဆုဝမ်က ရုတ်တရက် ပြောလိုက်၏။ အန်းရန် လန့်ဖျန့်သွားခဲ့သည်။
“မဟုတ်ပါဘူး။ သူက အိမ်သာတက်ချင်လို့ မတော်တဆ ဝင်လာတာ။”
“ရှင်းမပြမနေပါနဲ့လေ။ ရှင်းပြတယ်ဆိုတာ ဆင်ခြေပေးတာပဲ။”
ဆူဝမ်က တခစ်ခစ်ရယ်ကာ ပြောလိုက်၏။
“ဒါနဲ့... သူက မြန်လား။”
“ဘာက မြန်တာလဲ။”
ထိုသို့ပြောပြီးမှ အန်းရန်သည် ထိာစကား၏ အဓိပ္ပာယ်ကို နားလည်သွားပြီး မျက်နှာနီမြန်းကာ အော်ဟစ်တော့လေသည်။
“ပါးစပ်ပိတ်ထားစမ်း။ ငါတို့ ဘာမှ မဖြစ်ခဲ့ပါဘူးဆို။”
“ဟင်...ဒါက ဘာဖြစ်တာတုန်း။”
ဆူဝမ်က မသိချင်ယောင်ဆောင်ကာ မေးလိုက်၏။
“ငါ ဆိုလိုတာက သူ အပေါ့သွားတာ မြန်လားလို့ပါ။ နင့်စိတ်ထဲ ဘာတွေတွေးနေတာလဲ။”
“ဆုဝမ်၊ နင် ကောင်မ... ဒါကို ခံစားကြည့်လိုက်စမ်း။”
ထို့နောင် အန်းရန်မှာ ဆုဝမ်အား ကလိထိုးကာ စတင်တိုက်ခိုက်တော့လေသည်။ဧည့်ခန်းတစ်ခုလုံး ရယ်မောသံများနှင့် ကစားနေသံများဖြင့် ပြည့်နှက်သွားခဲ့သည်။
အိပ်ခန်းမှာမူ အသံလုံလွန်းလှသဖြင့် တံခါးပိတ်လိုက်သည်နှင့် ရှောင်းယီသည် ဘာသံမှ မကြားရတော့ပေ။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်ကာ လူပျောက်ကြော်ငြာ နောက်တစ်ခု တင်လိုက်ပြီး အိပ်စက်ရန် ပြင်လိုက်တော့လေသည်။
“ဒီ ဒီ...သူစိမ်းတစ်ဦးက ဗီဒီယိုကောလ် ခေါ်ဆိုနေပါသည်။”
ထိုအသံကိုကြားလိုက်ရသောအခါ သူသည် ကျောက်တိုင်ဆီသို့ ဝုန်းခနဲသွားကာ လက်ခံလိုက်၏။ ထိုစဥ် ကျောက်တိုင်၏စခရင်ပေါ်၌ အသားဖြူဖြူ၊ အချိုးအစားကျန လှပသည့် အလှလေးတစ်ဦး ထွက်ပေါ်လာခဲ့သည်။
အန်းရန်၏ အမေက သူတင်ထားသည့် ပို့စ်ကို ပြန်ဖြေသည်ဟု သူ ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် သိသာစွာပင် မဟုတ်ခဲ့ပေ။ သူ မျက်မှောင်ကျုံ့လိုက်မိ၏။
“မင်း ဘယ်သူလဲ။”
“အစ်ကိုကြီး... ကျွန်မက ဖန်ယင်းလျန်ပါ။ ကျွန်မ အစ်ကိုကြီးကို လေးစားအားကျနေတာ ကြာပါပြီ။”
သူမက ချွဲနွဲ့စွာ ပြောလိုက်ရင်း သူမ၏ ရင်သားအလှ ပေါ်လွင်စေရန် တမင်တကာ ကိုင်းညွှတ်ပြလိုက်၏။
ရှောင်းယီက မျက်လုံးလှန်ကြည့်ကာ ဖုန်းကို ချပစ်လိုက်ပြီး သူမကို ဘလက်လစ်စာရင်းထဲ ထည့်ပစ်လိုက်တော့သည်။
“ရန်ရန်ရဲ့ ဟာလောက်တောင် မကြီးဘူး။”
သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ထို့နောက် သူ ကုတင်ပေါ်သို့ ပစ်လှဲကာ အိပ်ပျော်သွားတော့သည်။
ဖန်ယင်းလျန်သည် ပြတ်တောက်သွားသော မျက်နှာပြင်ကို ကြည့်ကာ ကြောင်အမ်းသွားခဲ့၏။ သူမ ထပ်မံ ကြိုးစားကြည့်သောအခါ ကျောက်တိုင်က သတိပေးချက် တက်လာခဲ့လေသည်။
[သင့်ကို အနက်ရောင်စာရင်း သွင်းထားပါသည်။]
“သူက ယောကျ်ားရော ဟုတ်ရဲ့လား။ ကျွန်းပေါ်မှာ တစ်ယောက်တည်းရှိနေတာကို ဒီလောက် လှတဲ့သူကို မြင်တာတောင် ဘာမှ မခံစားရဘူး။ သူက ဂေးလား။”
သူမ တွေးတောလိုက်မိသည်။
သူ့ကို ထပ်မံ ဆက်သွယ်၍ မရတော့သဖြင့် သူမသည် တိလင်းချင်းလုံထံသို့ ကျရှုံးကြောင်း အစီရင်ခံလိုက်တော့လေသည်။
ထိုသတင်းကို ကြားလိုက်ရသောအခါ တိလင်းချင်းလုံ၏ နှုတ်ခမ်းမှာ ဆတ်ခနဲတွန့်သွားခဲ့လေသည်။
“ဒါဆိုရင် ငါတို့ ချောချောလှလှ ယောကျ်ားလေးတွေ သုံးတဲ့ နည်းဗျူဟာကို ပြောင်းလိုက်ရမလား။”
တစ်ညတာ ကုန်လွန်သွားပြီး နောက်တစ်နေ့ မနက်ခင်းတွင် ရှောင်းယီသည် သဘာဝအတိုင်း နိုးလာခဲ့ကာ ကိုယ်လက်ဆန့်ထုတ်လိုက်သည်။
“ဒင်...နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ အသက်ဝင်ချိန် တစ်ရက်တိတိ ကြာမြင့်မည် ဖြစ်ပါသည်။”
စနစ်၏ အသံကို ကြားလိုက်ရသည်နှင့် သူ ဝုန်းခနဲ ထထိုင်လိုက်ကာ အပြင်သို့ ပြေးထွက်သွားပြီး အော်လိုက်တော့သည်။
“ဒီနေ့ ရိတ်သိမ်းသမျှ အားလုံးကို ငါကိုယ်တိုင် ကိုင်တွယ်မယ်။”
ထိုအခါ မနက်စာ ပြင်ဆင်နေသည့် အန်းရန်နှင့် ဆုဝမ်တို့မှာ မျက်တောင်တဖျတ်ဖျတ်ဖြင့် ကြည့်မိလိုက်ကြသော်လည်း ဘာမှတော့ မမေးမြန်းကြပေ။
ယွမ်နွန်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
“ငါတို့မှာ ရိတ်သိမ်းဖို့ အသင့်ဖြစ်နေတဲ့ စပါးစိုက်ခင်းရှိတယ်။ ပြီးတော့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အချို့လည်း ရှိတယ်။”
“ကောင်းပြီ။ ပြီးရင် ဘယ်မှာလဲဆိုတာ ပြလိုက်ပေးပါဦး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ လူတိုင်းကို အသိပေးပြီးနောက် သူသည် နေ့စဉ် လက်မှတ်ထိုးခြင်းကို ပြုလုပ်လိုက်တော့သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - SS အဆင့် ကိုယ်ကျပ်ဝတ်စုံ ၆။”
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောဆုလာဘ်- SS အဆင့် ကိုယ်ကျပ်ဝတ်စုံ ၁၂ ။”
[SS အဆင့် ကိုယ်ကျပ်ဝတ်စုံ - အထူးရုန်းကန်နိုင်သော အထည်ဖြင့် ပြုလုပ်ထားပြီး ဝတ်ဆင်သူ၏ ကိုယ်လုံးနှင့် အလိုအလျောက် အံကိုက်ဖြစ်စေသည်။ ခန္ဓာကိုယ်ကို အုပ်မိစေပြီး အပူချိန်ကို ပုံမှန်ထိန်းသိမ်းပေးကာ အံ့အားသင့်ဖွယ် ကာကွယ်ရေး စွမ်းရည်ရှိသည်။ ကိုယ်တိုင် သန့်စင်သည့် စနစ် ပါဝင်သည်။]
[အားသွင်းရန် လိုအပ်သည် - အားအပြည့်သွင်းလျှင် ၁၂ နာရီကြာ အသုံးပြုနိုင်သည်။]
“အဝတ်အစား ဆုလာဘ်ပါလား။”
သူသည် ထိုဝတ်စုံများကို ကြည့်ကာ တစ်ထည်ကို ထုတ်ယူလိုက်၏။ အလျင်အမြန် ရေချိုးပြီးနောက် သူသည် ထိုဝတ်စုံကို ဝတ်ဆင်ကြည့်လိုက်တော့လေသည်။
၎င်းသည် သူ၏ ခန္ဓာကိုယ်နှင့် အံကိုက်ဖြစ်အောင် ကျုံ့ဝင်သွားခဲ့ပြီး နွေးထွေးသော ဒုတိယအရေပြားတစ်ခုကဲ့သို့ ကပ်သွားခဲ့လေသည်။
အခန်း ၁၂၈ - စွမ်းအားကြီးမားသော ဝတ်စုံနှင့် တောဝက်များကို အရှင်ဖမ်းဆီးခြင်း
ရှောင်းယီ တိုက်ခန်းထဲမှ ထွက်လာခဲ့၏။ ပြင်ပအပူချိန်မှာ သုညဒီဂရီနီးပါးအထိ ကျဆင်းနေသော်လည်း ကိုယ်ကျပ်ဝတ်စုံ တစ်ထည်တည်းသာ ဝတ်ဆင်ထားသည့် ရှောင်းယီမှာ အအေးဒဏ်ကို လုံးဝမခံစားရပေ။
“ကြည့်ရတာ နောက်အပတ်ကျရင် အုတ်မြစ်ကျောက်တွေကို စတေးစရာ မလိုတော့ဘူးနဲ့ တူတယ်။”
ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိုစဉ်...
“အား”
အန်းရန်၏ အံ့အားထိတ်လန့်သွားသော အသံတစ်ခုမှာ ဘေးတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။
“ဒါ ရှောင်းယီလား။”
သူ၏ ကိုယ်နေဟန်ထားကို ကြည့်ခြင်းဖြင့် အာလ်ထရာမန်းနှင့် တူနေသော ဤသားရေကိုယ်ကျပ်ဝတ်စုံကို ဝတ်ထားသူမှာ ရှောင်းယီဖြစ်ကြောင်း အန်းရန်က ဆုံးဖြတ်လိုက်မိသည်။
“ဟားဟားဟား မင်း ငါ့ကို တကယ်မှတ်မိတာပဲ။”
ရှောင်းယီက ရယ်မောရင်း ပြောလိုက်၏။ ထိုအခါ အန်းရန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဒီအာလ်ထရာမန်း ဝတ်စုံကို ဘယ်ကရလာတာလဲ။”
ရှောင်းယီက ကူကယ်ရာမဲ့သွားသော အမူအရာဖြင့် ပြောလိုက်သည်။
“ဒါက ကိုယ်ကျပ်ဝတ်စုံပါကွာ။ စောစောကလေးတင် သေတ္တာထဲကရလာခဲ့တာ။”
မနေ့က ရိက္ခာသေတ္တာအားလုံး ဖွင့်ပြီးသွားပြီဖြစ်ကြောင်းနှင့် ဒီနေ့အတွက် သေတ္တာများကို မဆယ်ရသေးကြောင်း အန်းရန် သိသော်လည်း သူမက လိမ္မာပါးနပ်စွာဖြင့် ဆက်မမေးတော့ပေ။
“ကိုယ်ကျပ်ဝတ်စုံ။ အဲ့ဒါကြီးဝတ်ထားတာ မအေးဘူးလား။”
အန်းရန်က မေးလိုက်၏။ သူမမှာမူ အတွင်းခံအနွေးထည်အပြင် အပေါ်ထပ်အနွေးထည်ကိုပါ ထပ်ဝတ်ထားရခြင်းဖြစ်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“လုံးဝမအေးဘူး။ လူတိုင်းကို ဒီဘက်ကိုခေါ်လိုက်ဦး။”
အန်းရန် ခေါင်းငြိမ့်ပြကာ အပြင်ဘက်ရှိ ကျန်းယွင်ထျန်းနှင့် အန်းယွဲ့တို့ကို ချက်ချင်း ပြန်ခေါ်လိုက်လေသည်။
“အာလ်ထရာမန်း! အာလ်ထရာမန်း!”
ကျွင်းကျွင်းသည် ကျန်းယွင်ထျန်းနောက်မှ တိုက်ခန်းအဝင်ဝသို့ လိုက်လာရင်း ရှောင်းယီကို မြင်သည်နှင့် အော်ဟစ်တော့လေသည်။ ထိုစကားကိုကြားသောအခါ ရှောင်းယီက ပြုံးလိုက်မိသည်။
“မင်းက ငယ်ငယ်လေးရှိသေးတာကို အာလ်ထရာမန်းကို ဘယ်လိုလုပ်ပြီး သိတာလဲ။”
ရှောင်းယီ၏ အသံကို ကြားရမှသာ ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသူမှာ ရှောင်းယီဖြစ်ကြောင်း ကျန်းယွင်ထျန်း သတိထားမိသွားခဲ့သည်။
“သူ အရင်က တခြားကလေးတွေနဲ့ ကြည့်ဖူးတာဖြစ်လိမ့်မယ်။”
ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။
“ကျွင်းကျွင်းက သူငယ်ငယ်တုန်းက အတွေ့အကြုံတွေကိုတောင် အခုထိ အကုန်မှတ်မိနေတာပဲ။ အဆင့်မြင့်အစားအစာတွေ အများကြီး စားထားလို့ ဖြစ်မယ်။”
ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။
“အားလုံးပဲ... ကျုပ် အခုလေးတင် ကိုယ်ကျပ်ဝတ်စုံတချို့ ရထားလို့ လူတိုင်းကို အလှည့်ကျ ဝတ်လို့ရအောင် ခေါ်လိုက်တာပဲ။”
“အခု အရမ်းအေးနေတာကို ဒီသားရေဝတ်စုံဝတ်ပြီး အပေါ်က အနွေးထည်ထပ်ဝတ်ရင် အလုပ်လုပ်ရတာ အဆင်မပြေဖြစ်မနေဘူးလား။”
ယွမ်နွန်က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“စိတ်မပူပါနဲ့။ ဒါက SS အဆင့် ဝတ်စုံပါ။ ခန္ဓာကိုယ်နဲ့ အံကိုက်ဖြစ်စေပြီး အပူချိန်ကို ထိန်းပေးတယ်။ ကာကွယ်ရေးစွမ်းရည်ကလည်း အံ့မခန်းပဲ။ အအေးဒဏ်ကို ပူစရာမလိုသလို အလုပ်လုပ်ရတာလည်း ပိုပြီး သွက်လက်စေမှာပါ။”
ရှောင်းယီက ပြုံးကာ ရှင်းပြလိုက်လေသည်။ ဆောင်းတွင်း၌ အဝတ်အစားများလွန်းလျှင် လှုပ်ရှားရခက်ခဲသည်ကို သိထားရမည်ဖြစ်သည်။ ကလေးအချို့ဆိုလျှင် အဝတ်များလွန်း၍ လုံးလုံးကြီးဖြစ်ကာ လမ်းလျှောက်ရန်ပင် ရုန်းကန်နေရသည်မဟုတ်ပါလား။
အခု ကျွင်းကျွင်း ဖြစ်နေသလိုမျိုးပေါ့။
ရှောင်းယီ၏ စကားကို ကြားသောအခါ လူတိုင်း မျက်လုံးပြူးသွားကြတော့သည်။ ၎င်းမှာ နောက်ထပ် SS အဆင့် ပစ္စည်းတစ်ခုဖြစ်သလို လုပ်ဆောင်ချက်မှာလည်း အလွန်အစွမ်းထက်လှပေသည်။
ကျန်းယွင်ထျန်းက ပထမဆုံး တုံ့ပြန်လိုက်ပြီး ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
“ဒါဆိုရင် အပြင်မှာ ဘယ်လောက်ပဲ အေးအေး ဒီဝတ်စုံဝတ်ပြီး အုတ်မြစ်ကျောက်ကို ထွက်ပြီးကာကွယ်လို့ ရပြီပေါ့။”
ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်၏။
“သိပ်ကောင်းတယ်။”
ကျန်းယွင်ထျန်း အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ ထိုအခါ ယွမ်နွန်က အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဒီဝတ်စုံက အရမ်းအစွမ်းထက်လွန်းတယ်။ လိုအပ်တဲ့သူတွေပဲ ဝတ်ကြပါ။”
ကျန်သူများကလည်း ခေါင်းငြိမ့်ထောက်ခံလိုက်ကြသည်။ သူတို့မှာ အန္တရာယ်နှင့် တိုက်ရိုက်ရင်ဆိုင်ရသူများ မဟုတ်ကြသဖြင့် ဤမျှအစွမ်းထက်သော ပစ္စည်းမျိုး မလိုအပ်ဟု ထင်ထားကြခြင်းဖြစ်လေသည်။
“ကျုပ်မှာ အများကြီးရှိပါတယ်။ လူတိုင်း တစ်ထည်စီ ရကြမှာပါ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ယခုမူ လူတိုင်း ပို၍ အံ့အားသင့်သွားခဲ့ကြ၏။
ပစ္စည်းကလည်း အစွမ်းထက်ပြီး အများကြီးလည်း ရှိနေတယိလား။ တရားမျှတမှုကော ရှိရဲ့သေးလား။ ဥပဒေကော ရှိသေးရဲ့လား။
ရှောင်းယီသည် ဝတ်စုံခြောက်ထည်ကို ထုတ်ပေးကာ ပြောလိုက်သည်။
“အားလုံးပဲ အဝတ်အစားတစ်စုံတည်းကို ဝတ်လာရတာ ကြာပြီမဟုတ်လား။ အခုက အဝတ်လဲဖို့ အချိန်ကောင်းပဲ။”
ထိုအခါ ကျန်းယွင်ထျန်းသည် မဆိုင်းမတွပင် ထိုဝတ်စုံကို ယူကာ သူ၏ အခန်းဆီသို့ လျှောက်သွားတော့လေသည်။ ကျန်သူများလည်း အသီးသီး ယူဆောင်ကာ အခန်းထဲသို့ ဝင်သွားခဲ့ကြသည်။
မကြာမီ ရှောင်းယီ၏ ကျွန်းပေါ်တွင် သားရေဝတ်စုံဝတ်ဆင်ထားသော အာလ်ထရာမန်း လူကြီးခြောက်ယောက်နှင့် အသေးလေးတစ်ယောက် ထွက်ပေါ်လာတော့သည်။
“ဒါကြီးက နွေးလှချည်လား။”
ယွမ်နွန်က သူ၏ကိုယ်ပေါ်မှ အဝတ်ကို အံ့သြစွာ ကြည့်ရင်း ပြောလာခဲ့သည်။
“ဟုတ်တယ်။ ခုနကဝတ်တဲ့ အနွေးထည်ထက်တောင် ပိုနွေးသေးတယ်။ လှုပ်ရှားရတာလည်း ဘာအနှောင့်အယှက်မှ မဖြစ်ဘူး။”
အန်းယွဲ့ကလည်း အံ့သြတကြီး ဆိုလိုက်သည်။ ကျွင်းကျွင်းသည်မူ အာလ်ထရာမန်း တိုက်ခိုက်သည့် ဟန်ပန်များကို လုပ်ပြနေပြီဖြစ်သည်။
“လက်ဝါးကပ်တိုင် ရောင်ခြည်...ဗျူး ဗျူးဗျူး..။”
လူတိုင်း ရယ်မောမိလိုက်ကြလေသည်။ ထိုစဉ် တဝုတ်ဝုတ်ဖြင့် ဝမ်ချိုင်၏ ဟောင်သံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။
ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ ချက်ချင်း အပြင်သို့ ပြေးထွက်လိုက်သွားကြ၏။ခြံစည်းရိုးဘေးတွင် တောဝက်အကြီးတစ်ကောင်နှင့် အငယ်သုံးကောင်မှာ ခြံစည်းရိုးကို မြေလှန်တူးဆွနေကြလေသည်။ ရှောင်းယီတို့ ရောက်လာသည်ကို မြင်သောအခါ တစ်ချက်မျှ မော့ကြည့်ပြီးနောက် ဆက်လက် တူးဆွနေကြပြန်သည်။
ကျန်းယွင်ထျန်းသည် သူ၏ဓားမြှောင်ကို ဆွဲထုတ်ကာ ရှေ့သို့ တိုးရန် ပြင်သော်လည်း ရှောင်းယီက တားလိုက်သည်။
“ငါတို့မှာ အသားတွေ အလုံအလောက် ရှိပြီးသားဆိုတော့ အရှင်ဖမ်းကြရအောင်။”
ကျန်းယွင်ထျန်း ခေါင်းငြိမ့်လိုက်ပြီး စက်ရုံဂိုဒေါင်ထဲမှ အသုံးမပြုသည်မှာ ကြာပြီဖြစ်သော ငါးဖမ်းပိုက်ကို ထုတ်ယူလိုက်လေသည်။
အရင်က ရိက္ခာသေတ္တာများ ဆယ်ယူစဉ်က သူ၏ ပိုက်ပစ်သည့် နည်းပညာမှာ ပြည့်စုံကောင်းမွန်နေပြီဖြစ်သည်။ ကျန်းယွင်ထျန်းက ပိုက်ကို အားဖြင့် ပစ်လိုက်ရာ တောဝက်လေးကောင်လုံး ပိုက်ထဲသို့ ဝင်သွားတော့လေသည်။
ပိုက်ထဲ မိသွားသော တောဝက်များသည် ရူးသွပ်စွာ စတင်ရုန်းကန်ကြတော့၏။ သူတို့သည် ခြံစည်းရိုးအတွင်းမှ အစားအစာနံ့ကို ရသဖြင့် လာရောက် တိုက်ခိုက်ကြခြင်း ဖြစ်နိုင်သည်။ အခု ပိုက်ဖြင့် မိသွားပြီဖြစ်ရာ လွတ်မြောက်ရန်အတွက် ဗီဇအရ ရုန်းကန်ကြခြင်းပင်။
“ဒါကို ငါနဲ့ထားခဲ့လိုက်ပါ။ မင်းသွားပြီး ဝက်ခြံအစုတ်လေးတစ်ခုလောက် လုပ်လိုက်ဦး။ ငါတို့နေတဲ့နေရာနဲ့ နည်းနည်းဝေးဝေးမှာလုပ်လိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ။”
ကျန်းယွင်ထျန်းသည် ခြံစည်းရိုးအတွင်းသို့ အပြေးပြန်ဝင်သွားကာ အန်းယွဲ့ကို ဝက်ခြံဆောက်ရန် အကူအညီ လှမ်းခေါ်လိုက်၏။
ရှောင်းယီသည် တောဝက်လေးကောင်ကို အလွယ်တကူပင် မတင်လိုက်သည်။ ၎င်းတို့ မည်မျှပင် ရုန်းကန်စေကာမူ မလွတ်မြောက်နိုင်ပေ။
“ရိတ်သိမ်းရရှိသော အရင်းအမြစ်များ - တောဝက် ၄ ကောင်။”
“နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရိတ်သိမ်းရရှိသော အရင်းအမြစ်များ - တောဝက် ၈ ကောင်။”
ရှောင်းယီ ကိုင်ထားသည့် ငါးဖမ်းပိုက်ထဲတွင် တောဝက် လေးကောင် ရုတ်တရက် ထပ်တိုးလာခဲ့သည်။ ၎င်းမှာလည်း အကြီးတစ်ကောင်နှင့် အငယ်သုံးကောင်ပင် ဖြစ်သည်။
သူ ခဏလေး သတိမထားမိလိုက်ခင်မှာပင် ထပ်တိုးလာသော တောဝက်အကြီးက ရှောင်းယီကို ၎င်း၏ အစွယ်ဖြင့် ဝှေ့လိုက်၏။ သို့သော် ရှောင်းယီမှာ မည်သည့်နာကျင်မှုကိုမျှ မခံစားရကြောင်း အံ့သြစွာ တွေ့ရှိလိုက်ရလေသည်။
တောဝက်၏ အစွယ်မှာ ဝတ်စုံ၏ ကာကွယ်ရေးကို လုံးဝ မထိုးဖောက်နိုင်ပေ။
“ကာကွယ်ရေးစွမ်းရည်က တကယ် အံ့သြစရာပဲ။”
ရှောင်းယီက ပြုံးကာ ရေရွတ်လိုက်မိသည်။
“ရှောင်းယီ ငါတို့ ဆောက်ပြီးပြီ။ မြန်မြန် ယူလာခဲ့တော့။”
ကျန်းယွင်ထျန်းက အော်ပြောလိုက်၏။
ထို့နောက် ရှောင်းယီသည် တောဝက် ရှစ်ကောင်လုံးကို အတွင်းသို့ ဆွဲခေါ်သွားခဲ့လိုက်လေသည်။ တောဝက်များကို မြင်သောအခါ ကျန်းယွင်ထျန်း ကြောင်အမ်းသွား၏။
ခုနက လေးကောင်တည်း မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ရှစ်ကောင် ဖြစ်သွားတာလဲ။
ကြောင်တောင်တောင် ဖြစ်နေသော ကျန်းယွင်ထျန်းကို ကြည့်ကာ ရှောင်းယီက လျှို့ဝှက်ဆန်းပြားစွာ ပြုံးပြလိုက်လေသည်။
“အံ့သြသွားလား။ မမျှော်လင့်ထားဘူးမလား။”
ကျန်းယွင်ထျန်းက တကယ်ပင် ခေါင်းငြိမ့်ပြလိုက်မိသည်။ ရှောင်းယီသည် ထိုတောဝက်များကို ဝက်ခြံထဲသို့ ထည့်လိုက်ပြီး အန်းယွဲ့ကို ပြောလိုက်သည်။
“ဒီနေ့ ဦးလေး သံလှံကို ကိုင်ပြီး ဒီဘေးက စောင့်ကြည့်ထားပေးပါ။ သူတို့ ဝက်ခြံကို ဖျက်စီးဖို့ ကြိုးစားရင် ရိုက်ပစ်လိုက်။”
အန်းယွဲ့က ခေါင်းငြိမ့်ကာ သံလှံကို ကိုင်ပြီး ဝက်ခြံဘေးတွင် ထိုင်ချလိုက်တော့သည်။
ရှောင်းယီသည် ဆုဝမ်ကိုလည်း ဝက်စာအချို့ ပြင်ဆင်ခိုင်းလိုက်ပြီး ဝက်ခြံထဲသို့ ထည့်ပေးခိုင်းလိုက်၏။ ထိုတောဝက်များမှာ ချက်ချင်းပင် အလုအယက် စားသောက်ကြတော့သည်။ သူတို့ ဗိုက်မဝအောင် မစားရသည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ချေမည်။
စားသောက်ပြီးနောက် တောဝက်များသည် စတင်ဆိုးသွမ်းလာပြီး သူတို့၏ အစွယ်များဖြင့် ဝက်ခြံကို ထိုးဆွတော့၏။ အန်းယွဲ့သည် ထိုဆိုးသွမ်းသော တောဝက်များကို သံလှံဖြင့် ချက်ချင်းပင် ရိုက်နှက်လိုက်တော့သည်။
ဝက်ကလေး ခြောက်ကောင်မှာ အန်းယွဲ့၏ အဆော်ခံလိုက်ရပြီးနောက် ထပ်မလုပ်ရဲတော့သော်လည်း ဝက်အကြီး နှစ်ကောင်မှာမူ အရေခွံထူသဖြင့် နာကျင်ပုံမရပေ။
အန်းယွဲ့မှာ မတတ်သာတော့ဘဲ လှံဦးဖြင့် ထိုးလိုက်ရတော့သည်။ အနည်းငယ် အထိုးခံရပြီးနောက်မှသာ သူတို့ ငြိမ်သက်သွားကြတော့လေသည်။
ဝမ်ချိုင်သည် မနေ့ညက အလိုအလျောက်ငါးဖမ်းပိုက်ဖြင့် ရမိသော ပင်လယ်ငါးများကို အရင်က တူးထားသော ငါးကျင်းထဲသို့ စုဆောင်းထားလိုက်ပြီဖြစ်သည်။
ဝမ်ချိုင် ရိတ်သိမ်းသမျှကိုလည်း ရှောင်းယီ၏ ရိတ်သိမ်းမှုအဖြစ် စနစ်က သတ်မှတ်ထားသဖြင့် ၎င်းသည်လည်း နှစ်ဆတိုးပွားခြင်းကို ဖြစ်ပေါ်စေခဲ့သည်။
“နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ - ပင်လယ်ငါး ၂၀၀၀၀ ကီလိုဂရမ်။”
အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် ကုန်သွယ်မှု သုံးခုကို ချက်ချင်း တင်လိုက်တော့သည်။
အခန်း ၁၂၉ - နှစ်ဆ၊ နှစ်ဆ၊ အလျှံအပယ်ပဲဟေ့
“[အနွေးထည်] ၁ - [အုတ်မြစ်ကျောက်] ၁၀။
မှတ်ချက်- အင်္ကျီ ၁၀ ထည်သာ ကျန်တော့သည်။ အမြန်လာယူကြပါ။”
“[ပင်လယ်ငါး] ၅ ကီလိုဂရမ် - [အုတ်မြစ်ကျောက်] ၁။”
“[ပင်လယ်ငါး]၂.၅ ကီလိုဂရမ် - [သတ္တုအပိုင်းအစ] ၁ ။”
သူသည် လူတိုင်းအတွက် အမွှေးအနွေးထည် တစ်ထည်စီသာ ချန်ထားလိုက်၏။ ကိုယ်ကျပ်ဝတ်စုံများ ရှိနေပြီဖြစ်ရာ အနွေးထည်များကို ရံဖန်ရံခါမှသာ လိုအပ်တော့မည်ဖြစ်သည်။
ပြီးခဲ့သည့်အပတ် ကုန်ဆုံးပြီးနောက် သူတို့သည် အခြားနယ်မြေတစ်ခုနှင့် ပေါင်းစည်းခဲ့၏။ ရှောင်းယီသည် သတ္တုအပိုင်းအစများကို စုဆောင်းနေခဲ့သော်လည်း အတင်းအကျပ်တော့ မလုပ်ခဲ့ပေ။
ယခုတစ်ကြိမ်တွင်မူ ရှောင်းယီသည် သတ္တုအပိုင်းအစတစ်ခုအတွက် ကမ်းလှမ်းမှုကို ပင်လယ်ငါး ၁ ကီလိုဂရမ်မှ ၂.၅ ကီလိုဂရမ်အထိ မြှင့်တင်လိုက်ပြီး လူသစ်များထံမှ နောက်ဆုံးလက်ကျန်အပိုင်းအစများအထိ ညှစ်ထုတ်ရန် ဆုံးဖြတ်လိုက်လေသည်။
ကုန်သွယ်မှုများ တင်သွင်းပြီးနောက် ရှောင်းယီ တိုက်ခန်းထဲမှ ထွက်လာခဲ့လိုက်တော့သည်။
“ကောက်ပဲသီးနှံတွေ ရိတ်သိမ်းရမယ့် အချိန်ပဲ။”
ယွမ်နွန်သည် စိုက်ခင်းထဲ၌ သူ့ကို စောင့်ဆိုင်းနေပြီဖြစ်ရာ ရှောင်းယီသည်လည်း ချက်ချင်းပင် ရိတ်သိမ်းလိုက်တော့သည်။
“နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ - ဆန် ၂၀၀ ကီလိုဂရမ်။”
“နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်း - သခွားသီး ၁၀ ကီလိုဂရမ်။”
“နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်း - ...”
ယွမ်နွန်သည် မျက်လုံးပြူးကာ ကြည့်နေမိ၏။ စိုက်ခင်းတစ်ခုချင်းစီက ဘယ်လောက်ထွက်သင့်သည်ကို သူ အတိအကျသိပေသည်။
သို့သော် ရှောင်းယီ၏ ခြင်းတောင်းများမှာမူ တရိပ်ရိပ်နှင့် လျှံတက်နေခဲ့၏။
“ဒါကြောင့်လည်း သူ ဒီလောက်မြန်မြန် ကြီးထွားလာတာနေမှာ။”
ယွမ်နွန် ထိုသို့တွေးလိုက်မိသော်လည်း ဘာမှတော့ မမေးမြန်းခဲ့ပေ။ တစ်ခါတစ်ရံတွင် မသိချင်ယောင်ဆောင်နေခြင်းက ပို၍ လိမ္မာပါးနပ်ရာရောက်ပေသည်။ ရိတ်သိမ်းပြီးသောအခါ ရှောင်းယီက ပြောလိုက်သည်။
“အပြင်မှာ ထပ်စိုက်ဖို့က အရမ်းအေးလွန်းနေပြီ။ မျိုးစေ့တွေကို သိမ်းထားလိုက်ပါ။ ဖန်လုံအိမ်နဲ့ မိုးကာအိမ်ထဲမှာပဲ စိုက်ပျိုးတော့မယ်။”
ယွမ်နွန်က ခေါင်းငြိမ့်ပြလိုက်သည်။
“မှန်တယ်။ ဒီတစ်ခေါက် ရိတ်သိမ်းတာတောင် ကံကောင်းလို့ မသေတာ။ အရမ်းအေးတာပဲ။”
“တိရစ္ဆာန်အစာတွေ ပိုစုထားဖို့လည်း မမေ့နဲ့ဦး။ နွားတွေနဲ့ ကြက်ခြံတွေအတွက်လည်း အစာမပြတ်စေနဲ့။”
ရှောင်းယီက သတိပေးလိုက်သည်။
“အခု စုဆောင်းနေပါပြီ။”
ယွမ်နွန်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။”
ထို့နောက် ရှောင်းယီသည် သူ၏ ထန်ဓားကို သွားယူကာ ယွမ်နွန်၊ အန်းရန်နှင့် ဆုဝမ်တို့ကို ခေါ်၍ တောအုပ်ထဲ၌ အစားအစာ ထပ်မံရှာဖွေရန် ထွက်လာခဲ့လိုက်၏။
အရာအားလုံးက နှစ်ဆရနေတာပဲဆိုတော့ ကောင်းတဲ့အရာတွေ အများကြီးရှိတာကလည်း ဆိုးတော့မဆိုးပါဘူး။
ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် အုတ်မြစ်ကျောက်ကို တိုက်ခိုက်နေသော ပင်လယ်ကဏန်းတစ်ကောင်နှင့် ရင်ဆိုင်နေရ၏။
ကဏန်းသည် ၎င်း၏ လက်မများဖြင့် တိုက်ခိုက်နေပြီး ကျန်းယွက်ထျန်းက သံလှံဖြင့် ပြန်လည်ထိုးနှက်နေခဲ့သည်။
“သူ့အခွံက ဘာလို့ ဒီလောက်တောင် မာနေရတာလဲ။”
တစ်ချက်ထိုးလိုက်တိုင်း ကဏန်းကို ရေထဲသို့ ပို၍ နက်ရှိုင်းစွာ တွန်းပို့သလိုသာ ဖြစ်နေပြီး အစင်းရာလေးပင် မထင်ကျန်ရစ်ခဲ့ချေ။
ထိုအခိုက်၌ သူက လှံကို ပြန်ရုတ်ရန် ကြိုးစားစဉ် ကဏန်းက လှံဦးကို ညှပ်ထားလိုက်လေသည်။
ကျန်းယွင်ထျန်းက အားဖြင့် ဆောင့်ဆွဲလိုက်ရာ တိုက်ခိုက်သူကို ကမ်းပေါ်သို့ လွှင့်တင်လိုက်သလို ဖြစ်သွားခဲ့၏။
“သိပ်ကောင်းတယ်။”
သူ အော်ဟစ်လိုက်သည်။ ရေထဲတွင်ရှိနေခြင်းက ကဏန်း၏ နယ်မြေဖြစ်သော်လည်း ကုန်းပေါ်တွင်မူ ကျန်းယွင်ထျန်းကသာ အသာစီးရပေလိမ့်မည်။
သူ လှံကို တစ်ချက်ခါလိုက်ရာ ကဏန်းမှာ လှံပေါ်မှ ပြုတ်ကျသွားတော့သည်။ ၎င်းသည် သဲသောင်ပေါ်သို့ ကျသွားပြီးနောက် ပင်လယ်ဘက်သို့ အသည်းအသန် ပြန်ပြေးရန် ကြိုးစားတော့လေသည်။
ကျန်းယွင်ထျန်းက လှံဖြင့် ဝှေ့ယမ်းကာ ၎င်းကို ဒီရေနှင့် ဝေးရာသို့ ပြန်လည် ပို့ဆောင်လိုက်သည်။
ပက်လက်လန်သွားသော်လည်း ကဏန်းသည် လျင်မြန်စွာ ပြန်ထကာ ခဏရပ်တန့်လိုက်ပြီးနောက် သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။
အကျယ် တစ်ဝက်မီတာခန့် ရှိသဖြင့် ၎င်းသည် အလွန်ကြီးမားသော အမျိုးအစား မဟုတ်ပေ။ ကျန်းယွင်ထျန်း၏ လက်ထဲတွင်လည်း သံလှံရှိနေသဖြင့် သူ ကြောက်ရွံ့ခြင်း မရှိပေ။
သူသည် ၎င်း၏ အရှိန်ကို စောင့်ကြည့်ကာ လှံကို အားဖြင့် ထိုးချလိုက်တော့သည်။
နောက်ဆုံးစက္ကန့်တွင် ကဏန်းသည် ဘေးသို့ ရှောင်တိမ်းလိုက်သဖြင့် လှံမှာ မြေကြီးကိုသာ ထိမှန်သွားခဲ့၏။
သူ အနေအထား ပြန်မပြင်နိုင်ခင်မှာပင် လက်မတစ်ဖက်က လှံရိုးကို ညှပ်ထားလိုက်ပြီဖြစ်သည်။
ဖြောင်း
လှံရိုးမှာ ဖြောင်းခနဲ ကျိုးထွက်သွားခဲ့၏။
ကျန်းယွင်ထျန်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။
ဒီလက်မတွေက ဒီလောက်တောင် အားပါတာလား။
“ဒါ သာမန်ကဏန်း မဟုတ်ဘူး။”
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒါကြောင့်မို့လည်း သူ့ကို အပြတ်ပရှင်းပစ်ရမယ်။”
သူသည် ကျိုးသွားသော လှံကို လွှင့်ပစ်လိုက်ကာ ဓားမြှောင်ကို ဆွဲထုတ်ပြီး အနီးကပ် ချဉ်းကပ်လိုက်၏။ကဏန်းသည်လည်း မကြောက်မရွံ့ဘဲ ဆက်လက် တိုက်ခိုက်လာခဲ့သည်။
ချလွမ်း!
လက်မနှင့် ဓားမြှောင် ထိတွေ့မိသောအခါ သတ္တုချင်း ရိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော် သူ အံ့အားသင့်သွားခဲ့သည်မှာ သူ၏ B အဆင့် ဓားမြှောင်သည်ပင် ကဏန်းခွံကို မထိုးဖောက်နိုင်ခြင်း ဖြစ်သည်။ အခြားလက်မတစ်ဖက်ကမူ သူ၏ လွတ်နေသော လက်မောင်းကို ညှပ်မိသွားခဲ့၏။
၎င်းသည် ချေမှုန်းနိုင်သည့် ခွန်အားဖြင့် ညှစ်ချလိုက်သော်လည်း ကျန်းယွင်ထျန်းမှာ အနည်းငယ် ဖိအားပေးခံရသလိုသာ ခံစားလိုက်ရသည်။
လှံရိုးကို တိခနဲ ကျိုးသွားစေခဲ့သည့် အားမျိုးနှင့် လုံးဝ မတူပေ။
“ဒါက ကိုယ်ကျုပ်ဝတ်စုံရဲ့ ကာကွယ်ရေးကြောင့်ပဲ ဖြစ်ရမယ်။”
သူ သတိပြုမိသွားကာ မျက်လုံးများ တောက်ပလာခဲ့သည်။ ရှောင်းယီ၏ ဝတ်စုံကို ကျေးဇူးတင်ရပေလိမ့်မည်။ ၎င်းသာ မရှိလျှင် သူ နောက်တစ်ကြိမ် ဒဏ်ရာရဦးမည်ဖြစ်သည်။
ထို့နောက် သူသည် အထဲသို့ တိုးဝင်ကာ ဓားကို အပျော့ပျောင်းဆုံးနေရာဖြစ်သော ဝမ်းဗိုက်ဆီသို့ ဦးတည်လိုက်၏။ ၎င်းမှာ အကောင်းဆုံး အားနည်းချက်ပင် ဖြစ်သည်။
ထိုအချိန်တွင် ကဏန်းသည် အန္တရာယ်ကို သတိပြုမိသွားပုံရပြီး ရုန်းကန်သော်လည်း ၎င်း၏ လက်မများသည် ဝတ်စုံကို မထိုးဖောက်နိုင်ပေ။
စွပ်
ဓားမှာ အခွံအောက်သို့ လျှောဝင်သွား၏။ ကျန်းယွင်ထျန်း ဓားကို လှည့်လိုက်ရာ ဒဏ်ရာမှာ ပို၍ပင် ကြီးမားသွားတော့သည်။
နောက်ဆုံး တစ်ချက် တွန်းထုတ်လိုက်သောအခါ ကဏန်းက သူ့ကို နောက်သို့ လွှင့်ပစ်လိုက်သဖြင့် သူသည် သဲသောင်ပေါ်တွင် ပုံလျက်သား ပြုတ်ကျသွားခဲ့ရလေသည်။
ထိုသတ္တဝါသည် ခဏမျှ တွန့်လိမ်နေပြီးနောက် ငြိမ်သက်သွားတော့သည်။
“ကြေးစားစစ်သားဟောင်းတစ်ယောက် ဖြစ်ပြီး ကဏန်းတစ်ကောင်ကိုတောင် ခက်ခက်ခဲခဲ တိုက်နေရတယ်။ ဒီကမ္ဘာကြီးကတော့ တကယ်ကို ရူးချင်စရာပဲ။”
သူက အမောတကောဖြင့် ပြောလိုက်မိ၏။ သူ ဝတ်စုံကို စစ်ဆေးကြည့်လိုက်ရာ မည်သည့်ပွန်းရာ၊ ပြဲရာမှ မရှိပေ။
“ဒီလို ဝတ်စုံမျိုးသာရှိရင် ငါ စိတ်အေးအေးထားလို့ ရပြီ။”
သူက ထိုသို့ဆိုကာ ကဏန်းကို မ၍ တိုက်ခန်းဆီသို့ ယူဆောင်လာခဲ့သည်။
B အဆင့် ကဏန်းဆိုတော့ ပေါင်းစားလိုက်ရင် အရသာ ရှိမှာပဲ။
ကျားသားနှင့် ဝက်ဝံသားများကိုသာ စားနေရသောကြောင့် ပင်လယ်စာအကြောင်း တွေးမိရုံနှင့်တင် သူ သွားရည်ကျလာခဲ့၏။
“တောထဲ ထပ်သွားကြတာလား။”
သူက မေးလိုက်သည်။ အကြောင်းမှာ အန်းယွဲ့ တစ်ယောက်သာ ခြံတံခါးဘေးတွင် တောဝက်များအား ထိန်းကျောင်းနေသည်ကို တွေ့ရသောကြောင့်ပင်။
“ဟုတ်တယ်။ ကျွင်းကျွင်းတောင် လိုက်သွားတယ်။ ဝတ်စုံတွေ ဝတ်ထားရင် သူတို့ ဘေးကင်းတယ်လို့ ရှောင်းယီက ပြောထားတယ်။”
အန်းယွဲ့က ဆိုးသွမ်းနေသော ဝက်တစ်ကောင်ကို လှံဖြင့် ထိုးရင်း ပြန်ဖြေလိုက်၏။ ကျန်းယွင်ထျန်း ခေါင်းညိတ်လိုက်သည်။ ဤဝတ်စုံများနှင့် ရှောင်းယီသာ ရှိနေလျှင် သူတို့ ဘာမှ စိုးရိမ်စရာ မလိုတော့ပေ။
တောနက်ပိုင်း၌ ရှောင်းယီသည် စားနိုင်သမျှ အရာအားလုံးကို သိမ်းကျုံးယူနေ၏။
ဆီးသီး၊ ကီဝီသီး၊ အက်ပရီကော့သီး၊ သစ်အယ်သီး၊ ကျွဲကောသီး...မကုန်နိုင်သော ရိတ်သိမ်းမှုကြီးပင်။
သူ့နောက်မှ အန်းရန်နှင့် ဆုဝမ်တို့မှာလာ်း အံ့ဖွယ်အရာတစ်ခုကို မြင်လိုက်ကြရသည်။ ၎င်းမှာ ဆီးသီးတစ်လုံး ခူးလိုက်သော်လည်း ခြင်းတောင်းထဲတွင် နှစ်လုံး ဖြစ်သွားခဲ့ခြင်းပင်။
ယွမ်နွန်၏ ထင်မြင်ချက်မှာလည်း ပိုမို ခိုင်မာလာခဲ့သည်။ ရှောင်ယီသည် သူ ရိတ်သိမ်းသမျှ အရာအားလုံးကို နှစ်ဆ ဖြစ်စေနိုင်၏။
ဤသည်မှာ ယုတ္တိမရှိသော်လည်း ငြင်းပယ်၍မရသော အချက်ပင်။
အမျိုးသမီးနှစ်ဦးသည်လည်း ထိုအရာကို သတိပြုမိခဲ့ကြသော်လည်း သူတို့သည် တိတ်ဆိတ်စွာဖြင့် ဘာမှမပြောဘဲ ရရှိသမျှ အသီးအနှံများကိုသာ ပြန်လည် သယ်ဆောင်ပေးနေခဲ့ကြသည်။
နေဝင်ချိန်လာရောက်သောအခါ သူတို့သည် တောအုပ်တစ်ခုလုံးရှိ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို အကုန် ရိတ်သိမ်းပြီးသွားပြီဖြစ်သည်။
ရှောင်းယီ၏ နှစ်ဆတိုးပွားခြင်း အကျိုးသက်ရောက်မှုကြောင့် ဂိုဒေါင်နှစ်လုံးစလုံးမှာ လျှံထွက်လုနီးပါးပင် ဖြစ်သွားတော့လေသည်။