← Chapters

တိကျန်ဗောဓိသကျ၏ကျင့်စဉ်လမ်း

Vol. 6 Ch. 536

တိကျန်ဗောဓိသကျ၏ကျင့်စဉ်လမ်း

Vol. 6 Ch. 536

ထျန်းယီသည် ဆန်းလျန်ကို ပြန်ပြီး စိုက်ကြည့်နေလေသည်။

အတန်ကြာပြီးမှ...

"ခင်ဗျားမေးမယ့် မေးခွန်းက သိပ်ခက်တဲ့ မေးခွန်းတစ်ခုဆိုတာ ကျုပ်သိပါတယ်၊ ကျုပ်ဖြေနိုင်တဲ့ အရာဆိုရင် ဖြေပါ့မယ်”

"ကျေးဇူးပါပဲ..."

ဆန်းလျန်က တိုးလျသည့် အသံဖြင့် ပြောလိုက်သည်။

ထျန်းယီက ခေါင်းတစ်ချက် ခါယမ်းလိုက်ပြီး...

"ရပါတယ်ဗျာ...."

"တာ့ရှားပြည်ကို ယင်းစန်းနဲ့ အစားထိုးတဲ့ ကိစ္စဟာ အတိတ်ကလည်း ဖြစ်ပျက်ခဲ့ပြီးပြီ မဟုတ်လား၊ ဘာလို့ နောက်တစ်ကြိမ် ထပ်ဖြစ်ရတာလဲ၊ အသူရာချောက်မှာ ဘာတွေ ဖြစ်နေတာလဲ၊ ခင်ဗျားကျိန်းသေ သိမှာပါ၊ ဒါကြောင့် ကျုပ်ကို ပြောပြနိုင်မလား"

နောက်ဆုံးတော့ ဆန်းလျန်က သူမေးချင်သည့် မေးခွန်းကို မေးလိုက် လေတော့သည်။

အခြားသူများဆိုလျှင် ဆန်းလျန်မေးသည့် မေးခွန်းကြောင့် စိတ်ရှုပ်ထွေး သွားမည် ဖြစ်လေသည်။

သို့သော် ထျန်းယီက ထိုမေးခွန်းကြောင့် အမူအရာ ပြောင်းလဲသွားခြင်း မရှိပါ။ သူက ဆန်းလျန် ထိုမေးခွန်းမေးမည်ကို ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်လေသည်။

သူက သက်ပြင်း တစ်ချက်ချလိုက်ရင်း....

"ကြည့်ရတာ... ခင်ဗျားက ကျုပ်တို့နဲ့ မတူတဲ့ လူတစ်ယောက်ပဲ၊ ဟိုးအရင်တုန်းက ယင်းစန်းဟာ တာ့ရှားပြည်နေရာမှာ အစားထိုးခဲ့ဖူးတယ် ဆိုတာ အမှန်ပါပဲ၊ ဒါပေမဲ့ ဒုတိယအကြိမ် မဖြစ်ဘူးလို့တော့ ပြောလို့မရဘူးလေ"

အမှန်တော့ ဆန်းလျန်က ထိုမေးခွန်းကို မေးလိုက်သော်လည်း ရေရေရာရာ မရှိပါ။

တာ့ရှားပြည်၊ ယင်းစန်းဒေသ၊ ဝမ်ကျုန်း၊ ဝူတင်နှင့် ထျန်းယီတို့မှာ သူသိခဲ့သည့် တရုတ် သမိုင်းထဲမှ အကြောင်းအရာများ၊ လူများ ဖြစ်နေသောကြောင့် ရမ်းသန်း မှန်းသန်းဖြင့် မေးလိုက်မိခြင်း ဖြစ်လေသည်။

သို့သော် ဆန်းလျန် ယခု ရင်ဆိုင်နေရသည့် အဖြစ်အပျက်များက တရုတ်သမိုင်းထဲမှ အဖြစ်အပျက် များနှင့်လည်း ထပ်တူထပ်မျှ တူညီနေခြင်းမရှိပေ။ သဲလွန်စများ၊ သံသယများဖြင့် ပြည့်နှက်နေလေသည်။

ထို့ကြောင့် ဆန်းလျန်မှာ သူက အချိန်နှင့် နေရာတစ်ခုခုကို ဖြတ်ကျော် လာမိခြင်းလေလား။

သို့မဟုတ် သူရောက်ရှိနေသည့် နေရာသည် တရုတ်ရှေးဟောင်း သမိုင်းထဲမှ ကိစ္စရပ်များနှင့် တူညီနေသည့် အခြားသော စကြဝဠာ တစ်ခုသို့ ရောက်ရှိနေခဲ့ခြင်း လေလား။

သို့မဟုတ်.... သူကိုယ်တိုင် သမိုင်းထဲသို့ ပြန်လည် ရောက်ရှိနေခြင်းလား…. စသည်ဖြင့် ဝေခွဲမရ ဖြစ်နေခဲ့ရလေသည်။

သို့သော် ထျန်းယီ၏ အဖြေစကားကို ကြားလိုက်ရသည်နှင့် သူသည် အချိန်နှင့်နေရာကို ဖြတ်ကျော် သွားခြင်းလည်း မရှိသလို အခြားသော စကြဝဠာ တစ်ခုသို့ ရောက်ရှိနေခြင်းလည်း မဟုတ်ကြောင်း နားလည် သွားရလေသည်။

ဆန်းလျန်က…

“ဒါဆို လျှို့ဝှက်ချက် တစ်ခုခုတော့ ရှိရမယ် ထင်တယ်၊ ကျုပ်ကို ပြောပြနိုင်မလား”

ထျန်းယွီသည် ရုတ်တရက် နာကျင်မှု ဝေဒနာတစ်ခုကို ခံစားလိုက်ရသည့် အလား မျက်နှာ တစ်ခုလုံး ရှုံ့မဲ့ သွားလေသည်။

နောက်ဆုံးတော့ သူက သက်ပြင်း တစ်ချက်ချလိုက်ရင်း…

“ကျုပ်သိပေမယ့် ပြောပြလို့ မဖြစ်ဘူး”

ထျန်းယီ၏ နာကျင်မှု ဝေဒနာသည် အနည်းငယ် သက်သာသွားပုံရပြီး သူက စကားဆက်ပြော လိုက်လေသည်။

“ခင်ဗျား အမှန်တရားကို ဒီနေ့မှာသိသွားလည်း အသုံးဝင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ခင်ဗျား ထိုက်ယီထျန်းရှန်း အဆင့်ကို တက်လှမ်းနိုင်မယ် ဆိုရင်တော့ အဲဒီ အကြောင်းအရာတွေကို အလိုလို သိသွားလိမ့်မယ်၊ အဲဒီအခါကျတော့ ခင်ဗျားဟာ ကံကြမ္မာ အတိုင်း မွေးဖွားလာတဲ့ သူဆိုတာကို သက်သေပြရာလည်း ရောက်လိမ့်မယ်”

“ကျုပ်ကို ကံကြမ္မာအတိုင်း မွေးဖွားလာတဲ့ သူလို့ အခေါ်ခံရတာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး၊ ဒါပေမဲ့ ခင်ဗျားကရော တိကျန်ဗောဓိသကျ ဟောကိန်း ထုတ်ခဲ့တာကို ယုံကြည်သလား”

ထျန်းယီသည် ပြန်လည် တည်ငြိမ်စ ပြုလာပြီ ဖြစ်လေသည်။

“တိကျန်ဗောဓိသကျရဲ့ ဟောကိန်းက ခန့်မှန်းတာ မဟုတ်ဘူး၊ အဲဒါက ဖြစ်ကို ဖြစ်လာရမယ့် အရာပါ၊ တိကျန် ဗောဓိသကျဟာ မဟာသကျ အဆင့်ကို ရောက်ရှိတဲ့အထိ ကျင့်ကြံနိုင်ခဲ့တဲ့ ဗောဓိသကျ တစ်ပါးပဲ ဖြစ်တယ်၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဆိုတဲ့ လောကသုံးခုကို သူက အောင်နိုင်သူ တစ်ယောက်ပဲ၊ ဒါကြောင့် သူ့ရဲ့အဆင့်ဟာ ဗုဒ္ဓ ဒါမှမဟုတ် တာအိုဆရာ သခင်ကြီးတို့ နီးပါး မြင့်မားလွန်းတယ်၊ ဒါကြောင့် တိကျန်ဗောဓိသကျက အနာဂတ်ကို မြင်ခဲ့တယ်ဆိုရင် အဲဒီအနာဂတ်ဟာ အစစ်အမှန်ပါပဲ”

“တိကျန်ဗောဓိသကျက ဒီအသူရာ ချောက်မှာ ကျင့်ကြံခဲ့တာလား”

ဆန်းလျန်က မေးခွန်းထုတ်လိုက်သည်။

ထျန်းယီက…

“အမှန်ပါပဲ၊ ခင်ဗျားက အခု ထိုက်ယီထျန်းရှန်း အဆင့်ကို မရောက်သေးဘူး၊ ဒါပေမဲ့ ထိုက်ယီထျန်းရှန်း အဆင့်ကို ရောက်သွားပြီဆိုတာနဲ့ လေကကို လမ်းဖွင့်ပေးပြီး သတ္တဝါတွေကို ဖန်ဆင်းနိုင်တဲ့ ဖန်ဆင်းရှင်နီးပါး ဖြစ်သွားနိုင်တယ်၊ ဒါပေမဲ့ အဲဒီလို ကျင့်ကြံနိုင်ဖို့အတွက် နေရာတစ်ခု အရင်ဆုံး လိုအပ်တယ်၊ အကန့်အသတ်မရှိ စကြဝဠာထဲမှာ ကမ္ဘာငယ်လေး တွေရှိတယ်၊ ဘယ်လို ကမ္ဘာငယ်လေးတွေလည်း ဆိုရင်… ဥပမာပြောရရင် ရှေးနတ်ဘုရားတွေ တရားအလင်း ရသွားတဲ့ နေရာမျိုး၊ ကောင်းကင်ဘုံ နန်းတော်လို နေရာမျိုးတွေပေါ့၊ အဲဒီ နေရာတွေထဲမှာ ကျင့်ကြံ အောင်မြင်သွားရင် ကိုယ်ကျင့်ကြံ အောင်မြင်ခဲ့တဲ့ ကမ္ဘာငယ်မှာတော့ ကိုယ်ဟာ အမြင့်ဆုံး နတ်ဘုရားပါပဲ၊ ကမ္ဘာငယ်တွေ အမျိုးမျိုး ကွဲပြားသလို နတ်ဘုရားတွေဟာလည်း အမျိုးမျိုး ပေါ်ထွက်လာလေ့ ရှိတယ်”

ဆန်းလျန်က…

“လူတွေရဲ့ ဆုတောင်းမှုတွေကို မှီခိုပြီး ဖြစ်တည်လာတဲ့ နတ်ဘုရားတွေ ရှိတယ်၊ အခုကတော့ နေရာကိုမီပြီး ဖြစ်တည် လာတဲ့ နတ်ဘုရားမျိုးပေါ့၊ ဒါက လှည်စားမှု တစ်ခုတော့ မဟုတ်ပေမယ့် နေရာကို မှီခိုနေမှတော့ နတ်ဘုရား တစ်ပါးဖြစ်ရတာ ဘယ်လွတ်လပ် တော့မှာလဲ၊  အချိန်မရွေး အရာအားလုံးကို ဆုံးရှုံး သွားနိုင်တယ်”

ထျန်းယီက…

“အမှန်ပါပဲ၊ ကိုယ်ကျင့်ကြံ အောင်မြင်တဲ့ လောကမှာတော့ ဆရာတစ်ဆူ ဖြစ်နေပေမယ့် ကိုယ်မလုပ်နိုင်တဲ့ အရာတွေလည်း အများကြီး ရှိပါတယ်၊ ဥပမာ အချိန်ကို နောက်ပြန် လှည့်တာမျိုးပေါ့”

ဆန်းလျန်က…

“ဒါမျိုးက တာအို ဆရာသခင်ကြီး ဒါမှမဟုတ် ဗုဒ္ဓကပဲ လုပ်နိုင်တဲ့ အရာတွေ မဟုတ်ဘူးလား၊ ထိုက်ယီ ထျန်းရှန်း အဆင့်ဆိုတာ သူတို့နဲ့ယှဉ်လိုက်ရင် အဝေးကြီး လိုသေးတယ်လေ”

“ဗုဒ္ဓနဲ့ တာအို ဆရာသခင်ကြီးတို့ ဆိုတာက အတိတ်၊ အနာဂတ်နဲ့ ပစ္စုပ္ပန် လောကသုံးပါးကို အောင်နိုင်သူတွေ ဖြစ်ကြတယ်၊ ဒါပေမဲ့ သူတို့ဟာ သံသရာ စက်ဝန်းကလည်း လွတ်မြောက် နေကြတဲ့သူတွေပဲ၊ ဘယ်အရာကိုမှ မတွယ်တာတော့ဘူး၊ သူတို့တွေဟာ ကျုပ်တို့ စိတ်တောင် ကူးကြည့်လို့ မရလောက်အောင် မြင့်မားတဲ့ အဆင့်တွေပါပဲ၊ ဒါပေမဲ့ သူတို့ရဲ့ တန်ခိုး စွမ်းအားတွေကို အတုယူလို့ ရပါတယ်၊ ဥပမာ ပြောရရင် အတိတ်ကရုပ်ခန္ဓာနဲ့ အနာဂတ် ရုပ်ခန္ဓာ ပေါင်းစည်း သွားတာမျိုးပေါ့၊ တိကျန်ဗောဓိသကျဟာ အဲဒီလို အဆင့်မျိုးအထိ ရောက်ခဲ့တယ်လို့ ပြောလို့ရ တယ်၊ ဒါပေမဲ့ သူအဲဒီလိုလုပ်လို့ ရတာက သူကျင့်ကြံအောင်မြင်ခဲ့တဲ့ အသူရာ ချောက်ဆိုတဲ့ နေရာမှာပဲ လုပ်လို့ရတာပါ”

ထျန်းယီက သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်လေသည်။

ဆန်းလျန်က တစ်ချက်မျှ စဉ်းစားလိုက်ပြီး…

“ကျုပ်အခု နားလည်ပါပြီ၊ တိကျန်ဗောဓိသကျက ဗုဒ္ဓနဲ့ တာအိုဆရာသခင်ကြီးတွေလို စွမ်းအားမျိုးကို ရရှိဖို့ အသူရာချောက်မှာ လာပြီး ကျင့်ကြံမှု ပြုလုပ်ခဲ့တယ်၊ သူက ကျင့်ကြံ အောင်မြင်ခဲ့ပြီး အသူရာချောက်ရဲ့ အတိတ်၊ အနာဂတ်၊ ပစ္စပ္ပန်ကို သိမြင်သူ တစ်ယောက် ဖြစ်လာခဲ့တယ်ပေါ့၊ သူဟာ ရှေ့ဆက် ကျင့်ကြံမယ်ဆိုရင် တစ်ချိန်မှာ ဗုဒ္ဓ ဒါမှမဟုတ် တာအိုဆရာ သခင်ကြီးတောင် ဖြစ်သွားနိုင်မှာပဲ”

ထျန်းယီက…

“အမှန်ပါပဲ၊ သူက အခုဆိုရင် သံသရာကတောာင် လွတ်မြောက် သွားလောက်ပြီ…၊ ကဲ… ခင်ဗျားအခု အကုန်နားလည်သွားပြီမဟုတ်လား”

ဆန်းလျန်က…

“နားလည်သွားပါပြီ၊ ဒါပေမဲ့ ကျုပ်က သူဟောကိန်း ထုတ်ခဲ့တဲ့လူ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့”

“ခင်ဗျားက ဖြစ်နိုင်ခြေ အရှိဆုံး လူပါပဲ၊ အသူရာချောက်ရဲ့ အရှင်သခင်ဆိုတာ အသူရာချောက်က လူတစ်ယောက် မဟုတ်ပါဘူး၊ ပြီးတော့ သွေးနီရောင် ပင်လယ် တစ်ဖက်ကမ်းမှာ ပန်းတွေပွင့်ခဲ့တာလည်း အဲဒီလူအတွက်ပါပဲ”

ထျန်းယီက ပြောလိုက်ပြီး ဆန်းလျန်ကို တစ်ချက်စိုက်ကြည့်လိုက်လေသည်။

ထျန်းယီ၏စကားလုံးများထဲတွင် ကူရာကယ်ရာ မဲ့နေသည်ကို ဆန်းလျန် ခံစားမိလေသည်။

ထျန်းယီအနေဖြင့် ကံတရားကို လွန်ဆန်ရန် ဆန္ဒမရှိပေ။ ကံတရားဆိုသည်က မည်မျှပင် ပြောင်းလဲရန် ကြိုးစားပါစေ အစမှအဆုံး ဇာတ်လမ်း တစ်ခုလုံးကို ကြိုတင် စီစဉ်ထားပြီးသား ဖြစ်လေသည်။ မည်သူကမှ ကံတရားကို ပြောင်းလဲ ပစ်နိုင်မည် မဟုတ်ပေ။

ဆန်းလျန်သည် သူသိရှိလိုက်ရသည့်အရာများအတွက် ဝမ်းသာ ပျော်ရွှင်ခြင်း မဖြစ်မိဘဲ စိတ်မကောင်း ဖြစ်နေမိလေသည်။ သူက ကံကြမ္မာ အတိုင်း မွေးဖွားလာခဲ့သူ တစ်ယောက် ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့သော် အနာဂတ်တွင် သူသည် ကံကြမ္မာအတိုင်း မွေးဖွားလာသူ မဟုတ်တော့လျှင် မည်သို့ ဖြစ်မည်နည်း။ ကောင်းကင်ဘုံ နန်းတော်ကဲ့သို့ နေရာတစ်ခုကို အမီပြုပြီးမှ ရရှိလာသည့် တန်ခိုးစွမ်းအားသည် အချိန်မရွေး ပျက်စီး သွားနိုင်လေသည်။

ဆန်းလျန်က စဉ်းစားနေရင်းမှ စကားတစ်ခွန်း ပြောလိုက်သည်။

“နောက်တစ်ကြိမ် ကျုပ်တို့ ပြန်ဆုံဖြစ်ကြရင် ခင်ဗျားကို ရှားထိုက် အကျဉ်းထောင်မှာ ပြန်မတွေ့ရဖို့ မျှော်လင့်မိပါတယ် ဗျာ”

ထျန်းယီက ရယ်မောလိုက်ပြီး စကားတစ်လုံးမှ ပြန်မပြောတော့ပါ။

ထျန်းယီရှေ့မှ ဆန်းလျန်၏ ပုံရိပ်သည် လေထဲတွင် တစ်စစီ လွင့်မျောကာ ပျောက်ကွယ် သွားလေသည်။

အရှေ့ရေကန်ဆီမှ တိုက်ပွဲကတော့  အပြင်းထန်ဆုံး အဆင့်သို့ ရောက်နေပြီ ဖြစ်လေသည်။

ထျန်းယီ အကြီးအကဲ၏ တန်ခိုးစွမ်းအားများသည် ကောင်းကင် ကိုးထပ်နှင့် ပေါင်းစပ်သွားပြီး ဝူတင်၏ ကျောပြင်ထက် တွင်ပျံလွှားငှက်၏ အတောင်ပံ တစ်စုံ ပုံသဏ္ဌာန်ကို ရေးဆွဲခဲ့လေသည်။

ဝူတင်၏ ပခုံးရိုးနှစ်ဖက်ဆီမှ အတောင်ပံတစ်စုံ ထိုးဖောက် ထွက်လာလေသည်။

“တာ့စန်းပြည်ကို မွေးဖွားရန် အတွက် မိုးကောင်းကင်မှ အမိန့်တော် ဖြစ်သည့် ပျံလွှားငှက် တစ်ကောင်သည် ဆင်းသက်လာခဲ့ လေပြီ…”

ဒဏ္ဍာရီထဲမှ တာ့စန်းမင်းဆက်၏ ပထမဆုံးသော ဧကရာဇ်သည် မွေးဖွား ဖြစ်တည်လာခဲ့ပြီ ဖြစ်လေသည်။

တာ့စန်းမင်းဆက်၏ ပထမဆုံးဧကရာဇ်သည် ပျံလွှားငှက် တစ်ကောင်၏ တန်ခိုးစွမ်းအားကို ပိုင်ဆိုင်သည်ဟု ပြောစမှတ် ရှိကြလေသည်။ ပျံလွှားငှက်ဆိုသည်မှာ နဂါးနှင့် ဇာမဏီများကဲ့သို့ ရှေးကျသည့် ဝိညာဉ်စွမ်းအား သတ္တဝါတစ်မျိုးဖြစ်လေသည်။ သို့သော် ပျံလွှားငှက်သည် တာ့ရှားပြည်နှင့် သက်ဆိုင်ခြင်း မရှိပါ။

ဝူတင်သည် လူသားနှင့် နတ်ဘုရားများ ပေါင်းစည်းသွားသည့် နိယာမတစ်ခုကို နားလည် သွားခဲ့လေသည်။ သူသည် ဘိုးဘေးများဆီမှ ပျံလွှားငှက်၏ တန်ခိုးစွမ်းအားကို ဆင့်ခေါ်နိုင်ခဲ့ပြီ ဖြစ်လေသည်။

တိုက်ပွဲကို ကြည့်ရှုနေကြသည့် ရှားမျိုးနွယ်များသည် ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားကြီး တစ်ခုကို ပထမဆုံး ခံစား လိုက်ကြရလေသည်။

ထိုတန်ခိုစွမ်းအားသည် လေ့ကျင်း၏ လေနှင့်မိုးကို ဆင့်ခေါ်ခြင်း ကျင့်စဉ် စွမ်းအားများကို ထိုးဖောက်ကာ မိုးနှင့်မြေကို ထိန်းချုပ်ရန် ကြိုးစားနေလေသည်။

လေ့ကျင်းသည် သူမ ဖန်ဆင်းထားသည့် ပြင်းထန်လွန်းသည့် မုန်တိုင်းကို မိုးဖွဲလေးများ အဖြစ်သို့ ပြောင်းလဲ လိုက်လေသည်။

မိုးခြိမ်းသံကြိးတစ်သံကို ပျံလွှားငှက် အော်သံများကြားတွင် ကြားလိုက်ရလေသည်။

လေ့ကျင်းသည် ဝူတင်ကို စိုက်ကြည့်နေခဲ့လေသည်။

ထို့နောက် သူမ၏အကြည့်က မနီးမဝေး တစ်နေရာတွင် ရပ်နေသည့် ဆန်းလျန်ဆီသို့ ရောက်ရှိ သွားလေသည်။ ဆန်းလျန်ကသူမကို အားပေးသည့် အကြည့်များဖြင့် ကြည့်နေလေသည်။

ဆန်းလျန်က “တိုက်ပွဲတွင်သူမ အနိုင်ရမည်” ဟု ပြောခဲ့ဖူးလေသည်။ ထို့ကြောင့်သူမသည် ရှုံးနိမ့်မည် မဟုတ်ပေ။

လေ့ကျင်းသည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေသည်။ ထိုအခါ ကောင်းကင် တစ်ခုလုံး တိမ်ညိုများ လွင့်စဉ် သွားပြီး ကြည်လင် သွားလေသည်။

ကောင်းကင်ထက်တွင် ကြယ်စင်များ ထွက်ပေါ်လာပြီး အရှေ့ဘက်ဆီမှ လတစ်စင်း ထွက်ပေါ် လာလေသည်။

ကြယ်စင်များအကြားတွင် အတောက်ပဆုံး အရာမှာ နဂါးငွေ့တန်းပင် ဖြစ်လေသည်။

ဝူတင်သည် ကြယ်စင်များကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်းသာသွားလေသည်။ သို့သော် ရှားမျိုးနွယ်များကတော့ သက်ပြင်း ချလိုက်မိကြလေသည်။

“လေ့ကျင်းမင်းသမီးလေး ဘာတွေများ လုပ်နေပါလိမ့်” ဟု သူတို့က တွေးလိုက်မိကြသည်။

လေ့ကျင်းသည် ဝူတင်မှ ပျံသန်း ကြယ်စင်ကျင့်စဉ်ကို ကျင့်ကြံထားသည်ကို သိရှိထားလေသည်။ ထို့ကြောင့် သူမက တိမ်ညိုများကို ရုတ်သိမ်းလိုက်ပြီး ဝူတင်၏ အားသာချက်ကို ဖော်ထုတ်နိုင်ရန် ပြုလုပ် ပေးလိုက်ခြင်း ဖြစ်လေသည်။

***

All Chapters