← Chapters

အခန်း (၁၅၃)

Vol. 16 Ch. 153

အခန်း (၁၅၃)

Vol. 16 Ch. 153

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၅၃)

" ဝေဝူကျိက အဲ့ဒီမြို့ကို သုံးပြီး ငါတို့စစ်တပ်ကို ကျောက်နိုင်ငံထဲ မဝင်အောင် တားဆီးဖို့ ရည်ရွယ်ထားတာပဲ။ လမ်းမှာ ငါတို့တွေ့ခဲ့ရတဲ့ ဝေတပ်ဖွဲ့တွေက အရေအတွက်အရ သူတို့ရဲ့ အရေအတွက်က သုံးသောင်းလောက်ရှိလောက်တယ်။ "

" တကယ်လို့ ဝေဝူကျိက နောက်ထပ်တပ်ဖွဲ့တွေပါ ထပ်ချလိုက်ရင် လင်းချန်းမြို့ကို ကာကွယ်မယ့်စစ်တပ်က တကယ်ကြောက်စရာကောင်းလိမ့်မယ်။ ကျွန်တော်တို့ ကျောက်နိုင်ငံထဲ ဝင်ဖို့က သိပ်မလွယ်လောက်ဘူး။ " ဝေချွမ်းက ပြောလိုက်သည်။

" အမှန်ပဲ။ လင်းချန်းမြို့ကို ထိုးဖောက်ဖို့ မလွယ်ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ဒါပေမယ့် မင်းတို့စဉ်းစားကြည့်။ အရင် ငါတို့ ဒီဝေမြို့တွေကို သိမ်းပိုက်ဖို့ နှစ်လလောက် အချိန်ယူရမယ်။ အခု အဲ့ဒီမြို့တွေက တပ်ဖွဲ့တွေက ရွှေ့ပြောင်းသွားတော့ ငါတို့စစ်တပ်က လင်းချန်းမြို့ကလွဲရင် ကျန်တဲ့မြို့အားလုံးကို လဝက်အတွင်း သိမ်းပိုက်နိုင်လိမ့်မယ်။ "

" ပြီးတော့ ငါတို့က လင်းချန်းမြို့ကို မထိုးဖောက်နိုင်လို့ ကျောက်နိုင်ငံထဲကို မဝငအနိုင်ရင်တောင် ငါတို့က စစ်ရှုံးသွားတာမဟုတ်ဘူး။ အခု ငါတိ​ကြ ကြီးမားတဲ့ အောင်ပွဲတစ်ခုကို အခြေခံပြီး နောက်ထပ်အကျိုးအမြတ်တွေရအောင် လုပ်နေတာပဲ။ "

ထိုစကားများကို ကြားသောအခါ ဘေးမှ တပ်မှူးများက တစ်စုံတစ်ခုကို နားလည်သွားကြသည်။

" ဟုတ်တယ်။ ဝေစစ်တပ်က လင်းချန်းမြို့မှာ တပ်တွေဘယ်လောက်စုစု စိုးရိမ်ရမှာက သူတို့ပဲ ငါတို့မဟုတ်ဘူး။ "

" ငါတို့ စိုးရိမ်စရာအကြောင်းမရှိဘူး။ တကယ်လို့ အဲ့ဒီမြို့ကို မထိုးဖောက်နိုင်ရင်တောင် ဝေမြို့ဆယ်မြို့ကျော် သိမ်းပိုက်နိုင်တာနဲ့တင် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်နေတုန်းပဲ။ "

သူတို့၏ တာဝန်က ဝေမြို့ကို ကာကွယ်ရန်သာ ဖြစ်သည်။ ယခု ဝေနိုင်ငံကို ဆက်တိုက်နေခြင်းက ချင်ဘုရင်၏ အမိန့်ကြောင့်မဟုတ်ဘဲ ကျောက်ဖုန်းက အောင်မြင်မှုကို အသုံးချပြီး အကျိုးအမြတ်များ ရယူနေခြင်းဖြစ်သည်။

" အစီရင်ခံပါတယ်။ ရှန်းယန်မြို့တော်က တော်ဝင်သံတမန် ရောက်လာပါပြီ။ " ကျန်းမင်၏ အသံက ထွက်ပေါ်လာသည်။

" နောက်ဆုံးတော့ ရောက်လာပြီပဲ။ " တုဆွေနှင့် အခြားတပ်မှူးများက စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။

" စစ်သူကြီးက ပင်မစစ်သူကြီးတော့မှာပဲ။ "

" ငါတစ်ယောက်တည်း ပင်မစစ်သူကြီးအဖြစ် ရာထူးတိုးမှာမဟုတ်ဘူး။ မင်းတို့ ယာယီတပ်မှူးတွေလည်း အတည်တကျ ရာထူးတွေ ရလောက်တယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဝေချွမ်နှင့် ယာယီတပ်မှူးများက စိတ်လုံးရှားသွားကြသည်။

" သွားကြစို့။ တော်ဝင်သံတမန်ကို စောင့်ခိုင်းထားလို့ မကောင်းဘူး။ " ကျောက်ဖုန်းက ထွက်ခွာသွားသည်။

မကြာမီ သူတို့က နန်းတွင်းမှ ကိုယ်ရံတော်တပ်မှူးနှင့် တွေ့လိုက်ရသည်။

" စစ်သူကြီးကျောက်။ " တပ်မှူးက ကျောက်ဖုန်းကို အရိုအသေပေးလိုက်သည်။

" ညီအကို ငါတို့က တကယ်ရေစက်ပါတဲ့ပုံပဲ။ " ကျောက်ဖုန်းက ထိုလူကို မှတ်မိသွားပြီး ရယ်မောပြီး ပြောလိုက်သည်။ သူက ယခင်တော်ဝင်အမိန့်ကို လာပို့သော တပ်မှူးဖြစ်ပြီး ယခုထပ်ရောက်လာပြန်သည်။

" စစ်သူကြီးကျောက်အတွက် တောဝင်အမိန့်တော်ကို လာရောက်ပေးအပ်ရတာ ကျွန်တော်အတွက် ဂုဏ်ယူစရာပါ။ " တပ်မှူးက ရိုသေစွာ ပြောလိုက်သည်။

" တော်ဝင်အမိန့်မှာ ဘာတွေပါလဲ။ " ကျောက်ဖုန်းက ပြုံး၍ တိုက်ရိုက်မေးလိုက်သည်။

" အရှင်မင်းကြီးရဲ့ အမိန့်တော် လက်ထောက်စစ်သူကြီးကျောက်ဖုန်းက ဝေမြို့ကို ကာကွယ်ခြင်း၊ ဝေစစ်တပ်ကို ချေမှုန်းခြင်းနဲ့ ဝေဝူကျိတို့ကို အနိုင်ယူခြင်းတို့အတွက် ကြီးမားတဲ့ စွမ်းဆောင်မှုကို ပြုလုပ်ခဲ့တယ်။ ကျောက်ဖုန်းကို ပင်မစစ်သူကြီးအဖြစ် ရာထူးတိုးမြှင့်ပေးပြီး ပင်မစစ်သူကြီးရဲ့ လစာရိက္ခာကို ခံစားခွင့်ရစေမယ်။ သူ့ကို ကိုယ်ရံတော်ငါးရာတပ်ဖွဲ့ကို ဖွဲ့စည်းခွင့်ပေးတယ်။ "

" ပြီးတော့ ရွှေစတစ်ထောင်၊ ငွေဒင်္ဂါးငါးသောင်း၊ အစေခံတစ်ရာ၊ ကျောက်စိမ်းပစ္စည်းတစ်ရာ၊ အကောင်းစားပိုးထည် တစ်ထောင်ကို ချီးမြှင့်လိုက်တယ်။ ဆုလာဘ်တွေကို စစ်သူကြီးရဲ့ ဇာတိမြေသို့ ပေးပို့သွားမယ်။ ကျောက်နိုင်ငံကို အောင်နိုင်ပြီးရင် စစ်သူကြီးကျောက်ရဲ့ စွမ်းဆောင်မှုတွေအပေါ် မူတည်ပြီး ထပ်မံဆုချီးမြှင့်မယ်။ "

" ကျွန်တော်မျိုး ကျောက်ဖုန်း အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ရှေ့တိုးပြီး တော်ဝင်အမိန့်ကို လက်ခံလိုက်သည်။

သူ၏ နောက်မှ တပ်မှူးများက ပြုံးနေကြပြီး အထူးသဖြင့် ကျောက်ဖုန်း၏ လူယုံများက ပိုပျော်နေကြသည်။ ကျောက်ဖုန်းက ပင်မစစ်သူကြီးဖြစ်လာသည်နှင့် သူတို့၏ အဆင့်အတန်းများကလည်း မြင့်တက်လာမည်ဖြစ်သည်။

" ဂုဏ်ပြုပါတယ် စစ်သူကြီးကျောက်။ ဒီနေ့ကစပြီး စစ်သူကြီးက တစ်လောကလုံးမှာ အသက်အငယ်ဆုံး ပင်မစစ်သူကြီး ဖြစ်လာပါပြီ။ " တပ်မှူးက လေးစားစွာ ပြောလိုက်သည်။

" ဒါက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကြောင့်ပါပဲ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။

" စစ်သူကြီးကျောက်။ " တပ်မှူးက နောက်ထပ် အမိန့်စာတစ်ခုကို ထုတ်ပြီး ဆက်ပြောလိုက်သည်။ " ဒါက အာဏာအပ်နှင်းတဲ့ တော်ဝင်အမိန့်တော်ပါ။ စစ်သည်တွေကို ကွပ်ကဲခွင့်ပေးလိုက်တာအပြင် အရှင်မင်းကြီးက စစ်သူကြီးကို အင်အားငါးသောင်းရှိတဲ့ ထောက်ပို့တပ်ဖွဲ့ကိုလည်း ထိန်းချုပ်ခွင့်ပေးလိုက်ပါတယ်။ "

" တော်ဝင်အမိန့်တော်ကို လက်ခံပါတယ်။ " ကျောက်ဖုန်းက ချက်ချင်း တုန့်ပြန်လိုက်သည်။

စစ်သူကြီးအဖြစ် ရာထူးတိုးသွားခြင်းက အဆင့်အတန်းကို သိသိသာသာ မြင့်တက်သွားစေခြင်း ဖြစ်သည်။ သူက လက်ထောက်စစ်သူကြီးနှစ်ယောက်နှင့် တပ်မှူးဆယ်ယောက်ကို ကွပ်ကဲနိုင်ရုံသာမက အင်အားငါးသောင်းရှိသော ထောက်ပို့တပ်ဖွဲ့ကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်သည်။ တိုက်ခိုက်ရေးစစ်သည်တစ်သိန်းနှင့် ထောက်ပို့စစ်သည်ငါးသောင်းက စစ်သူကြီးတစ်ယောက်၏ အာဏာပင်ဖြစ်သည်။

" အခု ငါက ပင်မစစ်သူကြီး ဖြစ်လာပြီဆိုတော့ ငါ့လက်အောက်က လက်ထောက်စစ်သူကြီးနှစ်ယောက်ကို ခန့်အပ်နိုင်ပြီလား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" အခု စစ်သူကြီးက ပင်မစစ်သူကြီးဖြစ်နေပြီဆိုတော့ လက်ထောက်စစ်သူကြီး နှသ်ယောက်ရှိရပါမယ်။ " တပ်မှူးက ပြုံး၍ ပြောလိုက်သည်။ " အရှင်မင်းကြီးက ခန့်အပ်မှုအားလုံးကို အရည်အချင်းအပေါ်မှာပဲ အခြေခံဖို့ ညွှန်ကြားထားပါတယ်။ "

" စစ်တရားသူကြီးရှိပါလား။ "

" ရှိပါတယ်။ " ခွိုက်ဖုက ရိုသေသော အမူအရာနှင့် ရှေ့ထွက်လာသည်။

" အရှင်မင်းကြီးဆီက တော်ဝင်အမိန့်တော်ပါ။ " တပ်မှူးက နောက်ထပ်အမိန့်စာတစ်ခုကို ထုတ်လိုက်သည်။

" ဝေမြို့ကို ကာကွယ်တဲ့တိုက်ပွဲမှာ စစ်သူကြီးကျောက်ဖုန်းရဲ့ လက်အောက်က စစ်သည်တွေက ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ကြတယ်။ သူတို့ရဲ့ စွမ်းဆောင်မှုတွေအလိုက် ဆုလာဘ်ပေးဖို့ စစ်တရားသူကြီးက တာဝန်ယူရမယ်။ လက်ထောက်စစ်သူကြီးရွေးချယ်မှုကိုတော့ စစ်သူကြီးကျောက်ဖုန်းက အကြံပြုပြီး စစ်တရားသူကြီးက စွမ်းဆောင်မှုအပေါ် အခြေခံပြီး ရာထူးတိုးပေးရမယ်။ "

" ဒါ့အပြင် ချင်နိုင်ငံအတွက် တိုက်ခိုက်ရင်း ကျဆုံးသွားတဲ့ အပြစ်သားတပ်ဖွဲ့က စစ်သည်အားလုံးကို ထောက်ပံ့ကြေးတွေ ချီးမြှင့်ဖို့ စစ်သူကြီးကျောက်ရဲ့ တောင်းဆိုမှုကို ငါခွင့်ပြုလိုက်တယ်။ "

" တော်ဝင်အမိန့်တော်ကို လက်ခံပါတယ်။ " ခွိုက်ဖုက ပြောလိုက်သည်။

ကျောက်ဖုန်းက စိတ်အေးသွားသည်။ " ဒီတောင်းဆိုချက်ကို သူဖြစ်နေလို့ ငါတောင်းဆိုရဲတာပဲ။ တကယ်လို့ အရည်အချင်းမရှိတဲ့ ဘုရင်တွေသာဆိုရင် သေချာပေါက် ငြင်းပယ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အပြစ်သားတပ်ဖွဲ့က ကျဆုံးသွားတဲ့စစ်သည်တွေအတွက် ထောက်ပံ့ကြေးပေးဖို့ဆိုတာ းေငယ်တဲ့ အသုံးစရိတ်မဟုတ်ဘူး။ "

" အခု တော်ဝင်အမိန့်တွေ အားလုံးကို ပေးအပ်ပြီးပြီဆိုတော့ ကျွန်တော်ကို ပြန်ခွင့်ပြုပါဦး။ " တပ်မှူးက ရိုသေစွာ ပြောလိုက်သည်။

" မင်းရဲ့ ကြိုးစားမှုအတွက် ကျေးဖူးတင်ပါတယ်။ " ကျောက်ဖုန်းက လက်သီးလက်ဝါးဆုပ်ပြီး ပြောလိုက်သည်။

တပ်မှူးထွက်သွားပြီးနောက် ကျောက်ဖုန်းက ခွိုက်ဖုဘက်သို့ လှည့်လိုက်သည်။ " စစ်တရားသူကြီးခွိုက် စစ်ရေးစွမ်းဆောင်မှုတွေအရဆို ငါ့လက်အောက်က ယာိီတပ်မှူးလေးယောက်ကို အခု တရားဝင် ရာထူးတိုးပေးလို့ရပြီမဟုတ်လား။ "

" တပ်မှူးတွေက ဝေမြို့ကို အောင်မြင်စွာ ခုခံနိုင်ခဲ့လို့ သူတို့က သေချာပေါက် ရာထူးတိုးခံရမှာပါ။ သူတို့ရဲ့ ဘွဲ့ထူးတိုးမြှင့်မှုအတွက်တော့ ကျွန်တော် ရှောက်ဖူကို အစီရင်ခံလိုက်ပါမယ်။ " ခွိုက်ဖုက ပြန်ဖြေလိုက်သည်။

" ငါ့ရဲ့ လက်ထောက်စစ်သူကြီးတွေကိုတော့ တုဆွေနဲ့ ကျန်းဟန်ကို ငါအကြံပြုတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " သူတို့ရဲ့ စစ်တပ်ကွပ်ကဲနိုင်စွမ်းက ထူးချွန်ပြီး ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ အရည်အချင်းရှိတယ်။ "

" တပ်မှူးတုနဲ့ တပ်မှူးကျန်းတို့က လက်ထောက်စစ်သူကြီးဖြစ်ဖို့ တကယ်ပဲ ထိုက်တန်ပါတယ်။ " ခွိုက်ဖုက ခေါင်းညိမ့်လိုက်သည်။

" စစ်တရားသူကြီးခွိုက်ကို ဒုက္ခပေးမိပါပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

သူက တုဆွေနှင့် ကျန်းဟန်ကို ရွေးချယ်ရသည့် အကြောင်းရင်းနှစ်ခုရှိသည်။ ပထမအချက်မှာ ယုံမြို့မှလာခြင်းဖြစ်ပြီး သူ၏ သစ္စာရှိမှုကို စစ်ဆေးပြီးသားဖြစ်သည်။ ချင်ဘုရင်အနေဖြင့် သူ လက်ထောက်စစ်သူကြီး ဖြစ်လာမည်ကို ကန့်ကွက်စရာရှိမည်မဟုတ်ပေ။

ဒုတိယအချက်မှာ ကျောက်ဖုန်းက ကျန်းဟန်ကို စစ်ရေးစွမ်းဆောင်မှုများ ရရှိစေရန်အတွက် အလစ်ငိုက်တိုက်ခိုက်မှုတွင် တမင်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ကျန်းဟန်က ယခု ဝေမြို့တွင် တပ်စွဲထားခြင်းဖြစ်သော်လည်း သူ၏ စွမ်းဆောင်မှုများက ရရှိပြီးသားဖြစ်သည်။

" စစ်သူကြီးကျောက် အရှင်မင်းကြီးက စစ်တပ်တစ်ခုလုံးကို စစ်ရေးစွမ်းဆောင်မှုတွေအတိုင်း ဆုချီးမြှင့်ပေးဖို့ အနိန့်ပေးထားပါတယ်။ ဒီကိစ္စကို ကိုင်တွယ်ဖို့ ကျွန်တော်ကို ခွင့်ပြုပါဦး။ " ခွိုက်ဖုက ပြောလိုက်သည်။

" သွားပါ စစ်တရားသူကြီးခွိုက်။ ကျုပ်မှာလည်း လုပ်စရာလေးတွေ ရှိပါသေးတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။

All Chapters