← Chapters

အခန်း (၁၅၄)

Vol. 16 Ch. 154

အခန်း (၁၅၄)

Vol. 16 Ch. 154

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၅၄)

" စစ်သူကြီး ကျွန်တော်တို့ တကယ် တပ်မှူးတွေ ဖြစ်သွားကြပြီ။ " ဝေချွမ်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ဟားဟား ဟုတ်တယ်။ " ကျောက်ဖုန်းက ရယ်လိုက်သည်။

" အရင်က ငါတို့အားလုံးက ထောက်ပို့တပ်ဖွဲ့မှာပဲ ရှိပြီး အမြင့်ဆုံးမှ လူတစ်ရာတပ်မှူးထက်မပိုခဲ့ဘူး။ ဒါပေမယ့် အခုတော့ ငါတို့က တကယ်ပဲ တပ်မှူးတွေ ဖြစ်လာကြပြီ။ စစ်သူကြီးနောက်ကို လိုက်ပြီး ငါတို့က တပ်မှူးအစစ်တွေ ဖြစ်လာခဲ့ပြီ။ " လျူဝမ်နှင့် ကျွမ်းဝေတို့ကလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။

သူတို့က ထိုကဲ့သို့သော အဆင့်အတန်းမျိုး ရလာလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးကြပေ။ ကျောက်ဖုန်း တစ်ဆင့်ချင်း တက်လှမ်းလာပုံကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသော ဝေချွမ်းအတွက် ပို၍ ထူးခြားသည်။

" ကျွန်တော်တို့ စစ်သူကြီးကို ကျေးဇူးတင်ပါတယ်။ " တုဆွေက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " ကျွန်တော်တို့က စစ်သူကြီးရဲ့ ကျေးဇူးကို အသက်နဲ့လဲပြီး ဆပ်ပါမယ်လို့ သစ္စာဆိုပါတယ်။ "

" ဒီလိုစကားတွေ ပြောဖို့ မလိုပါဘူး။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" မင်းတို့ရဲ့ တပ်ဖွဲ့တွေဆီ ပြန်ကြတော့။ ပြီးတော့ စစ်သည်အားလုံးကို ပြောလိုက်။ ဒီနေ့ကစပြီး ငါ့လက်အောက်မှာ အပြစ်သားတပ်ဖွဲ့ဆိုတာ မရှိတော့ဘူး။ လူတိုင်းက ချင်နိုင်ငံရဲ့ စစ်သည်တွေဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အဆင့်အတန်းတွေကို ရရှိပြီးသား ဖြစ်တယ်။ "

" ချင်အတွက် အသက်ပေးခဲ့တဲ့ အပြစ်သားတပ်ဖွဲ့က စစ်သည်တွေကို ချင်စစ်သည်တွေလိုပဲ တူညီတဲ့ ထောက်ပံ့ကြေးကို ရရှိလိမ့်မယ်။ တုဆွေနဲ့ ကျန်းဟန်က လက်ထောက်စစ်သူကြီးတွေဖြစ်သွားတဲ့အတွက် လစ်လပ်သွားတဲ့ တပ်မှူးနေရာတွေကို စွမ်းဆောင်မှုရှိတဲ့ တပ်မမှူးတွေနဲ့ အစားထိုးမယ်။ သွားကြတော့။ "

" အမိန့်အတိုင်းပါ။ " တပ်မှူးအားလုံးက တက်ကြွစွာဖြင့် ထွက်ခွာသွားကြသည်။

ကျောက်ဖုန်းက မြို့ရိုးပေါ်မှ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တစ်နေရာတွင် ထိုင်ကာ ကျန်းမင်ကို ကြည့်လိုက်သည်။

" အရှင် " ကျန်းမင်က ချက်ချင်း ရောက်လာသည်။

" အခု ငါက ပင်မစစ်သူကြီး ဖြစ်လာပြီဆိုတော် ကိုယ်ရံတော်ငါးရာ စုဆောင်းလို့ရသွားပြီ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ " စည်းမျဉ်းတွေကတော့ အရင်အတိုင်းပဲ။ ငါ့အပေါ် သစ္စာရှိတဲ့ ညီအကိုဟောင်းတွေပဲ လိုချင်တယ်။ ငါသေချာစစ်ဆေးပြီးရင် သူတို့ကို ငါ့ရဲ့ ကိုယ်ရံတော်တွေအဖြစ် သတ်မှတ်ပေးမယ်။ "

"နားလည်ပါပြီ။ " ကျန်းမင်က ပြန်ဖြေပြီး ချက်ချင်း ထွက်ခွာသွားသည်။

ကျောက်ဖုန်းက အတွေးနက်သွားပြီး သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။

" ပင်မစစ်သူကြီး... ကံကြမ္မာအရာရှိတံဆိပ်ကို နောက်ထပ် အဆင့်မြှင့်လို့ရပြီ။ " သူက ကံကြမ္မာအရာရှိတံဆိပ်ကို ဖွင့်လိုက်သည်။

" ပင်မစစ်သူကြီးအဖြစ် ရာထူးတိုးခံရပြီး မင်းဆက်တစ်ခုရဲ့ ကံကြမ္မာကောင်းကို ရရှိပါတယ်။ ကံကြမ္မာအရာရှိတံဆိပ်ကို အဆင့်မြှင့်တင်လိုပါသလား။ "

" အဆင့်မြှင့်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

ကံကြမ္မာအရာရှိတံဆိပ်ပေါ်မှ လက်ထောက်စစ်သူကြီးဟူသော စာလုံးက ပက်မစစ်သူကြီးအဖြစ် ပြောင်းလဲသွားသည်။

" တံဆိပ်ကို တပ်ဆင်မယ်။ " ကျောက်ဖုန်းက ​ကံကြမ္မာအရာရှိတံဆိပ်၏ စွမ်းရည်များကို စစ်ဆေးလိုက်သည်။

" ပင်မစစ်သူကြီးတံဆိပ် စစ်တပ်ကို ဦးဆောင်ပြီး ရှေ့ကနေတိုက်ခိုက်ရင် စစ်သည်တွေရဲ့ စိတ်ဓာတ်နဲ့ တိုက်ခိုက်ရေးစွမ်းအားနှစ်ခုလုံးက နှစ်ဆတိုးလာပါမယ်။ ကျဆုံးသွားတဲ့ စစ်သည်အလောင်းတွေကို ရှင်းလင်းတဲ့အခါ စစ်သည်တွေဆီက ရရှိတဲ့ စုစုပေါင်းစွမ်းရည်တွေရဲ့ ဆယ်ပုံလေးပုံကို ရရှိပါမယ်။ "

" စွမ်းရည်တွေက ထပ်တိုးလာပြီ။ မဆိုးဘူး။ ရန်သူတွေကို သတ်ဖြတ်ပြီး စွမ်းရည်တွေရတာမျိုး မဟုတ်တာ နှမြောစရာပဲ။ အဲ့လိုသာဆိုရင် ငါ့ရဲ့ စွမ်းရည်တွေက ထိုးတက်သွားလိမ့်မယ်။ " ကျောက်ဖုန်းက အနည်းငယ် စိတ်ပျက်စွာ တွေးလိုက်သည်။

သို့သော် တိုက်ခိုက်ရေးစွမ်းအားနှစ်ဆတိုးလာခြင်းက ထောက်ပို့တပ်သားများပင် အထူးစစ်သည်များကို ယှဉ်နိုင်ပေလိမ့်မည်။ ထိုစွမ်းရည်များက ကျောက်ဖုန်း၏ ပင်ကိုယ်စွမ်းရည်ဖြစ်ပြီး သူကွပ်ကဲနေသရွေ့ သူ၏ စစ်သည်များက ကံကြမ္မာအရာရှိတံဆိပ်၏ မြှင့်တင်မှုများကို ရရှိနေမည်ဖြစ်သည်။

ချွီယန်မြို့။

ရက်ပေါင်းများစွာ ပြင်းထန်သော တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့တွင်းနှင့် မြို့ပြင်တွင် ချင်နှင့် ကျောက် နှစ်ဖက်လုံးမှ စစ်သည်များ၏ အလောင်းများ ပြန့်ကျဲနေသည်။

လျန်ပိုက ကာကွယ်နေသောကြောင့် ချွီယန်မြို့က ထိုးဖောက်မရသော ခံတပ်ကြီးသဖွယ် ့ဖစိနေခဲ့သည်။ သို့သော် ဝမ်ကျန့်၏ စစ်တပ်ဦးဆောင်မှုအောက်တွင် လျန်ပိုက သူ၏ တပ်များကို ဆုတ်ခွာရန် ဦးဆောင်နေချိန် ချင်စစ်တပ်က မြို့တံခါးကို ထိုးဖောက်နိုင်ခဲ့သည်။

မြို့ရိုးပေါ်တွင် ဝမ်ကျန့်က ကျောက်နိုင်ငံ၏ အလံကို ကိုယ်တိုင်ဆွဲဖြုတ်ပြီး ထိုနေရာတွင် ချင်နိုင်ငံ၏ အလံကို စိုက်ထူလိုက်သည်။

" လျန်ပိုက ဒီတိုက်ပွဲမှာ တကယ်ပါးနပ်ခဲ့တယ်။ " ယန်တွမ်ဟီက လေးနက်စွာ ပြောလိုက်သည်။

" ငါတို့စစ်တပ်က မြို့ကို သိမ်းနိုင်ခဲ့ပေမယ့် လျန်ပိုက ရိက္ခာအားလုံးကို သယ်ထုတ်သွားနိုင်ခဲ့တယ်။ ဒါအပြင် ရန်သူစစ်သားတစ်ယောက်မှ လက်နက်မချခဲ့ဘူး။ သူတို့အားလုံးက အသက်ပေးတိုက်ခိုက်ခဲ့တယ်။ လျန်ပိုက စည်းကမ်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တယ်။ သူ့စစ်သားတွေက သူ့အပေါ် ယုံကြည်မှုရှိတာ ပုံမှန်ပါပဲ။ " ဝမ်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

" လက်နက်ချသူမရှိတာက အံ့ဩစရာမဟုတ်ပါဘူး။ အရင် လျန်ပိုက ချွီယန်မြို့ကို အသက်ပေးကာကွယ်ထားတယ်လို့ သတင်းရခဲ့ပေမယ့် အခုတော့ သူထွက်ပြေးသွားခဲ့တယ်။ " ယန်တွမ်ဟီက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။

" အဖြေက ရှင်းပါတယ်။ " ဝမ်ကျန့်က အေးစက်စွာ ရယ်လိုက်သည်။ " ကျောက်ဘုရင်က ယန်နိုင်ငံကနေ သူ့တပ်တွေကို ရုတ်သိမ်းဖို့ ရည်ရွယ်ချက်မရှိဘူး။ "

" ဒီလိုအချိန်မျိုးမှာတောင် ကျောက်ဘုရင်က သူ့စစ်တပ်ကို ပြန်ဆုတ်ဖို့ ငြင်းဆန်နေတုန်းပဲပေါ့။ " ယန်တွမ်ဟီက လှောင်ပြောင်လိုက်သည်။

" ကျောက်ဘုရင်က တကယ်အရူးပဲ။ လျန်ပိုလိုလူမျိုးက ဒီလိုလူဆီမှာ အမှုထမ်းနေရတာ နှမြောစရာပဲ။ တကယ်လို့ သူသာ ငါတို့ ချင်နိုင်ငံမှာ အမှုထမ်းရင် ဒီလိုကံကြမ္မာမျိုး ဘယ်တော့မှာ ရင်ဆိုင်ရမှာမဟုတ်ဘူး။ "

" အစီရင်ခံပါတယ် စစ်သေနာပတိချုပ်။ စစ်သူကြီးကျောက်ဖုန်းဆီက စစ်ရေးအစီရင်ခံစာ ရောက်လာပါတယ်။ " ဝမ်ကျန့်၏ ကိုယ်ရံတော်တပ်မှူးက ရောက်ရှိလာပြီး ပြောလိုက်သည်။

" ဒါက ဝေမြို့တိုက်ပွဲက အကျအဆုံးစာရင်းတွေ ဖြစ်ရမယ်။ ဖတ်ပြစမ်း။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကိုယ်ရံတော်တပ်မှူးက အစီရင်ခံစာကို ဖွင့်ဖတ်လိုက်သည်။

" လက်ထောက်စစ်သူကြီး ကျောက်ဖုန်း အစီရင်ခံပါတယ်။ ကျွန်တော်တို့ စစ်သည်တစ်သိန်းက ဝေမြို့မှာ ဝေစစ်တပ်ကို ခုခံခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်ကျဆုံးမှု ၄၃၀၀၀ ကျော် ရှိခဲ့ပြီး ကျဆုံးတဲ့သူက ၂၈၀၀၀ ကျောက်၊ ဒဏ်ရာရတဲ့သူက ၁၅၀၀၀ ကျော်ရှိခဲ့ပါတယ်။ "

" ကျွန်တော်တို့က ဝေစစ်တပ်ရဲ့ စစ်သည်တစ်သိန်းကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ဒါက တကယ်မားတဲ့ အောင်မြင်မှုပါပဲ။ "

ထိုစကားများကို ကြားသောအခါ ဝမ်ကျန့်၏ မျက်လုံးများက တောက်ပသွားသည်။

" ငါကျောက်ဖုန်းကို အထင်သေးမိတဲ့ပုံပဲ။ ရန်သူရဲ့ ထက်ဝက်လောက်ရှိတဲ့အင်အားနဲ့ ဝေဝူကျိကို အနိုင်ယူပြီး ကိုယ်ဘက်က ကျဆုံးဒဏ်ရာရတဲ့သူ လေးသောင်းကျော်ရှိတဲ့အချိန်မှာ ရန်သူစစ်သည်တစ်သိန်းနီးပါးကို သတ်ဖြတ်နိုင်ခဲ့တယ်။ ဒီလိုအင်အားချင်းမမျှတဲ့တိုက်ပွဲမှာ ရရှိတဲ့ အောင်ပွဲက တကယ်ချီးကျူးဖို့ ကောင်းတယ်။ "

" ဝေစစ်တပ်ကို အနိုင်ယူပြီးတဲ့နောက်မှာကျွန်တော်က ထိုးစစ်ကို ဆက်လက်ဦးဆောင်ခဲ့ပြီး ဝေစစ်သူကြီး ကုန်းစွန်းရှီနဲ့ ဝေဝူတပ်သား ရှစ်ထောင်ကို သတ်ဖြတ်ပြီး ဝေနိုင်ငံကို ဆက်လက်ချီတက်ခဲ့ပါတယ်။ ကျွန်တော်တို့က ဝေနိုင်ငံရဲ့ မြို့ရှစ်မြို့ကို ဆက်တိုက်သိမ်းပိုက်ပြီးပါပြီ။ " ကိုယ်ရံတော်တပ်မှုးက ဆက်ဖတ်လိုက်သည်။

ထိုစကားများကြောင့် ဝမ်ကျန့်၏ အမူအရာက ပြောင်းလဲသွားသည်။ သူ၏ ဘေးမှ ယန်တွမ်ဟီကလည်း အလားတူသာဖြစ်သည်။

"ကျောက်ဖုန်းက ဝေနိုင်ငံကို တိုက်ဖို့ တပ်တွေကို ဦးဆောင်နေတာလား။ " ယန်တွမ်ဟီက အံ့ဩစွာ မေးလိုက်သည်။

" ကျွန်တော်စစ်သူကြီးကို တွေ့တုန်းက မြို့ရှစ်မြို့ကို သိမ်းပြီးပါပြီ။ အခု အချိန်အတော်ကြာသွားပြီဆိုတော့ သူက ဝေမြို့တော်တော်များများကို သိမ်းပြီးသွားလောက်ပါပြီ။ " တပ်မှူးက ပြောလိုက်သည်။

" ဒီကောင်လေး တော်တော်သတ္တိကောင်းတာပဲ။ " ဝမ်ကျန့်က အံ့ဩမှုများနှင့်အတူ ပြုံးလိုက်သည်။

" စစ်သူကြီးကျောက်က ဝေနိုင်ငံရဲ့ ပြန်လည်တိုက်ခိုက်မှုကို မကြောက်ဘူးလား။ " ယန်တွမ်ဟီက စိုးရိမ်တကြီး ပြောလိုက်သည်။ " ဝေနိုင်ငံက စစ်သည်တစ်သိန်း ဆုံးရှုံးခဲ့ပေမယ့် သူတို့နိုင်ငံထဲမှာ စစ်သည်သိန်းချီ ကျန်သေးတယ်။ တပါ်လို့ သူတို့က အင်အားအပြည့်နဲ့ တိုက်ခိုက်ရင် စစ်သူကြီးကျောက်ရဲ့ စစ်တပ်က အမြစ်ပြတ် ချေမှုန်းခံရနိုင်တယ်။ "

" စစ်သူကြီးယန် မင်းက ဝေနိုင်ငံကို အထင်ကြီးလွန်းနေပြီ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ဝေနိုင်ငံက အရင်လိုအင်အားကြီးနိုင်ငံမဟုတ်တော့ဘူး။ ဝေဝူကျိက ကျူးကျော်ဖို့ စစ်သည်နှစ်သိန်းပို စုစည်းနိုင်ခဲ့တာကိုက ဝေနိုင်ငံရဲ့ အစွမ်းကုန်ပဲ။ ကျောက်ဖုန်းကို ပြန်တိုက်ဖို့ဆိုတာ သူ့အတွက် မလွယ်ဘူး။ "

" ဒါပေမယ့် စစ်သူကြီးကျောက်က အကူအညီမပါဘဲ ရန်သူနယ်မြေထဲကို အနက်ရှိုင်းဆုံးအထိ ဝင်သွားတာလေ။ " ယန်တွမ်ဟီက ဆက်ပြောလိုက်သည်။

ဝမ်ကျန့်က ပြုံးလိုက်ပြီး ကျောက်ဖုန်း၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။

" မြေပုံယူခဲ့စမ်း။ " ဝမ်ကျန့်က အမိန့်ပေးလိုက်သည်။

ကိုယ်ရံတော်တပ်မှူးက မြေပုံကို ချက်ချင်းယူလာပြီး ဖြန့်လိုက်သည်။

" ဒါက ကျောက်ဖုန်းသိမ်းပိုက်ထားတဲ့ မြို့တွေရဲ့ လမ်းကြောင်းလား။ " ဝမ်ကျန့်က ဝေနိုင်ငံ၏ မြေပုံပေါ်မှ မြို့များကို ထောက်ပြလိုက်သည်။

" အတိအကျပါပဲ။ " ကိုယ်ရံတော်တပ်မှူးက ခေါင်းညိမ့်ပြီး အတည်ပြုလိုက်သည်။

" စစ်သူကြီးယန် ဒီမြို့တွေက မျဉ်းကြောင်းတစ်ကြောင်းတည်း ဖြစ်နေတာကို မင်းမမြင်သေးဘူးလား။ " ဝမ်ကျန့်က ပြုံးပြီး ပြောလိုက်သည်။

ယန်တွမ်ဟီက မြေပုံကို အာရုံစိုက်၍ ကြည့်လိုက်ပြီး ချက်ချင်း နားလည်သွားသော်လည်း သူ၏ အမူအရာက ထူးဆန်းသွားသည်။

All Chapters