← Chapters

အခန်း (၁၅၆)

Vol. 16 Ch. 156

အခန်း (၁၅၆)

Vol. 16 Ch. 156

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၅၆)

" ကျွန်တော်မျိုး စစ်သူကြီးကျောက်ဖုန်းဆီက စစ်ရေးအစီရင်ခံစာကို အခုလေးတင် ရရှိပါတယ်။ " ယွီလျောင်က ပြုံးပြီး ပြောလိုက်သည်။

" ဝေမြို့တိုက်ပွဲက အကျအဆုံးစာရင်း ထွက်လာပြီလား။ " ရင်ကျန့်က ချက်ချင်း နားလည်သွားသည်။

" ဟုတ်ပါတယ်။ ဒီတိုက်ပွဲမှာ ကျွန်တော်တို့ ချင်စစ်တပ်က စစ်သည်လေးသောင်းကျော်ပဲ ကျဆုံးဒဏ်ရာရခဲ့ပြီး ဝေစစ်တပ်က စစ်သည်တစ်သိန်းနီးပါးကို ချေမှုန်းနိုင်ခဲ့ပါတယ်။ " ယွီလျောင်က ပြုံးပြီး ပြောလိုက်သည်။

" ဒီတိုက်ပွဲက အပြစ်သားတပ်ဖွဲ့ရဲ့ ပထမဆုံးတို​က်ပွဲပဲ။ ကျောက်ဖုန်းက တကယ်ပါရမီရှင်တစ်ယောက်ပဲ။ သူတို့ကို အသုံးပြုဖို့ နည်းဗျူဟာကို သူက ဖော်ထုတ်ခဲ့တာပဲ။ ချင်နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို တားဆီးဖို့ လက်နက်ချစစ်သည်တွေကို ပြန်အသုံးချခဲ့တယ်။ " ရင်ကျန့်က ချီးကျူးလိုက်သည်။

" အဲ့ဒီနည်းဗျူဟာက တကယ် ကြောက်စရာကောင်းပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။ " ကျောက်ဖုန်းက အရှင်မင်းကြီးရဲ့ လက်ရုံးတစ်ဆူ မဖြစ်သေးပေမယ့် အနာဂတ်မှာ အရှင်မင်းကြီးရဲ့ နယ်မြေစုစည်းမှု စစ်ဆင်ရေးအတွက် အားကိုးရမယ့် လက်ထောက်တစ်ယောက် ဖြစ်လာမှာပါ။ "

" မင်းရဲ့ သတင်းကောင်းက ဒီမြေပုံနဲ့ ပက်သက်နေတာမဟုတ်ဘူးလား။ " ရင်ကျန့်က သတိပေးလိုက်သည်။

" အရှင်မင်းကြီး ကြည့်ပါဦး။ " ယွီလျောင်က မြေပုံဆီသို့သွားကာ သူ၏ ခါးမှဓားကို ဆွဲထုတ်ပြီး မြေပုံကို ထောက်ပြလိုက်သည်။ ထို့နောက် သူက မြေပုံပေါ်ရှိ ရှန်းဝေမြို့မှ လင်းချန်းမြို့အထိ ဝေနိုင်ငံ၏ မြို့များကို ညွှန်ပြလိုက်သည်။

" ဒါက ဘာကိုဆိုလိုတာလဲ။ " ရင်ကျန့်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" ဒီမြို့ဆယ်မြို့ကျော်က ကျွန်တော်မျိုးတို့ ချင်နိုင်ငံရဲ့ အပိုင်ဖြစ်သွားပါပြီ။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။

" ဘာလို့လဲ။ " ရင်ကျန့်က အံ့အားသင့်သွားသော်လည်း သူ၏ အကြည့်များက မြေပုံပေါ်တွင် ရှိနေဆဲ ဖြစ်သည်။

" အရှင်မင်းကြီး စစ်သူကြီးကျောက် ဝေစစ်တပ်ကို မောင်းထုတ်ပြီးတဲ့နောက်မှာ သူက အနားမနေခဲ့ပါဘူး။ သူ့ သူ့ရဲ့ စစ်တပ်ကို မြောက်ဘက်ကို ဦးဆောင်ပြီး ဒီမြို့တွေအားလုံးကို ချင်နိုင်ငံအတွက် သိမ်းပိုက်ပေးခဲ့ပါတယ်။ သူက လင်းချန်းမြို့အထိ ရောက်ဖို့ သိပ်မကြာတော့ပါဘူး။ " ယွီလျောင်က ပြောလိုက်သည်။

" လင်းချန်းမြို့လား။ " ရင်ကျန့်၏ အကြည့်က မြေပုံပေါ်မှ ဝေနိုင်ငံနှင့် ကျောက်နိုင်ငံကို ဆက်သွယ်ပေးထားသော နယ်စပ်မြို့ဖြစ်သည့် လင်းချန်းမြို့ပေါ်သို့ ရောက်သွားသည်။

" ဒီကောင်လေးကတော့..." ရင်ကျန့်က ရယ်မောလိုက်သည်။ " သူက အသက်ငယ်ပေမယ့် သတ္တိကတော့ မသေးဘူးပဲ။ သူက ဝေနိုင်ငံကနေ ကျောက်နိုင်ငံအထိ လမ်းကြောင်းတစ်ခုကို တိုက်ရိုက်ဖောက်ဖို့ တကယ်စီစဉ်နေတာပဲ။ " ရင်ကျန့်က ကျောက်ဖုန်း၏ ရည်ရွယ်ချက်ကို တစ်ချက်ကြည့်ရုံနှင့် နားလည်သွားသည်။

" အဲ့ဒါက ကျွန်တော်မျိုး အစီရင်ခံချင်တဲ့ သတင်းကောင်းလည်း ဖြစ်ပါတယ်။ " ယွီလျောင်က လေးနက်စွာ ဆက်ပြောလိုက်သည်။ " စစ်သူကြီးကျောက်ရဲ့ လှုပ်ရှားမှုကြောင့် ဝေနိုင်ငံက ခြေချုပ်မိနေပါပြီ။ တကယ်လို့ စစ်သူကြီးကျောက်က ဝေနိုင်ငံကို မထိုးဖောက်နိုင်ခဲ့ရင်တောင် ဝေနိုင်ငံအနေနဲ့ စစ်ကူတွေပို့ဖို့ အင်အားရှိတော့မှာမဟုတ်ဘူး။ "

" ဒါတင်မကသေးဘူး။ သူက ဝေနိုင်ငံကို မလှုပ်ရှားနိုင်အောင် ခြိမ်းခြောက်နေတဲ့အပြင် နောက်ဆုံးမှာ သူတို့နိုင်ငံကို သိမ်းပိုက်နိုင်အောင်လည်း လမ်းခင်းနေတာပါ။ စစ်သူကြီးကျောက်ရဲ့ စစ်ဆင်ရေးက ရည်ရွယ်ချက်နှစ်ခုကို တစ်ပြိုင်နက် အထမြောက်စေပါတယ်။ "

" ငါ ကျောက်ဖုန်းဆီ ရိက္ခာတွေ ပိုပြီး ခွဲဝေပေးရတော့မယ်ထင်တယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" အရှင်မင်းကြီး အဲ့လိုလုပ်ဖို့ မလိုပါဘူး။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။ " စစ်သူကြီးကျောက် အစီရင်ခံတာကဆော့ ရှန်းဝေမြို့မှာ ဝေဝူကျိရဲ့ စစ်သည်နှစ်သိန်းကို ခြောက်လစာ ထောက်ပံ့နိုင်တဲ့ ရိက္ခာတွေ ရှိနေပါတယ်။ အခု အဲ့ဒီရိက္ခာတွေက သူ့လက်ထဲမှာ ရှိနေပြီဆိုတော့ အနည်းဆုံး တစ်နှစ်ကတော့ အေးအေးဆေးဆေး ခံမှာပါ။ "

" အဲ့ဒါကြောင့်လည်း စစ်သူကြီးကျောက်က စစ်သည်အင်အားနည်းနည်းနဲ့ ဝေနိုင်ငံကို တိုက်ခိုက်ရဲတာပါ။ "

" ကျောက်ဖုန်းက တကယ်စိတ်ဝင်စားဖို့ ကောင်းတာပဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သော်လည်း သူ၏ မျက်နှာတွင် စိုးရိမ်သော အရိပ်အယောင် အနည်းငယ် ရှိနေသည်။ " ဒါပေမယ့် ငါနည်းနည်းတော့ စိတ်ရှုပ်နေတုန်းပဲ။ "

" အရှင်းမင်းကြီးက ဘာကို စိတ်ရှုပ်နေတာလဲ။ " ယွီလျောင်က မေးလိုက်သည်။

" ငါက အရင် ကျောက်ဖုန်းကို ဝေမြို့ကို ကာကွယ်နိုင်ရင် ပင်မစစ်သူကြီးအဖြစ် ရာထူးတိုးပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမယ့် သူရဲ့ ထူးကဲတဲ့ စွမ်းဆောင်မှုတွေအရဆိုရင် အဲ့ဒီရာထူးက သူ့ကို ဂုဏ်ပြုဖို့ မလုံလောက်တော့သလိုပဲ။ သူက ဝေနိုင်ငံရဲ့ မြို့ဆယ်မြို့ကျော်ကို သိမ်းပိုက်ပြီး ငါတို့ချင်နယ်မြေကို မိုင်ပေါင်းတစ်ထောင်နီးပါး တိုးချဲ့ပေးခဲ့တာက နောက်ထပ်ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ။ "

" စစ်ပွဲပြီးသွားတဲ့အခါ ငါသူ့ကို ဘယ်လိုဆုလာဘ်မျိုး ချီးမြှင့်ရပါ့မလဲ။ " ရင်ကျန့်က စိတ်ညစ်သော အမူအရာနှင့် ပြောလိုက်သည်။

" မှန်ပါတယ်။ တစ်ကမ္ဘာလုံးကို ထားလိုက်ပါဦး။ ချင်နိုင်ငံတစ်ခုလုံးမှာတောင် စစ်သူကြီးကျောက်လောက် ရာထူးတက်တာ မြန်တဲ့သူ ဘယ်သူရှိလို့လဲ။ အသက်၁၇နှစ်နဲ့ ပင်မစစ်သူကြီးဖြစ်နေပြီ။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။

" ဒါကြောင့်လည်း ငါက စိတ်ညစ်နေတာ။ " ရင်ကျန့်က ပြောလိုက်သည်။ " ပြောပါဦး။ တကယ်လို့ ကျောက်ဖုန်းက ကျောက်နိုင်ငံအထိ လမ်းဖောက်နိုင်သွားရင်ရော။ သူက ကျောက်နယ်မြေထဲ ဝင်ရောက်ပြီး ပိုကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့ရင်ရော ဘယ်လိုလုပ်မလဲ။ "

ယွီလျောင်က ထိုကိစ္စကို မအံ့ဩပေ။ ချင်နိုင်ငံ၏ စစ်တပ်စွမ်းဆောင်မှုစနစ်တွင် ရာထူးနှင့် ဘွဲ့ထူးများကို ရှင်စရှင်းလင်းလင်း သတ်မှတ်ထားသည်။ ကျောက်ဖုန်းက ယခု အဆင့်ဆယ့်နှစ် ဘွဲ့ထူးနှင့် ပင်မစစ်သူကြီး ဖြစ်နေပြီဖြစ်သည်။

ပင်မစစ်သူကြီးရာထူး၏ အထက်တွင် စစ်သေနာပတိချုပ် သို့မဟုတ် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။ ချင်နိုင်ငံတစ်ခုလုံးတွင် ထိုရာထူးရှိသူသုံးယောက်သာ ရှိသည်။ ထိုရာထူးကို အပ်နှင်းရန် လက်ရှိရာထူးယူထားသူများထဲမှ တစ်ယောက်က ရာထူးမှ ဆင်းပေးရမည်ဖြစ်ပြီး ၎င်းက မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

ချင်နိုင်ငံ၏ စစ်သေနာပတိချုပ် သုံးယောက်ဖြစ်သော ဝမ်ကျန့်၊ မုန့်ဝူနှင့် ဟွမ်ယိတို့အားလုံးက ဝါရင့်ပုဂ္ဂိုလ်များဖြစ်ပြီး သူတို့၏ စွမ်းရည်များက အထွတ်အထိပ်တွင် ရှိနေကြသည်။ သူတို့ထဲမှ တစ်ယောက်ယောက် အနားယူခြင်းမှာ နောက်ထပ် ဆယ်စုနှစ် တစ်ခုနှစ်ခုလောက် ကြာဦးမည်ဖြစ်သည်။

နောက်ထပ် စစ်ဌာနချုပ်တစ်ခု တည်ထောင်သည့် ရွေးချယ်မှုလည်း ရှိနေသည်။ သို့သော် လက်ရှိချင်နိုင်ငံ၏ အင်အားနှင့် ထိုမျှများပြားသော စစ်သည်အင်အားကို စုစည်းရန် မဖြစ်နိုင်ပေ။

" အရှင်မင်းကြီး စိုးရိမ်လွန်းနေပါပြီ။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။

" စစ်သူကြီးကျောက်က စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်လို့ မရသေးပေမယ့် သူ့ရဲ့ ဘွဲ့ထူးကို မြှင့်တင်ပေးလို့ ရပါသေးတယ်။ ဒါ့အပြင် အရှင်မင်းကြီးက ကရုဏာထားပြီး စစ်သူကြီးကျောက်ကို ဘာလိုချင်လဲ မေးလို့ရပါသေးတယ်။ "

" သူ့ရဲ့ လက်ရှိစွမ်းဆောင်မှုတွေအရဆို အနာဂတ်မှာ စစ်သေနာပတိချုပ်ရာထူးက သူ့အတွက်ပဲ ဖြစ်လိမ့်မယ်။ မုန့်ထျန်း၊ ဝမ်ပင်းတို့နဲ့ ယှဉ်ရင် ကျောက်ဖုန်းရဲ့ စွမ်းဆောင်ရည်တွေက တကယ်အံ့မခန်းပဲ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " ဒါပေမယ့် မင်းပြောတာ မှန်ပါတယ်။ ငါအများကြီး တွေးနေတာပဲ။ "

" အရှင်မင်းကြီးပြောစကားအရဆို ကျောက်ဖုန်းက ကျောက်နိုင်ငံအထိ လမ်းဖောက်နိုင်မယ်လို့ အရှင်မင်းကြီးက ယုံကြည်နေတာလား။ "ယွီလျောင်က ရယ်ပြီး မေးလိုက်၏။

ရင်ကျန့်က ပြုံးလိုက်သည်။ " ဘယ်သူသိနိုင်မှာလဲ။ တကယ်လို့ သူသာအောင်မြင်သွားရင် သူဘာတွေလုပ်နိုင်မလဲဆိုတာ ငါ တကယ်စိတ်ဝင်စားမိတယ်။ "

" ကျောက်ဖုန်းရဲ့ ရည်ရွယ်ချက်က ထင်ရှားနေတာပဲ။ ဝေဝူကျိကလည်း မြင်နိုင်မှာပဲ။ ဝေနဲ့ကျောက်က မဟာမိတ်တွေ။ ကျောက်ဖုန်းက ကျောက်နိုင်ငံဆီ လမ်းဖောက်သွားမှာကို ဝေဝူကျိက ထိုင်ကြည့်နေမှာမဟုတ်ဘူး။ " ယွီလျောင်က ပြောလိုက်သည်။

" ဒါကြောင့် သူက ကျောက်ဖုန်းကို တားဆီးဖို့ လင်းချန်းမြို့မှာ တပ်စွဲထားမှာ သေချာတယ်။ ကျောက်ဖုန်းရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ထိုးဖောက်ဖို့ ခက်ခဲပါလိမ့်မယ်။ "

" ကြည့်ကြတာပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " သူလုပ်နိုင်လိမ့်မယ်လို့ ငါယုံကြည်နေတယ်။ "

ရှကျေးရွာ။

" ကျောက်မိသားစုရေ နယ်စားမင်းက ရောက်လာပြန်ပြီ။ " ရွာလူကြီးဝူက ပြုံး၍ အော်ပြောလိုက်သည်။

" သူက ဘာလို့ထပ်ရောက်လာတာလဲ။ " အိမ်တော်ထဲတွင် ကျောက်ကတော်နှင့် ကျောက်ရင်တို့က နားမလည်နိုင်ဖြစ်သွားကြသည်။

ထိုအချိန်တွင် နယ်စားမင်းယန်ပင်းက အိမ်ထဲသို့ ဝင်ရောက်လာသည်။ သူ၏ နောက်တွင် ခရိုင်စစ်သည်များနှင့် အစေခံအုပ်စု လိုက်ပါလာကြသည်။

" ကျောက်ကတော်၊ ကျောက်သခင်မလေး။ " ယန်ပင်းက ဂါရဝပြုပြီး နှုတ်ဆက်လိုက်သည်။

" နယ်စားမင်း " ကျောက်ကတော်နှင့် ကျောက်ရင်တို့က ပြန်လည်နှုတ်ဆက်လိုက်ကြသည်။

" နယ်စားမင်း ကျွန်မသားက ဘာလုပ်လိုက်ပြန်ပြီလဲ။ " ကျောက်ကတော်က သိလိုစိတ်နှင့် မေးလိုက်သည်။

" ဟားဟား..." ယန်ပင်က ရယ်မောပြီး ပြောလိုက်သည်။ " ကျွန်တော်က ကျောက်ကတော်ကို ဂုဏ်ပြုဖို့ နောက်တစ်ကြိမ် ရောက်လာတာပါ။ "

" ကျွန်မအကိုက နောက်ထပ် ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခု လုပ်လိုက်ပြန်ပြီလား။ " ကျောက်ရင်က မေးလိုက်သည်။

" ကျောက်သခင်မလေးက တကယ်ဉာဏ်ကောင်းတာပဲ။ စစ်သူကြီး ကျောက်က နောက်ထပ် ကြီးမားတဲ့ စွမ်းဆောင်မှုကို လုပ်လိုက်ပြန်ပြီ။ "

" နောက်ထပ် တိုက်ပွဲဖြစ်ခဲ့တာလား။ " ကျောက်ရင်က မေးလိုက်သည်။

" ချင်နိုင်ငံက ကျောက်နိုင်ငံကို တိုက်ခိုက်ခဲ့တယ်။ " ယန်ပင်းက ပြုံး၍ ပြောလိုက်သည်။ " ဝေနဲ့ကျောက်က မဟာမိတ်တွေဆိုတော့ ချင်နိုင်ငံက ကျောက်နိုင်ငံကို တိုက်ခိုက်တဲ့အချိန်မှာ ဝေနိုင်ငံက ယင်ချွမ်းခရိုင်ကို တိုက်ခိုက်ဖို့ စစ်သည်တွေ စေလွှတ်ခဲ့တယ်။ "

" စစ်သူကြီးကျောက်က ယင်ချွမ်းရဲ့ ဝင်ပေါက်ဖြစ်တဲ့ ဝေမြို့ကို စောင့်ကြပ်ဖို့ တာဝန်ပေးခံခဲ့ရတယ်။ "

" ဝေနိုင်ငံက ယင်ချွမ်းကို တိုက်တာလား။ ကျွန်မအကိုက ခုခံနိုင်ခဲ့တာလား။ " ကျောက်ရင်က မေးလိုက်သည်။

All Chapters