← Chapters

အခန်း (၁၅၇)

Vol. 16 Ch. 157

အခန်း (၁၅၇)

Vol. 16 Ch. 157

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၅၇)

" ဟားဟား ခုခံနိုင်ရုံတင်ဘယ်ကမလဲ။ " ယန်ပင်းက ရယ်မောလိုက်သည်။ " ကျောက်သခင်မလေး ဝေဝူကျိအကြောင်း ကြားဖူးတယ်မဟုတ်လား။ "

" ဝေနိုင်ငံရဲ့ အရှင်ရှင်းလင်းလား။ ကျွန်မ ကြားဖူးပါတယ်။ " ကျောက်ရင်က ခေါင်းညိမ့်လိုက်သည်။

ကျောက်ကတော်ကလည်း အတူတူပင်ဖြစ်သည်။ သူမ၏ အတိတ်မှ အတွေ့အကြုံများအရ ဝေဝူကျိအကြောင်းကို မကြားဖူးဘဲ နေမည်မဟုတ်ပေ။

" စစ်သူကြီးကျောက်က အင်အားနည်းနည်းတဲ့ အင်အားများတဲ့သူကို အနိုင့်ယူခဲတယ်။ သူပ သူ့ရဲ့ စစ်သည်တစ်သိန်းတည်းနဲ့ ဝေဝူကျိရဲ့ စစ်သည်နှစ်သိန်းကို ချေမှုန်းပြီး ဝေစစ်တပ်ကို ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့တယ်။ " ယန်ပင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ဝေဝူကျိက ကျွန်မတို့ ဖုန်းအာကို ရှုံးနိမ့်သွားတာလား။ " ကျောက်ကတော်က အံ့အားသင့်သွားသည်။

" ကျောက်ကတော် မထင်ထားဘူးမဟုတ်လား။ "ယန်ပင်းက ပြောလိုက်သည်။

" စစ်သူကြီးကျောက်က ဝေဝူကျိကို အနိုင်ယူလိုက်တဲ့သတင်းက ပျံ့နေပြီ။ မကြာခင် တစ်ကမ္ဘာလုံးက စစ်သူကြီးကျောက်ရဲ့ နာမည်ကို သိကြတော့မှာ။ ဝေနိုင်ငံရဲ့ အရှင်ရှင်းလင်းက ချင်နိုင်ငံရဲ့ အငယ်ဆုံး စစ်သူကြီးကို ရှုံးနိမ့်သွားခဲ့တယ်။ "

" ကျွန်မသားက ဝေဝူကျိကို အနိုင်ယူခဲ့တယ်ဆိုတာ တကယ်ကို မမျှော်လင့်ထားတဲ့အရာပဲ။ " ကျောက်ကတော်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဒါက တော်ဝင်အမိန့်ပါ။ " ယန်ပင်းက တော်ဝင်အမိန့်ကို ကျောက်ကတော်ဆီ ပေးလိုက်သည်။ " ဒီထဲမှာ စစ်သူကြီးကျောက်အတွက် ဆုလာဘ်တွေ ပါပါတယ်။ ကျွန်တော် ဖတ်ပြမနေတော့ပါဘူး။ ကျောက်ကတော် အမိန့်လက်ခံပေပါ။ "

ကျောက်ကတော်က တော်ဝင်အမိန့်ကို လက်ခံပြီး ဖွင့်ဖတ်လိုက်သည်။ " ဖုန်းအာက ပင်မစစ်သူကြီးအဖြစ် ရာထူးတိုးခံရတာလား။ "

" ချင်နိုင်င့်ရဲ့ စစ်ရေးစွမ်းဆောင်မှုစနစ်က တင်းကျပ်ပါတယ်။ ကြီးမားတဲ့ စွမ်းဆောင်မှုအတွက် ဆုလာဘ်ရမှာက သေချာပါတယ်။ " ယန်ပင်းက ပြောလိုက်သည်။

" ဒါကို လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နယ်စားမင်း။ " ကျောက်ကတော်က သူမ၏ စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။

" ကျောက်ကတော်က အားနာနေပြန်ပါပြီ။ " ယန်ပင်းက ချက်ချင်း ပြန်ပြောလိုက်သည်။ " စစ်သူကြီးကျောက်လို ထူးချွန်တဲ့ လူတစ်ယောက်က ကျွန်တော်တို့ ရှချူးခရိုင်က ထွက်ပေါ်လာတာက ကြံးမားတဲ့ ကောင်းချီးတစ်ခုပါ။ "

ထို့နောက် သူက လက်ဝှေ့ရမ်းလိုက်ရာ အစေခံတစ်ရာနှင့် ရွှေငွေများကို အိမ်ထဲသို့ ယူဆောင်လာကြသည်။

" ဒီတစ်ခါ အစေခံတစ်ရာအပြင် အရှင်မင်းကြီးက ကျောက်ကတော်ကို ကာကွယ်ဖို့ ကိုယ်ရံတော်ငါးဆယ်ကိုလည်း ပေးအပ်လိုက်ပါတယ်။ သူတို့အားလုံးကို ကျောက်ကတော် ကြိုက်သလို စီစဉ်နိုင်ပါတယ်။ " ယန်ပင်းက ပြောလိုက်ည်။

ကျောက်ဖုန်း၏ အောင်မြင်မှုတစ်ခုချင်းစီက သူတို့၏ အခြေအနေကို သိသိသာသာ မြင့်တက်သွားစေခဲ့သည်။ တစ်ချိန်က သက်ကယ်မိုးအိမ်လေးသုံးလုံးသာရှိသော ခြံဝင်းလေးက ယခု ခမ်းနားသော အိမ်တော်ကြီးဖြစ်လာခဲ့သည်။

တစ်ချိန်က သားအမိနှစ်ယောက်တည်းရှိသော အိမ်လေးတွင် ယခု လူပေါင်းသုံးရာကျော်က သူတို့ကို အလုပ်အကျွေးပြုရန် ရောက်ရှိနေကြပြီဖြစ်သည်။

" ကျောက်ကတော် နောက်ထပ်သတင်းတစ်ခုရော ရပြီးပြီလား။ " ယန်ပင်းက ရုတ်တရက် ပြုံးပြီး ပြောလိုက်သည်။

" ဘာသတင်းလဲ။ " ကျောက်ကတော်က ထိတ်လန့်စွာ မေးလိုက်သည်။

" စစ်သူကြီးကျောက်ရဲ့ လက်ထပ်ထိမ်းမြားမှုနဲ့ ပက်သက်လို့ပါ။ " ယန်ပင်းက ပြုံး၍ ပြောလိုက်သည်။

" ဖုန်းအာရဲ့ လက်ထပ်ပွဲလား။ ကျွန်မသူ့အတွက် ဘာလက်ထပ်ပွဲမှ မစီစဉ်ရသေးပါဘူး။ " ကျောက်ကတော်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" ကျောက်ကတော် " ယန်ပင်းက အသံနှိမ့်ပြီး ပြောလိုက်သည်။ " ကျွန်တော် ရှန်းယန်က မိတ်ဆွေတစ်ယောက်ဆီကနေ ကောလဟာလတစ်ခု ကြားခဲ့တယ်။ စစ်သူကြီးကျောက်က စစ်သေနာပတိချုပ်ဝမ်ကျန့်ရဲ့ သမီးနဲ့ ကတိသစ္စာပြုထားတယ်လို့ ပြောတယ်။ "

" စစ်သေနာပတိချုပ် ဝမ်ကျန့်ရဲ့ သမီးလား။ အဲ့ဒါတကယ်လား။ ကျွန်မလုံးဝမသိပါဘူး။ " ကျောက်ကတော်ကလည်း အလွန်တုန်လှုပ်သွားသည်။

" ကျောက်ကတော် ဒီသတင်းက နန်းတွင်းက ကျွန်တော်ရဲ့ မိတ်ဆွေဆီက လာတာပါ။ မင်းသားဖုစုက စစ်သေနာပတိချုပ်ရဲ့ သမီကို လက်ဆက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် စစ်သူကြီးကျောက်ဖုန်းနဲ့ စစ်သေနာပတိချုပ်ရဲ့ သမီးက ကတိသစ္စာပြုထားလို့ ငြင်းပယ်ခံခဲ့ရတယ်။ "

" တကယ်လို့ စစ်သူကြီးကျောက်က စစ်သေနာပတိချုပ်ရဲ့ သမီးနဲ့ တကယ်လက်ထပ်နိုင်ခဲ့ရင် ဒါက သူ့အတွက် အလွန်ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်ကလည်း ကြိုတင်ပြီး ဂုဏ်ပြုပါတယ်။ " ယန်ပင်းက ပြုံ၍ ပြောလိုက်သည်။

" ကျွန်မလည်း ဒါကို တကယ်မသိပါဘူး။ ဖုန်းအာပြန်လာမှပဲ သေချာသိရမှာပါ။ " ကျောက်ကတော်က ပြန်ပြောလိုက်သည်။

" ဟားဟား အခု ကျောက်ကတော် သိသွားပြီးပေါ့။ စစ်သူကြီးကျောက်ရဲ့ မင်္ဂလာပွဲကျရင် ကျွန်တော် သေချာပေါက် လာရောက်ဂုဏ်ပြုပါဦးမယ်။ "

စကားခဏပြောပြီးနောက် ယန်ပင်းနှင့် သူ၏ လူများက ထွက်ခွာသွားကြပြီး ကျောက်ကတော်နှင့် ကျောက်ရင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ကျန်နေခဲ့ကြသည်။

" အကိုကတော့ တကယ် တစ်ခုခုပဲ။ " ကျောက်ရင်က မနာလိုသော အမူအရာနှင့် ပြောလိုက်သည်။ " သူ စေ့စပ်ထားတာ သမီးတို့တောင် မသိသေးဘဲ အပြင်လူတွေက သိနေပြီ။ "

" သတင်းက မသေချာသေးပါဘူး။ သမီးအကိုပြန်လာမှပဲ အမေတို့ သိရလိမ့်မယ်။ " ကျောက်ကတော်က တည်ငြိမ်စွာ ပြောလိုက်သည်။ " တကယ်လို့ ဒါက အမှန်ဆိုရင်တော့ ကောင်းတာပေါ့။ "

" သမီးရဲ့ မရီးက ဘယ်လိုပုံစံဖြစ်မလဲမသိဘူး။ ဆွေကြီးမျိုးကြီးမိသားစုတွေက သမီးတွေက မာနကြီးကြတယ်လို့ ကြားဖူးတယ်။ အကိုရှာထားတဲ့သူက စိတ်ထားကောင်းတဲ့သူဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ။ " ကျောက်ရင်က မနာလိုသော အမူအရာနှင့် ပြောလိုက်သည်။

ကျောက်ကတော်က သူမသမီး၏ အမူအရာကို ကြည့်ပြီး ပြုံးကာ စနောက်လိုက်သည်။ " သမီးက မရီးရှိလာရင် သမီးအကိုက သမီးကို အလိုမလုက်တော့မှာ စိုးရိမ်နေတာမဟုတ်လား။ "

" အမေကလည်း မဟုတ်ပါဘူး။ " ကျောက်ရင်က သူမမိခင်၏ လက်ကို ဆွဲပြီး ပြောလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားခဲ့သည်။

လင်းချန်းမြို့ရိုးအထက်တွင် ဝေနိုင်ငံ၏ အလံများက တလူလူ လွင့်ပျံနေပြီး ဝေစစ်သည်ပေါင်းများစွာက တပ်စွဲထားကြသည်။ မြို့ရိုး၏ ရှေ့တွင်....

" ပစ် ပစ် ပစ်..." အမိန့်ပေးသံနှင့်အတူ မြားများက လေထဲတွင် ပျံသန်းသွားသည်။ လေးကိုင်ထားသော ချင်စစ်သည်များက လင်းချန်းမြို့သို့ မြားများနှင့် ပစ်ခတ်နေကြသည်။

ကျရောက်လာသော မြားမိုးများအောက်တွင် ဝေစစ်သည်များက မကြာခဏ မြားမှန်ပြီး သေဆုံးနေကြသည်။ ဒိုင်းရှိသော စစ်သည်များက သက်သာသော်လည်း ဒိုင်းမရှိသော စစ်သည်များက မြားမမှန်စေရန် ဆုတောင်းပြီး အသည်းအသန် ရှောင်တိမ်းနေကြသည်။

" ဆုတ်ခွာမယ်။ " မြားများကို ပစ်ခတ်ပြီးနောက် ဝေချွမ်က အမိန့်ပေးလိုက်သည်။ ချင်စစ်သည်များက မြို့ရိုးရှေ့မှ စနစ်တကျ ဆုတ်ခွာသွားကြသည်။

" ဒီချင်စစ်တပ်က လူယုတ်မာတွေ..." ဆုတ်ခွာသွားသော ချင်စစ်သည်များကို ကြည့်ပြီး မြို့ရိုးပေါ်မှ ဝေတပ်မှူးများနှင့် စစ်သည်များက ဒေါသထွက်နေကြသည်။

သူတို့က မြားများကို ပြန်လည်တုန့်ပြန်ရန် နည်းလမ်းမရှိဘဲ ထိုတိုက်ခိုက်မှုကို ငြိမ်ခံနေရုံသာ ရှိသည်။ ချင်မြားများ၏ ပစ်ခတ်နိုင်သော အကွာအဝေးက အခြယးနိုင်ငံများ လေးများထက် သုံးဆယ်ရာခိုင်နှုန်း ပိုများပြီး ၎င်းက ချင်စစ်တပ်ကို အသာစီးရစေသည်။

ချင်စစ်စခန်းတွင် ကျောက်ဖုန်းက ပင်မထိုင်ခုံတွင် ထိုင်နေသည်။

" စစ်သူကြီးကို အစီရင်ခံပါတယ်။ " တုဆွေက ရောက်လာပြီး ပြောလိုက်သည်။ " ဒီနေ့အတွက် မြားပစ်ခတ်မှု ပြီးဆုံးသွားပါပြီ။ မြားငါးသောင်းလုံး ပစ်ခတ်ခဲ့ပါပြီ။ "

" ငါတို့မှာ မြားဘယ်လောက်ကျန်သေးလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" စစ်သူကြီး ကျွန်တော်တို့မှာ မြားတွေ အများကြီး ရှိပါသေးတယ်။ " တုဆွေက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ဝေစစ်တပ်က တိုက်ခိုက်တုန်းက ဝေမြို့မှာ မြားငါးသိန်း သိမ်းဆည်းထားခဲ့တာပါ။ စစ်မြေပြင်ကို ရှင်းလင်းပြီးတဲ့နောက်မှာ အဲ့ဒီမြားတွေကို ယူလာခဲ့ပါတယ်။ ငါးသိန်းလုံးမရှိတော့ပေမယ့် သုံးသိန်းကျော် ကျန်ပါသေးတယ်။ ဒါက ကျွန်တော်တို့ သုံးဖို့ လုံလောက်တာထက်တောင် ပိုပါသေးတယ်။ "

" အဲ့ဒီအသုံးပြုပြီးသားမြားတွေက အသစ်တွေထက် ပိုကောင်းတယ်။ အဲ့ဒါတွေက ဝေစစ်တပ်ကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်။ " ကျောက်ဖုန်းက လှောင်ပြုံးပြုံးလိုက်သည်။

ထိုသို့ပြောရသည့် အကြောင်းရင်းမှာ ခုနှစ်ရက်ဖျားရောဂါ သို့မဟုတ် မေးခိုင်ရောဂါကြောင့် ဖြစ်သည်။ ဝေမြို့ကို ကာကွယ်နေစဉ်က ထိုမြားများကို အသုံးပြုခဲ့ပြီး ညစ်ပတ်နေခဲ့သည်။ မြားခေါင်းများကို လဲခဲ့ကြသော်လည်း မလဲရသေးသော မြားများလည်း ရှိနေသည်။

ထိုမြားများမှ ရသော ဒဏ်ရာများက ပိုးဝင်ရန် အခွင့်အလမ်းပိုများပြီး ဤခေတ်တွင် ၎င်းက သေဒဏ်ပေးလိုက်သကဲ့သို့ ဖြစ်သည်။

" မနက်ဖြန်ကျရင် စစ်သည်နှစ်သောင်းကို သုံးပြီး မြားသုံးသိန်းလုံးကို ပစ်လိုက်တော့။ " ကျောက်ဖုန်းက လေးနက်စွာဖြင့် အမိန့်ပေးလိုက်သည်။

" စစ်သူကြီး မနက်ဖြန် မတိုက်ခိုက်ခင် သူတို့ကို မြားမိုးတွေ ရွာချဖို့ စီစဉ်နေတာလား။ " တုဆွေက ချက်ချင်း နားလည်သွားသည်။

" ကျွန်တော်တို့ ရထားတဲ့ သတင်းတွေအရဆို ဒီမြို့ကို ကာကွယ်နေတဲ့ ဝေစစ်တပ်က စစ်သည်ခုနှစ်သောင်းထက် မနည်းပါဘူး။ " ဝူယွဲ့က ဝင်ပြောလိုက်သည်။ " မြို့စောင့်တပ်တွေအပြင် ဝေနိုင်ငံကနေ ရွှေ့ပြောင်းလာတဲ့ အထူးစစ်သည်တွေလည်း ရှိပါတယ်။ မြို့ကို တိုက်ရိုက်တိုက်ခိုက်ဖို့က ခက်ခဲပါလိမ့်မယ်။ "

" ဝေစစ်တပ်ကိုလည်း အထင်မကြီးနဲ့။ ငါ့လက်အောက်မှာရှိနေတဲ့ စစ်သည်တွေကိုလည်း အထင်မသေးနဲ့။ " ကျောက်ဖုန်းက ယုံကြည်မှုရှိစွာ ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော်မျိုး ရှေ့တန်းကနေ တာဝန်ယူပါမယ်။ " ဝေချွမ်က ရှေ့ထွက်ပြီး ပြောလိုက်သည်။

ဝေချွမ်က စိတ်အားထက်သန်နေသည်ကို မြင်သောအခါ အခြားတပ်မှူးများကလည်း ထရပ်လိုက်ကြသည်။ " ကျွန်တော်မျိုးတို့လည်း အမိန့်ကို စောင့်ဆိုင်းနေပါတယ်။ "

" ဒီတိုက်ပွဲမှာ ငါတို့စစ်သည်ခြောက်သောင်းလုံးက ရှေ့တန်းတပ်ဖွဲ့တွေ ဖြစ်လိမ့်မယ်။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။

" မနက်ဖြန်ကျရင် ငါတို့က မြားတွေနဲ့ အရင်ပစ်မယ်။ ပြီးရင် ငါကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး မြို့ရိုးကို ထိုးဖောက်မယ်။ ငါတို့ လင်းချန်းမြို့ကို တစ်ချက်တည်းနဲ့ သိမ်းပိုက်ရမယ်။ "

" ကျွန်တော်တို့ အမိန့်ကို စောင့်ဆိုင်းနေပါတယ်။ " တပ်မှူးများက ပြောလိုက်ကြသည်။

" ကောင်းပြီ။ " ကျောက်ဖုန်းက တည်​ငြိမ်စွာ ပြောလိုက်သည်။ " အားလုံး သွားပြီး အနားယူကြတော့။ စစ်သည်တွေအားလုံးကို အစားဝအောင်စားပြီး သောက်စရာရှိတာ ဝအောင်သောက်ထားလို့ ပြောလိုက်။ မနက်ဖြန် တကယ် သွေးချောင်းစီးတိုက်ပွဲ ဖြစ်လိမ့်မယ်။ "

" နားလည်ပါပြီ။ " တပ်မှူးများက ပြောပြီး ထွက်ခွာသွားကြသည်။

All Chapters