အခန်း (၁၅၈)
Vol. 16 Ch. 158
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၅၈)
" မနက်ဖြန်တိုက်ပွဲမှာ လင်းချန်းမြို့ကိုသာ ထိုးဖောက်နိုင်ရင် ကျောက်နိုင်ငံကို သွားမယ့်လမ်းကြောင်းက ပွင့်သွားလိမ့်မယ်။ ဒါဆို ကျောက်နိုင်ငံကို ချေမှုန်းမယ့် စစ်ပွဲမှာလည်း ငါပါဝင်လို့ရပြီ။ " ကျောက်ဖုန်းက မျှော်လင့်ချက်များနှင့် တွေးလိုက်သည်။
" အစီရင်ခံပါတယ်။ စစ်သေနာပတိချုပ်ဆီက မိသားစုစာတစ်စောင် ရောက်လာပါတယ်။ " ကျန်းမင်က အခန်းထဲသို့ လျင်မြန်စွာ ပြေးဝင်လာသည်။
စစ်တိုက်ရာမှာပင် တည်ငြိမ်နေတတ်သော ကျောက်ဖုန်းက ရုတ်တရက် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားသည်။ ယန်အာကလေးမွေးပြီလား။ ထိုသို့တွေးမိသည်နှင့် ကျောက်ဖုန်းက ကျန်းမင်၏ လက်ထဲမှ စာကို ယူပြီး ချက်ချင်း ဖတ်လိုက်သည်။
" ယန်အာက အမြွှာလေးတွေ မွေးလိုက်တာပဲ။ သားဦးလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ပဲ။ " ကျောက်ဖုန်းက မျက်လုံးပြူးသွားပြီး စာရွက်ကို ကိုင်ထားသော လက်များက တုန်ယင်သွားသည်။
" ငါ ကျောက်ဖုန်းမှာ အမွေဆက်ခံသူရှိပြီ။ သားတစ်ယောက်နဲ့ သမီးတစ်ယောက်.... ကောင်းကင်ဘုံက ငါ့ကို တကယ် ကောင်းချီးပေးတာပဲ။ "
သူက ဘဝနှစ်ခု ဖြတ်သန်းခဲ့သော်လည်း ယခုဘဝမှ သူ၏ ကိုယ်ပိုင်မျိုးဆက် ကိုယ်ပိုင်သွေးသားကို ရရှိပြီဖြစ်သည်။ ၎င်းက အခြေအမြစ်မရှ်သော သူ၏ စိတ်ဝိညာဉ်က နားခိုရာ ရသွားသကဲ့သို့ ဖြစ်သည်။
" ဂုဏ်ပြုပါတယ် အရှင်။ " ကျန်းမင်က ချက်ချင်း ပြောလိုက်သည်။
ကျောက်ဖုန်း၏ စိတ်ထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ပြည့်နှက်သွားသည်။ " ဒီတစ်ခါ ရန်သူတွေကို သတ်ပြီး စွမ်းဆောင်မှုရဖို့ပဲ မဟုတ်ဘူး။ ငါ့ရဲ့ ကလေးတွေအတွက် ကျောက်နိုင်ငံကို အမြန်ဆုံး ချေမှုန်းရမယ်။ အဲ့ဒါမှ ငါအိမ်ကို မြန်မြန်ပြန်ပြီး ယန်အာကို တရားဝင် လက်ထပ်နိုင်လိမ့်မယ်။ "
ထိုအချိန်တွင် စနစ်မှ အသိပေချက် ထွက်ပေါ်လာသည်။ " အလောင်းတွေကို မြှုပ်နှံခြင်းအတွက် စွမ်းရည်တွေ ရရှိပါပြီ။ "
ကျောက်ဖုန်းက လက်ရှိအခြေအနေသို့ ပြန်ရောက်လာသည်။ " ဝေမြို့က အလောင်းတွေကို မြှုပ်နှံပြီးသွားတဲ့ပုံပဲ။ ငါ့လူတွေ ဘယ်လောက်ထိ မြှုပ်နှံခဲ့လဲဆိုတာ ငါသိချင်မိတယ်။ " သူက မျှော်လင့်ချင်များနှင့် တွေးလိုက်သည်။
" ကိုယ်ရံတော်တွေ ရွေးချယ်တာ ဘယ်လိုအခြေအနေရှိလဲ။ " ကျောက်ဖုန်းက ကျန်းမင်ကို မေးလိုက်သည်။
" ဒါက နာမည်စာရင်းပါ အရှင်။ စစ်ဆေးပေးပါဦး။ " ကျန်းမင်က ဝါးချပ်စာလိပ်ကို ထုတ်ယူပြီး ရိုသေစွာ ပေးလိုက်သည်။
ကျောက်ဖုန်းက ဝါးချပ်စာလိပ်ကို ယူပြီး ဖြန့်ကြည့်လိုက်သည်။ သူက နာမည်စာရင်းများကို ဖတ်လိုက်သည်နှင့် ထိုလူများ၏ သက်ဆိုင်ရာ သစ္စာရှိနှုန်းများက ပေါ်လာသည်။ သူက ဓားလေးတစ်ချောင်းကို ထုတ်ပြီး နာမည်စာရင်းကို ပြန်လည်စစ်ဆေးကာ နာမည်ဆယ်ခုကျော်ကို ခြစ်လိုက်သည်။
" ငါခြစ်ထားတဲ့ သူတွေအားလုံးကို ထုတ်ပယ်လိုက်။ နောက်ထပ်ထပ်ရှာဦး။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျန်းမင်က ဝါးချပ်စာလိပ်ကို လက်ခံပြီး ဆုတ်ခွာသွားသည်။
ကျန်းမင်ထွက်သွားသည်နှင့် ကျောက်ဖုန်းက စနစ်ကို အမိန့်ပေးလိုက်သည်။ " အလောင်းမြှုပ်နှံခြင်းအတွက် စွမ်းရည်တွေ ရယူမယ်။ "
" ပိုင်ရှင်ရဲ့ တပ်ဖွဲ့တွေက အလောင်း ၄၅၆၅၀ကို မြှုပ်နှံခဲ့ပြီး စွမ်းရည်အမှတ် ၁၃၆၉၅ ရရှိပါတယ်။ " စနစ်က အသိပေးလိုက်သည်။
" သူတို့က လူပေါင်းလေးသောင်းကျော်ကို မြှုပ်နှံခဲ့တာပဲ။ ကျန်တာတွေကို ကိုင်တွယ်ဖို့ ထောက်ပို့တပ်ဖွဲ့တွေ ရောက်လာပုံရတယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။
ထိုအချိန်တွင် စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။ " စွမ်းရည်အမှတ် တစ်သောင်းကျော်ကို ရရှိပါတယ်။ ကံကြမ္မာအရာရှိတံဆိပ်ကို အဆင့်မြှင့်ဖို့ စွမ်းရည်အမှတ်တစ်သောင်းကို အသုံးပြုလိုပါသလား။ တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုတွေကနေ စွမ်းရည်အမှတ်တွေ ရယူနိုင်ပါတယ်။ "
" ဒါက ဒီလိုလုပ်ရတာကိုး။ အဆင့်မြှင့်ဖို့အတွက် စွမ်းရည်အမှတ်တွေ လိုတာပဲ။ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။
စစ်မြေပြင်တွင် အလောင်းများ မြှုပ်နှံခြင်းက ထောက်ပို့တပ်ဖွဲ့၏ တာဝန်ဖြစ်သည်။ ကျောက်ဖုန်းက စစ်သူကြီးအနေဖြင့် ထောက်ပို့တပ်ဖွဲ့ကို အမိန့်ပေးနိုင်သော်ဘည်း သူတို့၏ တရားဝင်အမိန့်ပေးစနစ်က ရှောက်ဖုမှ လာခြင်းဖြစ်သည်။ ထို့ကြောင့် သူက ထောက်ပို့တပ်ဖွဲ့၏ အလောင်းများမြှုပ်နှံခြင်းမှ ရရှိသော စွမ်းရည်များကို မရနိုင်ပေ။
ယခု သူက ရွေးချယ်စရာရှိလာပြီဖြစ်သည်။ သူတပ်ဖွဲ့များ၏ သတ်ဖြတ်မှုများမှတစ်ဆင့် စွမ်းရည်အမှတ်များကို ရယူနိုင်မည်ဖြစ်သည်။ စွမ်းရည်အမှတ်တစ်သောင်းက များပြားသော ပမာဏဖြစ်သော်လည်း အနာဂတ်တွင် ရန်သူများကို သတ်ဖြတ်ခြင်းမှ ရရှိလာသော အကျိုးအမြတ်များနှင့် ယှဉ်လျှင် ၎င်းက ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။
" အဆင့်မြှင့်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" ကံကြမ္မာအရာရှိတံဆိပ်ကို စွမ်းရည်အမှတ်တစ်သောင်းနဲ့ အဆင့်မြှင့်လိုက်ပါပြီ။ "
ထိုခဏတွင် ကံကြမ္မာအရာရှိတံဆိပ်က ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ ပျံထွက်လာသည်။ သူတစ်ယောက်တည်းသာ မြင်နိုင်သော ထိုတံဆိပ်က အလင်းတန်းများ တောက်ပနေပြီး ခဏကြာသောအခါ ငြိမ်သက်သွားသည်။
" စစ်သူကြီးရဲ့ တံဆိပ်... ပိုင်ရှင်က ရှေ့ဆုံးက ဦးဆောင်တိုက်ခိုက်ရင် စစ်သည်အားလုံးရဲ့ စိတ်ဓာတ်နဲ့ တိုက်ခိုက်ရေးစွမ်းအားက နှစ်ဆမြင့်တက်လာပါမယ်။ ပိုင်ရှင်၏ တပ်ဖွဲ့များ သတ်ဖြတ်လိုက်သော ရန်သူတွေဆီက စွမ်းရည် သုံးဆယ်ရာခိုင်နှုန်းကို ရရှိပါမယ်။ "
" အဆင့်မြင့်သွားပြီ။ အလောင်းမြှုပ်နှံတုန်းကထက် ဆယ်ရာခိုင်နှုန်းပဲ လျော့တယ်။ ဒါပေမယ့် ငါ့ရဲ့ စစ်သည်တွေကို အမိန့်ပေးစရာမလိုတော့ဘူး။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ " စွမ်းရည်တွေအားလုံးကို ထုတ်ယူမယ်။ "
" စွမ်းရည်အားလုံး ၄၀၀၀ ကျော်သွားပါပြီ။ အဆင့်တစ် ရတနာသေတ္တာတစ်လုံးကို ရရှိပါတယ်။ "
" စွမ်းရည်အားလုံး ၅၀၀၀ ကျော်သွားပါပြီ။ အဆင့်တစ် ရတနာသေတ္တာတစ်လုံးကို ရရှိပါတယ်။ "
အလင်းစက်ဝန်းတစ်ခုက ကျောက်ဖုန်းကို ဝန်းရံသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများက ပိုမိုကြီးမားသော အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေသည်။
" အခု ငါ့ရဲ့ စွမ်းရည်အားလုံး ငါးထောင်ကျော်သွားပြီဆိုတော် ရုပ်ခွန်အားတစ်ခုတည်းနဲ့ ဂျင်ငါးထောင်ကျော်ခွန်အားကို ထုတ်သုံးနိုင်ပြီ။ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ငါ့ရဲ့ လက်သီးချက်ကို ခံနိုင်မှာမဟုတ်ဘူး။ သမိုင်းထဲမှာ ရှန်းယုက ကြေးအိုးကြီး ပနိုင်လောက်အောင် အားကြီးတယ်လို့ ပြောကြတယ်။ အဲ့ဒီစွမ်းအားက ဂျင်တစ်ထောင်ကျော်လောက်ရှိပေမယ့် ငါနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။
" ရန်သူတွေကို သတ်ရင်းနဲ့ စွမ်းရည်အမှတ်တွေစုစည်းရင်းနဲ့ ငါက ထာဝရအသက်ရှည်ခြင်းကိုတောင် ရရှိနိုင်လိမ့်မယ်။ တစ်နေ့မှာ ရှန်းကျိုးတစ်ခုလုံး ပေါင်းစည်းသွားရင်တောင် နယ်စပ်အပြင်ဘက်မှာ အခြားမျိုးနွယ်တွေရှိသေးတယ်။ " ကျောက်ဖုန်းက သူ၏ စွမ်းရည်များကို စစ်ဆေးလိုက်သည်။
နာမည် - ကျောက်ဖုန်း
အသက် - ၁၇နှစ်
အစစ်အမှန်ချီ - ၇၈၆
ခွန်အား - ၅၅၄၃
အမြန်နှုန်း - ၅၁၂၃
ရုပ်ခန္ဓာ - ၅၀၁၂
စိတ်ဝိညာဉ် - ၅၀၃၁
သက်တမ်း - ၁၅၅ နှစ်
စွမ်းဆောင်မှုရမှတ် - ၅၆၃
သိုလှောင်နေရာ - ၃၉ ကုဗမီတာ
ကျင့်စဉ် - နဂါးဆင်ကျမ်း
သိုင်းပညာ - နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး
ယခင် သူက အစစ်အမှန်ချီကို တိုးတက်ရန်အတွက် ကျင့်စဉ်ကို ကျင့်ကြံနေခဲ့ရသည်။ သို့သော် ယခုမှစ၍ စွမ်းရည်များ ရရှိရုံနှင့် ၎င်းကို မြှင့်တင်နိုင်တော့မည်ဖြစ်သည်။
" ရတနာသေတ္တာ လေးလုံး။ အဆင့်တစ် ရတနာသေတ္တာသုံးလုံး။ အဆင့်နှစ် ရတနာသေတ္တာ တစ်လုံး။ တန်ဖိုးရှိတဲ့ ရတနာတွေရဖို့ မျှော်လင့်ရမှာပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။ အဆင့်နှစ် ရတနာသေတ္တာက ပင်မစစ်သူကြီးအဖြစ် ရာထူးတိုးတုန်းက ရရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူက ရတနာသေတ္တာများကို ဖွင့်လိုက်သည်။
" အဆင့်တစ် ရတနာတွေကို ဖွင့်နေပါပြီ။ "
" ရွှေစ ၁၀၀၀ကို ရရှိပါတယ်။ "
" အဆင့်မြင့် ပထမအဆင့် ခွန်အားတိုးဆေးဖော်စပ်နည်းကို ရရှိပါတယ်။ "
" အဆင့်မြင့် သံမဏိ ၂၀၀ ဂျင်ကို ရရှိပါတယ်။ "
" အဆင့်နှစ် ရတနာသေတ္တာကို ဖွင့်နေပါပြီ။ "
" အဆင့်မြင့် အနက်ရောင်အဆင့် မီးတောက်ချီစုစည်းခြင်းနည်းစနစ်ကို ရရှိပါတယ်။ "
" ရွှေတွေလား။ ရတနာသေတ္တာကို ဖြုန်းတီးလိုက်တာပဲ။ " ကျောက်ဖုန်းက စိတ်ပျက်စွာ တွေးလိုက်သည်။
သူက အင်မော်တယ်ဝိုင်ခန်းမကို ဖွင့်လှစ်ပြီးနောက် ရွှေများက သူ့အတွက် အရေးမပါတော့ပေ။ ယခု ယင်ချွမ်တွင်သာမက ကျောက်နိုင်ငံနှင့် ဝေနိုင်ငံများမှာပင် ဆိုင်ပေါင်းဆယ်ခုကျော်ကို ဖွင့်လှစ်ထားပြီးဖြစ်သည်။ ၎င်းက သူ၏ အင်အားစုအတွက် ရန်ပုံငွေ ပူစရာမလိုတော့ပေ။
" ဆေးဖော်စပ်နည်း။ ပြီးတော့ ဒီသံမဏိက တော်တော်ကောင်းတဲ့ပုံပဲ။ နတ်ဘုရားလက်နက်အချို့ သွန်းလုပ်ဖို့အတွက် အရည်အသွေး ကောင်းမှာ သေချာတယ်။ " ကျောက်ဖုန်းက ရေရွတ်လိုက်သည်။
သူ၏ အကြည့်က အဆင့်နှစ် ရတနာသေတ္တာမှ ရရှိသော သိုင်းပညာပေါ်သို့ ကျရောက်သွားသည်။
" ထုတ်ယူပြီး ကျင့်ကြံမယ်။ " ကျောက်ဖုန်းက လုပ်ငန်းစဉ်ကို စတင်လိုက်သည်။ သူ၏ စိတ်အသိက တုန်ခါသွားပြီး ခဏအတွင်း သူက ထိုသိုင်းပညာ၏ အခြေခံကို နားလည်သွားသည်။
သူက လက်ကို မြှောက်လိုက်ပြီး သိုင်းပညာ၏ သဘောတရားများအတိုင်း သူ၏ အစစ်အမှန်ချီစွမ်းအားကို စီးဆင်းစေလိုက်သည်။ စွမ်းအားများက သူ၏ လက်ဝါးပေါ်တွင် စုစည်းသွားပြီး မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
" ချီစွမ်းအားကို အခြေခံပြီး မီးတောက်ကို ဖန်တီးတယ်။ ဒါက တကယ်ကျင့်ကြံသူတစ်ယောက်ရဲ့ နည်းလမ်းပဲ။ ဒီမီးတောက်က ဘယ်လောက်အစွမ်းထက်မလဲဆိုတာ ငါသိချင်မိတယ်။ " ကျောက်ဖုန်းက သူ၏ လက်ဝါးပေါ်မှ ကခုန်နေသော မီးတောက်ကို ကြည့်လိုက်သည်။
သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး သူ၏ အကြည့်က သစ်သားစားပွဲတစ်ခုပေါ်တွင် ရပ်တန့်သွားသည်။ သူက လက်ကို ဝှေ့ရမ်းလိုက်ရာ မီးတောက်က သူ၏ လက်ဝါးပေါ်မှ ထွက်ခွာသွားပြီ စားပွဲပေါ်သို့ ကျဆင်းသွားသည်။ မီးတောက်က စားပွဲတစ်ခုလုံးကို ဝါးမြိုသွားသည်။