← Chapters

ဆန်းကြယ်မီးတောက်

Vol. 35 Ch. 341

ဆန်းကြယ်မီးတောက်

Vol. 35 Ch. 341

ညစာစားပွဲ ပြီးဆုံးတော့မည့် အချိန်မှာပင် အပြင်ဘက်မှ မြေပြင်ကို တုန်ခါသွားစေသော ပေါက်ကွဲသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအသံမှာ မိုးခြိမ်းသံအလား ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေပြီး ခန်းမကြီးတစ်ခုလုံးကို တုန်ယင်သွားစေခဲ့သည်။

ထိုတုန်ခါမှုနှင့်အတူ ထိတ်လန့်တကြား အော်ဟစ်သံတစ်သံလည်း ထွက်ပေါ်လာပေ၏။

"ဂိုဏ်းချုပ်... ပြဿနာ အကြီးကြီး တက်နေပြီ... မြေအောက်က ဆန်းကြယ်မီးတောက်က မတည်မငြိမ် ဖြစ်နေပြီးတော့ မီးတောင် ပေါက်ကွဲတော့မယ်..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝူလျှန်ဂိုဏ်းမှ လူတိုင်း၏အမူအယာများ ပြောင်းလဲသွားကြ၏။

အကြီးအကဲ တစ်ဦးက ဖြူရော်နေသော မျက်နှာနှင့် ချွေးစေးများ ချက်ချင်းထွက်လာကာ မေးမြန်းလိုက်သည်။

"ဂိုဏ်းချုပ်... အခု ငါတို့ ဘယ်လို လုပ်ကြမလဲ..."

ကျိုးထုံ၏မျက်နှာသည်လည်း လွန်စွာစိုးရိမ်ပူပန်နေပုံရသည်။

"ဒီဆန်းကြယ်မီးတောက်က ပုံမှန်အနေနဲ့ မြေအောက်မှာ အရမ်းငြိမ်သက်နေတာကို... ဘာလို့ ဒီနေ့မှ ဂဏာမငြိမ် ဖြစ်နေရတာလဲ... ဒီမီးတောက်ရဲ့ စွမ်းအားက အရမ်းထိတ်လန့်ဖို့ ကောင်းတယ်... ငါတို့ရဲ့ ဝူလျှန်ဂိုဏ်း ရှေးဟောင်းဘိုးဘေးက အဲဒီတုန်းက အဲ့ဒါကို နှိမ်နင်းဖို့ ကြိုးစားခဲ့ပေမဲ့ စိတ်ဝိညာဉ်လွင့်စင်ပြီး စိတ်အာရုံကြေမွှတဲ့အထိ လောင်ကျွမ်းခံခဲ့ရတယ်လေ... ငါတို့က အနားတောင် ကပ်လို့ မရတာ... ဘယ်လို လုပ်ကြမလဲ..."

တခြားအကြီးအကဲတစ်ဦးကလည်း ဝမ်းနည်းကြေကွဲနေသော မျက်နှာဖြင့် ပြောဆိုလိုက်၏။

"ဒါပေမဲ့ ဒီတုန်ခါမှု အကြိမ်အရေအတွက်ကို ကြည့်ရတာ အရင်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် လှုပ်ရှားနေပုံပဲ... တကယ်လို့ ငါတို့ ဘာမှ မလုပ်ရင် ကြီးမားတဲ့ အန္တရာယ် ရှိလာနိုင်တယ်... ကျွန်းတစ်ကျွန်းလုံးတောင် ဘေးအန္တရာယ်ကနေ လွတ်ကင်းနိုင်မှာ မဟုတ်ဘူး..."

ထိုအချိန်မှာပင် လူတစ်ယောက်က ကျုံးချင် ကို အသနားခံသည့် အကြည့်ဖြင့်ကြည့်ကာ ပြောဆိုလိုက်သည်။

"တကယ်တော့ နည်းလမ်း မရှိတာတော့ မဟုတ်ဘူး..."

ထိုစကားက လူတိုင်းကို သတိဝင်လာစေခဲ့သည်။

သူတို့ မလုပ်နိုင်ခြင်းက တခြားသူများ မလုပ်နိုင်ဟု မဆိုလိုချေ။

ကျုံးချင်သည် နတ်ဆိုးနန်းတော်ပိုင်ရှင်ဖြစ်ပြီး သူ၏စွမ်းအားမှာ စိတ်ကူးယဥ်ကြည့်၍ပင် မရနိုင်ကြောင်း ဂိုဏ်းချုပ်က သူတို့ကို ပြောပြခဲ့ပြီး ဖြစ်သည်။

အကယ်၍ ဝူလျှန်ဂိုဏ်းကို ကယ်တင်နိုင်မည့်သူ ရှိမည်ဆိုပါက လက်ရှိနေရာတွင် ရှိနေသူများအနက် ကျုံးချင် တစ်ယောက်တည်းသာ ဖြစ်နိုင်သည်။

ထိုသို့ တွေးတောမိသဖြင့် ကျိုးထုံက ကျုံးချင်အား အသနားခံတောင်းဆိုလိုက်၏။

"စီနီယာ... ကျေးဇူးပြုပြီး လှုပ်ရှားပေးလို့ ရမလား... ဝူလျှန်ဂိုဏ်းရဲ့ နှစ်သောင်းချီကြာခဲ့တဲ့ အခြေခံအုတ်မြစ်ကို ကယ်တင်ပေးပါ..."

ထိုအရာကို မြင်တွေ့ချိန်၌ ကျုံးချင်က စဉ်းစားလိုက်သည်။

တစ်ဖက်လူက သူ့ကို အစားအသောက်များဖြင့် ကောင်းစွာဧည့်ခံခဲ့ပြီး လမ်းကြောင်းမှန်ကို ညွှန်ပြပေးခဲ့ရုံသာမက သူ့အပေါ်လည်း သစ္စာရှိခဲ့သည်။ အကယ်၍ သူသာ ထိုကဲ့သို့ ကိစ္စမျိုးနှင့် မကြုံတွေ့ခဲ့ရလျှင် အဆင်ပြေမည် ဖြစ်သော်လည်း ယခု ကြုံတွေ့နေရပြီ ဖြစ်သဖြင့် ဝင်မပါဘဲနေရန် ခက်ခဲပေလိမ့်မည်။

ထိုသို့ တွေးတောလိုက်ပြီး သူက တိုက်ရိုက်မေးမြန်းလိုက်၏။

"အသေးစိတ်ကို နည်းနည်းလောက် ပြောပြလို့ ရမလား..."

ထိုအရာကို မြင်တွေ့ချိန်၌ ကျိုးထုံက ဇာတ်လမ်း အပြည့်အစုံကို ကျုံးချင်အား အလျင်အမြန် ရှင်းပြလေသည်။

ဝူလျှန်ဂိုဏ်းမှ ဂိုဏ်းတည်ထောင်ရန် ရွေးချယ်ထားသော တည်နေရာမှာ မီးတောင်တစ်ခုပေါ်တွင် ဖြစ်ပေ၏။

အစပိုင်းတွင် မည်သူမျှ ဂရုမစိုက်ခဲ့ကြချေ။

မူလက ထိုနေရာမှာ သာမန်မီးတောင်တစ်ခုသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံသူများသည် သူတို့၏စွမ်းအား အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားချိန်၌ မီးနှင့်ရေဒဏ်ကို ခံနိုင်ရည် ရှိနေလေပြီ။

သို့သော် နောက်ပိုင်းတွင် မီးတောင် ပေါက်ကွဲမှု တစ်ခုနှင့်အတူ အခြေအနေများမှာ သူတို့ ထင်ထားသလောက် မရိုးရှင်းကြောင်း လူများအားလုံး သဘောပေါက်သွားခဲ့ကြသည်။

ထိုအချိန်က အသေးစား မီးတောင် ပေါက်ကွဲမှု တစ်ခုက ဂိုဏ်းမှ ယင်သုံးပါးနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် ကျင့်ကြံသူအနည်းငယ်ကို လောင်ကျွမ်းသေဆုံးစေခဲ့သည်။

နောက်ပိုင်းတွင် ဝူလျှန်ဂိုဏ်းက အခြေအနေကို စုံစမ်းရန် လူများအား စေလွှတ်ခဲ့သည်။

ထိုအချိန်ကျမှသာ မြေအောက်တွင် ကောင်းကင်နှင့်မြေပြင် ဆန်းကြယ်မီးတောက်တစ်ခု ရှိနေကြောင်း သူတို့ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေ၏။

ကောင်းကင်နှင့်မြေပြင် ဆန်းကြယ်မီးတောက်သည် ကောင်းကင်နှင့်မြေပြင်မှ မွေးဖွားလာခြင်း ဖြစ်ပြီး ပြိုင်ဘက်ကင်းသော နတ်ဘုရားစွမ်းအားနှင့် အဆုံးမဲ့ စွမ်းအားများကို ပိုင်ဆိုင်ထားကာ ယုံကြည်နိုင်စရာ မရှိလောက်အောင် စွမ်းအားများ ပါဝင်နေသည်။

သူတို့၏ ရှေးဟောင်းဘိုးဘေးသည် ထိုမီးတောက်ကို နှိမ်နင်းလိုခဲ့သော်လည်း မထင်မှတ်ဘဲ သူသည် ဆန်းကြယ်မီးတောက်၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရသည်။

နောက်ရက်များတွင် လူတိုင်းသည် ဆန်းကြယ်မီးတောက်၏ ခြိမ်းခြောက်မှုကို ဖြေရှင်းရန် အမျိုးမျိုးသော နည်းလမ်းများကို ကြိုးစားခဲ့ကြသည်။

သို့သော် သူတို့ မည်မျှပင် ကြိုးစားစေကာမူ ဆန်းကြယ်မီးတောက်အပေါ် အနည်းငယ်မျှပင် သက်ရောက်မှု မရှိခဲ့ချေ။

ထိုအစား အကြိမ်ကြိမ် ကြိုးပမ်းမှုများကြောင့် ဂိုဏ်းမှ ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ရလေ၏။

ထို့ပြင် ထိုဆန်းကြယ်မီးတောက်မှာ ရန်စမခံရပါက ဂဏာမငြိမ်ဖြစ်လေ့ သိပ်မရှိချေ။

ဖြစ်ပေါ်လာသော ထိခိုက်သေဆုံးမှုများမှာ သူတို့ လက်ခံနိုင်သော အတိုင်းအတာ အတွင်းတွင်သာ ရှိနေသေးသဖြင့် သူတို့က ထိုအတိုင်းသာ ထားလိုက်ကြ၏။

သို့သော် ယနေ့တွင် မီးတောက်က ဂဏာမငြိမ် ဖြစ်လာလိမ့်မည်ဟု သူတို့ လုံးဝမျှော်လင့်မထားခဲ့ကြပေ။

မီးတောက်မှ ဖန်တီးနေသော ဆူပူအုံကြွမှုများကို ကြည့်ရသလောက် အကယ်၍ အချိန်မီ မတားဆီးနိုင်ပါက ထိုဆန်းကြယ်မီးတောက်၏ ဂဏာမငြိမ် ဖြစ်မှုကြောင့် ဖြစ်ပေါ်လာသော ဘေးဒုက္ခက ဝူလျှန်ဂိုဏ်း၏အခြေခံအုတ်မြစ် တစ်ခုလုံးကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်သည်။

ကျိုးထုံက အလွန်မြန်ဆန်စွာ စကားပြောခဲ့ပြီး ဇာတ်လမ်းအပြည့်အစုံကို ကျုံးချင်အား အချိန်တိုအတွင်း သေချာစွာ ရှင်းပြလိုက်၏။

ကျုံးချင်က ဆန်းကြယ်မီးတောက်အကြောင်း ကြားဖူးခဲ့သည်။

ထိုမီးတောက်၏စွမ်းအားမှာ အလွန်အမင်း ကောင်းကင်ကို ဆန့်ကျင်နေပြီး ကုန်းမြေတစ်ခုလုံးကို ကြည့်မည်ဆိုပါက တည်ရှိနေသော ဆန်းကြယ်မီးတောက် အရေအတွက်မှာ သနားစရာ ကောင်းလောက်အောင် နည်းပါးကြောင်း သူ ကြားသိခဲ့ရ၏။

အကယ်၍ တစ်စုံတစ်ယောက်ကသာ မီးတောက်ကို နှိမ်နင်းနိုင်မည်ဆိုပါက သူကိုယ်တိုင်အတွက် များစွာအကျိုးရှိစေရုံသာမက ဆေးပညာ အတွက် အသုံးပြုပါက အားထုတ်မှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆ ရရှိနိုင်သည်။

သေချာသည်မှာ အကယ်၍ တစ်စုံတစ်ယောက်ကသာ အတင်းအကြပ် လှုပ်ရှားပြီး နှိမ်နင်းရန် ကျရှုံးခဲ့မည်ဆိုပါက ဝူလျှန်ဂိုဏ်း ရှေးဟောင်းဘိုးဘေး၏ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရပေမည်။

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူ၏စိတ်ထဲတွင် အကြံဉာဏ်တစ်ခု ရလာခဲ့သည်။

သူက ပြောဆိုလိုက်၏။

"ငါ သွားကြည့်လို့ ရပါတယ်... ဒါပေမဲ့ ငါ ဖြေရှင်းနိုင်မယ် မဖြေရှင်းနိုင်ဘူး ဆိုတာကိုတော့ အာမမခံနိုင်ဘူး..."

ကျိုးထုံက ကျေးဇူးတင်စွာဖြင့် ပြောဆိုသည်။

"စီနီယာ့ကို အကူအညီ တောင်းရတာတင် ကျွန်တော်တို့အတွက် ရိုင်းပျရာ ကျနေပါပြီ... တကယ်လို့ မလုပ်နိုင်ဘူးဆိုရင် စီနီယာက ပြန်ဆုတ်လာလို့ ရပါတယ်... ကျွန်တော်တို့က အရမ်းကျေးဇူးတင်နေမိမှာပါပဲ..."

ကျုံးချင်က ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင်လည်း လမ်းပြပါ... ငါ သွားကြည့်မယ်..."

သူတို့အဖွဲ့သည် အနည်းငယ်မျှ အချိန်မဆွဲရဲဘဲ အလင်းတန်းများအဖြစ် ပြောင်းလဲကာ မီးတောင်ဆီသို့ ချက်ချင်းဦးတည်သွားကြ၏။

လူအနည်းငယ်သည် အဓိကခန်းမကြီးမှ ထွက်ခွာလာပြီး အချိန်တိုလေးအတွင်း ခရီးသွားပြီးနောက် မီးတောင်တစ်ခု၏ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။

"ဝုန်း..."

မီးတောင် တစ်ခုလုံး ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်နေသည်ကို မြင်တွေ့နိုင်သည်။

မီးတောင်ထိပ်တွင် မှေးမှိန်သော မီးရောင်များ ဖြာထွက်နေပေ၏။

တလိမ့်လိမ့်ထနေသော အပူလှိုင်းများက လေဟာနယ်ကိုပင် အရည်ပျော်သွားစေမည့်အလား ကောင်းကင်ဆီသို့ မြင့်တက်နေခဲ့သည်။

ယခုလောလောဆယ်တွင် မီးတောင်သည် အပြည့်အဝ မပေါက်ကွဲသေးချေ။

သို့သော် အကဲခတ်တတ်သူ မည်သူမဆို မီးတောင် ပေါက်ကွဲသွားသည်နှင့် တပြိုင်နက် လဲ့ဟိုင်မြို့ တစ်မြို့လုံး ဘေးအန္တရာယ် ကျရောက်ထားသော နယ်မြေတစ်ခု ဖြစ်သွားနိုင်ကြောင်းကို ပြောနိုင်သည်။

ကျိုးထုံက လှိုဏ်ဂူပေါက်တစ်ခုကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်၏။

"စီနီယာ... မီးတောင်ရဲ့နံရံမှာ မြေအောက်ကို တိုက်ရိုက်သွားလို့ရတဲ့ လမ်းငယ်လေး တစ်ခု ရှိတယ်... စီနီယာ့ကို ကူညီပေးဖို့အတွက် ကျွန်တော်တို့ လိုက်လာပေးဖို့ လိုမလား..."

မြေအောက်ရှိ အပူချိန်မြင့်မားမှုမှာ ယန်သုံးပါးနယ်ပယ် ကျွမ်းကျင်သူများအတွက်ပင် ခံနိုင်ရည်မရှိအောင် ဖြစ်နေသည်။

သို့သော် ယခုအချိန်၌ ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အခြေခံအုတ်မြစ်နှင့် သက်ဆိုင်နေသဖြင့် ကျိုးထုံသည် အရာအားလုံးကို စွန့်စားရန် ဆန္ဒရှိနေခဲ့ပေ၏။

ကျုံးချင်က သူ၏အကြံပြုချက်ကို ငြင်းဆန်လိုက်သည်။

"မလိုပါဘူး... တကယ်လို့ ငါတောင် မဖြေရှင်းနိုင်ဘူးဆိုရင် လူအဆတစ်ရာလောက် ထပ်ပေါင်းထည့်လည်း အကူအညီဖြစ်မှာ မဟုတ်ဘူး... ငါ အရင်ဝင်သွားပြီး လေ့လာကြည့်မယ်... မင်းတို့ အားလုံး အပြင်မှာပဲ စောင့်နေကြတော့..."

သူ စကားပြောဆိုနေစဉ်မှာပင် နက်ရှိုင်းသော လှိုဏ်ဂူပေါက်၏ရှေ့သို့ ရောက်ရှိနေလေပြီ။

ထိုလှိုဏ်ဂူသည် အချင်းတစ်ကျန်းခန့် ရှိပြီး အလွန်ကျယ်ဝန်းပုံရသည်။

သူ အတွင်းသို့ ကြည့်လိုက်ရာ လှိုဏ်ဂူသည် မြေပြင်၏ဗဟိုချက်ထဲသို့ တန်းတန်းမတ်မတ် ဆင်းသွားသော ရစ်ခွေနေသည့် နဂါးတစ်ကောင်နှင့် တူညီနေပေ၏။

လှိုဏ်ဂူအတွင်းပိုင်းသည် မှောင်မနေချေ။ လှိုဏ်ဂူ၏မျက်နှာကြက်တွင် တောက်ပသော ညလင်းပုလဲ အမြောက်အများကို မြှုပ်နှံထားသည်။

လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည်နှင့် တလိမ့်လိမ့်ထနေသော အပူလှိုင်းတစ်ခုက သူ့ကို ရိုက်ခတ်လာခဲ့သည်။

ကျုံးချင်က အချိန်မဆွဲဘဲ မြေပြင်၏ဗဟိုချက်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။

သူ အောက်သို့ပို၍ဆင်းသွားလေလေ အပူချိန် ပို၍မြင့်မားလာလေလေပင်။

မြေပြင်၏ဗဟိုချ​က်သို့ မရောက်မီမှာပင် ကျုံးချင်၏ အဝတ်အစားများ အလိုအလျောက် စတင်လောင်ကျွမ်းလာခဲ့သည်။

အတွေးတစ်ချက်နှင့်အတူ နက်နဲသိမ်မွေ့ သော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို ငြိမ်းသတ်လိုက်ကာ တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူ ကာကွယ်ရေးအလွှာတစ်ခုဖြင့် ဖုံးအုပ်လိုက်၏။

အချိန်မည်မျှ ကြာအောင် လျှောက်လာခဲ့သည် မသိဘဲ သူ၏အမြင်အာရုံတစ်ခုလုံး ရုတ်တရက် ကျယ်ပြန့်သွားခဲ့သည်။

သူ၏ရှေ့တွင် မီးကဲ့သို့နီမြန်းနေသော အရည်များ ဆူပွက်နေသည်။

ထိတ်လန့်ဖွယ် အပူချိန် မြင့်မားမှုများက ကျောက်တုံးများနှင့်မြေကြီးများကို အရည်ပျော်စေပြီး တလိမ့်လိမ့်နေသော ချော်ရည်များ အဖြစ် ပြောင်းလဲနေခဲ့သည်။

ဤအချိန်တွင် အကာအကွယ်အလွှာတစ်ခုဖြင့် ကာကွယ်ထားသော်လည်း ကျုံးချင်ပင်လျှင် အနည်းငယ် ပူလောင်သော ခံစားချက်ကို တောင့်ခံမထားနိုင်ဘဲ သူ၏အရေပြား နာကျင်စပ်ဖျဉ်းဖျဉ်း ဖြစ်နေခဲ့ပေ၏။

ထိုအခြေအနေက သူ့ကို ကြောက်ရွံ့မှု တစ်မျိုးအား ခံစားရစေခဲ့သည်။

သူ၏ ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံမှုဖြင့် ချော်ရည်ထဲတွင် ရေချိုးခြင်းပင်လျှင် လုံးဝပြဿနာ မရှိနိုင်ချေ။

သို့သော် ယခုအချိန်၌ အပြင်ဘက်တွင် ရပ်နေရုံမျှဖြင့် သူ့ကို ပူလောင်သော နာကျင်မှုမျိုး ခံစားနေရစေသည်။

ထိုဆန်းကြယ်မီးတောက်မှာ အမှန်တကယ်ကို သာမန်ထက် သာလွန်ထူးကဲသည်။

ကျုံးချင်သည် သူ၏ကောင်းကင်ဘုံ မျက်လုံး ကို တိုက်ရိုက်ဖွင့်လိုက်ပြီး ဆန်းကြယ်မီးတောက်၏တည်နေရာကို စတင်ရှာဖွေလိုက်၏။

သူ၏မျက်လုံးများမှ နတ်ဘုရားအလင်းတန်းနှစ်တန်း ပျံ့လွင့်လာသည်နှင့်အမျှ သူ၏ရှေ့ရှိ မီးတောင်မြင်ကွင်းမှာ ပွင့်လင်းမြင်သာသွားခဲ့သည်။

ထို့နောက် ဆူပွက်နေသော ချော်ရည်များ အောက် လီဆယ်နှင့်ချီအကွာတွင် မှုန်ဝါးသော အပြာရောင်မီးရောင်တစ်ခုကို ထုတ်လွှတ်နေသည့် မှေးမှိန်သော အပြာရောင်မီးတောက် တစ်ခုကို သူ မြင်တွေ့လိုက်ရသည်။

ထိုအပြာရောင်မီးတောက်သည် အသက်ရှင်နေသည့်အလား စိတ်ဝိညာဉ်မြွေတစ်ကောင်ကဲ့သို့ လျှပ်တစ်ပြက် လှုပ်ရှားနေပြီး မီးတောက် လှုပ်ရှားလိုက်တိုင်း တောင်ပေါ်ရှိ မြေပြင် တုန်ခါသွားလေ့ ရှိသည်။

"ဒါက ဆန်းကြယ်မီးတောက် လား..."

...

All Chapters