← Chapters

ကြယ်တာရာကောင်းကင်လမ်း

Vol. 35 Ch. 348

ကြယ်တာရာကောင်းကင်လမ်း

Vol. 35 Ch. 348

ဤအချိန်အခိုက်အတန့်တွင် ညှို့ငင်ခြင်းသားရဲသည်လည်း ကျွန်း၏ အစစ်အမှန် အသွင်အပြင်ကို ထွင်းဖောက်တွေ့မြင်သွားခဲ့သည်။

သူက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။

"သခင်... ဒါက လွန်ခဲ့တဲ့ နှစ်သောင်းချီအကြာက မိုးကောင်းကင်ကနေ ဆင်းသက်လာတဲ့ ရွှမ်ဝူ ပဲ..."

ကျုံးချင်က ညှို့ငင်ခြင်းသားရဲကို အံ့အားသင့်စွာကြည့်ပြီး မေးမြန်းလိုက်၏။

"အမ်... မင်းက ဒီလိပ်ရဲ့ မူလအစကို သိတယ်ပေါ့..."

ညှို့ငင်ခြင်းသားရဲက အလျှင်အမြန် ပြန်ဖြေလိုက်သည်။

"ဒီ နတ်ဆိုးသားရဲလေးက ဒီလိပ်ရဲ့ မူလအစကို မသိပါဘူး... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်သောင်းချီအကြာက ဒီရွှမ်ဝူကို တစ်ကြိမ်မြင်တွေ့ခွင့် ရခဲ့တယ်... အဲ့ဒီနှစ်က ကျွန်တော်က အရမ်းအားနည်းနေသေးတယ်... ကျွန်တော်က နက်ရှိုင်းတဲ့ ပင်လယ်ထဲမှာ ကြိုးစားပမ်းစား ကျင့်ကြံနေခဲ့တာပါ... ရုတ်တရက် လောကကြီး လည်ထွက်သွားပြီးတော့ နက်ရှိုင်းတဲ့ ပင်လယ်ကြီး လှိုင်းထလာတာကို ကျွန်တော် ခံစားလိုက်ရတယ်... နောက်တော့ ကျွန်တော်က ကြောက်ရွံ့တုန်လှုပ်မှုတွေနဲ့ စစ်ဆေးကြည့်ဖို့ ရေပေါ်တက်လာခဲ့တာ..."

ထိုအကြောင်းကို ပြောလိုက်ချိန်၌ သူ၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်လာခဲ့သည်။

ထိုအချိန်က မြင်ကွင်းသည် သူ၏စိတ်ထဲတွင် ဖျောက်ဖျက်၍ မရသော အမှတ်အသား တစ်ခု ချန်ထားခဲ့ပြီး ယခု ပြန်တွေးကြည့်လျှင်ပင် သူ့ကို ကြောက်ရွံ့မှု အကြွင်းအကျန်များကို ခံစားနေရစေဆဲ ဖြစ်ပုံရသည်။

ကျုံးချင်၏စူးစမ်းချင်စိတ်များ မြင့်တက်လာပြီး မေးမြန်းလိုက်၏။

"မင်း ဘာမြင်ခဲ့လဲ..."

ညှို့ငင်ခြင်းသားရဲက ထိတ်လန့်တုန်လှုပ်နေသော အမူအယာဖြင့် ပြန်ဖြေလိုက်သည်။

"ဒီနတ်ဆိုးသားရဲလေးက ပင်လယ်ပြင်အထက်မှာ ဧရာမသားရဲကြီးနှစ်ကောင် ထွက်ပေါ်လာတာကို မြင်ခဲ့တယ်... သူတို့ထဲက တစ်ကောင်က ဒီရွှမ်ဝူပဲ... သူက နက်ရှိုင်းတဲ့ ပင်လယ်ထဲမှာ မာနထောင်လွှားစွာနဲ့ မတ်တတ်ရပ်နေခဲ့တယ်... ရှေးဟောင်းနတ်ဘုရားတောင် တစ်တောင်လိုမျိုးပေါ့... သူက မိုင်သောင်းချီကျယ်ဝန်းတဲ့ ပင်လယ်ရေရဲ့ စွမ်းအားကို ထိန်းချုပ်ပြီးတော့ တခြားပြိုင်ဘက်ကင်း နတ်ဆိုးသားရဲတစ်ကောင်နဲ့ တိုက်ခိုက်ခဲ့တယ်..."

"အဲ့ဒီတိုက်ပွဲက လောကကြီးကို ပြောင်းပြန်လှန်ပစ်လိုက်ပြီးတော့ နေနဲ့လကိုလည်း အလင်းရောင်ကို ဆုံးရှုံးသွားခဲ့တယ်... သွေးတွေက ကောင်းကင်ယံကို အနီရောင် ဆိုးသွားစေပြီးတော့ လှိုင်းလုံးကြီးတွေက ကြယ်တာရာကောင်းကင်ထဲကို စီးဝင်သွားခဲ့တယ်... ကောင်းကင်က ကြယ်တွေတောင် ပစ်ချခံခဲ့ရတယ်..."

ထိုစကားကိုကြားချိန်၌ ကျုံးချင်၏စိတ်နှလုံးသား​၌ပင် လှိုင်းမထဘဲ မနေနိုင်ခဲ့ချေ။

ရွှမ်ဝူသည် သာမန်ထက် သာလွန်ထူးကဲကြောင်း သူ သိထားသော်လည်း...

ထိုသားရဲသည် ကြယ်များကို လိုက်လံဖမ်းဆီးနိုင်ပြီး နေမင်းကို လိုက်လံဖမ်းဆီးနိုင်သော ကြီးမားသည့် စွမ်းအားများ ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ချေ။

ညှို့ငင်ခြင်းသားရဲက သက်ပြင်းချရင်း ပြောဆိုလိုက်၏။

"အဲ့ဒီတိုက်ပွဲမှာ ဒီနတ်ဆိုးသားရဲလေးက အဆုံးထိ တောင့်မခံနိုင်ခဲ့ဘူး... မိုင်ပေါင်းသောင်းနဲ့ချီ ဝေးတဲ့နေရာကနေ တိုက်ပွဲရဲ့ဂယက်ရိုက်ခတ်မှုတွေကြောင့် ကျွန်တော် သတိလစ်သွားခဲ့တယ်... ရွှမ်ဝူက ဒီနေရာမှာ သေဆုံးသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ... ပြီးတော့ ကျွန်း တစ်ကျွန်းအဖြစ်တောင် ပြောင်းလဲသွားပြီးတော့ ကျွန်းပေါ်က သက်ရှိတွေအားလုံးကို ပြုစုပျိုးထောင်ပေးနေသေးတယ်..."

သူတို့နှစ်ယောက်သား စကားပြောဆိုနေစဉ်မှာပင် သူတို့သည် တောအုပ်ထဲသို့ ဝင်ရောက်လာခဲ့ကြပြီးဖြစ်သည်။

ထိုနေရာသည် အမှန်တကယ်ကိုပင် သာမန်ထက် လွန်ကဲလှသည်။

ကျွန်းသည် စိမ်းလန်းစိုပြည်နေပြီး စိတ်ဝိညာဉ်ချီ များ ပေါကြွယ်ဝနေသည်။

လမ်းဘေးရှိ ပန်းများနှင့်သစ်ပင်များပင်လျှင် အံ့အားသင့်ဖွယ်ကောင်းသော စိတ်ဝိညာဉ်စွမ်းအားများကို ပိုင်ဆိုင်ထားကြ၏။

သူတို့သည် စိတ်ဝိညာဉ်ရတနာများအဖြစ် ပြောင်းလဲသွားမည့် သဘောထားကို ရှင်းလင်းစွာ ပြသနေခဲ့သည်။

ဤနေရာသည် ရတနာတောင်တစ်တောင် ဖြစ်သည်ဟု ဆိုနိုင်သည်။

ဤကျွန်းသည် ရှားပါးသော ကောင်းချီးမြေတစ်ခုပင်။

ဂိုဏ်းတစ်ဂိုဏ်း အခြေချရန်အတွက် ဤနေရာသည် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပေ၏။

သေချာသည်မှာ ကျုံးချင်အတွက်မူ ဤနေရာမှာ ယာယီမှတ်တိုင်တစ်ခုမျှသာ ဖြစ်သည်။

သူတို့နှစ်ယောက်သည် ညအိပ်စခန်းချရန် ရေကန်တစ်ခုကို ရှာတွေ့ခဲ့ကြသည်။

ညှို့ငင်ခြင်းသားရဲသည် အစေခံတစ်ယောက်၏ အခန်းကဏ္ဍနှင့် လုံးဝအသားကျနေပြီ ဖြစ်ကြောင်း သိသာထင်ရှားသည်။

အမဲလိုက်ခြင်း ထင်းခုတ်ခြင်း သားကောင်များကို သန့်ရှင်းရေး လုပ်ခြင်းနှင့် ချက်ပြုတ်ခြင်း အစားအစာများကိုကင်ခြင်း စသည့် အရာအားလုံးကို သူ ကိုင်တွယ်ခဲ့ပေ၏။

သူသည် ကြိုးစားပမ်းစား အလုပ်လုပ်သော ကူဖော်လောင်ဖက်တစ်ယောက်၏ ပြီးပြည့်စုံသော စံနမူနာပင်။

အလုပ်ရှုပ်သော အချိန်ကာလတစ်ခု ပြီးဆုံးသွားပြီးနောက် မှောင်မည်းနေလေပြီ။

နေဝင်ဆည်းဆာချိန် ရောက်ရှိနေပြီး မိုးကောင်းကင်ကြီးကို အနီရောင်တိမ်တိုက်များဖြင့် တန်ဆာဆင်ထားသည်။

နေရောင်ခြည်က သစ်ပင်ထိပ်များကို ဖြတ်သန်းကာ မြေပြင်ပေါ်သို့ ပြန့်ကျဲနေပြီး အရောင်အသွေးစုံလင်သော အချိန်ကာလ၏ခံစားချက် တစ်ခုကို ပေးစွမ်းနေပေ၏။

ကျုံးချင်သည် မီးပုံနံဘေးတွင်ထိုင်ကာ အရက်သောက်ရင်း အသားကင် စားနေခဲ့သည်။

သူသည် သူ၏ရှေ့ရှိ တောင်များနှင့် သစ်တောများကို ကြည့်နေသည်။

ဆိုရိုးစကားတစ်ခုက သူ၏ စိတ်ထဲသို့ အလိုအလျောက် ရောက်ရှိလာခဲ့သည်။

ကောင်းကင်နဲ့မြေပြင် က လူတွေအတွက် အရာအားလုံးကို ထောက်ပံ့ပေးပေမဲ့ လူတွေကတော့ ကောင်းကင်ကို ပြန်ဆပ်စရာ ဘာမှ မရှိဘူး..

သေဆုံးပြီးနောက် ကောင်းကင်နှင့်မြေပြင်ကို ပြန်လည်ပေးဆပ်နိုင်စွမ်းရှိသော သက်ရှိ တစ်ခုကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

ထိုအရာက သူ၏ယခင်ဘဝမှ ပန်ဂုက ကမ္ဘာကြီးကို ဖန်တီးခဲ့သည့် ဒဏ္ဍာရီကို မလွဲမသွေ သတိရသွားစေခဲ့သည်။

ဒဏ္ဍာရီများအရ ပန်ဂုသည် ကမ္ဘာကြီးကို ဖန်တီးပြီးနောက် သူ၏ဘယ်ဘက်မျက်လုံးမှာ နေ ဖြစ်လာပြီး သူ၏ညာဘက်မျက်လုံးမှာ လ ဖြစ်လာသည်ဟု ဆိုကြ၏။

သူ၏ခန္ဓာကိုယ်သည် မြေကြီး အဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်မှအမွှေးများမှာ တောင်များနှင့်သစ်တောများ ဖြစ်လာခဲ့သည်။

သူသည် သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ဖြင့် ကြီးမြတ်သော ကမ္ဘာကြီးတစ်ခုကို ဖန်တီးခဲ့သည်။

ထိုရွှမ်ဝူ၏အတွေ့အကြုံသည် ပန်ဂု၏ အတွေ့အကြုံနှင့် တူညီမှုတချို့ ရှိနေခဲ့ပေ၏။

အချိန်တခဏအတွင်း၌ လုံးဝဆက်စပ်မှုမရှိသော ကမ္ဘာနှစ်ခုက မမြင်ရသောနေရာတွင် သိမ်မွေ့စွာ ချိတ်ဆက်သွားခဲ့သည်။

လောကကြီးသည် အမှန်တကယ်ကို ပို၍နားလည်ရန် ခက်ခဲလာလေပြီ။

ပန်ဂု၏ ဖန်တီးမှုဒဏ္ဍာရီကို တွေးတောမိချိန်၌ ကျုံးချင်သည် သူ အနှစ်နှစ်ဆယ်ကျော် နေထိုင်ခဲ့သော သူ၏ဇာတိမြေ အပြာရောင်ကြယ် ကို မလွဲမသွေ တွေးတောမိသွားသည်။

သူ၏စိတ်အခြေအနေသည် ဖော်ပြ၍ မရနိုင်လောက်အောင် ဝမ်းနည်းဆွေးမြေ့သွားခဲ့ပေ၏။

နေမင်းကြီးသည် မည်သည့်အချိန်က ဝင်သွားသည်ကို မသိရဘဲ လမင်းကြီးက သစ်ကိုင်းများပေါ်သို့ တိတ်တဆိတ် တွယ်တက်လာခဲ့လေပြီ။

ကိုယ့်ဇာတိမြေမှ လမင်းက အလင်းရောင် အတောက်ပဆုံးလို့ လူအများက ဆိုကြသည်။

ထိုအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် သူ၏အိမ်ကို ဖော်ပြ၍ မရနိုင်လောက်အောင် လွမ်းဆွတ်နေပေ၏။

လမင်းကြီးသည် ကြီးမားပြီး ကြယ်များကလည်း တောက်ပနေခဲ့သည်။

ကျုံးချင်သည် မိုးကောင်းကင်ရှိ တောက်ပနေသော ကြယ်များနှင့် လမင်းကို တွေဝေစွာ စိုက်ကြည့်နေမိသည်။

ဤလောကသို့ ရောက်လာစဥ်ကတည်းက သူ၏ ဇာတိမြေကို သူ ရှားရှားပါးပါးသာ ပြန်တွေးမိလေ့ရှိသည်။

ထိုနေရာရှိ လူများနှင့်အဖြစ်အပျက်များကို သူ ပြန်လည်၍ အမှတ်ရမိပေ၏။

သို့သော် ယခုအချိန်၌ အိမ်လွမ်းစိတ်များက ဒီရေအလား လှိုင်းထလာခဲ့သည်။

နောက်ဆုံးတွင် ရှည်လျားသော မိုးကောင်းကင်ယံအောက်၌ သက်ပြင်းချသံတစ်သံသာ ကျန်ရစ်ခဲ့တော့သည်။

...

အိပ်မပျော်သောည....

နောက်တစ်နေ့၌ ကောင်းကင်ယံကြီး အနည်းငယ် လင်းလက်လာချိန်တွင်...

ကျုံးချင်သည် ညှို့ငင်ခြင်းသားရဲကို ခေါ်ဆောင်ကာ ခရီးစဉ်အသစ်တစ်ခုကို စတင်ခဲ့သည်။

ဤကျွန်းသည် စူးစမ်းလေ့လာသင့်သော နေရာများစွာရှိသည့် ရတနာမြေတစ်ခု ဖြစ်သော်လည်း.....

သူ ကြာရှည်နေထိုင်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။

ကျွန်းပေါ်တွင် စိတ်ဝိညာဥ်ရတနာများစွာ ရှိသော်လည်း ထိုအရာများသည် သူ၏စွမ်းအား တိုးတက်မှုအပေါ် သက်ရောက်မှု အနည်းငယ်သာရှိသည်။

ကျုံးချင်သည် သူ၏စွမ်းအားကို တိုးတက်စေရန် ထူးဆန်းသော အလျင်စလိုဖြစ်မှုတစ်ခုကို ခံစားလိုက်ရသည်။

သူ၏အတွင်းစိတ် နက်ရှိုင်းသောနေရာတွင် ရည်မှန်းချက်တစ်ခုကို သူ မြိုသိပ်ထားခဲ့သည်။

တကယ်လို့ တစ်နေ့နေ့မှာ အရာအားလုံးကို လျစ်လျူရှုနိုင်လောက်အောင် သူ အစွမ်းထက်လာခဲ့မယ်ဆိုရင် သူ့ကို မွေးဖွားပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဇာတိမြေကို သူ ပြန်သွားနိုင်မလား....

ကျုံးချင်က ညှို့ငင်ခြင်းသားရဲကို လှေပေါ်သို့ ခေါ်ဆောင်သွားသည်။

ညှို့ငင်ခြင်းသားရဲ၏ ထိန်းချုပ်မှုအောက်တွင် လှေက နောက်တစ်ကြိမ် ထွက်ခွာသွားခဲ့သည်။

လှိုင်းထန်နေသော ပင်လယ်ပြင်သည် သူတို့၏ရှေ့တွင် လျစ်လျူရှု၍ မရနိုင်သော မြင်ကွင်းတစ်ခုအဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားပေ၏။

နောက်ထပ်ရက်အနည်းငယ် ကုန်လွန်သွားခဲ့ကာ...

ကျုံးချင်သည် လဲ့ဟိုင်ကျွန်းမှ ထွက်ခွာလာပြီးနောက် မိုင်ပေါင်းသောင်းနှင့်ချီ၍ ခရီးသွားခဲ့ပြီး ဖြစ်သည်။

လှေ ရှေ့သို့ ဆက်သွားသည်နှင့်အမျှ ပင်လယ် သားရဲများ ပို၍ရှားပါးလာခဲ့သည်။

ဤနေရာတွင် ငါးများကိုပင် မတွေ့ရသလောက်နီးပါး ဖြစ်လာခဲ့သည်။

သူသည် ချောက်နက်၏တည်နေရာနှင့် အလွန် နီးကပ်နေပြီ ဖြစ်ကြောင်း ကျုံးချင် သိလိုက်၏။

ယနေ့ည၌...

ကျုံးချင်က ကုန်းပတ်ပေါ်တွင် အရက်သောက်နေခဲ့သည်။

တောက်ပသောကြယ်ရောင်များက ပင်လယ်ပြင်ပေါ်တွင် ပြန့်ကျဲနေပြီး တလက်လက် တောက်ပနေသော ငွေရောင်အစအနများအဖြစ် ပြောင်းလဲသွားခဲ့သည်။

တလက်လက် တောက်ပနေသော အလင်းရောင်များသည် မယုံနိုင်လောက်အောင် လှပကာ လေနုအေးလေးတစ်ချက် တိုက်ခတ်လာပြီး လှိုင်းများ တလိမ့်လိမ့်ထလာခဲ့သည်။

လပြည့်ဝန်း၏ရောင်ပြန်ဟပ်မှုက ပင်လယ်ပြင်ပေါ်သို့ ကျရောက်နေပေ၏။

ကျုံးချင်သည် လမင်း၏ရောင်ပြန်ဟပ်မှုကို တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်လုံးအကြည့်အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

သူ မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်ကို ခေါင်းအနည်းငယ်တိမ်းစောင်း၍ မော့ကြည့်လိုက်သည်။

ယနေ့ည၌ လမင်းကြီးသည် ပုံမှန်နှင့် မတူဘဲ ကွဲပြားခြားနားနေပုံရသည်။

လမင်းကြီးသာမက ကြယ်များသည်လည်း ပုံမှန်နှင့် ကွဲပြားနေပေ၏။

မကြာမီမှာပင် ကျုံးချင်၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

ကြယ်များ၏အထက် မြေပြင်မှ မိုင်ပေါင်း မရေမတွက်နိုင်အောင် ဝေးကွာသော နေရာတွင် ရှေးဟောင်းတာအိုတချို့ ထွက်ပေါ်လာခဲ့သည်။

ထိုရှေးဟောင်းတာအိုများသည် ကြယ်များနှင့်အတူ ဝိုးတဝါး လင်းလက်နေပေ၏။

ထိုအရာများသည် ကြီးမားကျယ်ပြန့်ပြီး ရှေးဟောင်းဆန်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

ကြယ်များကို ချိတ်ဆက်ထားပြီး ကြယ်တာရာကောင်းကင်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဆန့်တန်းသွားကြသည်။

ကောင်းကင်ယံ၌ ကြယ်ရောင်အစက်အပြောက်များနှင့် နတ်ဘုရားအလင်းတန်းများဖြင့် တလက်လက် တောက်ပနေပေ၏။

ဤသည်က အလွန်အမင်း ထူးဆန်းလှသည်။

ကျုံးချင် အံ့အားသင့်သွားခဲ့သည်။

ကြယ်တာရာကောင်းကင်ထဲတွင် ရှေးဟောင်း တာအိုတစ်ခုကို ဖွင့်လှစ်ရန်မှာ မည်ကဲ့သို့ နည်းလမ်းမျိုး ဖြစ်မည်နည်း။

ထိုအရာကို စိတ်ကူးယဥ်၍ မရနိုင်မှုမှာ သူ၏ ယခင်ဘဝမှ လူသားများမှ ဧဝရတ်တောင်ပေါ်တွင် စက်လှေကားတပ်ဆင်ခြင်း တရုတ်ပြည် မဟာတံတိုင်းကြီးကို ကြွေပြား ကပ်ခြင်း သို့မဟုတ် ပစိဖိတ် သမုဒ္ဒရာတွင် ခြံစည်းရိုး ကာရံခြင်းတို့နှင့် တူညီနေသည်။

မဟုတ်ဘူး... အဲဒါ့ထက် အဆတစ်ရာလောက် ပိုပြီးအံ့အားသင့်ဖို့ ကောင်းနေတယ်...

ကျုံးချင်သည် ပို၍လေ့လာကြည့်ရှုလေလေ သူ၏စိတ်နှလုံးသားသား ပို၍တုန်ရီလာလေလေပင်။

ထိုလမ်းကြောင်းမှ တစ်ဆင့် တိကျသော နေရာတစ်ခုသို့ သူ့ကို ကူးပြောင်းပေးနိုင်မည်ဟု သူ ခံစားလိုက်ရသည်။

အဓိက အချက်က ဘယ်သူလဲ...

ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ လုပ်ရပ်မျိုးကို ဘယ်သူက ပြီးမြောက်အောင် လုပ်နိုင်မှာလဲ...

ကြယ်တာရာကောင်းကင်ကို လမ်းကြောင်း တစ်ခုအဖြစ် အသုံးပြုပြီး တောက်ပသော လမင်းကို တံခါးတစ်ပေါက်အဖြစ် အသုံးပြုထားပေ၏။

တောက်ပသော လမင်း၏အထက်တွင် ဝင်ပေါက်တစ်ခုကို ဝိုးတဝါး မြင်တွေ့နိုင်သည်။

ဤသည်က ဧရာမချောက်နက်ကြီးတစ်ခု၏ အပေါက်ဝနှင့် တူညီနေသည်။

ထိုအရာကိုကြည့်ရုံဖြင့်ပင် လူတစ်ယောက်၏နှလုံးခုန်နှုန်းကို မြန်လာစေနိုင်သည်။

ဤသည်မှာ ကြီးမားသော ထိတ်လန့်ဖွယ်ရာ တစ်ခုခု ပါဝင်နေသည့်အလားပင်။

ဟူး...

ကျုံးချင်က သူ၏စိတ်နှလုံးသားထဲရှိ ထိတ်လန့်တုန်လှုပ်မှုကို ဖိနှိပ်ကာ ညင်သာစွာ သက်ပြင်းချလိုက်၏။

သူ့ထံ၌ စူးစမ်းချင်စိတ်ရှိနေသော်လည်း ထိုရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းကို သူ မလေ့လာခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းခေတ်ကတည်းက စူးစမ်းချင်စိတ်ကြောင့် သေဆုံးခဲ့ရတဲ့ လူအရေအတွက်က လမင်းကို အကြိမ်ပေါင်းများစွာ ပတ်လို့ပင် ရနိုင်သည်။

သူ့ထံတွင် ဝှက်ဖဲများစွာရှိပြီး အန္တရာယ်များစွာကို မကြောက်မရွံ့ ရင်ဆိုင်နိုင်သော်လည်း..

စူးစမ်းချင်စိတ် အနည်းငယ်အတွက် သူ့ကိုယ်သူ အန္တရာယ်ထဲ ထည့်သွင်းရန် မလိုအပ်ချေ။

လှေသည် အလွန်ဝေးကွာသောနေရာသို့ ရောက်သွားသည်အထိပင်။

တောက်ပသော လမင်းအထက်ရှိ ချောက်နက် ဝင်ပေါက်ကို ဝိုးတဝါးမြင်တွေ့နေရဆဲ ဖြစ်ပြီး ရှေးဟောင်းနတ်ဆိုးသားရဲတစ်ကောင်၏ ဟနေသော ပါးစပ်ပေါက်ကြီးအလား ကြမ်းတမ်းပြီး ထိတ်လန့်ဖွယ်ကောင်းကာ ထူးဆန်းပြီး နားလည်ရခက်လှသည်။

ဤညသည် အလွန်ငြိမ်းချမ်းနေခဲ့သော်လည်း ကျုံးချင်၏စိတ်နှလုံးသားအတွင်း၌ အလွန်လှိုင်းထသွားခဲ့လေပြီ။

ဒီလောကရဲ့ရေတွေက အရမ်းနက်လွန်းတယ်...

All Chapters