ယုံကြည်နိုင်စရာမရှိသောအရာများ
Vol. 35 Ch. 350
ဤသည်မှာ အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းနှစ်ခန်း ပါဝင်သော နေအိမ်တစ်လုံးပင်။
အတွင်းပိုင်းအပြင်အဆင်သည် သက်သောင့်သက်သာ ရှိပြီး ပရိဘောဂများ ရေခဲသေတ္တာနှင့် ကွန်ပျူတာ တစ်လုံးတို့ အပြည့်အစုံ တပ်ဆင်ထားကာ ခေတ်မီသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
ကျုံးချင်သည် ရင်းနှီးနေသောအခန်းနှင့် ရင်းနှီးနေသော အပြင်အဆင်ကို ကြည့်လိုက်၏။
သူ၏စိတ်နှလုံးသားမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ကျုံးချင်က ရေရွတ်လိုက်သည်။
"ငါ... ငါ တကယ်ကြီး ပြန်ရောက်လာပြီ..."
ထိုနေရာမှာ သူ ကူးပြောင်းခြင်းကြောင့် မထွက်ခွာမီက သူ၏အိမ် အတိအကျဖြစ်နေသည် မဟုတ်လော....
ကျုံးချင်သည် ပြတင်းပေါက်ဆီသို့ အလျှင်အမြန်သွားကာ ကန့်လားကာများကို ဆွဲဖွင့်လိုက်သည်။
သူ၏မျက်လုံးထဲ ဝင်လာသော အရာများမှာ မြင့်မားသော အဆောက်အအုံကြီးများနှင့် ကုန်သွယ်ရေးစင်တာများပင်။
လေနုအေးလေးတစ်ချက် တိုက်ခတ်လာပြီး အအေးဓာတ်တစ်ခုကို သယ်ဆောင်လာကာ သူ ရှူထုတ်လိုက်သောလေများမှာ ဖြူဖွေးနေခဲ့သည်။
အချိန်သည် ဆောင်းရာသီအလယ်ပင်
လောကကြီးသည် ကျယ်ပြောပြီး ခြောက်ကပ်နေကာ ငှက်မွေးအလား နှင်းပွင့်များ လွင့်မျောနေပြီး သစ်ပင်များ အကိုင်းအခက်များသာ ကျန်ရှိတော့ကာ ညှိုးနွမ်းနေသော အကိုင်းအခက်များပေါ်တွင် နှင်းပွင့်များကို ဝိုးတဝါး မြင်တွေ့နိုင်သည်။
လမ်းများပေါ်တွင် တံဆိပ်အမျိုးမျိုးရှိသော ကားများ အလျှင်အမြန် ဖြတ်သန်းသွားကြ၏။
လူသွားလမ်းများပေါ်တွင် လူများ နှစ်ယောက် သုံးယောက် အုပ်စုဖွဲ့ လျှောက်သွားနေကြသည်။ သူတို့သည် အနွေးထည်အထူကြီးများကို ဝတ်ဆင်ကာ လေဖြူများကို ရှူထုတ်ရင်း သူတို့၏လည်ပင်းများကို မာဖလာများဖြင့် ပတ်ထားကာ အလျင်အမြန် သွားလာနေကြသည်။
အဝါရောင် ဝတ်ဆင်ထားသော ပို့ဆောင်ရေး ယာဉ်မောင်းအနည်းငယ်က လျှပ်စစ်စကူတာ များကို စီးကာ လမ်းများနှင့်လမ်းကြားများတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွားကြပြီး သူတို့၏ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်ရှုပ်နေပုံရသည်။
ထိုမြင်ကွင်းက သူ၏ အိပ်မက်များထဲတွင် အကြိမ်မည်မျှထိများများ ထွက်ပေါ်လာခဲ့ဖူးသနည်း....
သူ နိုးလာချိန်တိုင်း သူ့ကိုယ်သူ ပျောက်ဆုံးသွားသကဲ့သို့ အမြဲတစေ ခံစားရစေသည်။
သို့သော် ယခုအချိန်၌ ထိုအရာများအားလုံး သူ၏မျက်စိရှေ့တွင် အမှန်တကယ် ထွက်ပေါ်လာချိန်၌ ကျုံးချင်အပေါ် သက်ရောက်မှုမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် ကြီးမားလှသည်။
ထိုအချိန်မှာပင်အိပ်ခန်းထဲမှ ဖုန်းမြည်သံတစ်သံ ထွက်ပေါ်လာပေ၏၏
"ကောင်းကင်ရေ တစ်ခွက်ကို ယူပြီး သေမျိုး လောကမှာ လှုပ်ခါကာ တောက်ပတဲ့ လမင်းကို ရောင်ပြန်ဟပ်စေတယ်..."
"အချစ်နဲ့ အမုန်းက မျက်စိတစ်မှိတ် အတွင်းမှာပဲ..."
"သေမျိုးလောကမှာ လွင့်မျောနေတယ်..." …
ကျုံးချင်က အိပ်ခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားခဲ့၏။
သူက ကုတင်ဘေးရှိ စားပွဲပေါ်မှ ဖုန်းကို ကောက်ယူကာ ကြည့်လိုက်သည်။
အချိန်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ပင်။
သူ ထွက်ခွာသွားခဲ့သည်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ ဖြစ်ပေ၏။
ထိုအချက်မှာ တခြားကမ္ဘာတွင် သူ ဖြတ်သန်းခဲ့သော နှစ်ပေါင်းများစွာမှာ အပြာရောင်ကြယ် ပေါ်တွင် ခန့်မှန်းခြေအားဖြင့် တစ်လခန့်သာ ရှိသေးကြောင်း ဆိုလိုသည်။
ဖုန်းခေါ်ဆိုမှုမှာ ဤလောကရှိ သူ၏ အချစ်ဆုံး သူငယ်ချင်းနှင့် ငယ်သူငယ်ချင်းဖြစ်သူ လျှူယန်ထံမှ ဖြစ်နေသည်။
ထိုလူဝကြီးကို တွေးမိသည်နှင့် တပြိုင်နက် ကျုံးချင်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။
ဖုန်းကို ဖြေလိုက်ပြီးနောက် လူဝကြီး၏ ဆူညံသောအသံ ထွက်ပေါ်လာခဲ့သည်။
လူဝကြီးက အော်ဟစ်လိုက်သည်။
"လူအိုကြီးကျုံး... မင်း ဒီတလျှောက်လုံး ဘယ်တွေ ရောက်နေတာလဲ... ဖုန်းခေါ်လို့လည်း မရဘူး...မက်ဆေ့ချ်ပို့လည်း မပြန်ဘူး... မင်း မြန်မာနိုင်ငံမြောက်ပိုင်း ကို ပြန်ပေးဆွဲသွားခံရပြီလို့တောင် ငါ ထင်နေတာ... အရမ်းကြောက်သွားလို့ ငါ ရဲတောင် သွားတိုင်လိုက်သေးတယ်... ဘယ်လိုလဲ... မင်းရဲ့ ကျောက်ကပ်တွေ ရှိသေးရဲ့လား..."
ကျုံးချင်က ရယ်မောကာ ပြောဆိုလိုက်၏။
"ခွေးပါးစပ်က ဆင်စွယ် မထွက်နိုင်ဘူးလေ... မင်း သေသွားရင်တောင် ငါ့ရဲ့ကျောက်ကပ်တွေက ပြဿနာ ရှိလာစရာ အကြောင်းမရှိဘူး..."
ထိုစကားကိုကြားချိန်၌ တစ်ဖက်မှ ရှင်းလင်းသော သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအရာမှာ စိုးရိမ်ပူပန်မှုများ လုံးဝပျောက်ကွယ်သွားခြင်းကြောင့် စိတ်သက်သာရာရသွားခြင်း ပင်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော ရယ်မောသံတစ်သံ လိုက်ပါလာခဲ့သည်။
"ဟား ဟား... လူကောင်းတွေက သက်တမ်း မရှည်ဘူး... ကပ်ဆိုးတွေကတော့ အနှစ်တစ်ထောင်ခံတယ်လို့ လူတွေအားလုံးက ပြောကြတယ်လေ... မင်းလို ကောက်ကျစ်တဲ့ စရိုက်မျိုးနဲ့ အလွယ်တကူ ဒုက္ခမရောက်နိုင်ဘူး ဆိုတာ ငါ သိပါတယ်... ငါတို့ မတွေ့ရတာ ကြာပြီနော်... ဘယ်လိုလဲ... ဒီည ဆုံကြမလား... ဘားလမ်းမှာ ငါ ဒကာခံမယ်..."
ကျုံးချင်က လွယ်လင့်တကူ သဘောတူလိုက်၏။
"ပြဿနာ မရှိဘူး... ည ၈ နာရီနော်... နောက်မကျစေနဲ့..."
လူဝကြီးနှင့် ဖုန်းပြောပြီးနောက် ကျုံးချင်သည် သူ၏ဖုန်းမှ အဆက်အသွယ်များကို ရွှေ့ကြည့်လိုက်သည်။
လွတ်သွားသော ဖုန်းခေါ်ဆိုမှုများစွာ ရှိနေခဲ့ပေ၏။
ထိုအရာများမှာ အတန်းဖော်များ တခြားသူငယ်ချင်းများနှင့် စီးပွားရေးမိတ်ဖက်များထံမှ ဖြစ်ကြသည်။
သို့သော် သူ၏မိဘများထံမှ တစ်ခုမျှ မပါဝင်ချေ။
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏မိခင်ထံသို့ ချက်ချင်းဖုန်းခေါ်လိုက်၏။
တခြားကမ္ဘာတွင် ခြောက်နှစ်ကြာ နေထိုင်ခဲ့ရပြီးနောက်...
သူ၏မိဘများအပေါ် လွမ်းဆွတ်မှုများက ဤအခိုက်အတန့်တွင် ဒီရေအလား လှိုင်းထလာခဲ့သည်။
သူ၏မိဘများနှင့်အတူ ရှိနေသော မြင်ကွင်းများက သူ၏ စိတ်ထဲတွင် ဆလိုက်ရှိုးတစ်ခုအလား လျှင်မြန်စွာ ဖြတ်ပြေးသွားခဲ့သည်။
မကြာမီမှာပင် ဖုန်းဝင်သွားခဲ့သည်။
"ဟယ်လို... သား... အမေက မင်းရဲ့အဖေနဲ့အတူ အပြင်မှာ ခရီးသွားနေတယ်... တကယ်လို့ သား ပိုက်ဆံ လိုနေရင် ၁ ကို နှိပ်ပါ .စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေရင် ၂ ကို နှိပ်ပါ...တခြား ပြဿနာကြီးတွေ ရှိနေရင် ၃ ကို နှိပ်ပါ....ပြဿနာ အသေးအမွှားလေးတွေ ရှိနေရင် ၄ ကို နှိပ်ပါ..."
10086 ဟော့လိုင်း၏အသံနှင့် အတိအကျ တူညီနေသော သူ့မိခင်၏အသံကို နားထောင်ရင်း ကျုံးချင်၏ ထိခိုက်ခံစားနေရသော နှလုံးသားနှင့် သူ ဖော်ပြချင်သော ခံစားချက်များမှာ ထိုအချိန်အခိုက်အတန့်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သူက ခါးသည်းသောအပြုံးဖြင့် ပြောဆိုလိုက်သည်။
"ဘာမှ သိပ်မရှိပါဘူး... သား အမေနဲ့ အဖေ့ကို နည်းနည်းလွမ်းလို့ပါ..."
မိခင်ဖြစ်သူက ပြန်ဖြေလိုက်၏။
"အော်... ကိစ္စအကြီးကြီး တစ်ခုခု ဖြစ်ပြီလို့ အမေ ထင်နေတာ... အမေနဲ့ အဖေ့ကို လွမ်းတာက ကိစ္စသေးသေးလေးပါ... ဒါကို ထုတ်ပြောနေစရာ မလိုပါဘူး... တခြား ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် အမေ ဖုန်းချလိုက်တော့မယ်... အဖေနဲ့ အမေက လေထဲမှာ ပျံသန်းရတဲ့ ခံစားချက် ကို ခံစားကြည့်တော့မလို့... အမေတို့ အလှည့် ရောက်နေပြီ... ဒါပဲနော်..."
ကျုံးချင်၏အမူအယာသည် အနည်းငယ် ထူးဆန်းနေပေ၏။
သူ တစ်လလောက် ပျောက်ဆုံးနေချိန်တွင် သူ၏ အသက်ကြီးပြီဖြစ်သော မိဘများမှာ အပန်းဖြေ ခရီးထွက်ကာ အလုပ်ရှုပ်နေကြခြင်းပင်။
သူ နောက်ဆုံးတွင် ပြန်ရောက်လာခဲ့ပြီး ဘေးကင်းကြောင်း အသိပေးလိုခဲ့သည်။
သို့သော် သူတို့က ထိုအရာကို လုံးဝအလေးအနက် မထားခဲ့ကြချေ။
အမှန်တကယ်ကို ပေါ့ပေါ့ပါးပါးနှင့် စိတ်ဓာတ်ကြံ့ခိုင်ခြင်း၏ ပြယုဂ်ပင်။
သို့သော် ထိုအရာကလည်း ကောင်းမွန်နေသည်။ အနည်းဆုံးအနေဖြင့် သူ၏ သက်ကြီးရွယ်အို မိဘများက သူ့အတွက် စိုးရိမ်ပူပန်ခြင်းမရှိကြောင်း သက်သေပြနေပေ၏။
သူ တစ်လလောက် ပျောက်ဆုံးနေသည်ကိုပင် သူတို့ မသိခဲ့ကြချေ။
တခြားကမ္ဘာသို့ ကူးပြောင်းပြီးနောက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရာ တခြားသူများ၏ရှေ့တွင် သူ၏ သားသမီးဝတ္တရားများကို မဖြည့်ဆည်းနိုင်ခဲ့ခြင်းအတွက် အပြစ်ရှိစိတ်မှာ မျက်စိတစ်မှိတ်အတွင်း သိသိသာသာ လျော့ကျသွားခဲ့သည်။
ထို့နောက် ကျုံးချင်သည် ဝင်လာသော မက်ဆေ့ချ်များအားလုံးကို ပြန်စာပို့လိုက်၏။
မက်ဆေ့ချ် အများစုမှာ သူ၏လက်ရှိ အခြေအနေအတွက် စိုးရိမ်ပူပန်မှုများကို ဖော်ပြနေကြသည်။
သူ ဘေးကင်းရဲ့လားဟု မေးမြန်းနေကြသည်။
ထိုအရာအတွက် သူသည် ယခုအချိန်၌ ဘေးကင်းပြီး ကျန်းမာကြောင်းနှင့် အထူးအခြေအနေများကြောင့် ကြိုတင်အသိမပေးဘဲ နိုင်ငံခြားသို့ ခဏတာ သွားရောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ကျုံးချင်က ပြန်လည်ဖြေကြားလိုက်သည်။
စီးပွားရေး မိတ်ဖက်တချို့နှင့် ပတ်သက်၍မူ ကျုံးချင်က သူတို့ကို ဂရုမစိုက်ခဲ့ချေ။
သူ ကူးပြောင်းခြင်းမတိုင်မီက သူ့မိသားစု၏ ပံ့ပိုးမှုဖြင့် သူသည် ကုမ္ပဏီငယ်လေး တစ်ခုကို စတင်ခဲ့သည်။
ထိုအရာက မကြီးမားသော်လည်း သူသည် ဘဏ္ဍာရေးလုံလောက်မှုကို လုံးဝနီးပါး ရရှိခဲ့ပြီးဖြစ်သည်။
သူသည် အလုပ်ကို ဘယ်သောအခါမှ အထူးတလည် စိတ်ဝင်စားလေ့ မရှိခဲ့ချေ။
တခြားကမ္ဘာတစ်ခုသို့ သွားရောက်ပြီးနောက် သူသည် အလုပ်ဟူသော သဘောတရားကို ပို၍ပင် နားမလည်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ လူများသည် အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်ကြရ၏။
ထို့ပြင် သူကမူ အသက်မွေးဝမ်းကျောင်းအတွက် ရုန်းကန်ရသည့်အဆင့်ကို ကျော်လွန်သွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
အလုပ်များသော အချိန်ကာလတစ်ခု ပြီးဆုံးသွားပြီးနောက် ခုနစ်နာရီ ထိုးသွားခဲ့သည်။
ကျုံးချင်သည် ရေချိုးပြီး သူ၏အဝတ်အစားများကို လဲလှယ်လိုက်၏။
သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ကျုံးချင်သည် အလံနီအောက်တွင် ကြီးပြင်းလာပြီး ဆိုရှယ်လစ် လူ့အဖွဲ့အစည်းတွင် နေထိုင်သော ရုပ်ချောသည့် လူငယ်လေးတစ်ဦး အဖြစ်သို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိသွားခဲ့သည်။
ဘားလမ်းသည် သူ နေထိုင်သောနေရာနှင့် မဝေးလှချေ။
သူ ကားမောင်းသွားရန် မလိုဘဲ လမ်းလျှောက်သွားပါက ဆယ်မိနစ်ခန့်သာ ကြာမြင့်ပေလိမ့်မည်။
ကျုံးချင်သည် ချိန်းဆိုထားသောနေရာသို့ ရောက်ရှိလာချိန်၌ ညရှစ်နာရီတိတိ ဖြစ်ပေ၏။
တောက်ပစွာ လင်းထိန်နေသော လမ်းပေါ်တွင် လူသွားလူလာများ ရှိနေခဲ့သည်။
လူများက သုံးယောက်မှ ငါးယောက် အုပ်စုဖွဲ့ လျှောက်သွားနေကြပြီး လေထဲတွင် အရက်နံ့များ ပြည့်နှက်နေကာ ပျော်ရွှင်မြူးထူးမှုများပင် ရှိနေခဲ့၏။
သေသပ်စွာ ဝတ်ဆင်ထားသော ဧည့်ခံသူ အမျိုးသမီးများက ကျုံးချင်၏ရှေ့မှ တစ်ယောက်ပြီး တစ်ယောက် ဖြတ်လျှောက်သွားကြသည်။
သူမတို့သည် ဆွဲဆောင်မှုရှိကာ လှပပြီး ကျက်သရေရှိသည်။
ထိုအရာက ကျုံးချင်၏စိတ်ကို အနည်းငယ် တွေဝေသွားစေခဲ့သည်။
သူ တကယ်ပဲ ပြန်ရောက်လာခဲ့ပြီ...
မျက်စိတစ်မှိတ်အတွင်း အဝေးရှိတ ခြားကမ္ဘာမှနေ၍ သူ့ကို အနှစ်နှစ်ဆယ်ကျော် ပြုစုပျိုးထောင်ပေးခဲ့သော အပြာရောင်ကြယ်သို့ သူ ပြန်လည်ရောက်ရှိလာခဲ့လေပြီ
ပျော်ရွှင်မှုဘား၏အဝင်ဝတွင် နစ်ကီအားကစားဝတ်စုံအပေါ့စားကို ဝတ်ဆင်ထားပြီး ဗိုက်ပူပူနှင့်လူတစ်ယောက်ရှိနေသည်။ သူ့ထံ၌ နောက်သို့ သပ်တင်ထားသော ဆံပင်ရှိပြီး လက်တွင် ဆုတောင်းပုတီးတစ်ကုံးကို ပတ်ထားကာ အောင်မြင်သောလုပ်ငန်းရှင်တစ်ယောက်နှင့် တူသည့် လျှူယန်က ကျုံးချင်အား လက်ယပ်ခေါ်လိုက်၏။
"လူအိုကြီးကျုံး... ဒီဘက်မှာ..."
သူတို့နှစ်ယောက်သည် ညီအစ်ကိုအရင်းများ မဟုတ်ကြသော်လည်း ညီအစ်ကိုများထက်ပင် ပို၍ရင်းနှီးကြသည်။
သူတို့ တွေ့ဆုံချိန်တွင် ကြီးမားသောပွေ့ဖက်မှု တစ်ခုလုပ်ရန် မရှိမဖြစ် လိုအပ်လှ၏။
လျှူယန်က ကျုံးချင်၏ရင်ဘတ်ကို ထိုးပြီး မေးမြန်းလိုက်သည်။
"မင်း... မကြာသေးခင်က ဘယ်တွေ ရောက်နေတာလဲ... မင်း တစ်လလောက် ပျောက်နေတာတောင် အသံတစ်သံမှ မထွက်ဘူး... မင်း မရှိတာနဲ့ ငါ ဘယ်သွားသွား ငါ့အတွက် စိတ်လှုပ်ရှားမှု ပျောက်ဆုံးနေပြီ.."
ကျုံးချင်က ခါးသက်သက်အပြုံးဖြင့် ပြောဆိုလိုက်၏။
"မင်း ယုံချင်မှ ယုံလိမ့်မယ်... ဒါပေမဲ့ ငါက အင်မော်တယ်ကျင့်စဉ် ကျင့်ကြံဖို့ တခြားကမ္ဘာတစ်ခုကို ရောက်သွားတာပဲ.."
Thank For Reading.