← Chapters

ထိပ်တန်း နည်းပညာ

Vol. 156 Ch. 2283

ထိပ်တန်း နည်းပညာ

Vol. 156 Ch. 2283

လင်းရီသည် လော့ချီ၏ ကားထဲသို့ ရောက်ရှိလာပြီး ခရီးသည်ထိုင်ခုံသို့ ဝင်ထိုင်၍ လက်နှစ်ဖက်ကို ခေါင်းအနောက်သို့ ခုထားပြီး ခေါင်းအုံးသဖွယ် ပြုလုပ်ထားလိုက်သည်။

မျက်လုံးနှစ်ဖက်ကို စုံမှိတ်၍ စိတ်ထဲတွင် အနှီ မီးတောက်များအား ပြန်လည်မြင်ယောင်နေသည်။

လော့ချီက သူမ၏ ဖုန်းကို ထုတ်လိုက်၏။ မည်သူ့ထံ ဖုန်းခေါ်ဆိုနေလဲဆိုတာကိုတော့ လင်းရီလည်း မသိပေ။

သူမက ‘ လူခွဲလို့ရပြီ’ ဟု ပြောပြီး ကားထဲသို့ ဝင်ရောက်လိုက်၏။

လော့ချီ လင်းရီကို မျက်လုံးထောင့်ကပ်၍ တစ်ချက်ခိုးကြည့်လိုက်သည်။

ထို့နောက် လောင်ကျွမ်းနေသည့် မီးတောက်များအား နောက်ကြည့်မှန်မှတစ်ဆင့် ပြန်လှည့်ကြည့်လိုက်၏။

ကားထဲရှိနေသည့် အမျိုးသမီးကို သူမ မြင်တွေ့ခဲ့ဖူးသည်။ အင်မတန်လည်း လှ၏။ သူရဲကောင်းဆန်သည့် ကိုယ်ရှိန်ကိုယ်ဝါဖြင့် ရဲစခန်း၌ အလုပ်လုပ်သည့် ရဲဘော်တစ်ဦး ဖြစ်ဟန်ပင်။

သို့ပေမယ့် ထိုအရာအားလုံးက သူမ သိသလောက်ပင်။

သူမက ဤအတိုင်း … အဆိုပါ မိန်းကလေးက သူမရဲ့ ခေါင်းဆောင်အတွက် မည်သို့သော အဓိပ္ပာယ်များ ရှိနေမလဲဆိုတာကို သိချင်ရုံသပ်သပ်မျှပင်။

အဲ့ဒီ မိန်းကလေးက ဘယ်လို အရေးပါမှုတွေများ ရှိနေလို့လဲ …

သူမ တကယ်ပဲ စဉ်းစားလို့ မပေါက်နိုင်ချေ။

ကား စက်နှိုးသံ ထွက်ပေါ်လာခဲ့ပြီး လော့ချီက ဆေးရုံဘက်ခြမ်းသို့ ဦးတည်မောင်းနှင်လိုက်သည်။

ထိုအချိန်မှာပဲ လင်းရီစိတ်ထဲတွင် စနစ်၏ အသိပေးသံက ထွက်ပေါ်လာသည်။

[မစ်ရှင် ပြီးမြောက်သွားပါပြီ။ ]

[ဆုလဒ် : အတွေ့အကြုံမှတ် ၁၅၀,၀၀၀ ]

[အလုပ်ပြီးမြောက်နှုန်း : ၉၀ ရာခိုင်နှုန်း ]

[ဆုလဒ် : ဆဲလ်အာရုံခံနိုင်စွမ်း တိုးမြင့်ခြင်း ]

လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ့ကိုယ်သူ ပြန်မေးလိုက်၏။

“ ငါ တခြား မစ်ရှင်တစ်ခုကို လှုံ့ဆော်မိသွားခဲ့တာများလား …”

သေချာကြည့်လိုက်တော့မှ မစ်ရှင်နာမည်က ‘ ကယ်တင်ခြင်း ‘ မစ်ရှင် ဖြစ်လို့နေလေသည်။

“ ဟမ် … ကယ်တင်ခြင်း မစ်ရှင်က ပြီးသွားခဲ့ပြီပေါ့ ….”

လင်းရီ စိတ်ထဲ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

တစ်လကျော်မျှ ကြာညောင်းခဲ့သည့် ဤမစ်ရှင်က လုံးဝ ထင်မှတ်မထားသည့် ဤသို့သော အခြေအနေအောက်တွင် ပြီးမြောက်သွားခဲ့၏။

“ ဟက် …..”

လင်းရီ သူ့ကိုယ်သူ ပြက်ရယ်ပြုသံဖြင့် ရယ်မောလိုက်၏။

ဒီတော့ ကယ်တင်ခြင်းဆိုတာ ဒါကို ပြောတာကိုး …

စနစ်၏ မစ်ရှင်အပေါ် လင်းရီ ဘယ်တုန်းကမျှ ယခုလောက်အထိ မုန်းတီးမိခြင်းမျိုး မဖြစ်ဖူးခဲ့ပေ။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက … သူ မစ်ရှင်ကိုပင် မပြီးမြောက်စေလိုပေ။

တစ်နာရီ ကြာပြီးသည့်နောက် လင်းရီ ဆေးရုံသို့ ပြန်ရောက်လာခဲ့၏။

ရုတ်တရက်ဆိုသလို သူ့တွင် ဘာမျှ လုပ်စရာမရှိသည်ကို သတိပြုမိလိုက်သည်။ ဤနေရာတွင် ရှိနေလည်း အချည်းနှီးပဲ ဖြစ်၏။

အကျင့်အလျောက် … လင်းရီ ICU သို့ ထွက်လာခဲ့ပြီး လီရှန်းဟွေ့ကို တစ်ချက် သွားရောက် စစ်ဆေးလိုက်သည်။ အခြေအနေကတော့ တည်တည်ငြိမ်ငြိမ်နှင့် တိုးတက်လာနေသည်။

ပြီးသည့်နောက် … အထက်လူကြီးနှင့် စကားပြော၍ လီရှန်းဟွေ့ကို ICU မှ ပြောင်းဖို့အတွက် စီစဉ်လိုက်သည်။

မည်သို့ပင်ဆိုစေ ဤနေရာက နေထိုင်လို့ ကောင်းသည့် နေရာတစ်ခု မဟုတ်ပေ။

ကျန်းကျန်းမာမာ ရှိသည့် လူတစ်ယောက်ပင် ICU ၌ အချိန်ကြာမြင့်စွာ ရှိမည်ဆိုပါက စိတ်ကျရောဂါများ ဖြစ်လာနိုင်သည်။

စာရွက်စာတမ်း ကိစ္စများကို လျင်မြန်စွာ ကိုင်တွယ်ပြီးစီးသွားခဲ့ပြီး လီရှန်းဟွေ့လည်း အထူးလူနာခန်းထဲသို့ ပြောင်းရွေ့ခံလိုက်ရသည်။

ကျောက်ယွင်ဟူ၏ ကျန်းမာရေး အခြေအနေသည်လည်း တိုးတက်လာနေပြီး အရာအားလုံးက ကောင်းမွန်သည့် ဘက်ခြမ်းသို့ပဲ လမ်းစပြုနေလျက် ရှိသည်။

ဆေးရုံတွင် မည်သည့်အရာတို့မျှ လုပ်စရာ မရှိတော့သဖြင့် လင်းရီလည်း လီချူးဟန်ရှိသည့်နေရာသို့ ထွက်လာခဲ့ကာ သူမနှင့် စကားခေတ္တ ပြေဆိုလိုက်၏။ ထို့နောက် ချောင်ရန်အုပ်စုထံသို့ ထွက်လာခဲ့လေသည်။

သူ ထိုနေရာသို့ ရောက်လာခဲ့သည့် အချိန်၌ မွန်းလွဲ သုံးနာရီကျော်နေပြီး ဖြစ်၏။

တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ကျီချင်းရန်က မျက်စင်းခတ်နေသည်ကို မြင်တွေ့လိုက်ရသည်။

“ မျက်လုံး မသက်သာဘူးလား …”

ကျီချင်းရန် ခေါင်းညိတ်လိုက်သည်။ “ နည်းနည်း ခြောက်နေလို့ … အခုတစ်လော အလုပ်နည်းနည်း များလို့ နေမယ် ….”

နှစ်သစ်ကူးနေ့က ပြီးဆုံးသွားပြီ ဆိုသော်ငြားလည်း တရုတ်နှစ်သစ်ကူးက လျင်လျင်မြန်မြန်နှင့် ချဉ်းကပ်လာနေသည်။ အလုပ်များရမည့်အရာများစွာ ရှိနေသဖြင့် … လင်းရီသည်လည်း ကျီချင်းရန်၏ ယခုလိုပုံစံအား မြင်တွေ့ရသည်ကို နေသားကျနေပြီး ဖြစ်သည်။

“ ပင်ပန်းရင် ခဏနား … အဲ့လောက်ထိ အလုပ်ကြိုးစားပြီး ပိုက်ဆံမရှာလည်း ရပါတယ်ကွာ …”

“ အရင် အလုပ်အချိန်ဇယားတွေကြောင့် အကျင့်ဖြစ်သွားလို့ နေမှာပါ … “ ကျီချင်းရန် မသိစိတ်အလျောက် ဆံပင်ကို ပင့်သပ်လိုက်ပြီး “ နင်ကရော ဒီနေ့ အစောကြီးပါလား … ဆေးရုံက ကိစ္စတွေရော ပြီးသွားပြီလား ….”

လင်းရီ ဆိုဖာပေါ်သို့ လဲလျောင်းရင်း ခေါင်းညိတ်လိုက်သည်။ “ အကုန်ပြီးပြီ … အခု ရက်နည်းနည်းလောက်တော့ နားလို့ရပြီ …”

ကျီချင်းရန် တစ်စုံတစ်ရာကို ပြောချင်ပါသော်လည်း လင်းရီ၏ နွမ်းနယ်ပုံရသည့် မျက်နှာသွင်ပြင်ကို မြင်တော့ သူမ၏ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။ သူ့ကို နည်းနည်းလောက် နားခိုင်းဖို့ ဆုံးဖြတ်လိုက်၏။

ထိုအချိန်မှာပဲ စနစ်၏ အသိပေးသံက သူ့စိတ်ထဲ တစ်ဖန်မြည်ဟည်လာပြန်သည်။

[ကျေးဇူးပြုပြီး သင့်ရဲ့ ဆုလဒ်ကို ၂၄ နာရီအတွင်း လက်ခံပေးပါ … ]

စနစ်၏ သတိပေးသံကို ကြားတော့ လင်းရီလည်း သူ ဆုလဒ်များကို ယခုထိ လက်မခံရသေးကြောင်း သတိထားမိလိုက်သည်။ စိတ်ထဲ တိုးတိုးလေး ဆိုလိုက်၏။

‘ လက်ခံမယ် …’

ချက်ချင်းဆိုသလို လင်းရီ၏ ခန္ဓာကိုယ်ထဲ၌ တစ်စုံတစ်ရာ ပြောင်းလဲနေသည်အား ခံစားမိလိုက်သည်။

သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တစ်ခုချင်းစီတိုင်းက ပို၍ လှုပ်ရှားသက်ဝင်လာပြီး တဒုတ်ဒုတ် လှုပ်မြည်လာသလိုပင်။

ဤဖြစ်စဉ်က အချိန် တစ်မိနစ်ကျော်မျှ ကြာမြင့်ပြီးနောက် ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။

အားလုံး ပြီးစီးသွားသည့်အချိန်၌ လင်းရီသည် သူ့ခန္ဓာကိုယ်က ပြောင်းလဲမှု တစ်ချို့ ပြုလုပ်ခံထားရသည့်နှယ် ခံစားလိုက်ရသည်။ သို့ပေမယ့် မည်သည့်အရာက‌ ပြောင်းလဲသွားသလဲဆိုတာကိုတော့ သူ အတိအကျ မပြောပြနိုင်ချေ။

‘ စနစ် … ဒီရဲ့ ဆဲလ်အာရုံခံစားမှု တိုးမြင့်ခြင်းဆိုတဲ့ဟာက အတိအကျ ဘာကို ပြောချင်တာ … ဒါက ဘာလုပ်တဲ့ဟာလဲ ….’

[ဆဲလ် အချင်းချင်းကြားမှာ နားလည်မှု စွမ်းအား တိုးမြင့်ပေးပြီး ပေါင်းစည်းနှုန်းကို သန်မာစေပါတယ် ]

‘ ဟမ် …’

စနစ်၏ ရှင်းပြမှုက လင်းရီကို လုံးလုံးလျားလျား ရှုပ်ထွေးသွားစေပြီး တစ်လုံးတစ်လေကိုမျှ နားမလည်နိုင်ခဲ့ချေ။

‘ လူပိန်းနားလည်အောင် ရှင်းပြပေးလို့မရဘူးလား … ငါ့ရဲ့ သုံးစားမရတဲ့ဘွဲ့နဲ့ မင်းပြောတာတွေ တစ်လုံးမှ နားမလည်လို့ …’

[ သီးခြားရပ်တည်နေတဲ့ ဆဲလ်တစ်ခုက ပိုပြီး သန်မာလေလေ ၊ ဆဲလ်တွေ အတူပေါင်းစည်းဖို့ ခက်ခဲလေလေ ဖြစ်တယ်။ သူတို့မှာ ရှိတဲ့ စွမ်းပကားကို အပြည့်အဝ အသုံးမချနိုင်ဘူး။ ]

[ အခု စနစ်ရှင်က လူတစ်ယောက်ရဲ့ ရင်ဘက်ကို ဓားနဲ့ ထုတ်ချင်းပေါက်အောင် ထိုးနိုင်တယ်။ ဒါပေမယ့် ဆင်တစ်ကောင် ၊ ဒါမှမဟုတ် ကြံ့တစ်ကောင်ဆိုရင်တော့ မျိုးစိတ်ချင်း မတူကွဲပြားတဲ့အတွက်ကြောင့် အတော်လေး ခက်ခဲလိမ့်မယ် … သက်ရှိတွေမှာ မတူညီတဲ့ ဆဲလ်အာရုံခံမှု စွမ်းအားအဆင့်တွေ ရှိကြပြီး မတူကွဲပြားတဲ့ အကျိုးသက်ရောက်မှု ရလဒ်တွေကို ဖြစ်ပေါ်စေတယ်။ ]

ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းရီ သဘောတရားကိုတော့ ဆုပ်ဖမ်းမိလာသည်။

‘ ဆိုတော့ ပြောရရင် ဆဲလ်တွေကြား နှီးနှောဆက်နွယ်မှု အင်အားက သန်မာမယ်ဆိုရင် အပေါ်ယံ အရေပြား ကာကွယ်မှုကလည်း ပိုပြီး သန်မာလာမယ် .. အဲ့လိုလား ….’

[အဲ့လို နားလည်တယ်ဆိုလည်း မမှားပါဘူး ]

လင်းရီ ခေါင်းညိတ်လိုက်သည်။ သူ့ စိတ်ထဲ နားလည်သဘောပေါက်သွားခဲ့၏။

အနှစ်ချုပ်ရမည်ဆိုပါက သူ့ ခုခံကာနိုင်စွမ်းက ပို၍ သန်မာလာခြင်းပင်။

ဆုလဒ်နှင့် ပတ်သက်၍ မည်သည့်အရာတို့ကမျှ မှားယွင်းမနေသော်ငြားလည်း ၎င်း၏ အရင်းအမြစ်နှင့် ပတ်သက်၍တော့ လင်းရီ အတော်လေး စိတ်ဝင်စားနေမိသည်။

ဤသည်က ဇီဝနယ်ပယ်ထဲ လက်ရှိ လူသားတို့၏ နည်းပညာဖြင့် စွမ်းဆောင်နိုင်ဖို့ရာပင် အတော်လေး ခက်ခက်ခဲခဲ ရုန်းကန်ရမည့် အချင်းအရာတစ်ခုဖြစ်သည်မှာ သိသာသည်။ သို့ပေမယ့် နောင်အနာဂတ်တွင် မိမိတို့ ကမ္ဘာ့လူသားများလည်း ဤသို့ စွမ်းဆောင်လာနိုင်မလားဆိုတာကတော့ တခြား မွေးခွန်း တစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်၏။

ဘာကြောင့်ဆိုတော့ လက်ရှိခေတ်က နည်းပညာ အပြိုင်အဆိုင် တိုးတက်အောင် ပြုလုပ်နေသည့် ခေတ်ဖြစ်သောကြောင့်ပင်။

‘ စနစ် … ဒီတစ်ခေါက် မင်းငါ့ကို ပေးလာခဲ့တဲ့ အရာကလည်း မင်းတို့ ခေတ်ကဥစ္စာပဲလား … ကာဗွန်အခြေပြု ချစ်ပ်ဒီဇိုင်းလိုမျိုးလေ ….’

[ဟုတ်ပါတယ်။]

လင်းရီ တိတ်ဆိတ်သွားခဲ့သည်။ သူပဲ စိတ်ထင်နေ၍လားတော့မသိ။ သို့ပေမယ့် အနှီ သောက်ကျိုးနည်း စနစ်က အချိန်တိုင်းလိုလို သူ့ဘာသာ ပြောင်းလဲနေသလိုပင်။

ဤသည်က မည်သည့်အရာကို ဆိုလိုချင်နေမှန်း မသိသော်ငြားလည်း တစ်စုံတစ်ရာ ဖြစ်ပျက်လာတော့မည်ကိုတော့ သူ့စိတ်ထဲ အာရုံခံစားမိနေခဲ့သည်။

မသက်မသာ ဖြစ်သည့် ခံစားချက်တစ်ခုက လင်းရီ၏ နှလုံးသားထဲသို့ စူးရှနစ်ဝင်သွားခဲ့၏။

စနစ်၏ ဆုလဒ်ကို လက်ခံပြီးနောက် လင်းရီ စကေဘာကို ထုတ်ပြီး သူ့အရေအပြားကို ဓားဖျားထိပ်နှင့် တစ်ချက် ထိုးစိုက်ကြည့်လိုက်၏။

မည်သည်ကိုမျှ မခံစားရချေ။

ဤသို့သော ပြောင်းလဲမှုက သူ့အား ရင်ဖိုစိတ်လှုပ်ရှားသွားစေသည်။

ပုံမှန်ဆိုပါက သူသည် စီ- အဆင့် ဖြစ်လင့်ကစား … ထက်ရှသည့် အရာဝတ္ထုတစ်ခုနှင့် ထိုးခြင်းခံရမည်ဆိုလျှင် ခံစားနိုင်စွမ်းတော့ ရှိရမည်။

သို့သော် ယခု … မည်သို့မျှပင် မနေချေ။ ဤတစ်ခုတည်းနှင့် ဆုလဒ်က မည်မျှ အံ့ဩဘနန်း ဖြစ်ဖို့ကောင်းကြောင်းကို သက်သေပြဖို့ လုံလောက်နေပြီး ဖြစ်၏။

လင်းရီ အားအနည်းငယ် စိုက်ထုတ်၍ နောက်တစ်ကြိမ် ထိုးစိုက်ကြည့်လိုက်ရာ ဤတစ်ကြိမ်တွင်တော့ လူက အနည်းငယ် စူးရှသည့် ခံစားချက်မျိုးကို ရရှိလာခဲ့သည်။

ယခု မတိုင်မီဆိုပါက ထိုသို့သော ခွန်အားမျိုးဖြင့် ကျိန်းသေပေါက် သေးငယ်သည့် ပြတ်ရှရာတစ်ခု ဖြစ်ပေါ်လာနိုင်သည်။

‘ စနစ် … တကယ်လို့ ဒါကတောင် အခြေခံ အဆင့်ပဲ ရှိသေးတယ်ဆိုရင် … ပိုပြီး မြင်တဲ့ အဆင့်တွေရလာခဲ့ရင် ငါက ဘာနဲ့မှ ထိုးဖောက်လို့ မရနိုင်တဲ့ လူသား ဖြစ်မသွားဘူးလား …’

[ဟုတ်တယ်။ သူက အရေပြား သံချပ်ကာနဲ့ အတူတူပါပဲ စနစ်ရှင်။ ]

‘ အံ့ဩဖို့ကောင်းလိုက်တဲ့ စနစ် … ငါမင်းကို တစ်ဝိုင်း အကြွေးတင်သွားပြီး မှတ်လိုက်တော့ ….’

သက်တောင့်သက်သာ ရှိစွာ အညောင်းဆန့်လိုက်ရင်း လင်းရီ ဆိုဖာပေါ်က ထလိုက်သည်။

ကျီချင်းရန် သူ့အား လှမ်းကြည့်လာခဲ့၏။

“ အနားယူပြီးသွားပြီပေါ့ …”

“ ကိုယ့်ဇနီးက အလုပ်ကြိုးစားနေတဲ့အချိန် ကိုယ်က ဆိုဖာပေါ်လဲပြီး ငါးဆာနယ်တစ်ကောင်လို ဘဝကို ဖြုန်းတီးနေတာက ဘယ်ကောင်းမှာ ဟုတ်တယ်မလား ….”

ကျီချင်းရန် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မေးတစ်ဖက်ထောက်လျက် လင်းရီကို ကြည့်လိုက်သည်။

“ အဲ့တော့ နင်က ဘာလုပ်ချင်လို့ ….”

“ ဘဝကြီးကို ဖြုန်းတီးနေတာက အဓိပ္ပာယ်မရှိဘူး … ဒီတော့ ဘဝတွေကို ဖန်တီးကြစို့ ….”

“ ဘဝကို ဖန်တီးမယ်ဟုတ်လား….”

ကျီချင်းရန်ကို တုံ့ပြန်ရန် အခွင့်အရေးမပေးပါဘဲ လင်းရီသည် သူမ၏ နောက်ကျောသို့ ရောက်ရှိသွားခဲ့ပြီး ထိုင်ခုံမှ ပွေ့ချီလိုက်သည်။ ပြီးသည့်နောက် ရုံးဝတ်ယူနီဖောင်း စကတ်ကို အပေါ်သို့ လှန်လိုက်သည်။

“ နင် … နင် ဒါ ဘာလုပ်တာလဲ … ဒါ ရုံးခန်းထဲမှာလေ …”

“ ရုံးခန်းဆိုတော့ရော ဘာဖြစ်လို့ … ဒီလိုနေရာမျိုးမှာ တစ်ခါလောက်မှ အတွေ့အကြုံ မရှိဖူးဘူးဆိုရင် ဘဝမှာ အချည်းနှီး နေထိုင်ရသလို ဖြစ်သွားလိမ့်မယ် …”

All Chapters