← Chapters

နောက်ပိုင်းလူငယ်တွေကိုအထင်မသေးဝံ့တော့

Vol. 6 Ch. 540

နောက်ပိုင်းလူငယ်တွေကိုအထင်မသေးဝံ့တော့

Vol. 6 Ch. 540

ယွမ်ယန်နှင့် ဇာမဏီ ငှက်ငါးကောင်၏ ပတ်သက် ဆက်နွှယ်မှုက မြင့်မားလေသည်။

ဇာမဏီငှက်များသည် ယွမ်ယန် မွေးဖွားလာသည့် အချိန်တွင် ထွက်ပေါ်လာခဲ့ကြပြီး အတူတူ ကြီးပြင်းလာခဲ့ကြသူများ ဖြစ်လေသည်။ သူတို့သည် ယွမ်ယန်ကို တာ့ရှားဧကရာဇ် စေလွှတ်သည့် လူသတ်သမားများ၏ ရန်မှ ကာကွယ်ပေးခဲ့ ကြလေသည်။

ယခုအချိန်တွင်တော့ ထိုဇာမဏီ ငှက်ငါးကောင်သည် လောကနတ်ဘုရား အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ပြီး ဒြပ်စင်ငါးပါး တစ်မျိုးစီကို ပိုင်ဆိုင် ထားကြလေသည်။ သူတို့ အားလုံး၏ ပူးပေါင်းမှု စွမ်းအားသည် အလွန်မှ ကြောက်မက်ဖွယ်ရာ ဖြစ်လေသည်။ ယွမ်ယန်နှင့်အတူ ဇာမဏီငှက် ငါးကောင်လုံး မိုးကောင်းကင်နတ်ဘုရားအဖြစ် အဆင့်တက်လှမ်း သွားနိုင်ပါက သူတို့၏ တန်ခိုးစွမ်းအားကို ခန့်မှန်း၍ပင် ရနိုင်မည် မဟုတ်ပေ။

ဇာမဏီ ငှက်လေးကောင်၏ မွေးရာပါမရဏ စွမ်းအားများကို ရင်ဆိုင်လိုက်ရသည့် အခါ တာ့ရှား ဧကရာဇ်၏ နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးသွားပြီး အေးစက်စွာဖြင့် ပြုံးလိုက်လေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ် လာလေသည်။

တာ့ရှားဧကရာဇ်၏ ခန္ဓာကိုယ်မှ သွေးကြော ဆုံချက်များသည် စကြဝဠာ စွမ်းအားများနှင့် ချိတ်ဆက်သွားပြီး ပေါက်ကွဲသွားခြင်း ဖြစ်လေသည်။

တာ့ရှားဧကရာဇ်ကို ဝန်းရံထားသည့် မီးတောက်များသည် တစ်မုဟုတ်ချင်း ပျောက်ကွယ် သွားကြလေသည်။

တာ့ရှားဧကရာဇ်သည် လေထဲတွင် တောက်ပစွာဖြင့် ရပ်နေလေသည်။ ရှေးဟောင်း နတ်ဘုရားတစ်ပါး အသူရာချောက်သို့ ဆင်းသက်လာသကဲ့သို့ ဖြစ်လေသည်။ သူက ယွမ်ယန်နှင့် ဇာမဏီငှက်များကို အထင်အမြင်သေးစွာဖြင့် ကြည့်နေလေသည်။

ဆန်းလျန် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ တာ့ရှားဧကရာဇ်သည် “မပျက်စီးနိုင်သည့် ခန္ဓာကိုယ်” ကျင့်စဉ်ကို အသုံးပြုကာ ဇာမဏီငှက်များ၏ မီးတောက်များကို ကာကွယ်ခဲ့ခြင်း ဖြစ်လေသည်။

“မပျက်စီးနိုင်သည့် ခန္ဓာကိုယ်” ကျင့်စဉ်စွမ်းအားသည် ဗုဒ္ဓဘာသာမှ ရွှေခန္ဓာကျင့်စဉ်နှင့် ဆင်တူလေသည်။

သို့သော် မပျက်စီးနိုင်သည့် ခန္ဓာကိုယ် ကျင့်စဉ်တွင် အားနည်းချက် ရှိလေသည်။

ကျင့်စဉ်ကို စတင်ကျင့်ကြံသည့် အချိန်တွင် ဂမ္ဘီရ အင်းပညာနှင့် ဆန်းကြယ်သည့် တန်ခိုးစွမ်းအား များကြောင့် ရုပ်ခန္ဓာသာမက တာအိုတရားပါ ပျက်စီးသွားနိုင်လေသည်။

သို့သော် ပထမအဆင့် ကျင့်ကြံပြီးသည့် အခါတွင်တော့ ထိုသူကို အနိုင်ယူရန်နှင့် သတ်ဖြတ်ပစ်ရန်မှာ အလွန် ခက်ခဲသွားရမည် ဖြစ်လေသည်။

ဒုတိယအဆင့် ကျင့်ကြံပြီးသည့် အခါတွင်တော့ ကျဆင်းသည့် သွေးများမှပင် ပြန်လည် မွေးဖွားခြင်းကို ပြုလုပ်နိုင်မည် ဖြစ်လေသည်။ ထိုအဆင့်သို့ ရောက်သွားလျှင်တော့ ဗုဒ္ဓနှင့် တာအို ဆရာသခင်ကြီးသာလျှင် ထိုသူကို နှိမ်နင်း နိုင်တော့မည် ဖြစ်လေသည်။

ရုပ်ပိုင်းဆိုင်ရာ ကျင့်စဉ်များသည် စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်များနှင့် ယှဉ်လျှင် များစွာ မရှိလှပါ။ သို့သော် တန်ခိုးစွမ်းအား မြင့်မားသည့် အဆင့်သို့ ရောက်ရှိလာသည့် အခါတွင်တော့ ရုပ်ခန္ဓာကို ကျင့်ကြံထားသူများက သာလွန် တတ်လေသည်။

ဒဏ္ဍာရီထဲမှ စွန်းဝူခုံးမျောက်မင်း ကဲ့သို့ပင် ဖြစ်လေသည်။ မျောက်မင်းသည် တန်ခိုးစွမ်းအား အရာတွင် သူ့ထက်သာသူ များစွာရှိခဲ့လေသည်။ သို့သော် သူ့ကို နှိမ်နင်းနိုင်သူ ဆို၍ စကြဝဠာတွင် လက်တစ်ဆုပ်စာသာ ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မျောက်မင်းသည် မပျက်စီးနိုင်သည့် ရုပ်ခန္ဓာကို ပိုင်ဆိုင် ထားသောကြောင့် ဖြစ်လေသည်။

သို့သော်… ဆန်းလျန်၏ စူးရှသည့် အမြင်အာရုံထဲတွင်တော့ တာ့ရှားဧကရာဇ်၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်မှ ပျက်စီးနိုင်သည့် အားနည်းချက်များ၊ ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက်ချက်များကို တွေ့မြင်နိုင်လေသည်။ တာ့ရှားဧကရာဇ်၏ ရုပ်ခန္ဓာနှင့် နာမ်ဝိညာဉ်သည် တစ်သားတည်း မကျပေ။ ထို့ကြောင့် သူနှင့်တန်ခိးစွမ်းအား ညီမျှသည့် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်နှင့် တွေ့လျှင် တာ့ရှားဧကရာဇ်သည် ခုခံကာကွယ်နိုင်မည် မဟုတ်ပေ။

ထို့ပြင် ထိုအားနည်းချက်သည် ပြုပြင်၍ရသည့် အားနည်းချက်လည်း မဟုတ်ပေ။

မျောက်မင်းသည် ထိုက်စန့်လောင်ကျွင်း ဘိုးဘိုး၏ ဖိုထဲတွင် ရက်ပေါင်း (၄၀) ကြာအောင် စစ်မှန်သည့်သမာဓိ မီးတောက်ဖြင့် မီးရှို့ ခံခဲ့ရလေသည်။ ထို့ကြောင့် မျောက်မင်း၏ မပျက်စီးနိုင်သည့် ခန္ဓာကိုယ်သည် ပြီးပြည့်စုံခဲ့ပြီး "ရွှေမျက်စံမီးမျက်စိ" ဆိုသည့် တန်ခိုး စွမ်းအားကိုပင် ထပ်မံ ရရှိခဲ့လေသည်။

တာ့ရှားဧကရာဇ်မှာလည်း မျောက်မင်းကဲ့သို့ ပြင်းထန်သည့် အစစ်ဆေးခံရမှုကို ရင်ဆိုင်ရမှသာလျှင် သူ၏ရုပ်ခန္ဓာ သည် မျောက်မင်းကဲ့သို့ ပြီးပြည့်စုံခြင်းကို ရမည်ဖြစ်လေသည်။ သို့သော် လက်ရှိ အချိန်တွင်တော့ ပြီးပြည့်စုံနိုင်ခြင်း မရှိသေးပေ။

သို့သော် ယွမ်ယန်တွင်တော့ တာ့ရှားဧကရာဇ်၏ မပျက်စီးနိုင်သည့် ခန္ဓာကိုယ်ကို အနိုင်ယူနိုင်သည့် တန်ခိုးစွမ်းအား မရှိခဲ့ပေ။

ယွမ်ယန်၏ နောက်တွင် ဇာမဏီငှက် ငါးကောင်ပျံသန်းနေပြီး သူတို့၏ ပါးစပ်များ အတွင်းမှ ရောင်စုံ မီးတောက်များကို မှုတ်ထုတ် နေကြလေသည်။ ဇာမဏီငှက်များ၏ မီးတောက်များသည် ယွမ်ယန်၏ခန္ဓာကိုယ်ကို လောင်ကျွမ်းသွားပြီး နတ်ဘုရား အလင်းတန်းများ ဖြစ်ပေါ်လာကာ တာ့ရှား ဧကရာဇ်၏ မိစ္ဆာဓားကောက်ကြီးကို ကာကွယ် ထားလိုက်လေသည်။

တာ့ရှားဧကရာဇ်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်လေသည်။ သူ၏ပုံစံမှာ မိစ္ဆာနတ်ဘုရား တစ်ပါးနှင့် ဆင်တူ လွန်းလေသည်။

သူက ရယ်မောလိုက်ရင်း…

“ငါကိုယ်တော်ကို ဘယ်သူမှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး၊ မင်းက အဖြူရောင် မင်းကြီးရဲ့ သားတော်မကလို့ ဘာကြီးဖြစ်နေဖြစ်နေ၊ သောက်ဂရုမစိုက်ဘူကွ…"

သူက လက်ကို မြှောက်လိုက်သည်နှင့် မိစ္ဆာဓားကောက်ကြီးက သူ့လက်ထဲသို့ ပျံသန်း ဝင်ရောက် လာလေသည်။

ယွမ်ယန်က အေးစက်သည့် အကြည့်များဖြင့် တာ့ရှားဧကရာဇ်ကို စိုက်ကြည့်နေလေသည်။

ဇာမဏီ ငှက်ငါးကောင်သည် ယွမ်ယန်၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက် ပေါင်းစပ်သွားပြီး ရောင်စုံမီးတောက်များ ဖြာထွက်လာကာ ယွမ်ယန်၏ နောက်ကျောတွင် ရောင်စုံ ဇာမဏီငှက် တောင်ပံ တစ်စုံ ထွက်ပေါ်လာလေသည်။

ယွမ်ယန်ထံမှ တန်ခိုးစွမ်းအားများသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်တက် လာလေသည်။

ဆန်းလျန်သည် ယွမ်ယန်၏ စိတ်ဝင်စားဖွယ် အပြောင်းအလဲများကို မမှိတ်မသုန် ကြည့်နေလေသည်။ ထိုအပြောင်းအလဲများကို ဆန်းလျန် ကောင်းကောင်း နားလည်လေသည်။ ထိုအရာမှာ ယွမ်ယန်၏ စစ်မှန်သည့် ဇာစ်မြစ် တစ်ခုလည်း ဖြစ်နိုင်လေသည်။

တာ့ရှားဧကရာဇ်သည် ယွမ်ယန်ကိုကြည့်ပြီး စိတ်မသက်မသာ ခံစာလိုက်ရသည်။

သူ၏မိစ္ဆာဓားကောက်ကြီးသည် ထာဝရ ရှည်လျားသော ညနက်နက်တစ်ခုနှင့် ဆင်တူပြီး ယွမ်ယန်ကတော့ နံနက်ခင်း အလင်းရောင်နှင့် ဆင်တူလေသည်။

“သဘာဝတရား၏လက်ရာက အံ့ချီးဖွယ်ရာ… အလင်းနှင့်အရိပ်ကို လွှမ်းမိုး ထားလေတာ…”

ဆန်းလျန်၏အတွေးထဲသို့ ကဗျာစာပိုဒ်လေး တစ်ပိုဒ် ဝင်ရောက် လာလေသည်။ ထိုကဗျာမှာ တာ့ရှားဧကရာဇ်၏ မိစ္ဆာဓားကောက်ကြီးကို ဆိုလိုခြင်း ဖြစ်လေသည်။

မိစ္ဆာဓားကောက်ကြီးသည် အလွန်လျင်မြန် လွန်းလှလေသည်။ လျင်မြန်ခြင်းကို ဖော်ပြရန် စကားလုံးပင် ရှာတွေ့ရန် ခဲယဉ်းမည် ဖြစ်လေသည်။ ထို့ပြင် ဓားက ရှုပ်ထွေးပြီး ဆန့်ကျင်မှု ခံစားချက်များကို ပေးနေလေသည်။ ဓားသွား၏ လှုပ်ရှားမှုနှင့်အတူ ဓားသွား၏ တိကျသော လမ်းကြောင်းကိုလည်း တွေ့နိုင်လေသည်။ ထိုလှုပ်ရှားမှုသည် မိုးမြေ နိယာမများနှင့်လည်း ဆက်စပ်လျက် ရှိလေ၏။

သို့သော် ထိုမိစ္ဆာဓားကောက်ကြီးကို ထိပ်တိုက် ရင်ဆိုင်လိုက်ရသည့် ယွမ်ယန် အတွက်တော့ ဓားကောက်ကြီးဆီမှ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို အပြည့်အဝ ခံစားလိုက်ရလေသည်။

ရုတ်တရက်…

အချိန်၏စီးဆင်းမှုသည် အလွန်နှေးကွေးသွားသကဲ့သို့ ဖြစ်သွားပြီး ဖြစ်ရပ်များကို အလွန် ကြာမြင့်သွားသလို ခံစားလိုက်ရလေသည်။ ထို့ကြောင့် ယွမ်ယန်၏ အတွေးများပင်လျှင် အနည်းငယ် နှေးကွေး သွားခဲ့ရလေသည်။

ယွမ်ယန်သည် လေထုကို ဖြတ်ကျော်ကာ သူ့ထံသို့လာနေသည့် ဓားကောက်ကြီးကို ကြည့်နေလေသည်။

မိစ္ဆာဓားကောက်ကြီးမှာ ယွမ်ယန်၏ နတ်ဘုရား စွမ်းအားများကို ဖြိုခွဲပစ်လိုက်ပြီး သူ့ကို သေခြင်းဆီသို့ ပို့ဆောင် ပေးလိုက်လေတော့သည်။

ဓားသွား၏ တောက်ပမှုသည် ယွမ်ယန်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားလေသည်။

ဗုဒ္ဓဘာသာ ဂိုဏ်းများ၊ တာအိုဝါဒ ဂိုဏ်းများသာမက ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲနိုင်သည့် အဖျက်စွမ်းအားကို ထိုမိစ္ဆာ ဓားကောက်ကြီးတွင် တွေ့မြင်ရလေသည်။ ဓားကောက်ကြီးသည် တောက်ပနေပြီး လက်လှမ်း မမီနိုင်သည့် အရာများကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိလေသည်။ အားနည်းသူ၊ အားကြီးသူ ခြားနားချက်မရှိ၊ အရာအားလုံးကို ဖျက်စီး မည်ပဲ ဖြစ်လေသည်။ ဓားသွား၏ အလင်းတန်း ကျရောက်ရာ နေရာတိုင်းသည် ပျက်စီးရမည်ပဲ ဖြစ်လေသည်။

ယွမ်ယန်သည် ထိုမိစ္ဆာဓားကောက်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ရလေပြီ။

နောင်တစ်ချိန်…

လောကတွင် တာ့ရှား ဧကရာဇ်ကဲ့သို့ ပင်ကိုမွေးရာပါ စွမ်းအား ရှိသူများ နည်းပါးသွားသည့် အချိန်တွင် ထိုမိစ္ဆာ ဓားကောက်ကြီး၏ အကြောင်းအရာသည် ရာဇဝင်တွင်ခဲ့မည် ဖြစ်လေသည်။

မိစ္ဆာဓားကောက်ကြီး၏ အလင်းရောင် ပျောက်ကွယ် သွားသည်နှင့် စကြဝဠာ တစ်ခုလုံး ရှင်းလင်း သွားလေသည်။

သို့သော်… ဇာမဏီငှက် အော်သံများကိုတော့ ကျယ်လောင်စွာ ကြားနေရလေသည်။

အရှေ့ဘက်ဆီတွင် စစ်မှန်သည့် မီးတောက်တစ်ခု တောက်ပနေသည်ကို မြင်တွေ့ ကြရလေ၏။ ထိုမီးတောက်သည် အနီရောင် သက်တံတစ်ခု အဖြစ် ပြောင်းလဲသွားပြီး သဲလွန်စမကျန် ပျောက်ကွယ် သွားလေတော့သည်။

ထိုမီးတောက်သည် ဇာမဏီငှက် ပြန်လည်မွေးဖွားရာ “ကောင်းကင်မီးတောက်” ဖြစ်လေသည်။

ယွမ်ယန်သည် တာ့ရှားဧကရာဇ်၏ မိစ္ဆာဓားကောက်ကြီးကို ခုခံ တားဆီးနိုင်ခဲ့ခြင်း မရှိသည့်တိုင် ကောင်းကင် မီးတောက်ဖြင့် သူ့ကိုယ်သူ လောင်ကျွမ်း စေခဲ့လေသည်။ ထို့နောက် အနီရောင် သက်တန့်အဖြစ် ထွက်ခွာ သွားခဲ့လေသည်။

ယွမ်ယန်သည် ကောင်းကင် မီးတောက်၏ တန်ခိုးစွမ်းအားဖြင့် လူပြန်ဝင်စားနိုင်မည် ဖြစ်လေသည်။

သို့သော်… တာ့ရှားဧကရာဇ်နှင့် တိုက်ပွဲတွင်တော့ ယွမ်ယန် ရှုံးနိမ့်ခဲ့ရလေသည်။ လူပြန်ဝင်စား နိုင်ခဲ့မည်ဆိုလျှင် တောင်မှ သူ၏ဝိညာဉ်သည် အပြင်းအထန် နာကျင်ခဲ့ပြီ ဖြစ်လေသည်။

တာ့ရှားဧကရာဇ်နှင့် ယွမ်ယန်တို့၏ တိုက်ပွဲကြောင့် မြေပြင်ထက်တွင် အလွန်ကြီးမားသည့် တွင်းကြီးတစ်တွင်း ဖြစ်ပေါ်ခဲ့လေသည်။ နှင်းများက အဆက်မပြတ် ကျဆင်းနေသည့် အတွက် တွင်းကြီးသည် သိပ်မကြာမီ နှင်းများဖြင့် ပြည့်သွားမည် ဖြစ်လေသည်။

စစ်သည်တော် ငါးသောင်းသည် ချက်ချင်းပင် တာ့ရှားဧကရာဇ်၏ အနားသို့ ပုရွက်ဆိတ်များ အလား ဝိုင်းအုံ လာကြလေသည်။ သူတို့သည် တာ့ရှားဧကရာဇ်ကို ချီးမြှောက်သည့် အော်ဟစ်သံများဖြင့် အော်ဟစ် လိုက်ကြလေသည်။

တာ့ရှား ဧကရာဇ်၏ ခန္ဓာကိုယ်သည် သာမန် မူလအရွယ်သို့ ပြန်ပြောင်း သွားလေသည်။

ထို့နောက် သူက သူ့ဘေးတွင်ရပ်နေသည့် ကွမ်းလုန်ကျီကို ပြောလိုက်သည်။

“နောက်ပိုင်း လူငယ်တွေကို အထင်သေးလို့ မရတော့ဘူးပဲ…"

ကွမ်းလုန်ကျီ၏အကြည့်များတွင် ထိတ်လန့် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေလေသည်။

သူ့ဘဝတွင် တာ့ရှားဧကရာဇ်၏ တန်ခိုးစွမ်းအားများ ထိုမျှ ပြင်းထန်သည်ကို တစ်ကြိမ်မှ မတွေ့မြင်ဖူးခဲ့ပေ။ သူ့ဘ၀ တစ်လျှောက်လုံး နောင်ကမရဘဲ သေသည်အထိ တာ့ရှားဧကရာဇ် နောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်မိလေသည်။

ဆန်းလျန်သည် လက်ထဲမှ ရေဇလုံကို မြင်းရထား အပြင်ဘက်သို့ သွန်ပစ် လိုက်လေသည်။ သူက မျက်စိကို မှိတ်ပြီး တာ့ရှားဧကရာဇ် အသုံးပြုသည့် ဓားသိုင်းကို ပြန်စဉ်းစား နေလေသည်။

ယွမ်ယန်၏ တန်ခိုးစွမ်းအားများကို ဖျက်ဆီးပစ်လိုက်သည့် မိစ္ဆာဓားကောက်ကြီးကို ရင်ဆိုင်ရန် အတွက် ဆန်းလျန်သည် နည်းလမ်းခြောက်ခုကို တွေးထားမိလေသည်။

***

All Chapters