ဂုဏ်ထူးဆောင်စစ်သား
Vol. 79 Ch. 1102
အမှတ်၇စစ်စခန်းက ဧရာမပျားအုံးတစ်ခုအလား စစ်သားတွေမရေမတွက်များစွာနဲ့ ပြည့်နေပြီး သင်္ဘောတွေက ဝင်လိုက်ထွက်လိုက်ဖြစ်နေတယ်။
အမှတ်၇စစ်စခန်းအပေါ်ကို နေတစ်ထောင်သင်္ဘောက ဆိုက်ရောက်လာခဲ့တယ်။
"အဆင့်မြင့်နတ်ဘုရားတွေအားလုံး စုဝေးပေးပါ"
စစ်သားစုဆောင်းသူအဆင့်မြင့်နတ်ဘုရားတစ်ယောက်က အဆင့်မြင့်နတ်ဘုရားတွေအားလုံးကို အရင်ခေါ်ထုတ်လ်ိုက်တယ်။
"ဂုဏ်ထူးဆောင်စစ်သားတွေ စုဝေးပေးပါ"
နောက်မှာတော့ ဂုဏ်ထူးဆောင်စစ်သားတွေရဲ့အလှည့်ပါပဲ။
နေတစ်ထောင်သင်္ဘောပေါ်မှာ ဂုဏ်ထူးဆောင်စစ်သားငါးယောက်ရှိတယ်။
ဂုဏ်ထူးဆောင်စစ်သားတွေက အတော်အသင့်ကောင်းတဲ့ခြံဝင်းတစ်ခုမှာ နေထိုင်ကြတယ်။
ဒီခြံဝင်းက ကြီးမားလွန်းတာကြောင့် လူရာကျော်ဆန့်တယ်။ လက်ရှိအချိန်မှာ အခန်းတွေရဲ့တစ်ဝက်က ပြည့်နေတယ်။
"ဒါက မင်းအတွက်သတ်မှတ်ထားတဲ့အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံပဲ"
သူတို့ငါးယောက်ကို ခေါ်ဆောင်လာတဲ့ အဆင့်မြင့်နတ်ဘုရားက နေရာလပ်လက်စွပ်မှ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းငါးစုံကို ယူထုတ်ပြီး သူတို့ထံ ပစ်ပေးလိုက်တယ်။
လီဖူချန်းက တစ်ချက်ကြည့်လိုက်တယ်။ ဒီအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံက အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံဖြစ်တယ်။
ဒီအထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံအပြင် လီဖူချန်းက သာလွန်အဆင့်၁အထွတ်အထိပ်အကြိုနတ်ဘုရားဓားတစ်လက်နဲ့အထွတ်အထိပ်အကြိုနတ်ဘုရားဆက်သွယ်ရေးတိုကင်တစ်ခုကို ရရှိခဲ့တယ်။
"ငါ မင်းတို့ကို နေတစ်ထောင်သင်္ဘောပေါ်မှာ ပြောခဲ့သလိုပဲ၊ အရှေ့နေဂိုဏ်းမှာ မင်းတို့တွေ တိုးတက်မှုမြန်ဆန်ချင်ရင် ရန်သူတွေကို ခပ်များများသတ်ဖို့ပဲ၊ ရန်သူတွေကို သတ်ပြီး အမှတ်တွေရနိုင်တယ်၊ အဆင့်နိမ့်စစ်သားတစ်ယောက်ကို သတ်ရင် တစ်မှတ်ရနိုင်တယ်၊ အလယ်ဆင့်စစ်သားတစ်ယောက်ကို သတ်ရင် နှစ်မှတ်ရနိုင်တယ်၊ အဆင့်မြင့်စစ်သားတစ်ယောက်ကို သတ်ရင် ငါးမှတ်ရနိုင်တယ်၊ ဂုဏ်ထူးဆောင်စစ်သားတစ်ယောက်ကို သတ်ရင် အမှတ်နှစ်ဆယ်ရနိုင်တယ်။ အမှတ်တွေကို နတ်ဘုရားအတတ်တွေ၊ နတ်ဘုရားဆေးတွေ၊ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအပါအဝင် အရင်းအမြစ်အမျိုးမျိုးနဲ့ ဖလှယ်နိုင်တယ်"
မထွက်သွားခင် ထိုအဆင့်မြင့်နတ်ဘုရားက လူတိုင်းကို ထပ်မံသတိပေးလိုက်တယ်။
"အရှေ့နေဂိုဏ်းရဲ့နတ်ဘုရားအတတ်တွေက မီးခိုးပင်လယ်တစ်ခုပမာ ကျယ်ပြောတယ်လို့ ငါ ကြားဖူးတယ်။ ဒါ မှန်လားမှားလားကိုတော့ ငါ မသိဘူး" လူငါးယောက်ထဲမှာ ခေါင်းပေါ်မှာ အဝါရောင်းက်ကွင်းတွေနဲ့လူရွယ်တစ်ယောက်က ပြောလိုက်တယ်။
လက်သုံးဖက်ပါတဲ့နောက်ထပ်လူရွယ်တစ်ယောက်က ပြောလိုက်တယ်"ဒါ မှန်ပါတယ်၊ တကယ်တော့ မင်းရဲ့နတ်ဘုရားအတတ်ကို ပေးအပ်ပြီးတော့လဲ အမှတ်တွေရနိုင်တယ်။ သာမန်အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ဆယ်မှတ်နဲ့ ဖလှယ်နိုင်လောက်တယ်။ မင်း စဉ်းစားကြည့်ကြည့်လေ၊ နှစ်ပေါင်းမရေမတွက်များစွာကြာ အရှေ့နေဂိုဏ်းမှာ လူဘယ်လောက်က သူတို့ရဲ့နတ်ဘုရုားအတတ်ကို ပေးအပ်ခဲ့ကြမလဲ"
"ဒါဟုတ်တယ်၊ အမှတ်ဆယ်မှတ်ကို ဘာနဲ့ ဖလှယ်နိုင်သလဲတော့ ငါ မသိဘူး"
"အဲဒါကို ဂုဏ်ထူးဆောင်စစ်သားတံဆိပ်မှာ ကြည့်လို့ရတယ်လေ"
"ဘာ။ ငါ သတိမပြုမိခဲ့ဘူးပဲ"
လူတိုင်းက ဂုဏ်ထူးဆောင်စစ်သားတံဆိပ်ထဲသို့ နတ်ဘုရားစွမ်းအားကို အမြန်ထည့်သွင်းလိုက်ကြတယ်။
ထင်ထားတဲ့အတိုင်းပဲ၊ ဂုဏ်ထူးဆောင်စစ်သားတံဆိပ်ထဲမှာ အမှတ်ဖလှယ်နိုင်တဲ့စာရင်းကို ကြည့်လို့ရတယ်။
အထဲမှာ အလယ်ဆင့်နတ်ဘုရားအတတ်ကို သာမန်အဆင့်၊ ပျမ်းမျှဆင့်၊ ထူးကဲအဆင့်၊ ပြီးပြည့်စုံခြင်းအဆင့်နဲ့အဆုံးစွန်းအဆင့်ဆိုပြီး ငါးဆင့်ခွဲခြားထားတယ်။
သာမန်အလယ်ဆင့်နတ်ဘုရားအတတ်တွေက အရမ်းဈေးပေါတယ်။ ၎င်းတို့ကို အမှတ်ငါးမှတ်နဲ့ပဲ ဖလှယ်နိုင်တယ်၊ ပျမ်းမျှအဆင့်အတွက် အမှတ်နှစ်ဆယ်၊ ထူးကဲအဆင့်အတွက် အမှတ်၁၀၀။ ပြီးပြည့်စုံခြင်းအဆင့်နဲ့အဆုံးစွန်းအဆင့်တို့အတွက်ကတော့ ဂုဏ်ထူးဆောင်စစ်သားတစ်ယောက်ရဲ့အာဏာလောက်နဲ့ ဖလှယ်ခွင့်မရှိပါဘူး။
"ဒါ နည်းနည်းများသွားပြီ"
"ဟုတ်ပါ့။ သာမန်အလယ်ဆင့်နတ်ဘုရားအတတ်က ငါးမှတ်ပဲ လိုတယ်၊ ဒါပေမယ့် ထူးကဲအလယ်ဆင့်နတ်ဘုရားအတတ်က အမှတ်တစ်ရာကြီးများတောင်။ ပြီးပြည့်စုံခြင်းအလယ်ဆင့်နတ်ဘုရားအတတ်နဲ့အဆုံးစွန်းအလယ်ဆင့်နတ်ဘုရားအတတ်တွေဆိုရင် အမှတ်ဘယ်လောက်တောင် လိုမလဲမသိ"
လူတိုင်းက အံ့အားသင့်သွားကြတယ်။
"ပြီးပြည့်စုံခြင်းနဲ့အဆုံးစွန်း....."
သူ့ရဲ့နတ်ဘုရားအတတ်တွေက ဘယ်အဆင့်ရှိသလဲကို လီဖူချန်းက မသိပါဘူး။ အဆုံးစွန်းအဆင့်လဲ ဖြစ်နိုင်တယ်၊ ပြီးပြည့်စုံခြင်းအဆင့်လဲ ဖြစ်နိုင်တယ်၊ သူက မသေချာပါဘူး။
နတ်ဘုရားအတတ်ကို လစ်လျူရှုလျက် လီဖူချန်းက နတ်ဘုရားဆေးတွေကို ကြည့်လိုက်တယ်။
ဂုဏ်ထူးဆောင်စစ်သားတွေက ကြယ်နှစ်လုံးနတ်ဘုရားဆေးတွေကို ဖလှယ်နိုင်တယ်၊ ဒါပေမယ့် ဂုဏ်ထူးဆောင်စစ်သားတွေဖလှယ်နိုင်တဲ့ကြယ်နှစ်လုံးနတ်ဘုရားဆေးတွေက ရှားပါးတယ်၊ ဂုဏ်ထူးဆောင်စစ်သားအဆင့်အောက်သူတွေက ဖလှယ်ခွင့်မရှိပါဘူး။
နောက်ဆုံးမှာ နတ်ဘုရားအသုံးအဆောင်ပစ္စည်းပေါ့။
ဂုဏ်ထူးဆောင်စစ်သားတွေက နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ဖလှယ်နိုင်တယ်၊ ဒါပေမယ့် နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အလွန်ဈေးကြီးတယ်။
အရှေ့နေဂိုဏ်းရဲ့ခွဲခြားချက်အရ အဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကိုလဲ အဆင့်ငါးဆင့်ခွဲခြားထားတယ်၊ သာမန်၊ ပျမ်းမျှ၊ ထူးကဲ၊ ပြီးပြည့်စုံခြင်းနဲ့ အဆုံးစွန်း။
ဂုဏ်ထူးဆောင်စစ်သားတွေက သာမန်နဲ့ပျမ်းမျှနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကိုပဲ ဖလှယ်န်ိုင်တယ်။
သာမန်အဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့တန်ဖိုးက အမှတ်နှစ်ရာကျော်တယ်၊ ပျမ်းမျှအဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့တန်ဖိုးက အမှတ်ငါးရာကျော်တယ်။
"ငါ မီးတာအိုနတ်ဘုရားအတတ်အတတ်အချို့ကို ဖန်တီးနိုင်တယ်"
လီဖူချန်းက ဓားတာအိုနတ်ဘုရားအတတ်၊ ဖျက်ဆီးခြင်းနတ်ဘုရားအတတ်၊ နေရာလပ်အချိန်နတ်ဘုရားအတတ်တွေကို အမှတ်တွေနဲ့ ဖလှယ်ဖို့အတွက် လုံးဝအသုံးမပြုပါဘူး၊ ဒါကြောင့် သူက သူတို့ကို မီးတာအိုနတ်ဘုရားအတတ်နဲ့ပဲ ဖလှယ်နိုင်တာပေါ့။
လက်ရှိမှာ လီဖူချန်းမှာ အလယ်ဆင့်မီးတာအိုနတ်ဘုရားအတတ်တစ်ခုပဲ ရှိတယ်။
ဒါပေမယ့် သူက ထပ်ပြီးတော့ ဖန်တီးနိုင်ပါတယ်။
ဘယ်လိုပဲပြောပြော၊ သူ့အတွက်တော့ အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးဖို့ဆိုတာ မခက်ခဲပါဘူး။
"ပြီးပြည့်စုံခြင်းနတ်ဘုရားအတတ်တစ်ခုကို တကယ်ဖန်တီးခဲ့တာပဲ"
နံပါတ်၇စစ်စခန်းတပ်ရင်းရဲ့အကြီးအကဲတစ်ယောက်က အံ့အားသင့်သွားတယ်။
အရှေ့နေဂိုဏ်းမှာတောင် အဆင့်မြင့်နတ်ဘုရားအတတ်တွေအများကြီးမရှိဘူး။ အဆင့်မြင့်နတ်ဘုရားအများစုကတောင် အလယ်ဆင့်နတ်ဘုရားအတတ်တွေကိုပဲ အသုံးပြုကြတယ်။
ဒါကြောင့် အလယ်ဆင့်နတ်ဘုရားအတတ်က ပိုအားကောင်းလေ တန်ဖိုးက ပိုမြင့်မားလေပေါ့၊ အကြောင်းကတော့ သူတို့ကို အဆင့်မြင့်နတ်ဘုရားတွေက အသုံးပြုကြလို့လေ။
"စည်းမျဉ်းအရ မင်းက ပြီးပြည့်စုံခြင်းအလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ပေးအပ်ရင် အမှတ်နှစ်ထောင်ရနိုင်တယ်" အမှတ်နှစ်ထောင်က သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ပါဘူး။
"အမှတ်နှစ်ထောင်လား"
လီဖူချန်းက အလွန်ကျေနပ်သွားတယ်။
အမှတ်နှစ်ထောင်ကို အဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းသုံးခုလေးခုလောက်နဲ့ ဖလှယ်လို့ရတယ်။
"ငါ နေအက်ကွဲဓားနဲ့နေအက်ကွဲချပ်ဝတ်တို့ကို ဖလှယ်မယ်"
အရှေ့နေဂိုဏ်းမှာ စံအဆင့်နိမ့်နတ်ဘုရားဓားနှစ်မျိုးပဲရှိတယ်။ တစ်ခုက ပုယန်ဓားဖြစ်ပြီး အခြားတစ်ခုက နေအက်ကွဲဓားဖြစ်တယ်။ ပုယန်ဓားက သာမန်အဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး နေအက်ကွဲဓားက ပျမ်းမျှအဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ကာ အမှတ်၆၀၀ကျတယ်။
ချပ်ဝတ်မှာလဲအဖြူရောင်နေချပ်ဝတ်နဲ့အက်ကွဲနေချပ်ဝတ်ဆိုပြီး နှစ်မျိုးရှိတယ်။ အက်ကွဲနေချပ်ဝတ်က အမှတ်၁၂၀၀ထိုက်တန်ပြီး အက်ကွဲနေဓားတန်ဖိုးရဲ့နှစ်ဆရှိတယ်။
"ကောင်းပြီ"
တစ်ဖက်လူက လီဖူချန်းထံ ဓားတစ်လက်နဲ့ချပ်ဝတ်တစ်ခုကို ကမ်းပေးလိုက်တယ်၊ ပြီးနောက် လီဖူချန်းရဲ့ဂုဏ်ထူးဆောင်တံဆိပ်အပေါ်မှာ အမှတ်နှစ်ထောင်ကို အမှတ်အသားပြုခဲ့တယ်။
"ဒါ အဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလား"
နေရာလွတ်တစ်ခုကို ရှာဖွေပြီးနောက် လီဖူချန်းက နေအက်ကွဲဓားကို ဆွဲထုတ်လိုက်တယ်။
ချွမ်း.......
မီးလျှံဓားစွမ်းအင်က နေလုံးကြီးပမာ မြင့်တက်လာပြီး သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်က ဆုတ်ဖြဲခံရမယ့်လက္ခဏာတွေရှိလာသလို ခံစားရတယ်။
"ဒီလောက်ဆိုလုံလောက်တယ်"
လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
အက်ကွဲနေဓားပေါ်ရှိဓားအင်းကွက်တွေက ဆန်းကြယ်လွန်းတယ်။ သူ့ရဲ့ဓားတာအိုစွမ်းအားကို ဓားအင်းကွက် ပြောင်းလဲပေးခဲ့တယ်၊ ဖွဲ့စည်းပုံက ပိုသဘာဝကျလာပြီး သိပ်သည်းမှုက အဆများစွာပိုတိုးလာတယ်။ အဲဒါက အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ဖော်ထုတ်တာနဲ့ နှိုင်းယှဉ်နိုင်တယ်။
……
"သတ်"
အမှတ်၇စစ်စခန်းသို့ရောက်ရှိပြီးတတိယမြောက်နေ့မှာ လီဖူချန်းနဲ့အခြားသူတွေက နတ်ဘုရားစစ်မြေပြင်သို့ သွားခဲ့တယ်။
သူတို့ကို တပ်မှူးတစ်ယောက်က ဦးဆောင်ခဲ့တယ်။
ကျယ်ပြောတဲ့ကန္တရမှာ နှစ်ဖက်လုံးမှစစ်သည်တွေ၊မြင်းတွေက တိုက်ခိုက်နေကြတယ်၊ ဖရိုဖရဲစွမ်းအင်က နေရာတိုင်းမှာ ထွက်ပေါ်နေတယ်၊ အရှေ့နေဂိုဏ်းဒါမှမဟုတ်ငှက်မွေးတစ်ထောင်တိုင်းပြည်မှစစ်သားတွေက မကြာခဏလဲကျသေဆုံးနေတယ်။
"ဒါ ဂုဏ်ထူးဆောင်စစ်သားတစ်ယောက်ပဲ"
အရေအတွက်အရ ငှက်မွေးတစ်ထောင်တိုင်းပြည်က လုံးဝအသာစီးရထားပြီး ငှက်မွေးတစ်ထောင်တိုင်းပြည်စစ်သားငါးယောက်က လီဖူချန်းကို ဝိုင်းလိုက်တယ်။
"သေစမ်း"
လီဖူချန်းက ဓားထုတ်လိုက်တယ်၊ ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့စစ်သားငါးယောက်က လဲကျသွားတယ်။ အလင်းစက်နှစ်ဆယ်ကျော်က သူတို့ရဲ့စစ်သားတံဆိပ်ပြားတွေမှ ထွက်လာပြီး လီဖူချန်းရဲ့ဂုဏ်ထူးဆောင်စစ်သားတံဆိပ်ပြားထဲသို့ ဝင်ရောက်ခဲ့တယ်။
"အမှတ်ငါးဆယ်တောင် ထိုက်တန်တာပဲ၊ မဆိုးဘူး၊ မဆိုးဘူး"
ဒီအလင်းစက်တစ်ခုစီက အမှတ်တစ်မှတ်ဖြစ်တယ်။
စစ်မြေပြင်မှာ အနေအထားက လျင်မြန်စွာ ပြောင်းလဲနေတယ်။ လူတစ်ထောင်ကျော်ပါတဲ့လီဖူချန်းတို့အဖွဲ့က တစ်ပတ်ကြာပြီးနောက် တပ်ပျက်သွားတယ်။ ထို့နောက် လီဖူချန်းက အလယ်ဆင့်တပ်မှူးတစ်ယောက်ဦးဆောင်တဲ့လူတစ်သောင်းပါအဖွဲ့နဲ့ ပူးပေါင်းလိုက်တယ်။
တစ်လကြာပြီးနောက် လူတစ်သောင်းပါအဖွဲ့လဲ ပျက်ဆီးသွားပြီး လီဖူချန်းက နောက်ထပ်လူတစ်သောင်းပါအဖွဲ့နဲ့ ပေါင်းစည်းလိုက်ပြန်တယ်။ အဖွဲ့ခေါင်းဆောင်ကလဲ အလယ်ဆင့်တပ်မှူးတစ်ယောက်ပါပဲ။
နှစ်ဝက်ကြာပြီးနောက် လီဖူချန်းက အဖွဲ့ရှစ်ဖွဲ့လောက်ထိ ပူးပေါင်းခဲ့ရတယ်။ သူက ရန်သူရှစ်ရာလောက်ကို သတ်ဖြတ်ခဲ့ပြီး အမှတ်နှစ်ထောင်နီးပါးရရှိခဲ့တယ်။
"သေဆုံးနှုန်းက မြင့်မားလွန်းတယ်၊ အလယ်ဆင့်နတ်ဘုရားတွေက အသေခံစစ်သားတွေပါပဲ"
နှစ်ဝက်ကြာပြီးနောက် သူနဲ့အတူပါလာတဲ့လူထောင်ကျော်ထဲက ဘယ်လောက်များ အသက်ရှင်ကျန်နေမှာလဲ။ ဒါကို စဉ်းစားလိုက်ရင် အသက်ရှင်ကျန်တဲ့လူတွေရဲ့အရေအတွက်က သုံးဆယ်ရာခိုင်နှုန်းကို မကျော်ပါဘူး၊ ဒီထက်တောင် နိမ့်နိုင်တယ်။
အဖွဲ့က ထပ်ပျက်သွားတာကြောင့် လီဖူချန်းက စတင်ထွက်ပြေးခဲ့တယ်။
မထွက်ပြေးလို့မရဘူး။ ရန်သူတွေရဲ့အရေအတွက်က သူတို့ထက် ဆယ်ဆပိုတယ်လေ။
"မင်း လွတ်မြောက်မယ် ထင်နေတာလား"
ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့စစ်မှူးတစ်ယောက်က လီဖူချန်းကို စိုက်ကြည့်လိုက်တယ်။
လီဖူချန်းက ပြန်လှည့်ကြည့်ပြီးနောက် အရှိန်ကို ထပ်တင်လိုက်တယ်။
"ငါပြောခဲ့သလိုပဲ၊ မင်း မလွတ်မြောက်နိုင်ပါဘူး"
ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့ဒီစစ်မှူးက အလွန်ယုံကြည်ချက်အပြည့်ဖြစ်နေတယ်။
ရန်သူက သူ့ကို လိုက်မီတော့မှာကို မြင်ပြီး လီဖူချန်းက ရုတ်တရက် ပြန်လှည့်ကာ တိုက်ခိုက်လိုက်တယ်။
"စိတ်ကြီးဝင်နေတာပဲ"
အနှီလူက လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်တယ်၊ လက်ဝါးအမှတ်အသားက တောင်တန်းတစ်ခုပမာ နေရာလပ်အချိန်ကို ပိတ်ဆို့လိုက်တယ်။
ဖူး.......
လီဖူချန်းက နှာခေါင်းရှုံ့လိုက်ပြီး ဓားချီတစ်ခုက ဓားချီတစ်သောင်းအဖြစ်သို့ ပြောင်းလဲကာ အနှီလူရဲ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်သွားတယ်။
"မဖြစ်နိုင်ဘူး"
နတ်ဘုရားစွမ်းအားတစ်ဝက်နီးပါးက ပျက်သုန်းသွားပြီး ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့စစ်မှူးက မှင်တက်သွားတယ်။
လီဖူချန်းရဲ့စိတ်ဝိညာဉ်က အနီရောင်ဖျော့ဖျော့မှ အနီရောင်သို့ ပြောင်းလဲထားတယ်၊ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ၂၈ရာခိုင်နှုန်းမှ၃၈ရာခိုင်နှုန်းအထိ တိုးလာပြီး အသစ်ဖြစ်လာတဲ့အဆင့်မြင့်နတ်ဘုရားကျော်ကို ကျော်လွန်နေတာကို သူက ဘယ်လိုလုပ်သိမှာလဲ။ အက်ကွဲနေဓားကိုပါထပ်ပေါင်းရင် သူက အလယ်ဆင့်စစ်မှူးထက် မနိမ့်ကျဘူးလို့ လီဖူချန်း ထင်တယ်။ သူရင်ဆိုင်နေရတဲ့လူက ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့အဆင့်နိမ့်စစ်မှူးတစ်ယောက်သာဖြစ်တယ်။
ဝှစ်.......
ဒုတိယမြောက်ဓားက ဖြတ်သွားပြီး ရန်သူက အပြီးတိုင်ပျောက်ကွယ်သွားတယ်။
"အမှတ်နှစ်ရာတော့ လက်ထဲကို ရောက်လာပြီးပေါ့"
အလင်းစက်အမြောက်အများက ရန်သူရဲ့စစ်မှူးတံဆိပ်မှ ထွက်လာပြီး လီဖူချန်းရဲ့ဂုဏ်ထူးဆောင်တံဆိပ်ထဲသို့ ဝင်ရောက်ခဲ့တယ်။
အဆင့်နိမ့်စစ်မှူးတစ်ယောက်ကို သတ်ရင် အမှတ်နှစ်ရာရတယ်၊ အလယ်ဆင့်စစ်မှူးတစ်ယောက်ကို သတ်ရင် အမှတ်ငါးရာရတယ်၊ အဆင့်မြင့်စစ်မှူးတစ်ယောက်ကို သတ်ရင် အမှတ်ထောင့်ငါးရာရတယ်။အဆင့်နိမ့်တပ်မှူးတစ်ယောက်ကို သတ်ရင် အမှတ်ငါးထောင်ရတယ်၊ အလယ်ဆင့်တပ်မှူးတစ်ယောက်ကို သတ်ရင် အမှတ်နှစ်သောင်းရတယ်၊ အဆင့်မြင့်တပ်မှူးတစ်ယောက်ကို သတ်ရင် အမှတ်တစ်သိန်းရရှိပါလိမ့်မယ်။