မုန့်စန်းတောင်
Vol. 6 Ch. 547
အားလျန်သည် ဆန်းလျန်၏ သစ္စာရှိ နောက်လိုက် တစ်ယောက် ဖြစ်လာခဲ့လေသည်။ သူမသည် ဆန်းလျန်ခိုင်းသည့် မည်သည့်အလုပ်ကိုမဆို တစ်ချက်ပင် တုံ့ဆိုင်းခြင်း မရှိဘဲ လုပ်ဆောင်ပေးလေ့ ရှိသည်။
အားလျန် ထိုသို့ဖြစ်လာစေရန်မှာ ဆန်းလျန်၏ ကနဦး ရည်ရွယ်ချက် မဟုတ်ပေ။ သို့တိုင်အောင် အားလျန်ကတော့ လူများအားလုံး ဆန်းလျန်ကို ကိုးကွယ်ကြစေရန် ကြိုးစား လုပ်ဆောင်ခဲ့လေသည်။ သူမသည် ဆန်းလျန်ကို သူမ၏ တစ်ခုတည်းသော ကိုးကွယ်ရာ အဖြစ် ဦးထိပ် ထားခဲ့သည်။
ချင်းရွှမ်ဂူပတ်ဝန်းကျင်တွင် အခိုးအငွေ့များ ဝန်းရံ နေကြလေသည်။
ထိုအခိုးအငွေ့များသည် လူအများ၏ ဆုတောင်းသံများကြောင့် ဖြစ်ပေါ်လာသည့် တန်ခိုး စွမ်းအားများ ဖြစ်လေသည်။ သို့သော် ဆန်းလျန်က သူတို့၏ ဆုတောင်းသံများကို ပြန်လည် ဖြေကြားခြင်း မရှိသည့်အတွက် တန်ခိုးစွမ်းအားများက ပိုမိုများပြားလာခြင်း မရှိပေ။ သို့သော် လူတို့၏ ဆုတောင်းခြင်းမှ ဖြစ်ပေါ်လာသည့် တန်ခိုးစွမ်းအားများသည် အလွန်မှ သန့်ရှင်းလေသည်။
လူအများ၏ ဆုတောင်းခြင်းမှ ဖြစ်ပေါ်လာသည့် တန်ခိုးစွမ်းအားသည် မိုးမြေ စွမ်းအားများနှင့် မတူဘဲ ကွဲပြားခြားနား လေသည်။
ဆုတောင်းခြင်း တန်ခိုးစွမ်းအားများကို တာအို တန်ခိုးစွမ်းအားများ၊ နတ်ဘုရား စွမ်းအားများ တိုးတက်စေရန် အတွက် အသုံးပြုနိုင်လေသည်။ ထိုတန်ခိုး စွမ်းအားများသည် သတ်မှတ်ထားသည့် အဆင့်တစ်ခုသို့ ပြည့်မီ သွားသည့်အခါ ကျင့်စဉ်လမ်းတွင် အဆင့်တစ်ဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်လေသည်။
ဆန်းလျန်၏ ခန့်မှန်းချက်အရဆိုလျှင် လူတစ်ယောက်သည် ရှန်ဝါဒဖြင့် နတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုများ၏ ထက်ဝက်ခန့်၏ ဆုတောင်းခြင်း တန်ခိုးစွမ်းအားများ လိုအပ်လေသည်။
တုန်းယီဒေသနှင့် အရှေ့တိုင်း စစ်သည်တော်များ နေထိုင်ရာဒေသသည် အလွန်ကြီးမား ကျယ်ပြန့် လေသည်။ တာ့ရှားပြည်နယ် မြေအကျယ်အဝန်းထက် မကြီးမားလျှင်တောင် လျော့မည်တော့ မဟုတ်ပေ။ ထို့ပြင် လူနေလည်း ထူထပ်လေသည်။ ထိုလူများထံမှ ကိုးကွယ် ဆည်းကပ်မှုကို ရရှိရန်မှာ လွယ်သည့် ကိစ္စတော့မဟုတ်ပေ။ ထို့ကြောင့် ရှန်ဝါဒဖြင့် နတ်ဘုရားတစ်ပါး ဖြစ်သည်အထိ ကျင့်ကြံရန်မှာ အလွန်မှ ခက်ခဲလေသည်။ ရှန်ဝါဒလမ်းစဉ်သို့ လိုက်သည့် ကျောက်ရှောင်ယွီသည် မည်မျှခက်ခဲစွာ ကျင့်ကြံခဲ့ရသည်ကို ဆန်းလျန် နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဆုတောင်းခြင်း တန်ခိုးစွမ်းအားများသည် မည်မျှပင် သန့်စင်ပါစေ ဆန်းလျန်၏ သန့်ရှင်းသော ဝိညာဉ်စွမ်းအား များနှင့် ဝိရောဓိဖြစ်နေဆဲပင်။ အိပ်မက် လိပ်ပြာကျင့်စဉ်နှင့် ပကတိဖန်ဆင်းခြင်း ပညာ၏ ရှုပ်ထွေးမှုများကြောင့် ဆုတောင်းခြင်း စွမ်းအား များက သန့်စင်သော်လည်း ဆန်းလျန်အနေဖြင့် သိပ်ပြီးအသုံးပြု၍ မဖြစ်နိုင်ပေ။
သို့သော် ဆန်းလျန်သည် ရှုပ်ထွေးသော အရာများကို လေ့လာရသည်ကို သဘောကျ လေသည်။ သူက ကျင့်စဉ် လမ်းတွင် သတ်မှတ်ထားသည့် နယ်နိမိတ်များကို ကျော်လွန်သွားရန် အတွက် အမြဲတမ်း စမ်းသပ်မှုများကို ပြုလုပ်ချင်နေသူ ဖြစ်လေသည်။
ဆန်းလျန်ထိုသို့ အေးအေးဆေးဆေး ကျင့်ကြံနေချိန်တွင်….
နှင်းများ ဖုံးလွှမ်းနေသည့် မုန့်စန်း တောင်ထိပ်တွင်တော့ သတ်ဖြတ်လိုသည့် အငွေ့အသက် များဖြင့် ပြည့်နှက်နေလေသည်။
အရှေ့တိုင်း စစ်သည်တော်များနှင့် တုန်းယီ မဟာမိတ်အဖွဲ့များ စခန်းချရာ တဲများအတွင်းတွင် လောကနတ်ဘုရား အဆင့်ထက်မနိမ့်သူ ဆယ်ဦးထက်မနည်း ရှိနေခဲ့လေသည်။ ထိုသူများ၏ တန်ခိုးစွမ်းအားများ ပေါင်းစပ်လိုက်ပါက မြစ်နှင့် ပင်လယ်များကိုပင် မှောက်လှန်နိုင်မည် ဖြစ်လေသည်။ သို့သော် တာ့ရှားဧကရာဇ်ကိုတော့ ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
ကျယ်ဝန်းသော တဲနန်းကြီး တစ်ခုတွင် အစည်းအဝေးပွဲ တစ်ခု ပြုလုပ်နေလေသည်။
တဲနန်းထိပ်ဆုံးတွင် လူနှစ်ယောက် ထိုင်နေလေ၏။
တစ်ယောက်မှာ ယွမ်ယန်ဖြစ်ပြီး နောက်တစ်ယောက်မှာ အဖြူရောင် ဆံနွယ်များဖြင့် မာနကြီးဟန်ရှိသည့် လူတစ်ယောက် ဖြစ်လေသည်။ ထိုသူမှာ ယွမ်ယန်မှ ဖိတ်ကြား အကူအညီ တောင်းထားသည့် နတ်မိစ္ဆာမဟာ တန်ခိုးရှင်ပင် ဖြစ်လေသည်။
နတ်မိစ္ဆာ မဟာတန်ခိုးရှင်မှာ ယွမ်ယန်နှင့် သွေးသောက် ညီအစ်ကိုများ ဖြစ်ကြလေသည်။ ထို့ကြောင့် တုန်းယီ အကြီးအကဲများနှင့် အရှေ့တိုင်း စစ်သည်တော် အကြီးအကဲများက သူ့ကို လေးစား ကြလေသည်။
ထိုနတ်မိစ္ဆာ မဟာတန်ခိုးရှင်ကြောင့် တာ့ရှားဧကရာဇ်က မုန့်စန်းတောင်ကို ချက်ချင်း ဝင်ရောက် တိုက်ခိုက်ရဲခြင်း မရှိ သေးဘဲ စောင့်စိုင်းနေခြင်း ဖြစ်လေသည်။
တာ့ရှားတပ်မတော်နှင့် အရှေ့တိုင်း စစ်သည်တော် မဟာမိတ်တပ်များ စခန်းချရာ မုန့်စန်းတောင်၏ ကြားထဲတွင် ဆယ်မိုင်ခန့်ကျယ်ပြန့်ပြီး အလွန်နက်ရှိုင်းသည့် မြစ်တစ်စင်း ခြားနေလေသည်။
ယွမ်ယန်သည် ပထမအကြိမ် တာ့ရှားဧကရာဇ်နှင့် ရင်ဆိုင်တိုက်ခိုက်ပြီး အကြီးအကျယ် ထိခိုက်ခဲ့ရလေသည်။ ဇာမဏီငှက် မွေးဖွားရာ ကောင်းကင် မီးတောက်ကြောင့်သာ မဟုတ်လျှင် သူသည် အသစ်တစ်ဖန် ပြန်လည် ဖြစ်တည်လာနိုင်မည် မဟုတ်ပေ။ သို့သော် ယွမ်ယန်သည် တစ်ချက်မှ ကြောက်ရွံ့ တုန်လှုပ်ခြင်း မဖြစ်မိပေ။ သူက မျိုးနွယ်စုပေါင်း များစွာဖြင့် မဟာမိတ်ဖွဲ့ကာ ဘုရင်တစ်ပါးကဲ့သို့ စစ်ရေးကိစ္စ အ၀၀ကို စီမံခန့်ခွဲလျှက် ရှိလေသည်။
အစည်းအဝေးတွင် ထိုင်နေကြသည့် သူရဲကောင်းများ အားလုံးထဲတွင် ယွမ်ယန်ကို အနိုင်ရအောင် တိုက်ခိုက်နိုင်မည့်သူ တစ်ဦးတစ်ယောက်ပင် မရှိပေ။
ယွမ်ယန်က အစည်းအဝေးတွင် ရှိနေကြသည့် လူများအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး စကားစပြောလိုက် သည်။
" မင်းဆိုးမင်းညစ်ဟာ စစ်အင်အား အလုံးအရင်းနဲ့ စစ်ချီလာနေပြီဆိုတာ အားလုံးပဲ သိကြမှာပါ၊ သူ့ကိုနှိမ်နင်းနိုင်ဖို့ ဆိုတာ ခက်ခဲလွန်းတယ်၊ ဒါပေမဲ့ သူ့ရဲ့ စစ်တပ်ဟာ ခရီးရှည်ကိုလည်း နှင်ခဲ့ရသလို တိုက်ပွဲတွေ အများကြီးကို လည်းတိုက်ခိုက်ခဲ့ရတဲ့အတွက် စစ်ပန်းနေပြီ၊ ဒီတော့ တာ့ရှား စစ်သည်တော်တွေဟာလည်း ပင်ပန်းပြီး တဖြည်းဖြည်း စိတ်ဓာတ်ကျလာမှာပဲ၊ အဲဒီအချိန်မှာ ကျုပ်တို့ဘက်က သူတို့ကို ပိတ်ဆို့ တိုက်ခိုက်မယ်၊ ကျေးဇူးပြုပြီး စစ်ပွဲအပေါ်မှာ သံသယမရှိကြပါနဲ့၊ ဒီလိုအခွင့်အရေးမျိုးဟာ တစ်သက်မှာတစ်ခါ ရခဲလှတဲ့အခွင့်အရေးမျိုးပါ”
ယွမ်ယန်က စကားကို အေးဆေး တည်ငြိမ်စွာပင် ပြောလိုက်လေသည်။
ထိုအချိန် လူတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
“ဒါပေမယ့် တာ့ရှားဧကရာဇ်မှာ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်၊ သူ့ကိုသတ်ဖို့ အရမ်း ခက်ခဲလိမ့်မယ်၊ သူ့ရဲ့ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်ကို မသတ်ဖြတ်နိုင်ဘူးဆိုရင် သောင်းနဲ့ချီတဲ့ တာ့ရှား စစ်တပ်နဲ့ လေ့ဟုန်ကို သတ်နိုင်ရင်တောင်မှ စစ်ပွဲအောင်မြင်တယ်လို့ ခေါ်မှာမဟုတ်ဘူး၊ သခင်လေးမှာ တခြား ဘာစစ်ရေး ဗျူဟာတွေများ ရေးဆွဲထားတာ ရှိသေးလဲ”
ယွမ်ယန်က ထိုလူကို စိုက်ကြည့် လိုက်လေသည်။ ထိုသူသည် ဖုန်းဟိုမျိုးနွယ်စုမှ လူတစ်ယောက် ဖြစ်ပြီး သူ၏အမည်မှာ “ဖုန်း” ဖြစ်လေသည်။ ထိုသူသည် ပြိုင်ဘက်ကင်း လေးသည်တော် တစ်ယောက်ဖြစ်ပြီး မိုင်ပေါင်း တစ်ထောင် အကွာအဝေးမှပင် ရန်သူကို လုပ်ကြံ သတ်ဖြတ်နိုင်စွမ်း ရှိလေသည်။ တုန်းယီဒေသတွင် ကြောက်စရာ အကောင်းဆုံး စစ်သည်တော် တစ်ယောက်အဖြစ် ကျော်ကြားသူ ဖြစ်လေသည်။ သို့သော် ယွမ်ယန်သည် ထိုသူကို သံသယဝင်စရာ လူတစ်ယောက်အဖြစ် သတ်မှတ် ထားလေသည်။
ထိုသူသည် သူ၏ လေးနှင့်မြား ကျွမ်းကျင်မှုကို အလွန်ဂုဏ်ယူသူဖြစ်ပြီး မည်သူ့ကိုမှလည်း အထင်မကြီးတတ်ပေ။ တုန်းယီဒေသမှ မျိုးနွယ်စုများ အားလုံးက ယွမ်ယန်ကို သခင်လေးဟု သတ်မှတ်ခဲ့ကြသည့် အတွက်သာ သူကလည်း မကောင်းတတ်၍ သခင်လေးဟု လိုက်ခေါ်နေရခြင်း ဖြစ်လေသည်။
ထိုအချိန်မှာပင်….
ယွမ်ယန်၏ ဘေးတွင် ထိုင်နေသည့် နတ်မိစ္ဆာ မဟာတန်ခိုးရှင်က ရုတ်တရက် စကား ဝင်ပြောလိုက်သည်။ သူ့အသံသည် မိုးခြိမ်းသံအလား ကျယ်လောင် လွန်းလှသည်။
“ကျုပ်ရဲ့ညီတော်က စစ်ရေးဗျူဟာတွေ ဆွဲပြီးသားပါ၊ ဒါပေမယ့် ဒီလိုအရေးကြီးတဲ့ ဗျူဟာတွေကို ခုလိုလူအများ ရှေ့မှာ မဆင်မခြင် ထုတ်ပြောနေလို့ ဘယ်ဖြစ်မှာလဲ၊ တာ့ရှားတပ်မတော်က အင်အားကြီးမားပြီး အရည်အချင်းနဲ့ ပြည့်ဝတယ်၊ ကျုပ်တို့က မဆင်မခြင် ပြောလိုက်မယ်ဆိုရင် သူတို့ဆီကို ပေါက်ကြား သွားနိုင်တယ်၊ ပြီးခဲ့တဲ့ တစ်ခေါက်က သူတို့ကို ခြုံခိုတိုက်ခိုက်မယ့် လျှို့ဝှက်ဗျူဟာ ပေါက်ကြားသွားလို့ အကုန်သေကြတော့မလို ဖြစ်တာ မမှတ်မိဘူးလား၊ ကျုပ်သာ အချိန်မီ မကယ်နိုင်ခဲ့ရင် မင်းတို့အားလုံး ဒီနေရာမှာ အခုလို ထိုင်နေနိုင်မှာတောင် မဟုတ်ဘူး”
စကားပြော နေစဉ်တွင် နတ်မိစ္ဆာမဟာတန်ခိုးရှင်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲလု နီးပါးဖြစ်နေပြီး မျက်ဝန်းများကလည်း လျှပ်စီးများ လက်သည့်အလား တောက်ပနေလေသည်။ ဖုန်းမှာ ကျောရိုးထဲပင် စိမ့်သွားမတတ် ခံစားလိုက်ရလေ သည်။
ဖုန်းသည် ယွမ်ယန်ကို အထင်မကြီးသည့်တိုင် ထိုနတ်မိစ္ဆာ မဟာတန်ခိုးရှင်ကိုတော့ အလွန် အထင်ကြီးလေသည်။
ယွမ်ယန်သည် ထိုနတ်မိစ္ဆာ မဟာတန်ခိုးရှင်ကို မည်သည့်နေရာက ခေါ်ဆောင် လာသည်ကို မည်သူမှ မသိကြပါ။ သို့သော် ထိုနတ်မိစ္ဆာ မဟာတန်ခိုးရှင်သည် တာ့ရှားဧကရာဇ်ကို နေ့ဝက်မျှ မနားတမ်း တိုက်ခိုက်ကာ ကောင်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့သည် ကတော့ မျက်မြင် ကိုယ်တွေ့ပင် ဖြစ်လေသည်။
ထိုနတ်မိစ္ဆာ မဟာတန်ခိုးရှင်၏ စွမ်းအားသည် အရှေ့တိုင်း စစ်သည်တော်များနှင့် တုန်းယီဒေသ မဟာမိတ်တပ်များ အားလုံးပေါင်း၏ တစ်ဝက်နှင့် ညီမျှလေသည်။ ထို့ပြင် ထိုနတ်မိစ္ဆာ ဘုရင်သည် ယွမ်ယန်ကိုလည်း အလွန်ဂရုတစိုက် ရှိလှပြီး သစ္စာလည်း အလွန် စောင့်သိလေသည်။
ဖုန်းသည် ယွမ်ယန်ကို အထင်မကြီးခြင်းက နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ထိခိုက် စေလေသည်။ အမှန်တော့ ယွမ်ယန်၏ ရည်ရွယ်ချက်မှာ တုန်းယီ ဒေသမျိုးနွယ်စုများနှင့် အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုများကို စုစည်းကာ ယင်းစန်းနှင့် တာ့ရှားပြည်ကို ယှဉ်ပြိုင်နိုင်သည့် တိုင်းပြည်တစ်ခု တည်ထောင်ရန် ဖြစ်လေသည်။
ထိုအချက်မှာ အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုများ အာလုံး၏ ဆန္ဒလည်း ဖြစ်လေသည်။ သို့သော် ဖုန်းကတော့ မည်သူ့အမိန့်မှ မနာခံဘဲ တစ်ကိုယ်တည်း လျှောက်လှမ်းချင်သူ ဖြစ်လေသည်။ ထို့ပြင် သူက သူ၏မျိုးနွယ် ဖြစ်သည့် ဖုန်းဟိုမျိုးနွယ်ကို တုန်းယီဒေသတွင် အင်အား အကြီးဆုံး မျိုးနွယ်ဖြစ်လာအောင် တည်ဆောက်ပြီး တိုင်းပြည် တစ်ပြည် တည်ထောင်လိုသည့် ဆန္ဒကလည်း ရှိနေခဲ့သည်။
ယခုတစ်ခေါက် သူက ယွမ်ယန်နှင့် ပူးပေါင်းရခြင်းမှာလည်း တာ့ရှားဧကရာဇ်ကို သတ်ဖြတ်သည့် နေရာတွင် ပါဝင်ပြီး ဂုဏ်အသရေ တက်ချင်သောကြောင့် ဖြစ်လေသည်။ သူက ယွမ်ယန်၏ဘေးတွင် အရည်အချင်း မြင့်မားသည့် နတ်မိစ္ဆာ မဟာတန်ခိုးရှင် တစ်ပါးက ကူညီနေလိမ့်မည်ဟု တွေးထားခဲ့မိခြင်း မရှိပေ။
ယခုတော့ နတ်မိစ္ဆာ အဟာတန်ခိုးရှင်းက ယွမ်ယန်ဘက်မှ ကာကွယ် ပြောဆိုလိုက်သည့် အတွက် ဖုန်းသည် လေသံအနည်းငယ် လျှော့သွားလေသည်။
"သခင်လေးမှာ အကြံအစည် ရှိပြီးသားဆိုမှတော့ ကျုပ်ဒီမှာ ရှိနေလို့လည်း ဘာအသုံး ဝင်တော့မှာလဲ”
ပြောပြီးသည်နှင့် ဖုန်းသည် တဲနန်းအတွင်းမှ ထွက်ခွာ သွားလေတော့သည်။
နတ်မိစ္ဆာ မဟာတန်ခိုးရှင်က…
"အစကတည်းက ကျုပ် သူ့ကို သဘောမကျဘူး၊ သူသာ ဆက်ရှိနေမယ် ဆိုရင်လည်း ကျုပ် သူ့ကို အရေခွံစုတ်ပစ်မိ မှာပဲ"
ယွမ်ယန်က တဲနန်းအတွင်းတွင် ကျန်ရှိ နေသူများကို မျက်နှာချင်းဆိုင်လိုက်ပြီး…
“ဒီမှာရှိတဲ့လူတိုင်း ကျုပ်ရဲ့နောင်တော်က ဒေါသထွက်နေလို့ ပြောတယ်ဆိုတာ သိကြမှာပါ၊ စိတ်ထဲ မထားကြပါနဲ့၊ ကျုပ်ကိုယ်တိုင် ဖုန်းဆီကို စာတစ်စောင်ပို့ပြီး တောင်းပန် လိုက်ပါ့မယ်၊ ပြီးတော့ တာ့ရှား ဧကရာဇ်က မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အတွက်လည်း စိတ်မပူကြပါနဲ့၊ ကျုပ်တို့က စစ်ရေးဗျူဟာတွေ ရေးဆွဲပြီးသားမို့လို့ အချိန်တန်တာနဲ့ ကျုပ်တို့ သာလျှင် စစ်ပွဲမှာ အနိုင်ရမှာပါ”
***