တာအိုဟောပြောပွဲ
Vol. 79 Ch. 1104
"ဒါ နည်းနည်းလိုနေသေးတယ်"
လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက လေးဆယ်ရာခိုင်နှုန်းမှာ ရှိပြီး အဆင့်မြင့်နတ်ဘုရားအများစုထက် ပိုသန်မာတယ်ဆိုပေမယ့် အဆင့်မြင့်နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ သူက အချိန်တစ်ခု လိုအပ်ပါသေးတယ်။
"စိတ်ပျက်စရာပဲ"
စိတ်ပျက်စရာတစ်ခုပဲလို့ လီဖူချန်းက ခံစားမိတယ်။ အရှေ့နေဂိုဏ်းမှာ အဆင့်မြင့်နတ်ဘုရားတစ်ယောက်ဖြစ်လာမှသာ အထူးအခွင့်အရေးတွေကို နှစ်သက်ခံစားနိုင်လိမ့်မယ်။
ပထမ၊ အဆင့်မြင့်နတ်ဘုရားတွေကပဲ စစ်မှူးနဲ့တပ်မှူးတွေ ဖြစ်လာနိုင်တယ်လေ။
အဆင့်နိမ့်စစ်မှူးတွေက ထူးကဲအဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိနိုင်ပြီး အရှေ့နေရေကန်ကို တစ်နှစ်မှာတစ်ပတ်ဝင်ရောက်နိုင်တယ်။ ငါးနှစ်ပြည့်တိုင်း သူတို့က အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့သင်ခန်းစာကို နားထောင်နိုင်တယ်။
အလယ်ဆင့်စစ်မှူးတွေက ထူးကဲအဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိနိုင်ပြီး အရှေ့နေရေကန်ကို တစ်နှစ်မှာလဝက်ဝင်ရောက်နိုင်တယ်။ သုံးနှစ်ပြည့်တိုင်း သူတို့က အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့သင်ခန်းစာကို နားထောင်နိုင်တယ်။
အဆင့်မြင့်စစ်မှူးတွေက သာမန်အလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိနိုင်ပြီး အရှေ့နေရေကန်ကို တစ်နှစ်မှာတစ်လ ဝင်ရောက်နိုင်တယ်။ သုံးနှစ်ပြည့်တိုင်း သူတို့က အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့သင်ခန်းစာကို နားထောင်နိုင်တယ်။ ဒါ့အပြင် သူတို့က အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့လမ်းညွှန်မှုကိုလဲ လက်ခံရရှိနိုင်တယ်။
တပ်မှူးတွေအတွက် အကျိုးအမြတ်က ပိုတောင်ကောင်းတယ်။ လီဖူချန်းသိထားတာအရ တပ်မှူးတွေအားလုံးက အခြေခံအားဖြင့် အရှေ့နေဂိုဏ်းရဲ့တပည့်တွေဖြစ်တယ်။ တပ်မှူးဖြစ်လာနိုင်တဲ့သူတွေအားလုံးက ထူးခြားတဲ့မွေးရာပါပါရမီနဲ့ထိုးထွင်းသိမြင်တွေရှိကြတယ်။
အရှေ့နေဂိုဏ်းတပည့်တွေကို အပြင်ဂိုဏ်းတပည့်၊ အတွင်းဂိုဏ်းတပည့်နဲ့ ပင်မတပည့်တွေဆိုပြီး ခွဲခြားထားတယ်။ အတွင်းဂိုဏ်းတပည့်ဖြစ်လာပြီးနောက် အရှေ့နေရေကန်မှာ အကန့်အသတ်မရှိကျင့်ကြံနိုင်လိမ့်မယ်။ ဒါပေမယ့် လီဖူချန်းက လက်ရှိမှာ အလယ်ဆင့်နတ်ဘုရားဖြစ်တယ်။ သူ အဆင့်မြင့်နတ်ဘုရားတစ်ယောက်ဖြစ်လာတာနဲ့ အရှေ့နေရေကန်က သူ့အတွက် အများကြီးမကူအညီမဖြစ်စေတော့ပါဘူး။
"ဘာပဲဖြစ်ဖြစ်၊ ငါ အဆင့်မြင့်နတ်ဘုရားတစ်ယောက်ဖြစ်အောင် အရင်လုပ်ရမယ်။ ဒီအစစ်အမှန်နတ်ဘုရားတာအိုဟောပြောပွဲက အခွင့်အလမ်းတစ်ခုပဲ"
အဆင့်နိမ့်နတ်ဘုရား၊ အလယ်ဆင့်နတ်ဘုရားနဲ့ အဆင့်မြင့်နတ်ဘုရားတွေအားလုံးက နတ်ဘုရားတွေရဲ့ပထမအဆင့်ဖြစ်တယ်။ ဒုတိယအဆင့်ဖြစ်တဲ့အစစ်အမှန်နတ်ဘုရား၊ တတိယအဆင့်၊ စတုတ္ထအဆင့်နဲ့ နတ်ဘုရားဟင်းလင်းပြင်ရဲ့အထွတ်အထိပ်မှာရပ်တည်နိုင်တဲ့ဒဏ္ဍာရီလာနတ်ဘုရားဘုရင်တွေရှိသေးတယ်။ လီဖူချန်းက အလယ်ဆင့်နတ်ဘုရားနယ်ပယ်မှာပဲ အချိန်ကို မဖြုန်းလိုပါဘူး။ အဆင့်မြင့်နတ်ဘုရား၊ ပြီးရင် အစစ်အမှန်နတ်ဘုရားတို့ကို စောစောစီးစီးတက်ရောက်နိုင်တာ ကောင်းတဲ့အရာတစ်ခုပဲ။
…
အရှေ့နေဂိုဏ်း၊ တာအိုဟောပြောပွဲ။
ဒီနေ့မှာ တာအိုဟောပြောပွဲက ပျာပန်းခပ်လှုပ်ရှားနေတယ်။
အကြောင်းကတော့ ဒီနေ့က အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့တာအိုဟောပြောပွဲဖြစ်နေလို့လေ။
"ဒီတစ်ကြိမ် ဘယ်အကြီးအကဲက ဟောပြောမလဲ"
တာအိုဟောပြောပွဲတောင်က ကတော့ပုံတောင်တစ်ခုဖြစ်ပြီး ထိပ်မှာ ကျောက်တုံးစင်မြင့်တစ်ခုရှိတယ်။ အဲဒါက အစစ်အမှန်နတ်ဘုရားတာအိုဟောပြောမယ့်နေရာပဲဖြစ်မယ်။ ကျောက်တုံးစင်မြင့်အောက်၊ တောင်ခြေရှိလမ်းတစ်လျှောက်မှာ စင်မြင့်အလွှာတွေရှိတယ်။ စင်မြင့်တစ်ခုစီမှာ ဖျာတွေမရေမတွက်နိုင်လောက်အောင်ရှိပြီး ဖျာအများစုက လူတွေနဲ့ ပြည့်နေပြီးဖြစ်တယ်။ လူတိုင်းက အသံတိုးတိုးလေးဆွေးနွေးရင်း အစစ်အမှန်နတ်ဘုရားရောက်အလာကို စောင့်ဆိုင်းနေကြတယ်။
"ပြီးခဲ့တဲ့အကြိမ်က အကြီးအကဲဟော်။ ဒီတစ်ကြိမ်က အကြီးအကဲမြင့်မြတ်ရေရဲ့အလှည့်ပဲဖြစ်မယ်"
"အကြီးအကဲမြင့်မြတ်ရေက ရေသဘာဝဥပဒေသကို ကျွမ်းကျင်တယ်။ သူက ငါ့အတွက် မသင့်တော်ဘူး"
"မင်း ဘာသိလို့လဲ။ အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့နယ်ပယ်က မြင့်မားလွန်းတယ်။ သူက ငါတို့ထက် တစ်ဆင့်ပဲမြင့်တယ်လို့ မတွေးနဲ့။ သူ့ရဲ့ဥပဒေသနားလည်မှုက ငါတို့တွေစိတ်ကူးယဉ်နိုင်တဲ့အရာမဟုတ်ဘူး။ သူက ငါတို့ကို အခြားတာအိုတွေနဲပတ်သက်ပြီး ပြောပြမယ်ဆိုတာ သေချာတယ်"
"ဒါ မှန်တယ်။ အစစ်အမှန်နတ်ဘုရားတွေက နှစ်သန်းချီအသက်ရှင်နိုင်ပြီး အလတ်စားချီလီယိုခါဇန်ကို လွတ်လွတ်လပ်လပ်ဝင်နိုင်ထွက်နိုင်တယ်။ သူတို့ရဲ့ဥပဒေသနားလည်မှုတွေက ငါတို့တွေခန့်မှန်းနိုင်တဲ့အရာမဟုတ်ဘူး"
လူတိုင်းက တက်တက်ကြွကြွဆွေးနွေးနေကြတယ်။
"ထင်ထားသလိုပဲ၊ တစ်စုံတစ်ယောက်ရဲ့အဆင့်အတန်းက သူတို့ရဲ့အနေအထားကို ဆုံးဖြတ်တယ်"
တာအိုဟောပြောပွဲတောင်ပေါ်မှာ စစ်သားတွေက အဆင့်နိမ့်ဆုံးဖြစ်တယ်၊ ဒါကြောင့် သူတို့က တောင်ခြေရှိစင်မြင့်တွေပေါ်မှာပဲ ထိုင်နိုင်တယ်။ စစ်မှူးတွေက တောင်ခါးပိုင်းရှိ စင်မြင့်တွေပေါ်မှာပဲ ထိုင်နိုင်တယ်၊ တပ်မှူးတွေက တောင်ထိပ်အနီးစင်မြင့်တွေပေါ်မှာပဲ ထိုင်နိုင်တယ်။ လီဖူချန်းက ဂုဏ်ထူးဆောင်စစ်သားဖြစ်တယ်၊ ဒါပေမယ့် ဂုဏ်ထူးဆောင်စစ်သားလဲ စစ်သားတစ်ယောက်ဖြစ်ပြီး တောင်ခါးပိုင်းရှိစင်မြင့်ပေါ်မှာ ထိုင်ဖို့ မဖြစ်နိုင်ပါဘူး။
နေထွက်လာတဲ့အခါ ပုံရိပ်တစ်ခုက အရှေ့နေဂိုဏ်းရဲ့အတွင်းနက်ပိုင်းထဲမှ ရုတ်တရက် ပျံသန်းလာတယ်။
"ဒါ အကြီးအကဲထျဲယန်ပဲ"
း
လူတိုင်းက ဒီလူကို သိတယ်။
"ဒါ အစစ်အမှန်နတ်ဘုရားတစ်ယောက်လား"
နေရောင်က စူးရှတောက်ပနေပေမယ့် လီဖူချန်းက အကြီးအကဲထျဲယန်ရဲ့အသွင်အပြင်ကို မြင်နိုင်ပါသေးတယ်။
ထိုလူက အဝါရောင်ဆံပင်၊ တင်းမာတဲ့အမူအရာနဲ့ အကြီးအကဲတစ်ယောက်ဖြစ်တယ်။
အကြီးအကဲမှာ သိသာပေါ်လွင်ထင်ရှားတဲ့ချီတည်ရှိမှုတွေမရှိဘူး၊ အရမ်းသာမန်ဆန်ပါတယ်။
အကြီးအကဲထျဲယန်ရဲ့ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းတဲ့စွမ်းအားရှိမှန်း လီဖူချန်းက မြင်နိုင်တယ်။ ဒီစွမ်းအားပေါက်ကွဲထွက်လာတာနဲ့ ကမ္ဘာကို သေချာပေါက် ဖျက်ဆီးပေလိမ့်မယ်။
"နတ်ဘုရားစွမ်းအားအညွှန်းကိန်းငါးသိန်းဒါမှမဟုတ်တစ်သန်းလား"
လီဖူချန်းက အကြီးအကဲထျဲယန်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို မခန့်မှန်းနိုင်ခဲ့ဘူး။
ဒါပေမယ့် ဒါက အဓိကအားဖြင့် လီဖူချန်းရဲ့နတ်ဘုရားဝိညာဉ်က အစစ်အမှန်နတ်ဘုရားအဆင့်မှာ ပဲ ရှိတာကြောင့်ပဲ။ သူ့ရဲ့နတ်ဘုရားဝိညာဉ်က အဆင့်၃နတ်ဘုရားအဆင့်မှာရှိရင် သူက အကြီးအကဲထျဲယန်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို မြင်နိုင်ပါလိမ့်မယ်။
ဒါပေမယ့် အကြီးအကဲထျဲယန်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က သူ့လောက်အားမကောင်းဘူး၊ အနီရောင်ဖျော့ဖျော့ပဲရှိမယ်ဆိုတာတော့ လီဖူချန်းက သေချာတယ်။
"အကြီးအကဲမြင့်မြတ်ရေက တက်ရောက်စရာတစ်ခုရှိလို့။ ဒီတစ်ကြိမ်မှာ ငါကပဲ မင်းတို့အားလုံးကို တာအိုဟောပြောမယ်"
တာအိုဟောပြောတောင်ထိပ်ရှိကျောက်တုံးစင်မြင့်ပေါ်ကို ဆင်းသက်ပြီးနောက် အကြီးအကဲထျဲယန်က ထူးမခြားနားပြောလိုက်တယ်။
"ကြိုဆိုပါတယ်၊ အကြီးအကဲထျဲယန်"
လူတိုင်းက ညီညာစွာအော်လိုက်ကြတယ်။
အကြီးအကဲထျဲယန်က ခေါင်းညိတ်ပြီး သူ့ရဲ့တာအိုနားလည်မှုကို မရှင်းပြခင် တင်ပျဉ်ခွေထိုင်လိုက်တယ်။
အချိန်ကုန်ဆုံးလာတာနဲ့အမျှ လူတိုင်းက နားထောင်မှုမှာ နစ်မြောသွားကြတယ်။ အစစ်အမှန်နတ်ဘုရားက တာအိုကို ဟောပြောတဲ့အခါ သူတို့က နားမလည်နိုင်ရင်တောင် နက်နဲသိမ်မွေ့မှုက အသံမှတစ်ဆင့် သူတို့ကို သက်ရောက်ပါလိမ့်မယ်။
"ဒိီအကြီးအကဲထျဲယန်က သတ္တုတာအိုဥပဒေသနဲ့ရန်တာအိုဥပဒေသကို ကျွမ်းကျင်တယ်။ သူက ငါ့ကို အများကြီးမကူညီနိုင်ပေမယ့် အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့ကျင့်ကြံခြင်းနယ်ပယ်နဲ့ပတ်သက်ပြီးသိတာ ကောင်းတဲ့အရာတစ်ခုပါပဲ" လီဖူချန်းက သတ္တုတာအ်ိုဥပဒေသနဲ့ယန်တာအိုဥပဒေသကို နားလည်ဖို့မစီစဉ်ပါဘူး။ သူ့ရဲ့ထိုးထွင်းသိမြင်မှုနဲ့ဆိုရင် နတ်ဘုရားကမ္ဘာဥပဒေသတွေကို ထပ်နားလည်ဖို့က မခက်ခဲပါဘူး။
နောက်ဆုံးမှာ အကြီးအကဲထျဲယန်က ဓားတာအိုနဲ့ပတ်သက်ပြီး ပြောလိုက်တယ်။
တကယ်တော့ ဓားတာအိုကလဲ အကြီးအကဲထျဲယန်ကျွမ်းကျင်တဲ့နတ်ဘုရားကမ္ဘာဥပဒေသတွေထဲကတစ်ခုဖြစ်တယ်။ တကယ်တော့ သတ္တုတာအိုဥပဒေသနဲ့ဓားတာအိုဥပဒေသတို့မှာ ထပ်တူညီမှုအချို့ရှိတယ်။
"ဓားတာအိုက တိုက်ခိုက်ရေးတာအို၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတာအိုဖြစ်တယ်။ ၎င်းက အရမ်းထူးခြားပြီး ဘယ်တာအိုမဆို ၎င်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နိုင်တယ်......" အကြီးအကဲထျဲယန်က ပြောရင်း သူ့လက်ကို ရုတ်တရက်ဝှေ့ယမ်းပြီး ရွှေရောင်ဓားချီတစ်ခုကို ပစ်လွှတ်လိုက်တယ်။ ရွှေရောင်ဓားချီအရ လူတိုင်းက သတ္တုတာအိုဥပဒေသနဲ့ဓားတာအိုဥပဒေသကို ခံစားနိုင်တယ်။
"၎င်းက လုံလုံလောက်လောက်မသန့်စင်ပေမယ့် အကိုးအကားတစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်"
လီဖူချန်းရဲ့ဓားတာအိုက အကြီးအကဲထျဲယန်နဲ့ မတူပါဘူး။ လီဖူချန်းရဲ့ဓားတာအိုက အလွန်အမင်းသန့်စင်ပြီး အညစ်အကြေးအရိပ်အယောင်တစ်ခုမှ မရှိပါဘူး။
အကြီးအကဲထျဲယန်က အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး ကျင့်ကြံခြင်းနယ်ပယ်က လီဖူချန်းထက် ပိုမြင့်တယ်။ ဒါကြောင့် သူ့ရဲ့ဓားတာအိုက သန့်စင်မှုမလုံလောက်ရင်တောင် လီဖူချန်းအတွက် ကြီးမားတဲ့ဈာန်ဝင်စားခြင်းတစ်ခုဖြစ်တည်ပါသေးတယ်။ ဒါပေမယ့် အဲဒါက အဓိကအားဖြင့် လီဖူချန်းရဲ့မှင်တက်စရာကောင်းတဲ့ထိုးထွင်းသိမြင်မှုကြောင့်ပါပဲ။
ဒီအချိန်အတွင်း စစ်မှူးအချို့ကလဲ အကြီးအကဲထျဲယန်မှ လမ်းညွန်မှုတွေ တောင်းခံလျက်ရှိတယ်။
မသိလိုက်မသိဘာသာနဲ့ ကောင်းကင်က တဖြည်းဖြည်းမည်းမှောင်လာပြီး အစစ်အမှန်နတ်ဘုရားတာအိုဟောပြောပွဲက ပြီးဆုံးသွားတော့တယ်။
"အစစအမှန်နတ်ဘုရားတစ်ယောက်က တကယ်ကို အစစ်အမှန်နတ်ဘုရားတစ်ယောက်ပဲ။ ငါ့ရဲ့ဓားတာအိုအဆင့်ကို တစ်ဆင့်တိုးမြင့်စေနိုင်ခဲ့တာပဲ။ အချိန်တစ်ခုအထိ သီးခြားကျင့်ကြံပြီးရင် အဆင့်မြင့်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ခြင်းက ပြဿနာတစ်ခုမဟုတ်တော့ဘူး"
ဒိအစစ်အမှန်နတ်ဘုရားရဲ့တာအိုဟောပြောပွဲမှ လီဖူချန်းရဲ့ရိတ်သိမ်းမှုက သူ့ရဲ့မျှော်လင့်ချက်တွေကို ကျော်လွန်သွားပြီဖြစ်တယ်။ ဓားတာအိုကိုအထူးပြုတဲ့အစစ်အမှန်နတ်ဘုရားတစ်ယောက်နဲ့မတွေ့ရင် တိုးတက်မှုကြီးကြီးမားမားဖြစ်လာမှာမဟုတ်ဘူးလို့ သူက အစက တွေးထားခဲ့တယ်။
အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့ကျင့်ကြံခြင်းနယ်ပယ်က ဒီလောက်ထိမြင့်မားမယ်လို့ သူ ဘယ်လိုလုပ်သိနိုင်မှာလဲ။
"နှောင်းပိုင်းအခြေအနေအဆင့်မြင့်နတ်ဘုရား"
အရင်က လီဖူချန်းက စပ်ကြောင်းမဲ့ဓားချီကို အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုအဖြစ်သို့ပြောင်းလဲခဲ့ပြီး အထွတ်အထိပ်အဆင့်မြင့်နတ်ဘုရားအများစုမအောင်မြင်ခဲ့တဲ့အရာကို အောင်မြင်ခဲ့ပေမယ့် ကျင့်ကြံခြင်းနယ်ပယ်အရ လီဖူချန်းက အထွတ်အထိပ်အဆင့်မြင့်နတ်ဘုရားတွေထက် နိမ့်ကျပြီး အလယ်အခြေအနေအဆင့်မြင့်နတ်ဘုရားမှာပဲ ရှိတယ်။
သူက စပ်ကြောင်းမဲ့ဓားချီကို အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုအဖြစ် ပြောင်းလဲနိုင်တဲ့အကြောင်းရင်းက အဓိကအားဖြင့် သူ့ရဲ့အလွန့်အလွန်ထူးကဲတဲ့ထိုးထွင်းသိမြင်မှုကြောင့်ပဲ။
ထိုးထွင်းသိမြင်မှုအရ အစစ်အမှန်နတ်ဘုရားအများစုက လီဖူချန်းထက် နိမ့်ကျတယ်။
ခြံဝင်းသို့ ပြန်ရောက်လာပြီးနောက် လီဖူချန်းက ဆက်လက်သီးခြားကျင့်ကြံခဲ့တယ်။
…
မျက်စိတစ်မှိတ်အတွင်း လီဖူချန်းက အရှေ့နေဂိုဏ်းမှာ ရှိတာ အချိန်တစ်ခုကြာပါပြီ။ မကြာမီမှာ သူက စစ်မြေပြင်ကို ပြန်သွားရတော့မှာပါ။
အရှေ့နေဂိုဏ်းမှာ အရှ့နေဂိုဏ်းရဲ့တပည့်တွေကပဲ နေထိုင်ခွင့်ရှိတယ်။ ကျန်သူတွေက အချိန်တစ်ခုအထိပဲ နေထိုင်ခွင့်ရလိမ့်မယ်။ အဆင့်အတန်းပိုမြင့်လေ၊ ကြာချိန်ပိုလေလေပဲ။ လီဖူချန်းက ဂုဏ်ထူးဆောင်စစ်သားတစ်ယောက်သာဖြစ်ပြီး သူ့ကို အချိန်အများကြီးမပေးခဲ့ပါဘူး။
ဒါပေမယ့် သူက အဆင့်မြတ်နတ်ဘုရားတစ်ယောက်အဖြစ် တိုးမြင့်နိုင်ရင် အချိန်တွေပိုရဖို့ တိုက်ခိုက်နိုင်ပါလိမ့်မယ်။ သူက အရှေ့နေဂိုဏ်းရဲ့တပည့်တစ်ယောက်ဖြစ်လာရင် အနာဂတ်မှာ ပိုလွတ်လွတ်လပ်လပ်ရှိပါလိမ့်မယ်။
လီဖူချန်းရဲ့ခြံဝင်းက စိမ်းလန်းစိုပြည်တဲ့တောင်ထိပ်တစ်ခုပေါ်မှာ ရှိတယ်။ ဒီတောင်ထိပ်မှာ ခြံဝင်းတွေများစွာရှိပြီး သူတို့အားလုံးက ဂုဏ်ထူးဆောင်စစ်သားတွေပါပဲ။
ဒီနေ့မှာ နတ်ဘုရားကမ္ဘာစွမ်းအင်ရဲ့ကြီးမားတဲ့ပမာဏတစ်ခုက အရှေ့နေဂိုဏ်းရဲ့အစီအရင်ကို ဖြတ်ကာ သေးငယ်တဲ့ခြံဝင်းတစ်ခုအထဲသို့ ကျရောက်လာတယ်။
"တစ်ယောက်ယောက်က အဆင့်မြင့်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်နေတာပဲ"
"ဒီလိုကြီးမားတဲ့နတ်ဘုရားကမ္ဘာစွမ်းအင်။ ငါ သတိရပါတယ်၊ နောက်ဆုံးအကြိမ်တစ်ယောက်ယောက်ချိုးဖြတ်တုန်းက ဒီလိုကြီးမားတဲ့ဖြစ်ရပ်တစ်ခုမရှိပါဘူး......"
"လူတိုင်းက မတူဘူးလေ။ အချို့လူတွေက နတ်ဘုရားစွမ်းအားတွေပိုထိန်းသိမ်းနိုင်တယ်၊ ဒါကြောင့် သူတို့ချိုးဖြတ်တဲ့အခါ သူတို့က နတ်ဘုရားကမ္ဘာစွမ်းအင်ကို ပိုစုပ်ယူကြတယ်။ ဒါပေမယ့် အဲဒီလိုဖြစ်ရပ်တစ်ခုကို မြင်တွေ့ဖို့က တကယ်ရှားတယ်"
တောက်ထိပ်ပေါ်မှာ လူတိုင်းက အသည်းအသန်ဆွေးနွေးနေကြတော့တယ်။
ချိုးဖြတ်တဲ့သူက လီဖူချန်းပါပဲ။
သူ့ရဲ့ဓားတာအိုက နှောင်းပိုင်းအခြေအနေအဆင့်မြင့်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိပြီးနောက် လီဖူချန်းရဲ့ကျင့်ကြံခြင်းကလဲ ချိုးဖြတ်ခဲ့ပါတယ်။
သူ့ရဲ့စုဆောင်းမှုက ခိုင်မာလွန်းတယ်။ မချိုးဖြတ်ခင် သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အလယ်ဆင့်နတ်ဘုရားအများစုထက် ပိုပြီး နှစ်သောင်းငါးထောင်ပတ်လည်မှာ ရှိတယ်။ လက်ရှိ အဲဒါက တစ်သိန်းကို ကျော်ပြီး ဆက်လက်မြင့်တက်နေတုန်းပါပဲ။
ဒါပေမယ့် ဒါက အပြင်ဘက်ကမ္ဘာမှာဆိုရင် လီဖူချန်းက ဒီလောက်လျင်မြန်စွာ မချိုးဖြတ်နိုင်ပါဘူး။ တကယ်တော့ တောက်ပကမ္ဘာနတ်ဘုရားကမ္ဘာက အသေးစားချီလီယိုခါဇန်တစ်ခုဖြစ်ပြီး ထိခိုက်ပျက်ဆီးထားတဲ့အသေးစားချီလီယိုခါဇန်လဲဖြစ်တယ်။ နတ်ဘုရားကမ္ဘာစွမ်းအင်က သိပ်သည်းလွန်းခြင်းမရှိဘူး၊ အဆင့်မြင့်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ဖို့လိုအပ်တဲ့စွမ်းအင်ပမာဏက များပြားလွန်းတယ်။ နတ်ဘုရားကမ္ဘာရဲ့စွမ်းအင်နဲ့နတ်ဘုရားကျောက်တုံးတွေရဲ့အကူအညီနဲ့ချိုးဖြတ်ဖို့ဆိုရင် အချိန်အကြာကြီးလိုအပ်ပါလိမ့်မယ်။
အရှေ့နေဂိုဏ်းကို ကြယ်လေးလုံးနတ်ဘုရားအစီအရင်နဲ့ ကာကွယ်ထားမှန်း လီဖူချန်းက သိတယ်။ ကြယ်လေးလုံးနတ်ဘုရားအစီအရင်ရဲ့အထောက်အပံ့နဲ့မှ ဒီလိုများပြားတဲ့နတ်ဘုရားကမ္ဘာရဲ့စွမ်းအင်ကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။
သူ့ရဲ့နတ်ဘုရားစွမ်းအားက တိုးလာတာကြောင့် လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုကလဲ တိုးလာတယ်။
လေးဆယ့်သုံးရာခိုင်နှုန်း၊ လေးဆယ့်လေးရာခိုင်နှုန်း၊ လေးဆယ့်ငါးရာခိုင်နှုန်း..........
"ဘယ်သူ ချိုးဖြတ်နေတာလဲ။ ဘာလို့ ဒီလိုကြီးမားတဲ့ဖြစ်ရပ်တစ်ခုရှိနေရတာလဲ"
လီဖူချန်းက အဆင့်မြင့်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်နေစဉ်မှာ တောင်ထိပ်ကိုဖြတ်သွားတဲ့ပုံရိပ်တစ်ခုက ရုတ်တရက် ရပ်သွားတယ်။
ရပ်သွားတဲ့ပုံရိပ်က မျက်လုံးသုံးလုံးနဲ့လှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ သူမရဲ့မျက်ခုံးတွေကြားရှိမျက်လုံးရဲ့အစွန်းမှာ နေအင်းကွက်တစ်ခုရှိတယ်။ အဲဒါကိုကြည့်ရတာ အလွန်အမင်းဆန်းကြယ်ပြီး ကောင်းကင်ရှိနေမင်းကြိီးနဲ့ ချိတ်ဆက်မှုနည်းနည်းရှိပုံရတယ်။
ဒီနေရာမှာ အရှေ့နေဂိုဏ်းရဲ့တပည့်တွေရှိရင် မျက်လုံးသုံးလုံးအမ်ျုးသမီးက အရှေ့နေဂိုဏ်းခေါင်းဆောင်တုန်းယန်ချမ်ယုဆိုတာ သေချာပေါက် သိပါလိမ့်မယ်။ သူမက အရှေ့နေဂိုဏ်းရဲ့ပမဂိုဏ်းသားတွေထဲကတစ်ယောက်ဖြစ်ပြီး ထိပ်ဆုံးပါရမီရှင်ဆယ်ယောက်ထဲကတစ်ယောက်ဖြစ်တယ်။
တုန်းယန်ချမ်ယုက သူမရဲ့အလယ်မျက်လုံးကို ဖွင့်ကာ လီဖူချန်းကို ကြည့်လိုက်တယ်။
"သူက ငယ်ငယ်လေးရှိသေးတာပဲ"
လီဖူချန်းက အရမ်းငယ်ရွယ်တယ်ဆိုတာ တုန်းယန်ချမ်ယုရ မြင်နိုင်တယ်။ ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့်မြင့်နတ်ဘုရားတစ်ယောက်ဖြစ်လာနိုင်ဖို့ သူ့မှာ ဘယ်လိုပါရမီအလားအလာတွေ ရှိသလဲဆိုတာ တွေးမတတ်နိုင်လောက်အောင်ပဲ။