← Chapters

ပင်မတပည့်

Vol. 79 Ch. 1105

ပင်မတပည့်

Vol. 79 Ch. 1105

၁၂၀၀၀၀၊ ၁၃၀၀၀၀......

လီဖူချန်းရဲ့စုဆောင်းမှုက ခိုင်မာလွန်းပြီး သူ့ရဲ့နတ်ဘုရားစွမ်းအားက အဆက်မပြတ်တိုးလာနေတယ်။

နတ်ဘုရားစွမ်းအားအညွှန်းကိန်းတစ်သောင်းပတ်လည်ရှိတဲ့သူကို အထွတ်အထိပ်အဆင့်မြင့်နတ်ဘုရားတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။

ယေဘုယျပြောရရင် တစ်သောင်းကနေသုံးသောင်းက သာမန်အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်း၊ သုံးသောင်းကနေခြောက်သောင်းက အလယ်အဆင့်မြင့်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်း၊ ခြောက်သောင်းကနေကိုးသောင်းက အားကောင်းအဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်း၊ တစ်သိန်းပတ်လည်က အထွတ်အထိပ်အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းဖြစ်တယ်။

လေးဆယ့်ခုနှစ်ရာခိုင်နှုန်း၊ လေးဆယ့်ရှစ်ရာခိုင်နှုန်း........

တစ်ချိန်တည်းမှာ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုကလဲ တိုးမြင့်လာပြီး အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့အကန့်အသတ်တွေကို လျင်မြန်စွာ ချဉ်းကပ်လာနေတယ်။

တူညီတဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းနဲ့အတူ ပေါင်းစပ်မှုပိုမြင့်လေ၊ တိုက်ခိုက်ရေးခွန်အားက ပိုသန်မာလေပါပဲ။ ဒါ့ပြင် ကွာခြားချက်က နည်းနည်းလေးမဟုတ်ဘူး။

အဆုံးမှာ လီဖူချန်းရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်သိန်းငါးသောင်းမှာ ရပ်သွားတယ်၊ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက လေးဆယ့်ကိုးရာခိုင်နှုန်းမှာရှိတယ်။

ဒါက အခြေခံအားဖြင့် အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့အကန့်အသတ်ဖြစ်တယ်။ သူက အစစ်အမှန်နတ်ဘုရားသို့ မတက်ရောက်ခဲ့ရင် အနာဂတ်မှာ ၎င်းကို တိုးမြှင့်ဖို့က အလွန်ခက်ခဲပေလိမ့်မယ်။

ဒါပေမယ့် လီဖူချန်းက မတူပါဘူး။ သူက အလယ်ဆင့်နတ်ဘုရားအဖြစ် ရှိနေစဉ်မှာ သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းနဲဲ့ပေါင်းစပ်မှုက အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့အဆင့်ကို ရောက်ရှိနေပြိီ။ အခု သူက အဆင့်မြင့်နတ်ဘုရားတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းနဲ့ပေါင်းစပ်မှုကို အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့အဆင့်သို့ တိုးနိုင်မယ့်တစ်နေ့ ရှိလာမှာပါ။

လီဖူချန်းက ထရပ်ကာ လေထဲမှာ ရပ်နေတဲ့ တုန်းယန်ချမ်ယုကို တစ်ချက်ကြည့်လိုက်တယ်။

"နတ်ဘုရားစွမ်းအားအညွှန်းကိန်းတစ်သိန်းနှစ်သောင်းနဲ့နေနတ်ဘုရားမျက်လုံး။ သူမက တုန်းယန်ကလန်ကပဲ ဖြစ်မယ်" သူမက ဘယ်သူလဲဆိုတာ လီဖူချန်းက မသိနိုင်ပေမယ့် နေနတ်ဘုရားမျက်လုံးက တုန်းယန်ကလန်ရဲ့အမှတ်သင်္ကေတဆိုတာ သူ သိတယ်။ တုန်းယန်ကလန်က အရှေ့နေဂိုဏ်းရဲ့အကြီးမားဆုံးကလန်ဖြစ်ပြီး တည်ထောင်သူကလန်လဲဖြစ်တယ်။

လီဖူချန်းက တုန်းယန်ချမ်ယုရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို မြင်နိုင်ပေမယ့် တုန်းယန်ချမ်ယုက လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို မမြင်နိုင်ပါဘူး။

ပုံမှန်အားဖြင့် ကျင့်ကြံခြင်းနယ်ပယ်ပိုမြင့်တဲ့သူတွေကပဲ တစ်ဖက်လူရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို မြင်နိုင်တယ်။

ဒါပေမယ့် လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားက အရမ်းအားကောင်းတယ်ဆိုတာ တုန်းယန်ချမ်ယုက သိတယ်။

"ငါက တုန်းယန်ချမ်ယုပါ။ ဒီဂျူနီယာမောင်လေးရဲ့နာမည်ကို သိလို့ရမလား"

တုန်းယန်ချမ်းယုက ပျံသန်းလာပြီး ညင်သာစွာ ပြောလ်ိုက်တယ်။

"လီဖူချန်း"

လီဖူချန်းက ပြန်ဖြေလိုက်တယ်။

"ဂျူနီယာလီ၊ မင်းက အဆင့်မြင့်နတ်ဘုရားတစ်ယောက်ဖြစ်လာပြီးဆိုတော့ တပည့်စမ်းသပ်ပွဲမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မှီပြီ။ ငါ့မှာ အရှေ့နေဂိုဏ်းရဲ့တပည့်တွေနဲ့ပတ်သက်ပြီး အချက်အလက်တစ်စုံရှိတယ်။ မင်း တစ်ချက်ကြည့်နိုင်တယ်" တုန်းယန်ချမ်ယုက လီဖူချန်းထံ ကျောက်စိမ်းစာလိပ်တစ်ခုကို ကမ်းပေးလိုက်တယ်။

"ကျေးဇူးအများကြီးတင်ပါတယ်၊ စီနီယာချမ်ယု" လီဖူချန်းက ကျောက်စိမ်းစာလိပ်ကို လက်ခံပြီး သူ့ရဲ့နတ်ဘုရားစွမ်းအားကို ထည့်သွင်းလိုက်တယ်။

လီဖူချန်းသိထားတဲ့အတိုင်းပဲ၊ အရှေ့နေဂိုဏ်းတပည့်တွေကို အပြင်ဂိုဏ်းတပည့်၊ အတွင်းဂိုဏ်းတပည့်၊ ပင်မတပည့်ဆိုပြီး ခွဲခြားထားတယ်။

အပြင်ဂိုဏ်းတပည့်တွေက အရှေ့နေရေကန်မှာ အကန့်အသတ်မရှိကျင့်ကြံနိုင်ပေမယ့် သူတို့က ဂိုဏ်းကချမှတ်ထားတဲ့မစ်ရှင်တွေကို ပြီးမြောက်ဖို့ လိုသေးတယ်။

အတွင်းဂိုဏ်းတပည့်တွေရဲ့အကျိုးအမြတ်က ပိုကောင်းတယ်။ အစစ်အမှန်နတ်ဘုရားအကြီးအကဲတစ်ယောက်ရဲ့တပည့်ဖြစ်လာ‌ဖို့အခွင့်အရေးအပြင် သူတို့က ကျင့်ကြံဖို့အတွက် အခြားအသေးစားချီလီယိုခါဇန်ကိုလဲ ဦးတည်နိုင်တယ်။

ပင်မတပည့်တွေက အရှေ့နေဂိုဏ်းရဲ့အချက်အချာဖြစ်တယ်၊ ဒါကြောင့် သူတို့ကို ဘယ်လိုဆက်ဆံသလဲကို စိတ်ကူးယဉ်နိုင်တယ်။

ကျောက်စိမ်းစာလိပ်အရ အပြင်ဂိုဏ်းတပည့်ဖြစ်လာဖို့ဆိုရင် တစ်စုံတစ်ယောက်ရဲ့သက်တမ်းက နှစ်သုံးထောင်ကို မကျော်ရဘူး၊ တစ်စုံတစ်ယောက်ရဲ့တိုက်ခိုက်ရေးခွန်အားက အဆင့်မြင့်စစ်မှူးတစ်ယောက်နဲ့ ယှဉ်နိုင်ရမယ်။

အတွင်းဂိုဏ်းတပည့်ဖြစ်လာပြီးနောက် တစ်စုံတစ်ယောက်ရဲ့သက်တမ်းက နှစ်နှစ်ထောင်ကို မကျော်ရဘူး၊ တိုက်ခိုက်ရေးစွမ်းပကားက အဆင့်နိမ့်တပ်မှူးတစ်ယောက်နဲ့ ယှဉ်နိုင်တယ်။

ပင်မတပည့်တစ်ယောက်ရဲ့သက်တမ်းက နှစ်တစ်ထောင်ကို မကျော်ရဘူး၊ တိုက်ခိုက်ရေးစွမ်းပကားက အလယ်ဆင့်တပ်မှူးတစ်ယောက်နဲ့ ယှဉ်နိုင်ရမယ်။

လီဖူချန်းမချိုးဖြတ်ခင်တုန်းကဆိုရင် အတွင်းဂိုဏ်းတပည့်ဖြစ်လာဖို့က အရမ်းခက်ခဲတယ်။ တကယ်တော့ အဆင့်နိမ့်စစ်မှူးတစ်ယောက်က အဆင့်မြင့်တပ်မှူးတစ်ယောက်ထက် ပိုမြင့်တယ်။ စစ်မြေပြင်မှာ အဆင့်မြင့်နတ်ဘုရားအတတ်ဖြစ်တဲ့စပ်ကြောင်းမဲ့ဓားချီကို ဖော်ထုတ်ခြင်းဖြင့် အဆင့်မြင့်တပ်မှူးတစ်ယောက်ကိုပဲ သတ်နိုင်တယ်။ ရန်သူက အဆင့်နိမ့်တပ်မှူးတစ်ယောက်ဆိုရင် လီဖူချန်းက အနည်းငယ်ပဲယှဉ်ပြိုင်နိုင်လိမ့်မယ်။

ဒါပေမယ့် အခုက မတူတော့ဘူး။ လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားက ခြောက်ဒါမှမဟုတ်ခုနှစ်ဆအထိ တိုးလာပြီး သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက လေးဆယ်ရာခိုင်နှုန်းမှလေးဆယ့်ကိုးရာခိုင်နှုန်းအထိ တိုးလာတယ်။ သူ့ရဲ့ခွန်အားက ဆယ်ဆဒါမှမဟုတ်အဆတစ်ရာကျော်ပိုတိုးလာတယ်။

တုန်းယန်ချမ်ယုက သူနဲ့ မိတ်ဆွေဖြစ်ချင်မှာတော့ လီဖူချန်းက သူမကို မငြင်းပယ်ပါဘူး။ ဆက်သွယ်ရေးတိုကင်တွေဖလှယ်ပြီးနောက် တုန်းယန်ချမ်ယုက ထွက်ခွာသွားတယ်။

"ငါ့ရဲ့ကျင့်ကြံမှုကို ကျစ်လျစ်အောင် အရင်လုပ်ရမယ်"

အဆင့်မြင့်နတ်ဘုရားတစ်ယောက်ဖြစ်လာပြီးနောက် လီဖူချန်းက အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့စွမ်းအားနဲ့ သူ့ကိုယ်သူရင်းနှီးကျွမ်းဝင်အောင် လုပ်ဖို့ အချိန်မရှိပါဘူး။

နတ်ဘုရားကမ္ဘာမှာဒါမှမဟုတ်နတ်ဘုရားဟင်းလင်းပြင်မှာ နတ်ဘုရားအဆင့်ကို ကျင့်ကြံခြင်းအဆင့်ကပဲ ဆုံးဖြတ်တာမဟုတ်ဘူး၊ အသက်အားအဆင့်လဲ ပါတယ်။

ကျင့်ကြံခြင်းအဆင့်အရ မချိုးဖြတ်ခင် လီဖူချန်းက အဆင့်မြင့်နတ်ဘုရားအဆင့်မှာ ရှိနေပြီ။

အသက်အားက တကယ်တော့ သွေးမျိုးဆက်ရဲ့ဆင့်ကဲဖြစ်စဉ်ပါပဲ။

နတ်ဘုရားမှဆင်းသက်လာသူတွေက နတ်ဘုရားသွေးမျိုးဆက်ရှိတယ်။ အစစ်အမှန်နတ်ဘုရားမှဆင်းသက်လာသူတွေက အစစ်အမှန်နတ်ဘုရားသွေးမျိုးဆက်ရှိတယ်။

ကျင့်ကြံခြင်းအဆင့်နဲ့မတူဘဲ အသက်အားကို နောက်မျိုးဆက်ထိ လက်ဆင့်ကမ်းနိုင်တယ်။

ပြောင်မြောက်တဲ့အဆင့်မြင့်နတ်ဘုရားတွေရဲ့မျိုးဆက်တွေက နတ်ဘုရားတွေအဖြစ် မွေးဖွားနိုင်တယ်။

ဒါပေမယ့် အသက်အားပိုမြင့်လေလေ၊ မျိုးဆက်တွေမွေးထုတ်ဖို့က ပိုခက်လေပဲ။ ဒါက ခွင်းဝူစကြာဝဠာရဲ့ဥပဒေသဖြစ်ရုံတင်မကဘူး၊ နတ်ဘုရားဟင်းလင်းပြင်ရဲ့ဥပဒေသလဲဖြစ်တယ်။

အဆင့်မြင့်နတ်ဘုရားတစ်ယောက်ဖြစ်လာပြီးနောက် သူ့ရဲ့ဓားတာအိုက နောက်တစ်ကြိမ်ဆင့်ကဲပြောင်းလဲလာတာကို လီဖူချန်းက သိသိသာသာခံစားနိုင်တယ်။ သူ့ရဲ့သွေးတစ်စက်က ခွင်းဝူစကြာဝဠာမှာ ပုံမှန်မဟုတ်တဲ့တုန်ခါမှုတစ်ခုကို ဖြစ်စေနိုင်လောက်တယ်။

နောက်ရက်အနည်းကြာတဲ့အထိ လီဖူချန်းက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ကျစ်လျစ်ဖို့ အကောင်းဆုံးပြုလုပ်ခဲ့တယ်။

အနေအထားအားလုံးအဆင်ပြေပြိီးတဲ့အခါမှာ  သူ့ရဲ့ဓားတာအိုအဆင့်က အဆင့်မြင့်နတ်ဘုရားအဆင့်ရဲ့အထွတ်အထိပ်အခြေအနေကို ရောက်ရှိပြီး အကြိုအစစ်အမှန်နတ်ဘုရားအဆင့်ရိုပါ ရောက်ရှိခဲ့တယ်။

အဆင့်မြင့်နတ်ဘုရားအတတ်ဖြစ်တဲ့စပ်ကြောင်းမဲ့ဓားချီက သာမန်အဆင့်မြင့်နတ်ဘုရားအတတ်မှ အားကောင်းတဲ့အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုအဖြစ် ပြောင်းလဲခဲ့တယ်။

ကျန်ရှိနေတဲ့ဓားတာအိုနတ်ဘုရားအတတ်တွေကလဲ အဆင့်မြင့်နတ်ဘုရားအတတ်တွေအဖြစ် ပြောင်းလဲခဲ့တယ်။

အသက်အားအဆင့်က အဆင့်မြင့်နတ်ဘုရားအဆင့်ကို ရောက်ရှိလာတာကြောင့် လီဖူချန်းရဲ့မီးတာအိုနတ်ဘုရားစွမ်းအား၊ နေရာလပ်အချိန်နတ်ဘုရားစွမ်းအားနဲ့ ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားအားလုံးက အဆင့်မြင့်နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲခဲ့တယ်။

သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ပြောင်းလဲမှုအချို့ဖြစ်လာတဲ့အတွက် လီဖူချန်းက အရမ်းကျေနပ်မိတယ်။

အနီရောင်အတွင်းမှာ အဝါရောင်ဖျော့ဖျော့အရိပ်အယောင်တစ်ခုရှိတယ်။

‌နောက်အရောင်စွမ်းပကားနတ်ဘုရားစိတ်ဝိညာဉ်က အဝါရောင်စွမ်းပကားနတ်ဘုရားစိတ်ဝိညာဉ်တစ်ခုလို့ ဆိုလိုတယ်။

"စိတ်ဝိညာဉ်နတ်ဘုရားက အစစ်အမှန်နတ်ဘုရားအထက်မှာ ရှိတယ်။ စိတ်ဝိညာဉ်နတ်ဘုရားတွေက အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှာပဲ မွေးဖွားနိုင်တယ်"

အစစ်အမှန်နတ်ဘုရားနောက်နယ်ပယ်ကို လီဖူချန်းက သိတယ်။ စိတ်ဝိညာဉ်နတ်ဘုရားပြီးနောက်ဘာနယ်ပယ်လဲဆိုတာကိုတော့ လီဖူချန်းက မသိဘူး။ နတ်ဘုရားဘုရင်တွေက နတ်ဘုရားဟင်းလင်းပြင်ရဲ့အထွတ်အထိပ်မှာ ရပ်တည်နေတာကိုပဲ သူသိတယ်။

"ငါ အရှေ့နေဂိုဏ်းရဲ့တပည့်အရင်ဖြစ်လာအောင်လုပ်ရမယ်"

မဆိုင်းမတွဘဲ လီဖူချန်းက အရှေ့နေဂိုဏ်းရဲ့တပည့်စမ်းသပ်ခန်းမဆီ ပျံသန်းခဲ့တယ်။

…

အရှေ့နေဂိုဏ်းရဲ့တပည့်စမ်းသပ်ခန်းမ။

"မင်းရဲ့အလှည့်ကို စောင့်နေ။ မှတ်ထားပါ၊ မင်းရဲ့သက်တမ်းက နှစ်သုံးထောင်ကို ကျော်လို့မရဘူး။ နှစ်သုံးထောင်ကျော်ပြီးတောင် မင်းက ဝင်ရဲရင် မင်းဒုက္ခမင်းရှာနေတာပဲ။ မင်းကို ရက်ရက်စက်စက်အပြစ်ပေးမှုအတွက် ငါ့ကို အပြစ်မတင်နဲ့" ခန်းမမှာ အရှေ့နေဂိုဏ်းရဲ့တပည့်စမ်းသပ်မှုတာဝန်ခံက အော်လိုက်တယ်။

လူတန်းက အရမ်းရှည်ပေမယ့် သူတို့က အလွန်လျင်မြန်စွာ ရှေ့တိုးသွားနေတာ ကံကောင်းသွားတယ်။ အချိန်တိုအတွင်းမှာ လီဖူချန်းက ခန်းမရဲ့အပြင်ဘက်မှ အတွင်းဘက်သို့ ရောက်ရှိလာခဲ့တယ်။

"

"နယ်လီ၊ အဆင့်မြင့်စစ်မှူးခွန်အား၊ အပြင်ဂိုဏ်းတပည့်။

"ကျဲဟို၊ အဆင့်မြင့်စစ်မှူးခွန်အား၊ အပြင်ဂိုဏ်းတပည့်"

…

လူအများစုက အပြင်ဂိုဏ်းတပည့်တွေပဲ ဖြစ်လာကြတယ်။ အတွင်းဂိုဏ်းတပည့်ဖြစ်လာသူအနည်းငယ်ပဲရှိတယ်။

"ကျင်းကြွယ်၊ အဆင့်နိမ့်တပ်မှူးခွန်အား၊ အတွင်းဂိုဏ်းတပည့်"

နောက်ဆုံးမှာ အတွင်းဂိုဏ်းတစ်ယောက်ပေါ်လာတယ်။ လူတိုင်းက သူ့ကို မနာလိုအားကျစွာ ကြည့်လိုက်ကြတယ်။

မကြာမိီမှာပဲ လီဖူချန်းရဲ့အလှည့်ပေါ့။

လီဖူချန်းက အဆင့်မြင့်စစ်မှူးတစ်ယောက်ရဲ့ခွန်အားရှိတဲ့တိုက်ခိုက်ရေးရုပ်သေးတစ်ခုကို ရင်ဆိုင်နေတယ်။

ဝှစ်........

တိုက်ခိုက်ရေးနတ်ဘုရားရဲ့ခန္ဓာကိုယ်က နတ်ဘုရားအလင်းကို ထုတ်လွှတ်နေပြီး ၎င်းက လီဖူချန်းထံ အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်လိုက်တယ်။

အုန်း......

လီဖူချန်းက သူ့ရဲ့ဓားကို ထုတ်စရာမလိုပါဘူး၊ တိုက်ခိုက်ရေးရုပ်သေးကို လက်သီးတစ်ချက်နဲ့ လွင့်ထွက်သွားစေခဲ့တယ်။

ထို့နောက် လီဖူချန်းက လက်သီးနောက်တစ်ချက်ကို သုံးပြီး အဆင့်နိမ့်တပ်မှူးတိုက်ခိုက်ရေးရုပ်သေးကို လွင့်ထွက်သွားစေခဲ့တယ်။

"ဒီလိုစွမ်းအား......"

လူတိုင်းက ထိန်းချုပ်ကာ အသက်ရှုနေရတယ်။

ယခု၊ လီဖူချန်းပြသခဲ့တဲ့ခွန်အားက ကျင်းကြွယ်ထက် အများကြီးပိုသာတယ်။ အဆင့်နိမ့်တပ်မှူးတိုက်ခိုက်ရေးရုပ်သေးနဲ့ရင်ဆိုင်တဲ့အခါ ကျင်းကြွယ်က ဆယ်ကွက်ကျော်သာ ခုခံနိုင်ပြီး ၎င်းကို မလွင့်ထွက်စေနိုင်ခဲ့ဘူး။

အလယ်ဆင့်တပ်မှူးတိုက်ခိုက်ရေးရုပ်သေးက လီဖူချန်းရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။ ၎င်းရဲ့ခန္ဓာကိုယ်က အလွန်ထွန်းလင်းတောက်ပတဲ့နတ်ဘုရားအလင်းကို ထုတ်လွှတ်နေတယ်။

ကျွတ်......

ဓားမော့နက်ကို ကိုင်ဆွဲလျက် တိုက်ခိုက်ရေးရုပ်သေးက လီဖူချန်းကို ခုတ်ပိုင်းလိုက်တယ်။

ဒီဓားမော့က ထူးကဲအလယ်ဆင့်ဓားမော့တာအိုနတ်ဘုရားအတတ်တစ်ခုဖြစ်မှန်း သိသာတယ်။ ၎င်းက မယုံနိုင်လောက်အောင်မြန်ဆန်ရုံတင်မက မယုံနိုင်လောက်အောင် ဆန်းကြယ်တယ်။

"ချိုးဖြတ်စမ်း"

လီဖူချန်းက သူ့ရဲ့ဓားကို မထုတ်သေးပါဘူး။ မီးပွား‌တွေထုတ်လွှတ်နေတဲ့သူ့ရဲ့လက်သီးက တိုက်ခိုက်ရေးရုပ်သေးရဲ့ရင်ဘက်ကို ထိမှန်ပြီး ၎င်းကို နောက်သို့ခြေတစ်လှမ်းဆုတ်စေခဲ့တယ်။

"ထူးကဲအလယ်ဆင့်မီးတာအိုနတ်ဘုရားအတတ်"

စမ်းသပ်မှုတာဝန်ခံက မေးငေါ့လိုက်တယ်။ ဒါကလဲ ထူးကဲအလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုဖြစ်ပေမယ့် တိုက်ခိုက်ရေးရုပ်သေးက အစစ်အမှန်သက်ရှိထက် သေချာပေါက် နိမ့်ကျတယ်။

ထူးကဲအလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်တဲ့အတွက် လီဖူချန်းရဲ့မွေးရာပါပါရမီနဲ့ထိုးထွင်းသိမြင်မှုက ထင်ရှားပေါ်လွင်လှတယ်။

လီဖူချန်းမှာ တုန်လှုပ်ဖွယ်ရာလုပ်ဆောင်ချက်မရှိပါဘူး၊ သူက တိုက်ခိုက်ရေးရုပ်သေးကို ဖိနှိပ်နိုင်ရုံမျှဖြစ်ပြီး ၎င်းက်ု အလွယ်တကူမလွင့်ထွက်သွားစေပါဘူး။

"လီဖူချန်း၊ အလယ်ဆင့်တပ်မှူးခွန်အား၊ ပင်မတပည့်"

အရှေ့နေဂိုဏ်းမှာ အဆင့်မြင့်တပ်မှူးတိုက်ခိုက်ရေးရုပ်သေးတွေမရှိပါဘူး၊ ဒါကြောင့် နောက်ထပ်စမ်းသပ်စရာမရှိတော့ပါဘူး။

…

"သူက ပင်မတပည့်ဖြစ်လာမယ်လို့ ငါ မထင်ထားဘူး" လီဖူချန်းက ပင်မတပည့်ဖြစ်လာတာကို သိပြီးနောက် တုန်းယန်ချမ်ယုက အတော်လေးအံ့အားသင့်သွားတယ်။ အတိတ်မှာ သူမက အတွင်းဂိုဏ်းတပည့်ဖြစ်ပြီးမှ ပင်မတပည့်ဖြစ်လာခဲ့တယ်။

မွေးရာပါပါရမီနဲ့ထိုးထွင်းသိမြင်မှုအရ လီဖူချန်းက သူမထက် သေချာပေါက်ပိုမြင့်တယ်လို့ ဆိုလိုတယ်။

"သူက ဂျူနီယာထျန်းရွှေနဲ့ ယှဉ်နိုင်လောက်တယ်"

ထျန်းရွှေက အရှေ့နေဂိုဏ်းရဲ့နံပါတ်၁ပါရမီရှင်ဖြစ်တယ်။ သူ အဆင့်နိမ့်နတ်ဘုရားဖြစ်တုန်းက ထူးကဲအဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တယ်။ သူ အလယ်ဆင့်နတ်ဘုရားဖြစ်တုန်းက ထူးကဲအလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တယ်။ နှစ်တရာကြာပြီးအဆင့်မြင့်နတ်ဘုရားဖြစ်လာပြီးနောက် သူက ထူးကဲအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ သူက ပြီးပြည့်စုံခြင်းအဆင့်ဒါမှမဟုတ်အဆုံးစွန်းအဆင့်အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်မယ်လို့ ထျန်းရွှေက ယုံကြည်ထားတယ်။

…

လီဖူချန်းပင်မတပည့်တစ်ယောက်ဖြစ်လာခြင်းက ကြီးမားတဲ့ဖြစ်ရပ်တစ်ခုကို မဖြစ်စေပါဘူး။

နှစ်ပေါင်းမရေမတွက်များစွာကြာ အရှေ့နေဂိုဏ်းမှာ ပင်မတပည့်တွေများစွာရှိပေမယ့် အစစ်အမှန်နတ်ဘုရားတွေဖြစ်လာနိုင်တာ အနည်းငယ်ပဲရှိတယ်။

ဒါကြောင့် တစ်ယောက်ယောက်က အစစ်အမှန်နတ်ဘုရားတစ်ယောက်မဖြစ်လာရင် ဘယ်လောက်ပဲ အံ့မခန်းဖြစ်နေပါစေ အာရုံစိုက်မှုတွေအများကြီးမရှိပါဘူး။

ဒါက လီဖူချန်းလိုချင်တဲ့အရာပါပဲ။ သူက လူတိုင်းရဲ့မျက်လုံးတွေရဲ့စောင့်ကြည့်မှုအောက်မှာ နေ့တိုင်းမရှင်သန်ချင်ပါဘူး။

စစ်မှူးနဲ့တပ်မှူးတွေလိုပဲ အရှေ့နေဂိုဏ်းတပည့်တွေက ဂိုဏ်းမှ ပစ္စည်းကောင်းတွေ လိုချင်ရင် အမှတ်ကို အသုံးပြုပြီး ဖလှယ်နိုင်တယ်။ ဥပမာအားဖြင့် အလယ်ဆင့်နတ်ဘုရာအသုံးအဆောင်ပစ္စည်းတွေ၊ အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ၊ ရှားပါးတဲ့ကြယ်နှစ်လုံးနတ်ဘုရားဆေးတွေ၊ ကြယ်သုံးလုံးနတ်ဘုရားဆေးတွေ၊ အဆင့်မြင့်နတ်ဘုရားအတတ်တွေ စသဖြင့်။

လီဖူချန်းက ပင်မတပည့်ဖြစ်လာကာစဖြစ်ပြီး လုပ်ဆောင်မှုအမှတ်တွေအများကြီးမရှိပါဘူး။ သူက မီးတာအိုနတ်ဘုရားအတတ်အချို့ကို လုပ်ဆောင်မှုအမှတ်တွေနဲ့ ဖလှယ်ဖို့ စီစဉ်ခဲ့တယ်။

အချိန်အချို့ပေးပြီးနောက် သူ့မှာရှိတဲ့မီးတာအိုနတ်ဘုရားအတတ်တွေနဲ့ဆိုရင် လီဖူချန်းက ထူးကဲအလယ်ဆင့်မီးတာအိုနတ်ဘုရားအတတ်ဆယ်ခုကို ဖန်တီးခဲ့တယ်။ ထူးကဲအလယ်ဆင့်မီးတာအိုနတ်ဘုရားအတတ်တစ်ခုစိီက လုပ်ဆောင်မှုအမှတ်တစ်သောင်းပေးတယ်။ ဆယ်ခုက လုပ်ဆောင်မှုအမှတ်တစ်သိန်းပေးတယ်။

"အနည်းငယ်ပိုကောင်းတဲ့အလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ဖလှယ်ဖို့ မလုံလောက်သေးဘူးပဲ"

ပင်မတပည့်တစ်ယောက်ဖြစ်လာပြီးနောက် လီဖူချန်းက ပြီးပြည့်စုံခြင်းအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့နေတစ်ထောင်ဓားကို ရရှိခဲ့တယ်။ လုပ်ဆောင်မှုအမှတ်ကို သုံးပြီး ၎င်းကို ဖလှယ်မယ်ဆိုရင် နေတစ်ထောင်ဓားတစ်လက်က သန်းအနည်းငယ်တန်တယ်။ လုပ်ဆောင်မှုအမှတ်တစ်သိန်းက သာမန်အလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုအတွက် ဖလှယ်ဖို့လုံလောက်ရုံမျှပဲ။

နတ်ဘုရားအတတ်တွေနဲ့ယှဉ်ရင် နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက တန်ဖိုးကြီးလွန်းတယ်။

တကယ်တော့ လူတိုင်းက နတ်ဘုရားအတတ်တွေကို ဖန်ဝီးနိုင်ပေမယ့် နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို နတ်ဘုရားလက်နက်ထုလုပ်သူတွေကပဲ ပြုလုပ်နိုင်တာလေ။

လုပ်ဆောင်မှုအမှတ်တစ်သိန်းနဲ့အတူ လီဖူချန်းက နတ်ဘုရားစိတ်ဝိညာဉ်ကို အားဖြည့်ပေးတဲ့ ကြယ်နှစ်လုံးနတ်ဘုရားဆေးအမြောက်အများနဲ့ လဲလှယ်ခဲ့တယ်။

လီဖူချန်းထင်ထားသလိုပါပဲ၊ စိတ်ဝိညာဥ်ကို အားဖြည့်ပေးန်ိုင်တဲ့ ကြယ်နှစ်လုံးနတ်ဘုရားဆေးတွေက လီဖူချန်းအတွက် အကူအညီအနည်းငယ်မျှသာ ပေးနိုင်ခဲ့တယ်။ ကြယ်သုံးလုံးနတ်ဘုရားဆေးတွေကပဲ သူ့ကို ကူညီနိုင်မယ်လို့ သူက ယူဆထားတယ်။ ဒါပေမယ့် ကြယ်သုံးလုံးနတ်ဘုရားဆေးတွေက ဂေါ်ဖီထုပ်မဟုတ်ပါဘူး။ အရှေ့နေဂိုဏ်းမှာတောင် ကြယ်သုံးလုံးနတ်ဘုရားဆေးတွေက အရမ်းတန်ဖိုးရှိတယ်။ လုပ်ဆောင်မှုအမှတ်ကြီးကြီးမားမားလိုအပ်တဲ့အပြင် လုပ်ဆောင်မှုအဆင့်ကိုလဲ ကြယ်သုံးလုံးသို့ တိုးမြှင့်ဖို့ လိုအပ်တယ်။

လုပ်ဆောင်မှုအဆင့်ကိုတိုးဖို့တစ်ခုတည်းသောနည်းလမ်းကတော့ ဂိုဏ်းမစ်ရှင်တွေကို ပြီးမြောက်စေဖို့ပဲဖြစ်တယ်။

All Chapters