နတ်ဘုရားဝါးမျိုသူ
Vol. 79 Ch. 1106
ပင်မတပည့်တစ်ယောက်ဖြစ်လာပြီးနောက် လီဖူချန်းမှာ သူ့ရဲ့ကိုယ်ပိုင်တောင်ထွတ်ရှိလာတယ်။
တောင်ထွတ်က မကြီးပေမယ့် အရမ်းလှတယ်။ နတ်ဘုရားကမ္ဘာရဲ့စွမ်းအင်ကလဲ သိပ်သည်းတယ်။ တောင်ရဲ့ခါးပိုင်းနဲ့တောင်ခြေမှာ ရေတံခွန်ဆယ့်ရှစ်ခုရှိတယ်။ ရေတံခွန်တစ်ခုစီမှာ ဆန်းကြယ်တဲ့အစီအရင်ဝင်္ကပါတွေရှိပြီး ကျွမ်းကျင်သူတွေက ဆင်ထားမှန်း သိသာတယ်။
"ဂျူနီယာဖူးချန်၊ မင်းရဲ့နေထိုင်ရာက မဆိုးဘူးပဲ"
လီဖူချန်း ပင်မတပည့်ဖြစ်လာကတည်းက တုန်းယန်ချမ်ယုက မကြာခဏလာတယ်။ သူမတစ်ယောက်တည်းလာတဲ့အချိန်တိုင်း အခြားပင်မတပည့်တွေကိုလဲ ခေါ်လာတယ်။ သူမက လီဖူချန်းကို အခြားသူတွေနဲ့ မိတ်ဆက်ပေးချင်တယ်၊ လီဖူချန်းက သူမရဲ့မိတ်တွေဆိုတာ လူတိုင်းကို ပြောပြချင်မှန်း သိသာတယ်။
လီဖူချန်းက တုန်းယန်ချမ်ယုရဲ့အဆင့်အတန်းကို သိပြီးသားဖြစ်ကာ ပြောလိုက်တယ်"ငါ မင်းနဲ့ အမြဲတမ်းရှိနေရင် ငါ လူတစ်ချို့ကို အပြစ်ပြုမိမှာကို မင်း မကြောက်ဘူးလား"
တုန်းယန်ချမ်ယုရဲ့အဆင့်အတန်း၊ မွေးရာပါပါရမီနဲ့ အသွင်အပြင်အားလုံးက အရှေ့နေဂိုဏ်းမှာ ပထမတန်စားဖြစ်တယ်။ စိတ်ဝင်စားသူတွေအများကြီးရှိမှာ သဘာဝပဲ၊ အချို့က ကြီးမားတဲ့နောက်ခံတွေရှိနိုင်တယ်၊ အစစ်အမှန်နတ်ဘုရားအကြီးအကဲတွေဒါမှမဟုတ်အထက်အကြီးအကဲတွေပေါ့။
"မစိုးရိမ်ပါနဲ့၊ အရှေ့နေဂိုဏ်းက တရားမျှတမှုကို အရမ်းအလေးထားတယ်။ ဒါ့အပြင် အစစ်အမှန်နတ်ဘုရားအကြီးအကဲတွေက ဂျူနီယာတွေရဲ့ကိစ္စတွေမှာ ဝင်မစွက်ဖက်ဘူး"
"အဲလိုဖြစ်ပါစေလို့ မျှော်လင့်ရမှာပဲ"
ဒီရက်တွေအတွင်း ရန်လိုတဲ့ဆန္ဒအချို့ကို လီဖူချန်းက ခံစားမိတယ်။ ဒါကို စဉ်းစားပြီးနောက် ဘာဖြစ်မလဲဆိုတာ သူ သိတယ်။
"သွားကြစို့၊ စီနီယာကွမ်းဝူရဲ့တွေ့ဆုံပွဲက စတော့မယ်။ မနောက်ကျတာ အကောင်းဆုံးပဲ" စီနီယာကွမ်းဝူက အရှေ့နေဂိုဏ်းရဲ့အသန်မာဆုံးပင်မတပည့်တွေထဲကတစ်ယောက်ဖြစ်တယ်။
"ကောင်းပြီလေ"
လီဖူချန်းက ခေါင်းညိတ်ကာ တုန်းယန်ချမ်ယုနဲ့အတူ စီနီယာကွမ်ဝူရဲ့တောင်ထိပ်ဆီ ပျံသန်းသွားတယ်။
အဝေးမှ သူတို့နှစ်ယောက်က တောင်ထိပ်ကို မြင်ရတယ်။ တောင်ထိပ်က တစ်မူးထူးခြားတဲ့ပုံသဏ္ဍာန်ရှိပြီး မွန်းစတားတစ်ကောင်အမြစ်တွယ်နေထိုင်နေတာနဲ့ တူတယ်။
တုန်းယန်ချမ်ယုက ပြောလိုက်တယ်"စီနီယာကွမ်းဝူရဲ့မူလခန္ဓာကိုယ်က ကွမ်းဝူလို့ခေါ်တဲ့နက္ခတ်တာရာဧရာမသားရဲတစ်ကောင်ပဲ။ ဒီကွမ်းဝူတောင်က သူ့ရဲ့မူလခန္ဓာကိုယ်ပဲ"
သူတို့နှစ်ယောက် တောင်ထိပ်ပေါ် ရောက်လာတဲ့အခါ ပင်မတပည့်များစွာ ရောက်ရှိနေပြီဖြစ်တယ်။
လီဖူချန်းက တစ်ချက်ကြည့်လိုက်ပြီး အရှေ့နေဂိုဏ်းရဲ့ပင်မတပည့်ဖြစ်လာသူတွေက နတ်ဘုရားစွမ်းအားအညွှန်းကိန်းအနည်းဆုံးခြောက်သောင်းမှခုနှစ်သောင်းအထိ ရှိလိမ့်မယ်ဆိုတာ သတိပြုမိခဲ့တယ်။ ဒါပေမယ့် တစ်သိန်းကို ကျော်တဲ့သူအနည်းငယ်သာရှိတယ်။
"ဂျူနီယာချမ်ယုက ရောက်လာပြီ"
"ဂျူနီယာချမ်ယု ဒီနေရာမှာ ထိုင်ပါ"
"သူမနောက်ကကောင်လေးက ဘယ်သူလဲ"
တုန်းယန်ချမ်ယုက အရှေ့နေဂိုဏ်းမှာ လူသိများလေ၊ လီဖူချန်းက အာရုံစိုက်မှုတွေကို ပိုခံရလေပဲ။ လူအများစုက လီဖူချန်းကို အကဲဖြတ်နေကြတယ်၊ တုန်းယန်ချမ်ယုက သူမနဲ့အတူ ခေါ်လာလောက်တဲ့အထိ ဒီလူက ဘယ်သူလဲကို သိချင်နေကြတယ်။
"မင်း မသိသေဘူးပဲ။ ဒီလူက ဂျူနီယာညီမချမ်ယုရှာတွေ့ခဲ့တဲ့ပါရမီရှင်တစ်ယောက်ပဲ။ ဂျူနီယာညီမချမ်ယုအရ သူ့ရဲ့ပါရမီနဲ့ထိုးထွင်းသိမြင်မှုက သူမထက် သာတယ်ဆိုပဲ"
"ဒါ ဘယ်လိုဟာသလဲ။ ဂျူနီယာညီမချမ်ယုက ငါတို့အရှေ့နေဂိုဏ်းရဲ့ထိပ်ဆုံးပါရမီရှင်ဆယ်ယောက်ထဲကတစ်ယောက်လေ။ သူရဲ့ပါရမီက သူမထက် ဘယ်လိုလုပ်မြင်နိုင်မှာလဲ"
ဂျူနီယာညီမချမ်ယုက သူ့ကို သိမ်းသွင်းဖို့ ကြိုးစားနေတာပဲ ဖြစ်ရမယ်။ ဒါပေမယ့် ဂျူနီယာညီမချမ်ယုတောင် သိမ်သွင်းရတယ်ဆိုတော့ သူက တစ်ခုခုတော့ထူးခြားမှာပဲ"
"ငါတို့မကြာခင်သိရမှာပါ။ လှုပ်ရှားလာမယ့်သူတွေရှိလာမှာပါ"
လူတိုင်းက အမျိုးမျိုးဆွေးနွေးနေကြတော့တယ်။
"ဂျူနီယာညီမချမ်ယု၊ ဘာလို့ဒိီနေရာမှာ လာမထိုင်တာလဲ"
တောင်ထိပ်မှာ စင်တွေ အများကြီးရှိတယ်။ စင်တွေထဲကတစ်ခုမှာ နဖူးပေါ်မှာဦးချိုတစ်ချောင်းနဲ့ခရမ်းရောင်ဝတ်ရုံလူငယ်တစ်ယောက်ရှိတယ်။ သူ့ကို လူအများကြီးက ဝန်းရံထားပြီး မြင့်မြတ်ပြီးမောက်မာတဲ့အရှိန်အဝါရှိတယ်။ သူက တုန်းယန်ချမ်ယုကို မြင်တဲ့အခါ လျင်မြန်စွာ အော်ခေါ်လိုက်တယ်။
တုန်းယန်ချမ်ယုက မျက်မှောင်ကြုတ်ကာ လီဖူချန်းကို ပြောလိုက်တယ်"ဒီလူက မဟာအကြီးအကဲရဲ့မြေးနိုင်ခွိုက်ပဲ"
သူမရဲ့အဖေက အရှေ့နေဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင်ဖြစ်ပေမယ့် ဂိုဏ်းထဲမှာ နောက်ဆုံးအဆုံးအဖြတ်ပေးရသူမဟုတ်ပါဘူး။ မဟာအကြီးအကဲနိုင်က အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး သူ့ခွန်အားက သူမအဖေထက် မနိမ့်ကျပါဘူး။
အစစ်အမှန်နတ်ဘုရားအကြီးအကဲတွေက ဂျူနီယာတွေရဲ့ကိစ္စတွေကို မနှောင့်ယှက်ဘူးဆိုပေမယ့် နောက်ခံက နောက်ခံပါပဲလေ။
နင်ခွိုက်ရဲ့အဖိုးက အရှေ့နေဂိုဏ်းရဲ့မဟာအကြီးအကဲဆိုတော့ သူက သူမကို ပေါ်တင်လိုက်ရဲတာပေါ့၊ ဒါက သူမကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေတယ်။
"စီနီယာ နိုင်ခွိုက်၊ ငါ လုပ်စရာတစ်ခုခုရှိသေးတယ်" တုန်းယန်ချမ်ယုက ချက်ချင်း ငြင်းပယ်လိုက်တယ်။
နိုင်ခွိုက်က လျှောက်လာပြီး နှစ်ယောက်လုံးရဲ့လမ်းကို ပိတ်လိုက်တယ်။ သူက ပြုံးကာ ပြောလိုက်တယ်"ဂျူနီယာချမ်ယု၊ မင်း ငါ့ကို မကြိုက်တာ ငါ သိပေမယ့် ငါ မင်းကို ကြိုက်သရွေ့ အဲဒါက ပြဿနာမဟုတ်ဘူး။ မင်းဘေးနားကလူတွေအတွက်ကတော့ ငါ သူတို့ကို ပထုတ်ပြီး မင်းကို ကူညီပေးမှာပါ" ပြောရင်း နိုင်ခွိုက်က လီဖူချန်းကို စိုက်ကြည့်ပြီး ခရမ်းရောင်မိုးကြိုးသွားနှစ်ခုကို လီဖူချန်းထံ ပစ်လွှတ်လိုက်တယ်။
ထူးကဲအလယ်ဆင့်နတ်ဘုရားအတတ်၊ ခရမ်းရောင်လျှပ်စီးနတ်ဆိုးမျက်လုံး။
အုန်း အုန်း.......
စိတ်မကောင်းစွာနဲ့ ခရမ်းရောင်မိုးကြိုးသွားတွေက လီဖူချန်းက မထိတွေ့နိုင်ခင် ပျောက်ကွယ်သွားခဲ့တယ်။
လီဖူချန်းရဲ့ခန္ဓာကိုယ်မျက်နှာပြင်ပေါ်မှာ တိုက်ခိုက်မှုအားလုံးကို ပျက်ပြယ်စေနိုင်တဲ့ ပြိုင်ဘက်ကင်းအတားအဆီးတစ်ခုရှိပုံရတယ်။
"အမ်"
နိုင်ခွိုက်ရဲ့မျက်လုံးက ကျဉ်းမြောင်းသွားပြီး သူက အတော်လေးအံ့အားသင့်သွားတယ်။
မျက်လုံးနည်းစနစ်နတ်ဘရားအတတ်တွေက ခုခံရတာ အခက်ခဲဆုံးဖြစ်တယ်။ တန်ဖိုးနဲ့တိုက်ခိုက်မှုထိရောက်နိုင်စွမ်းအရ သူ့ရဲ့ထူးကဲအလယ်ဆင့်နတ်ဘုရားအတတ်ဖြစ်တဲ့ခရမ်းရောင်လျှပ်စီးနတ်ဆိုးမျက်လုံးက သာမန်အဆင့်မြင့်နတ်ဘုရားအတတ်တွေနဲ့ ယှဉ်နိုင်တယ်။ ဒါပေမယ့် အဲဒါက လီဖူချန်းကို ဒဏ်ရာမရစေနိုင်ခဲ့ဘူးပဲ။
"စီနီယာနိုင်ခွိုက်၊ နင် တရားလွန်သွားပြီ" တုန်းယန်ချမ်ယုက ဒေါသနဲ့ ပြောလိုက်တယ်။
"နိုင်ခွိုက်က ပြုံးကာ ပြောလိုက်တယ်"ငါ စောစောက ငါ့နတ်ဘုရားစွမ်းအားရဲ့တစ်ဆယ်ရာခိုင်နှုန်းကိုပဲ အသုံးပြုခဲ့တာပါ။ ဂျူနီယာညီမချမ်ယုအနေနဲ့ စိုးရိမ်စရာမလိုပါဘူး"
"စီနီယာနိုင်ခွိုက်၊ စီနီယာအမချမ်ယု၊ ဖလှယ်မှုက မစရသေးဘူး။ ငါ ပျင်းလာပြီ၊ ဘာလို့ ငါ့ကို သူနဲ့ လေ့ကျင့်ခွင့်မပြုတာလဲ" လူရွယ်တစ်ယောက် နိုင်ခွိုက်အနောက်မှာ လာရပ်ကာ အကြံပြုလိုက်တယ်။
တုန်းယန်ချမ်ယုက လီဖူချန်းကိုယ်စားငြင်းချင်ခဲ့ပေမယ့် နိုင်ခွိုက်က ပြောလိုက်တယ်"သူ ဦးချိုခွင်းကို အနိုင်ရရင် ငါ မင်းကို ဆက်အနှောင့်အယှက်မပေးတော့ဘူး"
"ဒါ အကောင်းဆုံးပဲ"
လီဖူချန်းက ထရပ်လိုက်တယ်။
"ဂျူနီယာဖူချန်း၊ နင် ဂရုစိုက်ရမယ်။ ဒီဦးချိုခွင်းက စီနီယာကွမ်းဝူနဲ့အတူတူပဲ။ သူ့ရဲ့မူလခန္ဓာကိုယ်က နက္ခတ်တာရာဧရာမသားရဲတစ်ကောင်ဖြစ်ပြီး သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အလွန်အမင်းအားကောင်းတယ်။ သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်သိန်းသုံးသောင်းလောက်ရှိပြီး သူက သာမန်အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုဖြစ်တဲ့နတ်ဘုရားဝါးမျိုသူကိုလဲ ဖန်တီးထားခဲ့တယ်" တကယ်တော့ တုန်းယန်ချမ်ယုလဲ လီဖူချန်းရဲ့ခွန်အားအဆင့်ကို သိချင်ခဲ့တယ်။ ဦးချိုခွင်းရဲ့နတ်ဘုရားစွမ်းအားက အားကောင်းပေမယ့် သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက မမြင့်ဘူး၊ လေးဆယ်ရာခိုင်နှုန်းပဲရှိတယ်။ လီဖူချန်းက ဦးချိုခွင်းကို မနိုင်ရင်တောင် ရုပ်ပျက်ဆင်းပျက်ရှုံးနိမ့်မှာမဟုတ်လောက်ဘူး။
ရုတ်ရုတ်သဲသဲဖြစ်ရပ်က ပင်မတပည့်များစွာရဲ့အာရုံကို ဆွဲဆောင်ခဲ့ပြီး အချို့က ရောက်ရှိလာကြတယ်။
"ဒါ ဦးချိုခွင်းပဲ။ သူက နိုင်ခွိုက်ဘေးနားက ကျွမ်းကျင်သူတစ်ယောက်ပဲ"
"ဟုတ်တယ်၊ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုနိမ့်ကျရင်တောင် ဦးချိုခွင်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းတစ်သိန်းသုံးသောင်းက အရမ်းကြောက်စရာကောင်းတယ်"
ပင်မတပည့်တွေကြားမှာ နတ်ဘုရားစွမ်းအားအညွှန်းကိန်းတစ်သိန်းကျော်တဲ့သူက အရမ်းရှားတယ်။ ဒါပေမယ့် တိုက်ခိုက်ရေးခွန်အားက နတ်ဘုရားစွမ်းအားအညွှန်းကိန်းနဲ့ပဲ ဆက်စပ်တာ မဟုတ်ပါဘူး၊ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုနဲ့လဲ ဆက်စပ်တယ်။ အချို့ပါရမီရှင်တွေရဲ့နတ်ဘုရားစွမ်းအားက အားမကောင်းပေမယ့် သူတို့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက အရမ်းမြင့်တယ်။ အဲဒါက သူတို့ထက် နတ်ဘုရားစွမ်းအားအညွှန်းကိန်းပိုမြင့်တဲ့ရန်သူတွေကို အလွယ်တကူအနိုင်ယူနိုင်စေတယ်။
"အာဒန်အရိပ်"
နတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာပြီး ဦးချိုခွင်းပတ်လည်ရှိလေက ကျောက်ရည်ပူထက်တောင် ပိုစေးကပ်လာတယ်။ ပြီးနောက် မျက်ကွယ်အလင်းတစ်ခုက ဦးချိုခွင်းရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး လီဖူချန်းကို ဝန်းရံသွားတယ်။
အဆုံးစွန်းအလယ်ဆင့်နတ်ဘုရားအတတ်....အာဒန်အရိပ်။
The Ardent Shadow had a massive range and it wasn't easy to dodge.
အာဒန်အရိပ်က ကြီးမားတဲ့အကွာအဝေးအတိုင်းအတာရှိပြီး ရှောင်တိမ်းရတာ မလွယ်ပါဘူး။
ဦးချိုခွင်းရဲ့အတွေးက အရမ်းရိုးရှင်းတယ်၊ နတ်ဘုရားစွမ်းအားကို သုံးပြီး လီဖူချန်းကို ရိုက်နှက်ဖို့ပါပဲ။ လီဖူချန်းကို အာဒန်အရိပ်က ဝန်းရံသွားတာနဲ့ ဦးချိုခွင်းရဲ့အားကောင်းတဲ့နတ်ဘုရားစွမ်းအားက လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားကို ချေမှုန်းဖို့ လုံလောက်တယ်။
ဦးချိုခွင်းရဲ့အဆုံးစွန်းအလယ်ဆင့်နတ်ဘုရားအတတ်နဲ့ ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက မရွေ့လျားခဲ့ပါဘူး၊ လက်သီးချက်တစ်ခုကို ထုတ်ဖော်ကာ မီးပွားတွေ ပြန့်ကျဲစေလိုက်တယ်။
အဆုံးမဲ့မီးတာအိုနတ်ဘုရားအတတ်.....အာဒန်မီးလျှံလက်သီး။
ဝှစ်......
အာဒန်အရိပ်က လက်သီးအားကြောင့် အရည်ပျော်ကျသွားတယ်။ ကျန်ရှိနေတဲ့လက်သီးအားက ဦးချိုခွင်းထံ ဝင်ရောက်လာတယ်။
အာဒန်မီးလျှံလက်သီးရဲ့နာမည်က သာမန်ဆန်ပေမယ့် စွမ်းအားက သာမန်မဟုတ်ပါဘူး။
"ဘာ"
ဦးချိုခွင်းက ထိတ်လန့်သွားတယ်။
လီဖူချန်းရဲ့မီးတာအိုနတ်ဘုရားစွမ်းအားက သူ့လောက်အားမကောင်းဘူးဆိုတာ သူမြင်နိုင်တယ်။ ဒါ့ပြင် လီဖူချန်းရဲ့နတ်ဘုရားအတတ်ကလဲ အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုမဟုတ်ဘူး။ ဒါပေမယ့် လီဖူချန်းက ဘာလို့ သူ့ရဲ့အာဒန်အရိပ်ကို ဖျက်ဆီးန်ိုင်ခဲ့တာလဲ။
"ဒါ ဖြစ်နိုင်မလား"
လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက သူ့ထက် ပိုမြင့်တယ်ဆိုတာ သိဖို့ ခန့်မှန်းစရာတောင် မလိုခဲ့ပါဘူး။
လက်သီးအားကျရောက်လာတဲ့အခါ ဦးချိုခွင်းက လက်သီးနဲ့ တန်ပြန်တိုက်ခိုက်လိုက်ပြီး ကျန်ရှိနေတဲ့အာဒန်မီးလျှံလက်သီးအားကို ပျောက်ကွယ်စေခဲ့တယ်။
"ငါ့ရဲ့နောက်တစ်ကွက်ကို လက်ခံစမ်း၊ ရွှံ့ဗွက်အကျဉ်းထောင်"
ဦးချိုခွင်းရဲ့ခန္ဓာကိုယ်က တုန်ခါသွားတယ်။ နတ်ဘုရားစွမ်းအားက ကျယ်ပြန့်တဲ့ပင်လယ်တစ်ခုပမာဖြစ်ပြီး ရွှံ့ဗွက်တွေက ဦးတည်ဘက်တိုင်းမှာ ထိုးတက်လာတယ်။
အဆုံးစွန်းအလယ်ဆင့်နတ်ဘုရားအတတ်....ရွှံ့ဗွက်အကျဉ်းထောင်။
ဒါ့အပြင် ဒီအလယ်ဆင့်နတ်ဘုရားအတတ်က ပိုင်နက်အမျိုးအစားအလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။
အဆင့်မြင့်နတ်ဘုရားအတတ်ကို မဖန်တီးခင် ရွှံ့ဗွက်အကျဉ်းထောင်က ဦးချိုခွင်းရဲ့ဝှက်ဖဲဖြစ်ခဲ့တယ်။
သူ့မှာ အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုရှိနေရင်တောင် ရွှံ့ဗွက်အကျဉ်းထောင်က အလွန်အသုံးဝင်တယ်။ အကြိမ်အများစုမှာ ၎င်းက အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုထက် ပိုအသုံးဝင်တယ်။
ဦးချိုခွင်းက ပိုင်နက်အမျိုးအစားအဆုံးစွန်းအလယ်ဆင့်နတ်ဘုရားအတတ်ဖြစ်တဲ့ရွှံ့ဗွက်အကျဉ်းထောင်ကို ဖန်တီးနိုင်ခဲ့တယ်။ အကြောင်းကတော့ သူ့ရဲ့မွေးရာပါထိုးထွင်းသိမြင်မှုကြောင့်မဟုတ်ဘူး၊ အဓိကကတော့ ရွှံ့ဗွက်အကျဉ်းထောင်က သူ့ရဲ့နက္ခတ်တာရာဧရာမသားရဲသွေးမျိုးဆက်နဲ့ ဆက်စပ်နေလို့ပဲ။
"ဒိလိုအံ့မခန်းပိုင်နက်အမျိုးအစားနတ်ဘုရားအတတ်"
ကြည့်ရှုနေသူတွေကိုတောင် အနည်းငယ်သက်ရောက်သလိုဖြစ်ပြီး သူတို့ရဲ့ခန္ဓာကိုယ်က ပိုလေးလံလာသလို ခံစားမိတယ်။ သူတို့က ရွှံ့ဗွက်ထဲမှာ နစ်နေပြီး လုံးဝမလှုပ်ရှားနိုင်သလို ခံစားရတယ်။
"ပိုင်နက်အမျိုးအစားအလယ်ဆင့်နတ်ဘုရားအတတ်က တကယ်ပါပဲ။ နှစ်ဖက်လုံးက ခွန်အားချင်းတူညီနေရင်း ပိုင်နက်အမျိုးအစားနတ်ဘုရားအတတ်ရှိတဲ့သူက အဆုံးမှာ ရယ်မောနိုင်လိမ့်မယ်"
အစောပိုင်းက လီဖူချန်းက အနည်းငယ်အသာစီးရခဲ့ပေမယ့် လူတိုင်းက လီဖူချန်းကို အမြင့်ကြီးမတွေးထားခဲ့ပါဘူး။
"ပိုင်နက်နတ်ဘုရားအတတ်လား၊ ဟမ်။ ငါ့မှာလဲ ရှိတယ်"
လီဖူချန်းရဲ့ခန္ဓာကိုယ်လဲ တုန်ခါသွားတယ်။ မီးကွင်းတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်လာပြီး ဦးချိုခွင်းရဲ့ရွှံ့ဗွက်အကျဉ်းထောင်နဲ့ ရင်ဆိုင်ခဲ့တယ်။
အုန်း.....
ဟင်းလင်းပြင်က တုန်ခါသွားပြီး ပြာတွေက ကောင်းကင်မှာ ပြန့်ကျဲသွားတယ်။ ဦးချိုခွင်းရဲ့ရွှံ့ဗွက်အကျဉ်းထောင်က အရင်ပျက်ဆီးသွားတယ်။ ထို့နောက် လီဖူချန်းရဲ့မီးကွင်းကလဲ ပျက်ဆီးသွားခဲ့တယ်။
"ဘာ။ သူမှာလဲ ထူးကဲအလယ်ဆင့်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုရှိတာလား။ ဘယ်အချိန်ကတည်းက ပိုင်နက်နတ်ဘုရားအတတ်တွေကို ဖန်တီးဖို့ ဒီလောက်လွယ်သွားရတာလဲ"
လူတိုင်းက အလွန်အံ့ဩတုန်လှုပ်သွားကြတယ်။
ပိုင်နက်နတ်ဘုရားအတတ်တွေက ဖန်တီးရတာ အလွန်ခက်ခဲတယ်လေ။ ပင်မတပည့်များစွာက အဆင့်မြင့်နတ်ဘုရားအတတ်တွေကို ဖန်တီးထားပေမယ့် တစ်ယောက်မှ ပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို မဖန်တီးနိုင်ကြဘူး။ တကယ်တော့ သူတို့က ထူးကဲအလယ်ဆင့်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုကိုတောင် မဖန်တီးနိုင်ကြဘူး။ ဒါပေမယ့် အဓိကအားဖြင့် လူတစ်ယောက်ရဲ့စွမ်းအင်က အကန့်အသတ်ရှိပြီး ဘက်စုံတော်ဖို့က မဖြစ်နိုင်ဘူး။ လူတိုင်းက လီဖူချန်းလို အားကောင်းတဲ့အစစ်အမှန်နတ်ဘုရားနဲ့ယှဉ်နိုင်တဲ့နတ်ဘုရားစိတ်ဝိညာဉ်ထိုးထွင်းသိမြင်မှုတွေရှိကြတာမဟုတ်ဘူးလေ။
"ငါ မင်းကို အထင်သေးမိခဲ့တာပဲ။ အခု ငါ့ရဲ့အဆင့်မြင့်နတ်ဘုရားအတတ်ကို မင်းကို မြင်တွေ့ခွင့်ပေးမယ်"
ဦးချိုခွင်းရဲ့မျက်လုံးတွေက ခက်ထန်သွားပြီး နတ်ဘုရားစွမ်းအားကို ထပ်မံပေါက်ကွဲထွက်စေလိုက်တယ်။ ဧရာမအရိပ်တစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်လာတယ်။
၎င်းက ငှက်တစ်ကောင်နဲ့တူတဲ့ဧရာမသားရဲတစ်ကောင်ဖြစ်ပေမယ့် ငှက်တစ်ကောင်မဟုတ်ပါဘူး၊ ငါးတစ်ကောင်နဲ့တူပေမယ့် ငါးတစ်ကောင်မဟုတ်ပါဘူး။ ၎င်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ဦးချိုဆယ့်ရှစ်ခုရှိတယ်။ ဧရာမသားရဲက ပါးစပ်ကို ဟပြီး ဝဲတစ်ခုကို ထုတ်ကာ လီဖူချန်းကို ဝါးမျိုဖို့ ကြိုးစားလိုက်တယ်။
အဆင့်မြင့်နတ်ဘုရားအတတ်.....နတ်ဘုရားဝါးမျိုသူ။