သွေးမျိုးဆက်နတ်ဘုရားအတတ်
Vol. 79 Ch. 1109
ဖလှယ်မှုက အဆုံးသတ်လာသလို စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲအားလုံးကို ဖြန့်ဝေပေးပြီးပါပြီ။
"ဂျူနီယာညီမချမ်ယု၊ ပျော်စရာအချို့လုပ်ကြရအောင်......." လူတိုင်းက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားပုံဆောင်ခဲကို စိတ်မဝင်စားကြပါဘူး။ တောင်ထိပ်ရှိနေရာလွတ်မှာ လှပတင့်တယ်တဲ့ပုံရိပ်တစ်ခုက ဆင်းသက်လာတယ်။ အဲဒါက ခရမ်းရောင်မျက်လုံးအရိပ်နဲ့အတူ လှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။
"စီနီယာအမဝူ၊ ငါ နင့်ရဲ့ဖိတ်ခေါ်မှုကို လက်ခံပါ့မယ်"
တုန်းယန်ချမ်ယုက ထရပ်ပြီး လှပတဲ့အမျိုးသမီးရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။
ဝုန်း.....ဝုန်း......
နှစ်ယောက်ကြားတိုက်ပွဲက ကြမ်းလှတယ်။ စီနီယာအမဝူကလဲ အရှေ့နေဂိုဏ်းရဲ့ထိပ်ဆုံးပါရမီရှင်ဆယ်ယောက်ထဲကတစ်ယောက်ဖြစ်တယ်။သူမရဲ့နာမည်က ဝူကျီဖြစ်တယ်။
"အဆုံးစွန်းခရမ်းရောင်ကောင်းကင်ဘုံနဲ့မြေကြီး"
"အာဒန်နေပိုင်နက်"
နှစ်ယောက်လုံးက သူတို့ရဲ့အဆင့်မြင့်နတ်ဘုရားအတတ်တွေကို တစ်ပြိုင်နက်တည်း အသုံးပြုခဲ့တယ်။
ဝူကျီရဲ့ပိုင်နက်တစ်ဝက်က ခရမ်းရောင်ပြောင်းသွားပြီး တုန်းယန်ချမ်ယုရဲ့ပိုင်နက်တစ်ဝက်က ရွှေရောင်ပြောင်းသွားတယ်။
ခရမ်းရောင်နဲ့ရွှေရောင်ထိပ်တိုက်တွေ့ခြင်း။
"အဆုံးစွန်းခရမ်းရောင်ဓားမော့....."
ဝူကျီရဲ့အလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက သေးငယ်တဲ့ခရမ်းရောင်ဓားမော့တစ်လက်ဖြစ်တယ်။ ဓားသွားကို ခုတ်လွှဲလိုက်ရာ ခရမ်းရောင်ဓားသွားအလင်းတွေက တုန်းယန်ချမ်ယုဆီ ပျံသန်းလာတယ်။ အနီးကပ်စစ်ဆေးကြည့်ရင် အလင်းတန်းတစ်ခုစီမှာ သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာပါဝင်နေပုံရတာကို မြင်နိုင်တယ်။
ထူးကဲအဆင့်မြင့်နတ်ဘုရားအတတ်-အဆုံးစွန်းခရမ်းရောင်ဓားမော့။
တုန်းယန်ချမ်ယုက ဝူကျီရဲ့အဆုံးစွန်းခရမ်းရောင်ဓားမော့နဲ့ ရင်ဆိုင်ရတဲ့အခါ သတိပေါ့မရဲပါဘူး။ သူမရဲ့နဖူးရှိနေတ်ဘုရားမျက်လုံးက ပွင့်လာပြီး မျက်ကွယ်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်တယ်။
အလင်းတန်းက ကြောက်စရာကောင်းပြီး ၎င်းသွားတဲ့နေရာတိုင်းမှာ ဟင်းလင်းပြင်က ပွက်ပွက်ဆူသွားတယ်။
နေနတ်ဘုရားမျက်လုံးက တုန်းယန်ကလန်ရဲ့သွေးမျိုးဆက်အတတ်တစ်ခုဖြစ်တယ်။ တုန်းယန်ကလန်ရှိလူတိုင်းက နေနတ်ဘုရားမျက်လုံးကို မပိုင်ဆိုင်ပါဘူး။ တစ်ရာမှာ တစ်ယောက်နှစ်ယောက်ကပဲ ပိုင်ဆိုင်တယ်။
သွေးမျိုးဆက်အတတ်တစ်ခုအနေနဲ့ နေနတ်ဘုရားမျက်လုံးက အလွန်အားကောင်းတယ်။ ၎င်းက စိတ်ဝိညာဥ်နတ်ဘုရားနယ်ပယ်ကိုကျော်ဖြတ်ခဲ့တဲ့တည်ရှိမှုတစ်ခုဖြစ်တဲ့တုန်းယန်ကလန်ရဲ့ပထမခေါင်းဆောင်မှ အစပြုလာခဲ့တယ်။
တုန်းယန်ချမ်ယုက နေနတ်ဘုရားမျက်လုံးကို အသုံးပြုတာကို မြင်ပြီး ကွမ်းဝူနဲ့နိုင်ခွိုက်တို့ရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
"ငါ့ရဲ့ဘိုးဘေးတွေမှာ စိတ်ဝိညာဥ်နတ်ဘုရားနယ်ပယ်ကိုကျော်ဖြတ်ခဲ့တဲ့တည်ရှိမှုတစ်ခုရှိခဲ့ရင် အရမ်းကောင်းမှာပဲ" ကွမ်းဝူက အားကျနေမိတယ်။
ဂျူနီယာညီမချမ်ယု၊ မင်းက တုန်းယန်ကလန်ရဲ့သမိုင်းမဖျာ အသန့်စင်ဆုံးသွေးမျိုးဆက်ရှိတယ်၊ ငါလဲ နိုင်မိသားစုရဲ့သမိုင်းမှာ အသန့်စင်ဆုံးသွေးမျိုးဆက်ရှိတယ်။ နှစ်ယောက်ပေါင်းစည်းပြီးမွေးဖွားလာတဲ့ကလေးက ပိုတောင် သန်မာလိမ့်မယ်၊ ဒါကြောင့် ငါ မင်းကို ရကိုရရမယ်။
နိုင်မိသားစုရဲ့ပထမဆုံးဘိုးဘေးကလဲ စိတ်ဝိညာဥ်နတ်ဘုရားနယ်ပယ်ကိုကျော်လွန်ခဲ့တဲ့အားကောင်းတဲ့တည်ရှိမှုတစ်ခုပါပဲ။ ဒါပေမယ့် နိုင်မိသားစုရဲ့ဘိုးဘေးက တုန်းယန်မိသားစုရဲ့ဘိုးဘေးထက် အများကြီးပိုအားနည်းတယ်။ အနည်းဆုံးတုန်းယန်မိသားစုမှာ သွေးမျိုးဆက်နတ်ဘုရားအတတ်နှစ်ခုရှိပြီး နိုင်မိသားစုမှာ တစ်ခုပဲရှိတယ်။
ဖြောက်......
ပြိုင်ဘက်ကင်းတယ်လို့ထင်ရတဲ့ခရမ်းရောင်ဓားသွားအလင်းက မျက်ကွယ်အလင်းနဲ့အတွေ့မှာ အရည်ပျော်ကျသွားပြီး တုန်းယန်ချမ်ယုအတွက် ခြိမ်းခြောက်မှုတစ်ခုမဖြစ်စေခဲ့ပါဘူး။
"ကောင်းကင်ဘုံနဲ့မြေကြီးပြောင်းပြန်လှန်ခြင်း"
ဝူကျီက နောက်ထပ်ထူးကဲအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို အသုံးပြုခဲ့တယ်။ အဲဒါက နေရာလပ်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။ မျက်ကွယ်အလင်းက ဒီနေရာလပ်နတ်ဘုရားအတတ်ကို အရည်ပျော်ကျစေခဲ့ပြီး ၎င်းရဲ့အစိတ်အပိုင်တစ်ခုက ဝူကျီကို ထိမှန်သွားစေတယ်။
သူမရဲ့ခန္ဓာကိုယ်ပေါ်ရှိမီးလျှံတွေကို ငြိမ်းသတ်လျက် ဝူကျီရဲ့အမူအရာက အရုပ်ဆိုးနေတယ်။ သူမက အလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို မဝတ်ထားရင် ဒီတိုက်ခိုက်မှုက သူမကို ဒဏ်ရာရစေလိမ့်မယ်။
ဒီလောက်နှစ်များစွာကြာပြီးနောက် တုန်းယန်ချမ်ယုရဲ့နေနတ်ဘုရားမျက်လုံးက ပိုတောင်အားကောင်းလာမယ်လို့ သူမက မမျှော်လင့်ထားခဲ့ဘူး။
"သွေးမျိုးဆက်နတ်ဘုရားအတတ်ဆိုတဲ့အတိုင်းပဲ။ မင်းမှာ နေနတ်ဘုရားမျက်လုံးမရှိရင် မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး" ဝူကျီက ပြောလိုက်တယ်။
ဘယ်လိုသွေးမျိုးဆက်နတ်ဘုရားအတတ်တစ်ခုမဆို အလွန်အားကောင်းတယ်။ တကယ်တော့ စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုကျော်လွန်တဲ့အားကောင်းတဲ့တည်ရှိမှုတစ်ခုကသာ သွေးနတ်ဘုရားအတတ်တစ်ခုကို လက်ဆင့်ကမ်းနိုင်တယ်လေ။ ဒါ့အပြင် စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုကျော်လွန်တဲ့တည်ရှိမှုတစ်ခုကဖန်တီးခဲ့တဲ့နတ်ဘုရားအတတ်က အဆင့်မြင့်နတ်ဘုရားအတတ်လဲမဖြစ်နိုင်ဘူး၊ အစစ်အမှန်နတ်ဘုရားအတတ်လဲမဖြစ်နိုင်ဘူး။ အဲဒါက စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုကျော်လွန်တဲ့ကြောက်စရာကောင်းတဲ့နတ်ဘုရားအတတ်တစ်ခုပဲဖြစ်ရမယ်။
အခြားစကားဖြင့်ဆိုရရင် တုန်းယန်ချမ်ယုက စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုကျော်လွန်တဲ့နတ်ဘုရားအတတ်တစ်ခုကို သင်ယူပြီးပါပြီ။
ဒီအဆင့်မှာ လူတိုင်းက အဆင့်မြင့်နတ်ဘုရားအတတ်ပဲ ရှိပေမယ့် တုန်းယန်ချမ်ယုက စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုကျော်လွန်တဲ့နတ်ဘုရားအတတ်ကို အသုံးပြုခဲ့တယ်။
ဒါပေမယ့် တုန်းယန်ချမ်ယုအနေနဲ့ နေနတ်ဘုရားမျက်လုံးရဲ့အစစ်အမှန်စွမ်းအားကို ဖော်ပြဖို့က မဖြစ်နိုင်ပါဘူး။ သွေးမျိုးဆက်နတ်ဘုရားအတတ်ရဲ့စွမ်းအားက တစ်စုံတစ်ယောက်ရဲ့အသက်အားအဆင့်၊ သွေးမျိုးဆက်သန့်စင်မှုနဲ့ မွေးရာပါပါရမီတို့နဲ့ ဆက်စပ်တယ်။ တုန်းယန်ချမ်ယုရဲ့နေနတ်ဘုရားမျက်လုံးက အဆင့်မြင့်နတ်ဘုရားအတတ်အဆင့်သာ ရှိသေးတယ်။
"သွေးမျိုးဆက်နတ်ဘုရားအတတ်က ငါ့ရဲ့သွေးမျိုးဆက်ကနေ မြစ်ဖျားခံလာတာ၊ ငါ့ရဲ့သွေးမျိုးဆက်က ငါနဲ့သက်ဆိုင်တယ်။ အဲဒါက ငါ့ခွန်အားရဲ့အစိတ်အပိုင်းတစ်ခုပဲ။ စီနီယာ၊ ရှင်က အရှုံးကြောင့် ကျွဲမြီးတိုနေတာလား" တုန်ယန်းချမ်ယုက ပြုံးလိုက်တယ်။
သူမက ဝူကျီကို အနိုင်ရခဲ့တယ်၊ ဘာလို့လဲ၊ သူမရဲ့သွေးမျိုးဆက်နဲ့သွေးမျိုးဆက်နတ်ဘုရားအတတ်ကြောင့်ပဲ။ ဒါပေမယ့် သူမရဲ့အားသာချက်ကို အသုံးမပြုရလောက်တဲ့အထိ သူမက အရူးမဟုတ်ပါဘူးလေ။
နတ်ဘုရားကမ္ဘာမှာ အားကောင်းတဲ့သွေးမျိုးဆက်တွေက နေရာတိုင်းမှာ ရှိပြီး အကြွင်းမဲ့တရားမျှမှုဆိုတဲ့အရာက မရှိပါဘူး။
အကြွင်းမဲ့တရားမျှတမှုဆိုတာက တကယ်တော့ အကြွင်းမဲ့တရားမမျှတမှုပါပဲ။
"ဟမ့်"
ဝူကျီက ဆန္ဒမရှိပေမယ့် လက်ခံလိုက်ရပါတယ်။
"နေနတ်ဘုရားမျက်လုံးက တကယ်အားကောင်းတယ်။ ၎င်းက ပြီးပြည့်စုံခြင်းအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုထက် မနိမ့်ကျလောက်ဘူး" တုန်းယန်ချမ်ယုက စင်မြင့်ဆီ ပြန်လာတဲ့အခါ လီဖူချန်းက ချီးကျူးလိုက်တယ်။
သူက သွေးမျိုးဆက်နတ်ဘုရားအတတ်နဲ့ပတ်သက်ပြီး နားလည်မှုအချို့ရှိခဲ့တယ်။ အဲဒါက သွေးမျိုးဆက်ရဲ့အနက်ပိုင်းထဲမှာ ဖုံးကွယ်ထားတဲ့အတတ်တစ်ခုပဲ။ သွေးမျိုးဆက်က ပိုသန့်စင်ပြိးပိုသိပ်သည်းလေ၊ သွေးမျိုးဆက်နတ်ဘုရားအတတ်ကို နိုးထဖို့က ပိုလွယ်ကူလေပဲ။ သွေးမျိုးဆက်က အရောရောအနှောနှောဖြစ်နေပြီးပါးလွှာရင် သွေးမျိုးဆက်နတ်ဘုရားအတတ်ကို နိုးထနိုင်လိမ့်မှာမဟုတ်ဘူး။
သွေးမျိုးဆက်နတ်ဘုရားအတတ်ကို အမွေဆက်ခံဖို့ အရမ်းခက်ခဲတယ်။ စိတ်ဝိညာဉ်နတ်ဘုရားကတောင် နတ်ဘုရားအတတ်ကို သွေးမျိုးဆက်ထဲမှာ ဖုံးကွယ်ပြီး သူ့ရဲ့မျိုးဆက်တွေကို လက်ဆင့်ကမ်းမပေးနိုင်ဘူး။ စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုကျော်လွန်တဲ့အားကောင်းတဲ့တည်ရှိမှုတွေကပဲ လုပ်ဆောင်နိုင်တယ်။
အခြားစကားဖြင့်ဆိုရရင် တုန်းယန်ကလန်ရဲ့ဘိုးဘေးက စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုကျော်လွန်တဲ့အားကောင်းတဲ့တည်ရှိမှုတစ်ခုဖြစ်တယ်။ ဒီအားကောင်းတဲ့တည်ရှိမှုက နေနတ်ဘုရားမျက်လုံးကို သွေးမျိုးဆက်ထဲသို့ ပေါင်းစပ်ပြီး လက်ဆင့်ကမ်းပေးခဲ့တယ်။
နတ်ဘုရားကမ္ဘာမှာ တစ်ခါတစ်ရံမှာ တစ်စုံတစ်ယောက်ရဲ့နောက်ခံက တစ်စုံတစ်ယောက်ရဲ့ပါရမီနဲ့ထိုးထွင်းသိမြင်မှုထက် ပိုအရေးကြီးတယ်။ အဲဒါနဲပတ်သက်ပြီး စဉ်းစားကြည့်ရအောင်၊ အခြားသူတွေမှာ သူတို့သွေးမျိုးဆက်ရဲ့တိုးမြှင့်မှုရှိတယ်။ သူတို့ရဲ့အသက်အားအဆင့်က လျင်မြန်စွာ တိုးလာရုံသာမက သွေးမျိုးဆက်နတ်ဘုရားအတတ်ကို နိုးထဖို့ အခွင့်အရေးလဲ ရှိတယ်။ သူတို့က ပါရမီအနည်းငယ်ပါပြီးကြိုးစားအားထုတ်မယ်ဆိုရင် သူတို့ရဲ့တိုးတက်မှုအရှိန်ကို သာမန်ပါရမီရှင်တွေကတောင် ယှဉ်နိုင်မှာမဟုတ်ဘူး။
တစ်ယောက်ယောက်က အခြားသူတွေရဲ့နတ်ဘုရားအတတ်တွေကို သင်ယူနိုင်ပေမယ့် ပုံမှန်အနေအထားအောက်မှာ အဓိကနယ်ပယ်တစ်ဆင့်ပိုမြင့်တဲ့နတ်ဘုရားအတတ်တစ်ခုကိုပဲ သင်ယူနိုင်တယ်။ ဥပမာအားဖြင့် အဆင့်မြင့်နတ်ဘုရားတစ်ယောက်က အစစ်အမှန်နတ်ဘုရားအတတ်တစ်ခုကို သင်ယူနိုင်ပေမယ့် စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုကို သင်ယူဖို့က ခက်ခဲလွန်းတယ်။ သူက အနည်းငယ်ပဲ သင်ယူနိုင်ရင်တောင် ပါရမီရှင်တွေထဲကပါရမီရှင်လို့ ဆိုနိုင်တယ်။
သွေးမျိုးဆက်နတ်ဘုရားအတတ်ကတော့ မတူပါဘူး။ ၎င်းက ဘိုးဘေးမှ လာပေမယ့် သွေးမျိုးဆက်နဲ့ ဆက်စပ်တယ်။ တစ်စုံတစ်ယောက်က ဖြည်းဖြည်းချင်းတူးဖော်နေသရွေ့ ကျင့်ကြံခြင်းမှာ ဘာအနှောင့်ယှက်တစ်ခုမှ ရှိလာမှာမဟုတ်ဘူး။
"ဘိုးဘေးကတော့ မယုံနိုင်စရာပေါ့။ ငါကတော့ အများကြီးလိုပါသေးတယ်" တုန်းယန်ချမ်ယုက ခေါင်းကို ခါယမ်းလိုက်တယ်။
ပါရမီနဲ့ထိုးထွင်းသိမြင်မှုအရ သူမက ဝူကျီလောက် မကောင်းဘူးဆိုတာ သူမက ရှင်းရှင်းလင်းလင်းသိတယ်။
"နေနတ်ဘုရားမျက်လုံးအပြင် မင်းရဲ့တုန်းယန်ကလန်မှာ နေနတ်ဘုရားခန္ဓာကိုယ်လို့ခေါ်တဲ့သွေးမျိုးဆက်နတ်ဘုရားအတတ်တစ်ခုရှိသေးတယ်လို့ ငါကြားတယ်" လီဖူချန်းက ရုတ်တရက်မေးလိုက်တယ်။
တုန်းယန်ချမ်ယုက ခေါင်းညိတ်လိုက်တယ်"ဟုတ်တယ်။ နေနတ်ဘုရားခန္ဓာကိုယ်က နေနတ်ဘုရားမျက်လုံးထက် ပိုသန်မာတယ်။ ဒါပေမယ့် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိမှပဲ နေနတ်ဘုရားခန္ဓာကိုယ်ကို နိုးထဖို့ အခွင့်အရေးရှိလိမ့်မယ်" သွေးမျိုးဆက်နတ်ဘုရားအတတ်တွေကိုလဲ အဆင့်ခွဲခြားထားတယ်။ ပုံမှန်နတ်ဘုရားအတတ်တွေလိုပဲ သူတို့ကို အဆင့်နိမ့်နတ်ဘုရားအတတ်၊ အလယ်ဆင့်နတ်ဘုရားအတတ်၊ အဆင့်မြင့်နတ်ဘုရားအတတ်ဆိုပြီး ခွဲခြားနိုင်တယ်။ သာမန်အဆင့်၊ ပျမ်းမျှအဆင့်၊ ထူးကဲအဆင့်၊ ပြီးပြည့်စုံခြင်းအဆင့်နဲ့ အဆုံးစွန်းအဆင့်ဆိုပြီးတော့လဲ ရှိတယ်။
"ဒါပေမယ့် နေနတ်ဘုရားမျက်လုံးကို နိုးထနိုင်တာက ငါက အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်ဖို့ ကံကြမ္မာသတ်မှတ်ထားတယ်လို့ ဆိုလိုတယ်" တုန်းယန်ချမ်ယုရဲ့နှုတ်ခမ်းက တွန့်သွားပြီး ပြုံးလိုက်တယ်။
နေနတ်ဘုရားမျက်လုံးကို နိုးထနိုင်ခြင်းက သူမရဲ့သွေးမျိုးဆက်က သန့်စင်ပြီး လုံလုံလောက်လောက်သိပ်သည်းတယ်လို့ ဆိုလိုတယ်။ အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့က အချိန်ကိစ္စတစ်ခုသာဖြစ်ပြီး အတားအဆီးတစ်ခုမှ မရှိပါဘူး။ ဒါက သွေးမျိုးဆက်အမွေဆက်ခံမှုရဲ့ကြောက်စရာကောင်းတဲ့အရာတွေထဲကတစ်ခုဖြစ်တယ်။
"ဒါ တကယ်ကို အားကျစရာပဲ။ နတ်ဘုရားဟင်းလင်းပြင်ရဲ့အထွတ်အထိပ်မှာ ရပ်တည်နေတဲ့ ဒဏ္ဍာရီလာနတ်ဘုရားဘုရင်တွေရဲ့မျိုးဆက်တွေက ဘယ်လိုပါရမီတွေ အမွေဆက်ခံထားမလဲကို ငါ သိချင်မိတယ်" လီဖူချန်းက ပြောလိုက်တယ်။
တုန်းယန်ချမ်ယုက အားကျစွာပြောလိုက်တယ်"နတ်ဘုရားဘုရင်ရဲ့မျိုးဆက်တွေက တကယ်ကို ထူးခြားတယ်။ နတ်ဘုရားဘုရင်ရဲ့မျိုးဆက်တွေက စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုကျော်လွန်တဲ့အားကောင်းတဲ့တည်ရှိမှုတွေအဖြစ် မွေးဖွားလာခဲ့တယ်လို့ ပြောကြတယ်။ သူ့ရဲ့မျိုးဆက်တွေက ပိုအားနည်းနိုင်ပေမယ့် သူတို့က ကြောက်စရာကောင်းတဲ့အလားအလာအရိပ်အငွေ့တစ်ခုကို အမွေဆက်ခံနိုင်မှာပဲလေ။ ဒိီကြောက်စရာကောင်းတဲ့အလားအလာအရိပ်အငွေ့က သူတို့ကို သာလွန်ပါရမီရှင်တွေဖြစ်စေဖို့ လုံလောက်တယ်။ ဒါ့ပြင် နတ်ဘုရားဘုရင်ရဲ့သွေးမျိုးဆက်က အလွန်တစ်မူထူးတယ်။ နတ်ဘုရားဘုရင်က နတ်ဘုရားအတတ်တစ်ခုကို သင်ယူလိုက်တာနဲ့ အဲဒါက သူ့ရဲ့သွေးမျိုးဆက်ထဲမှာ ပါသွားလိမ့်မယ်။ ဒါကြောင့် နတ်ဘုရားဘုရင်ရဲ့မျိုးဆက်တွေက သွေးမျိုးဆက်နတ်ဘုရားအတတ်အမျိုးမျိုးကို နိုးထနိုင်လိမ့်မယ်။ နတ်ဘုရားဘုရင်ရဲ့သွေးမျိုးဆက်ကလန်က ချို့ယွင်းချက်မရှိတဲ့ကလန်တစ်ခုလို့ ပြောနိုင်တယ်။ သူတို့ရဲ့သွေးမျိုးဆက်နတ်ဘုရားအတတ်တွေကလဲ ချို့ယွင်းချက်ရှိမှာမဟုတ်ဘူး"
"ဒါတကယ်ထူးခြားတယ်" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
နတ်ဘုရားဘုရင်တစ်ယောက်ပိုင်ဆိုင်တဲ့နတ်ဘုရားအတတ်တွေဘယ်လောက်တောင်ရှိသလဲကို တစ်ယောက်မှ မသိဘူး။ နတ်ဘုရားဘုရင်တစ်ယောက်က ပြိုင်ဘက်ကင်းနတ်ဘုရားအတတ်တွေ ဘယ်လောက်ပိုင်ဆိုင်သလဲကို ဘယ်သူမှ မသိနိုင်ဘူးလေ။
တုန်းယန်ချန်ယုက ဆက်ပြောလိုက်တယ်"ဒါပေမယ့် နတ်ဘုရားဘုရင်တွေက မယုံနိုင်စရာကောင်းပေမယ့် သူတို့က နတ်ဘုရားဟင်းလင်းပြင်ကို မကျော်နိုင်ပါဘူး။ သူတို့ကို နတ်ဘုရားဟင်းလင်းပြင်ဥပဒေသက ကန့်သတ်ထားတယ်။ နတ်ဘုရားဘုရင်ဖြစ်ပြီးနောက် ကလေးတွေ ရှိဖို့မဖြစ်နိုင်တော့တဲ့ ဒဏ္ဍာရီတွေရှိတယ်။ နတ်ဘုရားဘုရင်နယ်ပယ်ကို မရောက်ခင် ကလေးတွေ မရှိထားရင် နတ်ဘုရားဘုရင်တွေက ကျန်ဘဝတစ်လျှောက်လုံး ကလေးရှိဖို့ မဖြစ်နိုင်ဘူး"
"နတ်ဘုရားဘုရင်ရဲ့ကလေးတွေက စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုကျော်လွန်တဲ့တည်ရှိမှုတွေအဖြစ်မွေးဖွားလာခဲ့တယ်လို့ မင်းပြောခဲ့တယ်မလား" ဒါပေမယ့် နယ်ပယ်ပိုမြင့်လေ၊ ကလေးရှိဖို့ပိုခက်ခဲလေဆိုတာတော့ လီဖူချန်း သိတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာတော့ မဟုတ်ပါဘူး။
တုန်းယန်ချမ်ယုက ပြောလိုက်တယ်" အရာအားလုံးမှာ ရှင်သန်ဖို့အခွင့်အရေးတစ်ခုရှိတယ်။ ပုံမှန်အနေအထားမှာ နတ်ဘုရားဘုရင်တွေမှာ ကလေးမရှိနိုင်ဘူး။ ဒါပေမယ့် ထူးခြားတဲ့ကံကြမ္မာအခွင့်အလမ်းတွေဒါမှမဟုတ်ထူးခြားတဲ့အခြေအနေတွေရှိရင် သူတို့မှာ ကလေးတွေ ရှိနိုင်တယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေက အရမ်းရှားတယ်"
တုန်းယန်ကလန်ရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တုန်းယန်ချမ်ယုက အရာအမြောက်အများကို သိတယ်။
နှစ်ယောက်သား ပြောနေရင်း ဖလှယ်ပွဲက ပြီးဆုံးသွားတယ်။ မထွက်ခွာခင် နိုင်ခွိုက်က လီဖူချန်းကို တစ်ချက်ကြည့်လိုက်တယ်။ ဒီလီဖူချန်းက အနာဂတ်မှာ သူ့ကို ဒုက္ခအမြောက်အများယူလာလိမ့်မယ်ဆိုတာ သူ့ရဲ့မသိစိတ်က သူ့ကို ပြောပြခဲ့တယ်။ သူက ဆုံးဖြတ်ခဲ့တယ်၊ အခွင့်အလမ်းတစ်ခုရှာပြိီး လီဖူချန်းနဲ့ စကားကောင်းကောင်းပြောရမယ်၊ ဘာက သူ့အတွက် သင့်တော်လဲဆိုတာ လီဖူချန်းကို သိစေရမယ်။