← Chapters

နိဗ္ဗာနအလင်းတန်း

Vol. 79 Ch. 1110

နိဗ္ဗာနအလင်းတန်း

Vol. 79 Ch. 1110

သူနေတဲ့တောင်ထိပ်မှာ လီဖူချန်းက လေထဲမှာ ရပ်နေတယ်၊ ကောင်းကင်ဘုံနဲ့မြေကြီးရှိဓားတာအိုဥပဒေသကို တိတ်တဆိတ်နားလည်နေတယ်။

သူ့ရဲ့ဓားတာအိုအဆင့်က အကြိုအစစ်အမှန်နတ်ဘုရားအဆင့်မှာရှိတယ်၊ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အလယ်ဆင့်ဒါမှမဟုတ်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအဆင့်မှာ ရှိမယ်။ သူက အချိန်အချို့အသုံးပြုလိုက်တာနဲ့  သူ့ရဲ့ဓားတာအိုနတ်ဘုရားအတတ်ချိုးဖြတ်ဖို့က မခက်ခဲဘူး။

သို့‌သော် လီဖူချန်းက ငြိမ်းချမ်းစွာ ကျင့်ကြံချင်ခဲ့ပေမယ့် သူဆန္ဒရှိသလို သူ့ကို လုပ်ဆောင်ခွင့်မပြတဲ့သူတွေ အမြဲတမ်းရှိတယ်။

ဟိုးအဝေးရှိကောင်းကင်မှာ အနက်ရောင်အရိပ်တစ်ခုက လှုပ်ရှားရောက်ရှိလာတယ်။

ဒါ နိုင်ခွိုက်ပဲ။

"စီနီယာနိုင်ခွိုက်က ငါ့ကို ဘာလို့ ရှာနေရတာလဲ" လုံးဝမလိုအပ်ရင် လီဖူချန်းက နိုင်ခွိုက်နဲ့ မပတ်သက်ချင်ပါဘူး။

တောင်ထိပ်ပေါ်သို့ ဆင်းသက်ပြီးနောက် နိုင်ခွိုက်က ပြုံးကာ ပြောလိုက်တယ်"ဂျူနီယာလီ၊ မင်းနဲ့ငါနှစ်ယောက်လုံးက အရှေ့နေဂိုဏ်းရဲ့တပည့်တွေပဲလေ။ တစ်ယောက်နဲ့တစ်ယောက်လည်ပတ်သွားလာဖို့ အကြောင်းပြချက်လိုလို့လား။ ဘာလို့လဲ။ မင်း ငါ့ကို  မကြိုဆိုဘူးလား"

"အဲလိုမဟုတ်ပါဘူး" လီဖူချန်းက သူ့အမြင်ကို မထုတ်ပြပါဘူး။

နိုင်ခွိုက်က ပြုံးလိုက်တယ်" ငါ မင်းကို တစ်ခုခုအတွက် လာရှာတာ။ ငါ လိုရင်းကို တည့်ပြောတော့မယ်။ မင်းရဲ့မွေးရာပါပါရမီက အတော်‌လေးကောင်းတာကို ငါ သတိထားမိတယ်။ မင်း ငါ့ရဲ့အဖွဲ့နဲ့ ပူးပေါင်းချင်လား။ ငါ့ကို အလောတကြီး မငြင်းပယ်နဲ့အုံး၊ ငါ မင်းကို အလကားသက်သက် ပူးပေါင်းခိုင်းမှာ မဟုတ်ဘူး။ မင်း သဘောတူတာနဲ့ ထူးကဲအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ချက်ချင်းရမယ်ကွာ။ ဒါ့အပြင်ကြယ်သုံးလုံးနတ်ဘုရားဆေးသုံးလုံးကိုလဲ မင်းကြိုက်ရာရွေးလို့ရမယ်" ဒီအနေအထားက အလွန်သဘောထားကြီး‌နေပြီ၊ သာမန်လူတွေ ငြင်းပယ်နိုင်မှာမဟုတ်ဘူးလို့ နိုင်ခွိုက်က ခံစားမိတယ်။

စိတ်မကောင်းစွာနဲ့ သူက လီဖူချန်းနဲ့ လာဆုံနေရတာပဲ။

ခေါင်းခါကာ လီဖူချန်းက ပြောလိုက်တယ်"စီနီယာနိုင်ခွိုက်၊ တောင်းပန်ပါတယ်။ ကျွန်တော် ပူးပေါင်းမှာမဟုတ်ဘူး"

သူက နိုင်ခွိုက်နဲ့ ဆက်ဆံရေးကောင်းမရှိတာကို ဘေးဖယ်ထားလိုက်ရင်တောင် လီဖူချန်းက ပူးပေါင်းမှာမဟုတ်ဘူး။

"ဟီးဟီး၊ လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်အတွေးတွေရှိမှာပေါ့လေ။ အဲဒါက အနည်းငယ်နောင်တရစရာဖြစ်ပေမယ့် ငါ မင်းကို ဖိအားမပေးပါဘူး" နိုင်ခွိုက်ရဲ့အမူအရာက မည်းမှောင်သွားပြီး သူက ရယ်လိုက်ပြန်တယ်"ဖလှယ်တဲ့အတောအတွင်း ဂျူနီယာလီက တိုက်ခိုက်ရတာ သိပ်အားမရခဲ့ဘူးလားလို့။ မင်းရဲ့ရန်သူက အားနည်းတော့ မင်းရဲ့ခွန်အားကို အပြည့်အဝထုတ်ပြခွင့်မရခဲ့ဘူးလေ။ ဒီနေ့ မင်းလဲ အားနေမှတော့ ငါနဲ့ လေ့ကျင်ကြည့်ရအောင်၊ ဘယ်လိုလဲ"

လီဖူချန်းက သဘောမတူခင် နိုင်ခွိုက်ရဲ့မျက်လုံးတွေက ခရမ်းရောင်မိုးကြိုးသွားနှစ်ခုကို ထုတ်လွှတ်ကာ လီဖူချန်းရဲ့မျက်လုံးတွေဆီ ထိုးဖောက်လာခဲ့တယ်။

အဆုံးစွန်းပျမ်းမျှနတ်ဘုရားအတတ်-ခရမ်းရောင်လျှပ်စီးနတ်ဆိုးမျက်လုံး။

ခရမ်းရောင်လျှပ်စီးနတ်ဆိုးမျက်လုံးက အဆုံးစွန်းနတ်ဘုရားအတတ်တစ်ခုပဲ ဆိုပေမယ့် နိုင်ခွိုက်က အသုံးပြုလိုက်တဲ့အခါ ၎င်းရဲ့စွမ်းအားက သာမန်ပင်မတပည့်တေရဲ့အဆင့်မြင့်နတ်ဘုရားအတတ်တွေထက် ပိုအားကောင်းတယ်။ အားကောင်းဆိုရင် နိုင်ခွိုက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်သိန်းခုနှစ်သောင်းရှိပြီး နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက လေးဆယ့်ရှစ်ရာခိုင်နှုန်းရှိတယ်လေ။

ဖြောက်......

နိုင်ခွိုက်ရဲ့ခရမ်းရောင်လျှပ်စီးနတ်ဆိုးမျက်လုံးက အရမ်းမြန်ပြီး အလစ်တိုက်ခိုက်မှုတစ်ခုဆိုပေမယ့် အခြားတစ်ယောက်သာဆိုရင် ချက်ချင်းအသတ်ခံသွားလောက်ပြီ။ လီဖူချန်းလာဖြစ်နေတာ ကံဆိုးသွားတာပဲ။ ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်ကို အဆင့်မြင့်နတ်ဘုရားအတတ်အထိ မြှင်တင်ထားတဲ့ လီဖူချန်းက အလစ်တိုက်ခိုက်မှုတွေကို မကြောက်ဘူး။ ခရမ်းရောင်မိုးကြိုးသွားတွေက သူ့မျက်လုံးကို ရိုက်ခတ်လာတဲ့အခါ သူတို့က အကြိမ်အနည်းငယ်လှုပ်ပြီးနောက် ပျောက်ကွယ်သွားတော့တယ်။

"နတ်ဘုရားခန္ဓာကိုယ်အတတ်လား"

နိုင်ခွိုက်က မှင်တက်သွားတယ်။

ခရမ်းရောင်လျှပ်စီးနတ်ဆိုးမျက်လုံးက လီဖူချန်းကို ဒဏ်ရာမရစေတဲ့အပေါ်  နိုင်ခွိုက်က အတော်လေးအံ့အားသင့်သွားပေမယ့် အရမ်းကြီးအံ့အားသင့်လွန်ခြင်းတော့ မရှိပါဘူး။

တကယ်တော့ ဘယ်လိုပဲပြောပြော ခရမ်းရောင်လျှပ်စီးနတ်ဆိုးမျက်လုံးက အဆုံးစွန်းအလယ်ဆင့်နတ်ဘုရားတစ်ခုမျှပဲလေ။ အသက်သွင်းခြင်းအရှိန်က ပိုမြန်ပြီး ၎င်းကို လျှို့ဝှက်ထားတာကြောင့် ခုခံဖို့ ခက်ခဲရုံမျှပဲ။ သန့်စင်တဲ့စွမ်းအားအရ ၎င်းက လိုအပ်နေသေးတယ်၊ အဆင့်မြင့်နတ်ဘုရားအတတ်တွေထက် အများကြီးနိမ့်ကျတယ်။

ဒါပေမယ့် လီဖူချန်းက ခုခံမှုမဲ့နေချိန်မှာတောင် ခရမ်းရောင်လျှပ်စီးနတ်ဆိုးမျက်လုံးကို ခုခံနိုင်တာကတော့ တကယ်ကို တုန်လှုပ်စရာပါပဲ။

သူ့အမြင်အရ လီဖူချန်းက နတ်ဘုရားခန္ဓာကိုယ်အတတ်တစ်ခုကို သေချာပေါက် ကျွမ်းကျင်ရမယ်၊ အဲဒါက အဆင့်မြင့်နတ်ဘုရားခန္ဓာကိုယ်အတတ်တစ်ခုပဲ ဖြစ်ရမယ်။

နတ်ဘုရားခန္ဓာကိုယ်အတတ်နဲ့အခြားနတ်ဘုရားအတတ်တွေကြားကွာခြားချက်ကတော့ နတ်ဘုရားခန္ဓာကိုယ်ကို အသက်မသွင်းထားရင်တောင် ကျင့်ကြံသူရဲ့နတ်ဘုရားခန္ဓာကိုယ်က နတ်ဘုရားခန္ဓာကိုယ်အတတ်ရဲ့လက္ခဏာတွေကို ပိုင်ဆိုင်နေပါသေးတယ်။ သက်ရောက်မှုက အနည်းငယ်နိမ့်ကျရုံမျှပါပဲ။

အခြားစကားဖြင့်ဆိုရရင် နတ်ဘုရားခန္ဓာကိုယ်အတတ်တစ်ခုကိုကျင့်ကြံထားတဲ့နတ်ဘုရားတစ်ယောက်ကို အလစ်တိုက်ခိုက်တာက အားထုတ်မှုကို ဖြုန်းတီးခြင်းပါပဲ။

နတ်ဘုရားခန္ဓာကိုယ်အတတ်တစ်ခုကိုကျင့်ကြံထားတဲ့နတ်ဘုရားတစ်ယောက်ကို အနိုင်ယူဖို့ဆိုရင် နည်းလမ်းတစ်ခုပဲ ရှိတယ်၊ ထိပ်တိုက်ရင်ဆိုင်အန်ိုင်ယူတာပါပဲ။

ဒါပေမယ့် အထူးနည်းလမ်းတွေရှိရင်တော့ မတူညီတဲ့ပုံပြင်တစ်ပုဒ်ဖြစ်လာမှာပေါ့။

"စိတ်ဝင်စားစရာပဲ၊ ခရမ်းလျှပ်စီးယင်မိုးကြိုးဓားမော့"

ပထမအကွက်က ကျရှုံးသွားတော့ နိုင်ခွိုက်က ဒုတိယမြောက်အကွက်ကို ထုတ်ဖော်ခဲ့ရတာပေါ့။

သာမန်အဆင့်မြင့်နတ်ဘုရားအတတ်....ခရမ်းလျှပ်စီးယင်မိုးကြိုးဓားမော့။

နိုင်ခွိုက်ရဲ့ညာလက်က ဓားမော့တစ်လက်အလား ဖြောင့်တန်းသွားပြီး လီဖူချန်းကို ရက်ရက်စက်စက်ခုတ်ပိုင်းခဲ့တယ်။

လက်ဝါးဓားသွားက လီဖူချန်းကို ခုတ်ပိုင်းခဲ့တာကြောင့် မည်းမှောင်တဲ့မိုးကြိုးသွားဓားမော့အလင်းတစ်ခုက မိုးကြိုးသွားရေတံခွန်ပမာ စီးကျလာပြီး လီဖူချန်းရဲ့တောင်ထိပ်ကို ရိုက်ခတ်တိုက်ခိုက်လာခဲ့တယ်။

လီဖူချန်းက ဒီတိုက်ခိုက်မှုကို မတားဆီးနိုင်ရင် လီဖူချန်းရဲ့တောင်ထိပ်တစ်ခုလုံးက နှစ်ခြမ်းဖြစ်သွားမယ်လို့ပြောရင် မလွန်ပါဘူး။

"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"

နိုင်ခွိုက်ရဲ့ကြမ်းတမ်းတဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက သူ့ရဲ့ဓားတာအိုခွန်အားကို ပေါက်ကွဲထွက်စေလိုက်တယ်။

ဒီရက်တွေအတွင်း လီဖူချန်းရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားက တစ်သိန်းငါးသောင်းကို ရောက်ရှိနေပြီ။ အဲဒါက နိုင်ခွိုက်ရဲ့တစ်သိန်းခုနှစ်သောင်းနဲ့ မယှဉ်နိုင်ပေမယ့် လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားနဲ့နတ်ဘုရားစိတ်ဝိညာဉ်ပေါင်းစပ်မှုက နိုင်ခွိုက်ထက် ပိုမြင့်ပြီး လေးဆယ့်ကိုးရာခိုင်နှုန်းကို ရောက်ရှိနေပြီဖြစ်တယ်။

ဒါကြောင့် နတ်ဘုရားစွမ်းအားပေါက်ကွဲမှုအရ လီဖူချန်းက နိုင်ခွိုက်ထပ် မနိမ့်ကျပါဘူး။

နတ်ဘုရားအတတ်အတွက်ကတော့........

နိုင်ခွိုက်ရဲ့ခရမ်းရောင်လျှပ်စီးယင်မိုးကြိုးဓားမော့က သာမန်အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုသာဖြစ်ပြီး လီဖူချန်းရဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။

ကြောက်စရာကောင်းတဲ့ဓားဖိအားကို ထုတ်လွှတ်နေပြီး ကောင်းကင်မှဆင်းသက်လာတဲ့မိုးကြိုးသွားဓားမော့အလင်းက ပိုနှေးကွေးလာတယ်။

"သူ့ရဲ့နတ်ဘုရားစွမ်းအားက.......'

သူက လီဖူချန်းကို အထင်သေးခဲ့မိမှန်း နိုင်ခွိုက်က သဘောပေါက်ခဲ့တယ်။

လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားက သူ ထင်ထားတာထက် အဆဒါဇင်ကျော်ပိုသန်မာပြီး သူ့ထက် လုံးဝမနိမ့်ကျပါဘူး။

လီဖူချန်းက အသစ်ဖြစ်လာတဲ့အဆင့်မြင့်နတ်ဘုရားပင်မတပည့်တစ်ယောက်ရော ဟုတ်ရဲ့လား။

သူက လီဖူချန်းကို အထင်‌သေးမိခဲ့တာကို သဘောပေါက်ပြီးနောက် နိုင်ခွိုက်က သူ့ရဲ့စိတ်ကို ချက်ချင်းပြင်လိုက်တယ်။ အခုကစပြီး သူက လီဖူချန်းကို အလေးအနက်ထားဆက်ဆံရမယ်။

ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို ထုတ်ဖော်လိုက်တာနဲ့ လီဖူချန်းရဲ့နေတစ်ထောင်ဓားက ဓားအိမ်မှ ထွက်လာတယ်။ ဓားအရိပ်တစ်သောင်းက ကြမ်းတမ်းတဲ့မုန်တိုင်းတစ်ခုပမာ၊ တစ်ချိန်တည်းပစ်လွှတ်ခဲ့တဲ့မြားတစ်သောင်းပမာပါပဲ။ သူတို့က နိုင်ခွိုက်ဆီ ကျဆင်းလာတယ်။

ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအတတ်.....မူလဘူတဓား။

နိုင်ခွိုက်ရဲ့ခန္ဓာကိုယ်က လီဖူချန်းရဲ့ဓားတာအိုပိုင်နက်က ဝန်းရံထားတယ်။ သူ့ရဲ့တုံ့ပြန်မှုအရှိန်ဒါမှမဟုတ်ခန္ဓာကိုယ်လှုပ်ရှားမှုဖြစ်စေ၊ သူတို့က ပုံမှန်ထက် ပိုနှေးတယ်။ ဒါပေမယ့် သူ့မျက်နှာက ထိတ်လန့်ခြင်းတော့ မရှိဘူး၊ သူက ယုံကြည်ချက်အပြည့်နဲ့တည်ငြိမ်နေလျက်ပါပဲ။

"မင်းမှာ နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တစ်ခုရှိသလို ငါမှာလဲ ရှိတယ်၊ ထာဝရနတ်ဆိုးခန္ဓာကိုယ်"

နိုင်ခွိုက်ရဲ့နတ်ဘုရားခန္ဓာကိုယ်က ရုတ်တရက် သတ္တုပမာ မည်းနက်သွားတယ်။ သူ့ရဲ့အဝတ်အစားတွေနဲ့ဆံပင်တွေကတောင် အတူတူပါပဲ။ နိုင်လိုမင်းထက်ပြုတဲ့ထာဝရချီတည်ရှိမှုတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်လာနေတယ်။

ချွမ်း ချွမ်း ချွမ်း ချွမ်း ချွမ်း.........

ဓားအရိပ်တစ်သောင်းက နိုင်ခွိုက်ရဲ့ခန္ဓာကိုယ်အပေါ် ကျရောက်လာတဲ့အခါ မီးပွားတွေသာ အဆုံးမဲ့ထွက်လာပြီး နိုင်ခွိုက်ရဲ့ခန္ဓာကိုယ်ကို မချိုးဖြတ်နိုင်ခဲ့ပါဘူး။

"ထာဝရဥပဒေသလား"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တွေမှာ စွမ်းပကားတွေရှိတယ်။ မီးတာအိုစွမ်းပကား၊ မိုးကြိုးစွမ်းပကား၊ ထာဝရစွမ်းပကား.......

သူတို့အထဲမှာ ထာဝရစွမ်းပကားပါဝင်တဲ့နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တွေက မယုံနိုင်စရာအကောင်းဆုံးပဲ။ လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်မှာ ဖျက်ဆီးခြင်းစွမ်းပကားပါဝင်သလိုပေါ့။

"ဘယ်လိုလဲ။ မင်းရဲ့နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်နဲ့ယှဉ်ရင် ငါ့ရဲ့ထာဝရနတ်ဆိုးခန္ဓာက်ိုယ်က ဘယ်လိုလဲ"

နိုင်ခွိုက်က သူ့ရဲ့ထာဝရနတ်ဆိုးခန္ဓာကိုယ်ကို အရမ်းဂုဏ်ယူခဲ့တယ်။

ဒါက သူ့ရဲ့ဝှက်ဖဲတွေထဲကတစ်ခုဖြစ်ပြီး သူ့ရဲ့သွေးမျိုးဆက်နတ်ဘုရားအတတ်ထက် နိမ့်ကျရုံမျှပဲ။

ထာဝရနတ်ဆိုးခန္ဓာကိုယ်ကို ဖန်တီးခဲ့သူက သူမဟုတ်တာ စိတ်မကောင်းစရာပဲ။

ထာဝရနတ်ဆိုးခန္ဓာကိုယ်ကို သူ ဖန်တီးထားတာဆိုရင် ပင်မတပည့်တွေထဲကတစ်ယောက်မှ သူ့ရဲ့ခံစစ်ကို ချိုးဖြတ်နိုင်တော့မှာမဟုတ်ဘူး။

"ဓားချီမူလပြန်သွားခြင်း"

ပျမ်းမျှအဆင့်မြင့်ဓားတာအိုနတ်ဘုရားအတတ်က မလုံလောက်တာကြောင့် လီဖူချန်းက ထူးကဲအဆင့်မြင့်ဓားတာအိုနတ်ဘုရားအတတ်တစ်ခုဖြစ်တဲ့ဓားချီမူလပြန်သွားခြင်းကို ချက်ချင်း ထုတ်ဖော်ခဲ့တယ်။

ဓားချီက နိုင်ခွိုက်ကို အလယ်မှာ ထားလျက် ကြမ်းတမ်းစွာပေါက်ကွဲထွက်လာတယ်။

စိတ်မကောင်းစွာနဲ့ ဓားချီက နိုင်ခွိုက်ရဲ့ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ခဲ့ဘူး။

အတိတ်မှာ လီဖူချန်းက ရန်သူတွေနဲ့ ရင်ဆိုင်ခဲ့တဲ့အခါ ရန်သူရဲ့ခန္ဓာကိုယ်က ဖြူကောင်တစ်‌ကောင်ပမာ ဓားအလင်းတွေကို မရေမတွက်နိုင်စွာ ထုတ်လွှတ်ခဲ့တယ်။

"အသုံးမဝင်ဘူး။ ထာဝရနတ်ဆိုးခန္ဓာကိုယ်က ပြီးပြည့်စုံခြင်းအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုပဲ။ မင်း မချိုးဖြတ်နိုင်ပါဘူး။ အခု ငါ တိုက်ခိုက်ဖို့အလှည့်ပဲ။ ထာဝရမိုးကြိုးဓားမော့"

နိုင်ခွိုက်က သူ့လက်ဝါးနဲ့ ခုတ်ပိုင်းခဲ့တယ်၊ အနက်ရောင်မိုးကြိုးဓားမော့အလင်းတစ်ခုက ပြေးထွက်လာပြီး လီဖူချန်းထံ ခုတ်ချလာတယ်။

ဓားမော့အလင်းမရောက်ရှိခင် လီဖူချန်းက ကြောက်စရာကောင်းတဲ့မိုးကြိုးဥပဒေသနဲ့ထာဝရဥပဒေသက သူ့ကို ဝိုင်းရံလာတာကို ခံစားမိတယ်။

ဒီအဆင့်မြင့်နတ်ဘုရားအတတ်မှာ မိုးကြိုးနဲ့ထာဝရစွမ်းပကားပါဝင်တယ်ဆိုတာ သိသာတယ်။

ဓားတာအိုပိုင်နက်နဲ့ဆိုရင် အနက်ရောင်မိုးကြိုးဓားမော့အလင်းကို မြန်နိုင်တယ်လို့ မဆိုနိုင်ဘူး၊ နှေးတယ်လို့တောင် သတ်မှတ်နိုင်တယ်။

ဓားကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်မိုးကြိုးဓားမော့အလင်းက တစ်စစီဖြစ်သွားတယ်။

ဒါပေမယ့် နောက်အခိုက်အတန့်မှာ တစ်စစီဖြစ်သွားတဲ့အနက်ရောင်မိုးကြိုးဓားမော့အလင်းက ချက်ချင်းစုဝေးသွားပြီး လီဖူချန်းကို ထပ်မံခုတ်ပိုင်းလာတယ်။

"ထာဝရဥပဒေသဆိုတာ အံ့ဩစရာမရှိဘူးပဲ"

လီဖူချန်းက အံအားမသင့်ခဲ့ပါဘူး။

ထာဝရဥပဒေသက ရင်ဆိုင်ရတာ ဒီလောက်လွယ်နေရင် ထာဝရဥပဒေသမဟုတ်တော့ဘူးလေ။

"ဟဲဟဲ၊ ထာဝရမိုးကြိုးဓားမော့- ဓားသွားမုန်တိုင်း"

နိုင်ခွိုက်ရဲ့ခန္ဓာကိုယ်က ပြောင်းသွားပြီး သူ့ရဲ့လက်ဝါးနဲ့ ခုတ်ချက်တွေ အဆက်မပြတ်ထုတ်ဖော်လိုက်တယ်။ ချက်ချင်းပဲ၊ အဆုံးမဲ့အနက်ရောင်မိုးကြိုးဓားမော့အလင်းတွေက လီဖူချန်းထံ တသဲသဲဝင်လာတယ်။

ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုအနေနဲ့ ထာဝရမိုးကြိုးဓားမော့ရဲ့စွမ်းအားက ကောင်းတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ဒါပေမယ့် ၎င်းမှာ ထာဝရဥပဒေသပါဝင်နေတာကပဲ ၎င်းကို ပိုမြင့်မားလာစေတယ်။

သေချာတဲ့အတိုင်းအတာတစ်ခုအထိ ထာဝရမိုးကြိုးဓားမော့က ထူးကဲအဆင့်မြင့်နတ်ဘုရားအတတ်တွေထက် ပိုတောင်ကြောက်စရာကောင်းတယ်။

"ငါ သူ့ကို လျော့တွက်မိခဲ့တာပဲ"

လီဖူချန်းရဲ့မျက်လုံးတွေက လေးနက်လာတယ်။ ဓားချီတစ်ရာက လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး နိုင်ခွိုက်နဲ့အနက်ရောင်မိုးကြိုးဓားမော့အလင်းတွေကို တိုက်ခိုက်လိုက်တယ်။

ထူးကဲအဆင့်မြင့်နတ်ဘုရားအတတ်.....မူလပြန်သွားဓားပြောင်းလဲခြင်း။

မူလအဆုံးစွန်းဓားပညာရဲ့အသန်မာဆုံးဓားကွက်တစ်ခုအနေနဲ့ မူလပြန်သွားဓားပြောင်းလဲခြင်းမှာ ကြောက်စရာကောင်းတဲ့စွမ်းအားရှိရုံတင်မက အသက်သွင်းလိုက်တဲ့အခါ အဆုံးအဆမရှိဖြစ်တယ်။

၎င်းက ဓားချီမူလပြန်သွားခြင်းနဲ့ မတူပါဘူး၊ ဓားချီမူလပြန်သွားခြင်းက ဓားချီတွေပိုထုတ်လုပ်နိုင်ပေမယ့် ဓားချီတစ်ခုစီရဲ့စွမ်းအားက ပိုအားနည်းတယ်။

ဖူး ဖူး ဖူး ဖူး.......

နိုင်ခွိုက်ထုတ်လွှတ်ခဲ့တဲ့အနက်ရောင်မိုးကြိုးဓား‌မော့အလင်းတွေက ဓားချီနဲ့တွေ့တဲ့အခါ ပူဖောင်းပမာ ဖြစ်သွားတယ်။ သူတို့က တစ်ခုပြီးတစ်ခုပေါက်ကွဲထွက်သွားပြီး နောက်ထပ် မသိပ်သည်းနိုင်တော့ပါဘူး။

နှစ်ယောက်ကြားကွာဟချက်က ကြီးမားလွန်းတယ်။ ဒါ့အပြင် ဒါက လီဖူချန်းရဲ့ဓားတာအိုပိုင်နက်အောက်မှာပဲ။ နိုင်ခွိုက်ရဲ့အနက်ရောင်မိုးကြိုးဓားမော့အလင်းက အရမ်းအားနည်းနေပြီဖြစ်တယ်။ ဒီအတိုင်းဆက်သွားရင် အနက်ရောင်မိုးကြိုးဓားမော့အလင်းထဲရှိထာဝရဥပဒေသက လျင်မြန်စွာ အားပျော့သွားပါလိမ့်မယ်၊ အရမ်းထိရောက်လိမ့်မှာမဟုတ်တော့ဘူး။

ဓားချီက ထောပတ်ကိုဖြတ်သွားတဲ့ဓားတစ်လက်ပမာပဲ။ အနက်ရောင်မိုးကြိုးဓားမော့အလင်းကို ချိုးဖြတ်ပြီးနောက် နိုင်ခွိုက်ကို လွှမ်းမိုးသွားတယ်။

ဒင်း ဒင်း ဒင်း ဒင်း.....

ပထမ၊ နိုင်ခွိုက်ရဲ့ထာဝရနတ်ဆိုးခန္ဓာကိုယ်က တစ်ခဏပဲ တောင့်ခံနိုင်ခဲ့တယ်။

ဒါပေမယ့် အသက်ရှုချိန်အနည်းငယ်ရှိပြီးနောက် ဒဏ်ရာတွေက နိုင်ခွိုက်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာတယ်။

ဓားချီရဲ့ခုတ်ချက်တွေအောက်မှာ သေးငယ်တဲ့ဒဏ်ရာက ကြီးလာတယ်၊ နက်လာတယ်။

"အမှိုက်ပဲ၊ နိဗ္ဗာနအလင်းတန်း......"

အဖြူရောင်အလင်းတန်းနှစ်ခုက ထွက်ပေါ်လာပြီး ဓားချီအားလုံးကို ဖယ်ရှားခဲ့တယ်။

"နောက်ထပ်သွေးမျိုးဆက်နတ်ဘုရားအတတ်တစ်ခုလား"

လီဖူချန်းက ခေါင်းမော့လိုက်တယ်။

ဒါက တူညီတဲ့သွေးမျိူးဆက်နတ်ဘုရားအတတ်တစ်ခု‌ဆိုပေမယ့် မတူညီတဲ့သူတွေက ထုတ်ဖော်တဲ့အခါ စွမ်းအားကလဲ ကွဲပြားလာလိမ့်မယ်။ နိုင်ခွိုက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းဖြစ်စေ၊နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုဖြစ်စေ၊ သူတို့အားလုံးက တုန်းယန်ချမ်ယုထက် ပိုမြင့်တယ်။ ဒါကြောင့် သူ ထုတ်ဖော်တဲ့သွေးမျိုးဆက်နတ်ဘုရားအတတ်ကလဲ တုန်းယန်ချမ်ယုထက် ပိုသာတယ်။

All Chapters