← Chapters

နိဗ္ဗာနနဲ့ဖျက်ဆီးခြင်း

Vol. 79 Ch. 1111

နိဗ္ဗာနနဲ့ဖျက်ဆီးခြင်း

Vol. 79 Ch. 1111

"ငါ့ကို သွေးမျိုးဆက်နတ်ဘုရားအတတ်အသုံးပြုအောင် ဖိအားပေးနိုင်တဲ့အတွက် မင်း ဂုဏ်ယူသင့်တယ်"

နိုင်ခွိုက်ရဲ့ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာတွေက လျင်မြန်စွာ ပျောက်ကင်းသွားပြီး သူက လီဖူချန်းကို ခက်ထန်စွာကြည့်လိုက်တယ်။

နိုင်ခွိုက်ရဲ့ပါရမီနဲ့ထိုးထွင်းသိမြင်မှုက ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ သူ့ရဲ့သွေးမျိုးဆက်နတ်ဘုရားအတတ်ကလွဲပြီး သူဖန်တီးခဲ့တဲ့အသန်မာဆုံးနတ်ဘုရားအတတ်က ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအတတ်ဖြစ်တဲ့ထာဝရမိုးကြိုးဓားမော့ပဲ ရှိတယ်။

အဲ့တော့ဘာဖြစ်လဲ။ နတ်ဘုရားကမ္ဘာမှာ ပါရမီနဲ့ထိုးထွင်းသိမြင်မှုက အရေးကြီးနိုင်ပေမယ့် အရေးကြီးဆုံးတော့မဟုတ်ဘူး။

အရေးကြီးဆုံးအရာက သွေးမျိုးဆက်ဖြစ်တယ်။

မင်းရဲ့သွေးမျိုးဆက်က အားကောင်းသရွေ့ မင်းရဲ့သွေးမျိုးဆက်နတ်ဘုရားအတတ်ကလဲ အားကောင်းပါလိမ့်မယ်။ အခြားသူတွေက အံ့မခန်းနတ်ဘုရားအတတ်တွေကို ဖန်တီးနိုင်တော့ရော ဘာဖြစ်လဲ။ သွေးမျိုးဆက်နတ်ဘုရားအတတ်နဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့အားလုံးက အသုံးမဝင်‌ကြတော့ဘူးလေ။

နိုင်ခွိုက်က တုန်းယန်ချမ်ယုကို အရူးအမူးလိုက်နေတာ အချစ်ကြောင့်မဟုတ်ဘူး၊ သူမရဲ့သွေးမျိုးဆက်ကြောင့်ပါပဲ။

သူနဲ့တုန်းယန်ချမ်ယုတို့က အစစ်အမှန်နတ်ဘုရားတွေဖြစ်လာဖို့ ကံကြမ္မာသတ်မှတ်ထားတယ်၊ အစစ်မှန်နတ်ဘုရားတစ်ယောက်ရဲ့သက်တမ်းက အနည်းဆုံးနှစ်တစ်သန်းရှိတယ်။

သူတို့အနေနဲ့ အံ့မခန်းကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့  နှစ်တစ်သန်းက လုံလောက်တယ်။

နတ်ဘုရားကမ္ဘာမှာ သူတို့ရဲ့သက်တမ်းကို တိုးမြှင့်ဖို့ သူတို့ရဲ့ကလေးတွေအပေါ်မှာ မှီခိုတဲ့နတ်ဘုရားတွေများစွာရှိတယ်။ နိုင်ခွိုက်က သူတို့ထဲကတစ်ယောက်ဖြစ်လာနိုင်တယ်။

ဒါပေမယ့် စွန့်စားရတာတွေလဲရှိတယ်။

သွေးမျိုးဆက်နှစ်ခုပေါင်းစပ်ခြင်းက မျိုးဆက်တွေရဲ့သွေးမျိုးဆက်ကို အရောအနှောဖြစ်စေနိုင်တယ်။

ဒါပေမယ့် ပိုစွန့်စားလေ၊ ရလာဒ်က ပိုကောင်းလေပဲ။ သူက ကံကောင်းရင် သူ့ရဲ့ကလေးတွေက သူတို့ရဲ့သွေးမျိုးဆက်ကို အပြည့်အဝအမွေဆက်ခံနိုင်ပြီး အနာဂတ်မှာ သွေးမျိုးဆက်နတ်ဘုရားအတတ်နှစ်ခုကို နိုးထနိုင်လိမ့်မယ်။

ဒီလိုးစဉ်စားကြည့်ရအောင်၊ သူ့ကလေးတွေက စိတ်ဝိညာဉ်နတ်ဘုရားဖြစ်သွားရင်ဒါမှမဟုတ်အဲထက်တောင်သာလွန်သွားရင် သူ ဘယ်လောက်တောင်ဂုဏ်သတင်းကျော်ကြားလိမ့်မလဲ။ တုန်းယန်ချမ်ယုရဲ့အ‌ထောက်အပံ့နဲ့အတူ သူလဲ စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်လာနိုင်တယ်။

အတိုချုပ်အားဖြင့် နိုင်ခွိုက်က သူ့ရဲ့လက်ရှိကလန်နဲ့သူ့ကိုယ်သူကိုပဲ မှီခိုရင် အလယ်အစစ်အမှန်နတ်ဘုရားက သူ့အကန်အသတ်ဖြစ်မယ်လို့ သူ ယုံကြည်ထားတယ်။

ဒါကြောင့် သူက နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ရတာ။

တုန်းယန်ချမ်ယုက သူ့ရဲ့အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်။

"ကောင်းပြီလေ၊ ငါ သွေးမျိုးဆက်နတ်ဘုရားအတတ်ကို မြင်တွေ့ခွင့်ရတာပေါ့" လီဖူချန်းရဲ့မျက်လုံးတွေက ထက်ရှသွားတယ်။

"မင်း ဘယ်လောက်ထိ ခံနိုင်မလဲကြည့်ရတာပေါ့။ နိဗ္ဗာနအလင်းတန်း......." နိုင်ခွိုက်ရဲ့မျက်လုံးတွေက အဖြူရောင်အလင်းတွေ တောက်ပသွားပြီး အဖြူရောင်အလင်းတန်းနှစ်ခုက လီဖူချန်းဆီ တိုက်ခိုက်လာတယ်။

အဖြူရောင်အလင်းတန်းတွေက မြန်လွန်းပြီး မှင်တက်စရာစွမ်းအားရှိတယ်။ လီဖူချန်းရဲ့ဓားတာအိုစွမ်းအားက ချစ်ချစ်တောက်ပူတဲ့နေမင်းကြီးအောက်ကိုရောက်ရှိသွားတဲ့နှင်းစက်လေးတွေပမာပဲ။ အနှောင့်အယှက်တစ်ခုမှမရှိဘဲ ၎င်းက ချက်ချင်းထိုးဖောက်လာခဲ့တယ်။

ထို့နောက် အဖြူရောင်အလင်းတန်းတွေက လီဖူချန်းရဲ့ဓားချီအကာအကွယ်ကို ချက်ချင်းချိုးဖြတ်ခဲ့တယ်။

ဝှစ်......ဝှစ်.......

လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က ချက်ချင်း ပျက်ဆီးသွားတယ်။

ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က လုံလုံလောက်လောက်မသန်မာတာမဟုတ်ဘူး၊ နိုင်ခွိုက်ရဲ့နိဗ္ဗာနအလင်းတန်းက အားကောင်းလွန်းလို့ပဲ။

ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က ထူးကဲအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုသာဖြစ်တယ်၊ တစ်ဖက်မှာ နိုင်ခွိုက်ရဲ့နိဗ္ဗာနအလင်းတန်းက ပြီးပြည့်စုံခြင်းအဆင့်မြင့်နတ်ဘုရားအတတ်အဆင့် အနည်းဆုံးရှိတယ်။ နှစ်ခုအကြားမှာ အဆင့်တစ်ခုလုံး ကွာဟနေတယ်။

ဒါ့အပြင် လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက ဓားတာအိုနတ်ဘုရားစွမ်းအားထက် အနည်းငယ်နိမ့်ကျတယ်။

အရေးကြီးဆုံးကတော့ သူ့ပြိုင်ဘက်ရဲ့နိဗ္ဗာနအလင်းတန်းမှာ သာမန်စွမ်းပကားတစ်ခု ပါဝင်တာမဟုတ်ဘူး၊ နိဗ္ဗာနစွမ်းပကား ပါဝင်တာ။  ၎င်းက ဖျက်ဆီးခြင်းစွမ်းပကားနဲ့ တူညီတဲ့တည်ရှိမှုတစ်ခုဖြစ်တယ်။

ဒါပေမယ့် လီဖူချန်းကို နိဗ္ဗာနအလင်းတန်းတစ်ခုလောက်နဲ့ အနိုင်ယူဖို့က မဖြစ်နိုင်ဘူး။

လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်ပေမယ့် ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်ရဲ့ထူးခြားတဲ့သဘာဝကြောင့် လီဖူချန်းက ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားအချို့ကိုပဲ သုံးစွဲခဲ့ရတယ်။

ဝှစ် ဝှစ် ဝှစ် ဝှစ်......

နိုင်ခွိုက်က တစ်ချက်မှ မနားပါဘူး။ သူက နိဗ္ဗာနအလင်းတန်းကို ထပ်ခါတလဲလဲထုတ်ဖော်ပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်ကို အကြိမ်ကြိမ်ထိုးဖောက်ခဲ့တယ်။

"ကြည့်ရတာ ငါ စပ်ကြောင်းမဲ့ဓားချီကို အသုံးပြုမယ့်ပုံပဲ"

နိုင်ခွိုက်ရဲ့စွမ်းရည်က ပြောင်မြောက်တယ်။ လီဖူချန်းက သူ့ရဲ့ခွန်အားအပြည့်ကို အသုံးမပြုဘူးဆိုရင် သူ့အနေနဲ့ နိုင်ခွိုက်ကို ရှုံးနိမ့်စေဖို့က မဖြစ်နိုင်ဘူး။

"အဆုံးထိ ဘယ်သူတောင်ခံနိုင်မလဲ ကြည့်ရတာပေါ့"

လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်ပြီး မမြင်နိုင်တဲ့ဓားချီတစ်ခုက နိုင်ခွိုက်ရဲ့အရှေ့မှာ ချက်ချင်း ထွက်ပေါ်လာတယ်။

ဝှစ် ကျွတ်.......

နိုင်ခွိုက်ရဲ့ခန္ဓာကိုယ်ခါးပိုင်းက ဒဏ်ရာအပြင်းအထန်ရလုနီးပါးပဲ။

ပြီးပြည့်စုံခြင်းအဆင့်မြင့်နတ်ဘုရားအတတ်၊ စပ်ကြောင်းမဲ့ဓားစွမ်းအင်။

"ဘာ"

နိုင်ခွိုက်က ထိတ်လန့်သွားတယ်။ သူက ထာဝရနတ်ဆိုးခန္ဓာကိုယ်အခြေအနေမှာပဲ ရှိနေသေးတယ်၊ လီဖူချန်းက သူ့ရဲ့ထာဝရနတ်ဆိုးခန္ဓာကိုယ်ကို ဓားတစ်ချက်တည်းနဲ့ တကယ် ချိုးဖြတ်နိုင်ခဲ့တာပဲ။

မမြင်နိုင်တဲ့ဓားချီနဲ့အဖြူရောင်အလင်းတန်းတွေက လေကိုဖြတ်လျက် လွန်းပြန်သွားလာနေတယ်။ နှစ်ယောက်စလုံးဒဏ်ရာတွေဖုံးလွှမ်းနေပြီး ပြန်သက်သာဖို့ အချိန်မရှိပါဘူး။ ထိုအချိန်မှာ အခြားနည်းလမ်းတွေကို အသုံးမဝင်ဘူး၊ အဆုံးထိ လယ်သူတောင့်ခံနိုင်မလဲဆိုတာကိုပဲ ကြည့်ရမယ်။

နောက်တစ်နာရီကြာပြီးနောက် နိုင်ခွိုက်က အရင်မတောင့်ခံနိုင်တော့ပါဘူး။

တကယ်တော့ သူ့ရဲ့ထာဝရနတ်ဆိုးခန္ဓာကိုယ်ကို သူ့ကိုယ်တိုင်ဖန်တီးထားတာမဟုတ်ဘူး။ သူက ထာဝရနတ်ဆိုးခန္ဓာကိုယ်ရဲ့အမှတ်အသားကို မသိပ်သည်းနိုင်ခဲ့ဘူး၊ နတ်ဘုရားကမ္ဘာရဲ့ထာဝရဥပဒေသရဲ့အထောက်အပံ့ကို မရရှိနိုင်ခဲ့ဘူး။

တစ်ဖက်မှာ လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က ထူးကဲအဆင့်မြင့်နတ်ဘုရားအတတ်သာ ဖြစ်ပေမယ့် ပထမ၊ ၎င်းကို လီဖူချန်းကိုယ်တိုင်ဖန်တီးထားခဲ့တာလေ။ ဒုတိယ၊ ဖျက်ဆီးခြင်းဥပဒေသက အလွန်ထူးခြားတယ်။ ၎င်းက ထာဝရဥပဒေသထက် ပိုမြင့်တယ်။

ဒါ့အပြင် စပ်ကြောင်းမဲ့ဓားချီက နိုင်ခွိုက်ရဲ့ထာဝရနတ်ဆိုးခန္ဓာကိုယ်နဲ့အမျိုးမျိုးသောခံစစ်တွေကို အတိုင်းအတာတစ်ခုအထိ လစ်လျူရှုနိုင်တယ်။ ၎င်းက နိုင်ခွိုက်ရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်နိုင်တယ်။

ဒီလိုနဲ့ နိုင်ခွိုက်က အရင်တောင့်ခံနိုင်စွမ်းမဲ့ခဲ့ရတာပေါ့။

သူ့ရဲ့နတ်ဘုရားစွမ်းအားက ကုန်ဆုံးတော့မှာကို မြင်ပြီး နိုင်ခွိုက်က ဆန္ဒမရှိပေမယ့် ပြန်ဆုတ်ခဲ့ရတယ်။

"ဂျူနီယာလီက တကယ်တော်ပါတယ်။ ငါ မြင်တွေ့ပြီးပြီဆို‌တော့ သွားလိုက်ပါအုံးမယ်" နိုင်ခွိုက်ရဲ့မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်တွေ လင်းလက်သွားပြီး သူက လီဖူချန်းရဲ့‌တောင်ထိပ်မှ သနားစဖွယ်ထွက်ပြေးခဲ့ရတယ်။

လီဖူချန်းက မလိုက်ခဲ့ပါဘူး။ ဒါက အရှေ့နေဂိုဏ်းဖြစ်ပြီး သူက နိုင်ခွိုက်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

"ငါ ကျင့်ကြံခြင်းအဆင့်နဲ့ခွန်အားကို ဖြစ်နိုင်သမျှ မြန်မြန်တိုးမြင့်ရမယ်"

နိုင်ခွိုက်တစ်ယောက်ထဲကတောင် သူ့ကို အားကုန်ထုတ်စေနိုင်ခဲ့တယ်။ ဒါကို သူ့ကို နားလည်စေခဲ့တယ်၊ သူက အဆင့်မြင့်နတ်ဘုရားတွေအထဲမှာ အသန်မာဆုံးမဟုတ်ဘူးဆိုတာကိုပေါ့။

ကျင့်ကြံခြင်းလမ်းကြောင်းက ရှည်လျားလွန်းတယ်၊ လီဖူချန်း အရှေ့နေဂိုဏ်းနဲ့ ပူးပေါင်းတာ သူ့ရဲ့ကျင့်ကြံခြင်းကို အရမ်းမြန်ဆန်စေဖို့ပဲ။ အစစ်အမှန်နတ်ဘုရားအဆင့်ကို ရောက်ဖို့ သူက နှစ်ဒါဇင်‌အထိ မကျင့်ကြံချင်ဘူး။

"ပထမ၊ ငါ လုပ်ဆောင်ချက်အမှတ်တွေကို အလုံအလောက်ရှာပြီး နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ၊ နတ်ဘုရားဆေးတွေနဲ့ ဖလှယ်ရမယ်"

နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက တစ်စုံတစ်ယောက်ရဲ့ခွန်အားကို တိုးစေနိုင်တယ်။ လီဖူချန်းမှာ ပြီးပြည့်စုံခြင်းအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့နေတစ်ထောင်ပဲရှိတယ်။ ပင်မတပည့်အများစုနဲ့ နှိုင်းယှဥ်ရင် ဒါက သေးနုပ်လွန်းတယ်။ လီဖူချန်းရဲ့အမြင်အရ သူက အဆုံးစွန်းနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံကို အနည်းဆုံးရရှိဖို့လိုတယ်။ အဆုံးစွန်းနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံအတွက် လုပ်ဆောင်ချက်အမှတ်သန်းတစ်ရာ အနည်းဆုံးလိုအပ်တယ်။ အချိန်တိုအတွင်းမှာ ဒီလောက်များတဲ့လုပ်ဆောင်ချက်အမှတ်တွေကို သူ ရရှိနိုင်မှာမဟုတ်ဘူး။

နတ်ဘုရားဆေးတွေက လီဖူချန်းအတွက် အလွန်အသုံးဝင်ပေမယ့် သူက ကြယ်သုံးလုံးနတ်ဘုရားဆေးတွေကိုပဲ လိုအပ်တယ်။ ကြယ်သုံးလုံးနတ်ဘုရားဆေးတွေကပဲ သူ့ရဲ့စွမ်းပကားအမျိုးမျိုးကို လျင်မြန်စွာ တိုးတက်စေနိုင်တယ်။

သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို တိုးမြှင့်စေနိုင်တဲ့ ကြယ်သုံးလုံးနတ်ဘုရားဆေးရှိရင်တော့ ပိုကောင်းတာပေါ့။ နတ်ဘုရားစိတ်ဝိညာဉ်က လီဖူချန်းရဲ့အကြီးမားဆုံးမှီခိုအားထားရာပဲ။ အားကောင်းတဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့ဆိုရင် ကဏ္ဍအားလုံးက လျင်မြန်စွာ တိုးတက်လာလိမ့်မယ်။ လက်ရှိ၊ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအဆင့်မှာ ရှိလောက်တယ်။ သူက အဲဒါကို ချိုးဖြတ်ပြီး အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ရောက်ရှိနိုင်ရင် သက်ရောက်မှုက အရာအားလုံးကို ကျော်ဖြတ်သွားပေလိမ့်မယ်။

ဒါပေမယ့် ကြယ်သုံးလုံးနတ်ဘုရားဆေးတွေကို ဖလှယ်ဖို့ဆိုတာက ပြီးပြည့်စုံခြင်းအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထက် ပိုခက်ခဲတယ်။ ကြယ်သုံးလုံးနတ်ဘုရားဆေးတွေက ကြယ်သုံးလုံးလုပ်ဆောင်ချက်အမှတ်တွေကို လိုအပ်တာကြောင်ပဲ၊ ပြီးပြည့်စုံခြင်းအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကပဲ ကြယ်နှစ်လုံးလုပ်ဆောင်ချက်အမှတ်တွေကို လိုအပ်တယ်။

အရှေ့နေဂိုဏ်းမှာ အလယ်ဆင့်နတ်ဘုရားတွေက ကြယ်တစ်လုံးလုပ်ဆောင်ချက်အမှတ်တွေရှိပြီး အဆင့်မြင့်နတ်ဘုရားတွေက ကြယ်နှစ်လုံးလုပ်ဆောင်ချက်အမှတ်တွေရှိတယ်။ လက်ရှိလီဖူချန်းက ကြယ်နှစ်လုံးလုပ်ဆောင်ချက်အမှတ်ရှိတယ်။

ဒါပေမယ့် လီဖူချန်းက ကြယ်သုံးလုံးကို မြှင့်တင်ချင်ရင် သူက ဂိုဏ်းမစ်ရှင်တွေကို ပြီးမြောက်အောင်လုပ်ရမယ်။

ဒါပေမယ့် လီဖူချန်းက အစစ်အမှန်နတ်ဘုရားအဖြစ် တိုးမြှင့်ခဲ့ရင် သူ့ရဲ့လုပ်ဆောင်ချက်အမှတ်တွေကလဲ တိုးလာလိမ့်မယ်။

"ငါ အဲဒါကို အရင်ထားလိုက်ဥိီးမယ်။ ငါ့ရဲ့မီးတာအိုနတ်ဘုရားအတတ်တွေအားလုံးကို အဆင့်မြင့်နတ်ဘုရားအတတ်တွေအဖြစ် ပြောင်းလဲဖို့ အချိန်အချို့လိုအပ်တယ်"

စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းဖွင့်ပွဲမတိုင်ခင် ဆယ်နှစ်လိုသေးတယ်။ ဒီဆယ်နှစ်အတွင်း လီဖူချန်းက ကျင့်ကြံခြင်းကို အာရုံစိုက်ဖို့၊ ဂိုဏ်းမစ်ရှင်အချို့ကို လုပ်ဆောင်ဖို့ စီစဉ်ထားတယ်။

နောက်ထပ်လအနည်းငယ်ကြာပြီးနောက် မီးလျှံနတ်ဘုရားလက်သည်းအပြင် အခြားမီးတာအိုနတ်ဘုရားအတတ်တွေကိုလဲ အဆင့်မြင့်နတ်ဘုရားအတတ်တွေအဖြစ် လီဖူချန်းက ပြောင်းလဲခဲ့တယ်။

သူတို့အထဲမှာ ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအတတ်သုံးခုနဲ့ သာမန်အဆင့်မြင့်နတ်ဘုရားအတတ်တွေခုနှစ်ခုရှိတယ်။

"မဆိုးဘူးပဲ"

သာမန်အဆင့်မြင့်နတ်ဘုရားအတတ်တွေမှာ စွမ်းပကားအမျိုးမျိုး၊ တန်ဖိုးအမျိုးမျိုးရှိတယ်။ မီးတာအိုစွမ်းပမကားက မရှားပေမယ့် သာမန်အဆင့်မြင့်မီးတာအိုနတ်ဘုရားအတတ်တစ်ခုက လုပ်ဆောင်ချက်အမှတ်တစ်သိန်းထိုက်တန်တယ်။ ပျမ်းမျှအဆင့်မြင့်မီးတာအိုနတ်ဘုရားအတတ်တစ်ခုက လုပ်ဆောင်ချက်အမှတ်ငါးသိန်းထိုက်တန်တယ်။

မီးတာအိုနတ်ဘုရားအတတ်ဆယ်ခုက လီဖူချန်းကို လုပ်ဆောင်ချက်အမှတ်၂.၂သန်းပေးခဲ့တယ်။

ဒီနေ့မှာ လီဖူချန်းက မစ်ရှင်ခန်းမကို ရောက်ရှိလာတယ်။

ဂိုဏ်းမစ်ရှင်တွေကို လုပ်ဆောင်ခြင်းဖြင့် သူက လုပ်ဆောင်ချက်အမှတ်တွေရရှိရုံတင်မက သူ့ရဲ့လုပ်ဆောင်ချက်အမှတ်တွေကိုလဲ တိုးမြှင့်နိုင်တယ်။ လက်ရှိလီဖူချန်းက နှစ်ခုလုံးကင်းမဲ့နေတယ်။

ဂိုဏ်းမစ်ရှင်တွေအကြားမှာ စစ်မြေပြင်မစ်ရှင်၊ ရှာဖွေရေးမစ်ရှင်၊ စုဆောင်းရေးမစ်ရှင်နဲ့ ထူးဆန်းတဲ့မစ်ရှင်အမျိုးမျိုးရှိတယ်။

မစ်ရှင်အများစုကို ဂိုဏ်းက ထုတ်ပြန်ထားတယ်၊ အနည်းစုကို အကြီးအကဲတွေက ထုတ်ပြန်ထားတယ်၊ အချို့ကို နာမည်လျှို့ဝှက်ထားသူတွေက ထုတ်ပြန်ထားတယ်။

မစ်ရှင်တွေကို ကြည့်ရှုပြီးနောက် စစ်မြေပြင်မစ်ရှင်တွေက သူ့အတွက် အသင့်တော်ဆုံးပဲလို့ လီဖူချန်းက ခံစားရတယ်။

"ဒါပဲ ယူလိုက်မယ်"

တစ်ခဏကြာပြီးနောက် စစ်မြေပြင်မစ်ရှင်တစ်ခုကို လီဖူချန်းက ရွေးချယ်ခဲ့တယ်။

ဒီမစ်ရှင်အရ သူက အရှေ့နေဂိုဏ်းရဲ့စစ်သားတွေကို ဦးဆောင်ပြီး တောက်ပနေခံတပ်ကို ပြန်သိမ်းပိုက်ရမယ်။

ဒီမစ်ရှင်ဆုလာဒ်က အရမ်းမြင့်တယ်။ သူက တောက်ပနေခံတပ်ကို ပြန်သိမ်းပိုက်ရာမှာ အောင်မြင်ခဲ့ရင် အဆင့်မြင့်တပ်မှူးက လုပ်ဆောင်ချက်အမှတ်ငါးသိန်းကို ရရှိလိမ့်မယ်။ သူက ကျဆုံးခဲ့ရင်လဲ လုပ်ဆောင်ချက်အမှတ်ငါးသောင်းကို ရရှိပါလိမ့်မယ်။

ဒါ့အပြင် ရန်သူတွေကိုသတ်ခြင်းဖြစ်လဲ အကျိုး‌ဆောင်ခြင်းအမှတ်တွေ ရလိမ့်မယ်။ အကျိုးဆောင်ခြင်းအမှတ်တွေနဲ့လုပ်ဆောင်ချက်အမှတ်တွေက ညီမျှတယ်။

စစ်မြေပြင်မှာ အဆင့်နိမ့်စစ်မှူးတစ်ယောက်ကို သတ်ခြင်းက အကျိုးဆောင်အမှတ်နှစ်ရာကို ရရှိတယ်။ အလယ်ဆင့်စစ်မှူးတစ်ယောက်ကို သတ်ခြင်းက အကျိုးဆောင်အမှတ်ငါးရာကို ရရှိတယ်။ အဆင့်မြင့်စစ်မှူးက အကျိုးဆောင်အမှတ်တစ်ထောင့်ငါးရာကို ပေးတယ်၊ အဆင့်နိမ့်တပ်မှူးက အကျိုးဆောင်အမှတ်ငါးထောင်ကို ပေးတယ်၊ အလယ်ဆင့်တပ်မှူးက အကျိုးဆောင်အမှတ်နှစ်သောင်းကို ပေးတယ်၊ အဆင့်မြင့်တပ်မှူးက အကျိုးဆောင်အမှတ်တစ်သိန်းကို ပေးတယ်။

အတိတ်မှာ သူက တပ်မှူးတွေအတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ခဲ့ဘူး၊ ဒါပေမယ့် အခု သာမန်အဆင့်မြင့်တပ်မှူးတွေက သူ့အတွက် ပြိုင်ဘက်မဟုတ်တော့ဘူး။ သူက ကံကောင်းရင် အဆင့်မြင့်တပ်မှူးအချို့ကို သတ်နိုင်ပါလိမ့်မယ်။

"စထွက်ကြစို့"

တစ်အောင့်လောက်အကြာမှာ အရှေ့နေဂိုဏ်းက နတ်ဘုရားအသုံးအဆောင်သ‌င်္ဘောတစ်စင်းကို စစ်မြေပြင်ဆီ စေလွှတ်ခဲ့တယ်။

ကုန်းပတ်ပေါ်မှာ အဆင့်မြင့်တပ်မှူးအဆောင်အယောင်နဲ့လီဖူချန်းက နတ်ဘုရားကမ္ဘာရဲ့မြင်ကွင်းကို ကြည့်ရှုခံစားနေတယ်။

အရင်သူပြန်လာတုန်းက သူက ဂုဏ်ထူးဆောင်စစ်သားတစ်ယောက်ပဲ ရှိသေးတယ်။ အခု၊ သူက အဆင့်မြင့်တပ်မှူးတစ်ယောက်ဖြစ်နေပြီ။ စစ်မြေပြင်မှာ ဗိုလ်ချုပ်တွေကပဲ တပ်မှူးထက် အဆင့်အတန်းပိုမြင့်တယ်။

ဗိုလ်ချုပ်တစ်ယောက်ရဲ့ခွန်အားက အဆင့်မြင့်တပ်မှူးတစ်ယောက်ထက် ပိုမသန်မာပေမယ့် သူတို့က ဂိုဏ်းရဲ့ယုံကြည်မှုကို ပိုရထားတယ်။

သခင်လေးနိုင်ခွိုက်ကို ဆန့်ကျင်ခဲ့မှတော့ မင်း သေရမယ်"

နတ်ဘုရားအသုံးအဆောင်ပစ္စည်းသင်္ဘောရဲ့ကုန်းပတ်က ကြီးမားလွန်းပြီး လူတစ်သောင်းဝင်ဆံ့တယ်။ လူအုပ်ထဲမှာ အဆင့်မြင့်တပ်မှူးအဆောင်အယောင်ကိုဝတ်ဆင်ထားတဲ့သူနှစ်ယောက်ရှိတယ်။ သူတို့က လီဖူချန်းကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်တယ်။

All Chapters