အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်း
Vol. 79 Ch. 1112
ဝုန်း ဝုန်း ဝုန်း......
ခံတပ်အတွက် ယှဉ်ပြိုင်ပွဲက လီဖူချန်းထင်ထားတာထက် ပိုပြင်းထန်တယ်။ အလယ်ဆင့်နဲ့အဆင့်မြင့်နတ်ဘုရားသန်းပေါင်းများစွာက ထိန်းမနိုင်သိမ်းမရဖြစ်နေပြီး နတ်ဘုရားတွေက အချိန်တိုင်းမှာ သေဆုံးနေတယ်။
ရွှမ်း.....
အနီရောင်ဓားမော့အလင်းတစ်ခုက လက်သွားပြီး အရှေ့နေဂိုဏ်းမှ အလယ်ဆင့်နတ်ဘုရားစစ်သားဒါဇင်ကျော်က ဒီဓားမော့အလင်းအောက်မှာ ပျောက်ကွယ်သွားခဲ့တယ်။
"အားလုံးပဲ၊ အတူတကွတိုက်ခိုက်ကြစို့"
ဒါပေမယ့် အလယ်ဆင့်စစ်သားတွေရဲ့စုစည်းမှုအောက်မှာ ပျောက်ကွယ်သွားတဲ့အဆင့်မြင့်စစ်မှူးတွေလဲရှိတယ်။
အဆင့်မြင့်စစ်မှူးတွေမပြောနဲ့၊ အဆင့်မြင့်တပ်မှူးတွေကတောင် နတ်ဘုရားစစ်သားသောင်းကျော်နဲ့ ရင်ဆိုင်ရရင် တစ်ခါတစ်ရံမှာ ဆိုးရွားတဲ့အခြေအနေတစ်ခုနဲ့ ထွက်ပြေးရလိမ့်မယ်။
"ရဲရဲတောက်မီးလျှံလက်သီး"
လီဖူချန်းက သူ့ရဲ့လက်သီးကို ထုတ်ဖော်လိုက်တယ်။ လေထဲမှာ ကြီးမားတဲ့မီးလျှံလက်သီးတစ်ခုက မတွန်းလှန်နိုင်တဲ့အားတစ်ခုနဲ့အတူ ကျဆင်းလာပြီး ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့အလယ်ဆင့်နတ်ဘုရားစစ်သားတွေကို ပြာဖြစ်သွားစေခဲ့တယ်။ တစ်ချိန်တည်းမှာ ကြီးမားတဲ့အလင်းစက်အရေအတွက်တစ်ခုက လီဖူချန်းရဲ့တပ်မှူးတံဆိပ်ဆီ ပျံသန်းလာတယ်။
"အတူတိုက်ခိုက်ကြစို့"
လီဖူချန်းရဲ့သတ်ဖြတ်ခြင်းအရှိန်က မြန်လွန်းပြီး သူ့ကို ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့အဆင့်မြင့်တပ်မှူးတစ်ယောက်က ပစ်မှတ်ထားလာခဲ့တယ်။ ဒီလူက လူတစ်ထောင်ကို လျှို့ဝှက်စုစည်းထားပြီး လီဖူချန်းဆီ ပြေးဝင်တိုက်ခိုက်လာခဲ့တယ်။
ဒီလူတစ်ထောင်အုပ်စုမှာ အလယ်ဆင့်တပ်မှူးတစ်ယောက်၊ အဆင့်နိမ့်တပ်မှူးငါးယောက်၊ စစ်မှူးဒါဇင်ကျော်နဲ့ ကျန်သူတွေအားလုံးက အလယ်ဆင့်နတ်ဘုရားစစ်သားတွေဖြစ်တယ်။
တိုက်ခိုက်မှုတစ်ထောင်က လီဖူချန်းထံ ဆူနာမီလှိုင်းတစ်ခုအလား တိုးဝင်လာတယ်။
"စစ်မြေပြင်မှာ အားကောင်းတဲ့ခုခံမှုနတ်ဘုရားအတတ်တွေဒါမှမဟုတ်နတ်ဘုရားခန္ဓာကုယ်နတ်ဘုရားအတတ်တွေမရှိရင် တစ်စုံတစ်ယောက်က ဘယ်အချိန်မဆို ပျောက်ကွယ်သွားနိုင်တယ်......" တိုက်ခိုက်မှုတစ်ထောင်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ လီဖူချန်းက တည်ငြိမ်နေတယ်။ သူက ဆန္ဒရှိနေသရွေ့ သူတို့နဲ့ရင်ဆိုင်ဖို့ နည်းလမ်းဒါဇင်ကျော် သူ့မှာ ရှိတယ်။
ဥပမာအားဖြင့် သူက အဆင့်မြင့်မီးတာအိုခုခံမှုနတ်ဘုရားအတတ်ဖြစ်တဲ့ရဲရဲတောက်အကာအကွယ်ကို ထုတ်ဖော်လိုက်ရုံနဲ့ တိုက်ခိုက်မှုတစ်ထောင်ကို အလွယ်တကူတားဆီးနိုင်လိမ့်မယ်။
ဒါမှမဟုတ် အဆင့်မြင့်မီးတာအိုနတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်ဖြစ်တဲ့ရဲရဲတောက်နတ်ဘုရားခန္ဓာကိုယ်ကို အသုံးပြုကာ တိုက်ခိုက်မှုတွေကို လစ်လျူရှုနိုင်တယ်။
မီးတာအိုအပြင် လီဖူချန်းမှာ နေရာလပ်-အချိန်တာအို၊ ဖျက်ဆီးခြင်းတာအိုနဲ့ ဓားတာအိုတို့လဲ ရှိတယ်။
"ရဲရဲတောက်မီးလျှံပိုက်နက်"
လီဖူချန်းက ရဲရဲတောက်မီးလျှံအကာအကွယ်ဒါမှမဟုတ်ရဲရဲတောက်နတ်ဘုရားခန္ဓာကိုယ်ကို မထုတ်ဖော်ခဲ့ပါဘူး။ သူက အဆင့်မြင့်မီးတာအိုနတ်ဘုရားအတတ်ဖြစ်တဲ့ရဲရဲတောက်မီးလျှံပိုင်နက်ကို ထုတ်ဖော်ခဲ့တယ်။ မီးကွင်းတွေက သူ့ကို ဗဟိုပြုလျက် ဦးတည်ဘက်တိုင်းမှ ကြီးမားလာတယ်။
တစ်ခဏအတွင်းမှာ တိုက်ခိုက်မှုထောင်ကျော်က ချက်ချင်း ငြိမ်သက်သွားတယ်။
ပိုင်နက်နတ်ဘုရားအတတ်တွေက အခြားနတ်ဘုရားအတတ်တွေကို အမြဲတမ်းဖိနှိပ်နိုင်တယ်။ ဒါ့အပြင် လီဖူချန်းရဲ့ရဲရဲတောက်မီးလျှံပိုင်နက်က အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။ ၎င်းက အလယ်ဆင့်နတ်ဘုရားအတတ်အချို့ကိုတောင် မရင်ဆိုင်နိုင်ရင် ဟာသတစ်ခုဖြစ်ပေလိမ့်မယ်။
ဒါက နတ်ဘုရားကမ္ဘာဖြစ်ပြီး ပိုင်နက်အကွာအဝေးက မကြီးမားပါဘူး။ လီဖူချန်းက ရန်သူရာအနည်းငယ်ကို သတ်ဖြတ်ပြီးနောက် ကျန်ရှိနေတဲ့ရန်သူတွေက တကွဲတပြားစီထွက်ပြေးသွားကြတယ်။
အကျိုးဆောင်အမှတ်သုံးသောင်းကျော်လား"
လီဖူချန်းက ပြုံးလိုက်တယ်။
ပတ်ဝန်းကျင်ရှိရန်သူတွေက နည်းလွန်းတယ်လို့ ခံစားမိတာကြောင့် လီဖူချန်းက စစ်မြေပြင်ရဲ့အနက်ပိုင်းထဲသို့ ဆက်သွားခဲ့တယ်။
အုန်း.......
ကြောက်စရာကောင်းတဲ့စွမ်းအင်လှိုင်းတစ်ခုက ပေါက်ကွဲထွက်သွားပြီး အနီးနားရှိနတ်ဘုရားစစ်သားဒါဇင်ကျော်က အော်ခွင့်တောင် မရလိုက်ဘဲ ဖုန်မှုန့်တွေ ဖြစ်သွားခဲ့ကြတယ်။
အဲဒါက လီဖူချန်းနဲ့ငှက်မွေးတစ်ထောင်တိုင်းပြည်မှအဆင့်မြင့်တပ်မှူးတစ်ယောက်တို့ပါပဲ။
အဆင့်မြင့်တပ်မှူးတစ်ယောက်အနေနဲ့ သူက အဆင့်မြင့်နတ်ဘုရားအတတ်အနည်းငယ်ကို ဖန်တီးထားတယ်။
"စိတ်ဝင်စားစရာပဲ။ မင်းက ငါ့ရဲ့နတ်ဆိုးတောင်ခွဲတူကို တားဆီးနိုင်ခဲ့တာပဲ"
ဒီငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့တပ်မှူးက နဖူးပေါ်မှာ ဦးချိုနဲ့ ဧရာမနတ်ဆိုးတစ်ကောင်ဖြစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင်အကြေးခွံတွေရှိတယ်။
သူက နတ်ဆိုးသွေးမျိုးဆက်ပိုင်ဆိုင်ထားမှန်း သိသာတယ်။
"မင်းလဲ မဆိုးပါဘူး။ ငါရဲ့ရဲရဲတောက်မီးလျှံလက်သီးကို တားဆီးနိုင်သားပဲ"
လီဖူချန်းရဲ့မျက်လုံးထဲမှာ ဒီဧရာမနတ်ဆိုးက ကြီးမားတဲ့အကျိုးဆောင်အမှတ်ပမာဏတစ်ခုပဲ။
အဆင့်မြင့်တပ်မှူးတစ်ယောက်က အကျိုးဆောင်အမှတ်တစ်သိန်းထိုက်တန်တယ်လေ။
"အရှက်မရှိကြွားဝါစကားတွေ။ ငါ စောစောက အားလျော့ထားလို့ပဲ။ အခု၊ ငါရဲ့အစစ်အမှန်ခွန်အားကို မြင်တွေ့စေရမယ်၊ နတ်ဘုရားနဲ့နတ်ဆိုးဒေါသ"
ဧရာမနတ်ဆိုးက ဧရာမတူတစ်လက်ကို လက်နှစ်ဖက်နဲ့ ကိုင်မြှောက်လိုက်တယ်။ တစ်ချိန်တည်းမှာ ကြောက်စရာကောင်းတဲ့ပုံရိပ်တစ်ခုက သူ့အနောက်မှာ ထွက်ပေါ်လာတယ်။ ဒီကြောက်စရာကောင်းတဲ့ပုံရိပ်ကလဲ ဧရာမတူတစ်လက်ကို ကိုင်မြှောက်ထားတယ်။
"ငရဲကိုသွားစမ်း"
တူကို ရိုက်ချလိုက်တာကြောင့် အဆုံးမဲ့တူအရိပ်တွေက လီဖူချန်းထံ ဝင်ရောက်လာတယ်။
ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအတတ်၊ နတ်ဘုရားနဲ့နတ်ဆိုးဒေါသ။
"ဒါက အံ့မခန်းနတ်ဘုရားအတတ်တစ်ခုပဲ" လီဖူချန်းက ပြုံးပြီး သူ့ရဲ့ညာလက်နဲ့အတူ လက်သည်းတစ်ခုကို ဖြစ်စေပြီး သူက ကုတ်ဆွဲလိုက်တော့တယ်။
ပျမ်းနျှအဆင့်မြင့်နတ်ဘုရားအတတ်၊ မီးလျှံနတ်ဘုရားလက်သည်း။
အုန်း အုန်း......
ဧရာမနတ်ဆိုးရဲ့တူက ထူးကဲအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို အသာစီးရယူလျက် လီဖူချန်းနဲ့ ညီမျှစွာ ယှဉ်ပြိုင်နိုင်ခဲ့တယ်။
"ငါ မင်းနဲ့ အချိန်ဖြုန်းစရာမရှိဘူး"
မီးတာအိုနတ်ဘုရားစွမ်းအားကို ဓားတာအိုနတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲလျက် လီဖူချန်းက ဓားချီမူလပြန်သွားခြင်းကို အသုံးပြုကာ ဧရာမနတ်ဆိုးကို ဖယ်ရှားခဲ့တယ်။
"အခု အချိန်ကျပြီ၊ သတ်"
လီဖူချန်းက ဧရာမနတ်ဆိုးကို သတ်ပြီးတဲ့အခိုက်မှာ တိုက်ခိုက်မှုနှစ်ခုက ဘယ်နဲ့ညာကနေ ပြေးဝင်လာခဲ့တယ်။
"ဒီလိုကြောက်စရာကောင်းတဲ့ချီတည်ရှိမှုတစ်ခု"
လီဖူချန်းရဲ့အမူအရာက ပြောင်းလဲသွားတယ်။ သူ့ရဲ့ခန္ဓာကိုယ်က လျှပ်တစ်ပြက်လက်သွားပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က မထင်မရှားမှုန်ဝါးဝါးဖြစ်သွားတယ်။ ပြီးနောက် လီဖူချန်းရံ့ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားတယ်။
အုန်း.......
စောစောကလီဖူချန်းရှိခဲ့တဲ့နေရာက ဗလာနတ္ထိဖြစ်သွားတယ်။ မြေပြင်ပေါ်မှာ နက်ရှိုင်းပြီးကြောက်စရာကောင်းတဲ့ဓားမော့ရာတစ်ခုဖြစ်လာတယ်။
ဒီတိုက်ခိုက်မှုက လီဖူချန်းကို ထိမှန်ခဲ့ရင် သူ့မှာ ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်ရှိရင်တောင် ရင်ဆိုင်နိုင်မှာမဟုတ်ဘဲ ဒဏ်ရာအပြင်းအထန်ရသွားပေလိမ့်မယ်။
"ဘာ။ နေရာလပ်-အချိန်နတ်ဘုရားအတတ်လား"
"ဒိီကလေးက သူ့ကိုယ်သူ နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားတာပဲ။ မီးတာအိုနဲ့ဓားတာအိုအပြင် သူက နေရာလပ်-အချိန်တာအိုမှာရော ကျွမ်းကျင်တာပဲ"
ပုံရိပ်နှစ်ခုက ထွက်ပေါ်လာတယ်။
နှစ်ယောက်လုံးက မျက်နှာဖုံးတွေ ဝတ်ဆင်ထားတယ်။ သူတို့ရဲ့အသွင်အပြင်ကိုပဲ ကွယ်ဝှက်ထားတာမဟုတ်ဘူး၊ သူတို့ရဲ့ချီတည်ရှိမှုကိုလဲ ဖုံးကွယ်ထားတယ်။
မျက်နှာဖုံးတွေမှာ သူတို့ရဲ့အထောက်အထားတွေကို ဖုံးကွယ်နိုင်တဲ့စွမ်းရည်ရှိမှန်း သိသာတယ်။
သူတို့နှစ်ယောက်လုံးမှာ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုစီရှိတယ်။ ဘယ်ဘက်တစ်ယောက်မှာ အစိမ်းရောင်အလင်းလှည့်ပပတ်နေတဲ့ဓားမော့တစ်လက်ရှိတယ်။ ဓားမော့ရဲ့အဖျားမှာ ဓားမော့ချီတွေ ထွက်နေတယ်။
ညာဘက်ရှိတစ်ယောက်မှာ ငွေရောင်တူတစ်လက်ရှိတယ်။ ငွေရောင်တူက အလွန်သေးငယ်ပေမယ့် ၎င်းက လေးလံတဲ့ချီတည်ရှိမှုကို မရင်ဆိုင်နိုင်တဲ့အလား ပတ်ဝန်းကျင်ဟင်းလင်းပြင်က တွန့်လိမ်ရှုံ့တွနေတယ်။
"အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်း"
အဝေးမှ လီဖူချန်းရဲ့အမူအရာက ကောင်းမနေပါဘူး။
သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အလွန်စူးရှပြီး တစ်ခုခုမှားနေတာကို ချက်ချင်းအာရုံခံမိခဲ့တယ်။ သူက နေရာလပ်-အချိန်နတ်ဘုရားအတတ်ဖြစ်တဲ့အချိန်တောင်ပံကို ဖော်ထုတ်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့တယ်။
သူ့မှာ နေရာလပ်-အချိန်နတ်ဘုရားအတတ်မရှိရင် သူက ဒီနှစ်ယောက်ရဲ့လက်ထဲမှာ ပျောက်ကွယ်သွားပြီးဆိုတာ ပြောနိုင်တယ်။
"မင်းမျက်လုံးတွေက မဆိုးဘူးပဲ"
ဘယ်ဘက်ရှိတစ်ယောက်က တခစ်ခစ်ရယ်ကာ သူ့လက်ထဲရှိအစိမ်းရောင်ဓားမော့ကို ဝှေ့ယမ်းခဲ့တယ်။
အစိမ်းရောင်ဓားမော့က တကယ်တော့ အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ အဲဒါက သာမန်အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပေမယ့် အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။ ၎င်းရဲ့စွမ်းအားက အလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့ လုံးဝမတူပါဘူး။ အထူးသဖြင့် အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့လက်ထဲမှာ ၎င်းက အလွန်အမင်းကြောက်စရာကောင်းတဲ့သေစေနိုင်စွမ်းကို ထုတ်ဖော်ပေးလိမ့်မယ်။
"အချိန်တောင်ပံ"
လီဖူချန်းက သူတို့နဲ့တိုက်ခိုက်ဖို့အစီအစဉ်မရှိပါဘူး။ သူတို့မှာ အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရှိပြီး သူက သူတို့အတွက် ပြိုင်ဘက်မဟုတ်ပါဘူး။
လီဖူချန်းက နေရာလပ်-အချိန်နတ်ဘုရားအတတ်ဖြစ်တဲ့အချိန်တောင်ပံကို ချက်ချင်းထုတ်ဖော်လိုက်တယ်။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား"
ညာဘက်ရှိတစ်ယောက်က ငွေရောင်တူကို ကိုင်ဆွဲထားပြီး ဟင်းလင်းပြင်ကို ခုတ်ပိုင်းလိုက်တယ်။
ဝုန်း......
လီဖူချန်းက နေရာလပ်-အချိန်မှ ပြန်ထွက်လာတယ်။
"ဒီလိုအံ့မခန်းအဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်း" လီဖူချန်းရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။
ညာဘက်ရှိငွေရောင်တူက ဘယ်ဘက်ရှိအစိမ်းရောင်ဓားမော့ထက် အဆင့်ပိုမြင့်တယ်ဆိုတာ သူ့ရဲ့မသိစိတ်က သူ့ကို ပြောပြခဲ့တယ်။
လီဖူချန်းက အဆင့်မြင့်နေရာလပ်-အချိန်နတ်ဘုရားအတတ်သုံးမျိုးကို ကျွမ်းကျင်တယ်။ သူတို့အထဲမှာ အချိန်တောင်ပံက ပျမ်းမျှအဆင့်မြင့်နေရာလပ်-အချိန်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။ နေရာလပ်-အချိန်နတ်ဘုရားအတတ်ရဲ့ပြိုင်ဘက်ကင်းမှုကြောင့် ကွာဟချက်က မကြီးမားလွန်းရင် နေရာလပ်-အချိန်ကနေ ပြန်ထွက်လာစေဖို့က မဖြစ်နိုင်ဘူး။
"မင်းကို အမှန်တရားပြောပြမယ်၊ ငါ့လက်ထဲရှိနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ မင်းမှာ အခွင့်အရေးတစ်ခုတောင်မရှိဘူး" ညာဘက်ရှိလူက ဝင့်ဝါစွာ ပြောလိုက်တယ်။
အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက တောက်ပနတ်ဘုရားကမ္ဘာမှာ အဖိုးမဖြတ်နိုင်ဘူး။ အစစ်အမှန်နတ်ဘုရားအဆင့်ဂိုဏ်းတွေမှာဆိုရင်တောင် သူတို့က အရမ်းရှားတယ်။ ပုံမှန်အနေအထားမှာ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေက အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုလိမ့်မယ်။ ဒါပေမယ့် အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအသုံးပြုတဲ့အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အနည်းဆုံးထူးကဲဒါမှမဟုတ်ပြီးပြည့်စုံခြင်းအဆင့်ရှိလိမ့်မယ်။
"ငါ မကြိုးစားဘဲနဲ့ ဘယ်လိုလုပ်သိမှာလဲ"
သူ ပြန်ရောက်တဲ့အခါကျရင် နေရာလပ်-အချိန်စွမ်းပကားအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို လဲလှယ်ရမယ်လို့ လီဖူချန်းက ဆုံးဖြတ်ခဲ့တယ်။ သူ့မှာ ပြီးပြည့်စုံခြင်းအလယ်ဆင့်နေရာလပ်-အချိန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု၊ မဟုတ်ဘူး၊ ထူးကဲအလယ်ဆင့်နေရာလပ်-အချိန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုသာရှိရင် သူ့ရဲ့လွတ်မြောက်ရေးအခွင့်အလမ်းက အဆများစွာတိုးလာလိမ့်မယ်။
"ငါ နေရာတိုင်းမှာ လုပ်ဆောင်ချက်အမှတ်တွေ လိုအပ်တာပဲ......."
လီဖူချန်းက ခါးသီးစွာ ပြုံးလိုက်မိတယ်။
"သေစမ်း"
ညာဘက်ရှိလူက သူ့ရဲ့တူကို ထပ်မံဝှေ့ယမ်းလိုက်ပြီး လီဖူချန်းထံ ရက်ရက်စက်စက်ရိုက်နှက်လိုက်တယ်။
ဝှစ်......
သွေးတစ်ပွက်အန်ထွက်ပြီးနောက် လီဖူချန်းက လွင့်ထွက်သွားတယ်။
ငွေရောင်တူရဲ့တိုက်ခိုက်မှုအကွာအဝေးက ကြီးမားလွန်းပြီး နေရာလပ်ဇုန်တစ်ခုလုံးက ရန်သူရဲ့တိုက်ခိုက်ရေးအကွာအဝေးအတွင်းမှာ ရှိတယ်။ လီဖူချန်းက ရှပ်ထိသွားပြီး သူ့ကို လျှပ်စီးက ထိမှန်သွားသလို ခံစားရတယ်။ သူ့ကို ထိပ်တိုက်ထိမှန်သွားရင် ဘယ်လိုခံစားရမလဲ စိတ်ကူးယဉ်ဖို့ ခက်ခဲတယ်။
"ချော်သွားတာပဲ"
ညာဘက်ရှိလူက သူ့ရဲ့ငွေရောင်တူကို ဝှေ့ယမ်းလိုက်ပြန်တယ်။ မရေမတွက်နိုင်တဲ့တူပုံရိပ်တွေက ဟင်းလင်းပြင်ထဲသို့ ပြန့်ကျဲသွားတယ်။
ဝှစ်.......
လီဖူချန်းရဲ့ပုံရိပ်က မကြာခဏ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတယ်။ သူ ထွက်ပေါ်လာတဲ့အချိန်တိုင်း သူက ဖိအာပေးခံနေရတယ်။ သူ သွေးအန်တဲ့အခါတိုင်း သူက နတ်ဘုရားစွမ်းအားအချို့ကို သုံးစွဲခဲ့တယ်လို့ ဆိုလိုတယ်။
သူ့မှာ ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်ရှိပြီး နတ်ဘုရားစွမ်းအားအချို့ကိုပဲ သုံးစွဲခဲ့ရတာ ကံကောင်းသွားတယ်။
သူ့မှာ ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်မရှိရင် သူသုံးစွဲရမယ့်နတ်ဘုရားစွမ်းအားက ဆယ်ဆကျော်အနည်းဆုံးပိုလိမ့်မယ်။
"ရက်စက်ကျားကောင်းကင်ဘုံသတ်ဖြတ်သူခုတ်ချက်......"
အခ္ငင့်အရေးကို အသုံးပြုလျက် ဘယ်ဘက်ရှိလူက သူ့ရဲ့အစိမ်းရောင်ဓားမော့ကို ဝှေ့ယမ်းလိုက်တယ်။ ကြောက်စရာကောင်းတဲ့အစိမ်းရောင်ဓားချီက ဧရာမအစိမ်းရောင်ကျားတစ်ကောင်အဖြစ်သို့ ပြောင်းကာ လီဖူချန်းထံ ခုန်အုပ်လာတယ်။
ထူးကဲအဆင့်မြင့်နတ်ဘုရားအတတ်၊ ရက်စက်ကျားကောင်းကင်ဘုံသတဆ
"နေရာလပ်-အချိန်တံခါး"
ဧရာမအစိမ်းရောင်ကျားက လီဖူချန်းကို ဝါးမျိုတော့မယ့်အခိုက် တံခါးတစ်ချပ်က လီဖူချန်းရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။ လီဖူချန်းက အထဲသို့ ခြေချခဲ့တယ်။
ဖြောက်......
ဧရာမအစိမ်းရောင်ကျားက နေရာလပ်-အချိန်တံခါးအပေါ်မှာ အရာတစ်ခုပဲ ချန်ထားနိုင်ခဲ့ပြီး ၎င်းက ပျောက်ကွယ်သွားခဲ့တယ်။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား။ အိမ်မက်ပဲမက်နေ၊ ထွက်လာစမ်း"
ဘယ်ဘက်ရှိလူက သူ့ရဲ့နတ်ဘုရားစွမ်းအားအားလုံးကို စုစည်းပြီး ဟင်းလင်းပြင်ကို သူ့ရဲ့တူနဲ့ ရိုက်နှက်လိုက်တယ်။
နောက်အခိုက်အတန့်မှာ ဟင်းလင်းပြင်က ရေပမာ လှိုင်းဂယက်ထသွားတယ်။
လီဖူချန်းရဲ့ပုံရိပ်က ရေလှိုင်းဂယက်ရဲ့အနက်ပိုင်းမှာ ရှိတာကို ရေးတေးတေးမြင်နိုင်တယ်။
မကြာမီမှာပဲ ရေလှိုင်းဂယက်က ပျောက်ကွယ်သွားပြီး လီဖူချန်းက ပြန်မထွက်ပေါ်လာခဲ့ပါဘူး။
"သူ့ကို နေရာလပ်-အချိန်မုန်တိုင်းက ဆုတ်ဖြဲသွားခဲ့တာပဲဖြစ်မယ်"
ဘယ်ဘက်ရှိလူက ပြောလိုက်တယ်။
ဒိလိုအကွာအဝေးရှည်နေရာလပ်တည်နေရာရွှေ့ပြောင်းခြင်းက အနှောင်ယှက်ဖြစ်သွားမှာကို အကြောက်ဆုံးပဲ။ အောင်မြင်စွာ အနှောင့်အယှက်ခံလိုက်ရတာနဲ့ ၎င်းက လမ်းကြောင်းမှ ချက်ချင်း သွေဖယ်သွားပြီး နေရာလပ်-အချိန်မုန်တိုင်းထဲသို့ ရောက်ရှိသွားလိမ့်မယ်။
အဆင့်မြင့်နတ်ဘုရားတစ်ယောက်က နေရာလပ်-အချိန်ထဲသို့ ရောက်ရှိသွားတာနဲ့ ဘာဖြစ်မလဲ သိသာပါတယ်။
"အဲလိုပဲဖြစ်ပါစေကွာ"
ညာဘက်ရှိလူက စိတ်မချဖြစ်နေတယ်။