← Chapters

နတ်ဘုရားစိတ်ဝိညာဉ်အတတ်

Vol. 79 Ch. 1113

နတ်ဘုရားစိတ်ဝိညာဉ်အတတ်

Vol. 79 Ch. 1113

ရဲရဲတောက်နေခံတပ်မှ မိုင်တစ်သောင်းအကွာမှာ ပုံရိပ်တစ်ခုက ဟင်းလင်းပြင်မှ ကျလာတယ်။ ‌လီဖူချန်းက လွဲပြီး အခြားသူမဟုတ်ပါဘူး။

လီဖူချန်းက အတော်လေးသနားစရာကောင်းတဲ့အခြေအနေတစ်ခုမှာ ရှိတယ်။ သူ့ရဲ့ခန္ဓာကိုယ်က စုတ်ပြဲနေပြီး သူ့ရဲ့အရိုးတွေကတောင် ထွက်ပေါ်လာတယ်။

ညာဘက်ရှိလူက ကြောက်စရာကောင်းလွန်းတဲ့ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို ကိုင်ဆောင်ထားတာပဲ။ နေရာလပ်အချိန်တံခါးက တည်ငြိမ်မှုမရှိခဲ့ရင် လီဖူချန်းက နေရာလပ်မုန်တိုင်းထဲသို့ ကျရောက်သွားလောက်ပြီ။ ဒီလိုဆိုရင်တောင် လီဖူချန်းကို နေရာလပ်မုန်တိုင်းက သက်ရောက်ခဲ့သေးပြီး သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က ပျက်ဆီးလုနီးပါးဖြစ်ခဲ့ရတယ်။

"နေရာလပ်အချိန်တံခါးက ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုဖြစ်ပြီး သက်ရောက်မှုက မျှော်မှန်းထားတာထက် ပိုသန်မာတာ ကံကောင်းတယ်"

နေရာလပ်တံအချိန်ခါးက အချိန်တောင်ပံနဲ့ မတူပါဘူး။ အချိန်တောင်ပံက အလွန်မြန်ပေမယ့် နေရာလပ်အချိန်တံခါးက နေရာလပ်-အချိန်စွမ်းအားကို ဖြည်းဖြည်းချင်းစုစည်းဖို့ လိုအပ်တယ်။ ဒါကြောင့် နေရာလပ်-အချိန်တံခါးက ပျမ်းမျှအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုဆိုရင်တောင် ၎င်းကို အောင်မြင်စွာ ထုတ်ဖော်လိုက်တာနဲ့ သက်ရောက်မှုက ပြီးပြည့်စုံခြင်းအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုထက် မနိမ့်ကျပါဘူး။

ထိုနှစ်ယောက်ရဲ့နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေဆိုတာကို သိပြီးနောက် လီဖူချန်းက နေရာလပ်စွမ်းအားကို လျှို့ဝှက်စုစည်းထားပြီးဖြစ်တယ်။ နေရာလပ်စွမ်းအားက ပုံသဏ္ဍာန်မဲ့ပြီး နှစ်ယောက်လုံးက ကြိုတင်သတိမပြုမိခဲ့တာ ကံကောင်းသွားတယ်။ သို့မဟုတ်ရင် လီဖူချန်းက အဲဒါကို အောင်မြင်စွာ ထုတ်ဖော်နိုင်လိမ့်မှာမဟုတ်ဘူး။

"ငါ့ခွန်အားက အားနည်းလွန်းတယ်"

လီဖူချန်းက သက်ပြင်းတစ်ချက်ချလိုက်တယ်။

သူပြောခဲ့တဲ့ခွန်အားက ရှုထောင့်နှစ်ခုမှ လာတယ်။ တစ်ခုရ သူ့ရဲ့ကိုယ်ပိုင်ခွန်အားဖြစ်ပြီး အခြားတစ်ခုက နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလို ပြင်ပစွမ်းအားတစ်ခုဖြစ်တယ်။

သူ့မှာသာ အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိရင် သူက ထိုနှစ်ယောက်ကို ကြောက်စရာမလိုပါဘူး။

"ငါ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ဘယ်အချိန်ကျမှ အဝါရောင်ဖျော့ဖျော့ဖြစ်မလဲကို ငါ သိချင်မိတယ်"

စိတ်ဝိညာဉ်ပင်လယ်ထဲမှာ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အဝါရောင်ဖျော့ဖျော့ရှိနေပါပြီ။

နတ်ဘုရားကမ္ဘာကို ရောက်ရှိပြီးနောက် ရွှေရောင်အဆောင်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်တိုးမြှင့်မှုက ပိုသန်မာလာပုံရတာကို လီဖူချန်းက ရေးတေးတေးခံစားမိတယ်။ ဒီအရှိန်နဲ့ဆိုရင် နတ်ဘုရားစိတ်ဝိညာဉ်ကို တိုးမြှင့်ဖို့ နတ်ဘုရားဆေးပင်ဒါမှမဟုတ်နတ်ဘုရားဆေးတွေတစ်ခုမှ လီဖူချန်းက မသုံးစွဲရင်တောင် သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားမှ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဖြစ် နှစ်ဒါဇင်အနည်းငယ်အတွင်း ဆင့်ကဲပြောင်းလဲနိုင်ပါလိမ့်မယ်။

ဒါကို နားလည်နိုင်ပါတယ်။ လီဖူချန်းက ရွှေရောင်အဆောင်ကို ပထမဆုံးရရှိတုန်းက သူ့ရဲ့စိတ်ဝိညာဉ်က ရုတ်ခြည်းပြောင်းလဲလာခဲ့တာလေ။

နှိုင်းယှဉ်ကြည့်ရင် လက်ရှိပြောင်းလဲမှုအရှိန်က အရမ်းနှေးကွေးနေပါပြီ။

"အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှာဆိုရင် တိုးတက်မှု ပိုမြန်ဆန်လာလောက်မလား"

လီဖူချန်းက ခေါင်းခါယမ်းပြီး ခါးသီးစွာ ပြုံးလိုက်မိတယ်။ အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာကို ဦးတည်ဖို့က မလွယ်ပါဘူး။ အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှ အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာဆီ ဦးတည်ဖို့ နည်းလမ်းနှစ်ခုပဲရှိတယ်။ ပထမနည်းလမ်းက တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို သုံးပြီး ရွှေ့ပြောင်းဖို့။   ဒုတိယနည်းလမ်းက အစစ်အမှန်နတ်ဘုရားဖြစ်အောင်လုပ်ပြီး အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာဆီ ဖြည်းဖြည်းချင်းပျံသန်းဖို့။

လီဖူချန်းသိထားတာအရ တောက်ပကမ္ဘာနတ်ဘုရားကမ္ဘာမှာ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ဦးတည်တဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုတောင် မရှိပါဘူး။ သို့မဟုတ်ရင် နှစ်ဖက်စလုံးက ပါးဟိုင်နတ်ဘုရားကမ္ဘာကိုသွားတဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်အတွက် တိုက်ခိုက်စရာမလိုပါဘူး။

တကယ်တော့ အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာကို သွားခြင်းက အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာကို သွားခြင်းထက် ပိုအလားအလာကောင်းတယ်။

အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို တိုးမြှင့်ဖို့ဆိုတာက လက်ရှိလီဖူချန်းအတွက် အများကြီးလိုအပ်နေပါသေးတယ်။ သူ အဆင့်မြင့်နတ်ဘုရားနယ်ပယ်ကို တက်လာတာ သိပ်မကြာသေးဘူးလေ၊ ပုံမှန်အနေအထားမှာ ဆယ်နှစ်ကနေနှစ်နှစ်ဆယ်အတွင်း အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို မမြှင့်တက်နိုင်လောက်ဘူး။

ဒါနဲ့ပတ်သက်ပြီး စဉ်းစားပြီးနောက် လီဖူချန်းက သူ့ခွန်အားကို အလျင်အမြန်တိုးလာစေဖို့ နည်းလမ်းတစ်ခုကို မစဉ်းစားနိုင်ခဲ့ဘူး။ သူက သူ့ခွန်အားကို မတိုးမြှင့်ခဲ့ရင် အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိတဲ့တစ်စုံတစ်ယောက်နဲ့ နောက်တစ်ကြိမ်ရင်ဆိုင်ရတဲ့အခါ သူက လွတ်မြောက်နိုင်လိမ့်မှာမဟုတ်ပါဘူး။

"စိတ်ဝိညာဉ်၊ စိတ်ဝိညာဉ်၊ ဟုတ်တယ်၊ စိတ်ဝိညာဉ်တိုက်ခိုက်မှုပဲ"

ရုတ်တရက် လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

စိတ်ဝိညာဉ်က သူ့ရဲ့အကြီးမားဆုံးအားသာချက်ဖြစ်တယ်။ သူက ဒီအားသာချက်ကို တိုက်ခိုက်မှုတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ရင် ကျားတစ်ကောင်ကို အတောင်ပံတွေ တပ်ပေးတာနဲ့ မတူသွားဘူးလား။

"အရှေ့နေဂိုဏ်းမှာ နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုရှိမလား ငါ သိချင်တယ်"

လီဖူချန်းက အဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုကို မလိုပါဘူး။ အဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုဆိုရင်တောင် သူက သူ့ရဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားစိတ်ဝိညာဉ်နဲ့ ထုတ်ဖော်လိုက်ရင် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုနဲ့အတူ ဘယ်အဆင့်မြင့်နတ်ဘုရားတစ်ယောက်ကိုမဆို သေစေနိုင်ဖို့ လုံလောက်တယ်။

ဒါပေမယ့် အရှေ့နေ‌ဂိုဏ်းမှာ နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုရှိသလားဆိုတာတော့ မသေချာပါဘူး။

နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေက အလွန်ရှားမယ်ဆိုတာ သူက ခန့်မှန်းဖို့မလိုပါဘူး။

ပထမ၊ နတ်ဘုရားစိတ်ဝိညာဉ်က နတ်ဘုရားတစ်ယောက်ရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်။ နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုကို ဖန်တီးဖို့ အလွန်အမင်းခက်ခဲတယ်။ အရင်က လီဖူချန်းက နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေကို လေ့လာခဲ့ဖူးပေမယ့် သူ့ရဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို နတ်ဘုရားအတတ်တစ်ခုရဲ့အကန့်အသတ်အထိပဲ တိုးမြှင့်စေနိုင်ခဲ့တယ်။ နတ်ဘုရားကမ္ဘာဥပဒေသရဲ့အသိအမှတ်ပြုမှုကို ရရှိဖို့က မဖြစ်နိုင်ပါဘူး။

ဒါက လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက လုံလုံလောက်လောက်မကောင်းဘူးလို့ မဆိုလိုပါဘူး၊ အဓိကအားဖြင့် လီဖူချန်းက နတ်ဘုရားစိတ်ဝိညာဥ်တိုက်ခိုက်မှုတွေအပေါ်မှာ သုံးစွဲတဲ့အချိန်က နည်းလွန်းတယ်လေ။ ဒါ့ပြင် သူ့မှာ ကိုးကားစရာတွေကလဲ အလုံအလောက်မရှိပါဘူး။ သူက သူ့ကိုယ်သူကိုပဲ မှီခိုနေရင်း နတ်ဘုရားစိတ်ဝိညာဉ်ရဲ့အနှစ်သာရကို ဖြည်းဖြည်းချင်းနားလည်စေရလိမ့်မယ်။

ဒုတိယ၊ နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေက မယုံနိုင်စရာကောင်းပေမယ့် သူတို့က တကယ်တော့ အနည်းငယ်အသုံးမဝင်ပါဘူး။ အဆင့်နိမ့်နတ်ဘုရားတစ်ယောက်က အဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုကို ထုတ်ဖော်တဲ့အခါ အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ကို အများဆုံးဒဏ်ရာရစေလိမ့်မယ်။ အလယ်ဆင့်နတ်ဘုရားတစ်ယောက်ကို ဒဏ်ရာရစေဖို့က အရမ်းခက်ခဲတယ်။ အခြားအဆင့်နိမ့်နတ်ဘုရားအတတ်တွေကို ထုတ်ဖော်တဲ့အခါ သူတို့ကလဲ အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ကို ဒဏ်ရာရစေနိုင်လိမ့်မယ်။ ဒီလိုဆိုမှတော့ နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေကို လေ့လာဖို့ သူက ဘာလို့အများကြီးအားထုတ်နေရမှာလဲ။

လူတစ်ယောက်ရဲ့စွမ်းအင်က အကန့်အသတ်ရှိတယ်၊ လူတော်တော်များများက နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေကို လေ့လာဖို့အတွက် အားထုတ်မှုအများကြီးပေးဖို့ ဆန္ဒမရှိပါဘူး။ ဒါ့အပြင် နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေက လေ့လာရတာ မလွယ်ပါဘူး။ နတ်ဘုရားများစွာက သူတို့ရဲ့သက်တမ်းတစ်လျှောက်လုံး လေ့လာခဲ့ပြီး ဘာတစ်ခုမှ မအောင်မြင်ခဲ့ဘဲ နောင်တအပြည့်နဲ့သာ ကျန်ရစ်နေခဲ့ရတယ်။

ဒါပေမယ့် အရာအားလုံးမှာ ချွင်းချက်တွေရှိပါတယ်။ မွေးရာပါအားကောင်းတဲ့နတ်ဘုရားစိတ်ဝိညာဉ်ရှိတဲ့သူတွေအတွက် နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေက သူတို့အတွက် အလွန်အရေးကြီးတယ်။ သူတို့က အဆင့်နိမ့်နတ်ဘုရားအဆင့်နဲ့တင်  အလယ်ဆင့်နတ်ဘုရားတွေကို အနိုင်ယူနိုင်သတ်ဖြတ်နိုင်တယ်။ ရန်သူက နတ်ဘုရားစိတ်ဝိညာဉ်ခုခံမှုနတ်ဘုရားအတတ်တစ်ခုကို မကျင့်ကြံထားခဲ့ရင် နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေရဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့က သူတို့အတွက် မဖြစ်နိုင်ပါဘူး။

လီဖူချန်းမှာ မွေးရာပါအားကောင်းတဲ့နတ်ဘုရားစိတ်ဝိညာဉ်တစ်ခုမရှိပေမယ့် သူ့မှာ ရွှေရောင်ချပ်ဝတ်တစ်ခုရှိပြီး သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က မွေးရာပါအားကောင်းတဲ့နတ်ဘုရားစိတ်ဝိညာဉ်ရှိတဲ့သူတွေထက် ပိုသန်မာတယ်။ အနာဂတ်မှာ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကပဲ ပိုသန်မာလာလိမ့်မယ်။

…

အဆုံးမှာတော့ ရဲရဲတောက်နေခံတပ်ကို  မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့အလုံးစုံခွန်အားက အရှေ့နေဂိုဏ်းထက် အနည်းငယ်ပဲ ပိုသန်မာတာ မဟုတ်ဘူးဆိုတာကို အမြော်အမြင်ရှိတဲ့သူတိုင်းက မြင်နိုင်ပါတယ်။

အပြန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းသ‌င်္ဘောပေါ်မှာ........

"သူ မသေဘူးပဲ"

"တောက်၊ သူ တကယ်ပဲ လွတ်မြောက်ခဲ့တယ်ပေါ့လေ"

"ငါတို့ဘယ်လိုလုပ်ကြမလဲ"

"ငါတို့က ဘာလုပ်နိုင်မှာလဲ။ နောက်ထပ်အခွင့်အရေးတစ်ခုကို ထပ်စောင့်ရမှာပေါ့"

အသံနှစ်ခုက တိတ်တဆိတ်ဖလှယ်နေတယ်။

အရှေ့နေဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် လီဖူချန်းက နတ်ဘုရားအတတ်ခန်းမကိုပဲ တိုက်ရိုက်သွားခဲ့တယ်။

အချိန်အကြာကြီးရှာဖွေပြီးနောက် လီဖူချန်းက နောက်ဆုံးမှာ အဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်သုံးခုကို တွေ့ရှိခဲ့တယ်။ အလယ်ဆင့်နဲ့အဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေကတော့ တစ်ခုမှတောင် မရှိပါဘူး။

ဒါကို ကြည့်ရင် နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုကို ရရှိဖို့ ဘယ်လောက်တောင် ခက်ခဲသလဲကို စဉ်းစားနိုင်တယ်။

အဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်သုံးခုမှာ နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်ရေးအတတ်နှစ်ခုနဲ့ နတ်ဘုရားစိတ်ဝိညာဉ်ခုခံရေးအတတ်တစ်ခုပါဝင်တယ်။

တန်ဖိုးက အလွန်ဈေးကြီးပြီး သာမန်အဆင့်မြင့်နတ်ဘုရားအတတ်တွေထက်တောင် ပို‌ဈေးကြီးတယ်။ ဈေးအပေါဆုံးတစ်ခုက လုပ်ဆောင်ချက်အမှတ်သုံးသောင်းကို လိုအပ်ပြီး ဈေးအကြီးဆုံးက လုပ်ဆောင်ချက်အမှတ်နှစ်သိန်းကို လိုအပ်တယ်။

နတ်ဘုရားအတတ်တစ်ခုကို ဖလှယ်ခြင်းနဲ့ နတ်ဘုရားအတတ်တစ်ခုကို ပေးအပ်ခြင်းက မတူညီပါဘူး။ နတ်ဘုရားအတတ်တစ်ခုကို ဂိုဏ်းသို့ ပေးအပ်မယ်ဆိုရင် လုပ်ဆောင်ချက်အမှတ်တစ်သောင်းကို ရရှိနိုင်တယ်၊ ဂိုဏ်းကနေနတ်ဘုရားအတတ်တစ်ခုကို ဖလှယ်ခြင်းက လုပ်ဆောင်ချက်အမှတ်သုံးထောင်ပတ်လည်ပဲ လိုအပ်တယ်။ တကယ်တော့ နတ်ဘုရားအတတ်တစ်ခုကို အကြိမ်အများကြီးသင်ယူနိုင်တယ်လေ။

ဒီနတ်ဘုရားစိတ်ဝိညာဉ်အတတ်သုံးခုစလုံးကို ကြယ်သုံးလုံးနတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်‌တုံးတွေထဲမှာ ချိတ်ပိတ်ထားတယ်။

အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို ကြယ်တစ်လုံးနတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးမှာ ချိတ်ပိတ်ခဲ့ရင် ၎င်းကို တစ်ကြိမ်ပဲ ချိတ်ပိတ်နိုင်ခဲ့တယ်။ ၎င်းကို ကြယ်နှစ်လုံးနတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးမှာ ချိတ်ပိတ်ခဲ့ရင် ဆယ်ကြိမ်ကျင့်ကြံနိုင်တယ်။  ၎င်းကို ကြယ်သုံးလုံးနတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးမှာ ချိတ်ပိတ်ခဲ့ရင် အကြိမ်တစ်ရာကျင့်ကြံနိုင်တယ်။

အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို အဆင့်မြင့်ကြယ်နတ်ဘုရားကျောက်တုံးတစ်တုံးမှာ ချိတ်ပိတ်ခဲ့ရင် အကြိမ်များစွာ ကျင့်ကြံနိုင်တယ်။

ဒါပေမယ့် အဆင့်မြင့်ကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေက အရမ်းရှားပါးပြီး တစ်ယောက်မှ ၎င်းတို့ကို အဆင့်နိမ့်နတ်ဘုရားအတတ်တွေဒါမှမဟုတ်အလယ်ဆင့်နတ်ဘုရားအတတ်တွေအတွက်နဲ့ မဖြုန်းတီးခြင်းပါဘူး။ နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေက အတော်လေးထူးခြားပြီး အဲဒီလိုဆက်ဆံမှုကို နှစ်သက်နိုင်တယ်။

ဒိီနတ်ဘုရားစိတ်ဝိညာဉ်အတတ်သုံးခုကို အကြိမ်ဘယ်လောက်ထိကျင့်ကြံနိုင်မလဲဆိုတာတော့ လီဖူချန်းက မသိပါဘူး။ သူ့မှာ လုပ်ဆောင်ချက်အမှတ်တွေရှိပေမယ့် သူတို့ကို ဖလှယ်ဖို့က မဖြစ်နိုင်ဘူးဆိုတာ သူ သိတယ်။ ဒီအဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေကို ဖလှယ်ဖို့ ကြယ်သုံးလုံးလုပ်ဆောင်ချက်အမှတ်ကို လိုအပ်တာကြောင့်ပဲ။

အကျိုးသင့်အကြောင်းပြောရရင် အဆင့်နိမ့်နတ်ဘုရားအတတ်တွေက ဒီလောက်အရေးမကြီးသင့်ပါဘူး။

တစ်စုံတစ်ခုက ပိုရှားပါးလေ၊ ၎င်းက ပိုတန်ဖိုးရှိတာကြောင့်များလား။

လီဖူချန်းက ခန့်မှန်းတာ မှန်ပါတယ်။

နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေက ရှားပါးပြီး သူတို့က အလွန်အသုံးမဝင်ရင်တောင် အရှေ့နေဂိုဏ်းက ဒီနတ်ဘုရားစိတ်ဝိညာဉ်အတတ်သုံးခုရဲ့ဖလှယ်ခြင်းအဆင့်ကို ကြယ်သုံးလုံးအထိ တိုးမြှင့်ခဲ့တယ်။

ဒါတောင် ဒီနတ်ဘုရားစိတ်ဝိညာဉ်အတတ်သုံးခုက သာမန်ဒါမှမဟုတ်ပျမ်းမျှအဆင့်နိမ့်နတ်ဘုရားအတတ်တွေပဲဖြစ်လို့။ သူတို့က ပြီးပြည့်စုံခြင်းဒါမှမဟုတ်အဆုံးစွန်းအဆင့်နိမ့်နတ်ဘုရားအတတ်တွေဆိုရင် သူတို့က ဖလှယ်ဖို့ ကြယ်လေးလုံးလုပ်ဆောင်ချက်အမှတ်ကိုတောင် လိုအပ်နိုင်တယ်။

အလယ်ဆင့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေကတော့ အရှေ့နေဂိုဏ်းမှာ ဖလှယ်ချင်ရင်တောင်‌ ပေးမှာ မဟုတ်လောက်ဘူး။

ကြည့်ရတာ ငါ့ရဲ့လုပ်ဆောင်ချက်အမှတ်တွေကို ကြယ်သုံးလုံးအဆင့်ရောက်အောင် အရင်လုပ်ရမယ့်ပုံပဲ"

လီဖူချန်းက သက်ပြင်းတစ်ချက်ချလိုက်တယ်။

သူက ဂိုဏ်းမစ်ရှင်တွေကို လုပ်ဆောင်ရအုံးမှာပေါ့။

…

မစ်ရှင်ခန်းမထဲမှာ လီဖူချန်းက လုပ်ဆောင်ချက်အမှတ်အမြောက်အများရရှိမယ့်မစ်ရှစ်တစ်ခုကို ရွေးချယ်ခဲ့တယ်။

အဆင့်ကိုမြင့်လေလေ၊ လုပ်ဆောင်ချက်အမှတ်တွေတိုးမြှင့်ဖို့က ပိုခက်ခဲလေ‌ပဲ။ ကြယ်တစ်လုံးလုပ်ဆောင်ချက်အမှတ်က တစ်ဆယ်နဲ့စတင်တယ်။ ကြယ်နှစ်လုံးလုပ်ဆောင်ချက်အမှတ်က တစ်ရာနဲ့ စတင်တယ်။ ကြယ်သုံးလုံးလုပ်ဆောင်ချက်အမှတ်က အမှတ်တစ်ထောင်နဲ့ စတင်တယ်။ ကြယ်လေးလုံးလုပ်ဆောင်ချက်အမှတ်က အမှတ်တစ်သောင်းနဲ့ စတင်တယ်။ ကြယ်ငါးလုံးလုပ်ဆောင်ချက်အမှတ်က အမှတ်တစ်သောင်းနဲ့ စတင်တယ်။

ပြီးခဲ့တဲ့ရဲရဲတောက်နေခံတပ်သိမ်းပိုက်ခြင်းမစ်ရှင်က ကြီးမားတဲ့ဆုလာဒ်တစ်ခုရှိတယ်။ လီဖူချန်းက အောင်မြင်ရင် လုပ်ဆောင်ချက်အမှတ်ငါးဆယ်ကို ရရှိနိုင်လိမ့်မယ်။ ဒါပေမယ့် အဆုံးမှာ ကျရှုံးခဲ့ရပြီး သူက လုပ်ဆောင်ချက်အမှတ်ငါးမှတ်ကိုပဲ ရရှိခဲ့တယ်။

သူ့ရဲ့လက်ရှိလုပ်ဆောင်ချက်အမှတ်က တစ်ရာ့ငါးဖြစ်ပြီး ကြယ်သုံးလုံးလုပ်ဆောင်ချက်အမှတ်ဖြစ်လာစေဖို့ အမှတ်ရှစ်ရာကိုးဆယ့်ငါးမှတ်လိုအပ်တယ်။

"ငါ ဖြည်းဖြည်းချင်း လုပ်သွားရမှာပေါ့လေ"

…

အရှေ့နေဂိုဏ်း၊ အသင်္ချေဆေးပင်ရွာ။

အသင်္ချေစိတ်ဆေးပင်ရွာကတော့ အရှေ့နေဂိုဏ်းက နတ်ဘုရားဆေးပင်တွေကို စိုက်ပျိုးတဲ့နေရာတစ်ခုဖြစ်တယ်။ နတ်ဘုရားကမ္ဘာမှာ နတ်ဘုရားဆေးပင်တစ်ပင်စီက ကြီးထွားဖို့ နေရာအကျယ်ကြီးလိုအပ်တယ်။ နတ်ဘုရားဆေးပင်ရဲ့အဆင့်က  ပိုမြင့်လေ၊ နေရာက ပိုကျယ်လေလေပဲ။

လီဖူချန်းရဲ့ဒီတစ်ကြိမ်မစ်ရှင်က နတ်ဘုရားဆေးပင်တွေကို ရိတ်သိမ်းဖို့ပါပဲ။

မစ်ရှစ်အသေးစိတ်အရ ကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးပင်တစ်ထောင်ကို ရိတ်သိမ်းခြင်းက လုပ်ဆောင်ခြင်းအမှတ်တစ်ထောင်ကို ရရှိလိမ့်မယ်။ ကြယ်တစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးပင်တစ်ထောင်ကို ရိတ်သိမ်းခြင်းက လုပ်ဆောင်ခြင်းအမှတ်နှစ်ထောင်နဲ့လုပ်‌ ဆောင်ချက်အဆင့်အမှတ်တစ်မှတ်ကို ရရှိလိမ့်မယ်။ ကြယ်တစ်လုံးအဆင့်မြင့်နတ်ဘုရားဆေးပင်တွေကို ရိတ်သိမ်းခြင်းက လုပ်ဆောင်ချက်အမှတ်ငါးထောင်နဲ့လုပ်ဆောင်ချက်အဆင့်အမှတ်နှစ်မှတ်ကို ရရှိလိမ့်မယ်။

ကြယ်နှစ်လံားနတ်ဘုရားဆေးပင်တွေဆိုရင် ဆုလာဒ်က ပိုတောင် မြင့်မားပေလိမ့်မယ်။ ကြယ်နှစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးပင်တစ်ထောင်ကို ရိတ်သိမ်းခြင်းက လုပ်ဆောင်ချက်အမှတ်ငါးသောင်းနဲ့လုပ်ဆောင်ချက်အဆင့်အမှတ်ဆယ်မှတ်၊ ကြယ်နှစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးပင်တစ်ထောင်က လုပ်ဆောင်ချက်အမှတ်တစ်သိန်းနဲ့လုပ်ဆောင်ချက်အဆင့်အမှတ်နှစ်ဆယ်မှတ်ကို ရရှိလိမ့်မယ်။

အ‌သင်္ချေဆေးပင်ရွာကို ဝင်ရောက်ပြီးနောက် လီဖူချန်းက သူ့ရဲ့ကိုယ်ပိုင်နေရာလပ်လက်စွပ်ကို ယူလာလို့ မရပါဘူး၊ ဂိုဏ်းကပြင်ဆင်ပေးထားတဲ့နေရာလပ်လက်စွပ်ကိုပဲ အသုံးပြုရတယ်။ နတ်ဘုရားဆေးပင်တွေကို သိုလှောင်ခြင်းအပြင် နေရာလပ်လက်စွပ်ကို စောင့်ကြည့်ဖို့နဲ့နတ်ဘုရားဆေးပင်တွေကိုအသုံးပြုခြင်းမှကာကွယ်ဖို့အတွက် အသုံးပြုတယ်။

"ဒါ သင်္ချေဆေးပင်ရွာလား။ အထဲမှာ စကြာဝဠာတစ်ခုရှိတာပဲ"

သင်္ချေဆေးပင်ရွာရဲ့အတွင်းနဲ့အပြင်က လုံးဝကို မတူညီတဲ့ ကမ္ဘာနှစ်ခုပါပဲ။ အတွင်းရှိနတ်ဘုရားကမ္ဘာရဲ့စွမ်းအင်က မယုံနိုင်လောက်အောင် သိပ်သည်းပြီး လေကတောင် စိုထိုင်းနေတယ်။

အသင်္ချေဆေးပင်ရွာက ကြီးမားပြီး လီဖူချန်းဝင်လာတဲ့အချိန်မှာ လူတွေအများကြီးရှိတယ်။ နေ့တစ်ဝက်ကြာပြီးနောက် လီဖူချန်းက လူတစ်ယောက်ကိုတောင် မမြင်နိုင်ခဲ့ပါဘူး။

"ဒီနတ်ဘုရားဆေးပင်က ရင့်နေပြီ"

သူ့ရဲ့နတ်ဘုရားစွမ်းအားနဲ့ အကဲဖြတ်ပြီးနောက် လီဖူချန်းက အရွယ်ရောက်လာတဲ့ကြယ်တစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးပင်တစ်ပင်ကို သတိပြုမိခဲ့တယ်။

လီဖူချန်းက ဒီဆေးပင်ကို အရှေ့နေဂိုဏ်းကဖြန့်ဝေထားတဲ့နတ်ဘုရားဆေးပင်လက်စွဲစာအုပ်မှာ မြင်တွေ့ခဲ့တယ်။ ဒီးဆေးပင်က ရင့်သန်လာတာနဲ့ ဆယ်ရက်အတွင်း မရိတ်သိမ်းရင် ၎င်းက ခြောက်သွေ့ညှိုးနွမ်းပြီး ဆွေးမြေ့သွားပါလိမ့်မယ်။

All Chapters