နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်မှု
Vol. 79 Ch. 1115
"ငါ ဝိညာဉ်ဖမ်းကို အရင်ကျင့်ကြံရမယ်"
နတ်ဘုရားစိတ်ဝိညာဉ်အတတ်သုံးခုက သာမန်အဆင့်နိမ့်နတ်ဘုရားအတတ်နှစ်ခုနဲ့ ပျမ်းမျှအဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။
ဝိညာဉ်ဖမ်းက သာမန်အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။
"ငါ သိပြီ"
အချိန်တစ်ခုအထိ လေ့လာပြီးနောက် လီဖူချန်းက နောက်ဆုံးမှာ ဝိညာဉ်ဖမ်းနတ်ဘုရားအတတ်ရဲ့အခရာအချက်ကို နားလည်ခဲ့တယ်။
"ဝိညာဉ်ဖမ်း"
တောင်ထိပ်ပေါ်မှာ လီဖူချန်းရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး ပုံရိပ်ယောင်မျက်လုံးတစ်လုက ဟင်းလင်းပြင်မှာ ထွက်ပေါ်လာတယ်။ မျက်လုံးထွက်ပေါ်လာတာနဲ့ မမြင်နိုင်တဲ့စွမ်းအားတစ်ခုက ကြီးမားလာတယ်။ ပတ်ဝန်းကျင်ရှိအပင်နဲ့တိရစ္ဆာန်တွေက ခိုက်ခိုက်တုန်နေတယ်၊ သူတို့က တစ်ခုခုကို ကြောက်နေသလိုပဲ။
ဝိညာဉ်ဖမ်းက နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ မျက်လုံးတစ်လုံးကို တည်ဆောက်ပြီး ရန်သူရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို ကြောက်ရွံ့စေဖို့ အသုံးပြုတယ်။
နတ်ဘုရားစိတ်ဝိညာဉ်ကွာခြားချက်က ကြီးမားရင် ဝိညာဉ်ဖမ်းနတ်ဘုရားအတတ်က ရန်သူရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကိုတောင် ဖျက်ဆီးပစ်နိုင်တယ်။
ဝိညာဉ်ဖမ်းနတ်ဘုရားအတတ်ကို ရှစ်ဆယ်ရာခိုင်နှုန်းကျွမ်းကျင်အောင်လေ့လာပြီးနောက် လီဖူချန်းက ဒုတိယမြောက်သာမန်အဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်ဖြစ်တဲ့စိတ်ဝိညာဉ်အလွှာကို စတင်လေ့လာခဲ့တယ်။
နာမည်အတိုင်းပဲ၊ စိတ်ဝိညာဉ်အလွှာက ခံစစ်အမျိုးအစားနတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုဖြစ်တယ်။ ၎င်းကို အောင်မြင်စွာ ကျင့်ကြံပြီးနောက် နတ်ဘုရားစိတ်ဝိညာဉ်ပတ်လည်မှာ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားခံစစ်အလွှာတစ်ခုကို ဖြစ်ပေါ်စေလိမ့်မယ်။
လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က မြင့်မားပြီး အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့အကန့်အသတ်နဲ့ ယှဉ်နိုင်တယ်။ သူတို့က နတ်ဘုရားစိတ်ဝိညာဥ်အတတ်ကို ထုတ်ဖော်ခဲ့ရင်တောင် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအောက်ရှိဘယ်သူမဆို သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို ဒဏ်ရာမရစေနိုင်ဘူး။
လီဖူချန်းက ထိုးထွင်းသိမြင်မှုကင်းမဲ့တာမဟုတ်မှန်း သိသာတယ်၊ အဲဒါက နတ်ဘုရားစိတ်ဝိညာဉ်ရဲ့အခြေခံနားလည်မှုဖြစ်တယ်။
ဒါကြောင့် သူ့ရဲ့ကိုယ်ပိုင်နတ်ဘုရားစိတ်ဝိညာဉ်အတတ်ကို ဖန်တီးဖို့က လီဖူချန်းအတွက် အလွန်ခက်ခဲတယ်။ သူ့အနေနဲ့ တစ်စုံတစ်ယောက်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်အတတ်ကို သင်ယူဖို့က လွယ်ကူလွန်းတယ်။ အချိန်တိုလေးအတွင်းမှာ လီဖူချန်းက စိတ်ဝိညာဉ်အလွှာနတ်ဘုရားအတတ်ကို အောင်မြင်စွာ ကျင့်ကြံခဲ့တယ်။
သူ့မှာ ပျမ်းမျှအဆင့်နိမ့်နတ်ဘုရားအတတ်ဖြစ်တဲ့နတ်ဘုရားစိတ်ဝိညာဉ်အမျှင်သာ ကျန်တော့တယ်။
နတ်ဘုရားစိတ်ဝိညာဉ်အမျှင်က တိုက်ခိုက်ရေးအမျိုးအစားနတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုဖြစ်တယ်။ အောင်မြင်စွာ ကျင့်ကြံပြီးတာနဲ့ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက ရန်သူရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို ထိုးဖောက်နိုင်၊ ဖြတ်နိုင်တဲ့ အမျှင်တွေအဖြစ် ပြောင်းလဲသွားတယ်။
"ဒါက ပျမ်းမျှအဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုဆိုတာ အံ့ဩစရာမရှိဘူးပဲ။ ကျင့်ကြံခြင်းအခက်အခဲက အဆများစွာ ပိုတိုးလာတယ်"
နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို အမျှင်သို့ ပြောင်းလဲခြင်းက နားထောင်ရတာ ရိုးရှင်းပေမယ့် နှိုက်နှိုက်ချွတ်ချွတ်လေ့လာမယ်ဆိုရင် နတ်ဘုရားစိတ်ဝိညာဉ်အမျှင်က နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို နတ်ဘုရားစွမ်းအားအမျှင်သို့ ပြောင်းလဲတာလောက် မရိုးရှင်းပါဘူး။ ၎င်းက ရိုးရှင်းနေရင် ဘယ်လိုလုပ်ပြီး နတ်ဘုရားကမ္ဘာရဲ့အသိအမှတ်ပြုခြင်းကို ရရှိကာ နတ်ဘုရားအတတ်တစ်ခုဖြစ်လာမှာလဲ။
နတ်ဘုရားစိတ်ဝိညာဉ်အမျှင်က နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားရဲ့သဘာဝကို ပြောင်းလဲဖို့၊ ၎င်းကို အရာအားလုံးကို ဖြတ်တောက်နိုင်ပြီး သတ္တုတွေ၊ ကျောက်တုံးတွေကို ထိုးဖောက်နိုင်တဲ့အမျှင်တွေအဖြစ် ပြောင်းလဲဖို့ပဲ။ ၎င်းက ပုံသဏ္ဍာန်ပြောင်းလဲတာလောက် မရိုးရှင်းပါဘူး။
၎င်းမှာ နတ်ဘုရားစိတ်ဝိညာဉ်ရဲ့ဖွဲ့စည်းပုံပါဝင်တယ်။
နတ်ဘုရားစိတ်ဝိညာဉ်ရဲ့ဖွဲ့စည်းပုံကို ပြောင်းလဲခြင်းဖြင့် တစ်စုံတစ်ယောက်က နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားရဲ့သဘာဝကို ပြောင်းလဲစေနိုင်လိမ့်မယ်။
ဒါပေမယ့် အဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေမှာ နတ်ဘုရားစိတ်ဝိညာဉ်ရဲ့အပေါ်ယံဖွဲ့စည်းပုံပဲ ပါဝင်တယ်။ ပိုနက်ရှိုင်းတဲ့နတ်ဘုရားစိတ်ဝိညာဉ်ဖွဲ့စည်းပုံက အဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေ ထိုးဖောက်နိုင်တဲ့အရာမဟုတ်ဘူး။
"သွားကြစို့"
လျှို့ဝှက်ခန်းထဲမှာ အနီရောင်အမျှင်တစ်ခုက လီဖူချန်းရဲ့မျက်ခုံးနှစ်ဖက်အလယ်ကြားမှာ ထွက်လာတယ်။
အနီရောင်အမျှင်တစ်ခုပဲဆိုတာ သိသာပေမယ့် ၎င်းက အရာအားလုံးကို အလွယ်တကူထိုးဖောက်နိုင်သလို အလွန်ထက်ရှတဲ့ခံစားချက်တစ်ခုကို ပေးတယ်။
"ငါ နောက်ဆုံးတော့ ကျင့်ကြံပြီးပြီ။ စွမ်းအားကရော ဘယ်လိုရှိမလဲ"
လီဖူချန်းက ကျင့်ကြံခဲ့ပြီးဆိုပေမယ့် စမ်းသပ်စရာတစ်ယောက်ယောက်ကို ရှာမတွေ့နိုင်တာ စိတ်မကောင်းစရာတစ်ခုပါပဲ။
…
မစ်ရှင်ခန်းမထဲမှာ လီဖူချန်းက ကြယ်နှစ်လုံးအဆင့်မြင့်မစ်ရှင်တစ်ခုကို လက်ခံခဲ့တယ်။
မစ်ရှင်က ချော်ရည်မဟာချောက်ကို ဦးတည်ပြီး ချော်ရည်နှလုံးသားသုံးခု၊ ကြယ်နှစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးပင်တွေ၊ ချော်ရည်ဆေးပင်တွေ၊ ကမ္ဘာမီးလျှံကျောက်ငါးခုကို ရယူဖို့ဖြစ်တယ်။
မစ်ရှင်ပြီးသွားတာနဲ့ ဆုလာဒ်က လုပ်ဆောင်ချက်အမှတ်သုံးသန်းနဲ့လုပ်ဆောင်ချက်အဆင့်အမှတ်ငါးရာကို ရရှိလိမ့်မယ်။
"စွန့်စားမှုက ဆုလာဒ်က တိုက်ရိုက်အချိုးကျတယ်။ ဒါက စွန့်စားဖို့ ထိုက်တန်ပါတယ်လေ"
ဂိုဏ်းမစ်ရှင်တွေကို ကြယ်တစ်လုံးနဲ့ကြယ်နှစ်လုံးဆိုပြီး ခွဲခြားထားတယ်။
ကြယ်တစ်လုံးမစ်ရှင်တွေကတော့ ရိတ်သိမ်းခြင်းမစ်ရှင်လိုမျိုး အကြိုနတ်ဘုရားတွေကတောင် လုပ်ဆောင်န်ိုင်တဲ့အန္တရယ်ကင်းတဲ့မစ်ရှင်တွေဖြစ်တယ်။
ကြယ်နှစ်လုံးမစ်ရှင်တွေက အလယ်ဆင့်နဲ့အဆင့်မြင့်နတ်ဘုရားတွေအတွက် ပိုသင့်တော်တယ်။
ကြယ်နှစ်လုံးမစ်ရှင်ရဲ့တည်နေရာဖြစ်တဲ့ချော်ရည်ချောက်က ကြယ်နှစ်လုံးအန္တရာယ်ဇုန်တစ်ခုဖြစ်တယ်။ သာမန်အဆင့်မြင့်နတ်ဘုရားတွေက အချိန်မရွေးသေသွားနိုင်တယ်။
ချော်ရည်နှလုံးသားအတွက်ကတော့ ၎င်းက အဆင့်မြင့်နတ်ဘုရားသားရဲချော်ရည်ကျောက်တုံးမွန်းစတားရဲ့နှလုံးသားဖြစ်တယ်။
ချော်ရည်ကျောက်တုံးမွန်းစတားက ဒြပ်စင်နှစ်ခုနတ်ဘုရားသားရဲဖြစ်ပြီး မီးတာအိုနဲ့မြေတာအိုကို ကျွမ်းကျင်တယ်။ ၎င်းက အလွန်အမင်းအားကောင်းပြီး ၎င်းရဲ့ခံစစ်က ကြောက်စရာကောင်းတယ်။ သတ်ဖို့မဆိုနဲ့ အဆင့်မြင့်နတ်ဘုရားအများစုက ၎င်းရဲ့ခံစစ်ကိုတောင် မထိုးဖောက်နိုင်ဘူး။
အခြားတစ်ဖက်မှာတော့ ချော်ရည်မြက်က ရရှိဖို့ လွယ်ကူတယ်။ ၎င်းက ပုံမှန်အားဖြင့် ချော်ရည်ကန်ရဲ့ကမ်းစပ်မှာ ပေါက်ရောက်တယ်။
မြေမီးလျှံကျောက်ကို ရရှိဖို့ အရာအားလုံးက ကံပါပဲ။ ဒီလိုကျောက်တွေက မီးတာအိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ထုလုပ်ဖို့အတွက် ပစ္စည်းကောင်းတွေဖြစ်ပြီး တစ်ခုစီက အလွန်တန်ဖိုးရှိတယ်။
လီဖူချန်းက နတ်ဘုရားစိတ်ဝိညာဉ်အတတ်ကို မကျင့်ကြံထားရင် သူက အပြင်ဘက်မစ်ရှင်ကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။ ရဲရဲတောက်နေခံတပ်မှာ သူ့ကို လုပ်ကြံခဲ့တဲ့ လူနှစ်ယောက်က အရှေ့နေဂိုဏ်းကဖြစ်မယ်လို့ သူက ကြိုတင်သိတယ်။ သူ ထင်တာမမှားရင် သူတို့က သူ့ရဲ့လှုပ်ရှားမှုတိုင်းကို သိလောက်တယ်။
"ငါ အတွေးလွန်းနေတာပဲဖြစ်ပါစေလို့ မျှော်လင့်တယ်"
လီဖူချန်းက အဆင့်မြင့်နတ်ဘုရားအသုံး အဆောင်ပစ္စည်းတွေကို အတော်လေးစိုးရိမ်တယ်။ သူ့ခွန်အားက ရုတ်ချည်းတိုးတက်လာပြီး သူ့မှာ နတ်ဘုရားစိတ်ဝိညာဉ်အတတ်ရှိပေမယ့် ဘယ်လိုမတော်တဆမှုတွေဖြစ်လာမလဲကို ဘယ်သူက သိမှာလဲ။
…
မစ်ရှင်ကို လက်ခံပြီး ဒုတိယမြောက်နေ့မှာ လီဖူချန်းက စတင်ထွက်ခွာခဲ့တယ်။ ဒီတစ်ခါမှာတော့ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး သူ့နောက်ကို အဆက်မပြတ်စစ်ဆေးကြည့်နေတယ်။
ထင်ထားသလိုပဲ၊ သူ့နောက်ရှိပုံရိပ်နှစ်ခုကို အာရုံခံမိခဲ့တယ်။ ဒီနှစ်နှစ်ယောက်က အရင်တစ်ခါကလူတွေပါပဲ။
သူတို့နှစ်ယောက်က မမြန်ဘူး၊ လီဖူချန်းကို လိုက်မမီနိုင်ဘူး။ သူတို့ရဲ့အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအားလုံးက တိုက်ခိုက်ရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေဖြစ်ပြီး သူတို့ရဲ့အရှိန်ကို မတိုးမြှင့်ပေးနိုင်ပါဘူး။
"ချော်ရည်ချောက်မှာ တွေ့ကြတာပေါ့"
လီဖူချန်းက ဒိီနှစ်ယောက်ကို ချော်ရည်ချောက်မှာ ရင်ဆိုင်ဖို့ စီစဉ်ထားတယ်။ သူက နေ့တိုင်းစောင့်ကြည့်ခံနေရတာကို မနှစ်သက်ပါဘူး။
ချော်ရည်ချောက်က အရှေ့နေဂိုဏ်းမှ အလွန်ဝေးတယ်။ လီဖူချန်းရဲ့အရှိန်နဲ့အတူ ရောက်ရှိဖို့ တစ်လကြာလိမ့်မယ်။
"ငါ့မှာ ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိရင်သိပ်ကောင်းမှာပဲ၊ အဲဒါက အဆင့်နိမ့်ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဆိုတောင်မှပေါ့"
အဆင့်နိမ့်ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့မြန်နှုန်းက လီဖူချန်းရဲ့မြန်နှုန်းထက် အများကြီးနိမ့်ကျတယ်။ ဒါပေမယ့် ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို အသုံးပြုခြင်းက မမောပန်းစေပါဘူး။ နတ်ဘုရားကျောက်တုံးတွေ အလုံအလောက်ရှိနေသရွေ့ အဆက်မပြတ်ပျံသန်းဖို့ ဖြစ်နိုင်ပါတယ်။ လီဖူချန်းမှာ အဆင့်နိမ့်ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းရှိရင် သူက ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းပေါ်မှာပဲ နေပြီး ကျင့်ကြံနိုင်တယ်၊ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ခရီးထွက်နိုင်တယ်။
ဒါပေမယ့် အရှေ့နေဂိုဏ်းမှာ ပျံသန်းနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အလွန်ဈေးကြီးတယ်။ သာမန်အဆင့်နိမ့်ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက လုပ်ဆောင်ချက်အမှတ်တစ်သိန်းအနည်းဆုံးကျသင့်ပြီး ကြယ်သုံးလုံးလုပ်ဆောင်ချက်အဆင့်အမှတ်ကို လိုအပ်တယ်။
လီဖူချန်းမှာ လုပ်ဆောင်ချက်အမှတ်နဲ့လုပ်ဆောင်ချက်အဆင့်အမှတ်အလုံအလောက်ရှိပေမယ့် သာမန်အဆင့်နိမ့်ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့မြန်နှုန်းက နှေးလွန်းပြီး ခရီးသွားအရှိန်ကို သက်ရောက်ပေလိမ့်မယ်။
လီဖူချန်းရဲ့အမြင်အရ သူရဲ့မြန်နှုန်းလိုအပ်ချက်ကို ကျေနပ်စေဖို့ ပြီးပြည့်စုံခြင်းအဆင့်ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို အနည်းဆုံးလိုအပ်တယ်။ ဒါပေမယ့် ပြီးပြည့်စုံခြင်းအဆင့်ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု သိန်းအနည်းငယ်ကျသင့်ပြီး အဆုံးစွန်းအဆင့်ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အနည်းဆုံးတစ်သန်းကျသင့်တယ်။ လီဖူချန်းရဲ့လုပ်ဆောင်ချက်အမှတ်က အနည်းငယ်လိုအပ်နေသေးတယ်။
တစ်လကျော်ကြာပြီးနောက် လီဖူချန်းက ချော်ရည်ချောက်ကို ရောက်ရှိလာတယ်။
အကြည့်တစ်ချက်တည်းနဲ့ ကမ္ဘာက နီရဲတောက်ပနေတယ်။ မြေပြင်ပေါ်မှာ ကန့်လန့်ဖြတ်တည်ရှိနေတဲ့အလွန်ပူပြင်းတဲ့အက်ကြောင်းတွေရှိပြီး အလွန်နက်တယ်။
လီဖူချန်းက ကြုံရာအက်ကြောင်းတစ်ခုကို ရွေးချယ်ကာ ဒိုင်ဗင်ထိုးဝင်လိုက်တယ်။
"ဒါ ပူလွန်းတယ်"
ချော်ရည်ချောက်က လီဖူချန်းထင်ထားတာထက် ပိုပူပြီး ပိုနက်နက်သွားလေ ပိုပူလေပါပဲ။ အဆင့်နိမ့်နတ်ဘုရားတစ်ယောက်က ဒီနေရာကို ရောက်လာရင် သူတို့က နှစ်နှစ်ရီတောင် ခံမှာမဟုတ်ဘူးလို့ လီဖူချန်းက ယူဆထားတယ်။ အလယ်ဆင့်နတ်ဘုရားတွေက ရက်အနည်းငယ်တောင် ခံမှာမဟုတ်ဘူး။ အရမ်းပူလွန်းတာကြောင့် သူ့စွမ်းအားကို အဆက်မပြတ်သုံးစွဲနေရတယ်။
ဝှစ်.....
လီဖူချန်းရဲ့ခြေထောက်က မြေပြင်ပေါ် ကျရောက်သွားတဲ့အခါ မီးပွားတွေ ထွက်လာတယ်။
"ပြဿနာကို အရင်ရှင်းရမယ်"
လီဖူချန်းက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို လည်ပတ်ပြီး သူ့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်လိုက်တယ်။ ပြီးနောက် သူက သိပ်မဝေးရှိကျောက်တိုင်တစ်တိုင်နောက်မှာ ပုန်းနေလိုက်တယ်။
အချိန်အတော်ကြာပြီးနောက် ပုံရိပ်နှစ်ခုက ရောက်ရှိလာတယ်။
"တောက်၊ တော်တော်ပူတာပဲ"
သူတို့နှစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းနဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက လီဖူချန်းကို မယှဉ်နိုင်ပါဘူး၊ ဒါကြောင့် သူတို့ရဲ့ခံနိုင်စွမ်းက လီဖူချန်းထက် အများကြီးနိမ့်ကျတယ်။ ဒီပတ်ဝန်းကျင်က သူတို့ကို အဆင်မပြေဖြစ်စေတယ်။ အထူးသဖြင့် သူတို့က လီဖူချန်းကို ပျောက်ဆုံးသွားပြီး သူတို့ရဲ့ခြေရာခံနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက လီဖူချန်းရဲ့ချီတည်ရှိမှုကို အာရုံမခံနိုင်တဲ့အခါ သူတို့ရဲ့စိတ်အခြေအနေက ပိုဆိုးလာတယ်။
"ချော်ရည်ချောက်က အတော်လေးထူးခြားတယ်။ သူ့ရဲ့ချီတည်ရှိမှုကို သီးခြားဖြစ်စေတဲ့ စွမ်းအားအချို့ ရှိလောက်တယ်။ လိုက်ပတ်ကြည့်ကြစို့"
သူတို့နှစ်ယောက်က ခြေရာခံနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အသက်သွင်းကာ လီဖူချန်းရဲ့ချီတည်ရှိမှုကို အာရုံခံနေတယ်၊ သူတို့ရဲ့နတ်ဘုရားစွမ်းအားကိုတော့ ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ ထုတ်လွှတ်ထားတယ်။
နတ်ဘုရားစွမ်းအားကင်းထောက်ခြင်းက ခြေရာခံနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထက် ပိုထိရောက်တဲ့အကြိမ်တွေရှိတယ်။
"အောင်မြင်မလား ကျရှုံးမလား ဒီနေရာမှာပဲ ဆုံးဖြတ်ရမယ်။ ဝိညာဉ်ဖမ်း"
ကျောက်တိုင်နောက်မှာ လီဖူချန်းရဲ့မျက်လုံးက ကျဉ်းမြောင်းသွားတယ်။ ပုံရိပ်ယောင်မျက်လုံးတစ်လုက ဟင်းလင်းပြင်မှာ ထွက်ပေါ်လာပြီး အောက်ဘက်ရှိနှစ်ယောက်ကို စိုက်ကြည့်လိုက်တယ်။
"မကောင်းတော့ဘူး"
တစ်ခုခုမှားနေတယ်လို့ သူတို့ရဲ့စိတ်ထဲမှာ ခံစားလာရတယ်။ ပြီးနောက် ချက်ချင်းဆိုသလို သူတို့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်တွေက ခြိမ်းခြောက်လာပြီး သူတို့ရဲ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ဖြစ်သွားတယ်။
"နတ်ဘုရားစိတ်ဝိညာဉ်အမျှင်"
ထက်ရှတဲ့အမျှင်နှစ်ခုက လီဖူချန်းရဲ့မျက်ခုံးနှစ်ဖက်ကြားမှ ပစ်လွှတ်လိုက်ပြီး အနှီနှစ်ယောက်ရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဖောက်ဝင်လာတယ်။
အသံတစ်သံတောင် မထွက်ဘဲ သူတို့နှစ်ယောက်က မြေပြင်ပေါ်သို့ လဲကျသွားတယ်။
သူတို့ရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲရှိနတ်ဘုရားစိတ်ဝိညာဉ်တွေက နတ်ဘုရားစိတ်ဝိညာဉ်အမျှင်ကြောင့် အပိုင်းပိုင်းပြတ်သွားတော့တယ်။
"သူတို့တွေ ဒီလိုနဲ့ သေသွားတာပေါ့"
လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အလွန်အာရုံခံစားလွယ်ပြီး သူတို့နှစ်ယောက်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို ဖျက်ဆီးသွားတယ်ဆိုတာ သူက သေချာတယ်။
"နတ်ဘုရားစိတိဝိညာဉ်တိုက်ခိုက်မှုတွေက ကြောက်စရာကောင်းလွန်းတယ်"
လီဖူချန်းရဲ့မျက်လုံးတွေက ထိတ်လန့်တုန်လှုပ်မှုတွေ ပြည့်သွားတယ်။
သူက နတ်ဘုရားစိတ်ဝိညာဉ်ရဲ့အသုံးဝင်မှုကို လျော့တွက်ခဲ့တယ်ဆိုတာ သဘောပေါက်ခဲ့တယ်။
အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေမရှိရင် ဒီနှစ်ယောက်က လီဖူချန်းအတွက် ပြိုင်ဘက်မဟုတ်ပါဘူး။ ဒါပေမယ့် အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့ဆိုရင် သူက သူတို့ကို တစ်ယောက်ချင်းစီယှဉ်ပြိုင်ဖို့ပဲ ယုံကြည်ချက်ရှိတယ်။ သူတို့ကို နှစ်ယောက်တစ်ယောက်ယှဉ်ပြိုင်ဖို့တော့ ယုံကြည်ချက်မရှိပါဘူး။ သူလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက သူ့အသက်ကို စွန့်စားပြီး တိုက်ခိုက်ဖို့ပါပဲ။
လက်ရှိမှာတော့ ဒီနှစ်ယောက်က သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်မှုအောက်မှာ အလွယ်တကူသေဆုံးသွားခဲ့ရတယ်။
အခုထိ လီဖူချန်းက သာမန်နဲ့ပျမ်းမျှအဆင့်နိမ့်နတ်ဘုရားအတတ်တွေကိုပဲ ကျင့်ကြံထားတာ။ သူက ထူးကဲ၊ ပြီးပြည့်စုံခြင်း ဒါမှမဟုတ် အဆုံးစွန်းအဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေကို ကျင့်ကြံထားရင်တော့လား......။ ဒီနှစ်ယောက်မှာ အသက်ဆယ်သက်ရှိရင်တောင် မလုံလောက်ပါဘူး။
အဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်အထက်မှာ အလယ်ဆင့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်၊ အဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်၊ အဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အစစ်အမှန်နတ်ဘုရားအတတ်၊ အလယ်ဆင့်နတ်ဘုရားစိတ်ဝိညာဉ်အစစ်အမှန်နတ်ဘုရားအတတ်တွေရှိတယ်။
နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုကို ကျင့်ကြံထားတဲ့ အားကောင်းတဲ့နတ်ဘုရားစိတ်ဝိညာဉ်ရှိတဲ့လူတစ်ယောက်က တူညီတဲ့နယ်ပယ်မှာ ပြိုင်ဘက်ကင်းတယ်လို့ပြောရင် မလွန်ကဲပါဘူး။
လီဖူချန်းက အလယ်ဆင့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုဒါမှမဟုတ်အဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုကို ကျင့်ကြံထားရင် အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်လောက်မယ်၊ ထိုအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားက နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုကို မကျင့်ကြံထားရင်ပေါ့လေ။