← Chapters

အခန်း (၅၇၇-၅၇၈)

Vol. 44 Ch. 577-578

အခန်း (၅၇၇-၅၇၈)

Vol. 44 Ch. 577-578

အပိုင်း ၅၇၇ - သိုးမည်း ထွက်ပေါ်လာခြင်း

(ဘာသာပြန်၏ မှတ်ချက်။ ။ အဖြူရောင်သိုးအုပ်အတွင်း အမည်းရောင်ဖြစ်နေခြင်းသည် အပယ်ခံဟု ဆိုလိုသည်)

ယွမ်ရှောင် ဓားဖိနှိပ်မှု ခန်းမထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရွံရှာသလိုနှင့် သိချင်စိတ်များ ပြည့်နှက်နေသည့် အကြည့်ပေါင်းရာချီကို ချက်ချင်း ဆုံလိုက်ရသည်။

"သူ ပြီးသွားပြီလားဟ"

တစ်စုံတစ်ယောက်က ခပ်တိုးတိုး ရေရွတ်သည်။

" မိုးကြိုးဌာနက ဘယ်ယောက်ျားမဆို မိုးကြိုး တမန်တော် ချောင် နဲ့ တစ်မိနစ်ထက်ပိုပြီး ခံနိုင်ရည်ရှိမယ်လို့ မင်း ထင်နေတာလား။ သူမက မိုးကြိုးဌာနရဲ့ တကယ့်မိစ္ဆာမပဲ"

မဟာကောင်းကင်ကျောင်းတော် မှ ပါရမီရှင်များသည် အနည်းငယ် မကျေမနပ် ဖြစ်လာကြပြီး စိတ်အနှောင့်အယှက်ဖြစ်၍ ယွမ်ရှောင်ထံ တိုက်ရိုက် ဦးတည်သွားခဲ့သည်။ မိန်းကလေးများအတွက်မူ ယွမ်ရှောင်သည် ရွံရှာဖွယ်ကောင်းသည်ထက် မပိုဘဲ ချောမောပြေပြစ်သည့် အပြင်ပန်းရုပ်သွင်က ရွံရှာဖွယ်ကောင်းသော စိတ်ဝိညာဉ်ကို မည်သို့ ဖုံးကွယ်ထားကြောင်း နားမလည်နိုင်ကြပေ။ ယောက်ျားလေးများ၏ အကြည့်များသည် မနာလိုမှုများ ရောနှောနေပြီး မည်သို့ပင်ဆိုစေကာမူ ဆွဲဆောင်မှုရှိလှသည့် အမျိုးသမီးတစ်ဦးနှင့် ပျော်ပါးရမည့် ကိစ္စကို အလွယ်တကူ လျစ်လျူမရှုနိုင်ပေ။

"ဘယ်သူကများ အဲဒီကောင်မကို မြည်းကြည့်ချင်စိတ် မရှိဘဲ နေမှာလဲ"

သူတို့တို့၏ မနာလိုမှုသည် ခါးသီးသော အမုန်းသို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

ပိုင်ကျိကျွင်းက ဝက်တစ်ကောင်ကို ကြည့်သည့်အကြည့်မျိုးဖြင့် ခေါင်းခါရင်း ကြေညာလိုက်သည်။

"လူနဲ့ သားရဲကြားက အကြီးမားဆုံး ကွာခြားချက်၊ လူတွေဟာ လူသားဆန်မှုရှိပြီး ဆွေမျိုးသားချင်းတွေနဲ့ မပေါင်းသင်းကြဘူး။ သားရဲတွေကတော့ ဘာဖြစ်ဖြစ် ရောနှောနေတတ်ကြတယ်။ သိုးမည်းတစ်ကောင်က လူတွေရဲ့ အပြုအမူတွေကို နားလည်ဖို့ မျှော်လင့်လို့ မရဘူး"

ပထမဆုံး ယွမ်ရှောင်က သူ၏ ကြေညာချက်ဖြင့် ဂယက်ရိုက်စေခဲ့ပြီး ယခု မွေးစားအဒေါ်ဖြစ်သူနှင့် မလျော်မကန် ဆက်ဆံရေး ရှိနေရာ ဤလူငယ် ပါရမီရှင်များ အားလုံးက အလွန် ရွံရှာသွားခဲ့ကြသည်။ ပထမ လုပ်ရပ်က သူတို့ကို စိန်ခေါ်ခဲ့ပြီး နောက်ပိုင်း လုပ်ရပ်မှာ လူ့အဖွဲ့အစည်းကို စိန်ခေါ်ခဲ့ပြီး ပထမ လုပ်ရပ်ကို သူကိုယ်တိုင် ကျူးလွန်ခဲ့သော်လည်း ဒုတိယ လုပ်ရပ်မှာမူ ချောင်ရူ၏ လုပ်ရပ်သာ ဖြစ်သည်။ ဤအရှုပ်တော်ပုံ နှစ်ခု ပေါင်းစပ်လိုက်လျှင် သူက အထက်တန်းလွှာ အသိုင်းအဝိုင်းအတွင်း ဆက်လက် ရောနှော၍ မရနိုင်တော့သော်လည်း အရာတစ်ခုတည်းကိုသာ အာရုံစိုက်ထားပြီး ဓားဖိနှိပ်မှု တံခါးသို့ တည့်တည့်မတ်မတ် ပျံသန်းသွားခဲ့၏။

"လုယောင်၊ မင်းက မဟာကောင်းကင်ကျောင်းတော် ရဲ့ တပည့်တစ်ယောက် မဟုတ်ဘူး။ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ပိုင်လင်းအာက အေးစက်စွာ မေးခွန်းထုတ်သည်။

" ထွက်ပြေးသွားပြီးမှ ဘယ်သူ ပြန်ရောက်လာလဲ ကြည့်စမ်း။ ငါ့ကို ရန်လိုတဲ့စကားတွေ ပြောနေသေးတယ်။ မင်းက ငါ့အာရုံစိုက်တာ ခံရအောင် ကြိုးစားနေတာလား"

သူမအပေါ် ယွမ်ရှောင်၏ အပြုအမူက ကျိန်ဆဲသံများကို ဆူညံသွားစေသည်။

"မင်းက ဒီလောက် အမုန်းခံနေရတာတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေသေးတာလား"

ကြယ်ပြာက မျက်လုံးလှန်ကြည့်လိုက်သည်။

ယွမ်ရှောင်က မဲ့ပြုံးတစ်ချက် ပြုံးပြီး ရှင်းပြ၏။

"လူတွေက ပေါင်းသင်းဆက်ဆံရေး သတ္တဝါတွေပဲ။ ဘဝဆိုတာကလည်း ကောလာဟလတွေနဲ့ ပြည့်နှက်နေတာပဲလေ။ ဒါကို ရှောင်လွှဲလို့မရမှတော့ ဘာလို့ လွတ်လွတ်လပ်လပ် မနေရမှာလဲ။ ငါ့ဟာငါ ပျော်ပျော်ရွှင်ရွှင် နေမှာပေါ့။ အင်မော်တယ် လမ်းခရီးက ဖုန်မှုန့်တွေ ငါ့ကို ဘယ်လိုမြင်မလဲဆိုတာ ဘာကိစ္စ ဂရုစိုက်နေရမှာလဲ"

ဤနေရာရှိ မည်သူမျှ သူငယ်ချင်း မဖြစ်ထိုက်သောကြောင့် သူ့အနေဖြင့် အစကတည်းက အမြင်များကို အလေးမထားခဲ့ချေ။

"အစ်မ၊ ဒီနေ့က မိုးကြိုး တမန်တော် ချောင် တာဝန်ကျတဲ့နေ့ပဲ။ အင်မော်တယ် ကျောက်စိမ်း ၃၀,၀၀၀ လည်း ပေးပြီးသွားပြီ။ ကျွန်တော်တို့ သူ့ကို တားလို့မရဘူး"

ပိုင်ကျိကျွင်းက ကူကယ်ရာမဲ့စွာ ပြောလာသဖြင့် ပိုင်လင်းအာ၏ မျက်နှာ မည်းနက်သွားသည်။

"ဒီလိုလူမျိုးက ဓားဖိနှိပ်မှု တံခါး ကို ညစ်ညမ်းခွင့်ပြုလိုက်တာလား။ မိုးကြိုး တမန်တော် ချောင်က ရွံစရာကောင်းတာပဲ"

"ဓားဖိနှိပ်မှု တံခါး ရဲ့ မူလပုံစံက စက်ကွင်းနှစ်ထပ်ပဲ။ ဓားဝိညာဉ်က ကောင်းကင်ကျယ် အဆင့် မဟုတ်ရင် ဓားပိုင်နက်ကို ဖန်တီးနိုင်မှာ မဟုတ်ဘူး"

ယွမ်ရှောင်နှင့် မိုးကြိုး တမန်တော် ချောင်တို့၏ တရားမဝင် ဆက်ဆံရေး သတင်း ပြန့်သွားသည်နှင့်အမျှ မဟာကောင်းကင်ကျောင်းတော်မှ အခြား ကျောင်းသားများနှင့် အကြီးအကဲများသည် လှုပ်လှုပ်ရွရွ ဖြစ်သွားကြကာ ဓားဖိနှိပ်မှု တံခါးထံ စုရုံးရောက်ရှိလာကြသည်။ ထောင်ပေါင်းများစွာသော မျက်လုံးများသည် သံချပ်ကာဝတ် လူငယ်လေးကို အေးစက်စွာ စောင့်ကြည့်နေစဉ် သူက အရာရာကို လုံးဝ လျစ်လျူရှုထားပြီး လှပသော သက်တံတစ်ခုကဲ့သို့ ဆန့်တန်းနေသည့် လမ်းစဉ်အပေါ်၌သာ အာရုံစိုက်ထား၏။ ဓားဖိနှိပ်မှု တံခါး သည် အင်မော်တယ် လမ်းစဉ်ရှိ မှတ်တိုင်တစ်ခု ဖြစ်ကာ ၎င်းကို ဖြတ်ကျော်ခြင်းသည် အဆင့်သစ်တစ်ခုသို့ ခြေလှမ်းလိုက်ခြင်းပင်။ လျှပ်စီးကြောင်းများ ယှက်သန်းနေသည့် တံခါးချပ်ကြီးအထက်တွင် စက်ဝိုင်းသဏ္ဍာန် အလင်းကွင်းနှစ်ထပ် ရှိပြီး နားကွဲမတတ် ကျယ်လောင်သော မိုးချုန်းသံများကို ထုတ်လွှတ်နေသည်။

ဓားဝိညာဉ် အရည်အသွေး မြင့်လေလေ၊ ဓားဖိနှိပ်မှု တံခါးကို ကန့်သတ်ချက်အထိ နှိုးဆွပေးရန် လိုအပ်လေလေဖြစ်ကာ ဓားအော်ရာများကို ဖိသိပ်ရန် အလင်းကွင်းများ ထပ်မံ ထုတ်လုပ်ပေးရပြီး ဓားဝိညာဉ်သည် ကိုးကောင်းကင်သတ်မှတ်ချက်၊ ဒုတိယအဆင့်ဖြစ်သော ကောင်းကင်ကျယ် အဆင့်ကို ရောက်ရန် လိုအပ်သည်။ ၎င်းက အခြေခံ ကန့်သတ်ချက်ဖြစ်ကာ ပုံမှန်အားဖြင့် အဆင့် ၄ ကောင်းကင် အရာရှိ သားသမီးများသာ တည်ငြိမ်စွာ ရောက်ရှိနိုင်ကြ၍ ထိုအဆင့်ထက် ကျော်လွန်သွားလျှင် တတိယမြောက် အလင်းကွင်းတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။ အသက် ၃၀ အောက်တွင် ကွင်းသုံးကွင်းကို နှိုးဆွနိုင်သူက မိုးကြိုးဌာနတွင် ထိပ်တန်း ပါရမီရှင်ဖြစ်ကာ အဆင့် ၃ ကောင်းကင် အရာရှိများ၏ ရင်သွေးများ ဖြစ်တတ်ကြ၏။ ဓားပိုင်နက်ကို ဖန်တီးနေစဉ် ကွင်းလေးကွင်းကို ဖြစ်ပေါ်စေနိုင်ခဲ့သော အထွတ်အထိပ် ပါရမီရှင်အချို့လည်း ရှိခဲ့ပြီး နောက်ခံများသည် ယေဘူယျအားဖြင့် မဟာစစ်သူကြီး အဆင့်ရှိ အဆင့် ၂ ကောင်းကင် အရာရှိများ ဖြစ်ကြသည်။ ကောင်းကင်ရုံးတော် တစ်ခုလုံးတွင် ကွင်းငါးကွင်းကို ဖြစ်ပေါ်စေသူများကို လက်ချိုးရေတွက်နိုင်ပြီး မဟာ တာအို နယ်မြေ၏ ထိပ်သီးများမှ ဆင်းသက်လာသူများပင်။ ထို့ကြောင့် ဓားဖိနှိပ်မှု တံခါးမှ ဖြစ်ပေါ်စေသော ကွင်းအရေအတွက်သည် ဓားကျင့်ကြံသူတစ်ဦး၏ ပါရမီအတွက် မှတ်ကျောက်တစ်ခု ဖြစ်ကာ ဓားပိုင်နက်ကို ပထမဆုံးအကြိမ် ဖန်တီးခြင်းသည်လည်း မွေးရာပါ စွမ်းရည် စမ်းသပ်မှုတစ်ခုနှင့် တူညီးပြီး အံ့မခန်း မြင်ကွင်းတစ်ခုပင်။

စတင်မည့် အချိန်တွင် အကြည့်ပေါင်း ၁၀,၀၀၀ ကျော်သည် ယွမ်ရှောင်၏ ကျောပြင်ကို စိုက်ကြည့်နေကာ လှောင်ပြောင်ရန် အသင့်ဖြစ်နေကြသော်လည်း သူ၏လက်ထဲရှိ မိုးပြာ‌ရောင် ဓားဝိညာဉ်ကမူ အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေသည်။ ဓားဖိနှိပ်မှု တံခါး ၏ အလယ်ဗဟိုတွင်၊ မိုးကြိုးနှင့် လျှပ်စီးများအကြား ၎င်းကို ထည့်သွင်းရန် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာကာ ချက်ချင်း ထိုးသွင်းလိုက်သောအခါ မရေမတွက်နိုင်သော မိုးကြိုးများသည် ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ် ကို ရစ်ပတ်သွားပြီး အလင်းကွင်းနှစ်ထပ် စတင် လည်ပတ်လာ၍ အစီအရင်များကို အသက်သွင်းလိုက်သည်။

ခဏအကြာတွင် ပိုင်ကျိကျွင်းက ရယ်မောရင်း ခေါင်းခါလိုက်သကဲ့သို့ လှောင်ပြောင် အရသာခံသော ရယ်သံများ တပြိုင်နက် ဟိန်းထွက်လာသည်။

"တံခါးရဲ့ အပြင်ဘက်ကွင်းက မှိန်သွားလို့ ကွင်းနှစ်ထပ် မလိုအပ်ဘူးဆိုတာကို ပြနေတာပဲ။ သူ့ရဲ့ ဓားဝိညာဉ်က ကောင်းကင်ကျယ် အဆင့်ကို မရောက်ဘူး၊ ဓားပိုင်နက်ကိုလည်း မဖန်တီးနိုင်ဘူး"

သူတို့ ကြောက်ရွံ့ခဲ့သည့် တစ်ခုတည်းသောအရာမှာ ယွမ်ရှောင်၏ ပါရမီဖြစ်၍ တစ်ချိန်က မိုးကြိုး အင်မော်တယ် အစီအရင်ကို လှုပ်ခတ်စေခဲ့ဖူးသောကြောင့် ဖြစ်သည်။ သို့သော် ဓားကျင့်ကြံသူ တစ်ဦးအတွက် ဓားဝိညာဉ် အဆင့် ထိုမျှ ညံ့ဖျင်းလျှင် အလားအလာ မရှိသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဓားဖိနှိပ်မှု တံခါး ၏ အပြင်ဘက် အလင်းကွင်းသည် ပို၍ မှိန်လာသောအခါ လူအုပ်ကြီး၏ ရယ်သံများသည် ထိန်းမနိုင်သိမ်းမရ ရိုင်းစိုင်းလာသည်။

ဓားဖိနှိပ်မှု ခန်းမ အတွင်း၌မူ ချောင်ရူ၏ အမူအရာသည် ရုတ်တရက် လေးနက်သွားသည်။

"အခုအချိန်အထိ၊ သူက ဘာလို့ ဒီလောက် တည်ငြိမ်နေရတာလဲ"

ထိုအချိန်မှာပင် အပြင်ဘက်ကွင်းသည် ရုတ်တရက် တုန်ခါသွားပြီး မိုးကြိုးများ မြင့်တက်လာကာ အားအပြည့်သွင်းထားသော အခြေအနေမျိုးသို့ ရောက်ရှိသွားသဖြင့် လူအုပ်ကြီး၏ အပြုံးများ ‌အေးခဲတောင့်တင်းကုန်၏။ တတိယကွင်းသည် အပြင်ဘက် စက်ဝိုင်းတွင် ရုတ်တရက် ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် လင်းလက်သွားပြီး လျှပ်စီးကြောင်းများ လျှံထွက်လာသည်။

"ဟင်"

ယွမ်ရှောင်၏ ဓားဝိညာဉ်သည် သူတို့နှင့် တန်းတူဖြစ်နေ၍ ပိုင်မောင်နှမ စိတ်ပျက်လက်ပျက် ဖြစ်သွားကာ တစ်ဖက်လူက အဆင့် ၃ ကောင်းကင် အရာရှိ တစ်ဦး၏ မွေးစားသားအဖြစ် အသိအမှတ်ပြုခံရရန် ထိုက်တန်သော ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်နေသည်။ စတုတ္ထကွင်းသည်က အင်တိုက်အားတိုက် ထွက်ပေါ်လာသောကြောင့် ပိုင်လင်းအာ၏ မျက်နှာ ရှုံ့မဲ့သွားကာ လူတိုင်း အချင်းချင်း ကြည့်လိုက်မိကြပြီး မကျေမနပ် ဖြစ်သွားကြသည်။

"ဒီကောင်လေးရဲ့ ဓားဝိညာဉ်က ကောင်းကင်ကျယ် အဆင့်မှာ ရှိနေတယ်"

ဆံပင်ဖြူဖြူနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာပြီး လေသံမှာ အေးစက်ကာ အကြည့်များ နက်ရှိုင်းပြီး ပိုင်မောင်နှမ၏ ဖခင် ဖြစ်နေသည်။

"အဖေ"

ထိုနှစ်ဦးသည် ပါရမီအရာတွင် ကျော်တက်ခံလိုက်ရပြီဖြစ်သည်။

" နောက်ထပ်နှစ်နည်းနည်းကြာရင် မင်းတို့နှစ်ယောက်လည်း ဒီအဆင့်ကို ရောက်နိုင်မှာပါ"

သို့သော်လည်း၊ ကွင်းလေးကွင်း ရလဒ်သည် လှောင်ပြောင်မှုများကို နာကျင်စေသော ပါးရိုက်ချက် တစ်ခု အဖြစ် ပြောင်းလဲသွားစေကာ လူအုပ်ကြီး တိတ်ဆိတ်သွားစဉ် သူက အဓိပ္ပာယ်ပါပါဖြင့် မှတ်ချက်ချလိုက်သည်။

" ကောင်းကင်ကျယ်အဆင့်မှာ ရှိနေရင်တောင်မှ အသုံးချခံ နယ်ရုပ်လေးတစ်ခု ဖြစ်ရမယ့် ကံကြမ္မာကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး"

သို့သော် သူ၏ စကား မဆုံးခင်မှာပင် နောက်ထပ် သုံးကြိမ် ထပ်မံ ပေါက်ကွဲသွားသောကြောင့် လူတိုင်း တုန်တုန်ယင်ယင်နှင့် ဓားဖိနှိပ်မှုတံခါးသို့ ပြိုင်တူ ကြည့်လိုက်မိကြသောအခါ ၎င်းမှာ ယခင်က မရှိခဲ့ဖူးသော ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိသွားကာ ကွင်းခုနစ်ကွင်း ဖြစ်ပေါ်နေ၍ မေးရိုးများ ဆွဲဖြုတ်ခံလိုက်ရသကဲ့သို့ ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြလေသည်။

အပိုင်း ၅၇၈ - မနာလိုမုန်းတီးကြသူများ

"အလင်းကွင်းခုနစ်ကွင်း"

အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားပြီးနောက် အာမေဋိတ်အသံများ ပြိုင်တူ ထွက်ပေါ်လာကာ အင်မော်တယ်သောင်းချီသည် ဓားဖိနှိပ်မှု တံခါးအထက်ရှိ မိုးကြိုးစက်ကွင်း ခုနစ်ခုကို ကြည့်နေရင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြသည်။ တံခါးရွက်အရှေ့တွင် လက်နှစ်ဖက် နောက်ပစ်ထားသော လူငယ်လေးက မိုးကြိုးများ ဝန်းရံ၍ ဓားဝိညာဥ်ထံမှ မိုးပြာရောင်အလင်း တစ်ချက်တစ်ချက် ဖြာထွက်လာနေ၏။

"ဒါက ဧကရာဇ်တစ်ပါးရဲ့ အဆင့်မျိုးတောင် ရောက်နေပြီ"

လူတိုင်းက ကျောက်ခဲမျိုချမိသည့်အလား လည်ချောင်းများ တစ်ဆို့၍ ထိုအတွေး စိတ်ထဲတွင် ပေါ်ပေါက်လာသောအခါ လက်မခံနိုင်ဟန်ဖြင့် အသည်းအသန် ခေါင်းယမ်းနေမိကြ၏။ သူတို့ကိုယ်တိုင် မကြာသေးခင်က သိုးမည်းတစ်ကောင်ဟု သတ်မှတ်ထားသူကို ဒူးထောက်၍ အရိုအသေပေးရမည်မှာ ခက်ခဲလွန်းလှသည် မဟုတ်ပါလော။ ပိုင်ကျိကျွင်း၏ မျက်နှာထားကို ကြည့်လျှင် မဟာကောင်းကင်ကျောင်းတော် တပည့်များ မည်မျှ မသက်မသာ ဖြစ်နေသည်ကို မြင်နိုင်သည်။

"အဖေ ဒါက ဖြစ်နိုင်လို့လား။ မိုးကြိုးဧကရာဇ်ရဲ့ သားတောင်မှ ကွင်းငါးခုတည်း ထုတ်ဖော်နိုင်ခဲ့တာမလား"

ကောင်းကင်ရုံးတော်၏ အရှင်သခင် ရှစ်ပါးအနက် တစ်ယောက်အပါအဝင်ဖြစ်သော အဆင့်တစ် အရာရှိ မိုးကြိုးဧကရာဇ်၏ မျိုးဆက်ပင် ဤအဆင့်မျိုး မရနိုင်ခဲ့ပေ။

"ဘာဖြစ်ဖြစ် ဒီကောင်က သက်ဆိုးရှည်တော့မယ်"

ပိုင်တိက မျက်မှောင်ကြုတ်၍ သက်ပြင်းချလိုက်သော်လည်း ပိုင်လင်းအာမှာမူ လက်မခံချင်ခဲ့ပေ။

"အဖေ ဒါက မသေချာသေးပါဘူး။ မဟာတာအိုနယ်မြေမှာ နောက်ခံမရှိဘဲ ပါရမီသာ မြင့်မားနေရင် အဆုံးမရှိတဲ့ ပြဿနာတွေ ရောက်လာလိမ့်မယ်။ သမိုင်းတလျှောက် သေဆုံးကုန်တာ ဒီလိုလူမျိုးကြီးပဲ"

ထိုစကားက အမှန်ပင် ဖြစ်ပြီး မနာလိုမှုသည် ကြီးမားလှသော အမုန်းတရားအဖြစ် ပြောင်းလဲသွားကာ ဥပမာအားဖြင့် ပိုင်ကျိကျွင်းအတွက် အလင်းကွင်းခုနစ်ခု ဆိုသည်မှာ လက်ခံရန် ခက်ခဲလွန်းပြီး အမုန်းတရားကြောင့် မျက်နှာပင် အရောင်အမျိုးမျိုး ပြောင်းလဲကုန်သည်။ ညစာစားပွဲသို့ တက်ရောက်လာသော လူငယ်တိုင်း မှုန်ကုပ်ကုပ် ဖြစ်နေကြပြီး ကောင်းကင်ရုံးတော်တွင် မြင့်မားသော ပါရမီကို နောက်ခံ မရှိဘဲ ထုတ်ပြမိလျှင် သတ်ဖြတ်လိုစိတ်များသာ ရောက်ရှိလာပေလိမ့်မည်။ လူ့သဘာဝအရ ကိုယ့်ထက်သာလျှင် မုဒိတာ ထားနိုင်သူမှာ အလွန့်အလွန် နည်းပါးပြီး အလင်းကွင်းခုနစ်ခုအောက်တွင် ထိုလူများ၏ စိတ်ထဲတွင် အဆိုးရွားဆုံး အတွေးများသာ ပြည့်နှက်နေကြသည်။ အကယ်၍ ယွမ်ရှောင်သာ ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ မျိုးဆက်ဖြစ်နေလျှင် သူတို့အားလုံး မျက်နှာလိုမျက်နှာရဖြင့် ဒူးထောက်နေကြပေလိမ့်မည်။

"လူမိုက် ကံကောင်းပါလား"

"ဓားအရိုးကို ဆွဲထုတ်ပြီး လုလိုက်ရင် ငါ ဒီအခွင့်အရေးကို ရနိုင်မလား"

ဤလူစု၏ နှလုံးသားတွင် အမှောင်ဖုံးနေသဖြင့် ပိုင်တိမှ ပိုင်နိုင်စွာ ကောက်ချက်ချလိုက်သည်။

"ဒီကောင်က ကောင်းကင်ရုံးတော်ကို လှုပ်ခတ်ပြီး အထက်ကို တက်နိုင်တော့မယ်လို့ ထင်နေပုံရတယ်။ ဒါပေမယ့် ပိုကြီးမားတဲ့ အန္တရာယ်တွေ ရောက်လာတော့မယ်"

"မှန်တယ်။ ကောင်းကင်ရုံးတော်က နောက်ထပ် စစ်ဧကရာဇ်တစ်ယောက် ပေါ်လာမှာကို လက်မခံနိုင်ဘူး။ ချောင်ရှန်း မပြောနဲ့၊ မဟာစစ်သူကြီးတောင် ဒါမျိုး မကိုင်တွယ်နိုင်ဘူး"

ယခုလေးတင် ရောက်ရှိလာသော လျှပ်စီးသခင်ပိုဟုန်က ဝင်ရောက် ထောက်ခံလိုက်ပြီး သူတို့အမြင်တွင် ယွမ်ရှောင်ကို လက်ခံထားသည့် ချောင်ရှန်းတစ်ယောက် ဒုက္ခလှလှ တွေ့ပြီ ဖြစ်၏။

"မဟာစစ်သူကြီးက သူနဲ့ ဘာအဆက်အသွယ်မှ မရှိလို့ ချက်ချင်း ကန်ထုတ်ပစ်လိမ့်မယ်။ တကယ်တမ်းပြောရရင် ဒီအချိန်မှာ မနာလိုအဖြစ်ဆုံးက အဲ့ဒီ အဘိုးကြီးပဲ"

ပိုင်တိက လှောင်ရယ်၍ ရေရွတ်လိုက်ပြီး ဆက်လက်ရှင်းပြ၏။

"သူက သေကာနီး ဖြစ်နေတော့ လူငယ်ဘဝကို ပြန်သွားချင်နေတယ်။ သူက လူငယ်လေးတစ်ယောက်ကို စိတ်ပါလက်ပါ ချီးကျူးနေတာ စိတ်ကောင်းရှိလို့ ထင်မနေနဲ့။ ဒီလိုရုပ်ရည် ဒီလိုပါရမီနဲ့ ဆိုရင် သူ ပြန်လည် မွေးဖွားဖို့ အကောင်းဆုံး အခွံပဲလေ။ ချောင်ရူတောင်မှ အသည်းအသန် ဆက်ဆံချင်နေတာ၊ အဲ့ဒီအဘိုးကြီးဆိုရင် ဘယ်လိုလုပ် မလှုပ်ရှားဘဲ နေနိုင်မှာလဲ"

ဤအချက်များအပြင် မဟာစစ်သူကြီးသည် ချောင်ရူအပေါ် ခံစားချက်များ ရှိနေသဖြင့် နှစ်ယောက်သား နားလည်ဟန်ဖြင့် အကြည့်ချင်း ဖလှယ်ကာ ပြုံးပြလိုက်ကြ၏။ ထို့နောက် သူတို့က ဓားဖိနှိပ်မှု တံခါးကို ဆက်လက် စောင့်ကြည့်ခဲ့ကြပြီး ခန်းမအတွင်း ရှိ ချောင်ရူသည်လည်း ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေရာမှ သက်ပြင်းချလိုက်မိသည်။

"မင်းက ငါ ထင်ထားတာထက်တောင် ပိုပြီး ထူးခြားနေသေးတယ်။ ဒါပေမယ့် နဂါးတစ်ကောင် ထွက်ပေါ်လာရင် မကောင်းဆိုးရွားတွေက ဝါးမျိုစားသောက်ချင်ကြလိမ့်မယ်။ မင်းရဲ့ ဘဝက အထက်မရောက်ခင်မှာတင် ပျက်စီးသွားမှာပါ"

အကယ်၍ ယွမ်ရှောင်သာ ဤမျှအစွမ်းထက်ကြောင်း သိထားလျှင် ဤနေရာတွင် ထုတ်မပြရန် သူမကိုယ်တိုင် တားဆီးမိပေလိမ့်မည်။ သို့သော်လည်း ဓားကျင့်ကြံသူတစ်ယောက်အတွက် လမ်းစဥ်၏ မှတ်တိုင်ကို မကျော်ဖြတ်လျှင် အစွမ်းထက်လာနိုင်စရာ မရှိချေ။ ဤလမ်းကြောင်းသည် အစကတည်းက အခက်အခဲ ဆူးငြောင့်ခလုတ်များ ပြည့်နှက်နေ၍ အင်မော်တယ် ခေါ် လူသားအဆန်ဆုံး မကောင်းဆိုးဝါးများသည် အခြားသူတစ်ယောက် အထက်သို့ ရောက်သွားမည်ကို မနာလိုမရှုစိမ့်ကြပေ။ ဖြစ်ရပ်အားလုံး၏ လက်သည်ဖြစ်သော ယွမ်ရှောင်ကမူ အရာရာကို လျစ်လျူရှုထားပြီး ဓားပိုင်နက် ဖြစ်ပေါ်လာရန်သာ အပြည့်အဝ အာရုံစိုက်ထား၍ အလင်းကွင်းခုနစ်ခုကိုပင် အလေးမထားချေ။

"ဓားပိုင်နက်က သန်မာလွန်းနေတယ်။ ကွင်းခုနစ်ကွင်းနဲ့တောင် မဖိသိပ်နိုင်ဘူး။ ဘာဆက်လုပ်ရမလဲ"

ဓားဖိနှိပ်မှု တံခါးရှိ အစီအရင်သည် မိုးကြိုးစွမ်းအားများ စုစည်း၍ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်ကို ထပ်ကာတလဲလဲ ရိုက်နှက်နေသဖြင့် တဘုန်းဘုန်း မြည်သံများဖြင့် ဆူညံလှသည်။ ဓားအော်ရာ အလွှာတစ်သန်းနီးပါးက ပိုင်နက်တစ်ခုအလား စုစည်းနေသော်လည်း ဓားသွားအတွင်း ကြာပန်းတစ်ပွင့် ရှိကာ လျှို့ဝှက်ဆန်းကြယ်လွန်းသောကြောင့် ဓားဖိနှိပ်မှု တံခါးပင် နိမ့်ကျသွား၏။

"ဟုတ်သားပဲ။ အရင်က ဒီအာကာသ ဓားအင်မော်တယ်ရဲ့ အစွမ်းကို ငါ ရဖူးထားတာပဲ"

သူက နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်မိပြီး အဆိုပါ ဓားရည်ရွယ်ချက်ကို ပြန်လည် ခံစားရသောအခါတွင်မှ အမှတ်ရသွားသည်။ ဓားဖိနှိပ်မှု တံခါး၏ ကန့်သတ်ချက်က ကွင်းခုနစ်ကွင်း ဖြစ်ပုံရသောကြောင့် ၎င်းသာ ဓားပိုင်နက် ဖြစ်ပေါ်လာစေရန် မဖိသိပ်နိုင်လျှင် ဆိုသော အတွေးသည် စိတ်ဓာတ်ကျစရာပင်။

လက်ရှိတွင် မိုးကြိုးဌာနတစ်ခုလုံး တုန်လှုပ်သွားသောကြောင့် မဟာစစ်သူကြီး၊ ချောင်ရှန်း၊ ကူစုဝမ်၊ ကျန်းထိုင်ပင်းနှင့် အခြားသူများ ရောက်ရှိလာကာ ဤညတွင် မိုးကြိုးကိုးသွယ် ရင်ပြင်ထက်ပင် ပို၍ စည်ကားနေသည်။

"မဟာစစ်သူကြီးနဲ့ စစ်သူကြီးချောင် ဂုဏ်ပြုပါတယ်"

ပတ်ဝန်းကျင်၌ အသက်မပါလှသော ဂုဏ်ပြုစကားသံများ ချက်ချင်း လွင့်ပျံလာခဲ့လေသည်။

All Chapters