အခန်း (၁-၃)
Vol. 1 Ch. 1-3
1 01
အပိုင်း (၁)
“မား သူ့ကို အသားချောင်း ကျွေးလို့ရလား”
မင်းသမီးဝတ်စုံလေးကို ဝတ်ထားသည့် မိန်းမငယ်လေးက သူမ၏ ပြည့်ဖောင်းနေသော လက်ချောင်းလေးများကို ဆန့်တန်းလိုက်ပြီး အရှေ့ဘက်ရှိ ဆိတ်များကို လက်ညိုးထိုးပြသည်။ အနီးအနားရှိ သက်လတ်ပိုင်းအမျိုးသမီးကိုလည်း ကြည့်ကာ ပြောလိုက်သည်။
“သူတို့က ဘာလို့ မအော်ကြတာလဲ”
“ဘာ ဘာ ဘာ”
အနားရှိ အမျိုးသမီးက မည်သည့်စကားမှ မပြောနိုင်သေးခင် ထိုကောင်မလေးက ရယ်ပြီး ဆိတ်အော်သံကို ပြုသည်။ ထိုသို့ဖြင့် ဆိတ်များကို တုန့်ပြန်စေလို၏။
“ဟား ဟား”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက သမီးဖြစ်သူ၏ခေါင်းကို ချစ်မြတ်နိုးစွာ ပုတ်ရင်းပြောသည်။
“ကောင်းပြီလေ ပေါင်အာ ဒီဆိတ်ကို အော်စေချင်ရင် ဘေးနားက အဲ့ဒီဦးလေးတွေကို နူတ်ဆက်ရမယ်လေ။ သူ့ကို တွေ့တယ် မဟုတ်လား”
ပေါင်အာက ခေါင်းမော့လိုက်ပြီးနောက် ကျောက်သားများအထက် ထိန်းချုပ်အခန်း အတွင်းတွင် ရှိနေသော လူငယ်ကို လက်ယမ်းပြလိုက်သည်။
“ဦးလေး သူ့ကို အော်ခိုင်းလို့ရမလား”
ဆုပိုင်က ချစ်စရာကောင်းသည့် ကောင်မလေးကို ကြည့်ပြီး သဘောတကျ ပြုံးလိုက်သည်။ ထို့နောက် လက်ဆန့်ထုတ်လျက် ရှေ့မှ အနီရောင်ခလုတ်ကို ဖိနှိပ်လိုက်သည်။
“ဟေး”
ရုတ်တရက် အောက်ဘက်မှ ကျယ်လောင်သော ဆိတ်အော်သံက ရှည်ကြာသော အော်သံမျိုးဖြင့် ထွက်လာသည်။
“အို အို အို့ မား နားထောင်ကြည့် ဆိတ်ကအော်နေပြီ”
“နားထောင်လို့ကောင်းလိုက်တာ။ သမီး သူ့ကို ထိတွေ့ချင်တယ်”
“ဦးလေး သူ့ကို ထပ်အော်ခိုင်းလို့ ရမလား”
ကောင်မလေးက အပြုံးမျက်နှာနှင့် ပြောသည်။ သူမက လက်ခုပ်လေးတီးပြီး ခုန်ပေါက်နေသေး၏။
ဆုပိုင်က ခလုတ်ထပ်နှိပ်သည်။ ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး ထိန်းချုပ်ခန်း အပြင်ဘက်သို့ ထွက်သည်။
“ကောင်မလေး ဆိတ်က မြက်ပဲစားတာ အသားမစားဘူး”
ဥယာဉ်အပြင်ဘက်တွင် ရပ်နေသော အတွင်းရှိ ကျောက်ရုပ်ပုံသဏ္ဌာန် ဆိတ်များကို ကြည့်နေသည့် ကောင်မလေးထံသို့ ဆုပိုင်က ဆောင့်ကြောင့် ထိုင်ကြည့်ရင်း ပြောလိုက်သည်။
“ဟင်”
ကောင်မလေး၏ပုခုံးက ကျုံ့သွားသည်။ သူမ၏မျက်နှာတွင် ပဟေဠိဖြစ်မှုက ပေါ်လာ၏။
“ဦလေးရဲ့ ဥယာဉ်ထဲမှာ မြက်တွေရှိတယ် မဟုတ်ဘူးလား။ သူတို့က ဘာလို့မစားတာလဲ”
“ဒါက”
ဆုပိုင်က ရုတ်တရက် ဆွံ့အသွားသည်။ သူက ဒီလောကမှ မဟုတ်ချေ။ ဒီလောကသို့ ရောက်သွားသည်မှာ ဆယ်နှစ်ကြာသွားလေပြီ။
နာခံသိတတ်တဲ့ သာမာန်မိသားစု…
လုံ့လဝိရိယရှိပြီး ကြိုးစားလိုစိတ်ရှိတယ်။ ကောလိပ်တက်တဲ့ တောက်လျောက် အရာအားလုံး အဆင်ပြေခဲ့တယ်။ နောက်ပြီး သူ့ရဲ့မိဘတွေက ကားမတော်မဆမှုတွေနဲ့ သေဆုံးခဲ့တယ်။ သူက မိသားစုပိုင် နယ်မြေဖြစ်တဲ့ တိရစ္ဆာန်ငါးကောင်သာ ရှိတဲ့ တိရစ္ဆာန်ရုံကို အမွေဆက်ခံခွင့် ရခဲ့တယ်။
ဟုတ်တယ်။
စက်ရုပ် တိရစ္ဆာန်ရုံ။ ဒီလောကက မြေကမ္ဘာခေတ်နဲ့ ကွာခြားတယ်။ သိပ္ပံနဲ့ နည်းပညာက တအားကို ဖွံ့ဖြိုးတိုးတက်တယ်။ ဒါပေမယ့် …
ရှေးခတ်ကာလရဲ့ ရေခဲခေတ်ကတည်းက လူသားတွေက ကြီးမားတဲ့မြေအောက်ကို တည်ဆောက်ခဲ့ပြီး အောင်မြင်စွာ ရှင်သန်နိုင်ခဲ့ပေမယ့်လည်း တိရစ္ဆာန်တွေအားလုံးက မျိုးတုံးပျောက်ကွယ်သွားခဲ့တယ်။
ကြီးမားတဲ့ တိရစ္ဆာန်တွေ ငှက်တွေကနေ သေးငယ်တဲ့ ပိုးကောင်တွေဖြစ်တဲ့ ခြင်တွေ၊ ပုရွက်ဆိတ်တွေအထိ ဘယ်အကောင်မှ မကျန်ရစ်ခဲ့ဘူး။
နှစ်တစ်သောင်းကျော် ကြာသွားပြီးတဲ့နောက်မှာ အရာအားလုံးက ပိုပြီး ဖွံ့ဖြိုးတိုးတက်လာတယ်။ အချိန်ကြာလာတာနဲ့အမျှ လူသားတွေကလည်း တိရစ္ဆာန်တွေအပေါ် နားလည်မှု လျော့ပါးလာခဲ့တယ်။
သူ့ရဲ့အရှေ့က ကောင်မလေးလိုမျိုးပဲ။ သူတို့ရဲ့ တစ်ဘဝလုံး သာမာန်ဆိတ်တွေ၊ သာမာန်ခွေးတွေကိုတောင် မြင်တွေ့ခွင့် မရှိနိုင်ကြဘူး။
နည်းပညာမြင့် စက်ရုပ်ခွေးတွေနဲ့ အခြားသော အမျိုးမျိုး နည်းပညာမြင့် တိရစ္ဆာန်တွေ ဝယ်ယူရရှိနိုင်ပေမယ့်လည်း အတုက အတုပဲ။
ဒါက သက်ရှိမဟုတ်ဘူး။ လူသားတွေ ရေးဆွဲထားတဲ့ ပရိုဂရမ်တွေက ဘယ်လောက်ပဲ အင်အားသင့်စရာကောင်းနေနေ သက်ရှိသတ္တဝါတစ်ကောင်ကို အစားထိုးနိုင်မှာလဲ။
ပိုဆိုးတာက ခေတ်မှီနည်းပညာတွေနဲ့ လုပ်ထားတဲ့ တိရစ္ဆာန်တွေက ဈေးကြီးလွန်းတယ်။ သူတို့ကို ထိန်းသိမ်းစောက်ရှောက်ဖို့က တန်ကြေးမြင့်လွန်းလို့လို သာမာန်မိသားစုတွေက မတတ်နိုင်ကြဘူး။
ဒီအတွက်ကြောင့် တိရစ္ဆာန်တွေကို ကြည့်ချင်တဲ့ ဒီလိုကလေးတွေအားလုံးက တိရစ္ဆာန်ရုံကို လာရတယ်။ နောက်ပြီး ဆုပိုင်ရဲ့ တိရစ္ဆာန်ရုံထဲမှာလည်း တိရစ္ဆာန်ငါးမျိုးပဲ ရှိတယ်။
“ကောင်းပြီ ပေါင်အာ အချိန်ကျပြီ။ ခွေးတွေကို သွားကြည့်ရအောင်”
“ကောင်းပြီလေ”
ကောင်မလေးက သဘောတကျ ခေါင်းညိတ်သည်။
ဆုပိုင်ထံ ပြုံးပြပြီး လက်ယမ်းပြသည်။ သူမ၏ ရှေ့သွားနှစ်ချောင်းက နေရောင်အောက်တွင် တောက်ပနေသေး၏။ ထိုမြင်းကွင်က ဆုပိုင်၏ရင်ကို နာစေသည်။
မြေကမ္ဘာခေတ်တွင် ဆုပိုင်က ဇီဝဗေဒပညာရှင်တစ်ယောက် ဖြစ်သည်။
သူက မူလတန်းအရွယ်ကတည်းက တိရစ္ဆာန်များအပေါ် ထူးခြားလွန်းသည့် ရှင်းပြရန် ခက်ခဲသော ချစ်ခင်လိုစိတ် ရှိသည်။
“ဘာလို့လဲ”
“ဘာလို့ ငါ့ကို ဘာတိရစ္ဆာန်တွေ မရှိတဲ့ ဒီလိုနေရာကို ပို့လိုက်ရတာလဲ”
ဆုပိုင်က ခေါင်းကိုငုံ့ပြီး သက်ပြင်းချသည်။
ဆုပိုင်က တဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
“ညီငယ်ဆု”
ရုတ်တရက် အနောက်ဘက်မှ ရယ်သံများက ထွက်လာသည်။
1 02
ဆုပိုင်က လှည့်ကြည့်လိုက်၏။ ထိုအခါ တိရစ္ဆာန်ရုံဝင်ပေါက်မှ လျှောက်ဝင်လာသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက အပြာဖျော့ရောင် ခြေညှပ်ဖိနပ်ကို ဝတ်ဆင်ထားပြီး ခြေညှပ်ဖိနပ်ကို ဒရွတ်တိုက်ဆွဲလျက် အတွင်းသို့ ဝင်လာသည်။ ထူးဆန်းသည်မှာ သူ၏အနောက်တွင်လည်း ဆံပင်အတိုနှင့် အနက်ရောင် အိုအယ်လ်ဝတ်စုံကို ဝတ်ဆင်ထားသည့် လုပ်နိုင်စွမ်းရည် ရှိမည့်ပုံပေါ်သော အမျိုးသမီးတစ်ယောက်က လိုက်ပါလာခြင်း ဖြစ်သည်။
“ဟား သူဌေးချင် ဘာလို့များ ရောက်လာတာလဲ”
လာလည်သောသူက ဆုပိုင်၏ ပြိုက်ဘက် ချင်ထျန်တိရစ္ဆာန်မှ ပိုင်ရှင် ချင်တလန်ဖြစ်သည်။ တိရစ္ဆာန်ရုံတစ်ခုလုံးက ဆုပိုင်၏တိရစ္ဆာန်ရုံထက် ပို၍ ကြီးသည်။ တိရစ္ဆာန်များကလည်း ပို၍ မြင့်မားသည်။ အမျိုးအစား ဆယ်မျိုးကျော်သည်။ ထို့အပြင် ဈေးကြီးလွန်းသော ပျံသန်းနိုင်သည့် တိရစ္ဆာန်များလည်း ရှိသေးသည်။ ထိုအရာသာ မကသေးပေ။ တိရစ္ဆာန်ရုံနှစ်ခုက လမ်းတစ်ဖက်တစ်ခြမ်းစီတွင် ဖြစ်နေသည်။
ဆုပိုင်က ဒီတိရစ္ဆာန်ရုံကို လက်လွှဲယူပြီးကတည်းက လာကြသော ဧည့်သည်တိုင်းက သူ၏တိရစ္ဆာန်ရုံကို ပို၍ချဲ့ချင်ကြသည်။
…
ပိုက်ဆံက ဘယ်မှာလဲ။
“ညီလေး ငါ မင်းကို အကြောင်းပြချက်ကောင်းနဲ့ လာရှာတာပါ”
ချင်တလန်က ဆုပိုင်၏ ပုခုံးကို ပုတ်သည်။ ထို့နောက် အသာသိုင်းဖက်လိုက်ရင်း အတွင်းသို့ ဝင်ရောက်လာသည်။
“ဒါက မင်း အွန်လိုင်းပေါ်မှာ လွှဲပြောင်းဖို့ တင်ထားတယ် မဟုတ်ဘူးလား”
“ဟုတ်ပါတယ် လွှဲပြောင်းဖို့ အသင့်ပြင်ထားတာပါ”
ဆုပိုင်က သက်ပြင်းအရှည်ကြီးကို ချပြီး ခါးသီးစွာ ပြုံးသည်။ သူက တိရစ္ဆာန်ရုံတစ်ခုလုံးကို လွှဲပြောင်းချင်နေသည်။ ထိုထဲတွင် တိရစ္ဆာန်ငါးကောင်ဖြစ်သည့် ဆိတ်၊ ဘဲ၊ သိုး၊ ကြက်ဖနှင့် ပြည်တွင်းခွေးများ ပါသည်။
အခြားသော နည်းလမ်းလည်း မရှိပါချေ။ လူပေါင်းများစွာ တောင့်ခံခဲ့ပြီးနောက် အကျိုးအမြတ်မရှိရုံသာ မကသေးလေပဲ ဆုပိုင်အတွက် သူ၏မိဘများက ပြင်ဆင်ထားသော မင်္ဂလာအိပ်ခန်းကိုပင် ဆုံးရှုံးလုနီး ဖြစ်နေလေပြီ။
သူက မလွှဲပြောင်းခဲ့လျှင် ဒီတိရစ္ဆာန်ရုံတစ်ခုလုံးကို ဆက်လက်ထိန်းသိမ်းထားရန်ပင် တတ်နိုင်တော့မည် မဟုတ်ချေ။
“တိုက်ဆိုင်လွန်းတယ်။ ငါကလည်း ရုံကို ချဲ့ချင်နေတာ။ မင်း ငါ့ကိုပဲ လွှဲပေးလိုက်ရင် ဘယ်လိုလဲ”
ထိုချင်ကောဆိုသော သူက ဒီနေ့အလွန်ရိုးသားနေပုံ ပေါ်သည်။
“နောက်ပြီး စကားမစပ် ငါ မင်းကို မိတ်ဆက်ပေးရဦးမယ်။ ဒါက နင်ကျန်းဥပဒေ အဖွဲ့အစည်းက ရှောင်လင်းလေ”
“မင်းရဲ့ချင်ကောက ရှေ့နေတောင် ခေါ်လာတယ်။ သူက ရိုးသားတယ် မဟုတ်လား ဟား ဟား”
ချင်တလန်က သူ၏အနောက်မှ လုပ်နိုင်စွမ်းရည်ရသော အမျိုးသမီးကို ဆုပိုင်နှင့် မိတ်ဆက်ပေးသည်။
“ဈေးက _ _ _ မင်းကို ကျေနပ်စရာပဲ ဘယ်လိုလဲ”
“ဟင်”
ဆုပိုင်က ဥယာဉ်အရှေ့မှ ရှင်းလင်းသွားသော နေရာကို ကြည့်လိုက်ပြီး သက်ပြင်းချသည်။ မမျှော်လင့်ထားစွာပင် သူက မိဘများ ချန်ရစ်ခဲ့သော အမွေအနှစ်နယ်မြေကိုပင် မစောက်ရှောက်နိုင်ပေ။
“သူဌေးချင်က ဘယ်လောက်များပေးဖို့ စီစဉ်ထားလဲလို့ မေးရပါစေ”
“ဒီပမာဏလေ”
ချင်တလန်က လက်သုံးချောင်းထောင်ပြိး ဆုပိုင်၏အရှေ့တွင် ယမ်းပြသည်။
“ဟ ဟ သူဌေးချင် ဆက်ပြီး အလုပ်များလိုက်ပါဦး”
ဆုပိုင်က နှာခေါင်းရှုံ့လိုက်ပြီး လှည့်ထွက်သွားသည်။
“လူကြီးမင်းဆု ခဏလေးနေပါဦး”
ထိုအချိန်တွင် ရှေ့နေအမျိုးသမီး ရှောင်လင်းက ရှေ့သို့ ခပ်မြန်မြန်လျှောက်လာပြီး ဆုပိုင်၏ရှေ့တွင် ရပ်သည်။
“ကျွန်မတို့ သိထားတဲ့အတိုင်းဆို လူကြီးမင်းဆုရဲ့ တိရစ္ဆာန်ရုံက ဘဏ်ကနေ ချေးငွေ ယူထားခဲ့တာ မဟုတ်ဘူးလား။ ပိုဆိုးတာက ဒီနေရာက ကျင်းတယ်။ ချောင်ကျတဲ့နေရာမှာ ရှိနေတယ်။ လူကြီးမင်းဆုကသာ ဒီလမကုန်ခင် ချေးငွေကို ပြန်မဆပ်နိုင်ဘူးဆိုရင် ဘဏ်က ဒီတိရစ္ဆာန်ရုံကိုတောင် သိမ်းသွားမှာကို စိုးရိမ်ရပါတယ်”
“သူဌေးချင်က ကမ်းလှမ်းတဲ့ဈေးက ဈေးကွက်တန်ကြေးထက် လျော့ကျ နေပေမယ့်လည်း လူကြီးမင်းရဲ့ အရေးပေါ် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မယ်လို့ ယူဆထားပါတယ်။ ဒါကြောင့် လူကြီးမင်းဆုအနေနဲ့ စဉ်းစားပေးသင့်ပါတယ်”
“ဟ ဟ ဦးလေး နူတ်ဆက်ပါတယ်။ ပေါင်အာက လကုန်ရင် တစ်ခေါက်လာပြီး ကြည့်ဦးမယ်နော်။ အဲ့ဒီချိန်ကျမှ ဆိတ်အော်သံတွေကို နားထောင်တော့မယ်”
ထိုအချိန်တွင် တိရစ္ဆာန်ရုံ၏ ဝင်ပေါက်နားမှ မင်းသမီးဝတ်စုံ ဝတ်ထားသော ကောင်မလေးက သူမ၏သေးငယ်သော လက်လေးကို ဆုပိုင်ထံ သဘောတကျ ယမ်းပြလာသည်။
ထိုကောင်မလေး၏ ထွက်သွားသော ပုံရိပ်ကို ကြည့်နေသည့် ဆုပိုင်က အံကို ကြိတ်လိုက်သည်။ သူ၏နှလုံးသား အနက်ရှိုင်းအပိုင်းသို့ ထိုးဝင်သွားသည်အထိ လေးနက်သော ခံစားချက်ကို ရလိုက်သည်။
“စိတ်မကောင်းပါဘူး ငါ ဒီတိရစ္ဆာန်ရုံကို ရောင်းဖို့ဆန္ဒ မရှိတော့ဘူး။ ငါ့မှာ အခြားလုပ်စရာ ရှိနေသေးလို့ ခွင့်ပြုပါဦး”
“တင်”
“hostက စမ်းသပ်မှုကို ကျော်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ နတ်ဘုရားအဆင့် တိရစ္ဆာန်ရုံစနစ်က အသက်ဝင်သွားပါပြီ”
ရုတ်တရက် ဆုပိုင်၏စိတ်က ယမ်းခါသွားသည်။ ထို့နောက် အေးစက်သော အမျိုးသမီးတစ်ယောက် အသံကဲ့သို့ စက်ရုပ်သံကလည်း ပေါ်ထွက်လာသည်။
+++
2 01
အပိုင်း (၂)
“ဆုပိုင် ငါ မင်းကိုပြောမယ်။ မင်း ဒီတိရစ္ဆာန်ရုံကို မရောင်းချင်ရင် ဘဏ်ကလာပြီး ပိတ်သိမ်းသွားတဲ့အထိ စောင့်နေလိုက်”
“ဘာတွေများ ဂေါက်နေလဲ။ ဘာကကောင်းတယ် ဘာက ဆိုးတယ်ဆိုတာကို နားမလည်တဲ့အကောင်ပဲ။ ပုတ်ပွနေတဲ့ တိရစ္ဆာန် ငါးကောင်ကိုပဲ ရှိတာကိုများ တိရစ္ဆာန်ရုံလို့ ခေါ်ထိုက်သလား”
“မင်းက ထိန်းသိမ်းစောက်ရှောက်ခတောင် မပေးနိုင်တာ ဟွန့်။ ရက်အနည်းငယ်ထိ ဘယ်လောက်ခံမလဲ ကြည့်ရသေးတာပေါ့”
ချင်တလန်က အော်ဟစ်ကာ ကျိန်ဆဲနေသည့်တိုင်အောင် ဆုပိုင်က လစ်လျူရှုကာ ရှေ့သို့ လျှောက်သွားပြီး တိရစ္ဆန်ရုံအတွင်းရှိ သူ၏နေထိုင်ရာသို့ တဖြောင့်တည်း သွားလိုက်သည်။ ထိုနေရာကို နေထိုင်ရာနေရာဟု ဆိုသော်လည်း မူလရုံးခန်းဟုသာ ဆိုသင့်သည်။ အိမ်ကို အပေါင်ထားပြီးနောက် ဆုပိုင်က ရုံးသို့ ပြောင်းရွှေ့ခဲ့သည်။ ဒီနည်းအားဖြင့် ပိုက်ဆံအကုန်အကျ သက်သာလေသည်။
ဆုပိုင်က စိုးရိမ်စိတ်ကြီးစွာဖြင့် ရုံးခန်းအတွင်းသို့ လျှောက်ဝင်လိုက်ကာ ကုလားထိုင်တွင် ထိုင်ချလိုက်သည်။
“စနစ်”
ငါက ဒီနေရာကို ဝိဉာဉ်ကူးပြောင်းလဲမယ်လို့ မထင်ထားမိဘူး။ နောက်ပြီး စနစ်တစ်ခုကိုတောင် အသက်သွင်းနိုင်သွားသေးတယ်။ နောက်ပြီး ဆိုးတာက ဒါက နတ်ဘုရားအဆင့် တိရစ္ဆာန်ရုံစနစ် ဖြစ်နေတယ်။ ဒါက ဘာလုပ်လို့ရလဲ။
ရုတ်တရက် သူ၏အရှေ့တွင် ထူးဆန်းသော အလင်းဖန်သားပြင်တစ်ခု ပေါ်ထွက်လာသည်။ အမျိုးမျိုးသော လုပ်နိုင်စွမ်းရည်များကိုလည်း အထက်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
နတ်ဘုရားအဆင့် တိရစ္ဆာန်ရုံစနစ်
Host : ဆုပိုင်
ခွန်အား.. ၆(အရပ်ပုပြီး အားနည်းတယ်)
အရှိန်နူန်း.. ၇( အပြေးတတ်လွန်းတဲ့ နောက်ဆုံးအဆင့် ကင်ဆာ)
စိတ်စွမ်အား.. ၁၃( စိတ်သဘောထား ရိုးရှင်းတဲ့သူ)
{လက်ရှိတိရစ္ဆာန်ရုံရဲ့ နယ်မြေက စတုရန်းမီတာ နှစ်ထောင်ဝန်းကျင်ခန့် အတွင်းပါ။ လက်ရှိတိရစ္ဆာန်မှာ: 0}
တိရစ္ဆာန် သုည ဟုတ်လား။
ကြည့်ရတာ ဒီစနစ်ရဲ့အမြင်မှာ စက်ရုပ်တိရစ္ဆာန်ငါးကောင်ကို တိရစ္ဆာန်လို့ မသတ်မှတ်ဘူး ထင်တယ်။
ဆုပိုင်က စနစ်၏ ဇယားကို ကြည့်လိုက်သည်။ ထို့နောက် သူ၏အကြည့်က အောက်ဘက်သို့ ရွေ့သွားသည်။
အံ့အားသင့်မှု အမှတ်..0 (အံ့အားသင့်မှုအမှတ်တွေ ရလေလေ ဒါကို အမျိုးမျိုးသော တိရစ္ဆာန်အစိတ်အပိုင်း ပစ္စည်းတွေနဲ့ လဲလှယ်နိုင်လေလေပါပဲ။ တာဝန်ကို ပြီးမြောက်အောင်မြင်သွားတဲ့နောက်မှာ အဲ့ဒီတိရစ္ဆာန်ကို အစစ်အမှန်လောကကို ဆင့်ခေါ်နိုင်ပါလိမ့်မယ်)
သောက်ကျိုးနည်း
ဒါက …
အံ့အားသင့်မှု အမှတ်နှင့် ဆက်စပ်နေသည့် အချက်အလက်များကို ရှင်းပြထားသော စနစ်၏ အချက်အလက်များကို ကြည့်ရုံနှင့်တင် ဆုပိုင်၏ ဦးနှောက်က ချက်ချင်း ဗလာဖြစ်သွားသည်။
ဆိုလိုတာက သူကသာ လုံလောက်တဲ့ အံ့အားသင့်မှုအမှတ်ကို ရရှိနိုင်မယ်ဆိုရင် မြေကမ္ဘာခေတ်က တိရစ္ဆာန်တွေကို ဒီလောကထဲကို ဆင့်ခေါ်နိုင်မှာလား။
ဒါဆိုရင်…
ဒါဆိုရင် ဒီအပြိုင်လောကရဲ့ တစ်လောကလုံးက အံ့အားသင့်မှု အမှတ်တွေကို ရရှိမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာကတည်းက ပျောက်ကွယ်သွားတဲ့ တိရစ္ဆာန် အမျိုးအစားပေါင်းများစွာကို ပြန်လည်ထွက်ပေါ်လာစေနိုင်မှာလား။
ဒီလိုဆိုရင် သာမာန်တိရစ္ဆာန်အချို့အတွက် နေထိုင်ရာနေရာတွေကို ဆောက်လုပ်ပေးဖို့ စက်တွေ ရကောင်း ရလာနိုင်တယ်။ ဒါပေမယ့် တရုတ်ငါးကျင်းလိုမျိုး… ပန်းကယ်ကျားဖြူ၊ မြက်ခင်းပြင် လွင်ပြင်ဒေသက ခြေင်္သ့လိုမျိုး မျိုးစိတ်တွေကို ဖန်တီးနိုင်မှာလား။
နောက်ပြီး သူတို့ရဲ့ ပုံစံဖြစ်စေ၊ နေထိုင်မှု ဝန်းကျင် ပုံစံအရပင် ဖြစ်စေ ဒီလောက၏ သမိုင်းမှ အပြီးတိုင် ဖျက်ဆီးခံရပြီးလေပြီ။
ထို့နောက် သူက အောက်ဘက်သို့ ဆက်လက်ဖတ်ရှုလိုက်၏။
{host အသစ်အတွက် လက်ဆောင်ပါဆယ်.. သိမ်းယူရရှိနိုင်ပါပြီ}
“လူသစ်အတွက် လက်ဆောင်တွေ ဘာတွေတောင် ရှိသေးတာလား”
ဆုပိုင်က စိတ်ကို ထိန်းချုပ်လိုက်ရင်း စိတ်ဖြင့် ညွှန်ကြားလိုက်တာ ထိုလူသစ်အတွက် ပါဆယ်ကို လက်ခံရယူစေသည်။
“တင် hostက လူသစ်လက်ဆောင် ပါဆယ်ကို အောင်မြင်စွာ လက်ခံရရှိလိုက်တဲ့အတွက် ဂုဏ်ယူပါတယ်”
“လက်ဆောင်ပါဆယ်ကို ပေးအပ်လိုက်ပါပြီ”
“ဂုဏ်ယူပါတယ် host။ host က အစပိုင်း ငွေကြေး ရန်ပုံငွေ သန်း၂၀ကို လက်ခံရရှိပါတယ်။ ( တိရစ္ဆာန်ရုံ တည်ဆောက်မှုအတွက်ပဲ အသုံးပြုလို့ရပါတယ်။ hostကိုယ်တိုင်အတွက် အသုံးပြုလို့ မရနိုင်ပါဘူး)”
“ဂုဏ်ယူပါတယ် host။ host က တိရစ္ဆာန်ဆွဲ ပစ္စည်းတင်ချားလေးကို လှည့်နိုင်တဲ့ အခွင့်အရေးကို ရရှိသွားပါတယ်။ host က ဒီချားလေးကို တစ်ချက် လှည့်လိုက်ရုံနဲ့ အစစ်အမှန် တိရစ္ဆာန်တစ်ကောင်ကို ဆင့်ခေါ်နိုင်မှာပါ”
သူ၏အိတ်ထဲတွင် ရှိသော ဖုန်းက ကျွတ်ကနဲ အသံမြည်လာသည်။ ဆုပိုင်ကမူ ယခုလို အခြေအနေမျိုးတွင် အခြားသော အကြောင်းအရာများကို ဂရုမစိုက်အားပါချေ။
အကြောင်းမူကား သူ၏အရှေ့တွင် 3Dလှည့်ဘီးလေးတစ်ခုက ပေါ်လာသောကြောင့် ဖြစ်သည်။ ထိုနေရာတွင် သေးငယ်သော တိရစ္ဆာန်ပုံစံ ဆယ်ခုကျော်က ရပ်လျက် ရှိသည်။
အလက်စကန် မာလာမြု(ဟက်စကီး၊ ရွှေမျောက်၊ မြင်းကျား၊ ဆင်၊ golden retriever၊ လိပ်ပြာ၊ ကြံ့၊ မိချောင်း၊ စစ်ကာသမင်၊ ပန်ဒါကြီးမျိုးစိတ်။
သို့ရာတွင် တိရစ္ဆာန်အမျိုးအစား တစ်ခုစီတိုင်းတွင် မတူသော အလင်းရောင်များ ရှိနေသည်။
2 02
ပန်ဒါကြီးမျိုးစိတ် တစ်ကိုယ်လုံးကသာ နီရဲသော တောက်ပသည့် အလင်းမျိုးဖြင့် ထိန်လင်းနေသည်။ ထို့ကြောင့် ကြည့်လိုက်ရုံဖြင့် အလွန်အမင်း မြင်ရခဲ့သော မြင်ကွင်းမျိုးအဖြင့် ခံစားရစေသည်။
အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် ဆုပိုင်သည် အကြမ်းဖျင်း နားလည်သွားသည်။ ယခုအခြေအနေက သူ၏အတိတ်ဘဝက လှည့်လည်သွားလာသူများအတွက် ချားရဟတ် လှည့်ခိုင်းသော အတွေ့အကြုံမျိုးနှင့် တူညီလေသည်။ သာမာန် တိရစ္ဆာန်အမျိုးအစား ပိုများပြီး ရရှိရန် အခွင့်အရေး ပိုများသည်။
“ဧကရာဇ်ဝူ ကယ်တင်စောင်မပါစေ”
ဆုပိုင်က မျက်လုံးကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူက စိတ်ကို ထိန်းချုပ်လိုက်ပြီး အနီရောင်ခလုတ်ကို ထိန်းချုပ်လိုက်သည်။
3D လှည့်ဘီးက ဆက်တိုက်လှည့်ပတ်သွားသည်။ အရှိန်နူန်းက မြန်သထက် မြန်သွားသည်။ ဆုပိုင်က အနည်းငယ်ပင် မူးသွားသေးသည်။
“ လိပ်ပြာတော့ မလုပ်ပါနဲ့။ လိပ်ပြာတော့ မဖြစ်ပါစေနဲ့။ ငါ့ကို ရွှေမျောက်ပဲ ဖြစ်ဖြစ်၊ အလက်စကားပဲ ဖြစ်ဖြစ် ပေးပါ”
ဆုပိုင်က လက်နှစ်ဖက်လုံးကို ပွတ်နေရင်း ရင်ဘတ်နား ကပ်ထားရင်း ဆက်တိုက်ဆုတောင်းနေ၏။
လိပ်ပြာ အကောင်ရေ အနည်းငယ်သာဆိုလျှင် ကြီးမားသော ပန်းခြံကြီးအတွင်း ထူးခြားသော ကဏ္ဍတစ်ခုအဖြစ် ရရှိနိုင်လိမ့်မည် မဟုတ်ချေ။
သူကသာ စနစ်က ပေးသော သန်း၂၀ကို သုံးပြီး နည်းပညာမြင့် တိရစ္ဆာန်ရုံ အမှိုက်ပုံကြီးကို ပြန်ဆင်လိုလျှင် ကြီးမားသော တိရစ္ဆာန်များ ရှိနေမှသာ အဆင်ပြေပေလိမ့်မည်။
ဘယ်လိုဖြစ်နိုင်မှာလဲ။
“လိပ်ပြာအတွက် တိရစ္ဆာန်ရုံတစ်ခုလုံးကို ပြင်ဆင်ရမယ်ဆိုရင် ဒါက ဇီဝဗေဒ ပညာရှင်တစ်ယောက်ကို စော်ကားနေတာပဲ”
“တင် … ဂုဏ်ယူပါတယ် host။ host က အောင်မြင်စွာနဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံရတနာ ပန်ဒါကြီးကို ရရှိသွားပါပြီ”
“host ကျေးဇူးပြုပြီး ဒီပန်ဒါကြီးကို နာမည်ပေးပါ”
“host ကျေးဇူးပြုပြီး ဒီပန်ဒါကြီးကို နာမည်ပေးပါ”
“host ကျေးဇူးပြုပြီး ပန်ဒါကြီးကို နာမည်ပေးပါ”
စနစ်၏ အသံက သုံးကြိမ်ဆက်တိုက် ထွက်လာသည်။ ထိုအခါမှ ဆုပိုင်က တုန့်ပြန်နိုင်သည်။
“အား ဟ ဟ ဟား ဟား ပန်ဒါကြီးတဲ့လား။ တကယ်ကို ပန်ဒါကြီးပဲ”
ဆုပိုင်၏ မျက်နှာက နီရဲသွားသည်။ သူ၏အသက်ရှူကပင် အနည်းငယ် ပျက်တောင်းပျက်တောင်း ဖြစ်သွားမတတ် ဖြစ်သွားလေသည်။ မည်သို့ပင်ဆိုစေ သူဟာ ထိမျှ ကြီးမားသော အနီရဲရဲ ဆုကြီးကို ရရှိမည်ဟု မမျှော်လင့်ထားမိပါချေ။
ဒါက နိုင်ငံရတနာ ပန်ဒါကြီးပဲ။
အတိတ်မြေကမ္ဘာခေတ်တွင် ထိုတိရစ္ဆာန်က အိမ်ထောင်စုတစ်ခု၏ မျိုးရိုးနာမည် ဟူ၍ပင် ပြော၍ရသေးသည်။ ပန်ဒါကြီး၏ အမွှေးများက အဖြူအနက်ဖြစ်သည်။ အရောင်က တောက်ပပြီး ရွှန်းစိုပြောင်လက်နေသေး၏။ အထူးသဖြင့် သူ၏မဲမှောင်နေသော မျက်ကွင်းနက် တစ်စုံက လူအများဟာ သူဟာ ထူးခြားပြီး ချစ်စရာကောင်းသည်ဟု ခံစားရစေသည်။
“ဒါဆိုရင်လည်း သူ့ကို တပိုင်လို့ပဲ ခေါ်ရအောင်”
ဆုပိုင်က တခဏခန့် တွေးတောနေပြီးနောက် ပန်ဒါကြီးကို သူကိုယ်တိုင် နာမည်မှည့်လိုက်သည်။
“တင် ဂုဏ်ယူပါတယ်။ host က အောင်မြင်စွာနဲ့ နာမည်မှည့်ပေးလိုက်နိုင်ပါပြီ။ အခု တပိုင်ကို ဆင့်ခေါ်နိုင်ပါပြီ”
မှတ်ချက်.. ပန်ဒါကြီးကို သံမဏိစားသားရဲလို့ လူသိများကြတယ်။ သူက အရမ်းအရမ်းကို အဖိုးတန်တဲ့ အတွက်ကြောင့် host အနေနဲ့ ဂရုတစိုက် စောက်ရှောက်ပေးရပါမယ်။ ပန်ဒါကြီး သေသွားတာနဲ့ စနစ်ကလည်း host ကို အခြေအနေအရာ အပြစ်ပေးသွားမှာပါ။ အမြင့်ဆုံး ပစ်ဒဏ်ကတော့ သေဒဏ်ပါပဲ”
“အာ”
ဆုပိုင်က သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသော အနီရဲရဲ သတိပေးချက်ကို ကြည့်ပြီး သဘောတကျ ခေါင်းညိတ်လိုက်သည်။
လာနောက်နေတာလား။ ဒါက ပန်ဒါကြီးလေ။ အတိတ် တရုတ်ပြည်မှာဆိုရင်တောင်မှ ဒါက သာမာန်လူတွေက ထိတွေးဆက်ဆံ ရနိုင်နေတာမျိုးမှ မဟုတ်တာ”
အဝေးကပဲ ကြည့်နိုင်မှာ။ ထိလို့မရဘူး။ အစာကြွေးဖို့ ဆိုရင် ပိုတောင်ဝေးသေးတယ်။
“ငါ ပန်ဒါကြီးကို အနီးကပ်မြင်ဖို့ ဘယ်လောက်တောင် စိတ်ကူးယဉ်ခဲ့ရလဲ။ ဒါပေမယ့် မမျှော်လင့်ထားပဲ နောက်ဆုံးတော့ အချိန်ခရီးသွားပြီးနောက်မှ အမှန်တကယ် ဖြစ်လာတယ်။
ဆုပိုင်က သဘောတကျ အော်ရယ်နေသည်။ သူက အလွန်တက်ကြွသွားသည်။ ထို့နောက် စနစ်မှ ဇယားကို ပြန်ငုံ့ကြည့်လိုက်သည်။
{တိရစ္ဆာန် အပိုင်းအစ မောလ်]
စစ်ဘဲရီယန်ဂျန် အပိုင်းအစများ.. အံ့အားသင့်မှု အမှတ်တစ်သိန်းနဲ့ လဲလှယ်ယူနိုင်ပါတယ်။
တိမ်ကျားသစ် အပိုင်းအစ.. အံ့အားသင့်မှု အမှတ်တစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
အာရှဆင်.. အံ့အားသင့်မှု အမှတ် တစ်သိန်းခွဲ လိုအပ်တယ်။
မြင်းရိုင်း.. အံ့အားသင့်မှု အမှတ် တစ်သောင်း လိုအပ်ပါတယ်။
လိပ်.. အံ့အားသင့်မှု အမှတ်တစ်သောင်းနဲ့ လဲနိုင်တယ်။
ဘဗရီမျောက်တို.. အံ့အားသင့်မှု အမှတ်တစ်သောင်းနဲ့ လဲနိုင်ပါတယ်။
…
2 03
(မောလ် အပိုင်းအစများ အားလုံးက တစ်ကြိမ်လဲလှယ်ပြီးတိုင်းမှာ အသစ်ပြန်လည် ပြောင်းလဲသွားမှာပါ)
“တင် စနစ်ရဲ့ တာဝန်တစ်ခု စတင်ထွက်ပေါ်လာပါပြီ။ ကျေးဇူးပြုပြီး host အနေနဲ့ ခုနှစ်ရက်ကအတွင်းမာ အံ့အားသင့်မှုအမှတ် တစ်ထောင်ရအောင် စုဆောင်းရပါမယ်။ ဆုလာဒ်.. ရွှေမြွေ အပိုင်းအစ *1…..”
…
“ဟူး”
“ဟီး ဟီး”
“ဟီး ဟီး”
“ဟီး ဟီး”
ဆုပိုင်က ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး အသက်ပြင်းပြင်းရှူသည်။ ထို့နောက် စရယ်သည်။
စနစ်က အတော်ချူချာသည်။ ခုနှစ်ရက်အတွင်း ထိုတာဝန်ကို ပြီးမြောက်အောင်ကမြင် ပြီးနောက် ရရှိမည့် ဆုလာဒ်က ရွေမြွေ အပိုင်းအစ ဖြစ်နေသည်။ ထိုကဲ့သို့မြွေက မျက်စိဖမ်းစားလွန်းသည်။
နောက်ပြီး သူက ဥရောပ ဧကရာဇ် ဝင်ပူးတာကို ခံရလားလို့။ နယ်မြေသစ်အတွက် တံခါးဖွင့်လိုက်နိုင်တာ မဟုတ်လား။
နောက်ပြီး သူက ဘဏ္ဍာကြီးကို မဲပေါက်သွားတယ်။ ဒါက ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ တရုတ်နိုင်ငံရဲ့ နတ်ဘုရားလဲ။ နောက်ပြီး ခုနှစ်ရက်အတွင်း အံ့အားသင့်မှု အမှတ်တစ် ထောင် ရဖို့က ဘယ်လောက်ထိ ခက်ခဲနိုင်မလဲ။
“ စကားမစပ် ပန်ဒါကို မြန်မြန်လေး ဆင့်ခေါ်လိုက်ပါ “
ဆုပိုင်က သူ၏အရှေ့မှ စနစ်၏ဇယားကို စိုက်ကြည့်နေသည်။ ထို့နောက် ပန်ဒါကြီး၏ အနောက်ဘက်မှ ဆင့်ခေါ်သည့် ခလုတ်ကို ခပ်မြန်မြန် နှိပ်လိုက်သည်။
"ဘား"
"ဘန်း"
"ခရပ်"
ရုတ်တရက် သူ၏ခေါင်းပေါ်မှ ဆိတ်ကြီးတစ်ကောင် အော်ဟစ်လိုက်သော အသံမျိုးက ထွက်လာသည်။ ဆုပိုင်ကလည်း သူ၏ကိုယ်ပေါ်တွင် အလွန်အကောင်ကြီးပြီး အမွှေးထူသည့် တစ်စုံတစ်ရာက တက်ထိုင်နေကြောင်း သိလိုက်ရသည်။ သူ၏ အောက်ဘက်ရှိ ကုလားထိုင်ကပင် ကျိူးသွားလေပြီ။
"ဟေး ထဦး ထဦး ငါ့ရဲ့ဆံပင်ကို မဆွဲနေနဲ့"
"ဖာခ့်တပိုင် တပိုင် "
"ဦးလေးရယ် ကျေးဇူးပြုပြီး ငါ့ဘောင်းဘီကိုတော့ မဆွဲပါနဲ့"
ထိုတပိုင်က သူ၏ကျောပေါ်တွင် တက်ထိုင်ပြီး ကိုယ်ကိုလိမ်တွန့်ကာ ဟိုလှည့်ဒီလှည့် စူးစမ်းနေသည်။ ကြီးမားသော ပန်ဒါကြီးက သူ၏ကိုယ်ပေါ်သို့ တက်ဖိထိုင်ထားသောအခါ ဆုပိုင်ခမျာ မျက်ရည်မထွက်သော်လည်း အော်ငိုချင်လေသည်။
++++
3 01
အပိုင်း (၃)
“တပိုင် မင်း ထိုင်နေတာလား”
ဆုပိုင်က တပိုင်၏ အမွှေးများ ဖြာထွက်နေသော လည်ပင်းနားလေးသို့ လက်ကို အသာကောက်ဖိလိုက်ရင်း ကောက်မလိုက်သည်။
ထို့နောက် တပိုင်၏ ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးကြည့်သည်။ သူက အရင်ဆုံး သွားများကို စစ်၏။
စနစ်ကြောင့် ဆင့်ခေါ်နိုင်ခဲ့သော ထိုပန်ဒါကြီး၏ အသက်ခန့်မှန်းချေက ငါးနှစ်ဝန်းကျင် ဖြစ်နိုင်သည်။ ထို့ကြောင့် အရွယ်ရောက် ပန်ဒါကြီး ဖြစ်သည်။ ဆုပိုင်ကလည်း သူ၏အလေးချိန်က ၁၂၀ ကီလိုဂရမ်တော့ဖြင့် ရှိနိုင်မည်ဟု ခံစားမိသည်။
“ဆုတ်ဖြဲရမယ်”
တပိုင်က သူ၏အရှေ့မှ လူကို မျက်လုံးကြီးများဖြင့် ကြည့်သည်။ ထို့နောက် ပါးစပ်ကြီးကို ဟရင်း ဆုပိုင်၏ အင်္ကျီကော်လံကို ခပ်တင်းတင်းကြပ်ကြပ် ကိုက်ဆွဲသည်။ ရုတ်တရက် …
“မင်း”
ဆုပိုင်ကလည်း ဆုတ်ဖြဲခံလိုက်ရသည့် အင်္ကျီကို ကြည့်သည်။ သူ၏မျက်နှာတွင် ကြောင်အမှုက အထင်းသားပေါ်နေသည်။
“မင်းက နိုင်ငံ့ရတနာနော် မင်းကို ရန်စလို့ မရဘူး မင်းကို ရန်စလို့ မရဘူး”
တပိုင်က သူ့ရဲ့အဝတ်များကို ဆွဲဖြဲသွားသည်။ ဆုပိုင်ကမူ တပိုင်ကို လက်မောင်းထဲတွင် ပွေ့ဖက်ထားပြီး မြေကြီးပေါ်တွင်သာ ထိုင်နေရလေသည်။ ယခုအခါ သူ့တွင် ပန်ဒါကြီး ရှိလာပြီ ဖြစ်သည်။ ထိုကြောင့် သင်တော်သော နေရာတစ်ခုကဖြင့် လိုအပ်လာသည်။ တပိုင်အတွက် နေရာကောင်းတစ်ခုကို ရှာဖွေပေးရပေမည်။
“စကားမစပ် ဝါးတွေလည်း လိုအပ်တယ်”
“တပိုင် မင်း ဗိုက်ဆာနေပြီလား။ ငါ အပြင်ထွက်ပြီး မင်းအတွက် ဝါးနည်နည်း သွားဝယ်ပေးမယ်။ နေဦး”
သူက လက်ကို ဆန့်ထုတ်လိုက်ရင်း တပိုင်၏ အမွှေးဖွားလေးများ ပြည့်နေသော ခေါင်းကို အသာပွတ်သည်။ တပိုင်က မျက်လုံးကို မှိတ်ပြီး လှဲကာ ဇိမ်ခံနေကြောင်း မြင်လိုက်ရ၏။ အချိန်အနည်းငယ် ကြာသောအခါ ဟောက်သံကို ကြားရသည်။
ပန်ဒါကြီးဆိုတဲ့အတိုင်းပဲ စားတာကလွဲရင် သူ့ရဲ့အချိန်အများစုက အိပ်တာပဲ။
သူက သက်ပြင်းချရင်း ဂရုတစိုက် ထရပ်လိုက်ကာ တံခါးကို ပိတ်သွားသည်။
ထိုအချိန်တွင် တိရစ္ဆာန်ရုံထဲ မည်သူမှ မရှိတော့ချေ။ လာရောက်လည်ပတ်သူလည်း အများကြီး မရှိပါချေ။ သို့ရာတွင် ဆုပိုင်ထွက်သွားပြီး သိပ်မကြာခင် လုပ်နိုင်စွမ်းရည် ရှိသော အမျိုးသမီးရှေ့နေ့က တံခါးကို ဖျက်ကာ ဝင်လာသည်။
“ငါ့နောက်ဆုံးတော့ အော်ဒါတစ်ခု ရသွားတာ။ ဒါပေမယ့် မမျှော်လင့်ထားပဲ ဒီလို အလဟသ ဖြစ်သွားရတယ်”
ရှောင်လင်းက မျက်မှောင်ကျုံ့လျက် ရေရွတ်နေသည်။ သူမ၏ high heel က မြှောက်တက်သွားရင် ဥယာဉ်အတွင်း တစ်လှမ်းချင်းစီ လျှောက်ဝင်လိုက်သည်။ သူမက ဆုပိုင်ကို စကားလာပြောရင်း ဖြောင်းဖျရန် မျှော်လင့်ထားခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုအော်ဒါက ဆက်ပြီး ကျရှုံးသွားခဲလျှင် သူမက အလုပ်ပြုတ်သွားပေလိမ့်မည်။
သုံးလတာ အလုပ်သင်ကာလ အတောအတွင်း မည်သည့်အော်ဒါ တစ်ခုကိုမှ ပြီးမြောက်အောင် မလုပ်ရသေးပေ။
“ငါ ရှေ့နေတစ်ယောက် လုပ်ဖို့ မသင့်တော်တာများလား”
ထိုအတွေးက ရှောင်လင်းစိတ်အတွင်းတွင် ထင်ဟက်လာသည်။ မည်သို့ပင်ဆိုစေ သူကလည်း ဒီထက် တစ်ဖန်ထပ်ပြီး တိုက်ခိုက်ကြည့်ရပေမည်။ သူမက ယခုလေးတင် ခေါင်းဆောင်ချင်နှင့် ဆွေးနွေးခဲ့ပြီး အောင်မြင်စွာ အယုံသွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ရံပုံငွေတစ်သန်း ထပ်ထည့်ပေးမည် ဖြစ်သည်။
“ဒါကတော့ သိပ်မနည်းလောက်ပါဘူး”
သေးငယ်သော တိရစ္ဆာန်ရုံတွင် ရပ်နေသော ရှောင်လင်းက ဘေးဘီကို ကြည့်သည်။ ရုတ်တရက် ဒီခြံဝန်းအတွင်းမှ အထီးကျန်လွန်းသော စက်ရုပ်တိရစ္ဆာန်အချို့ကို မြင်လိုက်ချိန်တွင် ခေါင်းကို အသာခါယမ်းသည်။
သူမကလည်း ထိုလူငယ်က မည်သည့်အတွက်ကြောင့် ဆက်လက်ပြီး အတိုက်အခံလုပ်နေကြောင်း နားမလည်နိုင်ပါချေ။
ဒီလို တိရစ္ဆာန်ရုံမျိုးက ပျောက်ကွယ်သွားသင့်တာ ကြာပြီ။
နည်းပညာတွေက ပိုပြီး အဆင့်မြင့်လာတယ်။ ငါ ကြားထားတဲ့အတိုင်းဆို ခေါင်းဆောင်ချင် သိပ်မကြာခင်မှာ လူရဲ့ ထိန်းချုပ်မှု မလိုအပ်တဲ့ စက်ရုပ်တိရစ္ဆာန်တွေကို မိတ်ဆက်ပေးတော့မှာ။
အားလုံးက ဉာဏ်ရည်မြင့် chipပြားတွေ ထည့်ထားမှာ။ ဒီတော့ ကလေးငယ်တွေနဲ့လည်း အပြန်အလှန် တုန့်ပြန်နိုင်လိမ့်မယ်။
အဲ့ဒီနောက် ဒီတိရစ္ဆာန်ရုံထဲမှာ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး။
ပိုဆိုးတာက ဒီစက်ရုပ်တိရစ္ဆာန်တွေ အားလုံးရဲ့ ကိုယ်ထည်ကို အမျိုးမျိုးသော သတ္တုသားတွေနဲ့ လုပ်ထားတာပဲ။ ဒါက အရုပ်တွေလို ထိရကိုင်ရတာ သက်တောင့်သက်သာ မရှိစေသေးဘူး။ ဒါက ဘာတွေများ ဆွဲဆောင်မှု ပြင်းနေလို့လဲ။
သိပ်မကြာခင် ရှောင်လင်းကလည်း ရုံးခန်းရှိသော နေရာကို ရှာတွေ့သွားပြီး ခါးကို လိမ်တွန့်လျက် ခပ်မြန်မြန် လျှောက်သွားလိုက်သည်။
“ခူး ကလော ခူး ကလော ခူး ကလော “
တံခါးပေါက်တွင် ရပ်နေလိုက်ရုံနှင့် အတွင်းမှ လာသည့် ဟောက်သံက အပြင်ထိ ပေါက်ထွက်လာသည်။
“သူက အသက်ကြီးသေးတာလည်း မဟုတ်ပါဘူး။ ဘာလို့ ဒီလောက်ထိ ဟောက်နေတာလဲ”
ရှောင်လင်းက ရေရွတ်ပြီး လက်ဆန့်တန်းကာ တံခါးကို တွန်းဖွင့်လိုက်သည်။
“အား”
တံခါးကို တွန်းဖွင့်လိုက်သည့် တစ်ခဏတွင် အသံကုန် အော်လိုက်မိသည်။ အကြောင်းမူကား အတွင်းတွင် ကြောက်စရာကောင်းသော အကောင်ကြီးတစ်ကောင်က ကြမ်းပြင်တွင် ထိုင်လျက် ရှိနေကြောင်း မြင်လိုက်ရခြင်း ဖြစ်သည်။
“ဟူး ဟူး ဟူး”
ရှောင်လင်းက စိတ်အေးသွားသည်။ ထို့နောက် တံခါးကို တစ်ဖန်ပြန်ဖွင့်လိုက်သည်။
3 02
ငါက ကြောက်လို့ သေရတော့မယ်။ ကြည့်ရတာ အဲ့ဒီအပျက်အစီး စက်ရုပ်သားရဲပဲ ဖြစ်ပါလိမ့်မယ်။ အဲ့လိုမှ မဟုတ်ရင် အကြောင်းပြချက်မရှိ ဘာလို့ ဟောက်နေရမှာလဲ။
“ဟင်”
တပိုင်က သူ၏လက်သည်းပါသော လက်ကို ဆန့်တန်းလိုက်ရင်း သူ၏ဝေဝါးနေသော မျက်လုံးကို ပွတ်သပ်သည်။ ထို့နောက် နူတ်ခမ်းထောင့်မှ သွားရည်များကိုလည်း သုတ်လိုက်ပြီး တဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
တံခါးပေါက်တွင် အမျိုးသမီးတစ်ယောက်က ရပ်နေသည်။ သူ့ကို ကျောပေးထား၏။
“ဟင် စားစရာ ရောက်လာပြီလား”
သူ၏စိတ်အတွင်း မေးခွန်းတစ်ခုက ဖြတ်ပြေးသွားသည်။
“ကလု ကလု”
သူက ထိုသို့ပါးစပ် လှုပ်ပြီးနောက် ကြီးမားသော ခေါင်းကြီးကို တစ်ချက်ခါယမ်းလိုက်ကာ တံခါးထံသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
“ဘာလို့ အဲ့ဒီကောင်က ဖုန်းမကိုင်တာလဲ”
ရှောင်လင်းက ရုံးခန်းတံခါးဝတွင် ရပ်နေပြီး ဖုန်းတစ်ဖက်ခြမ်းမှ လာသည့် အလုပ်များနေသောကြောင့် မကိုင်နိုင်သေးကြောင်း ပြောနေသည့် အသံကို နားထောင်နေရသည်။ သူမက ခပ်တိုးတိုး ရေရွတ်၏။
“ဖြန်း”
ရုတ်တရက် အမွှေးထူများ ပြည့်နေသော လက်တစ်ဖက်က သူမ ပုခုံးအနောက်ပိုင်းကို လာဖိကြောင်း ခံစားလိုက်ရသည်။ ရှောင်လင်းက ကြောင်သွားသည်။
ထိုသို့ဖြင့် ခေါင်းကို တဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ ထိုအခါ ယခုလေးတင် တွေ့ခဲ့ရသည့် အစုတ်အပြတ် စက်ရုပ်တိရစ္ဆာန်က သူမကို ကြည့်ရင်း ရူးကြောင်ကြောင် ရယ်ပြနေကြောင်း တွေ့လိုက်ရသည်။ ထို့အပြင် ကြီးမားသော မျက်နှာကြီးမှ သွားရည်များက သူမ၏အဝတ်ပေါ်သို့ပင် ကျလာသည်။
“ဒါက ဘာလဲ”
“တစ်ယောက်ယောက်က ထိန်းချုပ်ထားတာလား”
“မဟုတ်သေးပါဘူး ဘာလို့ ဒီစက်ရုပ်တိရစ္ဆာန်ရဲ့ လက်သည်းတွေက ဘာလို့ ဒီလောက်ထိ နူးညံ့နေရတာလဲ”
ထိုအချိန်တွင် ဆုပိုင်က လတ်ဆတ်သော ဝါးချောင်းလေးများကို ကိုင်လျက် လျှောက်ဝင်လာခြင်း ဖြစ်သည်။ ထိုအချိန်တွင် အဝေးမှ စူးရှသည့် အော်သံကို ကြားလိုက်ရသည်။
“ဝါး”
“သွား သွား သွား ငါ့ကို နာကျင်အောင် မလုပ်နဲ့”
“ဝူး ဝူး အဝေးကို သွား”
“ဘာတွေဖြစ်နေတာလဲ”
သူက ခြေလှမ်းများကို ခပ်မြန်မြန် လှမ်းလိုက်ချိန်တွင် ရှေ့မှမြင်ကွင်းကို မြင်လိုက်ရသည်။
ဆုပိုင်က မျက်လုံးပြူးသွားသည်။ သူ၏မျက်လုံးက ဝိုင်းတက်သွားသည်။
တပိုင်က ဒီနေလာခဲ့ဖူးသော ရှောင်လင်း အမည်ရသည့် ရှေ့နေအမျိးသမီး၏ ကိုယ်ပေါ်သို့ ထူးဆန်းသော ပုံစံမျိုးဖြင့် တက်ဖိထားသည်။ သူက ပါးစပ်ကြီးကို ဟပြီး အဝတ်များကို ကိုက်ဆွဲနေခြင်း ဖြစ်သည်။ ထိုဝတ်စုံက စုတ်ပြဲသွားကြောင်းကိုလည်း မြင်နိုင်၏။ အောက်ဘက်တွင်လည်း ရှပ်တစ်ထည်ကိုသာ မြင်ရသည်။
“ဖာ့ခ် သခင်လေးရယ် ကျေးဇူးပြုပြီး ရပ်ပါတော့”
ဆုပိုင်က ထူးဆန်းသော ပုံစံမျိုးဖြင့် အော်ဟစ်လိုက်ပြီး လက်ထဲမှ ဝါးများကို ပစ်ချလျက် အပြေးအလွှားသွားရသည်။
သူက တပိုင်ကို ဖက်ပြီး ထိုရှေ့နေမှ အဝေးသို့ ဖယ်ထုတ်လိုက်သည်။
“ဝူး ဝူး ဝူး”
ရှောင်လင်းက မြေပြင်ပေါ်မှ ကုန်းထကာ သူမက ငိုနေလေ၏။ ထို့နောက် အဝတ်များကို သပ်ရပ်အောင် လုပ်ပြီးနောက် ဆုပိုင်၏ မြင်ကွင်းအောက်မှ ထွက်ပြေးသွားသည်။
“ကျွီ”
“ကြည့်”
ဆုပိုင်က တပိုင်၏လက်မောင်းကို တစ်ချက်ရိုက်လိုက်သည်။
“ဒါက ပန်ဒါလား။ ငါက မင်းကို နှာဘူးလို့တောင် ထင်တော့မလို့”
“လူကတောင် ထွက်ပြေးသွားပြီ မင်းက ဘာလို့ လိုက်ကြည့်နေတာလဲ။ တွန့်ဆုတ်နေတာလား”
“လာ လာ လာ”
ဆုပိုင်က ထိုပန်ဒါကြီး၏ နားရွက်ကို ဆွဲပြီး ဆိတ်ဥယာဉ်ရှိရာဘက်သို့ ခေါ်သွားလိုက်သည်။
ဒီညအတွက် နေရာရှင်းချိန် မရှိတော့ချေ။ ထို့ကြောင့် စိုစိမ့်ဥယာဉ်တွင်သာ ဒီပန်ဒါကို တစ်ညထားရမည် ဖြစ်သည်။ နောက်နေ့မှသာ ဝါးအချို့ ထပ်ဝယ်ပြီး စိုက်ရန် စဉ်းစားထားသည်။
“တင် host ပန်းခြံတည်ဆောက်ဖို့ ရံပုံငွေကို အသုံးပြုချင်ပါသလား”
ရုတ်တရက် စနစ်၏အသံက ထွက်လာသည်။ ဒီလောက်ထိ အဆင့်မြင့်တာလား။
လူတွေငှားပြီး တည်ဆောက်စရာမလိုပဲ ပန်းခြံကို အလိုလျောက် တည်ဆောက်နိုင်တာလား။
ဒါဆိုရင် ဘယ်လောက်ထိ ကုန်မှာလဲ။ အထူးသဖြင့် ပန်ဒါဥယာဉ် တည်ဆောက်ဖို့ လိုအပ်တာလဲ။
“စနစ်က တွက်ချက်နေပါပြီ”
“စမ်းသပ်ကာလ host အတွက် တိရစ္ဆာန်ရုံရဲ့ နေရာက ကန့်သတ်မှု ရှိနေတယ်။ နောက်ပြီး အရိုးရှင်းဆုံး ပန်ဒါဥယာဉ်ထဲမှာ အဆင့်မြင့် အရည်အသွေးရှိတဲ့ ဝါးတောတွေ၊ ရေကန်တွေ၊ ကျောက်သားတွေ၊ သေးငယ်တဲ့ တံတားလေးတွေ … အပြည့်အဝ ပါဝင်ပြီး ပန်ဒါတွေ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှု အပြည့်အဝ ပါဝင်ပါလိမ့်မယ်”
“ကုန်ကျငွေ ၇သန်းပါ”
“host တည်ဆောက်ချင်ပါသလား”
“၇သန်း ဟုတ်လား ဈေးကြီးလိုက်တာ”
“အရိုးရှင်းဆုံးကတောင် ၇သန်းဆိုရင် ဈေးအကြီးဆုံးက ဘယ်လိုမျိုး ဖြစ်နေမှာလဲ”
3 03
“ထိပ်တန်းအဆင့် ပန်ဒါပန်းခြံ ... စတုရန်း ကီလိုမီတာ တစ်သိန်းဝန်းကျင် ရှိပါတယ်။ အဲဒီအတွင်းမှာ တောင်ဆယ်လုံး၊ မြစ်တစ်စင်းနဲ့ … “
ဆုပိုင်က ခပ်မြန်မြန် တားသည်။
“တော်ပါပြီ ငါ နားမထောင်ချင်တော့ဘူး။ ဒါက ပန်ဒါပန်းခြံမှ မဟုတ်တာ။ ရှုခင်းကြည့်နေရာတစ်ခုကို တည်ဆောက်နေသလိုပဲ”
“တည်ဆောက်လိုက်”
ဆုပိုင်က ထိုသို့ ခပ်ကြမ်းကြမ်း ပြောလိုက်သည်။ ၇သန်းက ၇သန်းသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုပိုက်ဆံကို သူကိုယ်တိုင်အတွက်လည်း အသုံးပြု၍ မရချေ။ ထို့ကြောင့် ပန်ဒါပန်းခြံ တည်ဆောက်ပြီး တိရစ္ဆာန်များကို ကျွေးမွေးခြင်းက ပိုကောင်းလေသည်။
ဘုန်း
သူက ပြော၍ ပြီးပြီးချင်း သူ၏အရှေ့ဘက်ရှိ ဆိတ်ခံရှိရာနေရာမှ အဖြူရောင် မီးခိုးများ မြှောက်တက်လာသည်။ သာမာန်မျက်စိဖြင့် မမြင်ရသည့်နူန်းဖြင့် များပြားလာသည်။
အချိန်အတန်ကြာပြီးနောက် …
သူ၏အရှေ့ဘက်ရှိ ခမ်းနားလွန်းသော ပန်ဒါဥယာဉ်ကို ကြည့်ရင်း ဆုပိုင်က ကြောင်သွားသည်။
ဒါက …၇သန်းက တကယ်တန်တယ်။
+++++