အခန်း (၇-၉)
Vol. 1 Ch. 7-9
အခန်း(၇)
“ဟား ဟား ငါတို့ ဒီနေ့ လက်မှတ်သောင်းကျော် ရောင်းလိုက်ရတယ်။ ဒါတောင် မနက်ပိုင်းလေးတင်နော်”
ချင်တလန်က ရုံးခန်းထဲတွင် ထိုင်နေရင်း ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်နေရင်း သဘောတကျ ရယ်နေသည်။ သူ၏ပါးစပ်ကပင် ပါးစပ်တက်ချိတ် မတတ် ဖြစ်နေသည်။
မနက်ဖြန်ဆိုလျှင် ရီပို့များက ထွက်လောက်လေပြီ။ ထိုအချိန်ကျလျှင် ပို၍များပြားသော လူများက ရောက်လာလောက်လေပြီ။
“ဈေးမြှင့်ရမယ့် အချိန်လား”
ချင်တလန်က မျက်မှောင်ကျုံ့ကာ တွေးသည်။ ထို့နောက် ခေါင်းပြန်ခါသည်။
“မဟုတ်သေးဘူး။ ခုနှစ်ရက်တော့ စမ်းသပ်ကာလအဖြစ် ထားလိုက်ဦးမယ်။ စမ်းသပ်ကာလ ပြီးသွားမှပဲ လူကြီးတွေရဲ့ လက်မှတ်ဈေးကို ယွမ်နှစ်ဆယ်လောက် တိုးမြှင့်လိုက်မယ်။ ကလေးတွေရဲ့ လက်မှတ်ဈေးကတော့ ဆယ်ယွမ်တိုးလို့ ရတယ်”
“ဟုတ်တယ် ငါတို့ရှေ့က သေးငယ်တဲ့ အကျိုးအမြတ်ကိုပဲ ကြည့်လို့မရဘူး။ နောက်ပိုင်းမှာ ထပ်ရောက်လာမယ့် တိရိစ္ဆာန်တစ်သုတ်က ရှိနေသေးတယ်။ အဲ့ဒီအခါ တစ်နေ့ကို တစ်သိန်းလောက် ရနိုင်မယ် မဟုတ်လား။ ဒါမှမဟုတ် နှစ်သိန်းလား”
“ဟား ဟား ဟား “
“ဘန်း”
ရုံးခန်းတံခါးက တွန်းဖွင့်ခံရပြီး ဦးစီးက ဝင်လာသည်။
“ဟုတ် မကောင်းတော့ဘူး သူဌေး”
“မင်းက ဘာတွေ အထိတ်တလန့် ဖြစ်နေတာလဲ။ လူတွေ များလွန်းနေလို့လား”
“အလုပ်မဖြစ်ရင်လည်း လူအရေအတွက်ကို ထပ်ပြီး ကန့်သတ်လိုက်လေ။ ဒီအတိုင်း ပန်းခြံရဲ့ စီးပွားရေးနာရီက ဒီနေ့အတွက် နှစ်နာရီ တိုးချဲ့ပေးမယ်လို့ ပြောလိုက်။ ဒါဆိုရင် လူတိုင်းက သားရဲအသစ်ကို ကြည့်နိုင်မှာပဲ”
“မဟုတ်ဘူး သူဌေး ကျွန်တော်တို့ရဲ့ တိရိစ္ဆာန်ရုံထဲက လူတွေအားလုံး အပြင်ထွက်သွားကြပြီ”
ဦးစီး၏မျက်နှာက နီရဲနေသည်။ သူက လက်ထဲမှ လက်မှတ်ကို ဆုတ်ချေနေရင်း ပြောသည်။
“လက်မှတ်ဝယ်သွားတဲ့ သူတွေ အားလုံးက ငွေပြန်တောင်းပြီး လဲလှယ်သွားကြတယ်”
“ဘာတွေဖြစ်နေတာလဲ။ တိရိစ္ဆာန်တွေက ဆိုးလာလို့လား”
ထိုအသံကို ကြားသောအခါ ချင်တလန်က ကုလားထိုင်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူက အလျင်အမြန် ခန္ဓာကိုယ်ကို ထိန်းလိုက်ရသည်။
“ကျွန်တော်လည်း မသိပါဘူး။ သူတို့အားလုံးက မျက်နှာချင်းဆိုင်ဘက်က ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ ဝင်ပေါက်ဆီ ပြေးသွားကြတာပဲ”
“သူဌေး ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ ဝင်ပေါက်မှ လူတွေအုံနေတာ။ ကျွန်တော်တို့ရဲ့ တိရိစ္ဆာန်ရုံထဲက ခရီးသွားဧည့်သည်တွေ အားလုံး ရောက်နေတယ်”
“တစ်ချက်သွားပြီး ကြည့်ရအောင်”
ချင်တလန်က သိပ်ပြီး ဂရုမစိုက်ချေ။ သူက ကုလားထိုင်ပေါ်မှ ခုန်ထွက်လိုက်ပြီး အပြင်သို့ ထွက်သွားသည်။
“အိုး အိုး အို”
“ဟ ဟ ဟ ချစ်စရာကောင်းလိုက်တာ။ ဒီကောင်လေးက ဘာလို့ ဒီလောက်ထိ ချစ်စရာကောင်းနေတာလဲ”
“ပါပါး သူ့ကို ထိကြည့်လို့ရလား။ ပါပါး ကျေးဇူးပြုပြီး သူ့ကို ထိခွင့်ပေးပါ”
တိရိစ္ဆာန်ရုံဝင်ပေါက်မှ ထွက်လာပြီးသည့် အချိန်တွင် လမ်းတစ်ဖက်ခြမ်းမှ လာသည့် အော်ဟစ်အားပေးသံများကို ကြားလိုက်ရသည်။
“ဘာတွေဖြစ်နေတာလဲ”
ချင်တလန်က သူ၏ပြောင်နေသည့် နဖူးကို အသာပွတ်သပ်ရင်း စိတ်ရှုပ်ထွေးစွာ တွေးသည်။
ဘိဘိ
ချင်တလန်၏ အရှေ့ဘက်သို့ ပြည်သူနှင့် သဘာဝချန်နယ် လိုဂိုပါသည့် ယာဉ်တပ်ကြီးက ဆိုက်ရောက်လာသည်။
“မင်းတို့ ပြန်သွားပြီ မဟုတ်လား။ ဘာလို့ ပြန်ရောက်လာတာလဲ။ ဒီထက်ပိုပြီး ရိုက်ဖို့ လိုသေးလို့လား”
ချင်တလန်က ပြတင်းပေါက်မှန်ကို ချလာသည့် ဓာတ်ပုံဆရာကို ကြည့်ရင်း ပြုံးလျက် မေးလိုက်သည်။
“မဟုတ်ဘူး ငါတို့က သိပ်မကြာခင် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနဲ့ အင်တာဗျူးမလို့လေ။ အဲ့ဒီမှာ လူတွေ အရမ်းများနေလို့။ သူဌေးချင်နားမှာ ကားကို ရပ်ခဲ့လိုက်မယ်နော်”
ဓာတ်ပုံဆရာဖူက နဖူးမှ ချွေးများကို သုတ်ပြီး ကားပေါ်မှ လျင်မြန်စွာ ခုန်ချသွားသည်။ သူက အသစ်စက်စက် ယူလာသည့် ကင်မရာကို ယူလာသည့် ကင်မရာကို သယ်ကာ လမ်းတစ်ဖက်ခြမ်းသို့ ကူးသွားသည်။
“ဘာတွေဖြစ်နေတာလဲ”
ချင်တလန်ကလည်း လူအုပ်ထဲသို့ အသဲအသန် တိုးဝင်သွားသည့် ဓာတ်ပုံဆရာများကို ကြည့်နေရင်း အံကိုကြိတ်ကာ လိုက်သွားသည်။
“ဟွန့် အဲ့ဒီအကောင် ဘာများလုပ်နေလဲလို့ ငါသွားကြည့်မယ်”
“ဘာလဲ ဒီစက်ရုပ်တိရိစ္ဆာန်တွေကို အများရှေ့မှာ ထုတ်ရောင်းတော့မလို့လား”
သံသယအပြည့်နှင့် ချင်တလန်က လူအုပ်ကို ကျော်ဖြတ်သွားပြီး တံခါးဝရှိရာသို့ တိုးဝှေ့သွားသည်။
“အား ဟား ဟား ဟား “
“ငါ့ကို စိုက်ကြည့်နေတာ ချစ်စရာကောင်းလိုက်တာ”
“ဝေးဝေးနေ သူက လူကို ကိုက်တတ်လောက်တယ်”
သူက ဝင်မတိုးနိုင်သေးခင် အရှေ့မှ တအံတဩ အော်ဟစ်သံများကို ကြားလိုက်ရသည်။
ချင်တလန်က အကောင်းဆုံးကြိုးစားပြီးနောက် နောက်ဆုံးတွင် ရှေ့တန်းသို့ ရောက်သွားသည်။
ထိုအခါ ခြံစည်းရိုးလေးအဖြစ် ပိတ်ထားသော အခြားတစ်ဖက်တည်းရှိ မြေကွက်လပ် အဝိုင်းလေးကို တွေ့လိုက်ရသည်။ ထိုနေရာတွင် ထူထဲသော အဖြူအနက် အမွှေးများနှင့် တိရိစ္ဆာန်လေးတစ်ကောင်က မြေပြင်ပေါ်တွင် ထိုင်နေပြီး လူတိုင်းကို မျက်လုံးကြီးများဖြင့် ကြည့်နေကြောင်း မြင်ရသည်။
“ဒါက ဘယ်လိုတိရိစ္ဆာန်လဲ”
ချင်တလန်က ထိုတိရိစ္ဆာန်ကို ကြည့်ရင်း သက်ပြင်းချနေသည်။
“ဒီအမွှေးဖွားဖွားနဲ့ အကောင်လေးက ချစ်စရာကောင်းလိုက်တာ။ ဒါက မိန်းကလေးတွေနဲ့ ကလေးတွေအတွက် သေစေနိုင်တဲ့ လက်နက်ပဲ။ ဒီအကောင် ဘယ်နေရာက ဝယ်လာတာလဲ”
ချင်တလန်က ငြီးငြူရင်း ဘေးဘီကို တစ်ချက်ကြည့်သည်။ ထိုအခါ ဓာတ်ပုံရိုက်ရင်း မှတ်တမ်းယူနေသော ရွှယ်ဟောင်ယွီကို တွေ့လိုက်သဖြင့် သူ၏မျက်နှာက ပို၍ပင် ပျက်ယွင်းသွားသေးသည်။
“မဟုတ်သေးပါဘူး ဒီကောင်က လူတွေကို ဆက်ပြီး ဆောင်ဆွဲသွားမှာကို ခွင့်ပြုလို့ မရဘူး။ ဒီလိုမဟုတ်ဘူးဆိုရင် အနာဂတ်မှာ ငါက ဘယ်လိုစီးပွားရေး လုပ်ရတော့မှာလဲ”
“အိုး”
မြေပြင်ပေါ်ရှိ ကြီးမားသော ဝက်ဝံဖြူကြီး၏ အနောက်မှ ဆုပိုင်ကို ကြည့်သည်။ ထို့နောက် ခပ်တိုးတိုးအော်သည်။
“ငါလည်း မတတ်နိုင်ဘူးလေ။ ငါ့ရဲ့အရှေ့က လူတွေအများကြီးက ငါ့ရဲ့မျှစ်တွေကို လာခိုးဖို့ ကြိုစားနေကြတာ မဟုတ်လား”
သူက မြေပြင်ပေါ်မှ တဖြည်းဖြည်းချင်း ထပြီး ခြံစည်းရိုး ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။
လူတိုင်းကလည်း သူဟာ အစွယ်ကို ဖြဲပြရင်း တဖြည်းဖြည်းချင်း လှမ်းလာကြောင်း မြင်လိုက်သဖြင့် အနောက်ဆုတ်သွားကြသည်။
“ဟား ဟား”
ချင်တလန်က နှာခေါင်းရှုံ့သည်။
သူက အခွင့်အရေး ရလာပြီဖြစ်ကြောင်း တွေ့လိုက်၏။ သူကသာ အနည်းငယ်သော လှုံ့ဆော်မှုကို လုပ်နိုင်မည်ဆိုလျှင် ထိုတိရိစ္ဆာန်ကို ချက်ချင်းလဲကျသွားအောင် လုပ်နိုင်လောက်သည်။
သေချာပေါက် ပိတ်လို့ရတဲ့ ခလုတ်တော့ ရှိမှာပဲ။
ထိုသို့တွေးကြည့်ပြီးနောက် ချင်တလန်က နောက်မဆုတ်ပဲ ခြံစည်းရိုးနားတွင် ရပ်နေလိုက်သည်။
သူ၏အရှေ့မှ ထူးဆန်းသော တိရိစ္ဆာန်ကို ကြည့်နေရင်း သူက လက်ဆန့်ထုတ်ကာ ခေါင်းကိုထိသည်။
နူးညံ့နေတာပဲ။
လက်ရာကတော့ တော်တော်မြောက်တယ်။ အသားတွေကိုတောင် စမ်းမိသလိုပဲ။ နောက်ပြီး သူ အသစ်စက်စက် မိတ်ဆက်ထားတဲ့ နှင်းဝံပုလွေထက်တောင် နူးညံ့နေသေးတယ်။ နောက်ပြီး သူက နဖူးကို ပြန်ထိကြည့်သည်။
တပိုင်၏ ရင်ဘတ်နားသို့ ရောက်သောအခါ ချင်တလန်က ခပ်ပြင်းပြင်း ဖိလိုက်သည်။
ဆုပိုင်ကလည်း နောက်ထပ် ချေးငွေယူထားတာပဲ ဖြစ်ရမယ်။ အဲ့ဒီလိုမှ မဟုတ်ရင် ဒီလောက် အစစ်အမှန်ဆန်လွန်းတဲ့ တိရိစ္ဆာန်ကို ဘယ်လိုများ ဝယ်နိုင်မှာလဲ။
ဘယ်လိုဖြစ်နိုင်မှာလဲ။
“ဘာဖြစ်တာလဲ”
တပိုင်က ခေါင်းကို ငုံ့လိုက်ရင်း သူ၏ရင်ဘတ်ကို ဆက်တိုက်ဖိထားသည့် လက်ကြီးကို ကြည့်သည်။ သူက လက်သည်းကို ဆန့်ထုတ်လိုက်ရင်း ရှေ့မှ ခြံစည်းရိုး အဟကြားမှတဆင့် အပြင်ဘက်သို့ ထိုးထုတ်လိုက်သည်။
ရင်းနှီးကျွမ်းဝင်တဲ့ နေရာပဲ။
တစ်ခုတည်းသော ခြားနားသော အရာကမူ အရှေ့မှလူက အနက်ရောင်ခါးပတ်ကို မပတ်ထားချေ။
ဒါဆိုရင် ပိုအဆင်ပြေတာပေါ့။
“ဟမ့် အစစ်အမှန်လို့ ထင်ရပေမယ့် စက်ရုပ်တိရိစ္ဆာန်က စက်ရုပ်တိရိစ္ဆာန်ပါပဲ။ ဆုပိုင်ရဲ့ အင်အားနဲ့ဆို သူက ဒီတစ်ရုပ်ပဲ ဝယ်နိုင်မှာ။ ငါ့ရဲ့နောက်ထပ် စက်ရုပ်တိရိစ္ဆာန်တွေ ထပ်ရောက်လာမယ်ဆိုရင် သူ့ဆီကို လူထပ်ရောက်လာမှာ မဟုတ်တော့ဘူး”
ချင်တလန်က စိတ်ထဲတွင် ထိုသို့တွေးနေသည်။ ထိုသို့ဖြင့် လက်ဖြင့် ခပ်ကြမ်းကြမ်းဖိလိုက်သည်။
“အိုး”
တပိုင်က တစ်စုံတစ်ယောက်ဟာ သူ၏ရင်ဘတ်ကို ခပ်ကြမ်းကြမ်း ဖိကိုင်နေကြောင်း ခံစားနေရချိန်တွင် ငြီးငြူလိုက်သည်။ သူက သူ၏အစွယ်ကို ဖြဲကာ မာန်ဖီလိုက်ရင်း အရှေ့မှလူကို ခပ်ကြမ်းကြမ်း စိုက်ကြည့်သည်။
ကောင်းပြီလေ။
သူ့ရဲ့သားကောင်က သူချစ်ရတဲ့ မျှစ်တွေကို လိုချင်ရုံတင်မကပဲ သူ့ရဲ့အသားကိုတောင် ဖိညစ်ချင်နေတာပဲ။
သူက ဒါကို ဘယ်လိုများ သည်းခံရမှာလဲ။
ထိုသို့ဖြင့် လျှပ်စီးများ ဖြတ်ပြေးသွားသလို မည်သူမှ မတုန့်ပြန်နိုင်သေးခင် အချိန်တွင် ခြံစည်းရိုးအတွင်းမှ ပန်ဒါကြီးဟု ခေါ်သော ထိုတိရိစ္ဆာန်က ထက်ရှသော လက်သည်းကို ဆန့်ထုတ်ကာ ကုပ်ဆွဲလိုက်ကြောင်း တွေ့လိုက်ရသည်။
ထိုသို့ဖြင့် ကြမ်းရှသော အသံက ထွက်လာသည်။ ထို့နောက် ထိုအကောင်ကြီး၏ခေါင်းပေါ်တွင် အလံတစ်ခုလိုမျိုး အဝတ်အပိုင်းအစကြီးကို အုပ်လျက် ခပ်မြန်မြန် ထွက်ပြေးသွားကြောင်း တွေ့လိုက်ရသည်။
“ဟား ဟား ဟား”
“လန်းလိုက်တာ သူက ဘောင်းဘီတောင် ဆွဲချွတ်နိုင်တယ်”
“သူက ဘောင်းဘီကိုတောင် ဆွဲချွတ်နိုင်တယ်။ ဒီလိုပုံစံက စက်ရုပ်တိရိစ္ဆာန်နဲ့ကို မတူဘူး။ စက်ရုပ်တိရိစ္ဆာန်တွေက ဒီလောက်ထိ ဉာဏ်ရည်မြင့်သွားတာလဲ”
“ဟေး ငါတွေးတောင် မတွေးရဲတော့ဘူး။ ဒီအကောင်ကို မိသားစုထဲကိုသာ ထားလိုက်ရင်တော့ … တွေးတောင် မတွေးရဲတော့ဘူး။ ကြောက်စရာကောင်းတယ်”
ထိုသို့ဖြင့် အော်ရယ်သံများက ထွက်လာသည်။ သို့ရာတွင် ပါဝင်ပက်သက်သည့် ချင်တလန်ကမူ စိတ်ရှုပ်ထွေးနေသည်။ သူ၏အရှေ့မှ တိရိစ္ဆာန်က စက်ရုပ်တိရိစ္ဆာန် မဟုတ်ပါချေ။
သူကလည်း တိရိစ္ဆာန်ရုံကို ကိုင်တွယ်အုပ်ချုပ်ခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးရှိ အသစ်ထွက်လာခါစ တိရိစ္ဆာန်တိုင်းကို သိသည်။ ထို့ကြောင့် နောက်ဆုံးပေါ်သတင်းကိုလည်း နားလည်ထားပြီးသား ဖြစ်သည်။ ထိုမျှအဆင့်မြင့်သည့် ဉာဏ်ရည်မြင့် စက်ရုပ်တိရိစ္ဆာန်မျိုးကို မတွေ့ဖူးသေးချေ။ ဒါဆိုရင်…
“ဟစ်”
“အဲ့တာက အမှန်များ ဖြစ်နေမလား”
ချင်တလန်က ဘာကိုမှ ဂရုမစိုက်တော့ပဲ အောက်ခံဘောင်းဘီ တစ်ထည်တည်းနှင့် သူ၏တိရိစ္ဆာန်ရုံ ရှိရာဘက်သို့ အပြေးထွက်လိုက်သည်။
ကိစ္စကြီးတစ်ခုတော့ ဖြစ်လာပြီ။ တိရိစ္ဆာန်တွေ အားလုံး အသက်ပြန်ရှင်လာကြပြီ။
++++++
အပိုင်း (၈)
“ဟင် မင်းက လေးလိုက်တာ။ ဝိတ်ချဖို့ လိုနေပြီမဟုတ်လား”
ဆုပိုင်က မြေပြင်ပေါ်တွင် လှဲနေသော တပိုင်ကို ကောက်ဖက်လိုက်သည်။ တပိုင်က ခွေးသေတစ်ကောင်ကဲ့သို့ ထင်ရသည်။ ကြီးမားသော အလေးချိန်ရှိသည့် တပိုင်ကြီးကို တရွတ်တိုက်ဆွဲပြီး ပန်ဒါဥယာဉ်ထဲသို့ ခေါ်သွားသည်။ စိတ်ထဲတွင်လည်း သင်ခန်းစာ ပေးရမည်ဟု တွေးနေသည်။
ဒီကောင်ကို ကြည့်ပါဦး...
“ဟေး ဟား ဟား မင်းက သနားစရာကောင်းချင်ယောင် ဆောင်နေပေါ့လေ”
“အို့”
တပိုင်က အစွယ်ကိုဖြဲပြီး တင်းမာသော မျက်နှာကို ပြုသည်။ ထို့နောက် လက်သည်းကို ဆန့်ထုတ်လိုက်ကာ ဆုပိုင်၏ခါးကို ကိုင်သည်။
“မဟုတ်ဘူး မင်းကသာ ဦးလေးပါ၊ မင်းကသာ ဘုရင်ပါ၊ မင်းကသာ သခင်ပါ ငါက မင်းပင်ပန်းနေမှန်း သိလို့ တမင်တကာကို သယ်ပွေ့လာပေးတာပါ”
ဆုပိုင်၏မျက်နှာက ပြောင်းလဲသွားပြီး ခပ်တိုးတိုးပြောရသည်။
“ဟွန့် ဟွန့်”
တပိုင်က နှာခေါင်းရှုံ့သည်။ ထိုနောက် ဆုပိုင်၏ခေါင်းပေါ် ပြန်မှီလိုက်၏။
ကောင်စုတ်လေး ငါ မင်းကို မနိုင်ပါဘူး။
“ဟွန့်”
ထိုအကောင်ကို ပြန်သယ်သွားပြီးနောက် ဆုပိုင်က မြက်ခင်းပြင်ပေါ်တွင် လှဲချလိုက်ရသည်။ ထို့နောက် တပိုင်၏ဗိုက်ကို မှီနေရင်း ခေါင်းအထက်ရှိ ကြယ်ကောင်းကင်ကို မော့ကြည့်နေလိုက်သည်။
“အနာဂတ်မှာ တိရစ္ဆာန်တွေ ပိုများလာလိမ့်မယ်။ စနစ်မှာလည်း ဆက်သွယ်လို့ရတဲ့ ဖန်ရှင်းတစ်ခု ရှိရင် ပိုကောင်းမှာပဲ”
ဆုပိုင်က ငြီးငြူရင်း မျက်မှောင်ကျုံ့လေသည်။ သိသာစွာပင် တပိုင်က သူပေးသည့် ရိုးရှင်းသည့် ခံစားချက်များကို နားလည်သည်။ သို့ရာတွင် ထိုကောင်လုပ်သော အော်သံကိုသာ ခန့်မှန်းနိုင်ခြင်း ဖြစ်သည်။ သူဟာ အပြည့်အဝ နားမလည်နိုင်ပါချေ။ ဒီပန်ဒါက တော်တော်လေးကို ဉာဏ်ရည်မြင့်တယ်။ နောက်ပြီး အနာဂတ်မှာ ကျားတွေ၊ ခြေင်္သ့တွေ ရောက်လာတဲ့အခါ ဒီကောင်တွေကို မဆက်သွယ်နိုင်ရင် ဘယ်လိုများ ဆက်သွယ်ရမှာလဲ။
“တင် host တိရိစ္ဆာန်ဘာသာစကား ဖန်ရှင်က ကျပန်းပေါ်ထွက်လာပြီ။ စိုးရိမ်စရာ မရှိတော့ပါဘူး”
“ဒီလို ဖန်ရှင်း ရှိသေးတာလား”
စနစ်မှ စက်ရုပ်သံက ရုတ်တရက် ပေါ်ထွက်လာရုံနှင့်တင် ဆုပိုင်က သက်ပြင်းရှည်ကြီးကို ချလိုက်နိုင်သည်။ အဆုံးတွင် သူက စိတ်အေးသွားလေပြီ။ ထိုကဲ့သို့သော ဖန်ရှင်ရှိလျှင် ပို၍ကောင်းလေသည်။ ထိုသို့ဖြင့် ဆက်သွယ်ရန် မခက်ခဲနိုင်တော့ချေ။
“ဟေး မင်း အိပ်ပျော်သွားတာလား”
ဟေး
တပိုင်က အိပ်ချင်စိတ်အပြည့်နှင့် အော်ဟစ်သည်။ သူ၏လက်ဖဝါးလေးကို ထုတ်ပြီး သူဗိုက်ပေါ်မှီချထားသည့် ကြီးမားသည့် ရှည်ရှည်မျောမျော အကောင်ကို တွန်းသည်။ ထို့နောက် တစ်ဖက်သို့စောင်းကာ အိပ်လိုက်၏။
ဟောက်သံကို နားထောင်နေသည့် ဆုပိုင်က ပြုံးလိုက်ပြီး တပိုင်၏နဖူးလေးကို အသာပွတ်သည်။ ထို့နောက် မတ်တပ်ထရပ်လိုက်ကာ ပန်ဒါဥယာဉ်ထဲမှ ထွက်သွားလိုက်သည်။
ဒီနေ့ သူက တပိုင်ကို အပြင်ခေါ်ထုတ်ပြီး တံခါးဝမှာ ခဏပြထားခဲ့တယ်။ ဒီတော့ လူတွေက သူ့ကို ဉာဏ်ရည်မြင့် စက်ရုပ် တိရိစ္ဆာန်လို့ သတ်မှတ်နေကြဦးမယ် ဆိုရင်တောင်မှ တော်တော်များများကတော့ သဘောကျသွားမှာပဲ။ ဒါပေမယ့် ဒီကောင်က အစစ်အမှန်သားရဲဆိုတာက လူတွေ သိနိုင်မလား သိချင်မိသည်။
သို့ရာတွင် ပန်ဒါကြီးများကလည်း လူအများ ထိတွေ့ပွတ်သပ်ရန် သင့်တော်ခြင်း မရှိပါချေ။ သို့မဟုတ်လျှင် ဒီနေ့၏ အံ့အားသင့်မှုအမှတ်က မော်လ်ကို ရီဖရက်ရှ် လုပ်ရန် လုံလောက်နေပေလိမ့်မည်။
“host systemရဲ့ တာဝန်က ပြီးမြောက်သွားပါပြီ။ ရွှေမြွေအပိုင်းအစ လိုချင်ပါသလား”
ဆေးကြောသန့်ရှင်းပြီး အိပ်ယာပေါ်တွင် လှဲလိုက်သည့်အချိန်တွင် ရုတ်တရက် သူ၏စိတ်အတွင်း စက်ရုပ်သံက ပေါ်ထွက်လာသည်။
ဆုပိုင်က စနစ်၏ဇယားကို ဖွင့်ကာ ကြည့်လိုက်သည်။ သူက ပြောင်းလဲမှုများကို ကြည့်လိုက်သည်။
နတ်ဘုရားအဆင့် တိရိစ္ဆာန်ရုံစနစ်
Host: ဆုပိုင်
ခွန်အား : ၆(အရပ်ပုပြီး အားနည်းတယ်)
အမြန်နူန်း : ၇ (အပြေးကင်ဆာ နောက်ဆုံးအဆင့်)
စိတ်စွမ်းအား : ၁၃(စိတ်သဘောထား ရိုးရှင်း)
{လက်ရှိ တိရိစ္ဆာန်ရုံရဲ့ နယ်မြေက စတုရန်းမီတာ ၂၀၀၀ပဲ ရှိပါတယ်။ လက်ရှိတိရိစ္ဆာန် : ပန်ဒါ ၁ကောင်}
အံ့အားသင့်မှုအမှတ်: ၁၂၀၀
တိရိစ္ဆာန်အပိုင်းအစ: ရွှေမြွေ အပိုင်းအစ *၁(အသုံးပြု၍ရ)
နောက်ဆုံးတော့ တကယ်ပြီးမြောက်သွားတာပဲ။ သို့သော် ဆုပိုင်အနေနှင့် စနစ်က သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို မည်သို့တိုးတက်ပေးနိုင်ကြောင်း၊ မည်သည့်အတွက်ကြောင့် ထိုသို့ စာရင်းပြုစုထားကြောင်း နားမလည်နိုင်ချေ။
ဖြစ်နိုင်တာက ... အံ့အားသင့်မှုအမှတ်က သူ့ရဲ့ အားသာချက်တွေကို မြှင့်တင်ပေးနိုင်တာလား။ ထိုအကြောင်းအရာကို တွေးပြီးနောက် ဆုပိုင်က စနစ်၏ ထိန်းချုပ်ဇယားကို သုံးလျက် အမိန့်တစ်ခု ထပ်ပေးလိုက်သည်။
“တင် host တိရိစ္ဆာန်ကို ပြန်လည်ကယ်တင်ပြီးတဲ့နောက်မှာ ဒီအမှတ်တွေက တိရိစ္ဆာန် အမျိုးအစားအလိုက် မြှင့်တက်သွားမှာပါ။ ဒါကြောင့် ထပ်ဖြည့်တက်ဖို့ မလိုအပ်ပါဘူး။
“ဒီလိုကိုး ”
ဆုပိုင်က တဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။
ဒီနေ့ ရွယ်ဟောင်ယွီနှင့် အခြားသောသူများက အင်တာဗျူးအပြည့်နှင့် ပြန်သွားနိုင်ခဲ့သည်။ ထို့ကြောင့် မနက်ဖြန်ဆိုရင် ရောက်သောသူများက ပိုများနေလောက်သည်။ ထို့နောက် မနက်ဖြန်မှ စတင်ပြီး လက်မှတ်ရောင်းချ၍ ရလောက်သည်။
“တပိုင်တစ်ယောက်တည်းက နည်းနေတယ် မဟုတ်လား”
အိပ်ယာပေါ်တွင် လှဲနေသည့် ဆုပိုင်က ရွှေမြွေအပိုင်းအစကို ကြည့်နေပြီးနောက် ရင်နာလာသည်။ သူက ထိုအရာကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
“တင် hostက ရွှေမြွေအပိုင်းအစကို သုံးဖို့ ဆုံးဖြတ်လိုက်တာပါလား”
“host အနေနဲ့ ပထမဦးဆုံးအကြိမ် အသုံးပြုတဲ့အတွက်ကြောင့် စနစ်က အသေးစိပ် ရှင်းပြပေးပါမယ်”
“ရွှေမြွေမျိုးတုံးပျောက်ကွယ်သွားတဲ့ ကာလမတိုင်ခင်ကို ဒီအပိုင်းအစက ပို့ပေးနိုင်ပါတယ်။ စနစ်က တာဝန်အတန်းလိုက် ပြီးမြောက်အောင် လုပ်ပြီးကြောင်း အတည်ပြုနိုင်မှသာ ဒီသားရဲကို အစစ်အမှန်လောကကို ပြန်လည်ခေါ်ဆောင်လာနိုင်မှာပါ”
“တာဝန်က ကျရှုံးသွားခဲ့လျှင် အပိုင်းအစက ပျောက်ကွယ်သွားမှာပါ။ host ကလည်း နောက်ထပ်ဆယ်ရက်အတွင်း အပိုင်းအစတွေကို ထပ်သုံးလို့ မရနိုင်တော့ပါဘူး”
“သတိပေးချက်: တာဝန်အတောအတွင်းမှာ host အသက်အန္တရာယ် ရှိနိုင်ပါတယ်။ သေတဲ့အထိ ခြိမ်းခြောက်ခံရနိုင်ပါတယ်။
“သတိပေးချက်: တာဝန်လုပ်ဆောင်နေချိန် အတောအတွင်းမှာ hostရဲ့ အသက်အန္တရာယ်က ရှိနိုင်ပါတယ်။ သေတဲ့အထိ ခြိမ်းခြောက်ခံရနိုင်ပါတယ်။”
“သတိပေးချက်: တာဝန်လုပ်ဆောင်နေချိန် အတောအတွင်းမှာ hostရဲ့ အသက်အန္တရာယ်က ရှိနိုင်ပါတယ်။ သေတဲ့အထိ ခြိမ်းခြောက်ခံရနိုင်ပါတယ်။”
စနစ်၏ဇယားကွက်ပေါ်တွင် တဖျက်ဖျက် လက်နေသော သွေးနီရောင်စာတန်းရှည်ကြီးကို ကြည့်နေရင်း ဆုပိုင်က တုန့်ဆိုင်းလိုက်သည်။ မမျှော်လင့်ထားစွာပင် တိရိစ္ဆာန်များကို ပြန်လည်ကယ်တင်သည့် တာဝန်ကလည်း အန္တရာယ်များလေသည်။
ဒါက...
စနစ်က သူ့အတွက် ဘယ်လိုတာဝန်တွေ ပေးမလဲဆိုတာကို မသိနိုင်ဘူး။ သူ့ကို မြွေတိုက်ထဲကို ပစ်ထည့်လိုက်မှာလား။
ဟစ်
ဆုပိုင်က အသက်ပြင်းပြင်း ရှူလိုက်သည်။
“တင် host ရွှေမြွေအပိုင်းအစကို သုံးပြီး ရွှေမြွေကို ပြန်လည်ကယ်ဆယ်တဲ့ကိစ္စတွေကို စတင်မှာပါလား”
“ရေတွက်ချိန် ၃၀စက္ကန့်”
“ရေတွက်ချိန် ပြီးဆုံးသွားတဲ့အခါ အပိုင်းအစက ပျောက်ကွယ်သွားပါလိမ့်မယ်”
“သုံးဆယ်”
“နှစ်ဆယ့်ကိုး”
“နှစ်ဆယ့်ရှစ်”
“ဟင်”
ဆုပိုင်က အသက်ပြင်းပြင်း ရှူပြီး အိပ်ယာပေါ်မှ ထထိုင်သည်။ သူက အံကိုကြိတ်ရင်း စိတ်ထဲမှ ရေတွက်ချိန်ကို နားထောင်နေလိုက်သည်။
သူနှင့်စနစ်၏ တည်ရှိမှုကြောင့် သူဟာ တိရိစ္ဆာန်များကို ကယ်ဆယ်သည့် ကံပါလာခဲ့ပြီးသားဖြစ်သည်။ ဒီလောကတွင် အချိန်တော်တော်ကြာ နေထိုင်ခဲ့ပြီးနောက် သူဟာ ဒီအသိုင်းအဝိုင်း၏ တည်ရှိပုံကို ကျင့်သားရနေခဲ့ပြီးသား ဖြစ်သည်။ မည်သို့ပင်ဆိုစေ မည်သည့်အချိန်တွင်မဆို ငှက်အော်သံများကို မကြားရချေ။ သူနှင့်အတူ ကစားပေးမည့် ခွေးပေါက်လေးများလည်း မရှိချေ။ ကူးခတ်နေသော ရောင်စုံငါးများကိုလည်း မမြင်ရချေ။
“ဆုပိုင် ကြိုးစားထား”
ခပ်တိုးတိုး အားပေးသံနှင့်အတူ ဆုပိုင်က လေးနက်သွားသံနှင့် ပြောသည်။
“စတင်မယ်”
“တင် ရွှေမြွေအပိုင်းအစကို အသက်သွင်းပြီးပါပြီ”
“တာဝန်စတင်မည်”
“တင် ငါးမန်းတိုက်ရိုက် ထုတ်လွှင့်မှုအခန်းက အချိန်နှင့်တပြေးညီ အလိုအလျောက် ပွင့်သွားပါလိမ့်မယ်။ hostရဲ့ တိရိစ္ဆာန်ကို ကယ်တင်တဲ့ ဖြစ်ရပ်တိုင်းက တိရိစ္ဆာန်ကို ချစ်မြတ်နိုးတဲ့လူတွေအတွက် တိုက်ရိုက်ထုတ်လွှင့်ပေးနေမှာပါ။
“ hostက ရွှေမြွေသားရဲကို အရှင်လတ်လတ် ပြန်ခေါ်လာခဲ့ပေးပါ”
ဆုပိုင်ကလည်း သူ၏အမြင်က မဲမှောင်သွားကြောင်း သိလိုက်သည်။ ထို့နောက် ပေါ့ပါးသွားသော ခံစားချက်ကို ရလိုက်၏။
ဘန်း
မြေပြင်ပေါ်သို့ ခပ်ပြင်းပြင်း ပြုတ်ကျသွားပြီးနောက် ဆုပိုင်က မြေပြင်ပေါ် ထရပ်လိုက်သည်။ သူ၏အရှေ့တွင် သိပ်သည်းသော တောအုပ်ကြီး ဖြစ်နေသည်။ မြေပြင်တွင်လည်း သိပ်သည်းသော ရွက်ကြွေများက ထူထဲနေသည်။
“မိုးတောအုပ်လား”
ဆုပိုင်က ငြီးငြူသည်။ သူက ခေါင်းကိုငုံ့ပြီး စစ်ဆေးကြည့်လိုက်သည့်အခါ သူဟာ အိပ်ယာပေါ်တွင် လဲနေချိန်က ဝတ်ထားသော ဝတ်စုံအတိုင်းဖြစ်ပြီး မည်သည့်ပြောင်းလဲမှုမှ မရှိတာကို သိလိုက်သည်။
“သေစမ်း နမြောစရာပဲ”
“ဒီလိုမှန်းသိရင် ငါ ပစ္စည်းအချို့ ယူလာပါတယ်”
ဆုပိုင်က အံကြိတ်လိုက်ရင်း တောအတွင်းသို့ တဖြည်းဖြည်းချင်း လျှောက်ဝင်သွားခဲ့သည်။ သူက ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းကို ဂရုတစိုက် လှမ်းရ၏။
တာဝန်လုပ်ဆောင်နေချိန် အတောအတွင်း သေစေနိုင်သော ခြိမ်းခြောက်မှုက ရှိနေသည်။ သူ၏အရှေ့တွင်လည်း လူသားများ၏ ရှင်သန်ပုံကို မတွေ့ရသေးချေ။
တခြားစကားဖြင့်ဆိုရသော် ဒီတောတစ်တောလုံးတွင် မြွေသာရှိနေလိမ့်မည် မဟုတ်ချေ။ တခြားသော ကြောက်မက်ဖွယ်ကောင်းသည့် သားရဲများလည်း ရှိနေနိုင်သည်။
သူက ဒီနေရာသို့ လာပြီး တိရိစ္ဆာန်ကို ကယ်တင်ခြင်း ဖြစ်သည်။ သူ့ကိုသာ သားရဲတိရိစ္ဆာန်များက စားသွားခဲ့လျှင် သူရဲကောင်းဆန်တော့မည် မဟုတ်ချေ။
“ကလစ် ကလစ်”
“ကလစ် ကလစ်”
“ကလစ် ကလစ်”
ညိုးနွမ်းနေသော ရွက်ကြွေများပေါ် နင်းလျှောက်သွားသည့်အခါ ခြေလှမ်းသံများက ကြွပ်ရွသံကို ပေါ်ထွက်လာစေသည်။
“ဟိတ်”
ရုတ်တရက် သူ၏အရှေ့ရှိ နွယ်သစ်ပင်ကြီးပေါ်တွင် ရစ်ပတ်လျက် ရှိနေသည့် ရွှေရောင်သေင်္ကတများနှင့် ကြီးမားသော မြွေကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုအကောင်က သစ်ပင် ပင်စည်တောက်လျောက် မြေပြင်ပေါ်သို့ တွားသွားလျက် ဆင်းလာပြီး ရွက်ကြွေများအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
“ရွှေမြွေပဲ”
“နောက်ပြီး ခြောက်မီတာလောက်ရှိတဲ့ ထိပ်တန်းအဆင့်ရှိတဲ့ ရွှေမြွေကြီးပဲ”
“ကလု”
ဆုပိုင်က အသက်ပြင်းရှူသည်။ သူ၏လည်စလုတ်ကပင် လှုပ်ရှားသွားသေးသည်။ သူက ခြေတစ်လှမ်းချင်းစီ လှမ်း၍ ရွှေမြွေ ရှိရာဘက်သို့ ဦးတည်သွားနေသည်။
ထိုရွှေမြွေက ယဉ်ပါးသော သဘောထားရှိသည့်တိုင်အောင် မည်သို့ပင်ဆိုစေ ဒါက တောရိုင်းရွှေမြွေ ဖြစ်နေသေးသည်။ သူ၏စိတ်နေသဘောထားကို မသေချာသေးလေရာ သူက မရင်းနှီးရဲသေးလေချေ။
နောက်ပြီး ဒီလောက် ခြောက်မီတာလောက် ရှိနေသည့် ရွှေမြွေကြီးသာဆိုရင် ဆုပိုင်ကို တစ်ချက်ဆွဲဆန့်ပြီး သတ်လိုက်ဖို့ လုံလောက်နေတယ်။
++++++
အပိုင်း (၉)
ဟန်တုံးသည် ငါးမန်းတိုက်ရိုက် ထုတ်လွှင့်မှုချန်နယ်မှ နောက်တန်းတာဝန်ခံ ဖြစ်သည်။ သူ၏ ပုံမှန်လုပ်ရသည့် တာဝန်ကမူ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းများက စည်းမျဉ်းများကို ဖောက်ဖျက်ခြင်း ရှိမရှိ သို့မဟုတ် နာမည်ကျော်ကြားသော တင်ဆက်သူ အချို့၏ ဂီတများကို ကြည့်ရှုရင်း သူတို့ကို ပျိုးထောင်ကာ စာချုပ်ချုပ်ဆိုရန် ထိုက်တန်ခြင်း ရှိမရှိ စစ်ဆေးရန် ဖြစ်သည်။
“ဟူး ဟူး ဟူး ဟူး”
သူက ပါးစပ်ထဲသို့ နောက်ဆုံးသော အသင့်စားခေါက်ဆွဲ တစ်သုတ်ကို စုပ်ထည့်လိုက်သည်။ ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။
“ဟင် “
ပြန်ရောက်လာပြီးနောက် ရုတ်တရက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ရွှေမြွေအပိုင်းအစ တာဝန်ဆိုသော ဒေတာနှင့် အခန်းတစ်ခန်းကို ရှာတွေ့လိုက်သည်။ ထိုအခန်းက ပုံမှန်မဟုတ်ချေ။
“ရွှေမြွေဟုတ်လား”
“ဒီနေ့ခေတ် တင်ဆက်သူတွေက နိုင်ငံရေးတွေကိုသုံးပြီး ဘယ်လိုတိုင်းတိုင်းတာတာ လုပ်ရမလဲဆိုတာကို နားလည်နေတာပဲ”
“ဘုရင်ဆိုတဲ့ စကားလုံးကို တိုက်ရိုက် မသုံးနိုင်တော့ ရွှေမြွေဆိုတဲ့ စကားလုံးကို သုံးထားတာ မဟုတ်ဘူးလား။ ရွှေမြွေဆိုတာက ဘာလဲ”
စစ်ဆေးကြည့်ပြီးနောက် ထိုတိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်မှာ တစ်နာရီပင် မကြာသေးကြောင်း တွေ့လိုက်ရသည်။ သို့သော် ကြည့်ရှုသူ အရေအတွက်က နှစ်ထောင်ထိ ရောက်နေသည်။
သတိထားရမည်မှာ ဒါက ညအချိန်ဖြစ်သည်။ နောက်ကျသည်အထိနေသော အချို့သော ဂိမ်းတင်ဆက်သူအချို့နှင့် အလွန်နာမည်ကြီးသော လူများကလွဲပြီး သာမာန်လူသစ် တင်ဆက်သူများက ဆယ်ယောက်ကျော်ခန့်ကိုပင် ပိုင်ဆိုင်မည်ဆိုလျှင်ပင် အလွန်နာမည်ကြီးနေပြီဟု ဆို၍ရသည်။
နောက်ပြီး ဒါက ဇာတ်လမ်းတိုတွေကို ပြန်ဖွင့်ပြတာမျိုးလား။
ထိုတစ်ယောက်ကို ကြည့်ရှုပြီးနောက် ဟန်တုံး၏အမူအယာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက အလျင်စလို ကလစ်နှိပ်လိုက်သည်။
ရုပ်ရှင်တို ပြနေခြင်းသာဆိုလျှင် ကြည့်တဲ့သူများက ရှာဖွေတွေ့ရှိသွားသည့် အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက အဘန်းခံရပေလိမ့်မည်။ သူ၏လစာကလည်း ကုန်သွားပေလိမ့်မည်။
{ အား ကြောက်စရာကောင်းလိုက်တာ။ သတိထား host အဲ့ဒီရွှေမြွေကြီးက မြစ်ထဲကို ဆွဲချခံရတော့မှာ}
{ငါ အခုလေးတင် ချွေးစေးတွေ ပြန်လာတာ။ ပထမဦးဆုံးအကြိမ် ဒီလောက်အထိ အစစ်အမှန်ဆန်လွန်းတဲ့ တိရိစ္ဆာန်ရိုက်ကွက်မျိုးကို တွေ့ရတာပဲ}
{ဆိုရိုးစကားတောင် ရှိသေးတယ်။ ရွှေမြွေက ပိုက်ဆံအများကြီးတန်မှာ သေချာတယ်လေ။ ခန္ဓာကိုယ်ရဲ့ လျင်မြန်သွက်လက်မှုပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ကိုယ်ထဲက chipပဲဖြစ်ဖြစ် ထိပ်တန်းအဆင့် စက်ရုပ်သားရဲပဲ မဟုတ်လား}
{တင်ဆက်သူ ဘာလုပ်ဖို့ ကြံစည်နေလဲဆိုတာကိုပဲ သိချင်တာ။ ဘာလို့ တစ်ချိန်လုံး မြွေနောက်ကို လိုက်နေတာလဲ}
{တူညီတဲ့ မေးခွန်းပဲ။ ဒါပေမယ့် ဒီမြွေက ကြည့်ကောင်းလွန်းတယ်}
…
သူဝင်လာပြီးသည့် အချိန်တွင်ပင် ဖန်သားပြင်၏ ကွန့်မန့်ကဏ္ဍကို တစ်ချက်ကြည့်ရင်း သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
တရားမဝင်တဲ့ ရုပ်ရှင်တွေ ပြတာမဟုတ်ရင် ပြီးတာပါပဲ။
သို့သော်_ _ _
နောက်ပြီး ဒီလူတွေ ဘာပြောနေတာလဲ။ ဒါက ဘယ်လိုရွှေမြွေ အမျိုးအစားလဲ။ ဒီလို အမျိုးအစားမျိုးက တကယ်ရှိတာလား။
ဟန်တုံးအနေနှင့် အားလပ်ရက်တွင် လုပ်လေ့ရှိသည့် အနှစ်သက်ဆုံး အားကစားက ငါးဖမ်းခြင်း ဖြစ်သည်။
သို့ရာတွင် လက်ရှိငါးဖမ်းနေရာများက ဈေးကြီးရုံသာ မကသေးလေပဲ စိတ်chip ငါးဖမ်းခြင်းမျိုးကို အသုံးပြုကြသည်။ ထို့ကြောင့် သံလိုက်ပါသော ငါးမျှားတံတစ်ခုကို ယူပြီး ရေထဲတွင် ပစ်ချထားရသည်။ ကံထဲရှိ ငါများက တဖြည်းဖြည်းချင်းစီ အလိုအလျောက် ကူးခတ်လာပေလိမ့်မည်။ သို့ရာတွင် ငါးကိုဖမ်းမိသည် ဖြစ်စေ၊ မဖမ်းမိသည်ဖြစ်စေ ငါးဖမ်းတုတ်ကို လွှဲယမ်းနိုင်သည့် အရှိန်နူန်းပေါ် မှီခိုနိုင်ခြင်းလည်း မရှိပြန်ချေ။ မည်သို့ပင်ဆိုစေ အရာအားလုံးက အတုအယောင် ဖန်ဆင်းထားသည်ဆိုသေ ခံစားချက်မျိုး ရစေသည်။ ငါးတွေဟာလည်း အလွန်နည်းပြီး သံလိုက်ကိုသာ လာကပ်ကြသောကြောင့် မသက်မသာ ခံစားချက်ကိုလည်း ရသေးသည်။
“ပလုံ”
ရုတ်တရက် ဖန်သားပြင်အတွင်းရှိ မြစ်ကြီးတစ်စင်းထဲမှ ငွေဖြူရောင် ငါးတစ်ကောင်က ပေါ်ထွက်လာသည်။
“ဒါက တင် တင် တင်ဆက်သူက ဘယ်နေရာကို ရောက်နေတာလဲ။ ဘာလို့ ဒီလောက်ဉာဏ်ရည်မြင့်တဲ့ ငါးက ရှိနေတာလဲ။ နောက်ပြီး ရေထဲကတောင် ခုန်ထွက်လာသေးတယ်။ ဒါမှမဟုတ် အသက်ဝင်နေသလိုပဲ။ ကြေးခွံ့တွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်နေရတယ်”
ဟန်တုံးက မျက်လုံးပြူးသွားသည်။ သူက မျက်လုံးကို တစ်ဖန်ပြန်လည် ပွတ်သပ်ပြီး ဖွင့်ကြည့်သည်။ မျက်မှန်ကို သုတ်လိုက်သည်။ ထို့နောက် သူ၏ကြီးမားသော မျက်နှာကြီးက ကွန်ပျူတာ ဖန်သားပြင်နား ထွက်သွားသည်”
“အား”
ဖန်သားပြင်က ပြောင်းသွားသည်။ သူ၏အရှေ့တွင် နူးညံ့ချောမောသော မျက်နှာက ပေါ်လာ၏။ ထိုအခြေအနေက ဟန်တုံးကို ကြောင်အသွားစေသည်။
“ရွှေမြွေက အသားရောင် ပြောင်းလဲနိုင်တဲ့ သားရဲမျိုးပဲ။ တော်တော်လေးကို ရှားပါးတဲ့ မျိုးရိုးဗီဇ ပြောင်းလဲနိုင်တယ့် မျိုးစိတ်တွေထဲကလိုလဲ ဆိုလိုရသေးတယ်။ အရွယ်ရောက်ပြီးသား ရွှေမြွေတွေဆိုရင် ၇မီတာအထိ ကြီးပြင်းနိုင်တယ်။ ဒီအရှေ့က တစ်ကောင်ကတော့ ခြောက်မီတာကျော် ရှိတယ်။ သူက ရွှေမြွေတွေထဲမှာတောင်မှ အကောင်းဆုံးလို့ စဉ်းစားဆင်ခြင်လို့ရတယ်”
ဆုပိုင်က သူ၏အရှေ့တွင် ပေါ်လာသော ဖောက်ထွင်းမြင်ရမတတ် ကြည့်နေသည့် တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို ကြည့်ကာ ပြုံးရယ်ပြီး လူတိုင်းကို နူတ်ဆက်လိုက်သည်။
လတ်စသတ်တော့ စနစ်က ဒီလိုရည်ရွယ်ချက်ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို စီစဉ်ပေးထားတာပဲ။ ဒါပေမယ့် ဒါကလည်း အံ့အားသင့်မှုအမှတ်တွေ အများကြီး ရနိုင်တာပဲ။
ဒီအချိန်တို အတောအတွင်းတွင်ပဲ ဆုပိုင်က အံ့အားသင့်မှုအမှတ် တစ်ထောင်နီးပါး ရရှိသွားပြီ ဖြစ်သည်။
“သူ့ရဲ့အရွယ်အစားက ဒီလောက်ထိ ကြီးပေမယ့်လည်း သူက တော်တော်လေးကို ယဉ်ပါးတယ်”
“တိရစ္ဆာန်တွေ မျိုးတုံးပျောက်ကွယ်ခြင်း မရှိခင်ကဆိုရင် ဒီလိုမျိုးမြွေ အမျိုးအစားမျိုးကို လူအများစုက အိမ်မွေးတိရိစ္ဆာန်အဖြစ် ခေါ်မွေးကြတယ်”
ထိုစကားများ ထွက်လာပြီးသည့်အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူအများစုက အံ့အားသင့်သွားကြသည်။
{ပေါင်ထက်တောင် တုတ်ခိုင်သေးတဲ့ မြွေကြီးကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးတယ်ဟုတ်လား}
{နွား+ဝက်ဝံ ... ဂျီပီဂျီ _ _ ငါတော့ တအားကို မနာလို ဖြစ်နေပြီ။ ဒီလိုမြွေမျိုးကို မွေးပြီး ကျောင်းကိုခေါ်သွားရင် တအားနာမည်ကြီးမှာပဲ}
{အပေါ်ထပ်ကတစ်ယောက် မင်းသာ ကျောင်းကို ခေါ်ရဲတယ်ဆိုရင် ယုံချင်ယုံ မယုံချင်နေ ဆရာကတော့ မင်းတို့အိမ်ကိုလာပြီး ညစာ စားမှာပဲ}
{တင်ဆက်သူက ဘာလို့ ဒီလောက်ထိ သိနေတာလဲ။ နောက်ပြီး တင်ဆက်သူ ... ဒီစက်ရုပ်ရွှေမြွေက တိုက်ရိုက်ထုတ်လွှင့်ချိန် အတောအတွင်း ရောင်းချဖို့ ဆန္ဒရှိလား။ ဈေးက ကိစ္စမရှိဘူး။ အဓိကအကြောင်းအရာက နွေရာသီက တအားပူတယ်။ ဒီမြွေကြီးကို ညဘက် ဖက်အိပ်လိုက်ရရင် ဘယ်လောက်အေးနေလိုက်မလဲ}
{အပေါ်ထပ်က တစ်ယောက် ဖယ်တော့ ဖယ်တော့။ ငါ ငါ့ရဲ့စက်ရုပ်ခွေးကို တစ်ညလုံး ဖက်အိပ်တာ။ သူက လျှပ်စီးတွေ ယိုဖိတ်တတ်တယ်လေ မင်းသိလား။ ဆက်ပြောမနေနဲ့တော့။ ငါ သိပ်မကြာခင် ခွဲခန်းထဲကို ဝင်ရတော့မှာ}
...
ကွန့်မန့်များကို ကြည့်နေရင်း ဆုပိုင်က သဘောတကျ ပြုံးသည်။
သေချာစွာပင် တိရိစ္ဆာန်များက မျိုးတုံးပျောက်ကွယ်သွားသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည်။ ထိုလူများကလည်း တိရိစ္ဆာန်ပေါင်းများစွာက လူသားများနှင့် နေ့ရောညပါ အတူနေတတ်ခဲ့ကြောင်း မသိကြတော့ချေ။
ရွှေမြွေအမျိုးအစားမျိုးကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးခြင်းကို မဆိုထားဘိ ယခင်ခေတ်က သူဌေးကြီးများဆိုလျှင် အကောင်ပေါင်းများစွာကိုပင် မွေးမြူထားကြသည်။ သူတို့က ခြေင်္သ့၊ ကျားသစ်များကိုပင် မွေးမြူကာ အတူနေထိုင်ကြ၏။
မိချောင်းမွေးသော သူများပင် ရှိသေးသည်။
“ဟစ် ဟစ် ဟစ်”
ရုတ်တရက် မြွေကြီးက သိမ်မွေ့သော နေရာရှိ မြစ်ထဲမှ ကုန်းတက်လာသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ရစ်ခွေနေပြီး ခေါင်းကိုမော့ကာ အထိတ်တလန့် ဖြစ်နေပုံပေါ်သည်။
“ဘာဖြစ်တာလဲ”
ဆုပိုင်ကလည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ခပ်မြန်မြန် ကလစ်နှိပ်ကာ ပိတ်လိုက်ပြီး သစ်ပင်အနောက်သို့ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်ကာ ဘေးဘက်မှ ကြည့်လိုက်သည်။
ရွှေမြွေက ခြောက်မီတာတောင် ကျော်တာပဲ။ ဘယ်လို ရန်သူမျိုးကို တွေ့နေရလို့လဲ။ ဘာလို့ ဒီလောက်ထိ ကြောက်နေရတာလဲ။
သံသယအပြည့်နှင့် ဆုပိုင်က သတိအပြည့်ကပ်ကာ လှမ်းကြည့်လိုက်သည်။
“ကွက် ကွက် ကွက်”
ရုတ်တရက် မြစ်ထဲမှ ကြီးမားသော အရိပ်ကြီးက တဖြည်းဖြည်းချင်း မြှောက်တက်လာသည်။
ကိုယ်ထည်တစ်ခုလုံးတွင် မီးခိုးရောင်နှင့် အဖြူရောင် ရောယှက်နေသည့် အဖုအပိန့်ပေါင်းများစွာပါသော ကြီးမားသည့် ဖားပြုတ်ကြီး ဖြစ်သည်။ သူ၏ပါးကြီးက ဖောင်းထွက်နေသည်။ မျက်လုံးက ဝိုင်းပြီး အရှေ့မှ ရွှေမြွေကို စိုက်ကြည့်နေသည်။
“ဒီလောက်ကြီးတဲ့ ဖားလား”
ဆုပိုင်၏မျက်နှာ အမူအယာက ပြောင်းလဲသွားသည်။
ထိုအရာကြီးက ကွန်ပျူတာ deskတစ်ခုနီးပါး ကြီးသည်။ ဆုပိုင်ကလည်း မြွေများကို စားသော ဖားအမျိုးအစားများရှိကြောင်း သိသည့်တိုင်အောင် ထိုမျှကြီးပြီး ထိုမျှကြောက်စရာကောင်းသည့် ရွှေမြွေကိုပင် စားသည့် ဖားမျိုးကို မမြင်ဖူးပါချေ။
သူ့အရှေ့ရှိဖား၏ စိတ်အားထက်သန်မှုကို ကြည့်ရုံနှင့်တင် မြွေကို သူ၏သားကောင်အဖြစ် မှတ်ထားသည်မှာ သေချာသည်။
“ဟေး ဟေး”
ရွှေမြွေကလည်း သူ၏လျှာကို ထုတ်ရင်း ဖားကို တည်ငြိမ်စွာဖြင့် ကြည့်သည်။
ဝမ်းဗိုက်က ပိန်လိုက်ဖောင်းလိုက် ဆက်တိုက်ဖြစ်ပျက်နေသည်။ ရွှေမြွေ၏ ကြွက်သားများကလည်း ကျုံ့လာသည်။ သိသာစွာပင် သူကတိုက်ခိုက်ရန် အသင့်ပြင်ထားသည်။
“ဒါက စနစ်ရဲ့ စမ်းသပ်မှုလား။ ရွှေမြွေကို ဖားစာမဖြစ်အောင် ကယ်ရမှာလား”
ဆုပိုင်က ရှေ့မှ သူ၏ခန္ဓာကိုယ်ထက်ပင် ကြီးသော ဖားကြီးကိုကြည့်ပြီး ချွေးစေးများ ပျံလာသည်။ ချွေးများက သူ၏အဝတ်အတွင်း စိမ့်ဝင်သွားသည်။
ဘယ်လိုကယ်ရမှာလဲ။
ဒီဖားက သူ့ကိုတောင် တစ်ကိုက်တည်းနဲ့ မြိုနိုင်တယ်။ သူသာ သတိမထားမိရင် ...
“ဟစ်”
ဆုပိုင်က အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် ဖား၏ပါးစပ်ထဲမှ ခြေထောက်များထွက်လျက် တစ်ကိုယ်လုံး အမြိုခံရသည့် မြင်ကွင်းကိုပင် တွေးမိသွားသည်။
“ကွက် ကွက် ကွက်”
ရုတ်တရက် ကြီးမားသော ဖားကြီးက ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်ပြီး မီတာပေါင်များစွာ အမြင့်သို့ ရောက်ရှိသွားပြီးနောက် မြွေ၏အနောက်ဖက်တွင် ချက်ချင်းပြန်ပေါ်လာသည်။ ပါးစပ်ကြီးက ကျယ်လောင်စွာ ဖွင့်ထားသည်။
သူက မြွေ၏အမြှီးကို ပါးစပ်ထဲသို့ တစ်သုတ်ထဲ ဝါးမြိုလိုက်သည်။ သူ၏ပါးစပ်ထဲမှ အမဲရောင်အရည်များက ရွှေမြွေ၏ကိုယ်ပေါ်သို့ စီးကျလာသေး၏။
“ဟစ်”
ရွှေမြွေကြီးက စူးရှစွာ အော်ဟစ်သည်။ သူ၏ ထက်ရှသော အစွယ်များကို ထုတ်လျက် အောက်သို့ခပ်ကြမ်းကြမ်း ကိုက်ချသည်။
“ကွက် ကွက် ကွက်”
သို့ရာတွင် ထိုဖားက လျင်မြန်စွာ တုန့်ပြန်နိုင်သည်။ သူက မြွေ၏အမြှီးကို ကိုက်ဆွဲပြီးနောက် ခုန်ထွက်သွားသည်။ ထို့နောက် မြွေ၏ကိုယ်ထည်ကိုလည်း နေရာတွင်ပင် ခါယမ်းပစ်လိုက်သည်။
“ဆိုတော့ ဒီလိုကို”
မူးဝေသွားပုံရသော မြွေကြီးကိုကြည့်ရင်း ဆုပိုင်ကလည်း ထိုဖားဟာ မြွေအမဲလိုက်ရာတွင် ကျွမ်းကျင်သော လူတစ်ယောက်ဖြစ်နိုင်ကြောင်း သိလိုက်သည်။ မြွေ၏ကိုယ်ထည်ကို မည်သို့သုံးပြီး သူ့အား တုန့်ပြန်နိုင်စွမ်းအား လျော့ပါးသွားအောင် လုပ်သင့်ကြောင်း နားလည်နေပုံပေါ်သည်။
“ထပ်စောင့်လို့ မရတော့ဘူး”
ဆုပိုင်က အံကိုကြိတ်သည်။ သူက သစ်ပင်အနောက်ဘက်မှ တဖြည်းဖြည်းချင်း ထွက်လာ၏။
++++++