← Chapters

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အပိုင်း (၁၀)

“ကွက် ကွက် ကွက်”

မြေပြင်တွင် ရွှေမြွေကြီးက လဲနေသည်။ ဒေါင်လိုက်ပုံစံမျိုး ဖြစ်နေသည့် အညိုရောင်မျက်ဝန်း တစ်စုံနှင့်အတူ သစ်ပင်အနောက်ဘက်မှ ထွက်လာသည့် ပုံရိပ်တစ်ခုကို ကြည့်လိုက်သည်။

“ဟင်”

ဆုပိုင်က အသက်ပြင်းပြင်း ရှူပြီး သူ့ကိုယ်ထက်ပင်ကြီးသော ဖားကြီးအနောက်ဘက်သို့ ခြေဖျားထောက်ကာ သွားလိုက်သည်။ ထိုအချိန်တွင် ဖားကြီးက အောင်မြင်စွာ အမဲလိုက်နိုင်ခြင်းကြောင့် ပျော်မွေ့နေချိန် ဖြစ်သည်။ သူကလည်း သူ၏အနောက်ဘက်မှ သေးငယ်သော အမွှေးမပါသည့် တစ်စုံတစ်ယောက်က ရောက်လာကြောင်း မသိမထားမိချေ။ ထိုတစ်စုံတစ်ယောက်က မြေပြင်ပေါ်ရှိ သစ်ကိုင်းကို ကောက်ကိုင်လိုက်သည်။

ဘန်း ဘန်း ဘန်း

ဆုပိုင်က မြေပြင်ပေါ်မှ သစ်သားကို ကောက်ယူပြီးနောက် ခေါင်းသို့ကျော်အောင် မြှောက်ချလိုက်သည်။

အရှေ့မှဖားကြီးက သက်ရှိဖြစ်သော်လည်း တာဝန်အရ ရွှေမြွေကို ကယ်ရမည် ဖြစ်သည်။

ထိုဖား၏ ပုံပန်းသွင်ပြင်ကို အကဲဖြတ်ရုံနှင့်တင် ဆုပိုင်ကို တွေ့သွားသည်နှင့် သူ၏အခြေအနေက မြွေထက်အခြေအနေ ဆိုးသွားမည်ကို စိုးရိမ်ရသည်။ ထို့နောက် ဆက်တိုက် ထုရိုက်သံများက ထွက်ပေါ်လာသည်။

“ခရက်”

ကြီးမားသော ဖားပြုတ်ကြီးက ရွှေမြွေကို တဖြည်းဖြည်းချင်း ဝါးမြိုနေရာမှ စူးရှစွာ အော်ဟစ်လိုက်သည်။ သူက မြိုထားပြီးသား အမြှီးနားကို ပြန်အန်ထုတ်လိုက်သည်။ ထို့နောက်‌ နေရာမှ ခုန်ထွက်လိုက်ပြီး ဆုပိုင်၏တိုက်ကွက်ဝန်းကျင် အပြင်ဘက်သို့ ခုန်ရှောင်လိုက်သည်။

“ခူး ခူး ခူး”

သူ၏ပါးကြီးက မြင့်မားစွာ ဖောင်းတက်လာသည်။ သူ၏မျက်လုံးကလည်း စားပွဲတင် တင်းနစ်ဘောလုံး အရွယ်အစားထိ ပြူးထွက်သွားပြီး ဆက်တိုက် လှုပ်ခါလာသည်။ ထိုသို့ဖြင့် ထိုဖားကြီးထံမှတစ်ဆင့် အဖြူရောင်အငွေ့များက ထွက်ပေါ်လာသည်။ ထိုဖားကြီးက အဖြူရောင် အငွေ့တန်းနှစ်တန်းကို မှုတ်ထုတ်လိုက်ခြင်း ဖြစ်သည်။ သူက အလွန့်အလွန် ဒေါသထွက်နေသည်မှာ သေချာသည်။

“အနားကို မလာနဲ့ အနားကို မလာနဲ့”

ဘန်း

ဆုပိုင်က လက်ထဲမှ သစ်သားတုတ်ကို မြှောက်ပြီးရိုက်ချမည့် ပုံသဏ္ဌာန်မျိုး လုပ်သည်။ ထို့နောက် သတိမေ့နေပုံရသော ရွှေမြွေကို ကြည့်လိုက်သည်။

ငါတို့ ဒီကောင်နဲ့ ဒီအတိုင်း တိုက်ခိုက်နေလို့ မဖြစ်တော့ဘူးပဲ။ သူက တိုက်ခိုက်လိုက်တာနဲ့ ငါက ခံနိုင်တော့မှာ မဟုတ်ဘူး။

ဝှစ်

ရုတ်တရက် ထိုဖားကြီး၏ပါးစပ်က ပွင့်ထွက်သွားပြီး ရှည်လျားလွန်းသော လျှာကြီးက လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နူန်းဖြင့် ပေါ်ထွက်လာသည်။

အချိန်မှီ မတုန့်ပြန်နိုင်သော ဆုပိုင်က လက်ထဲမှ တုတ်ကိုသာ

အလျင်စလို ‌မြှောက်လိုက်ရသည်။

သူက ခြေတစ်လှမ်းကိုလည်း အလျင်စလိုလည်း ဆုတ်ရသေးသည်။

ခရက်

သို့ရာတွင် မြေပြင်ပေါ်ရှိ ညိုးနွမ်းနေသော မြက်များကမူ ကြွပ်ရွသောအသံကို ထုတ်လွှတ်သည်။ ထိုဖားကြီး၏ ကိုယ်ရှိ ရှည်လျားသော ကြွက်သားများက ခြေထောက်မှ တဆတ်ဆတ် တုန်ခါသွားရင်း သူ့ထံခုန်အုပ်ရန် ပြင်ဆင်နေလိုက်သည်။ ဆုပိုင်က ခုန်ထွက်လိုက်သည့် တစ်ခဏတွင် သူ၏စိတ်က ဗလာဖြစ်သွားသည်။

သူ၏ခန္ဓာကိုယ်က အလိုလျောက် အောက်သို့ ဆောင့်ကြောင့်ထိုင်လိုက်ပြီး တစ်ပတ်လှိမ့်လိုက်သည်။

ဘန်း

မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်လည် ပြုတ်ကျပြီးနောက် မြေပြင်ပေါ်ရှိ ရွှေမြွေ၏ ခန္ဓာကိုယ်ကြီးကို ကောက်ပွေ့လိုက်ကာ ပုခုံးမှတစ်ဆင့် ရစ်ပတ်ကာ သယ်ဆောင်ရင်း နောက်သို့လှည့်မကြည့်ပဲ ပြေးသည်။

စနစ်၏ တာဝန်အရ ရွှေမြွေကို ကယ်ရန်ဖြစ်သည်။ ထို့ကြောင့် သူက ဖားနှင့်တိုက်ခိုက်ရန် မဖြစ်နိုင်လေရာ ထွက်ပြေးရန်သာ လုံလောက်လေသည်။

ထို့အပြင် ဆုပိုင်ကလည်း ထိုဖားကို မနိုင်ပါချေ။

“ဟွင်း ဟွင်း ဟွင်း”

“ညီအစ်ကို ကျေးဇူးပြုပြီး ထပါတော့”

ဆုပိုင်က တောအတွင်းမှ လျင်မြန်ဖြတ်လတ်သော မျောက်တစ်ကောင်ကဲ့သို့ ထိုရွှေမြွေ၏ ကိုယ်ထည်ကို သူ၏ခန္ဓာကိုယ်တွင် ရစ်ပတ်ရင်း ခုန်ပျံကျော်လွှားကာ ထွက်ပြေးနေရသည်။

ခရက်

နောက်မှ ကြီးမားသော ဖားပြုတ်ကြီးကလည်း ဆက်တိုက်လိုက်လာသည်။ သူ၏မျက်လုံးကြီးကလည်း မီးတောက်မတတ် ဖြစ်နေသည်။ သူက နောက်ဆုံးတွင် မြွေကို မြိုနိုင်တော့မည့်အချိန်မှ ဘယ်ကမှန်းမသိ လူတစ်ယောက် ထွက်လာပြီး သူ၏သားကောင်ကို တိုက်ခိုက်ရဲသည်။

သို့ရာတွင် အရှေ့မှ ဝဖြိုးသော ခန္ဓာကိုယ်ကို ကြည့်လိုက်မိသော အချိန်တွင် …

ထိုဖားက လျှာနှစ်ချက် သပ်သည်။ တံတွေးမြိုချပြီးနောက် ထိုအရာကို စားချင်လိုစိတ် ဖြစ်လာလေသည်။

“မလိုက်တော့ဘူး မဟုတ်လား”

ဆုပိုင်က နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ် တစ်ခုလုံးက အမွှေးများ ထောင်တက်သွားသည်။ ထိုဖား၏ ကြီးမားလုံးဝန်းသော မျက်လုံးကြီးများက သူ၏ကိုယ်ပေါ်ရှိ မြွေကိုမဟုတ်ပဲ သူ့ကို ကြည့်လာသည်။

သူ့ကို စားချင်တာလား သေစမ်း

ကလု

ဆုပိုင်က တံတွေးမြိုချလိုက်သည်။ သူက အမောတကော အသက်ရှူပြီး ဘေးဘီကို ကြည့်ရ၏။ သူ၏ဦးနှောက်ကလည်း စတင်ကာ ရူးသွပ်စွာ လိုက်လုပ်လာသည်။

ဖားက ဘာကို ကြောက်တတ်လဲ။

ဖားက မြွေကို ကြောက်ရမှာ မဟုတ်ဘူးလား။ ပြဿနာက ဒီအကောင်က ကြီးလွန်းနေတာပဲ။ သစ်ပင်ပေါ် ခုန်တက်ရမယ်။

မဟုတ်သေးဘူး။ ဒီဖားကလည်း အံ့ဩဖွယ်ကောင်းတဲ့ ခုန်နိုင်စွမ်းရှိတယ်။ သူက တစ်ချက်ခုန်လိုက်ရုံနဲ့ အပင်ပေါ် ရောက်လာမှာပဲ။

“ဟင်”

တစ်ချက်လှည့်ကြည့်ပြီးနောက် ဆုပိုင်က ဘေးသို့ကွေ့လိုက်ကာ ဘယ်ဘက်ခြမ်းသို့ ပြေးသည်။ တိုက်ဆိုင်စွာပင် ထိုနေရာတွင် ‌ချောက်ကမ်းပါး တစ်ခုရှိနေသည်။ ထို့နောက် …

ပုံစံအရ ချောက်ကမ်းပါးမှာလည်း လက်မောင်းလောက် တုတ်ခိုင်တဲ့ နွယ်ပင်ကြီးတွေ တွဲလောင်း ကျနေတယ်။

ဒါက စနစ်က သူ့အတွက် ပြင်ဆင်ပေးထားတာ များလား။

“ကွက် ကွက် ကွက်”

အနောက်မှာ အော်သံကလည်း ပို၍ပင် အလျင်လိုလာသည်။ ထိုဖားကြီး ခုန်လိုက်သည့် အချိန်တိုင်းလိုလို တုန်ခါနေသည့် မြေပြင်ကို ခံစားကြည့်ရုံနှင့်တင် ထိုဖားက ခပ်မြန်မြန် လိုက်လာကြောင်း‌ သိနိုင်လေသည်။

“မတတ်နိုင်တော့ဘူး”

ခပ်တိုးတိုး အော်သံနှင့် ဆုပိုင်၏မျက်နှာက နီရဲသွားသည်။ ထို့နောက် သူက ထိုမြွေကို သူ၏ခါးတွင် ထပ်ခါတလဲလဲ ရစ်ပတ်လိုက်သည်။ ထို့နောက် ကြီးမားသောမြွေခေါင်းကို လည်ပင်းနားတွင် ကပ်တင်လိုက်သည်။

“အောင်မြင်တာ၊ မအောင်မြင်တာကတော့ အခြေအနေပေါ် မူတည်တော့မှာပဲ”

သူက လက်နှစ်ဖက်လုံးဖြင့် နွယ်ပင်ကို ဆုပ်ကိုင်လိုက်ပြီး ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်သည်။

“အား”

စူးရှသော အော်သံနှင့်အတူ ဆုပိုင်က ချောက်ကမ်းပါးဘက်ခြမ်းသို့ လွှဲလိုက်သည်။

ဆုပိုင်က သစ်ပင်အနောက်ဘက်မှ ခုန်ထွက်လာသည့် တစ်ခဏတွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက တိတ်ဆိတ်နေပြီးသား ဖြစ်သည်။ သူတို့ကလည်း ဆုပိုင်ကလည်း မြွေ၏ခန္ဓာကိုယ်ကို ခါးတွင် ရစ်ပတ်လျက် ဆက်တိုက်ပြေးလာကြောင်း မြင်သောအခါ အားလုံးကလည်း ကြောက်လန့်လွန်းသဖြင့် သူ၏နှလုံးသားက လည်ပင်းမှ ပြုတ်ထွက်လာတော့မည်ဟုပင် ခံစားနေရသည်။

{ဘုရားရေ ငါ ကြည့်နေရင်းနဲ့ သေးထွက်တော့မှာပဲ}

{ဒါက ဘယ်လိုသောက်ကျိုးနည်း တိုက်ရိုက်ထုတ်လွှင့်မှုလဲ။ ခြောက်ခြားစရာ ကောင်းလွန်းတယ်။ ဒီဖားကြီးကို ဘယ်လိုဒီဇိုင်းဆွဲထားတာလဲ။ ကြည့်ရုံနှင့်တူ ငါသေချင်လာပြီ}

{အား ဒီတင်ဆက်သူက ဘာတွေဖြစ်နေတာလဲ။ အရှေ့မှာ ချောက်ကမ်းပါး}

{ဘုရားရေ ချောက်ကမ်းပါးပေါ် လက်ဗလာနဲ့ ကျော်သွားတော့မယ် ဟုတ်လား}

{မဟုတ်သေးပါဘူး ငါ့ကို အသက်ရှူဖို့ အခွင့်အရေးလေး ပေးပါဦး။ ဒါကို ရပ်ထားလို့ ရမလား။ ငါ့ရဲ့ နှလုံးကယ်ဆေးက ဘယ်ရောက်သွားတာလဲ။ ငါ့ရဲ့ သွေးဖိအားတွေတောင်မှ မြင့်လာပြီ}

{တင်ဆက်သူရယ် ပြေးမှရမယ်နော် ပြေးမှရမယ် ကြိုးစားထား]

{ဒီတိုက်ရိုက်ထုတ်လွှင့်မှုက တစ်ခုခု မှားနေတယ်လို့ ဘယ်သူကမှ သတိမထားမိကြဘူးလား။ နောက်ပြီး ဘယ်အချိန်က ဉာဏ်ရည်မြင့် သားရဲတွေက ဒီလောက်ထိ အသိဉာဏ်ရှိသွားတာလဲ။ ဒီဖားက ဘယ်လိုပဲကြည့်ကြည့် အစစ်အမှန်လိုပဲ}

…

ဆုပိုင်၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။ သူက အောင်မြင်စွာဖြင့် တစ်ခြားတစ်ဖက်ခြမ်း မြေပေါ်သို့ ခြေချနိုင်ရပေမည်။ သို့မဟုတ်လျှင် ရှုံးနိမ့်မှု အကျိုးဆက်ပင် မဆိုထားဘိ ဒီချောက်က မည်မျှထိနက်ကြောင်းပင် မသိနိုင်ချေ။ ပြုတ်ကျသည်နှင့် သေသည်မှာ သေချာသည်။

“ငါးမီတာ”

“သုံးမီတာ”

“နှစ်မီတာ”

“သွား”

သူ၏မျက်ဝန်းတွင် တစ်ခြားတစ်ဖက်ခြမ်းတွင်သာ ရှိသည်။ အကွာအဝေးကို တွက်ချက်လိုက်ပြီးနောက် ကျယ်လောင်သော အော်သံနှင့်အတူ လက်ထဲမှနွယ်ပင်ကို လက်လွှတ်လိုက်သည်။

ဘန်း

“ထောက်”

ဆုပိုင်က လက်နှစ်ဖက်လုံးကို သုံးပြီး ချောက်ကမ်းပါးအဆုံးနားရှိ ကျောက်သားများကို ထိန်းကိုင်ထားရသည်။ သူ၏လည်ပင်းနားတွင်လည်း ရွှေမြွေ၏ခေါင်းလေးက ရှိနေသေးသည်။ သူက ခြေထောက်အောက်မှ ပြုတ်ကျမတတ် ရမ်းခါနေသည့် ကျောက်တုံးစများကို နင်းမိလိုက်သည်။ ထို့ကြောင့် ထိုအရာကိုသာ အားယူလိုက်ပြီး လက်ထဲမှ ကျောက်သားကိုလည်း ထိန်းကိုင်လျက် အင်အားကုန်သုံးကာ အပေါ်သို့ ကုန်းတက်ရသည်။

နည်းနည်းလေးပဲ နီးလိုက်တော့။

ကြည့်ရသည်မှာ သူက အနာဂတ်တွင် တောအတွင်း နေထိုင်နိုင်မည့် နည်းလမ်းများကို လေ့လာရန် လိုအပ်လောက်သည်။ သူ၏ အကွာအဝေးကို ခန့်မှန်းနိုင်သော စွမ်းရည်က အားနည်းလွန်းသည်။

သိသာစွာပင် သူက ခုန်နိုင်သည်။ သို့သော် အချိန်မှီသာ လက်ကိုမဆန့်ထုတ်နိုင်လျှင် ပြုတ်ကျသွားပေမည်။

“ခရက်”

“ဂလုတ်”

သူ၏ခြေထောက်အောက်ဘက်ရှိ ကျောက်တုံးထံမှ ကွဲအက်သံကို ကြားလိုက်ရသည်။ ဆုပိုင်၏ အပေါ်သို့တက်နေသော လှုပ်ရှားမှုက ချက်ချင်းလိုလို ရပ်တန့်သွားသည်။

“ဘန်း”

ရုတ်တရက် ကျောက်သားများက ကွဲအက်သွားသည်။ ဆုပိုင်၏ခန္ဓာကိုယ် တစ်ခုလုံးက တွဲလောင်းကျသွားလေပြီ။ သူ၏ လက်တစ်ဖက်ကသာ အပေါ်ရှိကျောက်တုံးကို စွဲမြဲစွာ ကိုင်ထားနိုင်သည်။

“သွားပြီ”

ဆုပိုင်က အောက်ဘက်ရှိ အဆုံးအစမဲ့သော ချောက်ကမ်းပါးကြီးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

ပထမဦးဆုံးတာဝန်မှာတင် ကျရှုံးတော့မှာလား။

ထို့နောက် သူက ပြန်တွေးမိသည်။ တပိုင်က တိရိစ္ဆာန်ရုံတွင် ရှိနေသေးသည်။ သူကသာ မသွားနိုင်လျှင် တပိုင်က ဒုက္ခရောက်ပေလိမ့်မည်။

“ဟစ် ဟစ် ဟစ်”

ရုတ်တရက် သူ၏နားနားတွင် နှာမှုတ်သံကို ကြားရသည်။

သူ၏ကိုယ်ပေါ်ရှိ အေးစက်ကာ ချောမွတ်သော မြွေ၏ကိုယ်ထည်က တဖြည်းဖြည်းချင်း လှုပ်ရှားလာသည်။ ရွှေမြွေက ခေါင်းကိုမြင့်အောင် မြှောက်လိုက်ပြီး ရှေ့သို့ခုန်ထွက်လိုက်ကာ ချောက်ကမ်းပါးအစွန်းနားရှိ လက်မောင်းတစ်ဖက်စာခန့် ထူသော သစ်ကိုင်းတစ်ခုကို ရစ်ပတ်လိုက်သည်။

ဒါက မြွေက သူ့ကိုကယ်မလို့လား။

++++++

အပိုင်း(၁၁)

“အမ်း”

ဆုပိုင်သည်လည်း သူ၏လက်ချောင်းများထံမှ တုန့်ပြန်မှုကိုပင် မရရှိတော့မလို့ ဖြစ်သွားသည်။ သူ၏လက်ချောင်းအတွင်းမှ အရိုးများကပင် ကျိုးသွားပြီ ထင်သည်။

သူ၏တစ်ကိုယ်လုံးအနှံ့ ရင်ကွဲစေလောက်သော နာကျင်မှုက လွှမ်းခြုံထားသည်။

“လွှတ်လိုက်တော့”

“လွှတ်လိုက်တော့”

“သိပ်မနာပါဘူး”

သူ၏စိတ်အတွင်း မိစ္ဆာတစ်ကောင်ကဲ့သို့ ညည်းသံက ထပ်ခါတလဲလဲ ထွက်နေသည်။

“မဟုတ်ဘူး”

ဆုပိုင်က ငြီးငြူသည်။ သူ၏လျှာထိပ်ကို ခပ်တင်းတင်း ဖိကိုက်လိုက်ပြီး လတ်ဆတ်သော သွေးအရသာကို ခံစားလိုက်ရစေသည်။ ဒီနည်းအားဖြင့် သူက အနည်းငယ် အသိဝင်သွားသည်။

“ဟစ် ဟစ် …”

“ဟစ်… ဟစ်”

ရွှေမြွေ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက သစ်ပင်ပင်စည်ကြီးကို ရစ်ပတ်ထားသည်။ အောက်ပိုင်းကမူ ဆုပိုင်၏ ခန္ဓာကိုယ်ကို ခပ်တင်းတင်း ရစ်ပတ်ထားသည်။ သူက ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း တင်းကြပ်လိုက်ပြီး ဆုပိုင်ကို ကျောက်ကမ်းပါးအစွန်းနားမှ ဆွဲတင်လိုသည်။

ဆုပိုင်ကလည်း သူ၏ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းချင်း အပေါ်တက်လာကြောင်း ခံစားလိုက်ရသည်။ သူက ကြောင်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဆုပိုင်ဟာ ဇီဝဗေဒ ပညာရှင်ဖြစ်နေသည့်တိုင်အောင် ထိုအချိန်ကာလ အတောအတွင်း သူ၏စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးပေါင်းများစွာ ဖြတ်ပြေးသွားသည်။

မြွေများက သွေးအေးတိရိစ္ဆာန်များ ဖြစ်သည်။ ထို့ကြောင့် နို့တိုက်သတ္တဝါများနှင့် ခြားနားသည်။ သူတို့က သူ့ကို ကယ်တင်ရန် ပြုမူလိမ့်မည်ဟု တွေးတောကြည့်ရန်ပင် ခက်ခဲသည်။

“ဟစ်…ဟစ်”

ရွှေမြွေ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေပုံကိုလည်း ထင်ထင်ရှားရှား မြင်နိုင်သေးသည်။ သူ၏ပါးစပ်ထဲမှ လျှာက မကြာခဏဆိုသလို ထွက်လာသည့် အရှိန်နူန်းက မြန်မြန်လာသည်။

{ငါ ဒီတင်ဆက်သူရဲ့hostကို …}

{အရမ်းကို ခံစားရစေတဲ့ မြင်ကွင်းပဲ။ အစစ်အမှန် တိရိစ္ဆာန်တွေရဲ့ တုန့်ပြန်မှုက ဒီလိုမျိုးလား}

{သူက လူတွေကို တကယ်ကယ်တင်နိုင်တာလား။ တိရိစ္ဆာန်တွေကသာ မျိုးမတုံးသွားခဲ့ရင် ငါတို့ရဲ့နေထိုင်မှု ဘဝပုံစံက တကယ်ကို …}

{တင်ဆက်သူ ဒီလိုပြောပြရတဲ့ အဓိပ္ပာယ်ကို ငါ နားလည်တယ်။ တိရိစ္ဆာန်တွေကလည်း လူသားတွေနဲ့ တူညီတဲ့ ခံစားချက်မျိုး ရှိတယ်ဆိုတဲ့ အကြောင်းကို ငါတို့ကို ပြောပြချင်နေတာ။ သူတို့က လူသားတွေထက် လူသားပိုဆန်နေသေးတယ်။ ဒါပေမယ့် အစစ်အမှန်သားရဲ ဖြစ်ဖို့တော့ လိုအပ်တာပေါ့။ ဒီတိုက်ရိုက်ထုတ်လွှင့်မှုရဲ့ တန်ကြေးက တအားမြင့်နေမှာပဲ}

{ငါက အရွယ်ရောက်ပြီးတဲ့ အမျိုးသားတစ်ယောက်ပါ။ ဒါပေမယ့် ငါမျက်ရည်ကျနေပြီ}

{ညီအစ်ကိုတို့ ငါ့ကို ကယ်ပါဦး။ ငါ့ရဲ့မိန်းမက ဘာလို့ ငါက ငိုနေတာလဲလို့ မေးမြန်းနေတယ်။ ငါ မြွေတစ်ကောင်နဲ့ ဆော့ချင်တယ်လို့ ပြောလိုက်တော့ အရူးလိုမျိုး တံခါးကို တဒုန်းဒုန်း ရိုက်နေတယ်လေ။ ငါ ဘာလုပ်ရမလဲ}

…

ကလစ် ကလစ်

ဟန်တုံးကလည်း သူ၏ မျက်လုံးကိုပင် မျက်တောင်မခတ်ရဲချေ။ သူက ထိုကဲ့သို့သော ပုံစံမျိုးဖြင့် သစ်လုံးအိမ်ကို ရစ်ပတ်ထားပြီး လူကယ်နေသော ရွှေမြွေကိုသာ စိုက်ကြည့်နေမိသည်။ သူ၏နှလုံးသားက ခုန်ထွက်လာတော့မည်ဟုပင် ခံစားလာနေရသည်။ ထိုကဲ့သို့သော တိုက်ရိုက်ထုတ်လွှင့်မှုကို သူ၏ဘဝတွင် တစ်ကြိမ်တောင်မှ မမြင်ဖူးပါချေ။

ငမန်း တိုက်ရိုက်ထုတ်လွှတ်မှုအခန်းကို တစ်နှစ်ပတ်လုံး နောက်ပိုင်းမှတဆင့် စီမံခန့်ခွဲနေသူ ဖြစ်သည့်အလျောက် တစ်ချက်ကြည့်ရုံနှင့်ပင် တိုက်ရိုက်ထုတ်လွှတ်မှုအတွင်းတွင် သုံးထားသော ပစ္စည်းများက နည်းပညာမြင့်ခြင်း ရှိမရှိ သိနိုင်သည်။

ထိုရွှေမြွေ အပိုင်းအစတာဝန်ဆိုသော တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကမူ အရာအားလုံးကို ရုတ်တရက် ဖြစ်လာသည်ဟု ထင်ရသည်။ ခြောက်ခြားဖွယ်ကောင်းသော တောတွင်းလှုပ်ရှားမှု ဖြစ်စေ၊ လက်ရှိ ရှင်သန်ရန် ကြိုးစားနေသော ဖြစ်စေ အားလုံးက အစစ်အမှန်ကဲ့သို့ ထင်ရသည်။

ပို၍ဆိုးသည်မှာ ထိုတိုက်ရိုက်ထုတ်လွှင့်မှု၏ ပုံပန်းသွင်ပြင်များက ရှင်းလင်းလွန်းနေခဲ့သည်။ တင်ဆက်သူက ချောက်ကမ်းပါးအစွန်းတွင် တွဲလောင်းကျနေပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူဖျော့နေသည့် မျက်နှာကို မြင်လိုက်ရသည်။ ရွှေမြွေ၏ကိုယ်ပေါ်မှ ကြွက်သွားများ၏ တင်းကျုံ့ထားမှု အားလုံးကို ထင်ထင်ရှားရှား မြင်နိုင်သည်။ အရာအားလုံးဟာ အမှန်တကယ် ဖြစ်ပျက်နေသလို ထင်ရသည်။

“မင်း သေချာပေါက် ဆွဲနိုင်ရမယ်”

သူ၏လက်ထဲမှ ရေသန့်ဘူးလေးကို ပြားကပ်သွားသည်ထိ ဖိညစ်ထားနေမိသည်။ ထိုရေသန့်ဘူးက သူ၏လက်ဖဝါးအတိုင်း ပြားကပ်သွားပြီး မြေပြင်သို့ ပြုတ်ကျသွားသည်။ ဟန်တုံးကမူ ထိုအခြေအနေကို သတိမထားမိသေးချေ။

“အိုး”

“ဟား ဟား အပေါ်တက်သွားပြီ”

“နောက်ဆုံးတော့ အပေါ်ရောက်သွားပြီ အိုး”

ရုတ်တရက် ဟန်တုံးက စားပွဲကို ဖြန်းကနဲရိုက်သည်။ စိတ်လှုပ်ရှားစွာ ထခုန်၏။ နောက်ဆုံးတွင် တင်ဆက်သူကို ကယ်တင်လိုက်နိုင်သည်။

ထိုတိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ကောင်းမွန်သော စွမ်းအင်များ ပေးစွမ်းနိုင်သည့် တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်ပြီး ရွှေမြွေကို ကယ်တင်ရန် ကြိုးစားသည့် အစပိုင်းကတည်းက နောက်ပိုင်း တင်ဆက်သူက ဒုက္ခရောက်သည့်အချိန်တွင် ရွှေမြွေက နိုးထလာပြီး တင်ဆက်သူကို ပြန်ကယ်သည့် တောက်လျောက် ခြောက်ခြားဖွယ်ကောင်းလွန်းသော ထိတ်လန့်သဲဖို မြင်ကွင်းအားလုံးက ယခင်တိုင်ရိုက်ထုတ်လွှင့်မှု အခန်းနှင့် စိတ်လှုပ်ရှားဖွယ် ကောင်းနေခဲ့သည်။

“သေချာပေါက်ကို နာမည်ကြီးမှာပဲ”

“သေချာပေါက်ကို နာမည်ကြီးလိမ့်မယ်”

ဟန်တုံးက ဖုန်းကို အလျင်စလို ကောက်ကိုင်လိုက်သည်။ ထို့နောက် နောက်ပြန်လှည့်ပြီး ရုံးခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။ သူကလည်း ဒီအကြောင်းအရာကို သူ၏ကြီးကြပ်သူများကို ပြောပြပြီး networkတစ်ခုလုံးတွင် ကျော်ကြားလာအောင် မြှင့်တင်ပေးလိုသည်။

…

တစ်ခြားတစ်ဖက်ခြမ်းတွင် ဆုပိုင်က ချောက်ကမ်းပါး အစွန်းနားတွင် လှဲနေသည်။ သူက အမောတကော အသက်ရှူနေရ၏။ ရွှေမြွေကြီးက သစ်ပင်အပေါက်အတွင်းမှ တဖြည်းဖြည်းချင်း ဆင်းသက်လာကာ ဆုပိုင်၏ဘေးနားတွင် လဲလာသည်။

“တင် တင်ဆက်သူက ရွှေမြွေအပိုင်းအစ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်နိုင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီလိုနဲ့ ရွှေမြွေကို ‌အောင်မြင်စွာ ကယ်တင်လိုက်နိုင်ပါပြီ။

“တင် hostက ရွှေမြွေကို ကယ်တင်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ အရှိန်နူန်း ၁မှတ် တိုးတက်သွားပါပြီ”

“တာဝန်က ပြီးမြောက်သွားပြီဖြစ်လို့ hostက ပြန်သွားနိုင်ပါပြီ။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကလည်း အလိုအလျောက် ပိတ်သွားပါပြီ”

ဖန်သားပြင်က ပြောင်းလဲသွားသည်။ ဆုပိုင်က မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ၏အရှေ့တွင် သေးငယ်သည့် ရုံးခန်းအိပ်ယာလေးကို မြင်ရသည်။ သူက ထထိုင်လိုက်ပြီး လက်ဝါးပေါ်သို့ ပြန်ကြည့်သည်။ သူ၏လက်ဝါးများက ကွဲအက်နေသည်။ သွေးများကပင် စိမ့်ထွက်နေသေးသည်။

“ဒါက ထင်ယောင်ထင်မှား ဖြစ်တာ မဟုတ်ဘူး။ တကယ်ကို ဖြစ်ခဲ့တာပဲ”

“ဟစ်”

ရုတ်တရက် ခပ်တိုးတိုး ငြီးသံနှင့် ဆုပိုင်၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော တစ်စုံတစ်ရာက ထထိုင်လာသည်။ ဆုပိုင်ကလည်း နောက်သို့လှည့်ကြည့်သည့်အချိန်တွင် သူ၏ပုခုံးပေါ် ကျော်တက်လာသည့် ရွှေမြွေကို မြင်လိုက်ရသည်။

ရွှေမြွေ၏ခေါင်းက ဆုပိုင်၏ ပုခုံးပေါ်တွင် မေးတင်လျက် သေးငယ်သော မျက်ဝန်းတစ်စုံနှင့် သူ့ကို စိုက်ကြည့်လာသည်။ သူက သိချင်စိတ်ပြင်းပြနေသည်။

“ဟ ဟ လတ်စသတ်တော့ ကယ်တင်ရတယ်ဆိုတာက ဒီလိုပဲကိုး။ ဒီကောင်က သူနဲ့အတူ ပြန်လိုက်လာခဲ့တာပဲ”

ဆုပိုင်က ပြုံးလိုက်ပြီး ရွှေမြွေ၏ခေါင်းလေးကို အသာပုတ်သည်။ ထို့နောက် ပုခုံးပေါ်မှ သယ်ချလိုက်သည်။

“ရွှေမြွေက တစ်ကောင်တည်း။ ဒီတော့ မြွေဥယာဉ်လောက်အထိတော့ တည်ဆောက်ဖို့ မလိုအပ်သေးဘူးထင်တယ်။ နေရာကလည်း အများကြီး ယူနိုင်မှာ မဟုတ်သေးဘူး။ ဒါပေမယ့် ဒီကောင်က တပိုင်နဲ့တော့ မတိုက်ခိုက်လောက်ပါဘူးနော် ဟုတ်တယ်မလား”

ဆုပိုင်က ဒဏ်ရာကို ဆေးထည့်ပြီးနောက် ရွှေမြွေကို လက်မောင်းအတွင်း ‌ပွေ့ဖက်လျက် ပန်ဒါဥယာဉ်အတွင်း လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် လရောင်က ရေများကဲ့သို့ ကြည်လင်စွာ တောက်ပနေသည်။

“ခလူး ခလူး ခလူး”

“ခလူး ခလူး ခလူး”

“ခလူး ခလူး ခလူး”

ဥယာဉ်အပြင်ဘက်တွင် ရပ်နေရုံနှင့် အတွင်းမှ တပိုင်၏ မိုးခြိမ်းမတတ် ကျယ်လောင်သည့် ဟောက်သံကို ကြားလိုက်ရသည်။ သူက တံခါးကို တွန်းပို့လိုက်သည်။ လရောင်အောက်တွင် ကြီးမားလုံးဝိုင်း ပြည့်ဖောင်းနေသော ပန်ဒါကြီး၏ ခေါင်းက မြေပြင်ပေါ်တွင် ကျလျက် ခန္ဓာကိုယ်တစ်ဝက်က ဒန်းပေါ်တွင် တွဲလောင်းဖြစ်နေသည်။ သူ၏ပါးစပ်ဘေးနားတွင်လည်း ပြုတ်ကျနေသည့် မျှစ်လေးများကို မြင်နိုင်သေးသည်။

“အိပ်တဲ့ပုံစံက တကယ်ကို ပြိုက်ဘက်ကင်းပဲ”

ဆုပိုင်က တပိုင်၏ကြီးမားသော ဖင်ဖြူဖြူကြီးများကို ဒန်းပေါ်မှ အောက်သို့ ဖြုတ်ချပေးလိုက်သည်။

“ကျွတ် ကျွတ် ကျွတ်”

ဆုပိုင်က တပိုင်၏ နားနားကပ်ကာ နောက်ထပ် တံတွေးမြိုချသံ၊ စားစရာများ မြိုချသံကို ပြုလုပ်လိုက်ရသည်။

“ဟေး”

သေချာစွာပင် ထိုအကောင်က ဉာဏ်ကောင်းလွန်းသည်။ သူက မျက်လုံးကို ချက်ချင်းဖွင့်လာပြီး သူ၏အရှေ့မှ ဝါးမျှစ်များကို လက်မောင်းအတွင်းသို့ ထွေးပွေ့သည်။ သူက သတိအပြည့်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်သည်။

အို့ ဒါက ဘာလဲ။

ကြီးမားလုံးဝန်းသော မျက်ဝန်းတစ်စုံက ရွှေမြွေဆီသို့ ရောက်သွားသည်။ သူက လက်ဆန့်ထုတ်ပြီး အသာထိတွေ့ကြည့်သည်။

အဝတ်မပါဘူး။ ဒီတော့ ဖြဲလို့မရဘူးပေါ့။

သိပ်မကြာခင် တပိုင်က ရွှေမြွေကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး ပြန်လှဲအိပ်သည်။

“ဟင်း”

ဆုပိုင်က ရွှေမြွေ၏ နဖူးလေးကို အသာတို့ထိပြီး မြေပြင်ပေါ်သို့ ချပေးသည်။ သို့ရာတွင် ထိုအကောင်က တပိုင်ကို အနည်းငယ်ကြောက်ပုံရသည်။ ဘေးဘက်ရှိ ကျောက်သားအတွင်းသို့သာ တွားသွားပြီး တက်နေလိုက်သည်။

“အနာဂတ် မင်း ရှောင်ကျင်းကို အနိုင်မကျင့်ရဘူးနော် ကြားလား တပိုင်”

ဆုပိုင်က တပိုင်၏နားရွက်ကို သွားဆွဲပြီး အနိုင်ကျင့်သည်။

“အိုး”

တပိုင်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးကို ဖွင့်လာသည်။ သူ၏လက်သည်းကို ဆန့်ထုတ်လိုက်ပြီး ဆုပိုင်၏လက်ဝါးကို ရိုက်ချ၏။ ထို့နောက် သူက ဖင်ကို ပြန်မြှောက်လိုက်ကာ ခန္ဓာကိုယ်တစ်ဝက်ကို ဒန်းပေါ်သို့ ပြန်တွန်းတင်လိုက်ပြီး ပျင်းရိစွာ ကြည့်လာသည်။

“အိပ်တော့ အိပ်တော့ နောက်ကျနေပြီ”

ဆုပိုင်က ထိုအကောင်ကိုကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် နောက်ပြန်လှည့်ကာ ပန်ဒါ ဥယာဉ်ထဲမှ ထွက်သည်။

တိရိစ္ဆာန်များ ပြန်လည်ကယ်တင်ခြင်း စနစ်က ယခင်လောကမှ အခြေအနေများနှင့် ခြားနားသည်။ သူတို့၏ အသိဉာဏ်များက ကြောက်စရာပင် ကောင်းနေသည်။

အနာဂတ်တွင် ထိုသားရဲများက ထိုမျှအထိ IQမြင့်နေခဲ့လျှင် ဒုက္ခများပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ပန်ဒါကြီးများက ယဉ်ပါးလွယ်သည်။ ရွှေမြွေကလည်း ယဉ်ပါးလွယ်သည်။ သို့ရာတွင် သဘာဝအလျောက် ဖြစ်တည်နေသည့် စိတ်ကြီးတတ်သော စိတ်ဆတ်သော သတ္တဝါများ ရှိနေသေးသည်။ အဲ့ဒီလိုဆိုရင် ဘယ်လိုလုပ်ရမလဲ။

ရူ့ထောင့်တစ်ခုမှ ကြည့်သော် စနစ်ကပေးသော စွမ်းအင်များကလည်း မျှတမှုရှိနေသည်။ တိရိစ္ဆာန်တစ်ကောင်ကို ပြန်လည်ကယ်တင်ပေးမည့် အချိန်တိုင်း သူ၏အားသာချက်စွမ်းရည်က တိုးတက်သွားပေလိမ့်မည်။ သူ၏ကိုယ်ပိုင်စွမ်းအင်များကလည်း မြင့်တက်နိုင်သည်။ ထိုအခါ နောက်ပိုင်း သားရဲများကို ရှာဖွေသည့်အခိုက် ပို၍လွယ်ကူသွားပေလိမ့်မည်။

သံသယအပြည့်နှင့်အတူ ဆုပိုင်က ရုံးခန်းထဲသို့ ပြန်သွားကာ အိပ်ယာပေါ်တွင် လှဲချပြီး အိပ်လိုက်သည်။

++++++

အပိုင်း(၁၂)

“ဟီး ဟီး”

“ဟီး ဟီး”

ရွယ်ဟောင်ယွီက မနက်အစောပိုင်းကတည်းက သပ်ရပ်စွာ ဝတ်စားလျက် စားပွဲရှေ့တွင် ထိုင်နေပြီ ဖြစ်သည်။ သူက ကွန်ပျူတာပေါ်မှ သတင်း၊ ရီပို့များကို ကြည့်နေပြီး ဆက်တိုက်ရယ်နေသည်။

သူတို့ရဲ့ ပြည်သူနဲ့သဘာဝ ချန်နယ်ကို ပြန်သွားရမယ့်အချိန်ပဲ။ အားလုံးကတော့ အံ့အားသင့်သွားမှာ သေချာတယ်။ ဒါက အစစ်အမှန် တိရိစ္ဆာန်လေ။

ပို၍ဆိုးသည်မှာ သူတို့က ပထမဦးဆုံး တင်ပြသူများ ဖြစ်နေသည်။ ထို့ကြောင့် တိရစ္ဆာန်သခင်ဆိုသော အဆင့်အတန်းနှင့် တစ်သုတ်တည်း တည်ထောင်လိုက်၍ ရသည်။ သူဌေးဆု နောက်ကွယ်မှ အသင်းကလည်း အနာဂတ်တွင် ပို၍များပြားသော တိရိစ္ဆာန်များကို ပြန်လည် ကယ်တင်ပေးနိုင်လိမ့်မည်။

ရွယ်ဟောင်ယွီက ဆုံးဖြတ်လိုက်သည်။ ထိုအချိန်က စတင်ပြီး သူက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံသို့ နေ့တိုင်းသွားပြီး သူဌေးဆုနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရမည် ဖြစ်သည်။

“သူဌေး ရှိုးက တိုက်ရိုက်ထုတ်လွှင့်နေပြီ”

ကင်မရာမန်းက စားပွဲအနောက်မှ ခေါင်းကို ဆန့်ထုတ်လိုက်ပြီး အော်လိုက်သည်။ လူတိုင်းကလည်း ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်နေကြသည်။

“ဟယ်လို အားလုံးပဲ ဒါကတော့ ဟန်ချန်းပြည်သူနဲ့ သဘာဝချန်နယ်ပါ။ ဒီနေ့ _ _ _”

ရွယ်ဟောင်ယွီက ဖန်သားပြင်မှ သူ့ကိုယ်သူ ကြည့်ရင်းပြောသည်။

“ဟွန့် ဒီနေ့ချန်နယ်က ကောင်းကင်ပြာ တိရိစ္ဆာန်ရုံအကြောင်းပဲ ပြောမှာ။ ချင်တျန်းတိရိစ္ဆာန်အတွက်ကတော့ လာနှောက်နေတာလား။ အဲ့ဒီ စက်ရုပ်တိရိစ္ဆာန်နည်းနည်းလောက်ကို သူတို့က ဘာလို့ပရိုဂရမ်တစ်ခု အနေနဲ့ ရိုက်ကူးပေးရမှာလဲ”

မဟုတ်သေးဘူး ချင်တလန်က အဆုံးပိုင်းရှိုးမှာ ပေါ်လာလိမ့်မယ်။ ဒါပေမယ့် သူ့ဘောင်းဘီက ပန်ဒါကြီးကြောင့် အချွတ်ခံရတဲ့ ပုံစံလေ။

တစ်သင်းလုံးကလည်း ဖန်သားပြင်ပေါ်ရှိ ပရိုဂရမ်ကို စိုက်ကြည့်နေကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း၏အမူအယာက တင်းမာသွားသည်။

ရှိုးတွင်ပြနေသည့် အချိန်နှင့်တပြေးညီ ကွန့်မန့်များ အားလုံးက ဆွေးနွေးမှုများ ဖြစ်နေသည်။ သူတို့အားလုံးက လက်မခံနိုင်ကြောင်း ပြောနေသည်။

{ဒါက ပေါက်ကရပဲ။ လူသားနဲ့ သဘာဝချန်နယ်က လိမ်ညာနေတာလား}

{ဒါက တိရိစ္ဆာန်ကို ပြန်လည်ကယ်တင်ထားတယ် ဟုတ်လား ဟား ဟား ဟား။ ငါ ရယ်ရလွန်းလို့ သေတော့မယ်။ ဒါ ဘယ်ခေတ်လဲ။ တိရိစ္ဆာန်တွေက မျိုးတုန်းသွားတာ ကြာပြီ သိပြီလား။ ဒီတင်ဆက်သူက ရှုးနေတာလား}

{ကလေးတွေကို မကောင်းတဲ့နည်းလမ်းတစ်ခု သင်ပေးနေတာပဲ။ ပန်ဒါကြီးဆိုတဲ့အကြောင်း တစ်ခါမှတောင် မကြားဖူးဘူး။ ဝက်ဝံက ဝက်ဝံ၊ ကြောင်က ကြောင်ပေါ့ ပန်ဒါက ဘာလဲ။ မင်းတို့လုပ်ထားတဲ့ဟာကို ကြည့်ပါဦး။ ဒါက ဘာကြီးလဲ}

{ချစ်ဖို့တော့ ကောင်းပါတယ်။ ဒါပေမယ့် သဘာဝနိယာမတွေနဲ့ သွေဖယ်နေတာ မဟုတ်လား။ ခွင့်ပြုချက်မရှိပဲ အတုအယောင် စက်ရုပ်တိရိစ္ဆာန်တွေကို ဖန်တီးတယ်ဆိုရင် တရားရုံးတက်ရလိမ့်မယ်}

{ကြည့်မနေနဲ့တော့ ကြည့်မနေနဲ့တော့ ပေါက်ကရတွေကြီးပဲ။ ဖန်တီးထားတဲ့ တိရိစ္ဆာန်တွေနဲ့လာပြီး အရူးလုပ်နေတာပဲ}

ပုံမှန်မဟုတ်သည့်ဘက်သို့ လေက တိုက်ခတ်နေသည်။ သူတို့ အားလုံးက တူညီသော အကြံကိုသာ ပေါ်ထွက်လာကြသည်။ ပုံထဲမှ တိရိစ္ဆာန်များက အစစ်အမှန်လောကတွင် တစ်ကြိမ်တစ်ခါမှ မပေါ်ခဲ့ဖူးချေ။ ဖတ်စာအုပ်ထဲတွင်လည်း မှတ်တမ်းတင်ထားခြင်း မရှိချေ။ လူတိုင်းကလည်း ပြည်သူနှင့်သဘာဝချန်နယ်က ကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှ ပိုက်ဆံအများကြီး ရထား၍သာ ယခုလိုမျိုး အမှန်နှင့်အမှားကို စိတ်ရှုပ်ထွေးကာဖြင့် လူအများ၏အာရုံကို ဆွဲဆောင်ရန် အကြောင်းအရာ ဖန်တီးခြင်းဟု ယူဆနေကြသည်။

“တင် တင် တင်”

ရုတ်တရက် စားပွဲပေါ်ရှိ ဖုန်းက မြည်လာသည်။

ရွယ်ဟောင်ယွီက လက်ဆန့်ထုတ်ကာ ကောက်ယူလိုက်သည်။ သူ၏မျက်နှာက ပျက်ယွင်းနေသည်။

“မင်း ရှိုးမှာ ဘယ်လိုလုပ်နေတာလဲ။ ဒီထက်ပိုကောင်းအောင် မလုပ်နိုင်တော့ဘူးလား။ မင်း မလုပ်နိုင်ရင် ထွက်သွားတော့”

ထိုအသံက သူ့ကို လာရိုက်ခါစ ရှိသေးသည်။ တစ်ဖက်မှ ကျယ်လောင်သည့် အော်သံက ထွက်လာသည်။

“ငါ မင်းကိုပြောမယ်။ ဒီရှိုးကို စင်ပေါ်ကနေ ချက်ချင်း ချလိုက်ကြ။ ပြီးရင် အများပြည်သူကို တောင်းပန်လိုက်တော့”

“ဘယ်လိုတောင် အကျိုးအကြောင်း မသင့်တာလဲ။ တိရိစ္ဆာန်တွေကို ကယ်တင်တယ်ဆိုတော့ ရယ်ရတဲ့ ဟာသ ရှိပါဦးမှာလား”

လူတိုင်းက ပြည်သူနှင့် သဘာဝချန်နယ်၏ နောက်ပိုင်း issueအတွက် ပြန်လည်သုံးသပ်ခွင့်ပေးရန် ဆိုင်းငံ့ခံလိုက်ရသည်။ ရှိုးကမူ ထုတ်လွှင့်ရမှ ပိတ်သိမ်းခံလိုက်ရ၏။ ထိုမတော်တဆမှု ဖြစ်ရပ်က လျော့ပါးပျောက်ကွယ်သွားသော အခါမှသာ သူတို့အားလုံး ပြန်လည်အလုပ်လုပ်ရမည် ဖြစ်သည်။

“ဒါရိုက်တာ မဟုတ်_ _ _”

ရွယ်ဟောင်ယွီက ပြောချင်ရုံသာ ရှိသေးသည်။ တစ်ဖက်မှ ဖုန်းချသွားသော အသံက ထွက်လာသည်။

“ခေါင်းဆောင် ဒီပရိုဂရမ်က”

“ဆက်လုပ်”

“ငါတို့ အစစ်အမှန်သားရဲ ဟုတ်မဟုတ် မြင်ခဲ့ပြီးတာပဲ မဟုတ်လား။ တစ်ခုခုတော့ မှားနေရင် ငါအလုပ်ထွက်မယ်”

ရွယ်ဟောင်ယွီက အသက်ပြင်းပြင်း ရှူသည်။ သူက အသံပြင်းပြင်း အော်သည်။

“ဒါတွေအားလုံးက ဘာကိုမှ နားမလည်တဲ့ ဗဟုသုတ မရှိတဲ့သူတွေပဲ။ ဒီလူတွေ ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို တစ်ချက်သွားကြည့်တာနဲ့ သူတို့ ဘယ်လောက်ရူးလဲဆိုတာကို သိရလိမ့်မယ်”

“ဒါရိုက်တာ ဘယ်မှာလဲ”

“ပရိုဂရမ်က ဘယ်လောက်ကောင်းနေ ကောင်းနေ ရက်အနည်းငယ်လောက်ထိပဲ စောင့်ကြည့်လိုက်။ သိပ်မကြာခင် ရူပဗေဒပညာရှင်တွေ ထွက်လာကြလိမ့်မယ်။ ငါတို့အားလုံး စုံစမ်းစစ်ဆေးလိုက်ကြည့်တဲ့အခါ အရာအားလုံးက ရှင်းလင်းသွားမှာပဲ”

…

ချင်ထျန်းတိရိစ္ဆာန်ရုံ

ချင်တလန်းက ဖုန်းကိုင်ရင်း ကွန်ပျုတာ ဖန်သားပြင်ပေါ်မှ ကွန့်မန့်များကို ဖတ်နေသည်။ သူက‌ ခေါင်းကိုမော့ပြီး အပြင်ဘက်သို့ တစ်ချက်ကြည့်သည်။ ထို့နောက် အသံကိုတိုးကာ ပြောသည်။

“မင်းတော်တယ်။ ဒါပေမယ့် ဈေးကို နှိမ့်ပေးလို့ရမလား”

တစ်ဖက်မှ သက်လတ်ပိုင်း လူတစ်ယောက်၏အသံက ထွက်လာသည်။ အသံက အလွန်ရိုင်းသည်။

“ဒါက အရေအတွက်ရဲ့ ဈေးပဲလေ။ တစ်ခုကို ငါးဆယ်။ ဒါတောင် တော်တော်လေးကို ဈေးပေါနေပြီ။ သူဌေးချင် ဒါက တီဗွီဌာနတစ်ခုလုံးကို ရင်ဆိုင်နေရတာ။ တစ်ခုခု ဖြစ်လာခဲ့ရင် ငါတို့ဘယ်လောက်ထိ ရင်းထားရလဲဆိုတာကို နားလည်တယ် မဟုတ်လား”

“ကောင်းပါပြီ ပိုက်ဆံကို အခုချက်ချင်း လွှဲပေးလိုက်မယ်။ နောက်ပိုင်းကိစ္စကို ကျန်တဲ့သူတွေ မသိစေရအောင် နူတ်ပိတ်နိုင်မယ် မဟုတ်လား”

“ဈေးကတော့ ထပ်လျော့ပေးလို့ မရဘူး။ တိရိစ္ဆာန်ရုံထဲကို ဘယ်သူမှ မသိအောင် ခိုးဝင်ပြီး စက်ရုပ်တိရစ္ဆာန်တွေကို ဖျက်စီးတဲ့အကြောင်းအရာကို မိသွားခဲ့ရင် ငါတို့အားလုံး ထောင်ချခံရလိမ့်မယ်”

ချင်တလန်က ခပ်မြန်မြန် ပြောသည်။

“ပိုက်ဆံက ပြဿနာ မဟုတ်ဘူး။ မင်းတို့ကသာ အဲ့ဒီစက်ရုပ်တိရိစ္ဆာန်ကို ဖျက်ဆီးပစ်လိုက်နိုင်တာနဲ့ အရာအားလုံးကို အဆင်ပြေပြီ”

“ခင်ဗျားကို အသိတစ်ယောက်က မိတ်ဆက်ထားတာဆိုတော့ ယွမ်တစ်သိန်းပဲပေး။ ငါတို့ ဒီညလှုပ်ရှားမယ်”

“နည်းနည်းလေး ပိုမြန်လို့ရမလား”

“ဟဟ ငါးသောင်းပဲ အရင်ပေးပါ။ ကျွမ်းကျင်ပညာရှင်တွေက မြန်မြန်ပဲ လှုပ်ရှားတယ်”

ထိုသို့ပြောပြီးနောက် တစ်ဖက်မျ ဖုန်းချသွားသည်။

“ဟွန့်”

ချင်တလန်က သက်ပြင်းရှည်ကြီးကို ချသည်။ သူက အံကိုကြိတ်သည်။

“ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ မင်းတို့က ငါ့ကို ရှင်သန်ဖို့ နည်းလမ်း မပေးဘူးဆိုမှတော့ မင်းလည်း ရှင်သန်ဖို့ မစဉ်းစားနဲ့”

ဟန်ချန်းမြို့ပြင်ရှိ ငှားရမ်းကာ နေထိုင်သော အိမ်တစ်အိမ် အတွင်းတွင်_ _ _

ဝမ်ရှောင်းရုန်က ဖိနပ်ကို ကောက်စီးလိုက်ရင်း ဘေးဘက်ရှိ လူနှစ်ယောက်ကို ကြည့်ကာ အော်သည်။

“ရှောင်းအာ၊ ရှောင်းချွမ် ဒီညအတွက် အဆင်သင့်ပြင်ထားတော့။ အလုပ်လုပ်ရမယ်”

“သာ့ကော ဒီကွန့်မန့်တွေကို ထပ်ပြီးပို့ရဦးမှာလား။ ငါ နောက်ထပ် အကောင့်တစ်ရာလောက် ဖွင့်ရလိမ့်မယ်”

“ပို့လိုက် ဘာလို့ မပို့ရမှာလဲ။ ကွန့်မန့်တစ်ခုကို ငါးဆယ်လေ”

သူတို့အားလုံးက ပိန်ပါးကြသည်။ တစ်ညလုံး မောပန်းနွမ်းနယ်ထားသော ပုံစံမျိုးနှင့် တူနေပြီး သူတို့၏မျက်ကွင်းများက အလွန်ညိုနေသည်။

ဝမ်ရှောင်းရုန်က eneter keyကို ခပ်ကြမ်းကြမ်း နှိပ်လိုက်ပြီးနောက် နောက်ဆုံးတော့ ကွန့်မန့်တစ်ခုကို ပို့လိုက်သည်။ သူက လက်ခုပ်ပြန်တီးပြီး ကုလားထိုင်မှထကာ အကြောဆန့်သည်။

“ငါ ခဏတော့ အိပ်လိုက်ဦးမယ်။ ဒီညအလုပ်က လွယ်မှာမဟုတ်ဘူး”

သူ၏ညီငယ် ဝမ်ရှောင်းအာက နူတ်ခမ်းများ ကော့တက်စွာ ပြုံးရင်း ပြောသည်။

“ဘာများ ခက်မှာမလို့လဲ။ ကောင်းကင်ပြာ တိရစ္ဆာန်ရုံက ပိုင်ရှင်တစ်ယောက်ပဲ ရှိတာမဟုတ်လား။ လုံခြုံရေးတောင် မရှိဘူး။ ပြောရမယ်ဆိုရင် သူတို့ဆီမှာ ဂိတ်ပေါက်တောင် မရှိလောက်ဘူး။ ငါတို့ အသာလေး ကျော်တက်လိုက်လို့ရတယ်”

“မှားလို့တော့ မရဘူး”

ဝမ်းကွဲ ဝမ်‌ရှောင်းချွမ်က မျက်မှန်ကို တစ်ချက်တွန်းတင်လိုက်ရင်း ခေါင်းကို တစ်ချက်လှည့်လာသည်။

“အသေးစိပ်ကို အာရုံစိုက်ရမယ် အသေးစိပ်ကို အာရုံစိုက်ရမယ်။ ငါတို့အနေနဲ့ ပထမဦးဆုံးအကြိမ် ဒီလိုတာဝန်မျိုးကို လက်ခံလိုက်တာ။ ငါတို့ တစ်ချိန်တည်းမှာ တစ်သိန်းရမှာ။ ဒါပေမယ့် ပုံမှန်အတိုင်းသာဆိုရင် ဒီတစ်သိန်း ရဖို့အတွက် ကွန့်မန့်တွေ အများကြီး ပို့ရမှာမဟုတ်ဘူးလား”

“ဒါ့အပြင် ငါတို့ တစ်ချိန်လုံး ပို့စ်တွေအများကြီးကို တင်ထားတယ်။ ဒါပေမယ့် တစ်မိသားစုလုံးတွေကို တမင်လိုက်ဆဲ ဆူပူကြိမ်းမောင်းနေလို့ မရဘူးလေ”

“ကောင်းပြီ ကောင်းပြီ”

ဝမ်ရှောင်းရုန်က ထိုနှစ်ယောက်၏ ပုခုံးကိုပုတ်ကာ ရိုးသားစွာ ပြောသည်။

“ငါတို့ ဒီကိစ္စကို မြန်မြန်ကိုင်တွယ်နိုင်တာနဲ့ ငါတို့ရဲ့ ဂုဏ်သတင်းက ကျော်ကြားသွားလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီလို အခြေအနေမျိုး ဖြစ်တဲ့အခါ ပိုက်ဆံမရှာနိုင်တော့မှာကို စိုးရိမ်စရာ လိုအပ်ပါ့မလား”

“ဟုတ်တယ် ငါ့တို့ ဘယ်တော့မှ ဒီကွန့်မန့်အကြောင်းတွေ ဆက်လုပ်စရာ မလို‌တော့ဘူး”

“နောက်ပြီး အဲ့ဒီအသုံးမကျတဲ့ ဝတ္တု။ ငါ နောက်ထပ် အွန်လိုင်းဝတ္တုတစ်ပုဒ် ရေးဖြစ်ရင် ကီးဘုတ်ကိုပဲ စားလိုက်တော့မယ်”

သူတို့နှစ်ယောက်က သူတို့၏အကြီးဆုံး အကိုကို ကြည့်ကာ သဘောတကျ ခေါင်းညိတ်လိုက်ကြသည်။

“ဟုတ်တယ်”

ဝမ်ရှောင်းရုံက ညီငယ်နှစ်ယောက်ကို ကြည့်ကာ သဘောတကျ ခေါင်းညိတ်သည်။ ဒါက ဒီအတိုင်း ပိတ်ခါနီး တိရိစ္ဆာန်ရုံတစ်ခုပဲ မဟုတ်လား။ ဒီသူဌေးက တော်တော်လေး သဘောထားကြီးတယ်။ ဘယ်လိုနည်းလမ်းပဲ သုံးရသုံးရ အဲ့ဒီဝက်ဝံလိုမျိုး တိရိစ္ဆာန်ကိုပဲ ဖျက်ဆီးဖို့ပဲ လိုတာ။

“ဟဟ စက်ရုပ်တိရစ္ဆာန်”

ညွန်ကြားချက်သာ မရှိတော့ရင် ဒါက သစ်သားပုံနဲ့ ခြားနားပါဦးမလား။ ဒါတာဝန်က ဘာမှမခက်ဘူး။

All Chapters