← Chapters

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အပိုင်း(၁၃)

ဆုပိုင်က ဒီနေ့ တိရစ္ဆာန်ရုံကို မဖွင့်ခဲ့ချေ။ သူက အလွန်အလွန် ပင်ပန်းနေခဲ့သည်။ သူက အိပ်ယာနိုးလာသည့် အချိန်တွင်ပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးက တစ်စစီ ပြုတ်ကျတော့မည်ဟု ခံစားရသည်။ မနေ့ညက တိုက်ရိုက်ထုတ်လွှင့်မှုမှတဆင့် အံ့အားသင့်မှုအမှတ် ငါးထောင်ကို ရလောက်တိုင်အောင် ရှိခဲ့သည်။ ဒီနည်းအားဖြင့် အနည်းငယ် ပို၍ရရှိလိုက်ရုံနှင့် နောက်ထပ် တိရစ္ဆာန်အပိုင်းအစ တစ်ခုကို ရရှိသွားမည် ဖြစ်သည်။

ထိုနည်းတူ တိရိစ္ဆာန်ဘာသာစကား ဖန်ရှင်းက ပွင့်လာရန် မျှော်လင့်သည်။ မည်သို့ပင်ဆိုစေ ဆက်သွယ်နိုင်စွမ်းအား မရှိသော အခြေအနေမျိုးက ခက်ခဲလွန်းလှသည်။

ပန်ဒါဥယာဉ်အတွင်းတွင် ထိုင်ရပ်ရင်း ရွှေမြွေက ရစ်ပတ်ထားသည့် တပိုင်က ဒန်းပေါ်တွင် မရပ်မနား လွှဲယမ်းကာ စီးနေသည့်ပုံစံကို ကြည့်နေသည့် ဆုပိုင်၏ခန္ဓာကိုယ်များက လိမ့်တက်လာသည်။

ဒီကောင်ကသာ အရင် မြေကမ္ဘာခေတ်မှာဆိုရင် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်တဲ့ထိ ဓားနဲ့အလွှာခံရမယ် ဟုတ်တယ်မလား။ သူက ဉာဏ်ကောင်းလွန်းနေတာလေးပဲ။

တစ်ညတည်းနှင့် တပိုင်က မည်သို့သော် နည်းလမ်းမျိုးကို အသုံးပြုလိုက်ကြောင်း မသိရချေ။ ရွှေမြွေကပင် အလိုအလျောက်ပင် ညီငယ်လေးတစ်ယောက်ကဲ့သို့ သူ၏နောက်လိုက် ဖြစ်သွားသည်။ ဆုပိုင်က တပိုင်ကို ပေးထားသော နည်းပညာမြင့် အသားအချို့ကိုပင် ဆွဲကာ သူ၏ အကိုကြီးဖြစ်သူကို အရင်ကျွေးသေးသည်။

“အိုး”

“အိုး”

“အိုး”

ကောင်းကင်က မဲမှောင်လာပြီး အရှေ့ရှိနှစ်ယောက်လည်း အချိန်ကောင်းရနေကြောင်း မြင်သောအခါ ဆုပိုင်က စိုးရိမ်မနေတော့ချေ။ နောက်သို့လှည့်လိုက်ပြီး သူ၏ရုံးခန်းအတွင်းသို့ လျှောက်သွားလိုက်သည်။

တစ်ညတာ အနားယူပြီးနောက် မနက်ဖြန်ဆိုလျှင် ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်လောက်လေပြီ။

အမြန်ဆုံး အံ့အားသင့်မှုအမှတ် တစ်သောင်းကျော်ကို စုဆောင်းရမယ်။

ဆုပိုင်ကလည်း စနစ်၏မောလ်အတွင်းမှ တိရိစ္ဆာန်အပိုင်းအစများက အချိန်တစ်ခု ကြာသည်အထိ သူ့အတွက် သင့်တော်ဦးမည် မဟုတ်ဟု ခံစားရသည်။ အထူးသဖြင့် အချို့သော မျိုးစိတ်များ ဖြစ်သည်။

{ တိရိစ္ဆာန်အပိုင်းအစမောလ် }

ဆစ်ပါရီယန်ကျား အပိုင်းအစများ : အံ့အားသင့်မှုအမှတ် တစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

တိမ်ကျားသစ် အပိုင်းအစ : အံ့အားသင့်မှုအမှတ် တစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

အာရှဆင် အပိုင်းအစများ : အံ့အားသင့်မှုအမှတ် တစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

မြင်းရိုင်း အပိုင်းအစများ : အံ့အားသင့်မှုအမှတ် တစ်သောင်းနဲ့ လဲလှယ်နိုင်ပါတယ်။

လိပ် အပိုင်းအစများ : အံ့အားသင့်မှုအမှတ် တစ်သောင်းနဲ့ လဲလှယ်နိုင်ပါတယ်။

ခွေးတူဝက်တူ အပိုင်းအစများ : အံ့အားသင့်မှုအမှတ် တစ်သောင်းနဲ့ လဲလှယ်နိုင်ပါတယ်။

...

အချိန်အတန်ကြာ‌အောင် တွေးကြည့်ပြီးသည့်နောက် ဘာဗရီမျောက်တို အပိုင်းအစကိုသာ အရင်ယူရန်သာ ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေ အံ့အားသင့်မှုအမှတ် တစ်သိန်းကို မသုံးပဲ စုထားရန် မဖြစ်နိုင်ချေ။ လက်ရှိအမှတ်တစ်သာင်းနှင့် လဲလှယ်နိုင်သော သားရဲက အမျိုးအစား အနည်းငယ်သာ ရှိသည်။

လိပ်အပိုင်းအစကို လက်လျော့ရမည် ဖြစ်သည်။ လက်ရှိအခြေအနေအရ ကောင်းကင်ပြာ တိရစ္ဆာန်ရုံက ထိုကဲ့သို့သော သတ္တဝါမျိုးကို မွေးရန် မသင့်တော်သေးချေ။ မြင်းရိုင်းအပိုင်းအစနှင့် ခွေးတူဝက်တူတို့အတွက်ကမူ သူတို့ကို သွားကယ်ရမည့် တာဝန်က ထင်သလောက်ထိ မလွယ်နိုင်ချေ။ ထို့ကြောင့် ပြီးမြောက်အောင် လုပ်နိုင်မည် မဟုတ်ချေ။ အဆုံးသတ်တွင် သူ့အတွက် ဘာဗရီမျောက်တိုသာ ကျန်ရစ်သည်။

ပို၍ဆိုးသည်မှာ ထိုဘာဗရီမျောက်များက မြေကမ္ဘာခေတ်တွင် သဘာဝအကျဆုံး မျောက်မျိုးစိပ် ဖြစ်သည်။ သာမာန်အကျဆုံး မျိုးစိတ်လည်း ဖြစ်သည်။ သူတို့က ဉာဏ်ကောင်းသည်။ သဘာဝအလျောက်ပင် တက်ကြွ၏။ အရေးကြီးဆုံးအချက်ကမူ ...

မျောက်တိုများက အသိုင်းအဝိုင်း ဝင်ဆံ့သော တိရိစ္ဆာန်များ ဖြစ်သည်။ ဆုပိုင်ကလည်း ထိုတာဝန်က ပြီးမြောက်သွားလျှင် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံထဲတွင် မျောက်ဥယာဉ်တစ်ခု ပိုရှိလာမည်ဟု ခံစားရသည်။

“အို့”

ဆုပိုင်က အိပ်ယာပေါ်တွင် လှဲနေပြီး ခန္ဓာကိုယ်ကို တစ်ဖက်သို့ လှန်လိုက်သည်။ သူ၏မျက်လုံးက တဖြည်းဖြည်းချင်း မှေးသွားလေရင်း အိပ်ပျော်သွားသည်။

..

လရောင်အောက်တွင် အနက်ရောင်ပုံရိပ် သုံးခုက နံရံ တစ်ဖက်ခြမ်းတွင် ဆောင့်ကြောင့်ထိုင်နေပြီး ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ နောက်ဘက်ခြမ်းသို့ သတိထားကာ ဦးတည်နေကြသည်။

“အကိုကြီး အဲ့ဒီကို ရောက်တော့မယ် ထင်တယ်”

ဝမ်ရှောင်းအာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ထိုနှစ်ယောက်နောက်မှ လိုက်သည်။ သူက ဆွံ့အစွာ ပြောသည်။

“မြန်မြန်လေး ဝင်ရအောင်။ အလုပ်ပြီးရင်တော့ ငါ့ကို အင်္ကျီပြန်လဲခိုင်းနော်”

“ဒါက သားရဲသားရေလေ။ အမျိုးသမီး အဝတ်အစားလိုမျိုး မသက်မသာ ဖြစ်စေတယ်”

“အကိုကြီး ငါ ပြောပါဦးမယ်။ မင်းတို့နှစ်ယောက်လုံးက သာမာန်ဝတ်စုံတွေကို ဝတ်ဆင်ထားကြတယ်။ ငါကတော့ ဘာလို့ ဒီမိန်းမဝတ်စုံကို ဝတ်ထားရတာလဲ”

“ကောင်းပြီ ကောင်းပြီ အထွန့်တက်မနေနဲ့တော့”

ဝမ်ရှောင်းရုန်က သူ၏ အနည်းငယ်ဖောင်းနေသည့် ရင်ဘတ်ကို တစ်ချက်ပြန်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွမ်းများက မဲ့ကျသွားသည်။

“ဒါက ဒီအတိုင်း အမျိုးသားဝတ်စုံ နှစ်ထည်ပဲ ရှိနေလို့ မဟုတ်လား။ ငါတို့က ညဘက်အတွက် သင့်တော်တဲ့ ဝတ်စုံတွေကို ရှာဖို့အတွက်က မလွယ်ဘူးလေ။ ဘာလို့ အထွန့်တက်နေတာလဲ”

“ဒါက မှန်မှမမှန်တာ”

“အကိုကြီး ဒါက ညဘက်ဝတ်အိပ်တဲ့ ဝတ်စုံတွေ မဟုတ်ဘူး။ ဘာလို့ ဘဲလေးကတဲ့ ဝတ်စုံလို့ ခံစားနေရတာလဲ”

“နောက်ပြီး အကိုကြီးတို့ ဝတ်ထားတဲ့ ဝတ်စုံကို ကြည့်ပါဦး။ ညပိုင်း လှုပ်ရှားဖို့အတွက် ဝတ်တဲ့ဝတ်စုံတွေက ခြေထောက်ထိ အုပ်လို့လား”

“ဖြန်း”

“မင်းတို့ စကားတော်တော်များတယ်”

ဝမ်ရှောင်းရုန်က ထိုနှစ်ယောက်ကို ကြည့်ရင်းခေါင်းကိုက်လာသည်။ သူက လေသံတိုးတိုးဖြင့်‌ ပြောသည်။

“အချိန်‌ရောက်တော့မယ် မြန်မြန်လေး ဝင်ရအောင်”

“လုံခြုံမှုကို အဓိကဦးစားပေးရမယ်။ အဓိက ငါတို့ဝင်သွားပြီးရင် စကားပြောလို့ မရဘူး။ ဟန်အမူအယာတွေပဲ လုပ်ရမယ်။ ဒီလိုမှ မင်းတို့ ကလပ်ပျက်လူငယ်မော်ဒယ် ဖြစ်နိုင်မဖြစ်နိုင်တာက သိသာသွားမှာ”

ထိုသုံးယောက်က သူတို့၏မျက်နှာကို အစွပ်များ စွပ်လိုက်ကြသည်။ ထို့နောက် အချင်းချင်း ခေါင်းညိတ်ပြကြရင်း နံရံဆီလှည့်သွားကြ၏။ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက လူရှင်းသော နေရာမျိုးတွင် ရှိသည်။ နံရံများကလည်း မပြင်ဆင်သည်မှာ နှစ်ပေါင်းများစွာ ကြာပုံရသည်။ သိပ်လည်း မမြင့်ချေ။ ထို့ကြောင့် ထိုသုံးယောက်က အလွယ်တကူ ကုန်းတက်၍ရခြင်း ဖြစ်သည်။

ဘန်း

အောက်သို့ ဆင်းသက်ရုံနှင့် ဝမ်ရှောင်းရုန်က မြက်ခင်းနားတွင် ခပ်မြန်မြန် လှဲကပ်လိုက်ပြီး ညီငယ်နှစ်ယောက်ကို အမူအယာကို ပြသည်။

သူက ပုခုံးကိုမြှောက်ကာ ‌ဘေးဘက်သို့ ကားထားသည့် အမူအယာမျိုး လုပ်ပြခြင်း ဖြစ်သည်။

ညီငယ်နှစ်ယောက်ကလည်း သူ့ကိုကြည့်ရင်း စိတ်ရှုပ်ထွေးသွားကြသည်။

ဒါက ဘာကိုဆိုလိုတာလဲ။

ဝမ်ရှောင်းရုန်က ခေါင်းလှည့်ကြည့်သည်။ တစ်ဖက်က နဂိုအတိုင်း ဆက်နေကြောင်း မြင်သောအခါ အော်လိုက်သည်။

“မင်းတို့ အချင်းချင်း နားလည်မှုတောင် မပူး‌ပေါင်းနိုင်ဘူးလား။ ငါ မင်းတို့ကို သင်ပေးထားတဲ့ အမူအယာတွေကို မေ့သွားပြီလား”

“ဥပမာအနေနဲ့ စာရေးပြတာ ပိုမကောင်းဘူးလား”

ပုခုံးမြှင့်ပြီး ဘေးဘက်သို့ လက်မြှောက်ထားသော ပုံသဏ္ဌာန်...

“မင်းတို့ ငါရဲ့ဘေးတစ်ဖက် တစ်ချက်ဆီမှာနေ။ ပြီးရင် ငါတို့အတူတူ ‌‌ရှေ့ဘက်ကို တွားသွားကြမယ်။ အရှေ့က ဥယာဉ်ကို မြင်လား။ ပစ်မှတ်က အဲ့ဒီဥယာဉ်ထဲမှာပဲ”

သူက လေသံတိုးတိုးနှင့် ပြောသည်။ သုံးယောက်လုံးကလည်း ဖင်ဘူးထောင်း ထောင်လိုက်ကြပြီး ကုန်းကုန်း ကုန်းကုန်းနှင့် ပန်ဒါဥယာဉ်သို့ သွားလိုက်ကြသည်။

“ခရက်”

တံခါးကို ညင်သာစွာ ဖွင့်လိုက်ပြီးနောက် ဝမ်ရှောင်းရုန်က အရင်ဝင်သည်။

ထိုအခါ လရောင်အောက်တွင် အရာအားလုံးကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ အဖြူအမည်း ပန်ဒါကြီးက မြေပြင်ပေါ်တွင် လှဲအိပ်နေသည်။

“ကြည့်ရတာ ခလုတ်မဖွင့်ထားတဲ့ပုံပဲ”

ဝမ်ရှောင်းရုန်ကလည်း စိတ်အေးသွားသလို သက်ပြင်းချသည်။

သူတို့မလာခင်ကလည်း ထိုစက်ရုပ်တိရိစ္ဆာန်များက လှည့်ပြေးနေပြီး ထွက်လာမည့် လျှပ်စီးအားက အလွန်မြင့်နေမည့် အခြေအနေကို စိုးရိမ်ခဲ့ရသည်။ အင်အားသုံးပြီးသာ ဖျက်ဆီးလိုက်မည်ဆိုလျှင် အန္တရာယ်များနိုင်လေသည်။ ယခုကြည့်ရသည်မှာ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ပိုင်ရှင်က ဆင်းရဲသောသူ ဖြစ်လောက်သည်။ ထို့ကြောင့် သူက ညဖက်အခြေအနေများတွင် စက်ရုပ်များ အားလုံးကို ခလုပ်ပိတ်ထားခြင်း ဖြစ်လောက်သည်။

ဖျက်ဆီးရတာ ပိုလွယ်သေးတယ်။

ထို့ကြောင့် သူ၏ညီငယ်နှစ်ယောက်ကို ဟန်အမူအယာ ပြလိုက်သည်။ ထိုနှစ်ယောက်၏ အမူအယာများက ကြောင်တောင်တောင် ဖြစ်နေကြောင်း မြင်သောအခါ သူက သက်ပြင်းချပြန်သည်။

“အားလုံးအတူသွားမယ်”

တကယ်ကို ရူးကြောင်ကြောင်နိုင်တာပဲ။ ပူးပေါင်းဆောင်ရွက်မှုက သုညပဲ။

သူတို့သုံးယောက်က မြေပြင်တွင် လှဲလိုက်ကြပြီး မြက်ခင်းရှိရာဘက်သို့ တရွေ့ ရွေ့တိုးသွားလိုက်ကြသည်။

ဖြန်း

ရုတ်တရက် တစ်စုံတစ်‌ယောက်က သူ၏ဖင်ကို လာရိုက်သည်။ ဝမ်‌ရှောင်းရုန်ကလည်း ကူကယ်ရာမဲ့ နောက်လှည့်ကြည့်လိုက်သည်။

ဝမ်‌ရှောင်အာ..(မျက်လုံးပြူးနေသော သ‌ေင်္ကတနှစ်ခု)

ဘာကိုဆိုလိုတာလဲ။

ဝမ်ရှောင်းရုန်က သူ၏ဝမ်းကွဲ ဝမ်ရှောင်းချွမ်ကို ပြန်ကြည့်သည်။

ဝမ်ရှောင်းချွမ်... မျက်လုံးပြူးနေသော အီမိုဂျီ။

မင်းတို့နှစ်‌ယောက် ဘာလုပ်တာလဲ။

ဒီအချိန်မှာ ကစားနေတာလား။

ဝမ်ရှောင်းရုန် .. ဖြန်း

“ဘာလုပ်တာလဲ စကားပြော”

ထိုသုံးယောက်မှ တစ်ယောက်ကို တစ်ယောက် အချိန်အတော်ကြာအောင် စိုက်ကြည့်နေကြသည်။ သို့သော် အကြောင်းပြချက်ကို မရှာနိုင်ချေ။ ဝမ်ရှောင်းရုန်က လေသံတိုးတိုးဖြင့် ဆူပူလိုက်သည်။

“မင်းတို့ အခြေအနေ နားလည်မှု နည်းနည်းလောက် ရှိပေးလို့ရမလား။ မင်းတို့က ဘာလို့ ငါ့ကို အီမိုတီကွန်တွေ လာလုပ်ပြနေရတာလဲ”

“အကိုကြီး”

ဝမ်ရှောင်းအာက တုန်ယင်သွားပြီး အော်ငိုသည်။

“တစ်ခုခုက ငါ့ရဲ့ခြေထောက်ကို ကိုက်သွားသလိုပဲ”

“ဘာ”

ဝမ်ရှောင်းရုန်က ခေါင်းမော့လိုက်သည်။ သူက တိတ်တဆိတ်နှင့် နောက်ကိုပြန်ဆုတ်လိုက်၍ ဝမ်ရှောင်းအာ၏ ဘေးဘက်သို့ သွားကာ သူ၏လက်ဖြင့် ထိကြည့်လိုက်သည်။

“မင်း တစ်ခုခုနဲ့ ခြစ်မိတာ ဖြစ်နေတာမလား။ တစ်ခုခု ကိုက်တယ်ဆိုတာ ထူးဆန်းမနေဘူးလား”

“စိတ်ရှည်ရှည်ထား အကိုကြီးဆီကနေ နမူနာယူ။ အကိုကြီးက တည်တည်ငြိမ်ငြိမ်နဲ့ ဦးဆောင်သွားပေးမယ်”

“နေဦး ဒီလက်တွေက အရမ်းကို ချောမွေ့ပြီး အေးစက်နေတာလား”

“ကောင်လေး မင်းရဲ့ဘဲလေးဘောင်းဘီပေါ်မှာ ကြေးခွံတွေတောင် ရှိတာလား။ အရမ်းလန်းတာပဲ”

“ဟစ် ဟစ် ဟစ်”

ရုတ်တရက် သူ၏လည်ချောင်းက နာသွားသည်။ ထို့နောက် ထူးဆန်းသောအသံများက ထွက်ပေါ်လာသည်။

“အား ဒါက ဘာကြီးလဲ”

ဝမ်ရှောင်းရုန်က သူ၏လက်ဖဝါးကို ကိုင်ထားနေသည့် ထူထဲတုတ်ခိုင်ပြီး ချွဲကျိကျိနှင့် အေးစက်သော အရာကြီးကို ကြည့်လိုက်ပြီး အသားကုန် ကုန်းကာ အော်ဟစ်လိုက်သည်။

++++++

အပိုင်း(၁၄)

“အား အား အား”

“ကယ်ကြပါ ကယ်ကြပါ”

“တစ်‌ယောက်ယောက် လာကယ်ကြပါ။ ဒီမှာ လူသတ်နေပါတယ်”

ဆုပိုင်က ရုံးခန်းအတွင်းတွင် အိပ်နေရာမှ တိရိစ္ဆာန်ရုံဘက်မှ လာသည့် ကျယ်လောင်သော အော်သံများကြောင့် လန့်နိုးလာသည်။ သူက အိပ်ယာပေါ်မှ ခပ်မြန်မြန် ကုန်းထွက်လိုက်ပြီး တံခါးကို ခပ်မြန်မြန် ဖွင့်ကာ ထွက်ပြေးလာသည်။

“ဘာဖြစ်တာလဲ”

တိရိစ္ဆာန်ရုံထဲမှာ ငါတစ်ယောက်တည်း ရှိတာပါ။ ဘယ်လိုဖြစ်ပြီး အော်ပြီး အကူအညီတောင်းတဲ့ အသံကို ကြားနေရတာလဲ။

တစ်ယောက်ယောက်ဝင်လာလို့လား။

သံသယအပြည့်နှင့် ဆုပိုင်က အသံအရင်းအမြစ် ရှိရာဘက်သို့ သွားလိုက်သည်။

“ပန်ဒါဥယာဉ်အတွင်းကလား”

အသံက ဥယာဉ်အတွင်းမှ လာခြင်းဖြစ်သည်။

တပိုင်လား။

“အိုး”

ဘေးဘက်မှ တပိုင်၏တုံ့ပြန်သံကို ကြားလိုက်ရသည်။ ထိုအခါမှသာ ဆုပိုင်က စိတ်အေးသွားသလို သက်ပြေးရှည်ကြီးကို ချလိုက်သည်။ ပန်ဒါကြီးက အဆင်ပြေသည်။

ဒါပေမယ့် တစ်ယောက်ယောက်က ဒီအထဲကို ခိုးဝင်လာတာလား။

ပန်ဒါဥယာဉ် တံခါးကို တွန်းဖွင့်လိုက်ပြီးနောက်တွင် ဆုပိုင်က မျက်လုံးကို ပွတ်သပ်လျက် ရှေ့သို့ ကြည့်လိုက်သည်။ သူ၏ခြေထောက်က အတွင်းဘက်ပိုင်းသို့ ကောင်းကောင်း ခြေမချနိုင်သေးခင် ရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်စွာ တွေ့လိုက်ရသည်။

လရောင်အောက်တွင် ...

ဖျော့တော့သော ခန္ဓာကိုယ်သုံးခုက ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်သား ရှိနေကြပြီး သူတို့သုံးယောက်၏ ခန္ဓာကိုယ်ကို ‌ရွှေမြွေ၏ ခန္ဓာကိုယ်က တင်းကြပ်စွာ ရစ်ပတ်ထားသည်။

သူတို့သုံးယောက်၏ အရှေ့တွင်လည်း ပန်ဒါကြီးက မြေပြင်တွင် ထိုင်ရင်း ဝါးမျှစ်ကို ကြိတ်ချေကာ ဝါးနေကာ ရှေ့မှသုံးယောက်ကို မကြာခဏဆိုသလို ကြည့်နေသည်။

“တပိုင်”

ဆုပိုင်က လေထုအခြေအနေက အနည်းငယ် ထူးဆန်းကြောင်း သတိထားသဖြင့် သတိကပ်လျက် အော်လိုက်သည်။

“ဖြန်း ဖြန်း ဖြန်း”

ထိုအခါ တပိုင်က မြေပြင်ပေါ်မှ ကုန်းထလာပြီး လက်ဝါးကို မြှောက်ကာ သူတို့သုံးယောက်၏ ခေါင်းကို တဖြန်းဖြန်း ရိုက်လိုက်သည်။ ကြွတ်ဆတ်သော အသံကပင် ထွက်လာ၏။

“ကယ်ကြပါ ဝူး ဝူး ဝူး ဒီနှစ်ကောင်ကို ဝေးဝေးသွားခိုင်းပေးပါ”

ဝမ်ရှောင်းရုန်က တစ်ကိုယ်လုံး တုန်လျက် မြေပြင်တွင် ဒူးထောက်နေသည်။ ကြီးမားသော မြွေခေါင်းကြီးက ပုခုံးပေါ်တွင် ရှိနေ၏။

သူ၏အသားအရည်ကို ထိမိနေသည့် ထိုမြွေထံမှလာသော အေးစက်ပြီး ကျောစိမ့်ဖွယ်ကောင်းသော ကြေးခွံထန်းကို ခံစားရလေသည်။

ဒါက ဘယ်လို အလုပ်မျိုးလဲ။

သူသာ စောစောသိခဲ့ရင် တစ်သိန်းမပြောနဲ့ တစ်သန်းပေးမယ်ဆိုရင်တောင် မလာပါဘူး။

အရှေ့မှနှစ်ကောင်ကို ကြည့်ပါဦး။ ဘယ်လိုနည်းနဲ့မှ စက်ရုပ်သားရဲ မဟုတ်ဘူး။

ရိုးရိုးရှင်းရှင်းပဲ ပြောရရင် မိစ္ဆာတွေ။

အထူးသဖြင့် အရှေ့က ဝက်ဝံပေါ့။ ကြည့်လိုက်တော့ ရိုးသားပုံနဲ့ အနားကို ရောက်လာတာနဲ့ တဖြန်းဖြန်း ဆက်တိုက် ရိုက်နေတယ်။ သူတို့ကိုယ်ပေါ်က ဘဲလေးဝတ်စုံကိုတောင် ဆွဲခွာပစ်သေးတယ်။

“မင်းတို့က ဘယ်သူတွေလဲ”

ဆုပိုင်က တပိုင်၏ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး သူ၏နဖူးကို အသာပုတ်လျက် အရှေ့မှ လူသုံးယောက်ကို ကြည့်သည်။

“ငါတို့ ငါတို့ လမ်းပျောက်သွားလို့ပါ”

“အိုး”

ဆုပိုင်က ပွေ့ထားသော တပိုင်က တစ်ဖန်ခုန်ထွက်သွားပြီး ဝမ်ရှောင်းရုန်ကို မြေပြင်ပေါ်သို့ တွန်းလှဲလိုက်ကာ ခပ်ကြမ်းကြမ်း ရိုက်သည်။

သူ၏ပါးစပ်ကလည်း ခပ်ကျယ်ကျယ်ဖွင့်ထားရင်း အံကြိတ်သံကို ပြုလုပ်နေသေးသည်။

“အား အား အား သူ့ကို မြန်မြန် လွှတ်ပေးခိုင်းလိုက်ပါ”

“သူ့ကို မြန်မြန် ဆင်းခိုင်းလိုက်ပါ။ ငါတို့ကို ငါတို့ကို တစ်ယောက်ယောက်က ငှားထားတာပါ။ ငါတို့က စက်ရုပ်သားရဲကို ဖျက်ဆီးဖို့ ‌ရောက်လာတာပါ။ ကျေးဇူးပြုပြီး မြန်မြန်လေး ဆင်းခိုင်းပေးပါ”

ဝမ်ရှောင်းရုန်ကလည်း သူ၏အရှေ့မှ ဝက်ဝံ၏အစွယ်များကို ကြည့်နေရင်း သူ၏သေးကိုပင် မထိန်းထားနိုင်တော့ချေ။ သူက ခန္ဓာကိုယ်ကို ကျုံ့လျက် အသားကုန် အော်ဟစ်ကာ အကူအညီတောင်းခံသည်။

အဖမ်းခံလိုက်ရတာက တော်ပါသေးတယ်။ အနည်းဆုံး သူ သေတော့မသေနိုင်ဘူးပေါ့။

နောက်ပြီး ဒီကောင်းကင်ပြာ တိရစ္ဆာန်ရုံက သူဌေးဖြစ်ဖြစ်၊ အဲ့ဒီ တော်တော်လေးကို အစစ်အမှန်လို့ ထင်ရတဲ့ စက်ရုပ်တိရိစ္ဆာန် နှစ်ကောင်ပဲဖြစ်ဖြစ် ဘယ်လိုပဲကြည့်ကြည့် ကြောင်တောင်တောင်နိုင်ပြီး ကြောက်စရာကောင်းလွန်းတယ်။

“ဒီကို ပြန်လား”

“ဟိုး”

ဆုပိုင်က‌ အော်လိုက်သည်။ တပိုင်က ဒေါသတကြီး နောက်သို့ဆုတ်လိုက်သည်။ သူက မြေပြင်တွင် ထိုင်ချသည်။ သူ၏ဝါးကို ပြန်ဝါးနေသည်။ သို့သော် အရှေ့မှ လူသုံးယောက်ကိုမူ မဲမှောင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသေးသည်။

မုန်းဖို့ကောင်းလိုက်တာ။

ဘာလို့ သူ့ရဲ့စားစရာကို လာလုမဲ့သူတွေ များသထက်များနေတာလဲ။

တပိုင်က တွေးလေလေ ဒေါသထွက်လာလေလေ ဖြစ်လာပြီး အံကြိတ်သံက ထွက်လာသည်။ ထိုသို့ဖြင့် သူ၏သွားကြိတ်သံ တကြွတ်ကြွတ်က ထွက်လာသည်။

“စက်ရုပ်တိရိစ္ဆာန်တွေကို ဖျက်ဆီးဖို့ ဟုတ်လား”

ဆုပိုင်က ‌အော်သည်။ သူ၏မျက်နှာက မဲမှောင်သွားသည်။

သူက မည်သူ့ကိုမှ ရန်မစမိခဲ့ပါ‌ချေ။ သို့သော် ... ဒီလိုတွေးကြည့်မှ ... ဆုပိုင်ကလည်း အနည်းငယ် ထိတ်လန့်သွား၏။ ကံကောင်းစွာဖြင့် တပိုင်တို့အားလုံးက သတိအပြည့် ကပ်နေကြသည်။ ထိုသုံးယောက်က မအောင်မြင်သွားခဲ့ချေ။ အောင်မြင်သွားခဲ့လျှင် အကျိုးဆက်က ဆိုးရွားသွားနိုင်သည်။

ထိုအကြောင်းအရာကို တွေးမိသော် ဆုပိုင်က ထိုသုံးယောက်ကိုကြည့်ပြီး သူ၏မျက်နှာက သုန်မှုန်သွားသည်။

“တပိုင် သူ့ကို ကိုင်တွယ်ထားလိုက်”

ဆုပိုင်က တပိုင်၏နဖူးကို အသာပွတ်သပ်လိုက်ပြီး နောက်ပြန်လှည့်ကာ ပန်ဒါဥယာဉ်ထဲမှ ထွက်သည်။

အချိန်ကနောက်ကျနေလေပြီ။ ထို့ကြောင့် ရဲမခေါ်သင့်ပေ။ ထို့ကြောင့် မနက်ဖြန်မနက်ထိ စောင့်ပြီးမှသာ ထိုသုံးယောက်ကို ပို့ရပေမည်။

“စနစ် တိရိစ္ဆာန်ရုံအတွက် လုံခြုံရေးစနစ် တပ်ဆင်ပေးလို့ရမလား”

“ဆယ်သန်း ကုန်ကျမယ်။ hostက တပ်ဆင်ချင်ပါသလား”

“တပ်လိုက်”

ဆုပိုင်က အံကြိတ်ကာ ပြောလိုက်သည်။

အနာဂတ်တွင် ပို၍များပြားသော တိရိစ္ဆာန်များက ရောက်လာပေလိမ့်မည်။ ယခုလိုအခြေအနေမျိုး အနည်းနှင့်အများ ထပ်ဖြစ်လာနိုင်၏။ ဆယ်သန်းကလည်း ဆယ်သန်းသာဖြစ်သည်။ စီးပွားရေး အခြေအနေက ချောမွေ့လာခဲ့သော် အနည်းနှင့်အများ ပိုက်ဆံပြန်ရှာနိုင်ပေလိမ့်မည်။

နောက်ပြီး တိရိစ္ဆာန်ရုံထဲမှာ အရေးကြီးဆုံး အဖိုးတန်ဆုံးအရာက ဘာလဲ။

ဒါပေါ့ ဒါက တိရိစ္ဆာန်လေ။ တိရိစ္ဆာန်တွေရဲ့ လုံခြုံရေးနဲ့ ပက်သက်ပြီး ကျန်တာက အရေးမကြီးနိုင်တော့ဘူး။

သူက စိတ်ဆုံးဖြတ်ပြီးနောက် ပြန်လည်အိပ်လိုက်ပြန်သည်။ မနက်ဖြန် မနက်ဆိုလျှင် ပုံမှန်အတိုင်း လုပ်ငန်းကို ပြန်ဖွင့်မည်ဖြစ်သည်။ ထို့ကြောင့် ဖြတ်လက်တက်ကြွနေရန် လိုအပ်သည်။

...

နောက်တစ်နေ့ မနက်ခင်း အစောပိုင်းတွင်

တစ်ညလုံး နှိပ်စက်ခံရပြီးနောက် ထိုသုံးယောက်လုံး၏ စိတ်ဓာတ်အခြေအနေက ပြိုလဲကျသွားပြီ ဖြစ်သည်။ လုံခြုံရေး ဌာနခွဲက လာရောက်ခေါ်ဆောင်သွားပြီးနောက် ဆုပိုင်က တံခါးဝမှ ရွက်ကြွေများ အားလုံးကို လှဲကျင်းလိုက်သည်။ ထို့နောက် လက်မှတ်ကောင်တာတွင် တက်ထိုင်ကာ စီးပွားရေးလုပ်ငန်း စရန် အသင့်ပြင်လိုက်သည်။

“ဦးလေး”

ရုတ်တရက် မင်းသမီးဝတ်စုံနှင့် ကောင်မလေးက လက်မှတ်ဝယ်ရန် ပြတင်းပေါက်သို့ ရောက်လာပြီး ဆုပိုင်၏အ‌ရှေ့တွင် လက်ရမ်းပြသည်။

“ဘေဘီက ဒီနေ့ စောစောရောက်လာတယ်”

“ဟ ဟ”

ဆုပိုင်က ချစ်ရာကောင်းသည့် ကောင်မလေးကို ကြည့်ပြီး ရယ်လိုက်သည်။

“ကောင်းပြီ ကောင်းပြီ လက်မှတ်နှစ်စောင်ပေးပါ”

“ဒီနေ့ တိရိစ္ဆာန်အသစ်တွေ ရှိနေတယ်”

ဆုပိုင်က အပြုံးနှင့်အတူ လက်မှတ်နှစ်စောင်ကို ပေးလိုက်သည်။ ထို့နောက် လမ်းကိုတစ်လျှောက် မော့ကြည့်လိုက်သည်။ မနက်အစောပိုင်းသာ ဖြစ်နေသဖြင့် လူအများအပြား မရောက်လာတာ ဖြစ်နိုင်သည်။

“လာ လာ လာ ငါမင်းတို့ကို အဖော်ပြုပြီး အဲ့ဒီကို လိုက်ပို့ပေးမယ်။ ဘေဘီ ဘေဘီကို တိရိစ္ဆာန်အသစ်လေးတွေနဲ့ မိတ်ဆက်ပေးရမယ်”

သူက တက်ကြွနေသော ထိုကောင်မလေးကို ဦးဆောင်ကာ ပန်ဒါဥယာဉ်ရှိရာသို့ လျှောက်သွားလိုက်သည်။ အတွင်းတွင် ပန်ဒါတစ်ကောင်က ရှိသော်လည်း ထိုတစ်ကောင်ကတင် ထိုကောင်မလေးကို အချိန်အတော်ကြာ ကစားရန် လုံလောက်နေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ တပိုင်က စက်ရုပ်တိရိစ္ဆာန်မဟုတ်ချေ။ သူက ဉာဏ်ရည်မြင့်သည်။ ထို့‌ကြောင့် ကလေးကို ချော့ရန် လွယ်ကူလေသည်။

“သူဌေးဆု တိရိစ္ဆာန်ရုံက တော်တော်လေး ပြောင်းလဲသွားတာပဲ”

ကောင်းရွဲက ဘေးဘီကို လှည့်ကြည့်နေသည်။ သူမ၏သမီးကို ချစ်မြတ်နိုးစွာ ပြန်ကြည့်ပြီး တုန့်ဆိုင်းကာ ပြောသည်။

“ဘေဘီကို ဒီနေရာမှာ နာရီအနည်းငယ်လောက် ထားခဲ့ပေးလို့ ရမလား။ ကျွန်မ _ _ _”

“ရပါတယ် ရပါတယ်”

ဆုပိုင်က လက်ရမ်းလိုက်သည်။

“မင်း လုပ်စရာရှိရင် သွားလုပ်ပါ။ မစိုးရိမ်နဲ့။ ငါ ဒီကောင်လေးကို ကြည့်ထားပေးမယ်”

“ကျေးဇူးအများကြီး တင်ပါတယ်”

တစ်ချက်ကြည့်ရုံဖြင့်တင် ထိုကလေးအမေ၏မျက်နှာက အတန်ငယ် ထူးဆန်းနေကြောင်း မြင်နိုင်သည်။ သို့သော် ဆုပိုင်ကမူ အများကြီး မမေးလိုက်ပါချေ။

အရှေ့မှ ကလေးလေးကလည်း သူ့ဆီလာနေကြ ပရိတ်သတ်တစ်ယောက် ဖြစ်သည်။ အပတ်တိုင်းလိုလို ရောက်လာတတ်၏။

“ဘေဘီ ဦးလေးဆီမှာ လိမ်လိမ်မာမာ နေခဲ့ရမယ်နော်။ မားက သိပ်မကြာခင် ပြန်လာမယ်။ ဟုတ်ပြီလား”

ဆုပိုင်ကလည်း ကောင်မလေးကို ကူညီပြီး အဝတ်များကို သပ်ရပ်သွားအောင် ဖြန့်ပေးလိုက်သည်။ ထို့‌နောက် လက်ကို ရမ်းလိုက်ရင်း အပြုံးနှင့်အတူ ဝင်လာခဲ့လိုက်သည်။

“အိုး အို့ အို့ ဒါက ဘာလဲ ဦးလေး”

ထိုဘေဘီက ပန်ဒါဥယာဉ်အပြင်ဘက်တွင် ရပ်လျက် အတွင်းမှ မြေပြင်တွင် လှဲနေသော တပိုင်ကို လှမ်းကြည့်သည်။ သူမက သီချင်စိတ် ပြင်းပြစွာဖြင့် မေးသည်။

“ဘာလို့ ဘေဘီထက်တောင် ချစ်ဖို့ကောင်းနေတာလဲ”

“ဟား ဟား ဟား”

ဆုပိုင်က တံခါးကို တွန်းဖွင့်လိုက်ပြီး အတွင်းသို့ ဝင်သည်။ ကောင်မလေးကိုလည်း သူက ချီပွေ့လျက် ခေါ်သွားသည်။

တစ်ညလုံးနီးပါး ကြိုးစားအားထုတ်ထားသောကြောင့် တပိုင်က မနက်ထိ မအိပ်ခဲ့ရချေ။

ဥယာဉ်အတွင်း တစ်စုံတစ်ရာက ချဉ်းကပ်လာကြောင်း မြင်သောအခါ သူ၏နူတ်ခမ်းများက ကော့တက်သွားသည်။ သို့သော် မျက်လုံးကမူ မဖွင့်လာချေ။

သေချာပေါက် အဲ့ဒီသူဌေးဆိုတဲ့ကောင် ဖြစ်မယ်။ သူက အမြဲ လက်ဗလာနဲ့ လာလာတယ်။ ယဉ်ကျေးမှုတောင် မရှိဘူး။

“ဂါး နူးညံ့နေတာပဲ”

“ဦးလေး ဒါက ဘယ်လိုတိရိစ္ဆာန်လဲ။ ထိရတာ နူးညံ့လိုက်တာ”

“ဟင်”

သေးငယ်သော လက်တစ်စုံက သူ၏နဖူးကို ပွတ်လာကြောင်း ခံစားမိသဖြင့် တပိုင်က မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်သည်။

“တပိုင်”

ဆုပိုင်ကလည်း သူနိုးလာကြောင်း သိလိုက်သည်။ ထိုအကောင်က ရူးသွပ်သွားပြီး ကောင်မလေး၏ မင်းသမီးဝတ်စုံကို ဆွဲဖြဲမည့်အရေးကို စိုးရိမ်သွားသည်။

“ဘား... “

“ဘား”

မမျှော်လင့်ထားသည်မှာ တပိုင်က ‌ရှေ့ဘက်သို့ ထရပ်လာသည်။ ထို့နောက် မြေပြင်တွင် ပြန်လည် ဖင်ထိုင်ချလိုက်ပြီး ကောင်မလေးကို လက်မောင်းအတွင်းသို့ ဆွဲ့ပွေ့လိုက်ကာ ချီလိုက်သည်။ ထို့နောက် ဆုပိုင်ကို သတိအပြည့်ကပ်လျက် ကြည့်သည်။

ဒီကလေးမလေးက င့ါအပိုင်ပဲ။

ငါ့ဆီက လာမခိုးနဲ့။

++++++

အပိုင်း(၁၅)

“ဘာဖြစ်တာလဲ”

“ဒီနေ့ မဖွင့်ဘူးလား”

“ဟုတ်သားပဲ။ ငါနောက်ဆုံးတော့ ဒီနေရာကို ရောက်လာခဲ့ရတာ။ ပြောထားတဲ့အတိုင်းဆိုရင် အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ဝက်ဝံကြီးတစ်ကောင် ရှိတယ်တဲ့။ ဒါပေမယ့် ဘာဖြစ်လို့ မမြင်ရတာလဲ”

“အဲ့ဒီနေ့က တံခါးဝမှာ ရှိတာ တွေ့လိုက်ပါတယ်။ ဒါကြောင့် အထူးတလည် ရောက်လာခဲ့တာလေ။ ငါ့ရဲ့ ကလေးတွေကိုလည်း ထပ်ပြချင်လို့လေ”

ကောင်းကင်ပြာ တိရိစ္ဆာန်ရုံဝင်ပေါက်မှ လူတစ်အုပ်က ကျယ်လောင်စွာ အော်ဟစ်နေသည်။

သူတို့ကလည်း တစ်နေ့က မြင်ခဲ့ရသော ချစ်စရာကောင်းသော ပန်ဒါအကြောင်း ပြောနေကြခြင်း ဖြစ်သည်။

“သူဌေးဆုက မနေ့ကလည်း မဖွင့်ဘူးဆိုတော့ အရေးကြီးကိစ္စ ရှိနေလို့များလား။ ဒါပေမယ့် သူဒီနေ့ ဖွင့်မယ်လို့ ပြောထားမယ် မဟုတ်လား”

ရွယ်ဟောင်ယွီက တံခါးဝတွင် ရပ်နေပြီး ဖုန်းကိုသာ တစ်ချိန်လုံး စိုက်ကြည့်ကာ မျက်မှောင်ကျုံ့နေသည်။

“အိပ်နေတာများလား”

သူက တစ်နေ့လုံးပန်ဒါကို မမြင်ရသေးချေ။ ထို့ကြောင့် တစ်ညလုံး အိပ်ပင် မအိပ်နိုင်ခဲ့ချေ။ ထို့ကြောင့် ရေဒီယိုဌာနမှဆိုင်းငံ့ထာားသည့်တိုင်အောင် ရွယ်ဟောင်ယွီက စိတ်ဓာတ်မကျပါချေ။ အနည်းငယ်ပင် ပျော်နေသေးသည်။

အစစ်အမှန် တိရစ္ဆာန်များကို မြင်ရပြီးနောက် ရွယ်ဟောင်ယွီက သူ၏အနာဂတ် အသက်မွေးဝမ်းကြောင်းကို ရှာတွေ့သွားပြီ ဖြစ်သည်။

လောကရှိလူများက နားမလည်ကြသေးချေ။ အစစ်အမှန် တိရစ္ဆာန်ပေါ်လာကြောင်းကို မယုံကြည်ကြသေးချေ။ ထို့နောက် သူက ထိုအကြောင်းကို သူကိုယ်တိုင် နာမည်ဖြင့် ရီပို့တင်နိုင်သည်။ သူသည် ဌာနမှမလုပ်နိုင်လျှင် သူက သတင်းစာများကို သုံးနိုင်သေးသည်။ သတင်းစာများက မလုပ်နိုင်သေးလျှင် အင်တာနက်များကို သုံး၍ရသည်။

အနှေးနှင့်အမြန် လူများက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံထဲတွင် အစစ်အမှန်တိရိစ္ဆာန်များ ရှိနေကြောင်း မြင်တွေ့ကြရမည်။

ရွယ်ဟောင်ယွီလည်း ဆုပိုင်၏နောက်ကွယ်တွင် အင်အားကြီးမားသည့် သုတေသနဌာနတစ်ခု ရှိသော ဆုပိုင်က သိုသိပ်စွာ နေတတ်ပြီး ဟန်ကျိုး၏မြို့ပြင်တွင်သာ အေးအေးဆေးဆေး နေတတ်သည့်တိုင်အောင် သူ့တွင် အကြံအစည် ရှိမည်ဟု ယူဆရသည်။ ကောင်းကင်ပြာ တိရိစ္ဆာန်က အကြောင်းပြချက် တစ်ခုသာ ဖြစ်လောက်သည်။

ဘန်း

သူက လက်ဆန့်ထုတ်ပြီး ယိုယွင်းနေသာ တံခါးကို အသာပုတ်လိုက်သည်။ ရွယ်ဟောင်ယွီ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး နောက်သို့လွှင့်သွားသည်။ အရှေ့ရှိတံခါးက အပြာရောင် လျှပ်စီးများ ဖြတ်သွားသည်။

“လုံခြုံရေးစနစ်က ပြင်းထန်လွန်းလိုက်တာ”

ထိုအခြေအနေကို မြင်သောအခါ ရွယ်ဟောင်ယွီကလည်း သူ၏ခန့်မှန်းမှုက မှန်ကန်ကြောင်း တွေ့လိုက်သည်။ ကောင်းကင်ပြာတိရိစ္ဆာန်၏ အနောက်တွင် network တစ်ခုလုံးကို ဦးဆောင်နိုင်သည့် သုတေသနအဖွဲ့တစ်ခု ရှိလောက်သည်။

“အားလုံးပဲ မလှုပ်ရှားကြပါနဲ့။ ဒါက အလိုအလျောက် ခုခံတဲ့စနစ်တစ်ခုကို တပ်ဆင်ထားတဲ့ပုံပဲ။ သူဌေးဆုက မကြာခင် ရောက်လာလိမ့်မယ်”

ကလစ်

ဆုပိုင်က တံခါးကို ဖွင့်လိုက်သည်။ အရှေ့ဘက်မှ လူအုပ်ကို မြင်သောအခါ ကြောင်သွား၏။ သူက အချိန်ကို ကြည့်လိုက်သည်။ အချိန်က ဆယ်နာရီထိုးကာစ ဖြစ်သည်။ လူကမူ အလွန်များနေ၏။

“သူဌေး ထွက်လာပြီ။ မြန်မြန်လေး လက်မှတ်ရောင်းပါ”

“ပျော်မနေကြနဲ့ ငါ အရင်လာတာ ငါ အရင်လာတာ”

“သူဌေးဆု လက်မှတ်ဝယ်ရအောင် ငါတို့ တပိုင်ကို သွားကြည့်ချင်ပြီ”

မိဘတစ်အုပ်ကလည်း လက်မှတ် ပြတင်းပေါက်နားတွင် ပိတ်နေကြသည်။ သူတို့ကလည်း လက်ထဲတွင် ပိုက်ဆံများကို ကိုင်ထားပြီး အခြားသူများက လုယက်ဝယ်သွားမည်ကို စိုးရိမ်နေကြသည်။

လူတိုင်းကလည်း ထိုနေ့က အဖြစ်အပျက်ကို မြင်လိုက်ရသည်။ သူတို့က ရှေ့ဆုံးတွင်သာ ရပ်ပြီး ကြည့်နိုင်မည်ဆိုလျှင် အားသာချက် ရှိပေလိမ့်မည်။ နောက်ပိုင်းတွင် ဝင်တိုးခံရလျှင်မူ အခြေအနေက ခက်ခဲသွားနိုင်၏။

“အားလုံးပဲ မအုံနေကြပါနဲ့။ အချိန်ယူကြပါ။ တစ်ယောက်ချင်းစီ လာကြပါ”

ဆုပိုင်က လက်မှတ်များကို ထုတ်ပြီး ဧည့်သည်များကို တစ်ယောက်ပြီးတစ်ယောက် ပေးသည်။

“သူဌေးဆု”

ရွယ်ဟောင်ယွီက ဘေးဘက်တွင် ရပ်လျက် သူ့ကို အပြုံးနှင့် နူတ်ဆက်ကာ အတွင်းသို့ ဝင်လာသည်။

“ဘန်း”

သို့သော် ဖောက်ထွင်းမြင်ရမတတ် ကြည်လင်သည့် အလွှာက သူ့ကိုတားကာ နောက်ပြန်တွန်းလေသည်။

“လက်မှတ်ဝယ်”

ဆုပိုင် နူတ်ခမ်းက ကော့တက်သွားသည်။ သူက လှမ်းကြည့်လိုက်သည်။

စနစ်က ထောက်ပံ့ပေးထားသော ခုခံမှုစနစ်က ကျော်ကြားမှုနှင့် ထိုက်တန်သည်။ မည်သူကမှ လက်မှတ်မပါပဲ ဝင်နိုင်မည် မဟုတ်ချေ။

“အိုး”

“ငါ မြန်မြန် လုပ်ရမယ်။ ထိုင်ခုံလိုအပ်တယ်”

ရွယ်ဟောင်ယွီက ခပ်တိုးတိုး ရေရွတ်ရင်း လက်မှတ်ကို လုသည်။ သူက နေရာကောင်း မရမည့် အခြေအနေကို စိုးရိမ်သွားသည်။

“လာ လာ လာ ငါ့ကိုဝင်ခွင့်ပေး။ ငါက ဝန်ထမ်းအဖွဲ့ဝင်ပါ”

ကလေးအနည်းငယ်ကို ‌ဘေးသို့တွန်းဖယ်ပြီးနောက် ရွယ်ဟောင်ယွီက နောက်ဆုံးတွင် ဥယာဥ်အတွင်းမှ အခြေအနေကို မြင်နိုင်သွားပြီ ဖြစ်သည်။ သို့ရာတွင် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရချိန်တွင် ရွယ်ဟောင်ယွီက ကင်မရာကို ခပ်မြန်မြန် ကောက်ကိုင်လိုက်ပြီး ရူးသွပ်စွာ ရိုက်သည်။

ဥယာဉ်အတွင်းတွင် မိန်းမငယ်လေး တစ်ယောက် ရှိနေသည်။ ထိုမိန်းမငယ်လေးက တပိုင်၏ကျောပေါ် တက်စီးပြီး လက်ကိုဆန့်ထုတ်လျက် မရပ်မနား အော်ဟစ်နေသည်။

“ဒါက ... ပါ ငါလည်း သွားချင်တယ် ဝူး ဝူး ဝူး ငါလည်း စီးချင်တယ်”

“အရမ်းပျော်စရာကောင်းမယ့်ပုံပဲ ငါလည်း ဝင်ချင်တယ်”

“မနာလိုလိုက်တာ ငါတို့ကလေးတွေ ဝင်လို့ရနိုင်တာလား”

မိဘတစ်အုပ်ကလည်း ရွယ်ဟောင်ယွီကို ဗဟိုပြုလျက် ဝိုင်းနေကြပြီး အမျိုးမျိုးသော မေးခွန်းများကို မေးနေသည်။

“ဒါက ...”

“ဝင်လို့ရသေးတယ်”

“အားလုံးပဲ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးကြပါ။ ကလေးတွေပဲ ဝင်လို့ရပါတယ်”

ရုတ်တရက် အသံက နောက်လှည့်ကြည့်သည့်အချိန်တွင် သူဌေးဆုက ‌ရောက်နေကြောင်း တွေ့လိုက်ရသည်။

“သူဌေး ကလေးတွေ တကယ် ဝင်လို့ရတာလား။ ငါတို့ရဲ့ ကလေးတွေက နာခံမှု ရှိပါတယ်။ ဒါကြောင့် မဖျက်ဆီးပါဘူး”

“ဒီအတိုင်း ငါတို့ကလေးတွေက စိတ်အားထက်သန်လွန်းပြီး အထဲက တိရိစ္ဆာန်လေးတွေကို ထိတွေ့ချင်ရုံပဲ”

“သူဌေးက သဘောထားကြီးလိုက်တာ။ ကလေးတွေ အထဲကိုဝင်ပြီး ပျော်ပါးလို့ရတဲ့ တိရိစ္ဆာန်မျိုး မရှိသေးဘူး”

“ဟ ဟ ရပါတယ်။ ကလေးတွေကတော့ ပြဿနာရှိမှာ မဟုတ်ဘူး”

ဆုပိုင်က ပြုံးလိုက်ပြီး တံခါးကို ဖွင့်ပေးသည်။ ထိုသို့ဖြင့် ကလေးများကို ဝင်စေသည်။

အချင်းချင်း သိကျွမ်းလာသည်မှာ ရက်အနည်းငယ် ကြာခဲ့ပြီးနောက် ထိုပန်ဒါက ဖျက်ဆီးတတ်လေ့ မရှိကြောင်း နားလည်လာသည်။ တပိုင်က တစ်နေ့လုံး ဒန်းကိုသာ စီးနေပေလိမ့်မည်။ နောက်တစ်နေ့တွင်လည်း သူ၏စိတ်အခြေအနေက အလွန်ကောင်းမွန်နိုင်၏။

စနစ်ကလည်း အလွန်ထူးခြားသော တိရိစ္ဆာန်မျိုးကို ဖန်တီးပေးထားခြင်း ဖြစ်သည်။ ဥယာဉ်အတွင်းရှိ ပျက်စီးသွားသော အလိုအလျောက် ပြင်ဆင်နိုင်သေးသည်။

“ဟစ် ဟစ် ဟစ်”

ကလေးတစ်အုပ်က ဥယာဉ်အတွင်းသို့ ဝင်ကာစသာ ရှိသေးသည်။ လူလက်မောင်း တစ်လုံးစာခန့် တုတ်ခိုင်သော မြွေကြီးတစ်ကောင်က ဘေးဘက်မှ တဖြည်းဖြည်းချင်း တွားသွား၍လာသည်။

မြွေခေါင်းက မြှောက်သွားပြီးနောက် သိချင်စိတ်ပြင်းပြစွာဖြင့် ကလေးများကို ကြည့်သည်။

“ဒါက ဘာလဲ”

လူတိုင်းကလည်း ‌ရွှေမြွေကြီးကို ကြည့်ကာ နေရာတွင်ပင် တောင့်ခဲသွားကြသည်။

ထိုရွှေမြွေကဲ့သို့သော ပုံသဏ္ဌာန်က တစ်ကိုယ်လုံးရွှေရောင် အတိပြီး၍ တောက်ပြောင်နေသောကြောင့် မမြင်ဖူးသော အနေအထားမျိုး ဖြစ်နေလေရာ အားလုံးက အံ့ဩသွားကြသည်။ ပို၍ဆိုးသည်မှာ မည်သို့ပင်တွေးတွေး အရှေ့မှမြွေက အစစ်အမှန် ဆန်လွန်းနေသည်။

“ရှောင်ကျင်း ဒီကိုလာ”

ဆုပိုင်က ဥယာဉ်ထဲတွင် ရပ်လျက် ရှောင်ကျင်းကို လက်ရမ်းပြလိုက်သည်။ ထို့သို့ဖြင့် အနားသို့ရောက်လာသော ရှောင်ကျင်းကို ကောက်ပွေ့လိုက်သည်။

“ဘယ်သူ ထိကြည့်ချင်လဲ”

ဆုပိုင်က အ‌ရှေ့မှ ကြောက်နေသော ကလေးများကို ပြုံးပြလိုက်ပြီး မြွေခေါင်းလေးကို သူ၏လက်မောင်းတွင် ရစ်ပတ်ခိုင်းလိုက်သည်။

“ဦးလေး ဒါက ထိလို့ရတာလား”

ထိုကောင်လေး၏ မျက်လုံးက ဝိုင်းနေသည်။ သူ၏နူတ်ခမ်းများက ကော့တက်သွားပြီး သတိအပြည့် ကပ်လျက် ရှေ့တိုးလာသည်။ သူက လက်သေးသေးလေးကို ဆန့်ထုတ်လိုက်ကာ မြွေ၏ကိုယ်ကို ထိတွေ့ကြည့်သည်။

“အား အေးနေတာပဲ”

သူက လက်ကို အလန့်တကြား ပြန်ရုတ်သည်။ ထိုကောင်လေး၏ မျက်နှာက နီရဲသွားပြီး စိတ်လှုပ်ရှားစွာ အော်သည်။

“ဒါက တိရိစ္ဆာန်အသစ် မဟုတ်လား။ ဒါက မြွေပေါ့”

ရွယ်ဟောင်ယွီ၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူက ဆုပိုင်၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော မြွေကိုကြည့်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားသည်။

“လတ်စသတ်တော့ မနေ့က ဆိုင်မဖွင့်တာက သူဌေးဆုက တိရိစ္ဆာန်အသစ် သွားယူနေလို့ပဲ”

သို့ရာတွင် မှတ်တမ်းများအရ မြွေများသည် သွေးအေးတိရိစ္ဆာန်များ ဖြစ်သည်။

ဒါဆိုရင် ဘာလို့ အရှေ့ကတစ်ကောင်ကတော့ မတူညီတဲ့ပုံစံမျိုး ဖြစ်နေတာလဲ။

“ဟား ဟား ငါ အားလုံးနဲ့ မိတ်ဆက်ပေးပါရစေ”

ဆုပိုင်က ရွှေမြွေ၏ ခန္ဓာကိုယ်ကို အသာခါလိုက်ပြီးနောက် လူတိုင်း၏အ‌ရှေ့တွင် ကျယ်လောင်စွာ ရယ်လျက် အောင်ပြောပြသည်။

“ဒါက ရွှေမြွေလေ။ သူက တော်တော်လေးကို ရှားပါးတဲ့ မျိုးရိုးဗီဇ ပြောင်းလဲသွားတဲ့ မြွေတစ်မျိုးပေါ့။ ဒါပေမယ့် တော်တော်လေးကို ယဉ်ပါးတဲ့ စိတ်နေသဘောထားမျိုး ရှိပါတယ်။ အိမ်မွေးတိရိစ္ဆာန် အဖြစ်တောင် ထိန်းသိမ်းထားလို့ရတယ်”

“လာ ရှောင်ကျင်း လူတိုင်းကို မိတ်ဆက်လိုက်ပါဦး”

“ဟစ် ဟစ် ဟစ်”

ထို‌ရွှေမြွေက အနည်းငယ် ရှက်တတ်ပုံပေါ်သည်။ သူက လျှာလေးကို အကြိမ်အနည်းငယ်သာ မှုတ်ထုတ်လိုက်ပြီးနောက် ဆုပိုင်၏လက်မောင်းထံမှ တဖြည်းဖြည်းချင်း လျှောဆင်းလာလျက် အောက်သို့ဆင်းသည်။

“သူဌေးဆု”

ရုတ်တရက် ဥယာဉ်၏အပြင်ဘက်တွင် မျက်မှန်ဝတ်ထားသော လူအိုကြီးတစ်‌ယောက်က ပေါ်လာသည်။

“ငါက ချင်တု တက္ကသိုလ်ရဲ့ ဇီဝဗေဒဌာနက ပါမောက္ခတစ်ယောက်ပါ။ ငါက မျိုးတုန်းပျောက်ကွယ်သွားတဲ့ တိရိစ္ဆာန်တွေအပေါ် သုတေသနပြုဖို့ တာဝန်ယူထားတဲ့သူပါ”

“ခင်ဗျားက...”

“ဒီဥယာဉ်ထဲက တိရိစ္ဆာန်တွေက စက်ရုပ်တိရိစ္ဆာန်တွေနဲ့ မတူဘူး မဟုတ်လား”

သူက ထိုသို့ပြောလိုက်သည့်အချိန်တွင် လူတိုင်းက ထိုလူအိုကြီးကို လှည့်ကြည့်ကြသည်။

“ဘာကိုဆိုလိုတာလဲ”

“သူတို့က စက်ရုပ်တိရိစ္ဆာန်မဟုတ်ရင် ဒီနှစ်ကောင်က ဘာလဲ”

++++++

All Chapters